လူမှုရှုခင်း

Khin Kalyar Soe – စကာင်္ပူနိုင်ငံရှိ မြန်မာသံရုံးနဲ့ “ခြားနားခွန်” ပြသနာ

April 27, 2012
Khin Kalyar Soe – စကာင်္ပူနိုင်ငံရှိ မြန်မာသံရုံးနဲ့ “ခြားနားခွန်” ပြသနာ

စကာင်္ပူနိုင်ငံရှိ မြန်မာသံရုံးနဲ့ “ခြားနားခွန်” ပြသနာ ခင်ကလျာစိုး၊ ဖေ့စ်ဘွတ်၊ ဧပြီ ၂၇၊ ၂၀၁၂ “ခြားနားခွန်” ပြသနာသည် မြန်မာနိုင်ငံတွင် အခွန်ဆောင်ပြီးသူများ စကာင်္ပူနိုင်ငံရှိ မြန်မာသံရုံးတွင် Passport စာအုပ် သက်တမ်းတိုးရာ၌ နေ့စဉ်ကြုံတွေ့ ကြားသိနေရသော ပြသနာကြီး တရပ်ဖြစ်ပါသည်။ မြန်မာသံရုံးသို့ ထမ်းဆောင်ရသော အခွန်နှုန်းထားများသည် မိမိ ကိုင်ဆောင်ထားတဲ့ ပါမစ်နဲ့သာ ထမ်းဆောင်ရမည်ဟု စကာင်္ပူနိုင်ငံ မြန်မာသံရုံးမှ သတ်မှတ်ထားပါသည်။ ကောက်ခံသော အခွန်ပမာနမှာ အောက်ပါအတိုင်း ဖြစ်သည်။ (၁) Work Permit – $40/ month (၂) S-Pass – $80/month (၃) E-Pass/ PR – $120/month (၄) Passport စာအုပ်...

Read more »

ဗုဒ္ဓဘာသာလူငယ် ယဉ်ကျေး လိမ္မာ သင်တန်းဖွင့်ပွဲ

April 23, 2012
ဗုဒ္ဓဘာသာလူငယ် ယဉ်ကျေး လိမ္မာ သင်တန်းဖွင့်ပွဲ

ဧပြီ ၂၃၊ ၂၀၁၂ ကလေးလူငယ်များ ဘာသာရေးအသိဉာဏ်ပြည့်စုံပြီး ယဉ်ကျေးလိမ္မာသူများ ဖြစ်လာစေ ရန်ရည်ရွယ်၍ “ဗုဒ္ဓဘာသာလူငယ် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲကို ၂၁၊ ၄၊ ၂၀၁၂ ရက်နေ့ မန္တလေးမြို့၊ ၃၈×၄၀ လမ်းကြား။ ၈၂×၈၄ လမ်းကြား ပေါင်းလဲဘုရားဝင်းအတွင်း ပေါင်းလဲဓမ္မဗိမာန်တော်ကြီး၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနား၌ ပေါင်းလဲဆရာတော်ကြီးကို ငါးပါးသီလချီးမြှင့်ပြီး၊ သစ္စဝေဒဂူဆရာတော် ဦးခေမာစာရက သင်တန်းဖွင့်လှစ်ရခြင်း အ ကြောင်းကိုရှင်းပြကာ၊ ဆရာတော် အရှင်ဝီရသူက သြ၀ါဒကထာမြွက်ကြားပါသည်။ သင်တန်းသူ/သင်တန်းသား (၅၀၀) ကျော်ရှိကာ၊ သစ္စဝေဒဂူကျောင်းတိုက်မှ ရဟန်းတော်များ၊ သီလရှင်ဆရာလေးများ၊ ယောဂီဆရာ/ဆ ရာမများက သင်တန်းပို့ချမှာဖြစ်ပါသည်။ သင်တန်းကာလမှာ (၂၁၊ ၄၊ ၂၀၁၂) မှ (၅၊ ၅၊ ၂၀၁၂) ဖြစ်ကာ နေ့စဉ်မနက် ၈:၀၀...

Read more »

မလေးရှားက မြန်မာသံရုံးမှာဆောင်တဲ့အခွန် တရားမ၀င်ဘူးတဲ့လား (အားလုံးသို့ အိတ်ဖွင့်ပေးစာ)

April 18, 2012
မလေးရှားက မြန်မာသံရုံးမှာဆောင်တဲ့အခွန် တရားမ၀င်ဘူးတဲ့လား (အားလုံးသို့ အိတ်ဖွင့်ပေးစာ)

ဝင်းနီအောင် ဧပြီ ၁၈၊ ၂၀၁၂ မတ်လ ၁၀ ရက် ရက်စွဲပါ ကျော်ကျော်အောင်၏ စင်္ကာပူမြန်မာသံရုံးအကြောင်း သမ္မတထံပေးစာကို မိုးမခတွင်ဖတ်လိုက်ရပါသည်။ ကမ္ဘာအရပ်ရပ်ရှိ မြန်မာသံရုံးများအကြောင်းတော့ (သိပြီးသားတွေ) မပြောလိုတော့ပါ။ သို့သော် .. ဝင်ငွေခွန်၊ အမြတ်ခွန် အစရှိသော အခွန် များနှင့် နိုင်ငံခြားတွင်အလုပ်လုပ်နေသူများအကြောင်းတော့ ပြောလဲပြောချင်..မေးလဲမေးချင်လှ၍ အားလုံးသို့ အိတ်ဖွင့်စာပေး လိုက်ရပါ သည်။ ဘဝတူတွေ၊ ကိုယ့်ထက်အတွေ့အကြုံများသူတွေထံမှ အမှန်အကန်ခံစားတွေ့ရှိချက်များရပြီးလျင်တော့ သမ္မတကြီးနှင့် မြန်မာနိုင်ငံ ဘဏ္ဍာအခွန်ဝန်ကြီးတို့ထံ အိတ်ဖွင့်ပေးရကောင်းနိုး အိတ်ပိတ်ပေးရကောင်းနိုး စဉ်းစားပါမည်။ ၂၀၀၈ ခုနှစ် နှစ်လယ်လောက်ကဖြစ်ပါသည်။ ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် အခွန်ရုံးသို့ မိခင်အသက်ရှိစဉ် လွန်ခဲ့သောဆယ်နှစ်ခန့်က မြန်မာ့အလှဆောက်လုပ်ရေးမှ ထိုစဉ်က ရောင်းသူမှ အခွန်ပေးဆောင်ပါသည်ဆိုသော စာချုပ်ဖြင့်ဝယ်ထားခဲ့သည့်တိုက်ခန်းကို သား သမီးများအမည်ပြောင်းရန်နှင့် ရောင်းရန်...

Read more »

Ma Gwe Thar – မကွေးက ကြားဖြတ်အရှုပ်တော်ပုံ

April 14, 2012
Ma Gwe Thar – မကွေးက ကြားဖြတ်အရှုပ်တော်ပုံ

မကွေးက ကြားဖြတ်အရှုပ်တော်ပုံ မကွေးသား၊ မိုးမခပေးစာ၊ ဧပြီ ၁၄၊ ၂၀၁၂ ”ဘယ်သူကအမှန် ဘယ်သူက တရားခံ အမှားအမှန်အဖြေညှိစရာမလိုတဲ့ ‘ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒမပြုလိုက်ရတဲ့ ပြည်သူများနဲ့ ကော်မရှင်လူကြီးတို့ရဲ့ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းမှုများ …” ဧပြီလ (၁)ရက် ကြားဖြတ်ရွေးကောက်ပွဲအဖြကို အားလုံးသိရှိပြီးဖြစ်သော်လည်း မဲဆန္ဒနယ်မြေ တစ်ခုချင်းစီမှာ တွေ့ကြုံခဲ့ရသော အခက်အခဲပြဿနာတွေကတော့ ညံစီနေဆဲပါ။ တာဝန်ရှိသူတွေကလည်း မဲရုံမှာ တရားဝင်နှောက်ယှက်မှုနဲ့ ပြဿနာရှာချင်၊ နိုင်ငံရေးပါတီတွေကလည်း မဲမသမာမှုရှိတယ်ဆိုပြီး ကော်မရှင်နဲ့ မဲရုံမှူးတွေကို တိုင်ချင်၊ တစ်ယောက်နဲ့တစ်ယောက် ရင်ဆိုင်ဖြေရှင်းဖို့ ကြိုးစားအားထုတ်နေကြ ပါတယ်။ ပြည်သူကလည်း မိမိရဲ့အားနည်းမှုမရှိပါဘဲလျက် မဲစာရင်းမှာမပါလို့ ကော်မရှင်ကို အချိန်မီအကြောင်းကြားခဲ့သော်လည်း မသိကြိုးကျွံပြု မဲစာရင်းမှာချန်လို့ ကြိတ်မနိုင်ခဲမရ မိမိရဲ့တကယ့်ဆန္ဒအမှန် ဖော်ထုတ်ချင်ခါမှ ပျောက်ကွယ်နေရတဲ့ မဲစာရင်းကြောင့်လမ်းဘေးမှာငုတ်တုတ်ထိုင်ရင်း မဲပေးနေကြသူတွေကို ငေးကြည့်နေခဲ့ရတာပါ။...

Read more »

သူ့ထက်ကဲ (သို့) မိုက်ရိုင်းသူများ (ပေးစာ)

April 11, 2012
သူ့ထက်ကဲ (သို့) မိုက်ရိုင်းသူများ (ပေးစာ)

ဧပြီ ၁၁၊ ၂၀၁၂ ရန်ကုန်မြို့တနေရာတွင် မြင်တွေ့ရသည့် ကြော်ငြာဘုတ်တခု သစ်သားချောင်းများဖြင့် ပြုလုပ်သော ကြော်ငြာဆိုင်းဘုတ်များနေရာတွင် နိုင်ငံခြားကြော်ငြာလုပ်ငန်းများ ၀င်ရောက်လာပြီး သံပိုက်များ၊ သံဟင်ဂလန်ဖြင့်ပြုလုပ်သော ယနေ့လမ်းဘေးများတွင် စိုက်ထူးထားသည့် ကြော်ငြာဘုတ်ကြီးများအသွင်သို့ ပြောင်းလဲသွားပါသည်။ ကြော်ငြာလုပ်ငန်းမှ မိမိကျွမ်းကျင်ရာဖြင့် နေရာရှာဖွေပြီး သင့်တော်သောနေရာတွေ့ရှိပါက စိုက်ထူနိုင်ရန်အတွက် ရှေးဦးစွာမြို့တော်စည်ပင် သာယာရေးကော်မီတီသို့ ခွင့်ပြုမိန့်တောင်းခံရပါသည်။ စည်ပင်သာယာရေးဌာနအဆင့်ဆင့်မှ စစ်ဆေး စားသောက်ပြီး ခွင့်ပြုမိန့်ကျသောအခါ စည်ပင်သာယာရေးကော်မီတီမှ သတ်မှတ်သောအခွန်အခများကိုပေးသွင်းပြီးမှ တည်ဆောက်တပ်ဆင်ရပါသည်။ ကြော်ငြာလိုသော လုပ်ငန်းရှာဖွေပြီး ငှားရမ်းခြင်းဖြင့် လုပ်ငန်းလည်ပတ်ရပါသည်။ ကြော်ငြာလုပ်ငန်း၏သဘောသဘာဝ အကြမ်းဖျဉ်းဖြစ်ပါသည်။ လွန်ခဲ့သော ၃ နှစ်ခန့်က ရန်ကုန်မြို့တော်ဝန်ဖြစ်သော ဦးအောင်သိန်းလင်းသည် ပြည့်စုံလုံလောက်သော အကျိုးအကြောင်းမရှိပဲ စည်ပင်ခွန် တိုးရန်ဟုဆိုကာ ရန်ကုန်မြို့မှ လူစည်ကားသောနေရာကောင်းမှ ကြော်ငြာဘုတ်များကို စည်ပင်ခွန်ပေးသွင်းရန်နောက်ကျသည်ဟူသော အကြောင်းပြချက်ဖြင့် လေလံတင်ပြီး လက်သင့်ရာကိုလွှဲပေးခဲ့ပါသည်။...

Read more »

မလေးရှားအစိုးရနှင့် မြန်မာအစိုးရကြား မြေဇာပင်ဖြစ်ရရှာဦးမည့် မြန်မာအမျိုးသမီးများဘ၀ (ပေးစာ)

April 7, 2012
မလေးရှားအစိုးရနှင့် မြန်မာအစိုးရကြား မြေဇာပင်ဖြစ်ရရှာဦးမည့် မြန်မာအမျိုးသမီးများဘ၀ (ပေးစာ)

မောင်လူဝေး ဧပြီ ၇၊ ၂၀၁၂ ပြီးခဲ့သောတရက် နှစ်ရက်ကလားမသိ ..မလေးရှားအစိုးရ ၀န်ကြီးချုပ် နာဂျစ်ဦးဆောင်သောအစိုးရအဖွဲ့နှင့်အတူ မလေးရှားလုပ်ငန်းရှင်များ လည်း တအုပ်ကြီးလိုက်ပါသွားသည့်သတင်းကို မလေးရှားတီဗွီ TV.3 ချယ်နယ်မှလည်းကောင်း၊ အင်တာနက်သတင်းဝက်ဆိုက်ဒ်များ မှတ ဆင့် ကြားလိုက်မြင်လိုက်ရသည်။ ကျနော့်မိတ်ဆွေတဦးမှလည်း ကျနော့်ထံသို့ ညဖက်ကြီး ဖုန်းဆက်အကြောင်းကြားလေသည်။ အကိုရေ ..မလေးရှားဝန်ကြီးချုပ်နာဂျစ် မြန်မာပြည်ကိုသွားပြီဗျ..တဲ့။ ကျနော်သိလိုက်သည်။ ဟုတ်မယ်..ဗျ။  သူတို့က မြန်မာပြည်မှာ စီးပွားရေးလုပ်ဖို့အတွက် သွားတာပါ။ မြန်မာ ပြည်သူပြည်သားများအတွက် ဘာမှဝမ်းသာစရာမရှိပါဘူး။ ဘာဖြစ်လို့ဆိုတော့ ဒီမလေးရှားနိုင်ငံရဲ့အကျိုးစီးပွားနဲ့ မြန်မာစစ်အစိုးရ တပိုင်း ဦးသိန်းစိန်အစိုးရက လူတွေရဲ့အကျိုးစီးပွားအတွက် သွားတာပါလို့ ကျနော် ဖုန်းထဲကနေပြန်ပြောလိုက်မိတယ်။ တကယ်လည်း မြန်မာပြည်သူပြည်သားများ အတွက်မပါ ပါဘူး။ မလေးရှားအစိုးရဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီအရေးကို ထောက်ခံပါတယ်လို့ ၀တ်ကျေ တန်းကျေ...

Read more »

Mingalar Doe – မင်္ဂလာဒိုး အနုပညာအင်အားစုမှ ရဲရဲတောက်တေးသံချပ်များ(ဂျပန်) စတင်ဖြန့်ချိ

April 4, 2012
Mingalar Doe – မင်္ဂလာဒိုး အနုပညာအင်အားစုမှ ရဲရဲတောက်တေးသံချပ်များ(ဂျပန်) စတင်ဖြန့်ချိ

မင်္ဂလာဒိုး အနုပညာအင်အားစုမှ ရဲရဲတောက်တေးသံချပ်များ(ဂျပန်) စတင်ဖြန့်ချိ ထွန်းဝေ၊ မိုးမခ၊ ဧပြီ ၄၊ ၂၀၁၂ အကြိမ် ၂၀ မြောက် အစဉ်လာမပျက်  ဂျပန်မှ မင်္ဂလာဒိုး အနုပညာအင်အားစုမှ ရဲရဲတောက်တေးသံချပ်များ စတင်ဖြန့်ချိ….             ၂၀၁၂ ခုရဲ့ မြန်မာပြည် သင်္ကြန် အမှီ တင်ဆက်ဖျော်ဖြေတင်ဆက်နိုင် ရန် အတွက် ဂျပန်နိုင်ငံရောက် မင်္ဂလာဒိုး အနုပညာအင်အားစု မှ နှစ်စဉ် ကျင်းပနေကြ ဂျပန်နိုင်ငံရှိ မြန်မာ့ ရိုးရာ သင်္ကြန် ပွဲ များတွင် တင်ဆက်နေကျ ဒိုးပတ်သံ များဖြင့် နိုင်ငံတကာရောက် မြန်မာမိသားစု များနှင့် မြန်မာပြည်တွင်းမှ အောင်ပွဲရ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကိုထောက်ခံအားပေးနေသေ မိဘပြည်သူများအတွက် စိတ်သောက ကင်းဝေး နိုင်စေရန်...

Read more »

Shwe Chinthe – မီးဘေးသင့်သူများ အမိုးအကာ အရေးတကြီးလိုအပ်နေကြောင်း

April 4, 2012
Shwe Chinthe – မီးဘေးသင့်သူများ အမိုးအကာ အရေးတကြီးလိုအပ်နေကြောင်း

မီးဘေးသင့်သူများ အမိုးအကာ အရေးတကြီးလိုအပ်နေကြောင်း ရွှေခြင်္သေ့ လူမှုစောင့်ရှောက်ရေးအဖွဲ့ နှိုးဆော်စာ၊ ဧပြီ ၄၊ ၂၀၁၂၊ မိုးမခပေးစာကဏ္ဍ ယင်းမာပင်မြို့နယ်၊ ၀င်းကုန်းရွာတွင် မတ် ၂၉ ရက်နေ့ ကမီးလောင်ကျွမ်းမှုဖြစ်ခဲ့ပါသည်။ အိမ်ခြေ ၄၀၀ ကျော်ရှိသည့်အနက် ၂၈၅ အိမ်လောင်ကျွမ်းသွားပါသည်။ မီးဘေးသင့်သူများတွင် အမိုးအကာမရှိဖြစ်နေရာ မိုးပါရွာနေပါ၍ ဒုက္ခရောက်နေကြပါသည်။ သန့်ရှင်းသော သောက်သုံးရေလည်း ခက်ခဲနေပါသည်။ ဧပြီလ ၆ ရက်နေ့တွင် ရွှေဘိုမြို့ ရွှေမြန်မာ စိုက်ပျိုးရေးဆေးဆိုင်မှ သွားရောက်လှူဒါန်းမည်ဖြစ်သဖြင့် ပူးပေါင်း ပါဝင်လှူဒါန်းလိုသူများ ဆက်သွယ်နိုင်ပါသည်။ ကိုအောင်ဇော်မျိုးဦး (ရွှေမြန်မာ စိုက်ပျိုးရေးပစ္စည်းဆိုင်၊ ဈေးတောင်ဘက်၊ ရွှေဘိုမြို့။) ဖုံး -09 2210592 ရွှေခြင်္သေ့လူမှုစောင့်ရှောက်ရေးအဖွဲ့၊ ရွှေခြင်္သေ့ကျောင်း၊ ရွှေဘိုမြို့။ ဖုံး 09 47060145, 092100091 (ဓာတ်ပုံ...

Read more »

ကျမသိတဲ့ ကိုသိန်းဆွေ

April 3, 2012
ကျမသိတဲ့ ကိုသိန်းဆွေ

မိုးမိုး (လူ့ဘောင်သစ်ဒီမိုကရက်တစ်) ဧပြီ ၃၊ ၂၀၁၂ ဒီရက်ထဲမှာ အလုပ်များပြီး ရုံးကကွန်ပြူတာမှာ မြန်မာဖောင့်ကိုသုံးလို့အဆင်မပြေတော့ နေ့စဉ်သတင်းတွေကိုရတဲ့အချိန်မှာ ဖုန်းကနေတ ဆင့် အမိအရလိုက်ဖတ်နေရတော့ ကိုယ့်ဘာသာကိုယ် အားမရဖြစ်နေမိပါတယ်။ (မျက်စိကလည်း စာကြည့်မျက်မှန်တပ်မှ မြင်ရတဲ့အနေ အထားဖြစ်နေပြီလေ။) လွန်ခဲ့တဲ့တပတ်က ဖျာပုံမြို့နယ်အနှံ့အပြားမှာ ကြားဖြတ်ရွေးကောက်ပွဲမဲစာရင်းအမှားများကို တွေ့ရှိနေရတယ်လို့ ဖျာပုံမြို့နယ် NLD အောင် နိုင်ရေးကော်မတီနဲ့ ကိုယ်စားလှယ်လောင်း ကိုသိန်းဆွေမှတွေ့ရှိကြောင်း သတင်းကိုဖတ်လိုက်ရပြီးနောက် ဆက်တိုက်ဆိုသလိုပဲ တခြားမြို့နယ်များမှာလည်း တွေ့ရှိနေရကြောင်း သတင်းတွေဖတ်ရပါတယ်။ ပထမဆုံး သတိထားဖတ်မိလိုက်တဲ့ ဖျာပုံမြို့နယ်မှ ကိုသိန်းဆွေဆိုတော့ ကျမစိတ်ပူသွားမိပါသည်။ ဒီမဲစာရင်းအမှားအယွင်းတွေကို ဒီရက် တိုတိုလေးအတွင်းမှာ ပြင်လို့မီပါ့မလား။ မမီရင် ဘယ်လိုတွေဖြစ်လာမလဲဆိုတဲ့ အတွေးတွေကို အဝေးရောက်နေတဲ့ကျမ ဘာလုပ်ရမှန်း မသိအောင် ဖြစ်နေမိပါတယ်။ ကိုသိန်းဆွေကို ကျမသိခဲ့တာကတော့ ၁၉၈၉ ခုနှစ်ကတည်းကပါ။...

Read more »

ဘိုကလေးဦးအောင်မြင့်နှင့်အကြောင်းစပ် ပါဖေါင်းမင့်သမားတဦး ပြောအပ်သောစကား

March 25, 2012
ဘိုကလေးဦးအောင်မြင့်နှင့်အကြောင်းစပ် ပါဖေါင်းမင့်သမားတဦး ပြောအပ်သောစကား

ပန်းချီ ထိန်လင်း မတ်လ ၂၅၊ ၂၀၁၂ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က ရန်ကုန်မြို့ပေါ်မှာ ထောင်ဝတ်စုံနဲ့ ခြေကျင်းဝတ်ပြီး နိုင်ကျဉ်းလွတ်မြောက်ရေးပါဖေါင်းမင့်လုပ်ခဲ့တဲ့ ဘိုက လေးမြို့နယ်က ဦးအောင်မြင့်ကို ရဲကဖမ်းဆီးပြီး စိတ်ရောဂါကုဆေးရုံကိုပို့လိုက်တဲ့ကိစ္စနဲ့ပတ်သတ်ပြီးပထမမျိုးဆက်ပါဖေါင်းမင့် အနုပညာ ရှင်တဦးအနေနဲ့ အတော်စိတ်မကောင်း ဖြစ်ရပါတယ်။ ဒီအဖြစ်အပျက်ကို ရှစ်လေးလုံးကျောင်းသားခေါင်းဆောင်များကိုယ်တိုင် နိုင်ငံရေးရှုထောင့်ချဉ်းကပ်ပြီး ရွာသာကြီးဆေးရုံမှာ သွားရောက်တွေ့ ဆုံအားပေးတာတွေ၊ တောင်းဆိုမှုတွေ ဦးဆောင်ပြီးလုပ်နေတာလည်း တွေ့ရပါတယ်။ မတ်လ ၁၅ ရက်မတိုင်ခင် ရွှေသံစဉ်ကိုဝင်းမော်ရဲ့ပြောကြားချက်ဗီဒီယိုတခု တက်လာပါတယ်။ အမေရိကန်စင်တာမှာ နိုင်ငံရေးအကျဉ်းသား ဟောင်း မနိုဗယ်အေးတို့ဦးစီးလုပ်တဲ့ အကျဉ်းထောင်တွင်းဖန်တီးကြတဲ့ ဂီတအနုပညာပွဲကို ပါဖေါင်းမင့် အနုပညာတင်ဆက်မှုအနေနဲ့တက် ရောက်လာမှာဖြစ်ပါတယ်လို့ ပြောကြားချက်ရှိပါတယ်။ ဒါဟာ မီဒီယာပေါ်ကနေ တရားဝင်ကြေညာချက်အဖြစ် အကျုံးဝင်ပါတယ်။ ဒါကြောင့် ဒီပွဲကိုတက်ရောက်ဘို့ ခြေကျင်းနဲ့တက်လာတာကိုက သူ့ရဲ့ပါဖေါင်းမင့်ရဲ့အစိတ်အပိုင်းကာလရော၊...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်