လူမှုရှုခင်း

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၁၆)

March 14, 2017
မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၁၆)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၁၆) (မိုးမခ) မတ် ၁၄၊ ၂၀၁၇ ● ရွှေလီရာဘာတော ရွှေလီအလွန် စိမ်းစိုသော ရာဘာတောအုပ်တနေရာတွင် အလုပ်လုပ်နေကြသော တရုတ်အလုပ်သမားတဖွဲ့ကိုတွေရ သည်။ အင်္ကျီတွေကပွပွ ဘောင်းဘီတွေကခပ်ပွပွ ဝတ်ထားကြသည်။ ဘောင်ဘီကို ဒူးနာထိအောင် လိပ်တင်ထားကြသည်။ ယောက်ျားတွေက ဆံပင်ခပ်တိုတို အမျိုးသမီးတွေက ဆံပင်ကို ပုခုံးအထက် တိနေအောင်ဖြတ်ထားကြသည်။ မြင်သာထင် သာအောင်ပြောရမည်ဆိုလျင် တရုတ်ခေါင်းဆောင် မော်စီတုန်း၏ဇနီး ကျန်ချင်း၏ ဆံပင်ပုံစံတူတွေဟု ဆိုနိုင်သည်။ ထိုဆံ ပင်ပုံစံမျိုးသည်သာ တော်လှန်ရေးဆန်သည်ဟု ယူဆထားကြပုံရသည်။တပုံစံတည်းလိုလို ဖြစ်နေကြသည်။ ရုတ်တရက် တော့ သက်ရွယ်ကြီးရင့်သကဲ့သို့ ထင်ရသော်လည်း အနားရောက်တော့ အသက်သိပ်မကြီးသေးသည့် လူငယ်များဖြစ်သည်ကို တွေ့ရသည်။ ထို့ပြင် သူတို့ပုံပန်းသဏ္ဌာန်က လမ်း၌တွေ့ခဲ့သော...

Read more »

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၁၅)

March 12, 2017
မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၁၅)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၁၅) (မိုးမခ) မတ် ၁၂၊ ၂၀၁၇ ● ရဲဘော်ထွန်း မိမိတို့နှစ်ယောက် မန်းရှိုးတွင် သုံးလေးရက်ခန့် ကြာပါသည်။ ကြာရသည့်အကြောင်းမှာ မိမိအားခေါ်လာပေးပေးသူ ကို ရန်နိုင်မှာ မန္တလေးမြေအောက်ခေါင်းဆောင်တဦးဖြစ်ရာ မြေအောက်လုပ်ငန်းနှင့်ပတ်သက်၍ ပါတီဗဟိုကို အစီရင်ခံရန်နှင့် ပါတီဗဟို၏ ညွှန်ကြားချက်များကိုလက်ခံရန်အတွက် ပါတီဗဟိုမှ မြေအောက်တာဝန်ခံအလာကို စောင့်ဆိုင်းနေရခြင်းဖြစ် သည်။ မိမိနှင့်မဆိုင်သော်လည်း အတူပါလာသူဖြစ်၍ မိမိပါစောင့်ဆိုင်းနေရခြင်းဖြစ်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ဖွဲ့စည်းပုံအရ ပါတီကွန်ဂရက်သည် အမြင့်ဆုံးဖြစ်သည်။ ပါတီကွန်ဂရက်တခုနှင့်တခု ကွန်ဂရက် က တင်မြှောက်လိုက်သည့် ဗဟိုကော်မတီက တာဝန်ယူခေါင်းဆောင်ပါသည်။ CPB အနေနှင့် စစ်ရေးအခြေအနေကြောင့် ဒုတိယအကြိမ် ကွန်ဂရက်ပြီးကထဲက ပါတီကွန်ဂရက်မကျင်းပနိုင်သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ပါတီဥက္ကဌနှစ်ဦးလည်းကျ ဆုံးထားသည့်အခြေအနေတွင် တဗိုလ်ကျ တဗိုလ်တက်စနစ်ဖြင့်...

Read more »

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၁၄)

March 10, 2017
မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၁၄)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၁၄) (မိုးမခ) မတ် ၁၀၊ ၂၀၁၇ ● ရှမ်းပြည်ရောက် ဗမာတယောက် မိမိ ၁၉၇၅ ခုနှစ် ဇွန်လ ၁ဝ ရက်နေ့ ရွှေတိဂုံဘုရားတောင်ဖက်မုခ်မှတင်ထွက်လာခဲ့မှာ တနှစ်ခန့်ရှိပေပြီ။ မြန်မာပြည် အထက်အောက် အတော်နှံ့ခဲ့သည်။ ရောက်သည့်နေရာတိုင်း ဒေသတိုင်းတွင် သီချင်းတပုဒ် အမြဲကြားရသည်။ မြန်မာ ပြည်တပြည်လုံး ပေါက်နေသည့်သီချင်းဟု ဆိုရမည်။ စိုင်းထီးဆိုင်၏ “မန္တလေးရောက် ရှမ်းတယောက်” ဆိုသည့်သီချင်းဖြစ် သည်။ “လမ်းတကာလျှောက်တိုင်းလဲ ကလေးလေးတွေက နောင်ဗိန်နောင်လို့စကြတယ် ” ဆိုသည့် ဗိုလ်ထီး၏သီချင်းက ဘယ်နေရာရောက်ရောက်ကြားနေရ၍ နားထဲစွဲနေသည်။ လောလောဆယ် မိမိကတော့ ဗိုလ်ထီးသီချင်းနှင့်ဗြောင်းပြန်ဖြစ်ပါသည်။ ရှမ်းပြည်ရောက် ဗမာတယောက်ဟု ဆိုရပါမည်။ ● မန်ရှိုး...

Read more »

ရွှေကူမေနှင်း – အမေရိကန်ပြည် အ၀င်ဂိတ်မှာ ပိတ်မိခြင်း

March 8, 2017
ရွှေကူမေနှင်း – အမေရိကန်ပြည် အ၀င်ဂိတ်မှာ ပိတ်မိခြင်း

ရွှေကူမေနှင်း – အမေရိကန်ပြည် အ၀င်ဂိတ်မှာ ပိတ်မိခြင်း (မြန်မာသံတော်ဆင့်၊ ဇန် ၆၊ ၂၀၁၇) မိုးမခ၊ မတ် ၈၊ ၂၀၁၇ ယခုနှစ်များအတွင်း အမေရိကန်ဗီဇာလွယ်နေပြီဟူသော သတင်းပျံ့နှံ့၏။ ယခင်က ဗီဇာအလွန်ခက် သဖြင့် မဲဖောက်ပေးသော စနစ်ပင်ရှိခဲ့သည်။ ရန်ကုန်မြို့လမ်းမကြီးများ ပလက်ဖောင်းတွင် ဗီဇာလျှောက်လွှာပုံစံ များရောင်းချခြင်း ခေတ်စားခဲ့သည်။ ယခုတော့ ၂၀၁၅မတိုင်မီကပင် ဗီဇာစနစ်လွယ်ကူလာခဲ့ပြီဖြစ်၏။ တစ်ခု တော့ရှိသည်။ လျှောက်လွှာကို စာရွက်ဖြင့်လက်မခံတော့ပေ။ Online မှသာ လျှောက်ခွင့်ပြုသည်။ အရေးအကြီး ဆုံးမှာ မိမိက မည်သည့်ဗီဇာအမျိုးအစားကို ရယူလိုကြောင်း သိရှိထားရန်ဖြစ်လေသည်။ အကြမ်းဖျင်းအားဖြင့် ဗီဇာ၂မျိုးခွဲထား၏။ အခြေချနေထိုင်ရန်နှင့် အခြေမချ(ခေတ္တ)နေထိုင်ရန်ဖြစ်သည်။ ခေတ္တမှာပင် ၂မျိုးရှိ၏။ အလည်အပတ်နှင့် အလုပ်(စီးပွားရေး)ကိစ္စဟူ၍ဖြစ်သည်။ အလုပ်ဗီဇာကို B1 ဟုခေါ် သည်။...

Read more »

မောင်မောင်စိုး ● နှင်းဆီနီနီအိပ်မက်များ – အပိုင်း (၁၃)

March 7, 2017
မောင်မောင်စိုး ● နှင်းဆီနီနီအိပ်မက်များ – အပိုင်း (၁၃)

မောင်မောင်စိုး ● နှင်းဆီနီနီအိပ်မက်များ – အပိုင်း (၁၃) (မိုးမခ) မတ် ၇၊ ၂၀၁၇ ● နမ့်ခမ်း – မန်း နောက်တနေ့ မနက်စောစော ကားဂိတ်သို့ထွက်ခဲ့သည်။ မန္တလေးမှာပူခဲ့သလောက် လားရှိုးမှာတော့ နေလို့ကောင်းသည့် ရာသီဥတုဖြစ်သည်။ စောစောစီးစီးပေမဲ့ ကားဂိတ်တွင် လူစည်နေပေပြီ။ ကားဂိတ်နံမည်က နမ့်ခမ်း – မန်းဆိုသော်လည်း လား ရှိုးမှ နမ့်ခန်းသို့ထွက်ခွာသောကားဖြစ်သည်။ ထိုစဉ်က လားရှိုးမှ မန္တလေးသို့လည်း ထိုကားလိုင်းဆွဲပုံရသည်။ ဆွဲ – မဆွဲတော့ မိမိလည်း စူးစမ်းမကြည့်အားခဲ့။ ကိုယ့်အပူနှင့်ကိုယ်ဖြစ်နေသည်။ ဒုတိယကမ္ဘာစစ်ကျန် ချက်ဗလက်ခေါင်းတို ဘတ်စကားများ မြန်မာပြည်အနှံ့တွင် အလုပ်ဖြစ်နေဆဲ ဖြစ်သကဲ့သို့ ထိုစဉ်ကာလ မြန်မာပြည်သယ်ယူပို့ဆောင်ရေးတွင် အရေးပါဆဲဖြစ်သည်။ စစ်ကျန် ချက်ဗလက်ခေါင်းတိုများသည် ရန်ကုန်တွင် လိုင်းကား...

Read more »

သာထက်အောင် ● မမွဲဘယ်သူနေပါ့မယ်

March 7, 2017
သာထက်အောင် ● မမွဲဘယ်သူနေပါ့မယ်

  သာထက်အောင် ● မမွဲဘယ်သူနေပါ့မယ် (မိုးမခ) မတ် ၇၊ ၂၀၁၇ ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ် နှစ်ကုန်ပိုင်းလောက်က ဇနီးလုပ်သူ အားလပ်ရက် တလယူ ရွှေပြည်ကြီး သွားလည်ပြီး ပြန်လာတော့ တော်တော်ပျော်လာပုံပေါ်ပါတယ်။ သြဇီ ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၁, ၀၀၅ ကျပ် မရစဖူးရခဲ့တော့ သူသုံး လို့ တယ်ကောင်းဆိုပဲ။ မင်းတယောက်အတွက်တော့ သုံးလို့ကောင်း၊ ဖြုန်းလို့ကောင်း၊ ဒေါ်လာဈေးတတ်တာ ကိုပဲ မင်းမှာအပျော်ကြီးပျော်နေ၊ အေး .…ကျန်ခဲ့တဲ့ မင်းအမေ၊ အမ၊ အမျိုးအဆွေ နိုင်ငံတူ၊ နိုင်ငံသားတွေ ဒေါ်လာဈေးတတ်တဲ့ဒဏ် ဘယ်လောက်ခံကြရသလဲဆိုတာ မင်းသိသလားဆိုတော့မှ ငြိမ်သွားပါတော့တယ်။ ရတောင့်ရခဲ့ လူ့ဘ၀ခဏတာမှာ ကျိကျိတက် မချမ်းသာဦးတော့ အသက်ကလေးတချောင်းတော့ သက်တောင့်သက်သာလေး မွေးသွားချင်ကြတာ လူ့ဓမ္မတာပါ။...

Read more »

မောင်မောင်စိုး ● နှင်းဆီနီနီအိပ်မက်များ – အပိုင်း (၁၂)

March 6, 2017
မောင်မောင်စိုး ● နှင်းဆီနီနီအိပ်မက်များ – အပိုင်း (၁၂)

မောင်မောင်စိုး ● နှင်းဆီနီနီအိပ်မက်များ – အပိုင်း (၁၂) (မိုးမခ) မတ် ၆၊ ၂၀၁၇   ● ယာယီခရီး သို့နှင့် မိမိလည်း ဘုန်းကြီးကျောင်းတွင်နေရသည့်အခြေအနေကိုတွက်ဆပြီး အကယ်၍ ခရီးထွက်ရန် အချိန်တပတ်ခန့် ကြာဦးမည်ဆိုပါက မိမိအား တပတ်ခန့် တာဝန်ယူပေးမည့်သူများ မန္တလေးပတ်ချာလည်တွင်ရှိကြောင်း မိမိတရက်သွား၍ စီစဉ်လျင်ရကြောင်း သို့မဟုတ်ပါကလည်း သူတို့၏အစီအစဉ်ဖြင့် တပတ်ခန့်နေရာရွှေ့ပေးလျင် သင့်တော်မည်ဖြစ်ကြောင်း မောင်ဝင်းမှတဆင့် ခင်မောင်သိန်းအား လှမ်းအကြောင်းကြားလိုက်သည်။ ထိုအတောအတွင်းမှာပင် ခင်မောင်သိန်း၏ညွှန်ကြားမှုနှင့် မိမိလည်း မောင်ဝင်းနှင့်အတူ ဓာတ်ပုံဆိုင်တခုသို့ မှတ်ပုံတင် ဓာတ်ပုံ သွားရိုက်ရသည်။ အရှေ့မြောက်ခရီးစဉ်အတွက် မှတ်ပုံတင်အတုပြုလုပ်ရန်ဖြစ်သည်။ ထိုစဉ်ကာလ သုံးခေါက်ချိုး မှတ်ပုံတင်များအတွက် ဓာတ်ပုံရိုက်ရာတွင် မှတ်ပုံတင်နံပါတ်ကဒ်ပြားပါတွဲ၍ ဓာတ်ပုံရိုက်ရသည်။ မိမိတို့လည်း တွေ့ရာ နံပါတ်တခုပြောပြီး ဓာတ်ပုံရိုက်လိုက်သည်။ မိမိတို့၏...

Read more »

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၁၁)

March 5, 2017
မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၁၁)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၁၁) (မိုးမခ) မတ် ၅၊ ၂၀၁၇ ● မှိုင်းရာပြည့် မိမိပုန်းကောင်းနေဆဲ ၁၉၇၆ မတ်လ ၂၃ ရက်နေ့တွင် မှိုင်းရာပြည့်အရေးတော်ပုံဖြစ်သည်။ မဖြစ်ခင်ကထဲက ထိုနေ့ထိုရက်တွင် ဖြစ်တော့မည်ဟု ကြိုသိနေသော အရေးအခင်းဖြစ်သည်။ မဆလအစိုးရကြိုတင်ကာကွယ်နိုင်ရန်အောင် ကြိုးစားခဲ့သော်လည်း ဖြစ်ဖြစ်အောင်ကို ဖြစ်ခဲ့သည်ဟု ဆိုရပါမည်။ ထိုအရေးတော်ပုံတွင် ဆလိုင်တင်မောင်ဦး တကျော့ပြန်ပေါ်လာသည်။ RIT မှ ကျောင်းသား ၃ ယောက် ကျောင်းသားဆိုးအဖြစ် အကြေညာခံရသည်။ ကိုတင်အေးကြူ (မန္တလေး)၊ ကိုဝင်းမင်းထွေး (နောင် တေးရေးဆရာဖြစ်လာသူ) နှင့် နောက်တဦးဖြစ်ကြသည်။ ယနေ့ကာလကဲ့သို့ အကြမ်းဖက်ဝေါဟာရခေတ်စားနေပါက ထို သူများသည် အကြမ်းဖက်သမားများအဖြစ် ကြေညာခံရနိုင်သည်။ ကျောင်းသား ကျောင်းသားများကား...

Read more »

မောင်မောင်စိုး ● နှင်းဆီနီနီအိပ်မက်များ – အပိုင်း (၁၀)

March 3, 2017
မောင်မောင်စိုး ● နှင်းဆီနီနီအိပ်မက်များ – အပိုင်း (၁၀)

မောင်မောင်စိုး ● နှင်းဆီနီနီအိပ်မက်များ – အပိုင်း (၁၀) (မိုးမခ) မတ် ၃၊ ၂၀၁၇ ● လက်ဝဲဝါဒ မိမိအဖို့ ထိုသို့တိမ်းရှောင်နေသောကာလတွင် မိမိ၏ယုံကြည်မှုနှင့်ပတ်သက်သော အယူအဆများကို ပိုမိုလေ့လာဖြစ်သောကာလဟုဆိုနိုင်သည်။ ထိုစဉ်က မိမိအနေနှင့် ကျောင်းသားလှုပ်ရှားမှု ပါဝင်ခဲ့ပြီးနောက် ဗမာပြည်ကွန်မြူ နစ်ပါတီအခြေစိုက်ရာ အရှေ့မြောက်တောင်တန်းများဆီ အရောက်သွားနိုင်ရန် ကြိုးစားနေခြင်းသည် ယုံကြည်မှုကြောင့်ဖြစ်သည်။ မိမိတို့ ယုံကြည် မှုကို အများက လက်ဝဲဝါဒဟု ခေါ်ဆိုကြသည်။ ထိုထက်ပို၍ မတ်ဝါဒဟုလည်း ဆိုကြသည်။ ထိုစဉ်က တိကျစွာသုံးနှုံးသည် ကတော့ မတ်ဝါဒ လီနင်ဝါဒ မော်စီတုန်းအတွေးအခေါ်ဟူ၍ ဖြစ်ပါသည်။ ၁၈၄၈ ခုနှစ်တွင် ကားလ်မတ်နှင့် ဖရက်ဒရစ်အိန်ဂျယ်တို့က ကွန်မြူနစ်ပါတီကြေညာစာတမ်းထုတ်ပြန်သည်မှစ၍ ဥရောပ တိုက်တွင် ကွန်မြူနစ်တစ္ဆေစတင်ခြောက်လှန့်ခြင်းခံရတော့သည်ဟု အဆိုရှိကြသည်။ မတ်နှင့်အိန်ဂျယ်က သဘောတရားတရပ်နှင့်စတင်ထူထောင်လိုက်သည့်...

Read more »

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၉)

March 1, 2017
မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၉)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၉) (မိုးမခ) မတ် ၁၊ ၂၀၁၇ ● အောက်ပြေအောက်ရွာသို့ တကျော့ပြန် မိမိထွက်ပြေးရသည့်ကာလအတွင်း ပုသိမ်သို့ရောက်မည်ဟု မထင်ခဲ့ပါ။ ထင်စရာအကြောင်းမရှိပါ။ ပုသိမ်ဆိုသည်က မြန်မာပြည်၏အနောက်တောင်ဒေါင့်တွင် ရှိသည်။ မိမိသွားလိုသည့် အရှေ့မြောက် ဆန့်ကျင်ဘက်တွင်ရှိသည်။ ဘာမှမဆိုင်ပေ။ မိမိလာခေါ်သူက မိမိအား ပုသိမ်သို့သွားမည်ဆို၍ မိမိအံ့သြမိသည်။ သို့သော် တခုစဉ်းစားမိသည်မှာ မိမိအရှေ့မြောက် လွတ်ရာလွတ်ကြောင်းသို့မရောက်မီ တခြားသူများအား အကူအညီတောင်းရသည်ကို အားနာ၍ မိမိ၏ဆွေးမျိုးသားချင်း ၏အိမ်တွင် ထားရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပုံရသည်။ CPB ပေါ်လစီအရလည်း လက်ရင်းနားကပ်လျင် တဖက်က သတိ မထား နိုင်ဟု ဆိုကြသည်မဟုတ်ပါလား။ သို့သော် မိမိပုသိမ်ရောက်သွားသည်မှ လက်ရင်းကပ်သည်ထက် ရေထက်ပြစ်သည့် သွေးသားများကို တာဝန်ယူခိုင်းခြင်း...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်