လူမှုရှုခင်း

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ အပိုင်း – (၃၆)

July 25, 2017
မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ အပိုင်း – (၃၆)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ အပိုင်း – (၃၆) (မိုးမခ) ဇူလိုင် ၂၅၊ ၂၀၁၇ ● ရဲဘော်စိုးသိန်း မမောမပမ်း စကားပြောနိုင်သူဖြစ်သည်။ ၁၉၅ဝ ခုနှစ်ခန့် တရုတ်ပြည်သို့တက်မလာမီ မသုံးလုံးဒေသ (မန္တလေး၊ မြင်းခြံ၊  မိတ္တီလာ) ဘက်ကဟု သိရသည်။ ထိုစဉ်က ရဲဘော်ထွန်း ခေါ် ဗိုလ်ကျင်မောင်၏ ယောက္ဖဖြစ်သည်ဟု သိရသည်။ မိမိတို့အား အရှေ့မြောက်စစ်ဒေသအခြေအနေအချို့အား ကနဦးမိတ်ဆက်ပေးသူမှာ သူဖြစ်သည်။ မင်းလတ်ရဲခေါင်အကြောင်း၊ မုန်း ကိုးဒေသ ဒူဝါများအကြောင်း၊ ဝ နယ်အကြောင်း စသဖြင့် အကြောင်းအရာစုံလင်လှသည်။ ထိုပြင် နိုင်ငံရေးဆွေးနွေးခြင်း ကိုလည်း အထုံပါသူဖြစ်သည်။ သူ၏ဇနီးသည်ကတော့ စစ်ချွမ်းပြည်နယ်မှ တရုတ်အမျိုးသမီးဖြစ်သည်။ သူ၏ဇနီးသည်နှင့် သမီးငယ်နှစ်ယောက်က မိမိတို့ နိုင်ငံရေးဌာနတွင်အတူရှိကြသည်။ သမီးအငယ်က...

Read more »

ညိုထက်ညို – ၁၉၉၈ သို့မဟုတ် ခုနစ်ရက် ပညာရေး အလိုမရှိ (နေ့စဉ်မှတ်တမ်း)

July 25, 2017
ညိုထက်ညို – ၁၉၉၈ သို့မဟုတ် ခုနစ်ရက် ပညာရေး အလိုမရှိ (နေ့စဉ်မှတ်တမ်း)

ညိုထက်ညို – ၁၉၉၈ သို့မဟုတ် ခုနစ်ရက် ပညာရေး အလိုမရှိ (နေ့စဉ်မှတ်တမ်း) (မိုးမခ) ဇူလိုင် ၂၅၊ ၂၀၁၇ Aug 27,1998 (ကြာသပတေးနေ့)။ ။  မနက်ဖြန်ကျရင် ကျွန်တော်တို့ တစ်နှစ် နဲ့ ရှစ်လကျော် လုံးလုံး ပိတ်ထားခဲ့တဲ့ ရန်ကုန်စက်မှုတက္ကသိုလ် ကို ပြန်ဖွင့်ပါတော့မယ်။ ကျွန်တော်တို့က တတိယအသုတ်ပါ။ ပထမ နဲ့ ဒုတိယနှစ် နဲ့ တတိယနှစ် တွေပေါ့။ ပထမအသုတ် (နောက်ဆုံးနှစ်) နဲ့ ဒုတိယအသုတ် (ပဉ္စမနှစ် နဲ့ စတုတ္ထနှစ်) တွေက လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက တစ်သုတ်ချင်း ခွဲဖွင့်ပြီး စာမေးပွဲ စစ်ပြီး သွားပါပြီ။ ခုနစ်ရက်စာသင်၊ ပြင်ဆင်ချိန် ဆယ်ရက်ပေးပြီး စာမေးပွဲစစ်ခဲ့ တာပေါ့။...

Read more »

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၃၅)

July 24, 2017
မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၃၅)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၃၅) (မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၇ ● ရဲဘော်တိုက်မောင် အသားခပ်ညို ညို ခပ်ပိန်ပိန် အသက် ၂ဝ မပြည့်တတ်သေးသော လူငယ်လေးတဦးဖြစ်သည်။ မိမိမိတ်ဆွေ ကိုကြီးမြင့်၏ ညီငယ်တယောက်ဖြစ်ပြီး ဆေးတက္ကသိုလ် ၁ ၌ ပထမနှစ်ဆေးတွင် ကျောင်းတက်နေစဉ် သူ၏အကိုဝမ်းကွဲ ကိုမောင်နိုင်တို့ နှင့်အတူ အရှေ့မြောက်ရောက်လာသူဖြစ်သည်။သူ့နာမည်ရင်းကတော့ ကိုဝင်းအောင်ဟု ခေါ်သည်။ မိမိတို့ တပ်မဟာ ၂ ရောက်စဉ်က သူက တပ်မဟာ ၂ အထူးတပ်ရင်းက အမြောက်တပ်ခွဲတွင် တာဝန်ထမ်းဆောင်နေသည်။ မိမိနောက်တန်း နိုင်ငံရေးဌာနသို့ ပြန်ရောက်လာပြီး မကြာမီ အောက်တိုဘာ နိုဝင်ဘာလခန့်တွင် ကိုတိုက်မောင်လည်း နိုင်ငံ ရေးဌာနသို့ ရောက်လာသည်။...

Read more »

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၃၄)

July 19, 2017
မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၃၄)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၃၄) (မိုးမခ) ဇူလိုင် ၁၉၊ ၂၀၁၇ ● အမှန် အမှားနှင့် အစွန်း ဤသို့ ငြင်းခုံကြ ကွဲပြားနေကြသည့်ကာလတွင် အားလုံး ကိုယ့်အကြောင်းပြချက်နှင့်ကိုယ် မှန်နေကြသည်။ ဗဟိုဌာနရှိသူများ ကတော့ လက်ရှိ ပါတီဗဟိုသည် အရှေ့မြောက်ရှိ ၁၉၇၅ မေလတွင် ပြန်လည်ဖွဲ့စည်းသည့် သခင်ဗသိန်းတင်ဦးစီးသည့် ဗဟိုကော်မတီဖြစ်ရာ လက်ရှိပါတီဗဟိုကို နာခံရမည်ဆိုသည့်အကြောင်းအချက်ဖြင့် လက်ရှိပါတီဗဟိုဘက်က ရပ်ခံကြသည်။ မိမိတို့ကလည်း ပဲခူးရိုးမပါတီဗဟို၏ စွန့်လွှတ်မှု၊ တိုက်ပွဲဝင်မှု ရပ်ခံမှု ထူးခြားမှုတို့နှင့်အတူ အရှေ့မြောက်၏ပါတီ၏ ဗဟိုနာခံမှု အားမေးခွန်းထုတ်ကာ ရပ်ခံခဲ့ကြသည်။ ကိုယ်အကြောင်းပြချက်နှင့်ကိုယ် မှန်နေသည်ဟု ဆိုရမည်။ ၇၅ ပါတီဗဟိုကို ထောက်ခံသူများထဲကအချို့ကလည်း ပဲခူးရိုးမပါတီ ဗဟိုကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြသည်။...

Read more »

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၃၃)

July 17, 2017
မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၃၃)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၃၃) (မိုးမခ) ဇူလိုင် ၁၇၊ ၂၀၁၇ ● စိန်ပန်းတွေငို ဆွေးနွေးငြင်းခုံမှု များကြားတွင်ပင် မြို့ပေါ်မှရောက်လာသည့် ဗမာရဲဘော်များထဲမှ အနုပညာပိုးရှိသူများ တက်ကြွစွာလုပ် လေ့ရှိသော အလုပ်တခုရှိသည်။ ၎င်းမှာ ပါတီသီချင်း အလုပ်သမား လယ်သမား ကျောင်းသားတိုက်ပွဲများစပ်ဆိုကြခြင်းဖြစ်သည်။ ရဲဘော်ကြည်စိန်ခေါ် ကိုးကိုးကျွန်းပြန် ကိုသန်းမောင်ကလည်း ကိုးကိုးကျွန်းတိုက်ပွဲသီချင်းများ ပြန်လည်အသံသွင်းနေ သည်။ သို့သော် ကိုးကိုးကျွန်းသီချင်းများမှာ ၆၄ လမ်းစဉ်အောက်တွင် စပ်ဆိုထားသည့်သီချင်းများဖြစ်၍ နေရာပေးခြင်း မ ခံခဲ့ရပေ။ မိမိတို့ရောက်သည့်အချိန်တွင် အသီးသီးအသက တက်ကြွစွာဖြင့် စပ်ဆိုနေကြသည့် သီချင်းအားလုံးမှာ ကောင်းကြသည် တော့မဟုတ်။ အချို့သီချင်းများ၏စာသားက ကြွေးကြော်သံဆန်နေသည်။ နိုင်ငံရေးဝေါဟာရများ ပြွတ်သိပ်နေသည်။ အချို့ သီချင်းများက အနုပညာအားနည်းသည်။...

Read more »

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၃၂)

July 16, 2017
မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၃၂)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၃၂) (မိုးမခ) ဇူလိုင် ၁၆၊ ၂၀၁၇ ● ရဲဘော်စိုးနိုင် ထိုသို့သော နိုင်ငံရေးဌာနဆွေးနွေးပွဲ၌ ဖြစ်ပေါ်ခဲ့သော ငြင်းခုံမှုများမှ အစပြု၍ နောက်ဆက်တွဲနိုင်ငံရေးလမ်းစဉ်ဆိုင်ရာ ငြင်း ခုံဆွေးနွေးမှုများတွင် ရှေ့တန်းရောက်သူတဦးကတော့ ရဲဘော်စိုးနိုင်ဖြစ်သည်။ သူ့အား ယခုတော့ စာရေးဆရာသန်းစိုးနိုင် အဖြစ် သိကြသည်။ သူကားထိုစဉ်က အသက် ၃၀ ခန့်ရှိပြီး နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ မိမိတို့ထက်ပိုရှိပြီး လေ့လာ ရေးလည်းအားကောင်းသော ကိုစိုးနိုင်သည် အရှေ့မြောက်နိုင်ငံရေးငြင်းခုံပွဲများ၌ ရှေ့ဆုံးက ဦးဆောင်ခဲ့သူဟု ဆိုရမည်။ ခေါင်းလေးစောင်းငဲ့ စောင်းငဲ့နှင့် ကိုစိုးနိုင်၏ ထူးခြားသောသွင်ပြင်ကား နှုတ်ခမ်းမွှေးဟုဆိုရမည်။ ဟစ်တလာနှု တ်ခမ်းမွှေး တော့မဟုတ်၊ စတာလင်နှုတ်ခမ်းမွှေးဟု ဆိုရပေမည်။ ကိုစိုးနိုင်၏အမည်ရင်းကား ကိုခင်မောင်ဌေးဖြစ်သည်။...

Read more »

တာရာမင်းဝေ (၁၉၆၇-၂၀၁၇) ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် အမှတ်တရ ကဗျာရွတ်ပွဲ

July 13, 2017
တာရာမင်းဝေ (၁၉၆၇-၂၀၁၇) ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် အမှတ်တရ ကဗျာရွတ်ပွဲ

တာရာမင်းဝေ (၁၉၆၇-၂၀၁၇) ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် အမှတ်တရ ကဗျာရွတ်ပွဲ (မိုးမခ) ဇူလိုင် ၁၃၊ ၂၀၁၇ တာရာမင်းဝေ (၁၉၆၇-၂၀၁၇) ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် အမှတ်တရ ကဗျာရွတ်ပွဲလေးကို ဩဂုတ်လ ၅ ရက်နေ့၊ ၂၀၁၇ (စနေနေ့) မှာ နေ့လယ် ၁ နာရီခွဲကနေ ၃ နာရီခွဲအထိ ရန်ကုန်ဘုတ်ပလာဇာ (Yangon Book Plaza)၊ သံဈေး၊ ၅ လွှာမှာ ကျင်းပမှာဖြစ်ပါတယ်။ တစ်ဦးချင်းဆီကို ဖိတ်စာတွေမပို့တော့ပဲ Face Book  ကနေပဲ ဖိတ်ကြားမှာ ဖြစ်ပါတယ်။ No tags for this post.

Read more »

ညိုထက်ညို- ခင်ပွင့်ဖြူအတွက် အလွမ်းပွင့်များ

July 11, 2017
ညိုထက်ညို- ခင်ပွင့်ဖြူအတွက် အလွမ်းပွင့်များ

ခင်ပွင့်ဖြူ အတွက် အလွမ်းပွင့်များ ညိုထက်ညို (မိုးမခ) ဇူလိုင် ၁၁၊ ၂၀၁၇ အဲဒီနေ့ နေ့လယ် တစ်နာရီထိုးဖို့ ဆယ်မိနစ်လောက်အလိုမှာ ကျွန်တော် ရန်ကုန်တက္ကသိုလ် ကျောင်းဝင်း ထဲကိုရောက်တယ်…. ရောက်ရောက်ချင်းပဲ မန္တလေးဆောင်ဝင်းထဲမှာ ကားကိုထိုးပြီး ဝင်းအပြင်ကိုကျွန်တော် ပြန်ထွက်လာခဲ့ တယ်….. ပြီးတော့ အဓိပတိလမ်းကိုဖြတ်ပြီး အောင်ကျော်ကျောက်တိုင်ရှိရာ အဓိပတိလမ်းရဲ့ညာဘက်ခြမ်းက သမဂ္ဂဝင်းထဲကို ကျွန်တော်ဝင်လာခဲ့တယ်…. သမဂ္ဂဝင်းထဲက အောင်ကျော်ကျောက်တိုင်ပေါ်မှာ ခွပ်ဒေါင်းအလံလွှမ်းထားတယ်…. ကျောက်တိုင်ရဲ့အောက်ခြေမှာတော့ ၅၅ နှစ်မြောက် ဆဲဗင်းဂျူလိုင် July 7 အထိမ်းအမှတ်အဖြစ် မနက်က လာချသွားခဲ့တဲhပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့အပါအဝင် အခြားအဖွဲ့အစည်းတွေရဲ့ ပန်းခွေတွေနဲ့ ပြည့်နေတယ်…. ဒီလိုနေ့မျိုး ဒီနေရာမှာ အခြားလူတွေကို ကျိန်းသေပေါက်တွေ့ရလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ပေမယ့် ဘယ်သူ့ကိုမှမတွေ့ရဘဲ ကျွန်တော် တယောက်တည်းဖြစ်နေတာနဲ့ ကျွန်တော် အံ့သြနေမိတယ်…....

Read more »

ရွှေပြည်စိုး – သက်ဆိုင်သူများသို့ မေတ္တာရပ်ခံခြင်း

July 1, 2017
ရွှေပြည်စိုး  – သက်ဆိုင်သူများသို့ မေတ္တာရပ်ခံခြင်း

ရွှေပြည်စိုး  – သက်ဆိုင်သူများသို့ မေတ္တာရပ်ခံခြင်း (မိုးမခ) ဇူလိုင် ၁၊ ၂၀၁၇ အဖက်ဖက်က ယိုယွင်း ပျက်စီးနေတဲ့ အမိ မြန်မာနိုင်ငံကို နိုင်ငံတကာ အဆင့်မီ ဖွံ့ဖြိုး တိုးတက်ဖို့အတွက် လူသစ် စိတ်သစ်၊ စနစ်သစ်နဲ့ တက်ညီလက်ညီ ချီတက်နိုင်မှသာ လိုရာ ပန်းတိုင် ရောက်မှာ ဖြစ်ပါတယ်။ ခုဆိုရင် ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက မဲ အပြတ်အသတ်နဲ့ အနိုင်ရပြီး NLD ပါတီ တခုတည်း လွတ်လွတ်ကျွတ်ကျွတ် အစိုးရဖွဲ့စည်း နိုင်ခဲ့ပြီး ဖြစ်သလို လူသစ် စိတ်သစ်၊ ဒီမိုကရေစီစနစ် အစစ်နဲ့ ချီတက်နေပါပြီ၊ ချီတက်လာတာ တနှစ်သာသာလေးတော့ ရှိသွားပါပြီ၊ တနှစ်အတွင်းမှာ နိုင်ငံ ဖွံ့ဖြိုး...

Read more »

စာအုပ်စေတမန် -အိုမင်းရင့်ရော်ခြင်းကို လျော့နည်းနိုင်မည့် လျှို့ဝှက်ချက်များနှင့် ကျန်းမာရေးနည်းလမ်းများ- ခင်စောတင့်

June 25, 2017
စာအုပ်စေတမန် -အိုမင်းရင့်ရော်ခြင်းကို လျော့နည်းနိုင်မည့် လျှို့ဝှက်ချက်များနှင့်  ကျန်းမာရေးနည်းလမ်းများ- ခင်စောတင့်

အိုမင်းရင့်ရော်ခြင်းကို လျော့နည်းနိုင်မည့် လျှို့ဝှက်ချက်များနှင့် ကျန်းမာရေးနည်းလမ်းများ- ခင်စောတင့် (မိုးမခ) ဇွန် ၂၅၊ ၂၀၁၇ ဆရာမကြီးခင်စောတင့် အသက်(၈၀ ) ပြည့်နှစ်အထိမ်းအမှတ်နဲ့ ဆရာမကြီးရဲ့( ၇၅ ) အုပ်မြောက် အမှတ်တရစာအုပ်ပါ။ အိုမင်းခြင်းဟာ ကြောက်မက်ဖွယ်ရာလား။ အိုမင်းခြင်းကို ဘယ်ပုံ ဘယ်နည်းနဲ့ရင်ဆိုင်သွားကြမှာလဲ။ ဘဝမှာ မလွဲမသွေရင်ဆိုင်သွားရမယ့် အိုမင်းခြင်းကို အကောင်းဆုံး ရင်ဆိုင်သွားနိုင်မယ့် လျှို့ဝှက်ချက်တွေနှင့်အတူ တွေးဆ ဆင်ခြင်စရာတွေပါဝင်တဲ့ ဆောင်းပါးပေါင်း ၂၃ ပုဒ် ပါရှိပါတယ်။ လင်းလွန်းခင်စာပေတိုက်ရဲ့စာအုပ်အမှတ်စဉ်( ၂၈၆ )အဖြစ်နဲ့ မေလထဲ မှာ ဖြန့်ချိခဲ့ပါပြီ။ အရေးအသားနဲ့ လိုက်ဖက်ညီတဲ့ စာအုပ်မျက်နှာဖုံးကို ဖေညွန့်ဝေက ရေးဆွဲပေးထားပါတယ်။ စာအုပ်တန်ဖိုးကတော့ ၁၅၀၀ ကျပ်ပါ။                                         ( စာအုပ်စေတမန် ) No...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်