U Win Tin

Ko Yar Zar – ဦးဝင်းတင်နဲ့နေထိုင်ခြင်း အပိုင်းများ (၁)

June 4, 2013
Ko Yar Zar – ဦးဝင်းတင်နဲ့နေထိုင်ခြင်း အပိုင်းများ (၁)

ဦးဝင်းတင်နဲ့နေထိုင်ခြင်း အပိုင်းများ ကိုရာဇာ၊ ဇွန် ၄၊ ၂၀၁၃ (ဒေါ်ဖြူဖြူသင်း ဖေ့စ်ဘွတ်စာမျက်နှာမှ တဆင့် ကူးယူဖော်ပြသည်)   ကျနော်အခုလက်ရှိမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တစ်ယောက်အဖြစ်လှုပ်ရှားနေတယ်။ အယင်ကတည်းက အဖွဲ့ချုပ်မှာ လှုပ်ရှားနေခဲ့တာ ခုဆို နှစ် နှစ်ဆယ်နီးပါတော့မယ်။ လိုအပ် မလိုအပ်ခြင်းများ ငြင်းဆန်ခံနေ့စွဲများ၊ ကိုယ့်အချင်းချင်း ချနင်းပစ်ခံရတဲ့ အစိမ်းရောင်နာရီတွေကို ပြန်ပြန်ကြည့်မိသလို ဖြစ်ဖြစ်နေတယ်။ ကောင်းပါပြီ၊ အခြားအနာတရကိစ္စတွေမှာ ကိုယ့်ဒဏ်ရာကို ပြန်လျက် ပြီး ဖြေသာလိုက်ပါတယ်။ ဒါပေမယ့် အတွင်းရေးဆိုတာကလည်း ရေးသွင်းဖို့ လိုလာရင်တော့ တစ်မျိုးပေါ့ဗျာ။   ဆယ်စုနှစ်နှစ်ခုနီးပါးလောက်မှာ ကျနော်ဘာလုပ်သလဲ၊ ဘာရသလဲ၊ ဘာပေးနိုင်ခဲ့သ လဲ ဆိုတာ လည်ပြန်ကြည့်တော့ ဘာမှ မရှိ ဆိုသလိုတောင် ဖြစ်နေတာပြန်ဆန်းစစ်မိပါတယ်။ ဒါပေမယ့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ အဘဦးတင်ဦး၊ အဘဦးဝင်းတင် အစရှိတဲ့ခေါင်းဆောင်တွေရဲ့...

Read more »

Question with U Win Tin – Thein Sein’s Way or High Way?

May 20, 2013
Question with U Win Tin – Thein Sein’s Way or High Way?

ဦးသိန်းစိန်ရဲ့ သွားရာလမ်း … တကြောင်းတည်းသော လမ်းတဲ့လား … ဦးဝင်းတင်နဲ့ မေးခွန်းများ မိုးမခ၊ မေ ၂၀၊ ၂၀၁၃ လွန်ခဲ့တဲ့ စနေနေ့က အင်န်အယ်ဒီပါတီရဲ့ နာယက၊ အတိုက်အခံခေါင်းဆောင်၊ စာနယ်ဇင်းသမား၊ ဟံသာဝတီဦးဝင်းတင်နဲ့ တွေ့ဆုံမေးမြန်းခွင့် ရခဲ့ပါတယ်။ ပထမဦးဆုံးပြောဖြစ်တာက ဆရာရဲ့ ဒီလှိုင်းခေါင်းကြီးတွေကို ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ဆက်ထားတဲ့အတွက် ပရိသတ်က အထူးအားပေးကြတဲ့အကြောင်း၊ မိုးမခစာမျက်နှာမှာလည်း ကူးယူတင်ဆက်ဖြစ်တဲ့အကြောင်း တင်ပြခဲ့ပါတယ်။ ဆရာက အံ့သြပြီး “ဟုတ်လား၊ ကောင်းတာပေါ့ကွာ” လို့ ပြောပါတယ်။ သူကိုယ်တိုင်ကတော့ အင်တာနက်နဲ့ အမြဲထိတွေ့နေသူမဟုတ်တဲ့အတွက် ဆရာရဲ့ ပရိသတ်များ၊ သို့မဟုတ် စာနယ်ဇင်းသမားလူငယ်များကနေ ကူးယူပြီး တင်ဆက်နေတာဖြစ်လိမ့်မယ်လို့ မှတ်ချက်ပေးပါတယ်။ ဒီတပတ်မှာ မေးဖြစ်တဲ့ မေးခွန်းကတော့ … လက်ရှိအခြေအနေမှာ သမ္မတကြီး ဦးသိန်းစိန်ရဲ့...

Read more »

U Win Tin – Burmese Dictators need to be humanized and humbled …

May 16, 2013
U Win Tin – Burmese Dictators need to be humanized and humbled …

ဦးဝင်းတင်၏ ဒီလှိုင်းခေါင်းကြီးများ၊ မေ ၁၇၊ ၂၀၁၃https://www.facebook.com/hantharwaddyuwintin လူဆိုတာ ဘုရားလောင်း ဖြစ်ရင်ဖြစ်၊ ဒေဝဒတ်လောင်းဖြစ်ရင်ဖြစ်၊ တစ်ဖြစ်ဖြစ်တော့ ဖြစ်ရတော့တာပဲတဲ့။ အသက်ကြီးလေ အဲဒီစရိုက် ပေါ်လာလေတဲ့ဗျာ။ ရှေးလူကြီးသူမတွေ ပြောခဲ့တဲ့စကားပါ။ ဟုတ်လောက်ပါတယ်ဗျာ။ ကိုယ်တွေ့ဗျ။ မနေ့တနေ့ ကျုပ်အသက် ၈၃ နှစ်ပြည့်တယ်။ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ လူငယ်မျိုးဆက်သစ်တွေ မနည်းမနောပဲဗျာ။ ကျုပ်တစ်ယောက် သေခရီးမှာ တစ်မိုင်တိုင် ပိုနီးလာတာကို ဝမ်းသာကြ၊ ချီးကျူးကြပေါ့။ ဘာရယ်မဟုတ်ပါဘူး။ ကျုပ်လည်း ဝမ်းသာအယ်လဲ ဖြစ်ရတာပေါ့။ သူတို့က ကျုပ်ကို ဘုရားလောင်းလိုလို၊ သူတော်ကောင်းယောင်ယောင် မွေးနေ့ထုံးစံ လောကွတ်စကားပြောကြတယ်ဗျ။ ကျုပ်ကတော့ ပြုံးမိပါတယ်။ လူဆိုတာ အသက်ကြီးလေ၊ အချိန်မစီးချင်လေ ဖြစ်တတ်တာမျိုးဗျ။ ကျုပ်က ဖြစ်စားရှိ ဒေဝဒတ်လောင်းပဲဖြစ်မှာ ထင်ရဲ့ဗျာ။ ကျုပ်က ဒေါသမူစိတ်ကလေးနဲ့...

Read more »

Hantharwaddy U Win Tin – Op-Ed from D-Waves

May 15, 2013
Hantharwaddy U Win Tin – Op-Ed from D-Waves

ဟံသာဝတီဦးဝင်းတင်၏ ဒီလှိုင်းခေါင်းကြီးများ ၊ မေ ၁၆၊ ၂၀၁၃https://www.facebook.com/hantharwaddyuwintin နှစ်မြွာဘဝ ကိစ္စမြားမြောင် ကျုပ်လိုကောင်လို့ စာဖွဲ့ရမလားတောင် ထင်ယောင်ဝိုးဝါး ဖြစ်နေရသဗျာ။  ကျုပ်ကဆယ်ကျော်သက်ကတည်းက စာနယ်ဇင်းသမား လုပ်လာခဲ့တာ။ အိုနာတန်းရောက်တော့ နိုင်ငံရေးသမားဖြစ်၊ သေနာတန်းရောက်တော့ စာနယ်ဇင်းသမား ပြန်ဖြစ်။ ဖြစ်ချင်ရာတွေ ဖြစ်လာခဲ့တာ။ဖြစ်ပြန်ပြီ တစ်မျိုး။ ဟောတစ်မျိုးဖြစ်ပြန်ပြီ။ ဟောဖြစ်ပြန်ပြီနှစ်မျိုး။ ဟောနှစ်မျိုး ဖြစ်ပြန်ပြီ။ ကျုပ်အကျဉ်းထောင်ထဲမှာ ဝါပေါင်းနှစ်ဆယ်ဆိုခဲ့ရတုန်း နိုင်ငံရေးသမား၊ စာနယ်ဇင်းသမား ဖက်စပ်ဖြစ်ရပြန်တယ်။ ဟော …. အခုအကျယ်ထောင်ထဲမှာ နှစ်ငါးဆယ်လောက် ဝါဆိုမယ်ကြံတုန်း နိုင်ငံရေးသမား၊ စာနယ်ဇင်းသမား ဖက်စပ်ဖြစ်ရ ပြန်သဗျား။ ဒီလိုဗျာ။ ကျုပ်က မသန်မစွမ်းဘဝမှာ ဒီလှိုင်းလို ဂျာနယ်တစ်စောင်ကိုဝင်ရုန်းဖို့ ပခုံးပေါ် တာဝန်ကျလာပြန်တယ်။ ဒီအထဲ ဒီလှိုင်းသတင်းစာဆိုတာကြီး ရုန်းရမယ့်တာဝန်ကလည်း ပေါ်လာသေး။ မတတ်နိုင်ဘူး။ ရုန်းလိုက်ဦးတော့ ဖေ့သားကြီးပေါ့။...

Read more »

U Win Tin – Op-Ed from D-Waves Journals

May 13, 2013
U Win Tin – Op-Ed from D-Waves Journals

ဦးဝင်းတင်၏ ဒီလှိုင်းဂျာနယ် ခေါင်းကြီးများ၊ မေ ၁၃၊ ၂၀၁၃ နိုင်ငံခြားသတင်းဌာန တစ်ခုလာတဲ့သတင်း ဖတ်လိုက်ရတယ်။ အလိုလေး သတင်းကောင်း ကြီးပါကလား။ သတင်းကဒီလိုဗျ။ ဖင်လန်နိုင်ငံရောက် ကျုပ်တို့သမ္မတကြီးဦးသိန်းစိန် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တဲ့စကားဗျ။ ဘာတဲ့။ အဲ….အဲ။ ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်းမှာ လွှတ်တော်အတွင်း တပ်မတော်ပါဝင်မှု အခန်းကဏ္ဍကို လျော့ချသွားတော့မယ် ဆိုပါကလား။ သမ္မတနှယ်ဗျာ။ ပြောစရာနေရာရှားရော့လား။ ဖင်လန်နိုင်ငံမှ သွားပြောရတယ်လို့။ နေပြည်တော်မှာ မပြောချင်နေ။ ရန်ကုန်ရောက်တုန်း ပြောပါတော့လား။ ချင်းတောင်ရောက်တုန်း ပြောပါတော့လား။ ဖင်လန်ဆိုတဲ့ နိုင်ငံမှာမှ သွားပြောရလား။ အနံ့၊ အရသာနဲ့ ပြည်စုံတဲ့ တပ်မတော်သတင်းကို အန်ချင်စရာလုပ်တာ များလားဗျာ။` ဒါပေမယ့်… သမ္မတကြီးက ပြောတယ်ဗျ။ လာမယ်ကြာမယ်တဲ့။ ဒီနေ့လွှတ်တော်အတွင်းမှာ တပ်မတော်က အစိတ်သားကြီး (အဲလေယောင်လို့) ၂၅ ရာခိုင်နှုန်းကြီးများတောင် ပါနေပါတယ်။...

Read more »

U WIn Tin – Series of Op-Ed

May 12, 2013
U WIn Tin – Series of Op-Ed

ဦးဝင်းတင်၏ ဒီလှိုင်းဂျာနယ် ခေါင်းကြီးများ (မေ ၁၃၊ ၂၀၁၃)ဖေ့စ်ဘွတ်စာမျက်နှာမှ ပြန်လည်ကူးယူဖော်ပြသည်ဟိုတစ်လောက တစ်တိုင်းပြည်လုံး ဆူပွတ်ယိမ်းယိုင်သွားတော့မလားဟဲ့လို့ ကျုပ်ရင်တမမ ဖြစ်လိုက်ရတယ်ဗျာ။ ပြေးပေါက်တော့ မရှာပါဘူး။ မိုးပြိုအများပေါ့ကွယ်လို့ပဲ စိတ်တုံးတုံးချတယ်။ စိတ်သာတုံးတုံးချတာ စကားကတော့ လျှာဖျားမှာ အားကြီးသီးနေရသပေါ့ဗျာ။ ကျုပ်ကတောပြော-တောင်ပြော ပြောသမားဆိုတော့ စကားရောင်းစကားဝယ် လုပ်ချင်သူတွေနဲ့ အံကိုက်ဖြစ်နေတော့တာပေါ့။ အားလုံးသိကြတဲ့အတိုင်းပေါ့။ မိတ္ထီလာမှာ အရပ်သားနှစ်ယောက်အကြား ပဋိပက္ခပွားရာကတစ်မြို့လုံး သင်္ချိုင်းကုန်းအဖြစ်မျိုး ရောက်သွားခဲ့တယ်လေ။ အစိုးရဘက်က မသာစာရင်းနဲ့ အရပ်ဘက်က လူသေစာရင်းကတော့ကွာချင်တိုင်းကွာပေါ့။ အဖြစ်ဆိုးတွေကတော့ ဆိုးသွားခဲ့ပြီပေါ့ဗျာ။ ဘာတတ်နိုင်မှာလဲ။ အစိုးရကြီးများတောင် ဘာမှမတတ်နိုင်တာ။ ကျုပ်တို့လို အရပ်သူအရပ်သား ပါမွှားနင်းပြားတွေအဖို့ကတော့ ဘုရားတနေခဲ့ကြရတာပါပဲ။ ဘာမှမတတ်နိုင်ဘူးဆိုပေမဲ့ ပြောရေးရှိကပြောအပ်စွလေးတွေတော့ ပြောရမှာပေါ့။ လူကြီးတွေကတော့ ပြောကြပါရဲ့။ တရားဥပဒေစိုးမိုးရေးတဲ့။ မိတ္ထီလာနဲ့နောက်ဆက်တွဲ မသာပေါင်းများစွာ၊ မီးလောင်မြေပေါင်းများစွာ၊ ဗလီပြိုပေါင်းများစွာကတော့ တစ်မျိုးအသံထွက်နေလေရဲ့။ အဲ့ဒီအသံတွေ ပြောတဲ့စကားကဘယ်လိုလဲ။ ရဲတွေလက်ပိုက်ကြည့်နေသတဲ့။...

Read more »

U Win Tin – Di Hlaing Editorials

May 11, 2013
U Win Tin – Di Hlaing Editorials

ဟံသာဝတီဦးဝင်းတင်၏ ခေါင်းကြီးများ၊ မေ ၁၂၊ ၂၀၁၃(ဒီလှိုင်း ဂျာနယ်နှင့် ဖေ့စ်ဘွတ်ကနေ ကူးယူတင်ဆက်ပါတယ်) သမ္မတဦးသိန်းစိန်အစိုးရ အတော်ကျွမ်းကျင်လိမ္မာ ရှိလာသဗျာ။ ဝမ်းသာတယ်ဗျာ။ သာဓုခေါ်စရာပေါ့။ သမ္မတနဲ့ အဖွဲ့ ချင်းတောင်သွားသတဲ့။ ရေကိစ္စ၊ မီးကိစ္စတွေ ဖြေရှင်းပေးမယ်ဆိုလားပဲ။ ကောင်းတယ်ဗျာ။ လူထုဒုက္ခပဲဗျာ။ အစိုးရဆိုတာ သိရမှာပေါ့။ ဆင်းရဲတွင်းနက်ကြီးထဲ ခေါင်းမြုပ်အောင်နစ်နေတဲ့ ချင်းလူထုကြီးကို ကယ်တင်နိုင်တဲ့အထိ ကြိုးစားသွားကြလိမ့်မယ်လို့ ထင်မိတယ်ဗျာ။လယ်သမားကြီးတွေနဲ့လည်း တွေ့ဦးမယ်တဲ့ဗျ။ ဂျာနယ်သတင်းတွေမှာ တွေ့လိုက်ရတာပဲ။ ဟုတ်ပါလိမ့်ထင်ရဲ့။ တွေ့ရင်တော့ ကောင်းသပေါ့ဗျာ။ လယ်သမားတွေဆိုတာက ကျုပ်တို့တိုင်းပြည်မှာ အဆင်းရဲဆုံး မွဲချာတူးလန် ခရုဆန်ကျွတ်တွေ မဟုတ်လား။ တွေ့တဲ့အချိန်မှာ မွဲစော်နံတယ် ပြန်ဦးမယ်ဆိုပြီး ဂွတ်ဘိုင်တော့ မလုပ်တန်ရာဘူး ထင်ပါရဲ့။ ကျုပ်က သမ္မတကိုတော့ ယုံတုံတုံပါ။ ဒါပေမဲ့ သူ့အစိုးရရဲ့ လယ်ဝန်းကြီးတစ်ပါးကတော့ လယ်သမားကို ထမင်းတစ်နပ်လျှော့စားခိုင်းထားတယ် မဟုတ်လား။ အဲ့ဒီဝန်ကြီးရဲ့ ဓာတ်တွေများ ကူးစက်သွားလေမလားဟဲ့ရယ်လို့ ရင်တမမ...

Read more »

U Win Tin – No more violence, Responsible must act

May 10, 2013
U Win Tin – No more violence, Responsible must act

“မပြောမပြီး မတီးမမြည်” တဲ့။ ဗမာဆိုရိုးစကားရှိတယ်။ ဟုတ်တာပေါ့ဗျာ။ မတီးမှတော့ ဘယ်ဗုံက မြည်လိမ့်မတုံး။ ဘယ်မောင်းက ဟည်းလိမ့်မတုံး။ မှန်လိုက်လေ။ ဒါပေမယ့် မပြောမပြီးဆိုတာကတော့ မမှန်တမှန်ပဲဗျ။ ပြောတိုင်း ပြီးတာမှ မဟုတ်တာ။ မပြီးတာ ဘာတတ်နိုင်မလဲ။ မပြီးမှတော့ ထပ်ပြောပေါ့။ ထပ်မပြီးတော့လည်း ထပ်ထပ် ပြောရုံပေါ့။ သမ္မတကြီး ဦးသိန်းစိန်က စကားသာ မသွက်တာ၊ အပြောတော့ ညက်သဗျ။ သူ့ခမျာလည်း မပြောမပြီးသမားနဲ့တူရဲ့။ ပြောရှာဖော်တော့ ရပါတယ်။ ဒါပေမယ့် ပြောတဲ့ကြားက မပြီးတာတွေရှိတော့လည်း ထပ်ထပ်ပြောနေရရှာပုံပေါ်ပါတယ်။ မနေ့တစ်နေ့က မီဒီယာမှာ ဖတ်လိုက်ရတာကတော့ အရာရှိကြီးတွေ အရည်အချင်းပြကြဟေ့တဲ့။ အရည်အချင်းမပြည့်လို့ကတော့ ကျန်ခဲ့ကြမှာနော်…တဲ့။ မကြာခင်တုန်းကလည်း ဒီစကားမျိုး ပြောခဲ့သေးသဗျ။ ရှေ့ခရီးမှာ အတူမလိုက်နိုင်သူတွေကို ချန်ခဲ့ရမှာနော်တဲ့။ ပြောခဲ့တယ်လေ။ အဲ့ဒီလိုစကားမျိုးတွေကြားရတော့ ကျုပ်တို့လို...

Read more »

Interview With U WIn Tin – Opposition not needed anymore in Burma?

April 16, 2013
Interview With U WIn Tin – Opposition not needed anymore in Burma?

ဦးဝင်းတင်နဲ့ မေးခွန်းများ – အတိုက်အခံလုပ်စရာ မလိုတော့ဘူး တဲ့လား မိုးမခ၊ ဧပြီ ၁၅၊ ၂၀၁၃ ၂၀၁၃ ဧပြီလ သင်္ကြန်အချိန်ဆိုတာ ကြားဖြတ်ရွေးကောက်ပွဲ ၁ နှစ် ပြည့်မြောက်တဲ့ အချိန်ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီ ၂၀၁၂ ဧပြီလ ၁ ရက်နေ့မှာ ကြံ့ဖွံ့အစိုးရ ကျင်းပပေးတဲ့ ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရပြီးတဲ့နောက် ၁ နှစ်အကြာမှာ တိုင်းပြည်ဟာ အပြောင်းအလဲ အများအပြားကို ဖြတ်သန်းခဲ့ပြီ ဖြစ်ပါတယ်။ အနောက်အုပ်စု နိုင်ငံများရဲ့ စီးပွားရေးပိတ်ဆို့မှုတွေ လျော့ကျသွားတာ၊ ပြည်တွင်း ပြည်ပ ကူးလူးဆက်ဆံမှုတွေ တိုးမြင့်လာတာ၊ နိုင်ငံရေးအကျဉ်းသားတွေ အတော်များများ လွတ်မြောက်လာပြီး ပြည်တွင်းမှာ လွတ်လပ်စွာ ပြောဆို ရေးသား ဖြန့်ချိ လှုံ့ဆော်ခွင့်တွေ...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်