ကမာပုလဲ

ဖိုးထက် – ယုံကြည်ချက် ကဗျာဆရာ

November 21, 2015
ဖိုးထက် – ယုံကြည်ချက် ကဗျာဆရာ

ဖိုးထက် – ယုံကြည်ချက် ကဗျာဆရာ (မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၅   ယုံကြည်ချက် ပြင်းတဲ့ ဦးနှောက်က ရင်ခုန်သံကို တဆတ်ဆတ်တုန် နှလုံးသွေးကို မှင်ရည်လိုသုံး ခင်ဗျားထားခဲ့တဲ့ အဲဒီကဗျာတွေလေ…   ရိုးသားမှု အရောင် ဖြူလွှလွှ ယုံကြည်ချက်က မော်ကြည့်ရ မရပ်မနားခပ်ခဲ့တဲ့ အတောင်ပံတစ်စုံ အခုတော့လဲ ညောင်းရှာရောပေါ့…   (ကို) ကမာပုလဲရေ.. အပြန်မသိတဲ့ ခင်မင်မှု ဘာကတိမှလဲ မရှိခဲ့ဘူး   ဒါပေမယ့်ဗျာ.. ခင်ဗျားတို့ ဖောက်ခဲ့တဲ့ ဒီခရီးကြမ်း အဆုံးမှာလား၊ အစမှာလား ခင်ဗျားလဲ မသိခဲ့ဘူး ကျွန်တော်တို့လဲ မသိဘူး   နေပူမှာလား ဖုန်ထမှာလား ဆူးတောတွေ တွေ့အုံးမှာလား   ရဲရဲရင့်ရင့် စိုက်စိုက်မတ်မတ်...

Read more »

အောင်ဝေး – အ သ ည်း ကွဲ သူ ပု န် ကြီး

November 19, 2015
အောင်ဝေး – အ သ ည်း ကွဲ သူ ပု န် ကြီး

  အောင်ဝေး – အ သ ည်း ကွဲ သူ ပု န် ကြီး (မိုးမခ) နိုဝင်ဘာ ၁၉ ၊ ၂၀၁၅   ဟုတ်တယ် ကိုပေါက် ခင်ဗျားဟာ တကယ့်ကို အသည်းကွဲသူပုန်ကြီးပါ။   ခုတော့ အသည်းကွဲသူပုန်ကြီးက ကျနော်တို့ ကို ထားခဲ့ပြီပေါ့ ။   မကြည်ရေ … ရောင်နီမလာခင် အမှောင်ကို သူ ထွန်းညှိခဲ့ပေါ့ ။   ဖြူဖွေးရေ … လက်နက်ကိုင်တဲ့လက်က ကဗျာကို သူ ရေးခဲ့ပေါ့ ။   ခုတော့ အသည်းကွဲသူပုန်ကြီးရေ … သွားပေဦးတော့။   ဘိုကလေးမြို့ ကလေးရေ...

Read more »

လင်းနွေးအိမ် – အရေးတော်ပုံသစ္စာခံ ကိုပေါက်

November 19, 2015
လင်းနွေးအိမ် – အရေးတော်ပုံသစ္စာခံ ကိုပေါက်

လင်းနွေးအိမ် – အရေးတော်ပုံသစ္စာခံ ကိုပေါက် (မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၁၅ အရေးတော်ပုံထဲမှာ ကိုထက်မိုး ပြီးတော့ ဂုရု ဟော- အခု ကိုမင်းလွင်တဖြစ်လဲ ကမာပုလဲခေါ်ကိုပေါက် တယောက်ပြီးတယောက် နောက်ဆုံးထွက်သက် ရှိုက်သွားခဲ့။ ကိုပေါက်ရာ ခင်ဗျားဗျာ တကယ်ဆိုနေပါဦးလား ဖေ့ဆ်ဘွတ်နဲ့ဝေးရာ သွားတော့မလို့ နှုတ်ဆက်တယ် ဆိုတုန်းက ပြန်ဆုံကြဦးမယ်အထင်နဲ့ စိတ်ထဲမလေးခဲ့ဘူးပေါ့။ ဒီလိုကာလမှာ လမ်းချင်းတူလို့ လူချင်းတွေ့တယ် ကိုယ့်တာဝန်ကိုယ် ထမ်းရင်း ဝေးခဲ့ကြတာလဲ ရှိတယ် ဘယ်လိုဖြစ်ဖြစ် ပြည်တွင်းစစ်ကြီး ပြီးရင်တော့ ပီတိမျက်ရည်စမ်းစမ်းနဲ့ ပြန်ဆုံကြမယ်ပေါ့။ အခုတော့ ကျန်ရစ်သူကျုပ်တို့မှာ ခင်ဗျားရဲ့ အတိတ်ပုံရိပ်တွေက အနှေးပြကွက်လိုတသသလွမ်း။ တဲတလုံးမှာကြားဖြတ်စက်သတင်းတွေနိစ္စဓူဝမျှားခဲ့တဲ့ခင်ဗျားရဲ့ပုံ။ ခင်ဗျားတို့ကျနော်တို့ရွတ်သမျှကဗျာတွေကို သောင်ရင်းမြစ်ကမေးထောက်နားစွင့်ပေးခဲ့ပုံ။ ချက်အရက်တလှည့်စီမော့ ဆေးပေါ့တလိပ်စီရှိုက်နဲ့ ဖိဆီးထားတဲ့ခေတ်ကိုမှုတ်ထုတ်လိုက်ကြပုံ။ ကိုလွမ်းဏီ မအေးမာတို့ရဲ့ ထုံထောင်းဘုံရိပ်သာမှာ...

Read more »

ချိုစိမ့် – သောင်ရင်းမှာ မျောသွားတဲ့ ကမာ

November 19, 2015
ချိုစိမ့် – သောင်ရင်းမှာ မျောသွားတဲ့ ကမာ

ချိုစိမ့် – သောင်ရင်းမှာ မျောသွားတဲ့ ကမာ (မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၁၅ – သူ့ အတွက်သူ အသည်းကွဲ ကဗျာတွေ မရေးတတ်ဘူးတဲ့ သန်းပေါင်းများစွာအတွက် ရန်သူအပေါ် အသည်းက မာတုန်း – ရေစီးရေလာ မကောင်းတဲ့ ဘ၀တွေကို မက်မောစွာ ပွေ့ချီရင်း သူ့နှလုံးအစုံကို ခုန်စေခဲ့သူ – ကိုပေါက် – ကမာပုလဲ … … ရဲဘော်ကြီး နောက်ထပ်ရတဲ့ ဘ၀မှာ တော်လှန်တဲ့ ကဗျာဆရာပဲ ဖြစ်ပါ မှာပါ … …။ ဦးညွတ်လိုက်ပါတယ် ရဲဘော်ကြီး ၁၈ နိုဝင်ဘာ၊ ၂၀၁၅ No tags for this post.

Read more »

လွမ်းမော … ရာသီ

November 18, 2015
လွမ်းမော … ရာသီ

လွမ်းမော … ရာသီ တင်ကိုမင်းညို ။ နိုဝင်ဘာ ၉၊ ၂၀၁၂   (မိုးမခပြန်လည်ဆန်းသစ်၊ ကမာပုလဲ၏ ကလောင်အမည်တခု ဖြစ်ပါတယ်။ ကဗျာဆရာ ကမာပုလဲဟာ .. တင်ကို မင်းညိုဆိုတဲ့ နာမည်နဲ့လည်း ကဗျာတချို့ စာတချို့ရေးခဲ့ပါတယ်။ ကမာပုလဲထက်စာရင် ဒါက လူသိနည်းတယ်ထင်တယ်ပါတယ်။ မိုးမခမှာ တင်ခဲ့ဖူးပါတယ်။)  လူသည် လွမ်းမောတတ်သော သတ္တ၀ါဖြစ်သည်။ လူနှင့် တိရိစ္ဆာန်အကြား စည်းခြားလိုက်သည့်အရာထဲတွင် လူ၏လွမ်းမောတတ်သော စိတ်ခံစားမှု သတ္တိသည်လည်း ပါဝင်မည်ဟုထင်သည်။ လွမ်းမောတတ်သော အလွမ်းသည် မေတ္တာတရားမှ မြစ်ဖြားခံ ဖြစ်တည်လာသည်ဟု ယုံကြည်သည်။ အိပ်၊ စား၊ ကာမ သုံးခုသာ သိသော၊ ပြုမူလုပ်ဆောင်လျှက်ရှိသော တိရိစ္ဆာန်တွင် မေတ္တာတရားအတွက် နေရာမရှိနိုင်ပေ။ ငယ်ဘ၀ ကစားဖေါ်၊ ကစားဖက် သူငယ်ချင်းများကို လွမ်းသည်။ ငယ်ဘ၀ စာသင်ကျောင်းကလေးကို...

Read more »

မိုးမခ ဝိုင်းတော်သား ကဗျာဆရာ ကမာပုလဲ (ကိုပေါက်) ကွယ်လွန်

November 18, 2015
မိုးမခ ဝိုင်းတော်သား ကဗျာဆရာ ကမာပုလဲ (ကိုပေါက်) ကွယ်လွန်

  မိုးမခ ဝိုင်းတော်သား ကဗျာဆရာ ကမာပုလဲ (ကိုပေါက်) ကွယ်လွန် (မိုးမခ၀မ်းနည်းမှတ်တမ်း) နိုဝင်ဘာ ၁၈၊ ၂၀၁၅   ဗမာနိုင်ငံလုံးဆိုင်ရာ ကျာင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ကျောင်းသားတပ်မတော် ဗဟိုကော်မတီဝင်ဟောင်း၊ ၁၉၈၈ ခုနှစ် လူ့ဘောင်သစ် ဒီမိုကရက်ပါတီဝင်ဟောင်း၊ နိုင်ငံရေး အကျဉ်းသားဟောင်း၊ လက်ရှိ ထိုင်းနိုင်ငံ မယ်လာဥ ဒုက္ခသည်စခန်းရှိ ကျောင်းသားတပ်မတော် စာသင်ကျောင်းဖြစ်သည့် ရောင်နီဦး ကျောင်းတွင် ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်နေသူ ရဲဘော် ကိုပေါက် (ခ) ကိုမင်းလွင် (ကဗျာဆရာ ကမာပုလဲ)၊ (တင်ကို မင်းညို ကလောင်ဖြင့်လည်း ကဗျာတချို့၊ အက်ဆေးတချို့ ရေးဖူးခဲ့)၊ အဆုတ်ရောဂါကြောင့် စခန်းရှိ ဆေးရုံတွင် ဆေးကုမှု ခံယူနေစဉ် ကွယ်လွန်သွားကြောင်း သိရှိရသဖြင့် မိုးမခ အနေဖြင့် ဝမ်းနည်းကြောင်း...

Read more »

ကမာပုလဲ – မိုးမခမင်း

November 18, 2015
ကမာပုလဲ – မိုးမခမင်း

ကမာပုလဲ – မိုးမခမင်း (မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၅  သား မင်းကို မင်းအဖေက မိုးမခမင်း လို့ အမည်ပေးခဲ့တယ် …။   သူလည်း သူ့ အဖေ အမေ ကိုယ်စား မိုးမခပင်တွေနဲ့ ကြီးပြင်းခဲ့ရတာ …။   သား မင်း စကား စ ပြောတော့ ‘အရေးကြီးပြီ ညီနောင် အပေါင်းတို့ သွေးစည်းကာ ညီစေညီကြစို့’ တဲ့ …။   ဘဝ အပူတွေလည်းငြိမ်းခဲ့ ကိုယ့် ရွေးချယ်ရာလမ်းကိုလည်း ကိုယ်အမှန်အတိုင်းမြင်ခဲ့ ဆီ ဆန် ဆား ငြုပ် … ချို့တဲ့ ဘဝ ပြဿနာ သားရဲ့ ပြုံးစစ မျက်နှာမှာ လက်ဝါးကလေး နဖူးမှာကပ်...

Read more »

ငွေရတုမြောက် အမှတ်တရ ပေးစာ (Kama Pale)

December 24, 2013
ငွေရတုမြောက် အမှတ်တရ ပေးစာ (Kama Pale)

ငွေရတုမြောက် အမှတ်တရ ပေးစာ ကမာပုလဲ ဒီဇင်ဘာ ၂၄၊ ၂၀၁၃       ဝေဒနာလား .. ကျိန်စာလား ငါ့ နံနက်ခင်းတိုင်းဟာ အိမ်လွမ်းစိတ်တွေနဲ့ ရောက်ရောက်လာ …။   ဘ၀ရဲ့ အနာတရ မှတ်တမ်းမှတ်ရာများ အေးအတူ ပူအမျှ လှုပ်ရှားရုန်းကန် ယုံကြည်ချက်လမ်း အိပ်ရာ အတည်တကျမရှိ သံယောဇဉ်တွေကလည်း နာနာကျင်ကျင် ဆက်ထုံး ငွေ့ငွေ့ရှင်သန်နေဆဲ ငါ့လိပ်ပြာ   ပြောင်းလဲနေပြီတဲ့ ကွက်ကြားမိုး ရာသီပျက်များ …။   အိမ်ပြန်လို့ ရပြီတဲ့ အလံဖြူအုပ်ပြီး မြှုပ်လိုက်ရတဲ့ တခါက ထပ်တူကျ ရင်ခုန်သံ အတုများ …။   ကိုယ့်မှာ မျက်လုံးအစုံ ရှိနေသေးတဲ့အခါ ကိုယ့်မှာ ခြေလက်အင်္ရါ...

Read more »

ကျနော် အဖြေရှာနေတာ

April 26, 2013
ကျနော် အဖြေရှာနေတာ

ကမာပုလဲ ဧပြီ ၂၆၊ ၂၀၁၃ ကျနော် အဖြေရှာနေတာပါ … ကျနော် အဖြေရှာနေတာ … ကျနော့်ကို အမေမွေးတဲ့ ၁၉၆၂ ခုနှစ်ကစခဲ့ … မွေးကတည်းက ကျနော် ငိုတယ် အဲဒါ အဖြေရှာတာပဲ တကသ အဆောက်အဦကြီး မိုင်းခွဲဖျက်ဆီးခံရတယ် အတုအယောင် ငြိမ်းချမ်းရေးပျက်တယ် ကိုကိုးကျွန်းကို နိုင်ငံရေးအကျဉ်းသားတွေ ပို့တယ် တရုတ် – ဗမာ အရေးအခင်း ဆန် ရှားပါးမှု … အာ … အဖြေရှာပါတယ်ဆိုမှ ပြဿနာပဲ အဖြေရှာပါတယ်ဆိုမှ ပြဿနာ တထွေးကြီးနဲ့ ထိပ်တိုက်တိုးရ အဲဒီ ပြဿနာတွေကို ဘယ်လို ခဲဖျက်နဲ့ ဖျက်ပစ်ရမလဲ မေမေ ကျနော် အဖြေရှာနေတာ ပြဿနာတွေသာ တွေ့တွေ့နေရ ပြဿနာတွေကလည်း...

Read more »

အမြတ်နိုးဆုံး … လမ်းမ

April 21, 2013
အမြတ်နိုးဆုံး … လမ်းမ

ကမာပုလဲ ဧပြီ ၂၁၊ ၂၀၁၃ ဘ၀မှာ … ကိုယ်က မြတ်နိုးတန်ဖိုးထားခဲ့ပေမဲ့ စွန့်လွှတ်လမ်းခွဲလိုက်ရတဲ့ အတ္တတွေ …။ ၂၅ နှစ်ဟာ လူတယောက်ရဲ့ စိတ်ကူးစိတ်သန်းအပျက်အတိုင်း သူ့အလိုကျ လိုက်ပါစီးမျောရမယ်လား …။ ပုဂ္ဂလ ကိုးကွယ်ခြင်းတရားကို အိမ်ကထွက်လာကတည်းက အမေ့ မျက်ရည်စတွေနဲ့အတူ ထားရစ်ခဲ့ …။ အကြောက်တရားကြောင့်ပဲဖြစ်ဖြစ် ငွေကြောင့်ဖြစ်စေ ရင်ခုန်သံ မတူတော့တဲ့ တခါက ချစ်ခဲ့ရသူများ ဆန့်ကျင်ပြိုင်ဘက် အကျိုးစီးပွားတွေဖြစ် လမ်းခွဲရမယ့် အဖြစ်တွေက ဘ၀မှာ တပုံတပင် …။ ၂၅ နှစ်ဆိုတဲ့ ကျောပိုးအိတ်ထဲမှာ အရေးကြီးဆုံးက ကျဆုံးခဲ့ကြတဲ့ ချစ်သူအာဇာနည်တွေရဲ့ သစ္စာတရား တိုက်ပွဲဝင် အလံတလက် ကဲဗျာ လူမှာ ဒီထက် ဘာက တန်ဖိုးအရှိဆုံးလဲ …။ ၂၅...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly MARCH 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်