လူမှုရှုခင်း

စစ်ဘေးဒဏ်သင့် ကချင်ညီနောင်သားချင်းများအတွက် ရသအလင်းဖောင်ဒေးရှင်း၏ ထောက်ပံ့ငွေအလှူ

February 28, 2012
စစ်ဘေးဒဏ်သင့် ကချင်ညီနောင်သားချင်းများအတွက် ရသအလင်းဖောင်ဒေးရှင်း၏ ထောက်ပံ့ငွေအလှူ

ဖေဖော်ဝါရီ ၂၈၊ ၂၀၁၂ ရသအလင်းမိတ်ဆွေများအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံချမ်းမြေ့ကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ ရသအလင်းဖောင်ဒေးရှင်းကစီစဉ်ကျင်းပခဲ့တဲ့ ရုန်းကန်ရှင်သန်နေသော အလှတရားရဲ့ နောက်ဆက်တွဲ အလှူသတင်း လေး ကို သာဓု ခေါ်မုဒိတာပွားနိုင်စေဖို့ ဝေမျှလိုက်ပါတယ်။ ၂၁.၁.၂၀၁၂နေ့က စင်ကာပူနိုင်ငံမှာ ဒါရိုက်တာမောင်သူရ ( လူရွှင်တော် ဇာဂနာ)၊ ဒါရိုက်တာမင်းထင်ကိုကိုကြီးတို့နဲ့ Surviving Beauty ( ရုန်းကန်ရှင်သန်နေသော အလှတရား) အနုပညာပြပွဲနဲ့ ရုပ်ရှင်ပြပွဲလေးက အောင်မြင်စည်ကားစွာ ကျင်းပနိုင်ခဲ့ပါတယ်။ အဲဒီ့ပွဲလေးကနေ အကျိုးအမြတ်အနေနဲ့ စင်ကာပူဒေါ်လာ ၈၀၀၀ တိတိရရှိ ခဲ့ပါတယ်။ ပွဲလေးရဲ့ရည်ရွယ်ချက်ကတော့ အားလုံးလည်း သိထားပြီးဖြစ်ကြမှာပါ၊ ပွဲ စတင်အကောင်အထည်ဖေါ်စဉ် အချိန် ကာလကတည်းက ကြော်ငြာထားရှိထားခဲ့တဲ့အတိုင်းပွဲကနေရရှိတဲ့အကျိုးအမြတ်တွေကိုဖောင်ဒေးရှင်း မူလရည်ရွယ်ချက်ဖြစ်တဲ့ မြန်မာပြည်တွင်းမှကျန်းမာရေးအတွက်အရေးပေါ် ဆေးကုသဖို့ငွေကြေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ဂုဏ်ပြုငွေအဖြစ် ချီးမြှင့်ပေးအပ်နိုင်ဖို့နဲ့ ကျေးဇူးပြုထိုက်တဲ့...

Read more »

မဲဆောက်က မြန်မာလုပ်ငန်းများအတွက် သတိပြုရန် (ပေးစာ)

February 19, 2012
မဲဆောက်က မြန်မာလုပ်ငန်းများအတွက် သတိပြုရန် (ပေးစာ)

မဲဆောက်သားလေး ဖေဖော်ဝါရီ ၁၉၊ ၂၀၁၂ မဲဆောက်မြို့ ဈေးကြီးအတွင်း ၁၆၊ ၂၊ ၂၀၁၂ ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံစစ်တပ်နှင့် ရဲများပူးပေါင်းအဖွဲများသည် အဖွဲ့လိုက်စုပြီး ဈေး ကိုဝိုင်းဝန်ဖမ်းဆီးကြရာ မြန်မာနိုင်ငံသား လက်မှတ်မရှိသူ ၂၀၀ ကျော်ခန့်အဖမ်းအစီးခံခဲ့ရပါတယ်။ ဒီလိုဖမ်းဆီးစဉ် လက်မှတ်ရှိပြီး ဈေး ရောင်းသူများကိုလည်း ဖမ်းဆီးသွားပါတယ်။ နောက်ဆုံးကြားသိရတာကတော့ ဈေးရောင်းတဲ့သူတွေဟာ ထိုင်းနိုင်ငံသားတွေရဲ့ လုပ်ငန်းလုပ်ပိုင်ခွင့်ကို လုပြီးလုပ်ဆောင်တယ်ဆိုတဲ့ ပုဒ်မနဲ့ပါ (ဒီဥပဒေနဲ့ဆိုရင် ထောင် ၆ လ ကျခံရပါတယ်) ယခု ဖမ်းခံရတဲ့သူတွေကို တရားစွဲဆိုဖို့လုပ်ဆောင်နေပြီလို့လည်း ကြားသိရပါတယ်။ မဲဆောက်ဒေသတွင် မြန်မာလူမျိုးပိုင် ကွမ်းယာဆိုင်၊ ကုန်စုံဆိုင်၊ လမ်းဘေးဈေးဆိုင်ငယ်များမှစပြီး ကွန်ပြူတာ ဓာတ်ပုံဆိုင်များအထိ ရှိပါ တယ်။ ဒီဆိုင်တွေအားလုံးကို လာမယ့် မတ်လဆန်းတာနဲ့ စပြီး ပိုက်စိုက်တိုက်ဖမ်းဆီးအရေးယူမှာဖြစ်တယ်လို့...

Read more »

Parami Taxi Drivers – စစ်ရေးအသုံးစရိတ်အတွက် ၃၀% ပေးနေရတဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ ပါရမီတက္ကစီ အငှားကားသမားများရဲ့ ဒုက္ခ

February 17, 2012
Parami Taxi Drivers – စစ်ရေးအသုံးစရိတ်အတွက် ၃၀% ပေးနေရတဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ ပါရမီတက္ကစီ အငှားကားသမားများရဲ့ ဒုက္ခ

စစ်ရေးအသုံးစရိတ်အတွက် ၃၀% ပေးနေရတဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ ပါရမီတက္ကစီ အငှားကားသမားများရဲ့ ဒုက္ခ စစ်ပြန်ဒရိုက်ဘာ၊ ဖေဖော်ဝါရီ ၁၇၊ ၂၀၁၂ (မိုးမခထံ ပေးစာ) ဖေဖော်ဝါရီလအတွက် လစာငွေ လေးသိန်း ကြိုသွင်းရန် (၁၅) ရက်နေ့ နောက်ဆုံးထား သွင်းပေးကြရန်၊ မသွင်းနိုင်သူအား ကားသော့သိမ်းပါသည်။ ကားသော့လိုချင်လျှင် (၁၆)ရက်နေ့ ပါရမီတက္ကစီ အုပ်ချုပ်ရေး ဒါရိုက်တာ (ဗိုလ်မှူးကြီး သိန်းထွန်းဝင်း) နှင့် တွေ့ပြီး နေ့တစ်ဝက်စောင့်နေကာ ငွေ နှစ်သိန်း သွင်း၍​ ကားသော့ ပြန်ပေးပါသည်။ ကျန်ငွေ နှစ်သိန်းကို (၁၇) ရက်နေ့ မပေးလျှင် ကားသော့ပြန်သိမ်းဦးမည်ဟုဆိုပါသည်။ မပေးသွင်းနိုင်သူများက ကားပြန်အပ်ကြသော်လည်း လက်မခံပါ။ မဟာဗန္ဓုလသယ်ယူပို့ဆောင်ရေးအသင်း ဒုဥက္ကဌ (ဗိုလ်ချုပ် လှအောင်သိန်း) က အကျိုးမပေးရင် ကား...

Read more »

Burmese Workers in Maesod – မဲဆောက်မှာ လက်မှတ်မဲ့မြန်မာအလုပ်သမားများကို ရဲဖမ်း

February 17, 2012

မဲဆောက်မှာ လက်မှတ်မဲ့မြန်မာအလုပ်သမားများကို ရဲဖမ်း မဲဆောက်သားလေး၊ ဖေဖော်ဝါရီ ၁၇၊ ၂၀၁၂ ယမန်နေ့ နံနက်ပိုင်းက မဲဆောက်ဈေးအတွင်း ထိုင်းလုံခြုံရေးတာဝန်ရှိသူများ က ဈေးရဲ့  နေရာတော်တော်များများမှာ အဖွဲ့များခွဲပြီး တစ်ပြိုင်တည်း ၀င်ရောက်၍ နေထိုင်ခွင့်နှင့် ပတ်စ်ပို့များကို စစ်ဆေးခဲ့ပါတယ်။ ဒီလိုစစ်ဆေးရာမှာ နေထိုင်အလုပ်လုပ်ခွင့်လက်မှတ် မရှိသူများနှင့် သက်တမ်းကုန်ဆုံးနေသူများကို ဖမ်းဆီးသွားပြီး ယခုလ (၂၈) ရက်နေ့တွင် သက်တမ်းကုန်ဆုံးတော့မည့် လက်မှတ်ကိုင်ဆောင်ထားသူများကိုလည်း ပတ်စ်ပို့လျှောက်ထားသော အထောက်အထားပြခိုင်းပြီး မပြနိုင်ပါက သက်ဆိုင်ရာသို့ ခေါ်ဆောင်သွားကြတယ်လို့ ဈေးအတွင်းက မျက်မြင်သက်သေတစ် ဦးက ပြောပါတယ်။ ဒီနေ့မနက်ဖမ်းဆီးတာဟာ နေရာတော်တော်များများကို ပိတ်ပြီး ဖမ်းတာမို့ မလွတ်ကြဘူးလို့လည်း ပြောပြပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက်နေ့ဟာ မဲဆောက်စက်ရုံများ လ၀က်လစာ ထုတ်ရက်လည်းဖြစ်လို့ ဈေးအတွင်း လူစည်ကားတဲ့ရက်ဖြစ်ကြောင်းလည်း သိရပါတယ်။...

Read more »

What is Good Governance? Where is Clean Government? (ပေးစာ)

February 17, 2012
What is Good Governance? Where is Clean Government? (ပေးစာ)

  ဖေဖော်ဝါရီ ၁၇၊ ၂၀၁၂ ၁၇၊ ၂၊ ၂၀၁၂ ရက်၊ သောကြာနေ့ ဖျာပုံမြို့သို့ ပါတီစည်းရုံးရေးခရီးလာရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွက် လူထူဟောပြောပွဲပြုလုပ်ရန် ဖျာပုံမြို့နယ် အားကစားကွင်း (ဘောလုံးကွင်း) အား အသုံးပြုခွင့်တောင်းခံထားရာ ခွင့်ပြုချက်မရရှိတော့ပါ။ ယနေ့ (၁၅၊ ၂၊ ၂၀၁၂) ရက်နေ့မှ အားကစားကွင်းအား အသုံးပြုခွင့်မပေးနိုင်ကြောင်း အကြောင်းပြန်လာပါသည်။ ပိုဆိုးသည်မှာ တပတ်ကျော်လောက်ကတည်းက ခွင့်ပြုချက်တောင်းခံထားသော်လည်း တိတိပပ အကြောင်းပြန်ကြားခြင်းမရှိဘဲ၊ ယခုလို နီးကပ်လာမှ ခွင်မပြုနိုင်ပါဟု အကြောင်းပြန်လာခြင်းဖြစ်ပါသည်။ ဖျာပုံမြို့သည် ဧရိယာကျဉ်းသော မြို့ကလေးတမြို့သာဖြစ်သဖြင့် ပရိတ်သတ်ထောင်ပေါင်းများစွာ တက်ရောက်အားပေးနိုင်သော နေရာ များများစားစားမရှိပါ။ ယခုလက်ရှိအချိတ်တွင် ဖျာပုံမြို့နယ် အဲန်အယ်လ်ဒီ အဖွဲ့ဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံအားပေးသူများမှ ဟောပြောပွဲမပျက်စေရန်အတွက် အပူတပြင်း ကြိုးပမ်းနေကြရပါသည်။ မြို့ထဲတွင်...

Read more »

အလ္လာပ သလ္လာပ ကထာ

February 7, 2012
အလ္လာပ သလ္လာပ ကထာ

အရှင်ပညာနန္ဒ ဖေဖော်ဝါရီ ၇၊ ၂၀၁၂ ဒီနေ့လိုင်းပေါ်မှာ ဥရောပဘက်မှာသီတင်းသုံးနေတဲ့ မိတ်ဆွေဘုန်းကြီးတပါးနဲ့ စကားပြောဖြစ်တယ်။ သူနဲ့ ကိုယ်နဲ့က ဟိုး ငယ်ငယ် ကိုရင် လေးဘ၀ထဲကအတူနေလာကြတာမို့ ပြောမနာ ဆိုမနာ ရင်းနှီးတဲ့သူတွေပါ။ ၈၈ အရေးအခင်းဖြစ်တော့ သူက အိန္ဒိယရောက်သွားပြီး ကိုယ် က ထိုင်းဘက်ကိုရောက်သွားတယ်။ အဆက်ပြတ်သွားတယ်ဆိုပါတော့။ ကိုယ်အမေရိကားရောက်မှ ကိုထွန်းထွန်း (Albany) က ကူညီလို့ သူ့ဖုန်းနံပါတ်ရတော့မှ အဆက်အသွယ်ပြန်ရပါတယ်။ အဲဒီအချိန် သူက အန္ဒိယမှာ သီတင်းသုံးနေဆဲ။ မိမိအမေရိကားရောက်ပြီး (၂) နှစ်လောက်ကြာမှ ဒုက္ခသည်အစီအစဉ်နဲ့ သူလည်း ဥရောပကိုရောက်သွားပါတယ်။ ဒီနေ့တော့ မိတ်ဆွေဆရာ တော်က ထူးထူးခြားခြားစကားဆိုလာပါတယ်။ “အေးကွာ နိုင်းငံခြားရောက်မှ အကူအညီတောင်းတဲ့သူတွေပေါမှဟေ့။ မိတ်ဆက်ပြီး အကူ အညီတောာင်းတဲ့သူ။ ပိုက်ဆံအိပ်ပျောက်သွားလို့ အကူအညီတောင်းတဲ့စာ၊...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်