မိုးမခလူကြီးများ

မောင်စွမ်းရည် – ကြိမ်လုံး

November 8, 2017
မောင်စွမ်းရည် – ကြိမ်လုံး

မောင်စွမ်းရည် – ကြိမ်လုံး (မိုးမခ) နိုဝင်ဘာ ၈၊ ၂၀၁၇ ”ကြိမ်လုံး”ဆိုတဲ့ စကားကိုကြားရင် ငယ်ကြောက်မို့ ကြားတိုင်း ကြက်သီးထဆဲပါပဲ။ ကြိမ်လုံးသံကြားရင် နှလုံးတုန်ရင်ခုန်ရပါတယ်။ ကျွန်တော်ငယ်စဉ် ကျောင်းသားဘဝတုန်းက စာမရလို့၊ အိမ်စာ မလုပ်လို့ဆိုပြီး အရိုက်ခံရခံပါတယ်။ ဆော့လို့တော့ အရိုက်ခံရဖူး ပါရဲ့။ ဒါတောင် ရှားရှားပါးပါး၊ မှတ်မှတ်ရရ တစ်ကြိမ်တည်းပါ။ ကြိမ်လုံးနဲ့ လက်ဝါးကိုရိုက်တာပါ။ ဘယ်နေရာရိုက်ရိုက် ကိုယ့် အသားထိတော့ တယ်နာသကိုး။ ကျွန်တော့်ဘဝမှာ မမျှော်လင့်ဘဲ မလုပ်ချင်ဘဲ ကျောင်းဆရာ ဖြစ်ခဲ့ရတာ ဘဝတစ်လျှောက်လုံးပဲဆိုပါတော့။ ”လူပေါင်းမှား”လို့ ပဲ ပြောရတော့မှာပါ။ ကိုယ်ပေါင်းမိတူတွေက ကျောင်းဆရာတွေ များပါတယ်။ တချို့က ကျောင်းဆရာဖြစ်ချင်လို့ ဖြစ်တာမဟုတ်ဘဲ အစိုးရအလုပ်မလုပ်ချင်လို့ ”ကျူရှင်ပြရင်းက ပြည်သူပိုင်သိမ်းတဲ့ အထဲ ပါသွားလို့”အစိုးရကျောင်းဆရာဖြစ်သွားကြရတာပါ။ ကျွန်တော်အပေါင်းအသင်းတွေထဲမှာ...

Read more »

မောင်စွမ်းရည် – ဂျပန်ဘာသာက တိုက်ရိုက်ပြန်ဆိုတဲ့ မြန်မာစစ်မြေပြင် (မေနှင်းလဲ့မွန်)

November 4, 2017
မောင်စွမ်းရည် –  ဂျပန်ဘာသာက တိုက်ရိုက်ပြန်ဆိုတဲ့ မြန်မာစစ်မြေပြင် (မေနှင်းလဲ့မွန်)

  မောင်စွမ်းရည် –  ဂျပန်ဘာသာက တိုက်ရိုက်ပြန်ဆိုတဲ့ မြန်မာစစ်မြေပြင် (မေနှင်းလဲ့မွန်) (မိုးမခစာအုပ်စင်) နိုဝင်ဘာ ၄၊ ၂၀၁၇ စာပေခရီးသွားများ စာအုပ်တိုက် အမှတ် ၀၀၁၊ တိုက် စီ ကန်ရိပ်မွန် ကွန်ဒိုဝင်း ၁၀ရပ်ကွက် ကန်လမ်း လှိုင်မြို့နယ် တန်ဖိုး ၂၅၀၀ ကျပ် ဖုံး –၀၉ ၅၄၁ ၅၃၀၉ ၀၉ ၇၉၅ ၅၅၁ ၂၈၆ ၀၉ ၅၄၀ ၃၃၆၉ literarytravellers@gmail.com ကျနော်တို့မြန်မာနိုင်ငံဟာ ခေတ်နောက်ကျကျန်ရစ်တဲ့နိုင်ငံ တနိုင်ငံဖြစ်ပါတယ်။  စစ်တပ်ကလွဲပြီး ဘက်စုံခေတ်နောက်ကျ ကျန်ရစ်ပါတယ်။ အရှေ့တောင်အာရှမှာ ခေတ်အမှီဆုံးစစ်တပ်ဖြစ်ရမယ်လို့ ကြိုးစားအားထုတ်နေတာ ဖြစ်လုနီးပြီလို့ဆိုတယ်။ အမေရိကန်စစ်တပ်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ အမေရိကန်နဲ့ အဆင်ပြေအောင် အဆင့်တဆင့်ပဲ လိုတော့တယ်လို့ ဆောင်းပါးတပုဒ်မှာ...

Read more »

မောင်စွမ်းရည် – ကဗျာဆရာကတော်ကြီး ဆေးရုံဆင်းခြင်း

November 2, 2017
မောင်စွမ်းရည် – ကဗျာဆရာကတော်ကြီး ဆေးရုံဆင်းခြင်း

မောင်စွမ်းရည် – ကဗျာဆရာကတော်ကြီး ဆေးရုံဆင်းခြင်း (မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၁၇ ဒီဆောင်းပါးက အရင်ဆောင်းပါးရဲ့ အဆက်ဆိုပါတော့။ အရင်းရေးခဲ့တာက ”ကဗျာဆရာကတော်ကြီး ဆေးရုံတက်ခြင်း” တဲ့။ တက်ပြီးရင် ဆင်းရဦးမှာပေါ့လေ။ ဒါ့ကြောင့် ဒီဆောင်းပါးက ”အဆင်း”ဆိုပါတော့။ ”ရုပ်အဆင်း” အကြောင်းရေးမှာမဟုတ်ဘူး နော်။ ဆေးရုံကဆင်းတဲ့အကြောင်း။ ဆင်းတာကတော့ လွယ်လွယ် ပါပဲ။ ကိုယ့်ပစ္စည်းလေးတွေ သိမ်းဆည်းပြီး အိမ်ပြန်လာရုံပေါ့။ အဲ..ကိုယ့်မူလပစ္စည်းများအပြင် သူပေး လူမေး ပစ္စည်းတချို့နဲ့ ဆေးရုံက ပေးလိုက်တဲ့ပစ္စည်းတချို့ပါလာပါတယ်။ အမြတ်ထွက် လာတယ်ဆိုပါတော့။ အမြတ်ထွက်ပစ္စည်းဆိုတာက လူနာမေးလာကြတဲ့ မိတ်ဆွေ တွေကပေးတဲ့ စားစရာတွေပါပဲ။ မုန့်ထုပ်နဲ့ မုန့်ပုန်းတွေပဲများပါ တယ်။ လူနာစားဖို့ထက်ပိုများနေတော့ လူနာရှင်ပဲစားရတာပေါ့။ လူနာက အလေးချိန်လျော့လာပြီး လူနာစောင့်တွေပဲ ဝဖြိုးပြီး အလေးချိန်တိုးလာခဲ့ကြပါတယ်။ ဆေးရုံက...

Read more »

မောင်မိုးသူ – အတိုက်ခံရတာက ငါတို့အပစ်ခံရတာကလည်း ငါတို့ပဲ …….

October 21, 2017
မောင်မိုးသူ – အတိုက်ခံရတာက ငါတို့အပစ်ခံရတာကလည်း ငါတို့ပဲ …….

မောင်မိုးသူ – အတိုက်ခံရတာက ငါတို့အပစ်ခံရတာကလည်း ငါတို့ပဲ …….  (ကုမုဒြာဂျာနယ်၊ ရန်ကုန်) မိုးမခ၊ အောက်တိုဘာ ၂၁၊ ၂၀၁၇ မောင်မိုးသူ အသက် ၈၁ နှစ် ရှိပါပြီ။ နှစ်ပေါင်း ၆၀ လောက် စာနယ်ဇင်း၊ အဓိက အားဖြင့် သတင်းစာ၊ ဂျာနယ်များမှာ အယ်ဒီတာ့ ဆောင်းပါးရေးသူအဖြစ် လုပ်ကိုင်ဖူးပါတယ်။ မောင်မိုးသူ မန္တလေးက မန်းခေတ် သတင်းစာတိုက်မှာ အလုပ်လုပ်ရစဉ် နိုင်ငံတကာသတင်းရယူမှုကို မန္တလေးမှာရှိတဲ့ လူထုတိုက်လိုတယ်လီပရင်တာ လည်းမရှိ၊ ရန်ကုန်တိုက်ခွဲထားပြီး လူထုစိန်ဝင်းတို့လည်းမထားနိုင်လေတော့ နိုင်ငံတကာသတင်းကို BBC World New တို့ နာရီပိုင်း အင်္ဂလိပ်ဘာသာနဲ့ထုတ်လွှင့်တာကို နားထောင်ပြီး သတင်း အချက်အလက်တွေ စုစည်းပြီးမှ နိုင်ငံတကာသတင်းတွေရေးခဲ့ရတာဖြစ်ပါတယ်။ မောင်မိုးသူတို့ မန်းခေတ်သတင်းစာတိုက်ကသုံးနိုင်တဲ့ ရေဒီယိုကြီးကလည်း...

Read more »

မောင်စွမ်းရည် – ”ကဗျာဆရာကတော်ကြီး ဆေးရုံတက်ခြင်း”

October 1, 2017
မောင်စွမ်းရည် – ”ကဗျာဆရာကတော်ကြီး ဆေးရုံတက်ခြင်း”

ကထိန်သင်္ကန်းကြိုတင်လှူဒါန်းသော ဦးစွမ်းရည်+ဒေါ်ခင်နွဲ့ကြည် မိသားစု (Photo –  သုံးပါးကျောင်းဖေ့စ်ဘွတ်)   မောင်စွမ်းရည် – ”ကဗျာဆရာကတော်ကြီး ဆေးရုံတက်ခြင်း” (မိုးမခ) အောက်တိုဘာ ၁၊ ၂၀၁၇ကျွန်တော်တို့ငယ်ရွယ်စဉ်အခါက ”ကတော်ဆယ် ပါး”ဆိုလား ကြားဖူးပါတယ်။ အစိုးရအရာရှိကြီးများရဲ့ ဇနီးကို ”မင်းကတော်” တဲ့။ လူဖြူအင်္ဂလိပ်တို့ရဲ့ဇနီးကို ”ဗိုလ်ကတော်”တဲ့။ ကျွန်တော်တို့ ရွာမှာ အစိုးရမင်းမှု ထမ်းဆိုလို့ ”ပြာတာ”လို့ခေါ်ခဲ့ ”မင်းစေ”ခေါ် ”ရုံးလုလင်”ပဲ ရှိခဲ့ဖူးပါတယ်။ အဲဒီမင်းလုလင်ကိုပဲ ကျွန်တော် တို့ အရပ်မှာ ”မင်းဒလင်”လို့ခေါ်ပါသေးတယ်။ ပြာတာတော်မင်းဆိုတာဟာ ရုံးတော်ကို ဝင်ရေး ထွက်ရေးကိစ္စနဲ့ အရာရှိမင်းများကို တွေ့ခွင့်ရရေးကိစ္စ တို့မှာ စွမ်းဆောင်နိုင်သူဖြစ်လို့ တောသူတောင်သား တွေရဲ့ အထင်ကြီးလေးစားမှုကို ခံရပါတယ်။ ပြာတာ တော်မင်းကို လာဘ်ပေးလာဘ်ယူလုပ်ဖို့ကိစ္စများကို တော့ သူ့ဇနီးကတစ်ဆင့် ဆောင်ရွက်ကြရပါတယ်။...

Read more »

မောင်စွမ်းရည် – ကြည့်လို့မဝနိုင်တဲ့ စာအုပ်ကြီး – ”ရှေးမြန်မာ ဒီဇိုင်းများ” သန်းထွန်းနှင့် ဦးအေးမြင့်

September 26, 2017
မောင်စွမ်းရည် – ကြည့်လို့မဝနိုင်တဲ့ စာအုပ်ကြီး – ”ရှေးမြန်မာ ဒီဇိုင်းများ” သန်းထွန်းနှင့် ဦးအေးမြင့်

မောင်စွမ်းရည် – ကြည့်လို့မဝနိုင်တဲ့ စာအုပ်ကြီး – ”ရှေးမြန်မာ ဒီဇိုင်းများ” သန်းထွန်းနှင့် ဦးအေးမြင့်  (ဆရာနှစ်ဦးကို အလွမ်းစာ) (Ancient Myanmar Design Than Tun and U Aye Myint) (မိုးမခ) စက်တင်ဘာ ၂၆၊ ၂၀၁၇ ပန်းချီဆရာတွေ အများကြီး၊ အများကြီး ရှိပေမဲ့ မြန်မာ့ရိုးရာ ဒီဇိုင်းပညာကို တစ်သက်လုံး လေ့လာဆည်းပူးသူ ဆိုလိုရှိရင်ဖြင့် မန္တလေးဦးအေးမြင့်တစ်ဦးပဲရှိတယ်လို့ ကျွန်တော်ရဲရဲပြောနိုင်ပါ တယ်။ သူက မြန်မာ့ရိုးရာကနုတ်ပန်း ပန်းချီတွေကို မြန်မာနိုင်ငံ အနှံ့အပြား၊ ဘုရားကြိုဘုရားကြား၊ ကျောင်းကြိုကျောင်းကြားတွေကို တစ်သက်လုံးလှည့်လည်သွားလာပြီး ရှာဖွေ၊ တူးယူ၊ လေ့လာ ဆည်းပူးနေသူဖြစ်ပါတယ်။ ခု သူမန္တလေးမြို့ပေါ်မှာ မနေတော့ဘဲ မန္တလေးနဲ့အနီးအနား အစွန်အဖျားက အမရပူရမြို့၊...

Read more »

မောင်မိုးသူ ● ဘာသာပြန်နှင့် ဘကြီးမိုး

September 24, 2017
မောင်မိုးသူ ● ဘာသာပြန်နှင့် ဘကြီးမိုး

မောင်မိုးသူ ● ဘာသာပြန်နှင့် ဘကြီးမိုး (မိုးမခ) စက်တင်ဘာ ၂၄၊ ၂၀၁၇ ဘကြီးမိုး မေလ ၁၇ ရက်နေ့မှာ အသက် ၈၀ ပြည့်ပါမယ်။ မွေးနေ့ပွဲကိုတော့ သားတို့သမီးတို့က မွေးနေ့ပွဲကျရောက်တဲ့ ၁၇ ရက်နေ့မှာမပြုလုပ်ဘဲ ရန်ကုန်မြို့ ယာဉ်လမ်းကြောင်း အရှင်းဆုံးဖြစ်တဲ့ တနင်္ဂနွေနေ့မှာပြုလုပ်ဖို့ ဆုံးဖြတ်ကြတယ်လေ။ ဘကြီးမိုးရဲ့ထုံးစံအတိုင်း ကလေးများစီစဉ်တာကို လိုက်နာရတာပေါ့။ ကိုစိုးညွန့်ရဲ့ တော်ဝင်နှင်းဆီမှာပြုလုပ်ပါမယ်။ တော်ဝင်နှင်းဆီ ကိုစိုးညွန့်ဟာ ဘကြီးမိုးထက် ၁၀ နှစ်ငယ်သူဖြစ်လေတော့ သူလည်း ခု ၇၀ ပေါ့လေ။ အဲ ဘကြီးမိုးမွေးနေ့ရဲ့သဘောသဘာဝလေး ပြောပြပါ့မယ်။ မွေးနေ့မှာအခမ်းအနား မရှိပါဘူး။ စကားပြောတဲ့မိုက်ခွက်မရှိပါဘူး။ မိတ်ဆွေအပေါင်းအသင်းများ ကိုယ့်အဖွဲ့နဲ့ ကိုယ်စုတွေ့ဆုံကြပြီး စားသောက်ကြတာပါပဲ။ မနှစ်တုန်းကဘကြီးမိုးက ဘကြီး မိုး၊ အော်ပီကျယ်တို့ ကုမုဒြာမှာရေးခဲ့ဆွဲခဲ့ကြတဲ့...

Read more »

မောင်စွမ်းရည် – ကမ္ဘာလှည့်ပြီး ကမ္ဘာကြည့် ကြည့်တဲ့ ချစ်ဦးညို

September 22, 2017
မောင်စွမ်းရည် – ကမ္ဘာလှည့်ပြီး ကမ္ဘာကြည့် ကြည့်တဲ့ ချစ်ဦးညို

Photo Sayama San San Tin’s Facebook မောင်စွမ်းရည် – ကမ္ဘာလှည့်ပြီး ကမ္ဘာကြည့် ကြည့်တဲ့ ချစ်ဦးညို (မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၇ ဘာစာတွေ ဘယ်လိုရေးနေကြသလဲ မြန်မာစာရေးဆရာသုံးဦး အမေရိကန်ပြည်ထောင်စုကို လာရောက်ပြီး မြန်မာရွှေ့ပြောင်းခိုလုံသူများ နေထိုင်ရာ အမေရိကန်ပြည်နယ်အနှံအပြား လှည့်လည်ဟောပြောကြပါတယ်။ နယူးရောက်မြို့မှာတော့ ခရာစ် ယာန်ဝတ်ကျောင်းတစ်ခုရဲ့ ၀တ်ပြုခန်းမကြီးတစ်ခုလုံးအပြည့် လာရောက်အားပေးနားထောင်တာတွေ့ရပါ တယ်။ တကယ်တော့ အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေကြတဲ့ မြန်မာလူမျိုးများဟာ ပညာတတ်၊ စာတတ် သူတွေများပေမယ့် စာဖတ်ဝါသနာပါသူ အတော်နည်းပါတယ်။ စာဖတ်နိုင်လောက်အောင် မအားလပ် ကြလို့လားမသိ။ ကျွန်တော်နဲ့စာအုပ်လဲလှယ်ဖတ်သူ သုံးလေးယောက်ပဲရှိပါတယ်။ ဒါပေမယ့် စာပေဟောပြော ပွဲတို့၊ ဘုန်းကြီးတရားပွဲတို့မှာတော့ အားပေးကြသူများပါတယ်။ တရားနာလေ့ရှိတဲ့ လူမျိုးစရိုက်၊ ပုံတိုပတ်စ နား ထောင်လေ့ရှိတဲ့...

Read more »

မောင်စွမ်းရည် – ဒေါ်အောင်ဆန်းစုကြည်သို့ ထောက်ခံဆုတောင်းပွဲ

September 21, 2017
မောင်စွမ်းရည် – ဒေါ်အောင်ဆန်းစုကြည်သို့ ထောက်ခံဆုတောင်းပွဲ

မောင်စွမ်းရည် – ဒေါ်အောင်ဆန်းစုကြည်သို့ ထောက်ခံဆုတောင်းပွဲ (မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၇ မေတ္တာလဲရှိ၊ သစ္စာရှိ။ ပညာလဲရှိ၊ သတ္တိရှိ။ ကမ္ဘာသိတဲ့ စု။ တောင်ပေါ်ကချစ်၊ မြေပြန့်ချစ်။ ဗမာကချစ်၊ ကမ္ဘာချစ် – ပြည်သူချစ်တဲ့ စု။ ပြည်သူ့မိခင်၊ ဒို့မိခင် ပျော်ရွှင်ကျန်းမာ၊ ပန်းကမ္ဘာ မေတ္တာရေဖျန်း၊ လန်းစေသော။ သစ္စာဝေရွှန်း၊ ထွန်းစေသော။ သက်တန်းရာကျော် – ရှည်စေသော်။ မောင်စွမ်းရည် ၂၀၁၇ စက်တင်ဘာ ၂၀၊ နယူးယောက် No tags for this post.

Read more »

မောင်မိုးသူ ● ယူနန်နယ်စပ် ဝမ်စွေ့ဝမ်စွေ့နှင့် ဘကြီးမိုး

September 20, 2017
မောင်မိုးသူ ● ယူနန်နယ်စပ် ဝမ်စွေ့ဝမ်စွေ့နှင့် ဘကြီးမိုး

မောင်မိုးသူ ● ယူနန်နယ်စပ် ဝမ်စွေ့ဝမ်စွေ့နှင့် ဘကြီးမိုး (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇ မိုးမခ အတွဲ ၄၊ အမှတ် ၇၊ ဇူလိုင် ၂၀၁၇ ထုတ်မဂ္ဂဇင်းမှ ဖြစ်သည်။  ဘကြီးမိုးက ဆွေမျိုးပေါက်ဖော် ဝမ်စွေ့ဝမ်စွေ့လို့ ခေါ်ခဲ့ဖူးရေးခဲ့ဖူးပါတယ်။ အဲသည် ဝမ်စွေ့ဆိုတဲ့စကားလုံးဟာ ဘကြီးမိုးတို့ ကျောင်းသားဘဝ၊ ဦးနုတို့၊ ချူအင်လိုင်းဘန်ဒေါင်းခေတ်က ဘကြီးမိုး ခေါ်ခဲ့ရ အော်ခဲ့ရလို့ ရနေတာပါ။ ဘကြီးမိုးရဲ့ရုပ်ရည်ဟာ တကယ်ပဲ တရုတ်သိုင်း ဝတ္ထု၊ သိုင်းရုပ်ရှင်တွေထဲက ပိန်ပိန်ရှည်ရှည်၊ မျက်ပေါက်ကျဉ်းကျဉ်းနဲ့ တရုတ်နဲ့ အင်မတန်မှ တူပါတယ်။ အခု အသက်ကြီး ထောင်ကထွက်လာမှ ဆံပင်က တစ်ခေါင်း လုံးဖြူ၊ နှုတ်ခမ်းမွေးက ဖြူလေတော့ ပိုတူတာပေါ့။ ငယ်ငယ်တုန်းက၊ ငယ်ငယ်တုန်းက ဆိုတာက...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်