တင်မိုး

တင်မိုး၊ မောင်စွမ်းရည် နဲ့ အမေ့ခေါ်သံ

May 15, 2017
တင်မိုး၊ မောင်စွမ်းရည် နဲ့ အမေ့ခေါ်သံ

  တင်မိုး၊ မောင်စွမ်းရည် နဲ့ အမေ့ခေါ်သံ (မောင်စွမ်းရည်ကဗျာစာအုပ် တင်မိုး၏ ဝေဖန်ချက်) (မိုးမခ ပြန်လည်ဆန်းသစ်ခြင်း) မေ ၁၆၊ ၂၀၁၇မြင်းခြံသား ကိုဝင်းဖေသည် ကျနော့်သူငယ်ချင်း ကဗျာဆရာ၊ စာပေဝေဖန်ရေးဆရာဖြစ်၏။ ၁၉၆၀ တစ်ဝိုက် မန္တလေးတက္ကသိုလ်အတွင်းက ဖူးပွင့်လာသော ကလောင်ဖြစ်၏။ “ကြည်အောင်” နှင့် တွဲလျက် “စိတြ” ကဗျာများကို ထုတ်ဝေခဲ့ပြီးနောက် “အနီနှင့်အပြာ” ကဗျာစာအုပ်ဖြင့် အမျိုးသားစာပေဆု ရခဲ့သော ကဗျာဆရာ လည်း ဖြစ်၏။ “လူထုသတင်းစာ” တွင် စာပေဝေဖန်ရေးများ အဆက်မပြတ် ရေးသားလာပြီးနောက် “အထက် မြန်မာနိုင်ငံစာရေးဆရာအသင်း”၏ “ဓမ္မဗိမာန်စာတမ်းဖတ်ပွဲများ” တွင် ဝေဖန်ရေး စာတမ်းများ ဖတ်ခြင်းအားဖြင့် ထင်ရှားလာသူလည်းဖြစ်၏။ ထို့နောက် “ဟိုချီမင်း” ၏ “အကျဉ်းထောင်က ပလွေသံ” ဘာသာ ပြန်ကဗျာ၊ “ပြည်သူ့ရှုထောင့်”၊...

Read more »

တင်မိုး – “အကျဉ်းထောင်က အလင်းရောင်”

March 12, 2017
တင်မိုး – “အကျဉ်းထောင်က အလင်းရောင်”

တင်မိုး – “အကျဉ်းထောင်က အလင်းရောင်” (မိုးမခ) မတ် ၁၂၊ ၂၀၁၇ ထောင်စခန်းဆိုတာ အမှောင်လမ်းပါပဲ ဒါပေမဲ့ – အောင်ပန်းဆွတ်တဲ့ အာဇာနည်တို့ရဲ့ တာရှည် စံမြန်းရာ။ သစ္စာမဖောက် ဒူးမထောက် မကြောက်မရွံ့ သူတွေရဲ့ နိဗ္ဗာန်ဘုံမို့ တိရစ္ဆာန်ရုံ မဟုတ်ပါ။ အရိုင်းဆုံးထဲက လူယဉ်ကျေး အရဲဆုံး သွေး မို့ အရေးတော်ပုံရဲ့  သူရဲကောင်း အရောင်မပြောင်းတတ်သူပါ။ မြန်မာ့ စာနယ်ဇင်းလောကမှာ အတောက်ပဆုံး ကလောင်ဘုရင် ဟံသာဝတီ ဦးဝင်းတင် တဲ့ ဂန္ထ၀င်မြောက် စံတင်လောက်အောင် ပြောင်မြောက်တဲ့ ပုဂ္ဂိုလ်ကျော် ခေတ်သစ်ရဲ့  မင်းမဟော်လို့ ပူဇော်ထိုက်သူ အမှန်ပါ။ ပြည်သူကို သူက ချစ် သူ့ကိုလဲ ပြည်သူက ချစ်...

Read more »

မောင်စွမ်းရည် – တင်မိုးရဲ့ သူငယ်ချင်းများ (၁)

January 24, 2017
မောင်စွမ်းရည် – တင်မိုးရဲ့ သူငယ်ချင်းများ (၁)

မောင်စွမ်းရည် – တင်မိုးရဲ့ သူငယ်ချင်းများ (၁) (မိုးမခ) ဇန်န၀ါရီ ၂၄၊ ၂၀၁၇ လူတိုင်းမှာ အသိမိတ်ဆွေတွေအများကြီးရှိကြပါတယ်။ ဒါပေမဲ့ ၀ါသနာတူ၊ စိတ်တူကိုယ်တူ၊ ဥာဏ်ရည် တူချင်းမှ ပိုပြီးရင်းနှီးခင်မင်တက်ကြပါတယ်။ တင်မိုးမှာ အဲသလိုခင်မင်သူတွေ ၄၊ ၅၊ ၁၀ယောက်ရှိတဲ့အနက် အမျိုးသမီးထဲကတော့ တစ်ဦးပဲရှိတယ်ထင်ပါတယ်။ ဒေါ်မာမာအေးပါ။ အဆိုကျော် အနုပညာရှင်၊ စာရေးဆရာ မာမာအေးဖြစ်ပါတယ်။ ကဗျာလေးဘာလေးလဲ ရေးပါတယ်။ မာမာအေးမှာ အပေါင်းအသင်းတွေ အများကြီးရှိတာပေါ့။ ကျွန်တော်တို့ထက်တောင် လူပေါင်းစုံပါ တယ်။ လူပေါင်းစုံတယ်ဆိုလို့ လူတိုင်းနဲ့အဆင်ပြေအောင် အလိုလုပ်အကြိုက်ဆောင်ပြီး ပေါင်းသင်းတတ်တာ မျိုးတော့လဲမဟုတ်ပါ။ မကြိုက်ရင်မကြိုက်သလိုလဲ စွက်ကနဲ၊ ပတ်ကနဲ ပြောတတ်လှပါတယ်။ တင်မိုးနဲ့သူနဲ့က တော့ သိပ်ပြီးအဆင်ပြေပါတယ်။ မောင်နှမအတိုင်းလိုပါပဲ။ တင်မိုးရဲ့ဝါသနာဟာ အဓိကဘာလဲဆိုရင် ‘ကဗျာ’လို့ လူတိုင်းလွယ်လွယ်ပဲ...

Read more »

မောင်ရစ် – ဆရာဦးတင်မိုး အိမ်မပြန်ခင် အဝေးရောက် ကျနော်တို့ကို စုစည်းညီညွတ်စေခဲ့

January 11, 2017
မောင်ရစ် – ဆရာဦးတင်မိုး အိမ်မပြန်ခင် အဝေးရောက် ကျနော်တို့ကို စုစည်းညီညွတ်စေခဲ့

  မောင်ရစ် – ဆရာဦးတင်မိုး အိမ်မပြန်ခင် အဝေးရောက် ကျနော်တို့ကို စုစည်းညီညွတ်စေခဲ့ (မိုးမခ) ဇန်န၀ါရီ ၁၁၊ ၂၀၁၇ ဦးတင်မိုး အရိုးအိုး အိမ်ပြန်လာတော့မယ်ဆိုတော့ သူ့ကျေးဇူးတွေအကြောင်း ပြန်စဉ်းစားမိသမျှ ဒီမှာ ရေးထားချင်တယ်။ အရေးတော်ပုံနောက်ပိုင်း ပြည်ပရောက် မြန်မာစာပေလောကကို ထူထောင်သူ ပျိုးထောင်သူ စာပေသမားတဦးအဖြစ် ဆရာဦးတင်မိုးကို ကမ္ဗည်းအသစ် စိုက်ထူရမှာ ဖြစ်ပါတယ်။ ပြည်ပရောက် မြန်မာစာပေလောကကို မျိုးစေ့ချ ပျိုးထောင်သူတွေဟာ ဦးတင်မိုးနဲ့ ခေတ်ပြိုင်စာပေသူငယ်ချင်းတွေလို့ ကောက်ချက် ချရမှာပါ။ သူတို့တွေက ပါလီမာန်ခေတ်မှာ ကြီးပြင်းလာပြီး န၀တခေတ်မှာ ပြည်ပကို ရောက်ရှိလာကျချိန်ကလည်း တခေတ်တည်း တပြိုင်တည်း နီးပါး ဖြစ်ပါတယ်။ သူတို့တွေကတော့ တင်မိုး၊ မောင်စွမ်းရည်၊ ၀င်းဖေ၊ မာမာအေး၊ မောင်သာရတို့ ဖြစ်ပါတယ်။...

Read more »

မောင်စွမ်းရည် – တင်မိုးရဲ့ သစ်ရွက်ကြွေလေးပေါ်မှာရေးတဲ့ မှတ်တမ်းများ

December 2, 2016
မောင်စွမ်းရည် – တင်မိုးရဲ့ သစ်ရွက်ကြွေလေးပေါ်မှာရေးတဲ့ မှတ်တမ်းများ

မောင်သာနိုး၊ တင်မိုး၊ မောင်စွမ်းရည်၊ (၂၀၀၄ ခုနှစ် အမေရိကားမှ ဆုံကြစဉ်က) ဓာတ်ပုံ ရန်ဝင်း (တောင်တံခါး) မောင်စွမ်းရည် – တင်မိုးရဲ့ သစ်ရွက်ကြွေလေးပေါ်မှာရေးတဲ့ မှတ်တမ်းများ (မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၆ တင်မိုးရေးတဲ့ စာအုပ်ကလေးကို ဝေဖန်ရေးဖို့ စိတ်မကူးပါ။ ခုရေးမှာက တင်မိုးနဲ့ပတ်သက်ပြီး စပ်မိစပ် ရာ မှတ်မိမှတ်ရာကလေးတွေကို ရေးချင်လို့ပါ။ ကျွန်တော်က မန္တလေးတက္ကသိုလ်ကို ၁၉၅၆-၅၇ ပညာသင်နှစ်မှာ ရောက်ပါတယ်။ တင်မိုးက မန္တလေး တက္ကသိုလ်ကို ၁၉၅၇-၅၈ ပညာသင်နှစ်မှာ ရောက်ပါတယ်။ တက္ကသိုလ်က နံရံကပ်စာစောင်တစ်ခုရှေ့မှာ စာအတူဖတ်ရင်းက စာပေမိတ်ဆွေဖြစ်သွားပြီးနောက် သူဟာ ကျွန်တော့်ကို “မခွာတမ်း” လို့ ပြောရအောင် တွယ်ကပ်နေပါတော့တယ်။ သူနဲ့ ကျွန်တော် မြင်ြးံခနယ် တောကျေးလက်ဒေသက...

Read more »

မောင်စွမ်းရည် – တင်မိုးပျော်တဲ့အိမ်

November 30, 2016
မောင်စွမ်းရည် – တင်မိုးပျော်တဲ့အိမ်

မောင်စွမ်းရည် – တင်မိုးပျော်တဲ့အိမ် (မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၆ သူငယ်ချင်း ကဗျာဆရာတင်မိုးပျော်တဲ့ နယူးယောက်က အိမ်အကြောင်းကို ကျွန်တော်တင်ပြမှာဖြစ်ပါ တယ်။ ကိုဘဂျမ်း (တင်မိုးရဲ့နာမည်ရင်း)က ထောင်ကလွတ်ပြီးတဲ့နဲ့ နောက် ၁၉၉၉ ခုနှစ်မှာ ဥရောပကိုထွက် သွားခဲ့ပါတယ်။ ဥရောပ-ဘယ်လ်ဂျီယံမှာ သူ့သမီးလတ် ဒေါက်တာ မိုးမိုးနှင်းရှိပါတယ်။ သူ့သမီးက ဘယ်လ်ဂျီယံ နိုင်ငံသားတစ်ဦးနဲ့ အိမ်ထောင်ကျပြီး ဘယ်လ်ဂျီယံ၊ အန်းတွပ်မြို့မှာနေပါတယ်။ သမီးလေးနှစ်ယောက် ရနေပါပြီ။ ကိုဘဂျမ်းအဖို့ ဗမာပြည်မှာနေရတာ အန္တရာယ်များပါတယ်။ စစ်အစိုးရက သူတို့ကိုဆန့်ကျင်တဲ့လူမှန်သမျှ တနည်းမဟုတ်တနည်း စီးပွားပျက်အောင် အသက်အန္တရာယ်ဖြစ်အောင် လုပ်နေမှာပါပဲ။ ဒါ့ကြောင့်ဗမာပြည်၊ အမိမြေကိုမခွာချင်ဘဲ၊ ပြည်ပကို ထွက်သွားခဲ့ပါတယ်။ ဘယ်လ်ဂျီယံမှာ သူမပျော်ပါ။ ဘယ်လ်ဂျီယံရဲ့မြောက်ဖက်ကျပြီး ပိုအေးတဲ့နော်ဝေကိုလည်း ‘ဒီမိုကရက် တစ်ဗမာ့အသံ’ကို ကူညီရင်း ခေတ္တ...

Read more »

မောင်စွမ်းရည် – ခင်မွန်ရွာသူ မပိုးဖြူ

November 28, 2016
မောင်စွမ်းရည် – ခင်မွန်ရွာသူ မပိုးဖြူ

  မောင်စွမ်းရည် – ခင်မွန်ရွာသူ မပိုးဖြူ (မိုးမခ) နိုဝင်ဘာ ၂၈၊ ၂၀၁၆ ကဗျာခေါင်းစဉ်လေးတစ်ခုဖြစ်ပါတယ်။ ခေါင်းစဉ်ကလေးကအလွန်လှပါတယ်။ ဒီခေါင်းစဉ်နဲ့ကဗျာရှည်၊ ကဗျာဝတ္ထုလေးတစ်ပုဒ်ထွက်လာတော့မယ်လို့ ”ဖန်မီးအိမ်” စာအုပ်တိုက်ကကြော်ငြာဖူးတယ်လို့ ရေးထားတာပဲ မှတ်မိပါတော့တယ်။ ”ဖန်မီးအိမ်”ဆိုတာ ကွယ်လွန်သူကဗျာဆရာတင်မိုးရဲ့ အမျိုးသားစာပေဆုရကဗျာစာအုပ် ပါ။ သူ့ရဲ့ပွဲဦးထွက်ကဗျာစာအုပ်ဖြစ်သလို၊ မန္တလေးတက္ကသိုလ်ကလောင်ရှင်အသင်းစာစဉ်ရဲ့ ပထမဦးဆုံးထွက် လိုက်တဲ့ စာအုပ်လည်းဖြစ်ပါတယ်။ ၁၉၅၈ခုနှစ်ကပါ။ ဖန်မီးအိမ်စာအုပ်တိုက်ဆိုတာကလည်း အဲဒီဖန်မီးအိမ် ကဗျာစာအုပ်ကလေးကို အစွဲပြုပြီးခေါ်တွင်တဲ့ စာအုပ်တိုက်ပါ။ တင်မိုးကိုယ်ပိုင်စာအုပ်တိုက်ပါ။ တင်မိုးက စာအုပ်တိုက်တည်ထောင်ဖို့ ၀ါသနာအစွဲရှိပါတယ်။ အလွတ်ပညာသင်ကျောင်း(တက္ကသိုလ်) တည်ထောင်ဖို့လည်း စိတ်ကူးယဉ်ခဲ့ဖူးတယ်။ ”ပုပ္ပါးတက္ကသိုလ်”လို့တောင် နာမည်ပေးခဲ့ဖူးလေရဲ့။ ဒါပေမဲ့ ကိုယ်ပိုင်ကျောင်းရယ်လို့ တစ်ခါမှ မတည်ထောင်ခဲ့ဖူးဘဲ အပေါင်းအသင်းတွေချောဆွဲသမျှ မြန်မာစာဆရာအဖြစ်ထိပ်ဆုံးက ပါခဲ့ရရှာပါတယ်။ စာအုပ်တိုက်ဆိုတာလည်း သူကြံစည်နေတုန်း၊ ရေစကြိုသားအပေါင်းအသင်းတစ် ယောက်က စာအုပ်တိုက်ထောင်ချင်တယ်ဆိုလာလို့ ‘ကမ္ဘာ့ခေတ်’ဆိုတဲ့...

Read more »

မောင်စွမ်းရည် – မိုးချိုသင်းရဲ့မှတ်တမ်း

November 24, 2016
မောင်စွမ်းရည် – မိုးချိုသင်းရဲ့မှတ်တမ်း

တင်မိုးနဲ့ မောင်စွမ်းရည် (၂၀၀၆) မောင်စွမ်းရည် – မိုးချိုသင်းရဲ့မှတ်တမ်း (မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၁၆ မိုးချိုသင်းဆိုတာ ကဗျာဆရာကြီး တင်မိုးရဲ့သားသမီးလေးယောက်အနက် အငယ်ဆုံးသမီးပါ။ အငယ် ဆုံးသားကလေးယောက်ရှိခဲ့ဖူးပေမဲ့ သဘောင်္လိုက်ရင်း ကွယ်လွန်သွားခဲ့ရှာပါတယ်။ ဒီစာအုပ်မှာ သမီးထွေး မိုးချိုသင်းက သူ့ဖခင်၊ မိခင်နဲ့ မောင်နှမအားလုံး အကြောင်းကို သူသိမြင်ခံစားမိသလို စီကာပတ်ကုံးရေသား ထားပါတယ်။ သူ့မှာ တူမလေးတွေလဲ ခြောက်ယောက်ရှိသတဲ့။ အားလုံးက ဘယ်လ်ဂျီယံနဲ့ သူ့အစ်မမိုးမိုးနှင်း နဲ့ အတူနေကြတယ်။ အမလတ် မိုးအေးလဲ သူ့ကလေးတွေနဲ့အတူ ဘယ်လ်ဂျီယံ မှာပဲနေတယ်။ မိုးချိုသင်းက သူ့ခင်ပွန်းနဲ့အတူ အမေရိကန်ပြည်ထောင်စု၊ လော်စ်အိန်ဂျဲလိစ်မှာ အခြေချနေတယ်။ သူ့ဖခင်က ကဗျာဆရာ ကြီး ဦးတင်မိုးက ရာသီဥတုမျှတတဲ့လော့စ်အိန်ကျဲလိစ်မှာ သမီးငယ်မိုးချိုသင်းနဲ့ အတူနေခဲ့တယ်။ ကွယ်လွန်...

Read more »

မိုးမိုးစံ ● အဖေ့ကောက်ကြောင်းတစ (တင်မိုး အမှတ်တရ)

November 19, 2016
မိုးမိုးစံ ● အဖေ့ကောက်ကြောင်းတစ (တင်မိုး အမှတ်တရ)

မိုးမိုးစံ ● အဖေ့ကောက်ကြောင်းတစ (တင်မိုး အမှတ်တရ) (မိုးမခ ပြန်လည်ဆန်းသစ်ခြင်း) နိုဝင်ဘာ ၁၉၊ ၂၀၁၆ ကဗျာ ဆရာကြီး တင်မိုး (နိုဝင်ဘာ ၁၉၊ ၁၉၃၃ ဖွား – ဇန်နဝါရီ ၂၂၊ ၂၀၀၇ ဆုံး) အမှတ်တရ ၁၉၉၀ နိုဝင်ဘာ (၁၇) ရက်တွင် အမေ ကွယ်လွန်သည်။ အရင်က သေခြင်းတရားနှင့် တခါမျှ တေ့တေ့ဆိုင်ဆိုင် ရင်မဆိုင်စဖူး၊ တိုက်ရိုက်မပါတ်သက် စဖူး။ ရင်ဆိုင်ရတော့ မိသားစု (၇) ယောက်တွင် အချစ်ရဆုံး၊ အရေးပါဆုံး မိခင် မမျှော်လင့်ဘဲ ကွယ်လွန်သွားသည်။ ခံစားရသည်မှာ...

Read more »

မောင်စွမ်းရည် – တင်မိုးက ခွင့်လွှတ်လိုက်သူများ

November 16, 2016
မောင်စွမ်းရည် – တင်မိုးက ခွင့်လွှတ်လိုက်သူများ

 မောင်စွမ်းရည် – တင်မိုးက ခွင့်လွှတ်လိုက်သူများ (မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၁၆ တင်မိုးကဗျာဆရာတင်မိုး ကဗျာဆရာ၊ အနုပညာသမားပီပီ သိမ်မွေ့ပါတယ်။ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုတာ၊ ဆဲရေးတာတွေ လုံးဝမကြိုက်ဘူး။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း သုံးစွဲတယ်ဆိုတဲ့ “ခွေးမသား” ဆိုတဲ့ ဆဲရေးစကားလုံးကလွဲလို့ တခြားဆဲရေးတဲ့စကားမျိုးကို ယောင်မှားလို့တောင် မသုံးပါ။ ရန်ဖြစ်တာ၊ ထိုးတာကြိတ်တာ၊ ရိုက်တာနှက်တာတွေလည်း တင်မိုးလုံးဝမကြိုက်၊ မကြည့်ချင် မမြင်ချင်၊ မကြားချင်။ ကြည့်လည်း မကြည့်ရဲပါ။ သူက တက္ကသိုလ်ဝန်းကျင်မှာနေတာ။ တက္ကသိုလ်ဝန်းကျင်က လူငယ် တွေကျက်စားရာနေရာ။ လူငယ်ဆိုတာက ထိုးကြကြိတ်ကြ ရန်ဖြစ်ကြတာမျိုးတွေ ဖြစ်တတ်ပါတယ်။ သူ့ရဲ့တဦး တည်းသော သားငယ်လေး လူကြမ်းလူသွမ်းဖြစ်မှာ အလွန်စိုးရိမ်ရှာတယ်။ သူ့မှာ သမီးမိန်းကလေးတွေ ချည်း ၄-၅ ယောက်ဆက်တိုက်မွေးပြီးမှ အငယ်ဆုံးသားကလေးကိုရရှာတော့ အလွန်ချစ်ရှာတယ်။...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်