မိုးမခလူကြီးများ

မောင်စွမ်းရည် – ကမ္ဘာလှည့်ပြီး ကမ္ဘာကြည့် ကြည့်တဲ့ ချစ်ဦးညို

September 22, 2017
မောင်စွမ်းရည် – ကမ္ဘာလှည့်ပြီး ကမ္ဘာကြည့် ကြည့်တဲ့ ချစ်ဦးညို

Photo Sayama San San Tin’s Facebook မောင်စွမ်းရည် – ကမ္ဘာလှည့်ပြီး ကမ္ဘာကြည့် ကြည့်တဲ့ ချစ်ဦးညို (မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၇ ဘာစာတွေ ဘယ်လိုရေးနေကြသလဲ မြန်မာစာရေးဆရာသုံးဦး အမေရိကန်ပြည်ထောင်စုကို လာရောက်ပြီး မြန်မာရွှေ့ပြောင်းခိုလုံသူများ နေထိုင်ရာ အမေရိကန်ပြည်နယ်အနှံအပြား လှည့်လည်ဟောပြောကြပါတယ်။ နယူးရောက်မြို့မှာတော့ ခရာစ် ယာန်ဝတ်ကျောင်းတစ်ခုရဲ့ ၀တ်ပြုခန်းမကြီးတစ်ခုလုံးအပြည့် လာရောက်အားပေးနားထောင်တာတွေ့ရပါ တယ်။ တကယ်တော့ အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေကြတဲ့ မြန်မာလူမျိုးများဟာ ပညာတတ်၊ စာတတ် သူတွေများပေမယ့် စာဖတ်ဝါသနာပါသူ အတော်နည်းပါတယ်။ စာဖတ်နိုင်လောက်အောင် မအားလပ် ကြလို့လားမသိ။ ကျွန်တော်နဲ့စာအုပ်လဲလှယ်ဖတ်သူ သုံးလေးယောက်ပဲရှိပါတယ်။ ဒါပေမယ့် စာပေဟောပြော ပွဲတို့၊ ဘုန်းကြီးတရားပွဲတို့မှာတော့ အားပေးကြသူများပါတယ်။ တရားနာလေ့ရှိတဲ့ လူမျိုးစရိုက်၊ ပုံတိုပတ်စ နား ထောင်လေ့ရှိတဲ့...

Read more »

မောင်စွမ်းရည် – ဒေါ်အောင်ဆန်းစုကြည်သို့ ထောက်ခံဆုတောင်းပွဲ

September 21, 2017
မောင်စွမ်းရည် – ဒေါ်အောင်ဆန်းစုကြည်သို့ ထောက်ခံဆုတောင်းပွဲ

မောင်စွမ်းရည် – ဒေါ်အောင်ဆန်းစုကြည်သို့ ထောက်ခံဆုတောင်းပွဲ (မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၇ မေတ္တာလဲရှိ၊ သစ္စာရှိ။ ပညာလဲရှိ၊ သတ္တိရှိ။ ကမ္ဘာသိတဲ့ စု။ တောင်ပေါ်ကချစ်၊ မြေပြန့်ချစ်။ ဗမာကချစ်၊ ကမ္ဘာချစ် – ပြည်သူချစ်တဲ့ စု။ ပြည်သူ့မိခင်၊ ဒို့မိခင် ပျော်ရွှင်ကျန်းမာ၊ ပန်းကမ္ဘာ မေတ္တာရေဖျန်း၊ လန်းစေသော။ သစ္စာဝေရွှန်း၊ ထွန်းစေသော။ သက်တန်းရာကျော် – ရှည်စေသော်။ မောင်စွမ်းရည် ၂၀၁၇ စက်တင်ဘာ ၂၀၊ နယူးယောက် No tags for this post.

Read more »

မောင်မိုးသူ ● ယူနန်နယ်စပ် ဝမ်စွေ့ဝမ်စွေ့နှင့် ဘကြီးမိုး

September 20, 2017
မောင်မိုးသူ ● ယူနန်နယ်စပ် ဝမ်စွေ့ဝမ်စွေ့နှင့် ဘကြီးမိုး

မောင်မိုးသူ ● ယူနန်နယ်စပ် ဝမ်စွေ့ဝမ်စွေ့နှင့် ဘကြီးမိုး (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇ မိုးမခ အတွဲ ၄၊ အမှတ် ၇၊ ဇူလိုင် ၂၀၁၇ ထုတ်မဂ္ဂဇင်းမှ ဖြစ်သည်။  ဘကြီးမိုးက ဆွေမျိုးပေါက်ဖော် ဝမ်စွေ့ဝမ်စွေ့လို့ ခေါ်ခဲ့ဖူးရေးခဲ့ဖူးပါတယ်။ အဲသည် ဝမ်စွေ့ဆိုတဲ့စကားလုံးဟာ ဘကြီးမိုးတို့ ကျောင်းသားဘဝ၊ ဦးနုတို့၊ ချူအင်လိုင်းဘန်ဒေါင်းခေတ်က ဘကြီးမိုး ခေါ်ခဲ့ရ အော်ခဲ့ရလို့ ရနေတာပါ။ ဘကြီးမိုးရဲ့ရုပ်ရည်ဟာ တကယ်ပဲ တရုတ်သိုင်း ဝတ္ထု၊ သိုင်းရုပ်ရှင်တွေထဲက ပိန်ပိန်ရှည်ရှည်၊ မျက်ပေါက်ကျဉ်းကျဉ်းနဲ့ တရုတ်နဲ့ အင်မတန်မှ တူပါတယ်။ အခု အသက်ကြီး ထောင်ကထွက်လာမှ ဆံပင်က တစ်ခေါင်း လုံးဖြူ၊ နှုတ်ခမ်းမွေးက ဖြူလေတော့ ပိုတူတာပေါ့။ ငယ်ငယ်တုန်းက၊ ငယ်ငယ်တုန်းက ဆိုတာက...

Read more »

မောင်စွမ်းရည် – ကျွန်တော်သိဖူးတဲ့ ဦးလွင်နှစ်ယောက်

August 19, 2017
မောင်စွမ်းရည် – ကျွန်တော်သိဖူးတဲ့ ဦးလွင်နှစ်ယောက်

မောင်စွမ်းရည် – ကျွန်တော်သိဖူးတဲ့ ဦးလွင်နှစ်ယောက် (မိုးမခ) သြဂုတ် ၁၉၊ ၂၀၁၇ ဦးလွင်နှစ်ယောက်ကို ကျွန်တော်သိဖူးပါတယ်။ တစ်ယောက်က ဒီမိုကရေစီ ဦးလွင်ဖြစ်ပါတယ်။ တစ်ခြားတစ်ယောက်က ကွန်မြူနစ် ဦးလွင်ဖြစ်ပါတယ်။ တစ်နည်းပြောရရင် စစ်သားလူထွက် ဦးလွင်နဲ့ သူပုန်လူထွက် ဦးလွင်ပါ။ ဒီမိုကရေစီ ဦးလွင်ကို သူပုန်ဦးလွင်ထက် လူသိများပါလိမ့် မယ်။ ဒီမိုဦးလွင်ကို ကျွန်တော်ဆရာကြီး ကဗျာဆရာကြီး မင်းသုဝဏ်နဲ့ခမည်းခမက်တော်လို့ သိရှိ ခဲ့ရခြင်းပါ။ ဆရာကြီး မင်းသုဝဏ်ရဲ့သားက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လက်ရှိသမ္မတ ကြီး ဦးထင်ကျော်ဖြစ်ပါတယ်။ သမ္မတကြီးကတော် ဒေါ်စုစုလွင်က ဗိုလ်ချုပ်မောင်လွင်(ဦးလွင်)ရဲ့ သမီးဖြစ်ပါတယ်။ ကျွန်တော်တို့ အခြေခံပညာဦးစီးဌာန ကျောင်းသုံးစာအုပ်အဖွဲ့မှာ အင်္ဂလိပ်စာ ကျောင်းသုံးစာအုပ်များပြုစုရေးအတွက် ပါဝင်ဆောင်ရွက်သွားခဲ့သူလည်းဖြစ်ပါတယ်။ ဗိုလ်ချုပ်မောင်လွင်ကို ဗိုလ်ချုပ်တင်ဦးရဲ့ နာမည်နဲ့တွဲပြီး အထူးလေးစားခဲ့ရပါတယ်။ ဗိုလ်ချုပ် ကျော်ဇောကိုယ်တိုင်ရေး...

Read more »

မောင်စွမ်းရည် – ချစ်ဦးညီနဲ့ တင်မိုး

August 17, 2017
မောင်စွမ်းရည် – ချစ်ဦးညီနဲ့ တင်မိုး

မောင်စွမ်းရည် – ချစ်ဦးညီနဲ့ တင်မိုး (မိုးမခ) သြဂုတ် ၁၇၊ ၂၀၁၇ အဖိုးကြီးမို့ ယောင်ယောင်မှားမှားနဲ့ ချစ်ဦးညိုကို “ချစ်ဦးညီ” လို့ ရေးလိုက်မိတာမဟုတ်ပါ။ ညီလေး တစ်ယောက်လိုချစ်လို့ “ချစ်ဦးညီ” ခေါ်တာပါပဲ။ ဒီလို “ချစ်ဦးညီ” လို့ သူ့ကို နာမည်ပြောင်းခေါ်တဲ့သူက တစ်ယောက်တည်းရှိပါတယ်။ ကျွန်တော်တို့ဘေးလူတွေက ရောယောင်ပြီး “ချစ်ဦးညီ” လို့ခေါ်ရင် မကြိုက်ပါ။ ကျွန်တော်တို့လည်း သူ့ကို ညီလေးလို ချစ်ခွင့်မရှိဘူးလား မမေးနဲ့။ ဦးခေါင်း ခါပါလိမ့်မယ်။ ပါးစပ်က ဆေးလိပ်ခဲ ထားလို့ နှုတ်နဲ့မပြောအားဘူးလေ။ ဒီလိုဆို ချစ်ဦးညိုရဲ့ တစ်ဦးတည်းပိုင် အစ်ကိုကြီးက ဘယ်သူလဲဆိုတာ တစ်ချို့ကရိပ်မိလောက်ပါပြီ။ ဟုတ်ကဲ တင်မိုး ပါ။ ကွယ်လွန်သူ ကဗျာဆရာရာကြီး ဦးတင်မိုးပါ။ မန္တလေးတက္ကသိုလ်ထွက်၊ လူထုတိုက်ထွက်...

Read more »

မောင်စွမ်းရည် – မောင်စူးစမ်း (ခေါ်) ဦးချမ်းအေး(အသက် ၉၁ နှစ်)

July 28, 2017
မောင်စွမ်းရည် – မောင်စူးစမ်း (ခေါ်) ဦးချမ်းအေး(အသက် ၉၁ နှစ်)

မောင်စွမ်းရည် – မောင်စူးစမ်း (ခေါ်) ဦးချမ်းအေး(အသက် ၉၁ နှစ်) (မိုးမခ) ဇူလိုင် ၂၈၊ ၂၀၁၇ ဗမာပြည်မှာ စာရေးဆရာကြီးများဖြစ်ကြတဲ့ ဆရာမင်းသုဝဏ်၊ ဆရာဇော်ဂျီ၊ ဆရာမောင်ထင်၊ လူထုဒေါ်အမာ၊ ဒဂုန်တာရာ စတဲ့စာရေးဆရာကြီးများရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားခဲ့ကြပါတယ်။ အားလုံး အသက် ၉ဝ တန်းတွေချည်း ပါပဲ။ ခု မောင်စူးစမ်းခေါ် ဦးချမ်းအေး ကွယ်လွန်ပါတယ်။ အသက် ၉၁ နှစ်ပါ။ ၂ဝ၁၇ ဇူလိုင် ၁၈ ရက်နေ့၊ အာဇာနည်နေ့ အကြိုတစ်ရက်မှာ ကွယ်လွန်ခဲ့ပါတယ်။ ခေတ်လူငယ်စာရေးဆရာတွေကြတော့ အသက်တော့တိုကြရှာတယ်။ ဦးချမ်းအေး ဂုဏ်ပုဒ်တွေကများပါတယ်။ နိုင်ငံရေးသမား၊ စာရေးဆရာ၊ သတင်းစာဆရာ၊ ဘောဂဗေဒပညာရှင်.။ ခုနောက်ဆုံးကွယ်လွန်ချိန်မှာတော့ နောက်ဆုံးဂုဏ်ပုဒ်ကတော့ စာရေးဆရာဖြစ်မယ်ထင်ပါတယ်။ ခုတော့ ဦးချမ်းအေးဟာ ဂုဏ်ပုဒ်အားလုံးကိုထားခဲ့ပြီး အေးချမ်းရာကိုအပြီးအပိုင်...

Read more »

မောင်မိုးသူ – အစိုးရသစ်နှင့် ယန္တရားအဟောင်း

July 25, 2017
မောင်မိုးသူ  – အစိုးရသစ်နှင့် ယန္တရားအဟောင်း

  Illustration – Zaw Maung မောင်မိုးသူ  – အစိုးရသစ်နှင့် ယန္တရားအဟောင်း  (ကုမုဒြာဂျာနယ်၊ ရန်ကုန်) မိုးမခ၊ ဇူလိုင် ၂၅၊ ၂၀၁၇ ပြည်သူ့ဆန္ဒနဲ့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ အစိုးရသစ်ဖွဲ့စည်းနိုင်ဖို့ ဆန္ဒမဲတစ်ခဲနက်ပေးခဲ့ကြလို့ အစိုးရသစ်ဖွဲ့စည်းနိုင်ခဲ့ကြတာ တစ်နှစ်ကာလ ကျော်ခဲ့ပြီဖြစ်ပါတယ်။ ပြည်သူလူထုအတွက် စီးပွားရေးနဲ့တကွ ဖွံ့ဖြိုးတိုးတက်မှု များသိသာမြင်သာရှိသော ပြောင်းလဲမှုများကိုသိပ်မတွေ့ရသေးဘဲ ရှိနေခဲ့ပါတယ်။ အကြောင်းတရားကတော့ အစိုးရသစ်ဟာ န္တရားဟောင်းများနဲ့ဆက်လက် လည်ပတ်နေရတာကြောင့်ဟု ဆိုကြပါတယ်။ ယန္တရားဟောင်းတွေနဲ့ပတ်သက်ပြီး သိသာမြင်သာသည့် ဖြစ်ရပ်တစ်ခုမှာ မကွေးတိုင်းက ယန္တရားဟောင်းမှသုံးစွဲထားခဲ့သော ဘဏ္ဍာငွေတော်တော်များ များကို ပြန်လည်ပေးဆပ်သည့် သတင်းပဲဖြစ်ပါတယ်။ မနေ့တစ်နေ့ကတော့ အရေးပါသော တာဝန်ရှိသူတော်တော်များများကို အဂတိလိုက်စားမှုဖြင့် အရေးယူမည်ဆိုသည့် သတင်းထွက်လာပါတယ်။ ဒါကလည်းကော်မရှင်၏ဆုံးဖြတ်ချက်ကြောင့်ဖြစ်ပေါ်လာရသည်ဟု ဆိုပါတယ်။ မည်သို့ပင်ဖြစ်စေ အဂတိလိုက်စားမှုကို ဖယ်ရှားနိုင်ရေးမှာအလွန်အရေးကြီးသည့် ပြဿနာဖြစ်ပါတယ်။...

Read more »

မောင်စွမ်းရည် – ကျေးလက်စာကြည့်တိုက်

July 25, 2017
မောင်စွမ်းရည် – ကျေးလက်စာကြည့်တိုက်

   မောင်စွမ်းရည် – ကျေးလက်စာကြည့်တိုက် (မိုးမခ) ဇူလိုင် ၂၅၊ ၂၀၁၇ ကျွန်တော်တို့ရွာမှာ လွတ်လပ်ရေးမော်ကွန်းဝင် လေးယောက်ရှိပါတယ်။ လေးယောက်ဆိုတော့ ပုဂံခေတ်က အနော်ရထာရဲ့ သူရဲကောင်းလေးယောက်ဆိုတာကို သတိရမိပါတယ်။ ကျွန်တော်တို့ရွာသား သူရဲကောင်းလေးယောက်ကလည်း ဖက်ဆစ်တော်လှန်ရေးသူရဲကောင်းတွေဖြစ်လို့ ဂုဏ်ရောင်ပြောင်ပါတယ်။ မော်ကွန်းဝင်းလေးယောက်ဆိုတာ ရွာအရွယ်အစားနဲ့တိုင်းတာနှိုင်းစာရင် အများကြီးပါ။ ရွာကလေးက ငယ်ငယ်လေးပါ။ မြင်းခြံမြို့နယ်အတွင်းမှာ အထင်ရှားတဲ့ရွာကလေးပါ။ မြို့နဲ့အဆက်အသွယ်လည်း မကောင်း။ ကားလမ်း၊ ရထားလမ်းဘေးမှာ မဟုတ်ရုံမက မြစ်လမ်း၊ ရေလမ်းများလည်းမရှိပါ။ မြင်းခြံမြို့ရဲ့အရှေ့တောင်ယွန်းယွန်း ၅-၆ မိုင်လောက် နွားလှည်းနဲ့ပဲ သွားရပါတယ်။ ရှားစောင်းလက်ဝါး၊ ပဒုမ္မာစတဲ့ ဆူးပင်တွေပေါက်နေတဲ့ ကျောက်ကုန်းကလေးတွေ လှိုင်းထနေတဲ့မြေမျက်ပြင်မျိုးဆိုတော့ ကားလမ်း၊ ရထားလမ်းဖောက်ဖို့မလွယ်လှပါဘူး။ မြို့နဲ့ရွာကြားမှာ စိုက်ကွင်းစိုက်ကွက်လည်း မရှိသလောက်ပါပဲ။ ရွာရဲ့အရှေ့ဘက် နွားထိုးကြီးမြို့နယ်ထဲမှာတော့ ထန်းတော၊ ရှားတောတွေ ရှိကြတယ်။...

Read more »

တင်မိုး – သာဓုခေါ်ဖို့ စောင့်မျှော်ပါ အမေ

June 24, 2017
တင်မိုး – သာဓုခေါ်ဖို့ စောင့်မျှော်ပါ အမေ

တင်မိုး – သာဓုခေါ်ဖို့ စောင့်မျှော်ပါ အမေ (မိုးမခ) ဇွန် ၂၄၊ ၂၀၁၇ မောင်စွမ်းရည်ရဲ့ အမေ ဆုံးရှာချေသတဲ့။ အညာနွေအပူဒဏ်ကို အမေ မခံနိုင်ရှာတော့ဘူး မောင်စွမ်းရည်ရဲ့ အမေ ငါ့ အမေပဲပေါ့။ အမေမှန်သမျှ ကျေးဇူးအနန္တ အဝေးက ဦးချပါတယ်။ အမျှဝေပါတယ်။ ကန်ဆင့်နဲ့မြင်းခြံ ချောက်အတန်တန် အခေါက်ခေါက် အပြန်ပြန် ရန်ကုန်ရောက် မန္တလေးရောက် အလှမ်းဝေးလွန်း စခန်းဝေးလွန်းလို့ မန္တလေးဟိုဘက်ကိုတော့ မရောက်နိုင်ရှာ သားပျောက်လို့ အမေရှာ ဝေဒနာတွေ သံယောဇဉ်တွေ ပဲတီပင် အချဉ်ပေါက်သလို ဟိုကပေါက် သည်ကပွား အမေ့မှာ သောကများရှာရဲ့။ ထန်းတောကြား ပဲပင်၊ နှမ်းပင်ကြားက မနားတမ်း၊ တလှုပ်လှုပ် မပူရုပ်နဲ့ လူလုပ်နေရှာသတဲ့ အမေ အခုတော့ နားချေပြီ။...

Read more »

ယူနန်နယ်စပ် ဝမ်စွေ့ဝမ်စွေ့နှင့် ဘကြီးမိုး

June 23, 2017
ယူနန်နယ်စပ် ဝမ်စွေ့ဝမ်စွေ့နှင့် ဘကြီးမိုး

ယူနန်နယ်စပ် ဝမ်စွေ့ဝမ်စွေ့နှင့် ဘကြီးမိုး (ကုမုဒြာဂျာနယ်၊ ရန်ကုန်) မိုးမခ၊ ဇွန် ၂၃၊ ၂၀၁၇  ဘကြီးမိုးက ဆွေမျိုးပေါက်ဖော် ဝမ်စွေ့ဝမ်စွေ့လို့ ခေါ်ခဲ့ဖူးရေးခဲ့ဖူးပါတယ်။ အဲသည် ဝမ်စွေ့ဆိုတဲ့စကားလုံးဟာ ဘကြီးမိုးတို့ ကျောင်းသားဘဝ၊ ဦးနုတို့၊ ချူအင်လိုင်းဘန်ဒေါင်းခေတ်က ဘကြီးမိုး ခေါ်ခဲ့ရ အော်ခဲ့ရလို့ ရနေတာပါ။ ဘကြီးမိုးရဲ့ရုပ်ရည်ဟာ တကယ်ပဲ တရုတ်သိုင်း ဝတ္ထု၊ သိုင်းရုပ်ရှင်တွေထဲက ပိန်ပိန်ရှည်ရှည်၊ မျက်ပေါက်ကျဉ်းကျဉ်းနဲ့ တရုတ်နဲ့ အင်မတန်မှ တူပါတယ်။ အခု အသက်ကြီး ထောင်ကထွက်လာမှ ဆံပင်က တစ်ခေါင်း လုံးဖြူ၊ နှုတ်ခမ်းမွေးက ဖြူလေတော့ ပိုတူတာပေါ့။ ငယ်ငယ်တုန်းက၊ ငယ်ငယ်တုန်းက ဆိုတာက အင်န်အယ်လ် ဒီခေတ်ဦး ၈၈ အရေးတော်ပုံအပြီး အင်န် အယ်လ်ဒီ စတင် တည်ထောင်စဉ်က မောင်သော်က၊...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်