မောင်မိုးသူ

သေနတ်သံများကြားက ငြိမ်းချမ်းရေးနှင့် မောင်မိုးသူ

March 15, 2017
သေနတ်သံများကြားက ငြိမ်းချမ်းရေးနှင့် မောင်မိုးသူ

  သေနတ်သံများကြားက ငြိမ်းချမ်းရေးနှင့် မောင်မိုးသူ (မြန်မာသံတော်ဆင့်ဂျာနယ်၊ ရန်ကုန်) မိုးမခ ၊ မတ် ၁၅၊ ၂၀၁၇ ၂၁ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံကို ၂၀၁၇ခု မတ်လတွင် ပြုလုပ်ကျင်းပမည်ဟု ကြိုးစားနေကြပါ တယ်။ လူမျိုးစုအလိုက်ဆွေးနွေးပွဲများလည်း ပြုလုပ်နေကြတယ်လို့ တွေ့မြင်ကြားသိနေရပါတယ်။ လက်မှတ်ရေးထိုးထားသည်ဖြစ်တဲ့ UNFC အဖွဲ့က မူဘောင် ၉ချက်တင်ပြထားတာဖြစ်ပြီး အစိုးရကလည်း သဘောတူသည်ဟု ကြားသိရပါတယ်။ ဒီအပုံအတိုင်းဆိုရင် လက်မှတ်မထိုးရသေးသောအဖွဲ့များ ပါဝင်လာ သည်နှင့်အမျှ ငြိမ်းချမ်းရေးခရီးစတင်နိုင်တော့မည်လိုလို ဖြစ်နေချိန်တွင် တပ်မတော်ကတာဝန်ရှိသူ တစ်ဦးက သတင်းစာရှင်းလင်းပွဲတွင် ငြိမ်းချမ်းရေးခရီးစဉ် ဒေါ်အောင်ဆန်းစုကြည်လုပ်ဆောင်ချက်များကို ထောက်ခံတယ်၊ အောင်မြင်မယ်လို့လည်း ရာနှုန်းပြည့်ယုံကြည်တယ်လို့ ပြောဆိုချက်ထွက်ပေါ်လာပါတယ်၊ တပ်မတော်မှ ဒီစကားမျိုး ထွက်လာသည့်အတွက် အများပြည်သူက ဝမ်းမြောက်ဝမ်းသာဖြစ်ကြရပါတယ်။ တကယ်တော့ မဲဆန္ဒရှင်ပြည်သူလူထုအများစုဟာ တစ်နှစ်အတွင်း ရာနှုန်းပြည့်ငြိမ်းချမ်းရေးရရှိမည်ဟု ယုံကြည်ကြောင်း...

Read more »

စာရေးဆရာလုပ်တော့မှာလား နှင့် ဘကြီးမိုး

March 7, 2017
စာရေးဆရာလုပ်တော့မှာလား နှင့် ဘကြီးမိုး

စာရေးဆရာလုပ်တော့မှာလား နှင့် ဘကြီးမိုး  (ကုမုဒြာဂျာနယ်၊ ရန်ကုန်) မိုးမခ၊ မတ် ၇၊ ၂၀၁၇ ­ဘကြီးမိုးရဲ့ တစ်သက်လုံး၊ တစ်ဘဝလုံး စာရေးဆရာလုပ်ခဲ့တာ ဖြစ်ပါတယ်။ မှန်ပါတယ်။ ရုပ်ရှင်ရိုက်ဖူး၊ နိုင်ငံရေးလုပ်ဖူး၊ ပန်းချီဆွဲဖူးတာမှန်ပေမဲ့ အမြဲတမ်း ပင်တိုင်အလုပ်ကတော့ စာရေးတာပါပဲ။ စာရေးရာမှာ ငယ်ငယ်တုန်းက ကဗျာ ရေးခဲ့ပေမဲ့ ကြီးလာတော့ ဆောင်းပါးတွေနဲ့ ဘာသာပြန်တွေပဲ ရေးဖြစ်ပါတယ်။ ဘာသာပြန်ရာမှာလည်း ဆရာမြသန်းတင့်တို့ လို ဂန္ထဝင်တွေ ပြန်တာမဟုတ်ဘဲ ခေတ် ပေါ် အရောင်းရအတွင်ကျယ်ဆုံး best sellers တွေ ပြန်ဖြစ်တာ များပါတယ်။ အရောင်းရအတွင်ကျယ်ဆုံး စာအုပ်တွေ ပြန်ဆိုရာမှာလည်း တော်တော်များများက စပိုင်ဝတ္ထုတွေ၊ လျှို့ဝှက်သည်းဖိုဝတ္ထုတွေ ပြန်ဖြစ်တာ များပါတယ်။ စပိုင်ဝတ္ထုတွေ၊ လျှို့ဝှက်သည်းဖိုတွေဆိုတော့ ဇာတ်အိမ်ဇာတ်လမ်းကို...

Read more »

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် မောင်မိုးသူ

March 1, 2017
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် မောင်မိုးသူ

  ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် မောင်မိုးသူ (မြန်မာသံတော်ဆင့်ဂျာနယ်) မိုးမခ၊ မတ် ၁၊ ၂၀၁၇ အားလုံး အားလုံးသော ပုဂ္ဂိုလ်များ အဖွဲ့အစည်းများအားလုံးက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ကြဖို့ ပြောနေကြတယ်ခင်ဗျ။ ၂၀၀၈ ဖွဲ့စည်းပုံမှာလည်း ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် ရမယ်လို့ပါသတဲ့။ တပ်မတော်ကလည်း ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မှာတဲ့။ လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းအားလုံး အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုး မည့်အဖွဲ့အစည်းများရော၊ လက်မှတ် မရေးထိုးရသေးတဲ့အဖွဲ့အစည်းများရော အားလုံးအားလုံးက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ကြဖို့ပြောနေကြတယ်ခင်ဗျ၊ ဘယ်လိုဖက်ဒရယ်ပြည်ထောင်စု ကိုတည်ဆောက်ရမယ်၊ ဘယ်လိုပုံစံနဲ့တည်ဆောက်ရမယ်၊ ဘယ်လိုအချက်အလက်များပါဝင်ရမယ် ဆိုတဲ့ဟာကတော့ တစ်ယောက်တစ်မျိုးပဲဖြစ်နေလေရော့သလား၊ သူတမူ ငါတမူပဲဖြစ်နေရော့သလား မပြောတတ်ပါဘူး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိစ္စအတွက် ဆွေးနွေးပွဲစကားဝိုင်းအထိကို ရောက် မလာကြသေးပါဘူး။ ပြီးခဲ့တဲ့ (၇၀)ကြိမ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ပင်လုံမှာ ကျင်းပခဲ့ပါတယ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်း (၇၀)က သူ့ဖခင်ဗိုလ်ချုပ်အောင်ဆန်း...

Read more »

မောင်မိုးသူ ● ကလေးတွေရဲ့ အင်တာနက်ထဲကအန္တရာယ်နှင့် မောင်မိုးသူ

February 22, 2017
မောင်မိုးသူ ● ကလေးတွေရဲ့ အင်တာနက်ထဲကအန္တရာယ်နှင့် မောင်မိုးသူ

မောင်မိုးသူ ● ကလေးတွေရဲ့ အင်တာနက်ထဲကအန္တရာယ်နှင့် မောင်မိုးသူ (မိုးမခ) ဖေဖော်ဝါရီ ၂၂၊ ၂၀၁၇ မြန်မာနိုင်ငံမှာ တယ်လီဖုန်း၊ အင်တာနက်ဆက်သွယ်ရေးဟာ အတော့်ကိုတိုးတက်လာခဲ့ပြီဖြစ်ပါတယ်။ လောလောဆယ် မှာပင် လုပ်ငန်းလုပ်ကိုင်နေကြတဲ့ အော်ပရေတာ သုံးဖွဲ့ (အမ်ပီတီ၊ တယ်လီနော၊ အူရီဒူး) ဟာ အပြိုင်အဆိုင် သူ့ထက်ငါ မြန်အောင် ပိုကောင်းအောင် လုပ်နေကြတာတွေ့ရပါတယ်။ ဒီအတိုင်းဆက်လက်ပြိုင် ဆိုင်နေကြမယ်ဆိုရင် အပြိုင်အဆိုင်ရှိမှတိုးတက်မယ်ဆိုသလို ဆက်သွယ်ရေးလုပ်ငန်းဟာ ပိုပြီးတော့မြန်ဆန် တိုးတက်လာမှာ အသေအချာပါပဲ၊ ကြားသိရတဲ့ သတင်းအရ ဒီသုံးဖွဲ့အပြင် နောက်တဖွဲ့လည်းဝင်လာတော့ မည့်ဆဲဆဲရှိနေပြီဟု သတင်းကြားရပါတယ်။ နံပါတ်လေးအဖွဲ့အ နေနဲ့လည်း ရှေ့ကရောက်ရှိနေတဲ့ သုံးဖွဲ့ကို ပြိုင်ရဆိုင်ရပေအုံးမှာပေါ့။ ပြီးတော့ အပြိုင်အဆိုင်ရှိရင် ပိုတိုးတက်တယ်ခင်ဗျ၊ မိုဘိုင်းကွန်ရက်နဲ့ အင်တာနက် ကောင်းမွန်လာတာနဲ့အမျှ အကျိုးကျေးဇူးတွေက အများကြီးမှအများကြီး ရှိလာပါတယ်။...

Read more »

MICA ကို ဘာ့ကြောင့်ဖျက်သိမ်းသင့်တာလဲနှင့် မောင်မိုးသူ

February 16, 2017
MICA ကို ဘာ့ကြောင့်ဖျက်သိမ်းသင့်တာလဲနှင့် မောင်မိုးသူ

MICA ကို ဘာ့ကြောင့်ဖျက်သိမ်းသင့်တာလဲနှင့် မောင်မိုးသူ  (မြန်မာသံတော်ဆင့် ဂျာနယ်၊ ရန်ကုန်) မိုးမခ၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၁၇ နိုင်ငံတော်၏သားငါးကဏ္ဍ တိုးတက်ဖွံ့ဖြိုးတိုးတက်ရန်နှင့် စားနပ်ရိက္ခာဖူလုံစေရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့သည့် MICA သည် ပွင့်လင်းမြင်သာမှုမရှိခြင်း၊ မူလရည်ရွယ်ချက်များနှင့် ကွဲလွဲစွာဆောင်ရွက်ခဲ့ခြင်း များကြောင့် ဖျက်သိမ်းသင့်ကြောင်းနှင့် ဥပဒေနှင့်အညီ စစ်ဆေးမှုများပြုလုပ်သင့်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြပါတယ်။ နိုင်ငံတော၏ သားငါးကဏ္ဍတိုးတက်ရန်နှင့် စားနပ်ရိက္ခာဖူလုံရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားမည်ဆိုသော MICA (Myanmar International Coopreation Agey) သည် နိုင်ငံတော် နှင့်နိုင်ငံသားများအတွက် အကျိုးပြုမှုမရှိပဲ လူတစ်စုမှ ချယ်လှယ်လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်းကြောင့် အဆိုပါ MICA အဖွဲ့ကို ဖျက်သိမ်းပြီး ပြည်ထောင်စုအစိုးရ၏ တရားဝင်ခွင့်ပြုမိန့်မရှိပဲ ဆောင်ရွက်ခဲ့သည့် သိမ်းဆည်း ရယူထားသော စက်ရုံများ၊...

Read more »

ပြောကို မပြောချင်ဘူး နှင့် မောင်မိုးသူ

February 11, 2017
ပြောကို မပြောချင်ဘူး နှင့် မောင်မိုးသူ

ပြောကို မပြောချင်ဘူး နှင့် မောင်မိုးသူ  (ကုမုဒြာ ဂျာနယ်၊ ရန်ကုန်) မိုးမခ၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၁၇ ကမ္ဘာကျော် ပုံလေးသုံးပုံ ရှိပါတယ်။ မျက်စိပိတ်ထားလို့ မမြင်လိုဘူးပေါ့။ နားကို ပိတ်ထားလို့ မကြားလိုဘူးပေါ့။ ပါးစပ်ပိတ်ထားလို့ ပြောကို မပြောချင်ဘူးပေါ့။ ၂၉ ရက်နေ့ညနေက မင်္ဂလာဒုံလေယာဉ်ကွင်းအထွက် မောင်မိုးသူရဲ့ မိတ်ဆွေကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး လွှတ်တော်ရှေ့နေကြီးဦးကိုနီ လုပ်ကြံခံရတဲ့သတင်းကို ကြားရပါတယ်။ သိပ်မကြာခင်မှာပဲ လူမှုကွန်ရက်က တစ်ဆင့် ဦးကိုနီကို ပန်းရောင်အင်္ကျီဝတ် အမျိုး သားတစ်ယောက်က နောက်မှနေပြီး သေနတ်နဲ့ ချိန်ပစ်နေတဲ့ပုံ တွေ့ရပါ တယ်။ ဦးကိုနီက မြေးကလေး ချီထားတာတဲ့။ လုပ်ကြံခံရသူနဲ့ လုပ်ကြံသူရဲ့ မြင်ကွင်းပါပဲ။ မောင်မိုးသူတို့ရဲ့နိုင်ငံမှာ သည်လို လုပ်ကြံမှု၊ လုပ်ကြံခံရမှုတွေ...

Read more »

လုံခြုံရေးဟာ ဘယ်သူ့တာဝန်လဲနှင့် ဘကြီးမိုး

February 8, 2017
လုံခြုံရေးဟာ ဘယ်သူ့တာဝန်လဲနှင့် ဘကြီးမိုး

လုံခြုံရေးဟာ ဘယ်သူ့တာဝန်လဲနှင့် ဘကြီးမိုး (မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂၀၁၇ ဇန်နဝါရီ ၂၉ ရက်နေ့က မင်္ဂလာဒုံ လေယာဉ်ကွင်း အငှားယာဉ်များ ရပ်နားရာရှေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥပဒေအကြံပေးပုဂ္ဂိုလ် ဦးကိုနီ သေနတ်နဲ့ အနီးကပ်ပစ်ခတ်လုပ်ကြံခံရတဲ့ ပုံတွေ၊ သတင်းတွေ တက်လာပါတယ်။ သေနတ်ပစ်သူ လုပ်ကြံရေးသမားမှာ ကြည်လင်းဆိုသူဖြစ်ပြီး ဦးကိုနီကို သေနတ်နဲ့ပစ်ပြီး ထွက်ပြေးချိန်မှာ တက္ကစီသမားကိုနေဝင်းက အုတ်ခဲနဲ့ပစ်ပေါက်လို့ ကြည် လင်းက သေနတ်နဲ့ပစ်တဲ့အတွက် ကိုနေဝင်းလည်း ဆီးအိမ်ကိုမှန်၊ ဆေးရုံအပို့ ၊ လမ်းမှာ ဆုံးပါးသွားပါသတဲ့။ သေနတ်သမားကြည်လင်းကို ဆက်သွယ်ခဲ့တယ်လို့ ဆိုသူကို မြဝတီမှာ ဖမ်း ဆီးရမိတဲ့သတင်းလည်း ဖတ်ရပါတယ်။ ၄င်းရက်များအတွင်း လူမှုကွန်ရက်များပေါ်တွင် လုပ်ကြံခံရသည့်သတင်း၊ လုပ်ကြံသူသတင်းနဲ့ပတ်သက်တဲ့ သတင်းများ အများကြီး အများကြီးပျံ့နှံ့နေတာကို...

Read more »

ရသစာပေ နှင့် ဘကြီးမိုး

February 4, 2017
ရသစာပေ နှင့် ဘကြီးမိုး

  ရသစာပေ နှင့် ဘကြီးမိုး (ကုမုဒြာ ဂျာနယ်၊ ရန်ကုန်) မိုးမခ၊ ဖေဖော်ဝါရီ ၄၊ ၂၀၁၇ ဘကြီးမိုးဘဝမှာ ရသစာပေနဲ့ စတင်ကြီးပြင်းလာရတယ်လို့ ဆိုချင်ပါတယ်။ ကြီးကြီးကျယ်ကျယ်ပြောရရင် ရသစာပေ တောင်မှ ဂန္ထဝင်ရသဘာသာပြန်စာပေနဲ့စတင်ရင်းနှီးရတာ ဖြစ်ပါတယ်။ စာအုပ်ကတော့ တကယ်ပဲ ကြီးကျယ်ပါတယ်။ ပါးလ်ဘတ်ရဲ့ Good Earth (မြေပဒေသာ)ဆိုတဲ့ ဝတ္ထုကြီးပါ။ အင်္ဂလိပ်အဝင်ခေတ်လောက်မှာထင်ပါရဲ့။ ဘာသာပြန်ဆရာမကြီးက ဒဂုန်ခင်ခင်လေးတဲ့ခင်ဗျ။ စာအုပ် အရွယ်အစားရော စက္ကူအမျိုးအစားရောက အတော်ခွကျတတနိုင်တယ်လို့ ဘကြီးမိုး မှတ်မိပါတယ်။ အဲသည် မြေပဒေသာဝတ္ထုကြီးကို ဘကြီးမိုး ဖတ်ရတဲ့အချိန်က ကိုရင် လူထွက်ပြီးစဆိုတော့ ရှစ်နှစ်၊ ကိုးနှစ်သားလောက် ရှိဦးမယ်ထင်ပါရဲ့။ ဒါပေမဲ့ အဲသည် မြေပဒေသာ ဝတ္ထုကြီးကို ဘကြီးမိုး ယခုအချိန်အထိ မှတ်မိပြီး စွဲလမ်းနေပါတယ်။...

Read more »

မောင်ဝဏ္ဏ+ချိုရည်တို့ရဲ့ ဆွမ်းကပ် နှင့် ဘကြီးမိုး

February 2, 2017
မောင်ဝဏ္ဏ+ချိုရည်တို့ရဲ့ ဆွမ်းကပ် နှင့် ဘကြီးမိုး

မောင်ဝဏ္ဏ+ချိုရည်တို့ရဲ့ ဆွမ်းကပ် နှင့် ဘကြီးမိုး (ကုမုဒြာဂျာနယ်၊ ရန်ကုန်) မိုးမခ၊ ဖေဖော်ဝါရီ ၂၊ ၂၀၁၇ မောင်ဝဏ္ဏဆိုတာ ဘကြီးမိုးရဲ့ ညီငယ်လို ချစ်ရတဲ့ ရုပ်ရှင်ဒါရိုက်တာ မောင်ဝဏ္ဏဖြစ်ပါတယ်။ ချိုရည်က သူ့ဇနီးပါ။ မောင်ဝဏ္ဏက ၂၀၁၁ ဇန်နဝါရီမှာ ဆုံးပါးပြီး လေးလအကွာ ဧပြီမှာ သူ့ဇနီးချိုရည်ကွယ်လွန်သွားတာ ဖြစ်ပါတယ်။ နှစ်ယောက်စလုံး မဆုံးခင်ရော ဆုံးပြီး ချိန်မှာရော ဘကြီးမိုးရောက်ပါတယ်။ မောင်ဝဏ္ဏ အရက်မသောက်တာ ၁၀ နှစ်ကျော်နေပါပြီ။ အရက်သောက်တုန်းကတော့ ဘကြီးမိုးနဲ့ အတူပေါ့။ မောင်ဝဏ္ဏဟာ အလွန်ထူးချွန်တဲ့ ပါရမီရှင် ဒါရိုက်တာ ဖြစ်ပါတယ်။ သူရုပ်ရှင်လောကထဲ ဝင်ရောက်လာပုံနဲ့ပတ်သက်ပြီး မြန်မာ့ရုပ်ရှင်လောကမှာ သူ့ရှေ့က သူ့ဖခင် ဦးသာဓု အပါအဝင် သမ္ဘာရင့်ဆရာကြီး ဒါရိုက်တာကြီးတွေ အားလုံးဟာ ဇာတ်လမ်းကို...

Read more »

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် မောင်မိုးသူ

January 31, 2017
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် မောင်မိုးသူ

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် မောင်မိုးသူ (သံတော်ဆင့်ဂျာနယ်၊ ရန်ကုန်) မိုးမခ၊ ဇန်န၀ါရီ ၃၁၊ ၂၀၁၇ မြန်မာ့တပ်မတော်မှ အမြဲကိုးကားလေ့ရှိသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးဟု ပါရှိပါတယ်၊ ထိုနည်းတူ လက်နက်ကိုင်လူမျိုးစုများ ကလည်း တောင်းဆိုနေကြ သည်မှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးပင်ဖြစ်ပါတယ်၊ စကားလုံးအရ ထပ်တူညီမျှ တူပါသော် လည်း နှစ်ဦးနှစ်ဖက် သုံးဦးသုံးဖက် လေးဦးလေးဖက် ၁၃၅ဦး ၁၃၅ဖက် အဓိပ္ပါယ်ဖော်ဆောင်ရာဖော်ညွှန်း ရာတွင် ကွဲပြားနေကြခြင်းဖြစ်ပါတယ်၊ မြန်မာနိုင်ငံသည် လူမျိုးစုပေါင်း စာရင်းအရ ၁၃၅ မျိုး ရှိသည်ဟု ဆိုရာ ၁၃၅မျိုးသောလူမျိုးစုများအသီးသီးက သူတို့၏လိုအပ်ချက်လိုလားချက် သူတို့တည်ဆောက်လိုကြသော ဖက်ဒရယ်ပြည်ထောင်စုဖြစ် ပေါ်ရေးကို တောင်းဆိုတင်ပြကြမည်သာဖြစ်ပါတယ်။ မကြာသေးမီက ကရင်ပြည် နယ်တွင် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးနှင့် နိုင်ငံရေးပါတီများ လူမှုရေးအဖွဲ့...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly MARCH 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်