မိုးမခလူကြီးများ

Interview with U Win Tin – People rights to express

October 4, 2011
Interview with U Win Tin – People rights to express

>  ပြည်သူလူထုမှာပြောရေးဆိုခွင့် မရှိရဘူးလား  ဦးဝင်းတင်နဲ့မေးခွန်းများ၊ မိုးမခ၊ အောက်တိုဘာ ၄၊ ၂၀၁၁ စနေနေ့ကတွေ့ဆုံခဲ့တဲ့ဆရာဦးဝင်းတင်နဲ့ မေးမြန်းခန်းမှာ ဆက်လက်မေးမြန်းခဲ့တဲ့ အကြောင်းအရာကတော့ကောင်းမွန် အကျိုးရှိတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာမယ်ဆိုတဲ့ အခြေအနေတွေ ရှိနေတယ်၊ပေါ်ထွန်းနေတယ် ဆိုတဲ့ အချိန်အခါမှာ မြန်မာပြည်သူတွေက ဘယ်လိုမျိုးရင်ဆိုင်ကြမလဲ၊ ဘယ်လိုမျိုး ပြင်ဆင်ကြမလဲ။ ဘာမှ ဆန္ဒထုတ်ဖော်ပြောဆိုထောက်ပြခြင်း မပြုကြဘဲ ငြိမ်ဝပ်ပိပြားစွာနဲ့ စောင့်ဆိုင်းမျှော်လင့်နေကြရုံပဲလား ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ အပြောင်းအလဲတွေဖြစ်ပေါ်လာပြီလားဆိုတာမှာ လက်တွေ့အကျိုးသက်ရောက်မှုတွေ ရှိသလားဆိုတာနဲ့တိုင်းတာလို့ ရတယ်ဆိုတဲ့ မေးခွန်းကို ဆက်မေးပါရစေ ဆရာရေ။ –       အခုဘာတွေတွေ့ရသလဲဆိုတော့မြန်မာဒီမိုကရေစီရေးအတွက် လက်တွေ့အကျိုးသက်ရောက်မှုတွေ စတွေ့နေရတယ်လို့ ပြောရင်ရတယ်ပေါ့။ မြစ်ဆုံဆည်ကိစ္စလိုမျိုးကိုမှာ ဦးသိန်းစိန်ရဲ့ ဆုံးဖြတ်ချက်နဲ့ပြည်သူတွေရဲ့ တောင်းဆိုချက်ဆိုပြီး ၂ ပိုင်း ကြည့်မယ်ဆိုရင်ပြည်သူလူထုတွေဖက်က တိုင်းရင်းသားတွေ၊ ပညာရှင်တွေ၊ စာပေ ဂီတ...

Read more »

Interview with U Win Tin – Ready for Change?

September 21, 2011
Interview with U Win Tin – Ready for Change?

> အပြောင်းအလဲဖြစ်ဖို့အတွက် အပြင်အဆင်တွေ ရှိပြီလား ဦးဝင်းတင်နဲ့မေးခွန်းများ မိုးမခ၊ စက်တင်ဘာ ၂၁၊ ၂၀၁၁ လွန်ခဲ့တဲ့ စက်တင်ဘာ ၁၅ ကမ္ဘာ့ဒီမိုကရေစီနေ့မှာ ဒေါ်အောင်ဆန်းစုကြည်က အပြောင်းအလဲတွေ ဖြစ်နိုင်တဲ့ အခြေအနေတွေ ရှိတယ်လို့ ပြောလိုက်တယ်။ နိုင်ငံတကာက ကိုယ်စားလှယ်တွေပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံမှုတွေလည်း လက်ခံပြုလုပ်နေဆဲဖြစ်တယ်။ ထူးခြားတဲ့တွေ့ဆုံမှုဖြစ်စဉ်ဖြစ်တဲ့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နဲ့ သြဂုတ်လ ၁၉ ရက်နေ့မှာ သွားရောက်တွေ့ဆုံခဲ့တာလည်း ၁လ ကျော်ခဲ့ပြီ ဖြစ်တယ်။ အဲသည် အတောအတွင်းမှာ လူထု ပရိသတ်အတွင်းမှာ မြန်မာပြည်နိုင်ငံရေးနဲ့ အထွေထွေ အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး ဂယက်တွေ၊ လှုပ်ရှားမှုတွေ မျိုးစုံလည်း မြင်ရ ကြားနေရပြီ ဖြစ်တယ်။ အတွေးအမြင် အမျိုးမျိုး ဝေဖန်မှုအမျိုးမျိုး တုန့်ပြန်မှု အမျိုးမျိုးတွေ ဖြစ်ပေါ်နေချိန်မှာ ဆရာ...

Read more »

U Win Tin Interview – Overseas Burmese go home first before Political Prisoners ?

September 13, 2011
U Win Tin Interview – Overseas Burmese go home first before Political Prisoners ?

> နိုင်ငံရေးအကျဉ်းသားတွေအိမ်ပြန်မရောက်ခင် ပြည်ပကလူတွေ အရင်ပြန်ကြမှတဲ့လား ဦးဝင်းတင်နဲ့မေးခွန်းများ မိုးမခ၊ စက်တင်ဘာ၁၃၊ ၂၀၁၁ လွန်ခဲ့တဲ့ စနေနေ့ကဆရာဦးဝင်းတင်နဲ့ စကားပြောခဲ့စဉ်မှာ မေးမြန်းခဲ့တဲ့မေးခွန်းအစိတ်အပိုင်းတခုကတော့ ပြည်ပက မြန်မာတွေ လုံခြုံ အေးချမ်း စိတ်ချစွာအိမ်ပြန်လာခွင့် ရှိပြီလား၊ မိသားစုတွေ၊ မိဘတွေ၊ သားသမီးတွေ စောင့်မျှော်နေရာနေအိမ်တွေဆီ နိုင်ငံရေးအကျဉ်းသားတွေကိုယ်တိုင်က ပြန်ရောက်မလာသေးခင်မှာ ပြည်ပကမြန်မာတွေက အိမ်ပြန်ကြဖို့ အဆင်သင့်နေပြီလား ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ –       ဆရာရေ … အကျဉ်းထောင်ထဲကနိုင်ငံရေးအကျဉ်းသားတွေ အိမ်ပြန်ခွင့်မရှိသေးခင်မှာ ပြည်ပက မိသားစုနဲ့ခွဲခွာနေရသူတွေက အိမ်ပြန်ကြဖို့အတွက် အခြေအနေတွေ ပေးနေပြီလို့ ဆိုနိုင်မလားခင်ဗျာ။ –       နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ရဲ့လွတ်မြောက်ခွင့်နဲ့ ပြည်ပမှာရှိနေတဲ့ မြောက်များစွာသော မြန်မာပြည်သားတွေရဲ့အိမ်ပြန်လာခွင့်နဲ့က တပိုင်းဆီလို သတ်မှတ်မလားလို့ မေးစရာပေါ်လာတယ်။ ဒါကြောင့်ဒီလိုမေးလာတယ်လို့ မြင်တယ်။ တနည်းအားဖြင့်ကတော့ ဆက်စပ်မှု ရှိနေတယ်လို့တော့ပြောလို့ရတယ်။...

Read more »

U WIn Tin – Mindset of Dictator need to be given up

September 11, 2011
U WIn Tin – Mindset of Dictator need to be given up

> အာဏာရှင်စိတ်ဓာတ်တွေအလွှာတိုင်းက စွန့်လွှတ်ဖို့ လိုတယ် ဦးဝင်းတင်နဲ့မေးခွန်းများ မိုးမခ၊စက်တင်ဘာ ၁၁၊ ၂၀၁၁ ပြီးခဲ့တဲ့ ရက်ပိုင်းကမြန်မာကြံ့ဖွံ့အစိုးရက လူ့အခွင့်အရေးကော်မရှင်တရပ်ကို ဖွဲ့စည်းလိုက်တယ်။မြန်မာပြည်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအာမခံချက်တွေ ရှိကြောင်းပြသနိုင်ဖို့၊ မြန်မာပြည်အထွေထွေ ပြုပြင်ပြောင်းလဲမှုတွေ အကောင်းဖက်ကိုဦးတည်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်နိုင်ဖို့ လက်ရှိအာဏာပိုင်တွေက အစီအစဉ်တွေဖော်ဆောင်လာနေတဲ့အပေါ်မှာ အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်ရဲ့ သဘောထားကိုမေးမြန်းဖြစ်ခဲ့ပါတယ်။ – အခုသူတို့ဖွဲ့စည်းလိုက်တဲ့ လူ့အခွင့်အရေးကော်မရှင်အပေါ်မှာ ဆရာ့အနေနဲ့ဘယ်လိုမြင်သလဲ။ – အခု လက်ရှိအစိုးရကလူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့လိုက်တယ်။ ဒါကို ထူးခြားတယ်လို့ တချို့လူတွေကထင်မြင်ပြီးတော့ ကျနော့်ဆီကို ဖုံးဆက်ပြီးတော့ သတင်းဖတ်ပါ၊ နားထောင်ပါစသည်ဖြင့်တောင် တိုက်တွန်းကြတယ်။ တကယ်တမ်း နားထောင်လိုက်တော့၊ဖတ်ကြည့်လိုက်တော့ သူတို့ဖွဲ့လိုက်တာက ဘာမှ ထူးခြားတာ မတွေ့ရဘူး။ သူတို့ရဲ့သံအမတ်ဟောင်းတွေ၊ ဥပဒေပညာရှင်တချို့နဲ့ အစိုးရ၀န်ထမ်း အရာရှိကြီးတွေ ဘာတွေပဲဖြစ်နေတယ်။ သူတို့ရဲ့ နောက်ကြောင်း...

Read more »

Interview with U Win Tin – How Long it takes for us …

September 4, 2011
Interview with U Win Tin – How Long it takes for us …

>   ကျနော်တို့အချိန်ဘယ်လောက်ကြာကြာ စောင့်နေရမှာလဲ ဦးဝင်းတင်နဲ့မေးခွန်းများ မိုးမခ၊ စက်တင်ဘာ၎၊ ၂၀၁၁ ယခင်အပတ်က ဆရာဦးဝင်းတင်နဲ့ အင်တာဗျူးအပြီးမှာအစိုးရသစ်ရဲ့ လွှတ်တော်တွင်း အဆိုတင်သွင်းမှုများ၊ လှုပ်ရှားမှုများဆက်လက်ရှုစားကြရပါတယ်။ သွေးလှူဖို့ စည်းရုံးသူ ကိုနေမျိုးဇင်ကို အစိုးရသစ်ကထောင် ၁၀ နှစ် ချလိုက်ပါတယ်။ တိုင်းရင်းသားများနဲ့ ဖြစ်ပွားနေတဲ့ပြည်တွင်းစစ်ကလည်း ရပ်ဆိုင်းသွားတယ် မရှိသေးပါဘူး။ အကျဉ်းကျနေတဲ့နိုင်ငံရေးသမားများ၊ စာနယ်ဇင်းသမားများနဲ့ တိုင်းရင်းသားခေါင်းဆောင်များလွတ်မြောက်ရေးအတွက် အစိုးရအဖွဲ့က မည်သို့မျှ ထူးခြားတဲ့ တုန့်ပြန်မှုထွက်ပေါ်လာခြင်း မတွေ့ရသေးပါဘူး။ ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်ကွင်တာနားကိုယ်တိုင်ကလည်း မြန်မာပြည်မှာ ထူးခြားမှုတွေ သိသာစွာ မတွေ့ရဘူးလို့အစီရင်ခံစာထဲမှာ ထည့်ပြောလိုက်ပြီ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရသစ်ခေါင်းဆောင်သမတဦးသိန်းစိန်တို့ရဲ့ တွေ့ဆုံပွဲနောက်ပိုင်း မြန်မာပြည်တွင်း ရင်ကြားစေ့ရေး၊တွေ့ဆုံဆွေးနွေးအဖြေရှာရေး၊ ပြန်လည်သင့်မြတ်ရေး မျှော်လင့်ချက် အိပ်မက်တွေမက်မိသူတွေဆီက စိုးရိမ်တကြီး တုန့်ပြန်ချက်တွေ ပြန်လည်ထွက်ပေါ်လာပါတယ်။မြန်မာပြည်စစ်အာဏာရှင်တွေနဲ့ အပေါင်းအပါတွေက ဒုံရင်း...

Read more »

Interview With U Win Tin – Common Ground & Goal for NLD & USDP Regme

August 26, 2011
Interview With U Win Tin – Common Ground & Goal for NLD & USDP Regme

> အင်န်အယ်ဒီနဲ့ လက်ရှိအစိုးရ အတူတူရပ်စရာ ဘာတွေရှိလို့လဲ ဦးဝင်းတင်နဲ့ မေးခွန်းများ မိုးမခ၊ သြဂုတ် ၂၆၊ ၂၀၁၁ ယမန်နေ့က ဦးဝင်းတင်နဲ့ တွေ့ဆုံစဉ်မှာ မေးမြန်းဖြစ်တာကတော့ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီး ပြန်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယူအင်က လူ့အခွင့်အရေးကိုယ်စားလှယ် ကွင်တာနားတို့ တွေ့ဆုံကြတဲ့ဆီမှာ လက်ရှိတိုင်းပြည်အတွက် အများပြည်သူအကျိုးဖြစ်ပေါ်စေဖို့ အခြေအနေတွေ၊ လိုအပ်ချက်တွေ ဘယ်ရွေ့ဘယ်မျှ ပြောဆိုဆွေးနွေးဖြစ်သလဲ၊ နေပြည်တော်က ပြန်လာတဲ့ ကွင်တာနားကိုယ်တိုင်ကကော ဘယ်လောက် အကောင်းမြင်တာတွေ ရှိသလဲ၊ မရှိဘူးလဲ ဆိုတာတွေကို မေးမြန်းဖြစ်တာ ဖြစ်ပါတယ်။ ပထမဆုံး ကြိုတင်ပြီး တိုင်းတာချင်တဲ့အချက် ၃ ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီအပါအ၀င် ကွန်ယက်တွေက ၂၀၁၁ မြန်မာနှစ်ဆန်းမှာ၊ ဧပြီလလယ်မှာ သမ္မတကြီးထံ လက်မှတ်ထိုးတောင်းဆိုတဲ့ ကင်ပိန်းတခုကို စတင်ခဲ့တယ်။...

Read more »

Interview with U Win Tin – Remembering U Kyi Maung and etc …

August 21, 2011
Interview with U Win Tin – Remembering U Kyi Maung and etc …

> ဦးကြည်မောင်အမှတ်တရများ ဦးဝင်းတင်နဲ့ မေးခွန်းများ မိုးမခ၊ သြဂုတ် ၂၁၊ ၂၀၁၁ ဆရာဦးကြည်မောင်ကွယ်လွန်ခြင်း ၇ နှစ်ပြည့် ဆွမ်းကျွေးကို ဆရာသွားရောက်ခဲ့တာကို တွေ့ပါတယ်။ ဆရာဦးကြည်မောင်နဲ့ ဆရာတို့ အင်န်အယ်ဒီပါတီမှာ အတူတကွ ဆောင်ရွက်ခဲ့ကြတဲ့ အမှတ်တရဖြတ်သန်းမှုကို ပြန်ပြောင်း ပြောနိုင်မလား ခင်ဗျာ။ ၁၉ ၈၈ ခုနှစ်တုန်းကတည်းက အင်န်အယ်ဒီပါတီ စီအီးစီမှာ အတူတူလုပ်ရင်း ဦးကြည်မောင်နဲ့ ဆုံစည်းခဲ့ကြတယ်။ ဦးကြည်မောင်က အစက ဦးအောင်ကြီးတို့အဖွဲ့က ဖြစ်တယ်။ ဦးအောင်ကြီးတို့အစုအဖွဲ့က စီအီးစီတွေ ဖြစ်တယ်။ အင်န်အယ်ဒီပါတီထူထောင်ခဲ့စဉ်မှာ ခေါင်းဆောင်တွေအဖြစ် စုဖွဲ့ကြတော့ ဦးအောင်ကြီးတို့က တဖွဲ့၊ ဦးတင်ဦးတို့က တဖွဲ့၊ တတ်သိပညာရှင်တွေဆိုပြီး ကျနော်တို့က တဖွဲ့ဆိုပြီးတော့ ရှိခဲ့ကြတာကိုး။ အဲသည်မှာ ဦးကြည်မောင်နဲ့ စတင်တွေ့ဆုံခဲ့ကြတယ်။ နောက်ပိုင်းမှာတော့ ဦးအောင်ကြီးက...

Read more »

Interview with U Win Tin – New Political Chapter of Suu & NLD?

August 17, 2011
Interview with U Win Tin – New Political Chapter of Suu & NLD?

> ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်ဒီ နိုင်ငံရေးခြေလှမ်းသစ်များ ဦးဝင်းတင်နဲ့ မေးခွန်းများ မိုးမခ၊ သြဂုတ် ၁၇၊ ၂၀၁၁ ယမန်နေ့က မြန်မာပြည်ရဲ့ အတိုက်အခံပါတီ အင်န်အယ်ဒီရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်နဲ့ တွေ့ဆုံစကားပြောခွင့်ရခဲ့ပါတယ်။ အဲသည်မှာ အများက စိတ်ဝင်စားနေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကြံ့ဖွံ့အစိုးရသစ်တွေ့ဆုံပွဲကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပဲခူးခရီးစဉ် စတာတွေကို မေးမြန်းဖြစ်ပါတယ်။ ယခင်အပတ်က ပဲခူးကိုသွားခဲ့တဲ့ခရီးစဉ်က အရင်ပုဂံခရီးစဉ်လိုမျိုး ပုဂ္ဂိုလ်ရေးခရီးစဉ်မျိုးပဲလား ခင်ဗျ။ ကျနော့်အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည် ၂၀၀၃ ခုနှစ်မေလကုန်က စတင်ပြီးတော့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးချိန်ကစလို့ ယခု၂၀၁၀ နိုဝင်ဘာလ လွတ်မြောက်လာပြီးတဲ့နောက်ပိုင်း ပထမဦးဆုံးအကြိမ် နိုင်ငံရေးခရီးစဉ်လို့ ပြောချင်တယ်။ ဒါက အင်န်အယ်ဒီပါတီရဲ့ အထွေထွေအတွင်းရေးမှူးရဲ့ နိုင်ငံရေးခရီးလို့ ကျနော်တို့ဖက်က သုံးနှုံးပါတယ်။ အဖွဲ့ချူပ်ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးတင်ဦးကိုယ်တိုင် လိုက်ပါတဲ့ ခရီးဖြစ်တယ်...

Read more »

Interview with U Win Tin – 8888, The success or the failure?

August 9, 2011
Interview with U Win Tin – 8888, The success or the failure?

> ၈ လေးလုံး ဆိုတာ အောင်ပွဲလား၊ မကြေပွဲလား ဦးဝင်းတင်နဲ့ မေးခွန်းများ မိုးမခ၊ သြဂုတ် ၉ ၊ ၂၀၁၁ သြဂုတ်လ ၆ ရက်နေ့က မြန်မာပြည်ရဲ့ အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်နဲ့ အခွင့်ရခိုက် စကားပြောဖြစ်ပါတယ်။ အဓိကအားဖြင့် ၈လေးလုံး ၂၃ နှစ်ပြည့် အထိမ်းအမှတ်ကာလမှာ ဘယ်လိုမျိုး ရှုမြင်သုံးသပ်မည်လဲ ဆိုတာကို မေးဖြစ်ပါတယ်။ ဆရာက … ဒီနှစ်မှာ ၈လေးလုံးနှစ်လည်အခမ်းအနားကို ကြည့်မြင်တိုင်က သာဓုကျောင်းမှာ အနှောက်အယှက်မရှိ ကျင်းပဖြစ်မယ်လို့ သိရတဲ့အတွက် ထူးခြားတယ်လို့ ပြောနိုင်တာပေါ့ကွာ။ အဲသည်တော့ ကျနော်တို့ဖက်ကလည်း ၈လေးလုံးကာလတုန်းက သတ်တာဖြတ်တာတွေကို ပြောနေတာတင်မဟုတ်တော့ဘဲနဲ့ ၈လေးလုံးအရေးတော်ပုံက ကျော်ဖြတ် ဆောင်ရွက်နိုင်မှုတွေ၊ အပြုသဘော ဖြတ်သန်းနိုင်ခဲ့မှုတွေကိုပါ ထုတ်ဖော်ပြောဆိုကြရမယ်လို့ ယူဆပါတယ်။ ၈လေးလုံးရဲ့...

Read more »

Interview with U Win Tin – Is Suu all by herself?

July 31, 2011
Interview with U Win Tin – Is Suu all by herself?

> ဒေါ်အောင်ဆန်းစုကြည် တဦးတည်းပဲလား ဆရာဦးဝင်းတင်နဲ့ မေးခွန်းများ မိုးမခ၊ ဇူလိုင် ၃၁၊ ၂၀၁၁ ဒီတပတ် ဆရာဦးဝင်းတင်နဲ့ စကားပြောဖြစ်တဲ့ဆီမှာ ဆရာ့ကျန်းမာရေးကိုပဲ အဓိကမေးဖြစ်ပါတယ်။ ယမန်နေ့က တွေ့ဆုံ စကားပြောတာဖြစ်တဲ့အတွက် ယနေ့ တနင်္ဂနွေနေ့မှာ အာရုံကြောတွေ နာကျင်တာ သက်သာစေဖို့ ဆေးထိုးရဦးမယ်၊ ဝေဒနာက အတော် သက်သာတယ်၊ သိပ်မကြာခင်မှာ ဆေးရုံက ပြန်ဆင်းဖြစ်မယ်လို့ မျှော်လင့်ကြောင်း ဆရာကပြောပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံတဲ့ကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိတ်ဖွင့်ပေးစာ ထုတ်ပြန်တဲ့ ကိစ္စနဲ့ ၈ လေးလုံး အရေးတော်ပုံ နှစ်ပတ်လည် နီးကပ်လာတဲ့ကာလမှာ အရေးတော်ပုံကြီးက မွေးဖွားလာတဲ့ နိုင်ငံရေးပါတီတရပ်အနေနဲ့ ခေါင်းဆောင်တွေ ဖမ်းဆီး ချုပ်နှောင်မှုက လွတ်မြောက်ပြီး ပထမဆုံး ကြုံတွေ့ရမယ့် နှစ်ပတ်လည်မှာ...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်