ညီစောလွင်

ညီစောလွင်- မြန်မာမကျော်တဲ့ ကမ္ဘာကျော် စာတအုပ်

May 22, 2017
ညီစောလွင်- မြန်မာမကျော်တဲ့ ကမ္ဘာကျော် စာတအုပ်

မြန်မာမကျော်တဲ့ ကမ္ဘာကျော်စာတအုပ်  ညီစောလွင် (မိုးမခ) မေ ၂၁၊ ၂၀၁၇   အင်စတီကျူးရှင်း INSTITUTION ဆိုတဲ့အင်္ဂလိပ်စာလုံးကို အမျိုးမျိုးဘာသာပြန်ကြတယ်။ ချောမွေ့တဲ့မြန်မာဝေါဟာရရယ်လို့တော့ ကျနော်ဘဝင်ကျတာမရှိသေးပါဘူး။  အဖွဲ့အစည်း မူဘောင် စသဖြင့် ဘာသာပြန်ကြပါတယ်။ ထားတော့။ ကျန်ခဲ့တဲ့နှစ်တွေမှာ ကျနော်တို့ပါးစပ်ဖျားက မချကြတဲ့စကားလုံးပေါ့။  ဒီနာမည်နဲ့စာအုပ်တအုပ်စာစာမူတွေ ကျနော်စုထားပေမယ့်မထုတ် ဖြစ်ပါဘူး။  အဓိကအိုင်ဒီယာကိုတော့ WHY NATIONS Fail စာအုပ်ထဲက တချို့စာအုပ်ကိုဝေဖန်ချက်တွေ မူရင်း စာရေးဆရာနှစ်ယောက်ရဲ့တခြားစာမူတွေကို အမြီးဖြတ်ခေါင်းဖြတ် တချို့ လည်းလုံးစေ့ပတ်စေ့ ဘာသာပြန် ရေးခဲ့တဲ့စာမူတွေပါ။ စာအုပ်ဝေဖန်ရေးတွေကို အရင်ဖတ်ရင်း၊ အွန်လိုင်းမှာလိုက်ဖွရင်း နောက်ဆုံး ပီဒီအက်ဖိုင်ရခဲ့ပါတယ်။ ကျားကုတ်ကျားခဲ ကြိုးစားဖတ်ခဲ့ပါတယ်။ ဒီအချိန်မှာပဲ အဲ့အချိန်က သမ္မတကြီးဦးသိန်းစိန်ကို စာပေသမား လည်းဟုတ် ပညာတတ်စီးပွားရေးသမားတယောက်က လက်ဆောင်ပေးဖို့ရည်ရွယ်နေတဲ့ သတင်းဆောင်း ပါးတပုဒ်ဖတ်ရပါတယ်။ နောက်တော့...

Read more »

ညီစောလွင်-တန်းစီခြင်း

May 20, 2017
ညီစောလွင်-တန်းစီခြင်း

Google ညီစောလွင် – တန်းစီခြင်း (မိုးမခ)၊ မေ ၂၀၊ ၂၀၁၇ တန်းစီခြင်းမှာ တိရိစ္ဆာန်​​တွေက လူထက်​သာတယ်​လို့​ပြောနိုင်​ပါတယ်​။ ပုရွက်​ဆိတ်​တွေ၊ ခါချဉ်​​ကောင်​​တွေ၊ ဆိတ်​​တွေ၊ နွား​တွေ၊ သိုး​တွေ စသဖြင့်​ တန်းစီကြတာကို သတိထားကြည့်​ရင်​ ဒီကိစ္စရှင်းပါတယ်​။ ဓာတ်​ကြိုး​​မှာ ငှက်​​တွေနား​နေတဲ့အခါ တန်းစီတဲ့သ​ဘောကို ​တွေ့ ရနိုင်​ပါတယ်​။ ဓာတ်​ကြိုးမှာ တန်းမစီဘဲနဲ့ဘယ်​လို နားမလဲလို့ ​စောဒကတက်​ချင်​သူများရှိပါလိမ့်​မယ်​။ ကျ​နော်​​ဖြေပါ့မယ်​။ တ​ကောင်​ရဲ့​ကျော​မှာ တ​ကောင်​ရဲ့ ​ခေါင်းမှာ တက်​နားချင်​ရင် ​ နားလို့ရပါတယ်​။ ဒါ​ပေမဲ့ ငှက်​​တွေ ဒီလိုမနားကြပါဘူး။ ပုရွက်​ဆိတ်​တွေ၊ ခါချဉ်​​တွေလည်း ဒီလိုပါပဲ။ တ​ကောင်​ရဲ့ ကုတ်​ပိုးမှာ တ​ကောင်​က ခွစီးလိုက်​ပါသွားတာ မျိုး၊ ဆိတ်​​တွေ သိုးတွေ ဒီလိုသွားလာတာမျိုးကို မိတ်​​ဆွေ​တွေ့ဖူးတယ်​ဆိုရင်​ ကျ​နော့်​အဆိုမှား ယွင်း​ကြောင်း ဝန်​ခံပါမယ်​။...

Read more »

ညီစောလွင် -သတင်းသမား ဣနြေ္ဒ ရ/မရ

May 8, 2017
ညီစောလွင် -သတင်းသမား ဣနြေ္ဒ ရ/မရ

  clipartoday.com သတင်းသမား ဣနြေ္ဒရ  ရ / မရ ညီစောလွင်  ။ (မိုးမခ) မေ ၉၊ ၂၀၁၇ တနေ့က မိတ်ဆွေတယောက်က သတင်းသမားအလုပ်က ဣနြေ္ဒရ မရပါဘူးလို့ပြောတော့ စဉ်းစားကြည့်တယ်။ ဟုတ်တယ်လို့ပြောလည်းရတယ်။ မဟုတ်ဘူးပြောလည်းရတယ်။ သတင်းစာဆရာတွေထဲမှာ ၂ မျိုး ၂ စားလုံး ရှိနေတာကိုး။ မြန်မာသတင်းစာဆရာ အကျော်မော်တွေထဲက ကြေးမုံ ဦးသောင်းဆိုပါစို့။ သတင်းစာသမားဘ၀မှာ ဉာဏ်နီဉာဏ်နက်တွေ  လိုရင်ထုတ်ရတဲ့အကြောင်း အတွေ့အကြုံတွေ ရေးခဲ့ပါ တယ်။ ဒါပေမဲ့ လူထုဦးလှ၊ ဂျာနယ်ကျော် ဦးချစ်မောင်တို့လိုသတင်းစာဆရာတွေကျတော့ အလွန်လူကြီးလူကောင်း ဆန်သူတွေပါ။  ဒါကြောင့် သတင်းသမားအလုပ်က ဣနြေ္ဒမရဘူးလို့ပြောရင် တ၀က်မှား၊ တ၀က်မှန်လို့ ကျနော်ယူဆပါ တယ်။ ဒီနေရာမှာ ကိုယ်က ဘယ်လိုသတင်းစာဆရာ ဖြစ်ချင်သလဲဆိုတာတော့ရွေးရမှာပေါ့။...

Read more »

ညီစောလွင် ● စစ်ပွဲထဲက အလှတရားကို ရှာခြင်း

April 19, 2017
ညီစောလွင် ● စစ်ပွဲထဲက အလှတရားကို ရှာခြင်း

ညီစောလွင် ● စစ်ပွဲထဲက အလှတရားကို ရှာခြင်း (မိုးမခ) ဧပြီ ၁၉၊ ၂ဝ၁၇ တနေ့တုန်းက သူငယ်ချင်းတွေ ဝိုင်းဖွဲ့ရင်း ဘာရယ်မဟုတ် ရုပ်ရှင်တွေဘက်ရောက်တယ်။ အင်းဝနဲ့ဟံသာဝတီ စစ်ကို ရုပ်ရှင် ရိုက်နိုင်ရင် ကောင်းမယ်လို့ စိတ်ကူးမိတယ်။ ဇာတ်ညွှန်းကောင်းကောင်းနဲ့ ဆက်တင်ကောင်းကောင်းနဲ့ဆိုရင် ကိုရီးယားဇာတ် လမ်းတွဲထက် ကောင်းအောင်ရိုက်နိုင်ပါတယ်။ နရစွမ်းထက်သာနိုင်သလို ‘သူရဲကောင်း ၃ဝဝ’ လောက် ကောင်းနိုင်ပါတယ်။ နောက်တချက်တော့ မြန်မာပြည်အတွက် ဒီလို ကားမျိုးလိုအပ်ပါတယ်။ လိုရင်းဆိုပါစို့ … ။ အမှာမှာ ဆရာမကြီးဒေါ်ခင်မျိုးချစ်က သမိန်ဗရမ်းစိတ်ဓာတ်ကို ချီးကျူးတယ်။ ဒါနဲ့ပဲ ဒီစာအုပ်က တန်တယ်လို့ဆရာမကြီးက မှတ်ချက်ပေးထားပါတယ်။ အဓိကကတော့ သမိန်ဗရမ်းရဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို ချီးကျူးတာပါ။ စိနသူရဲကောင်း ကာ မနိ (ဂါမဏိ) နဲ့...

Read more »

ညီစောလွင် ● တောက သပိတ်

August 8, 2016
ညီစောလွင် ● တောက သပိတ်

ညီစောလွင် ● တောက သပိတ် (မိုးမခ) သြဂတ်စ် ၈၊ ၂၀၁၆   ၈၈ မှာ မြို့ပေါ်မှာ ဆူပူနေတာနဲ့ ကျောင်းတွေလည်း ပိတ်လိုက်တာဆိုတော့ ကျနော်တို့ မောင်နှမတတွေ ရွာမှာ ပြန်နေကြတယ်။ မြို့ပေါ်မှာတော့ ဝမ်းကွဲအစ်ကိုတွေက သပိတ်ခေါင်းဆောင်တွေ လုပ်ကြတယ်။ ခေါင်းပတ်အနီတွေ စည်းလို့တဲ့၊ ကြားရတယ်။ တနေ့ကျတော့ ရွာက ကျနော့်အစ်မဆီကို စာပို့လာတယ်။ “နင်တို့လည်း သပိတ်လုပ်ကြ၊ မလုပ်ရင် ငါတို့ လာလုပ်မယ်” ဆိုတာမျိုး ရေးလာတယ်။ ဒါနဲ့ပဲ ရွာမှာ သပိတ်ကော်မတီတခု ဗြုန်းခနဲပေါ်လာတယ်။ ဆယ်တန်းကျောင်းသူ ကျနော့်အစ်မကြီးနဲ့ သူ့ သူငယ်ချင်းတယောက် သပိတ်ခေါင်းဆောင် လုပ်ကြတယ်။ ကျနော့်ဦးလေးတို့လည်း ရွာကသပိတ်မှာ အရမ်းတက်ကြွတယ်။ ညဘက်ကျတော့ အိမ်မှာ မီးခွက်ကလေးထွန်းပြီး ကျနော့်...

Read more »

ညီစောလွင် – ကဖဲခါးခါး မြို့

July 2, 2015
ညီစောလွင် – ကဖဲခါးခါး မြို့

ညီစောလွင် – ကဖဲခါးခါး မြို့ (မိုးမခ) ဇူလိုင် ၂၊ ၂၀၁၅ ဒီမြို့က ဥပဒေစိုးမိုးတယ်။ ရဲတွေ လာဘ်ပေးလာဘ်ယူကင်းတယ်။ လူတွေ စည်းကမ်းရှိတယ်။ မြို့ခံ တွေက မာနကင်းပြုံးရွှင်တယ်။  ဖော်ရွေ ကူညီတတ်တယ်။ ဥပမာ ဆိုပါတော့။  ခင်ဗျား ဆိုင်ကယ် လမ်းဝက်မှာ ဆီကုန်သွားတယ်ဆိုပါတော့။ ပလက်ဖောင်း ဘေးမှာ ဆိုင်ကယ်ကိုတွန်းနေရင် မကြာခင် ဆိုင်ကယ်နဲ့လူငယ်တယောက် ခင်ဗျားနောက် ရောက် လာမယ်။ ပြီးရင် ပြုံးပြုံးချိုချိုနဲ့  အကူအညီလိုသလားလို့မေးပြီး အနီးဆုံးဓာတ်ဆီဆိုင်အထိ လိုက်ပို့ ပေးလိမ့်မယ်။ တပတ်တခါဖွင့်တဲ့ လယ်သမားဈေးကို ခင်ဗျားသွားတယ်ဆိုပါတော့။ ခင်ဗျားကို အလည်လာတဲ့ ဧည့်သည်မှန်းသိရင် ပန်းပွင့်လက်ဖက်ခြောက်ပဲ ၀ယ်ဝယ်။ ဒိန်ခဲပဲဝယ်ဝယ် အိမ်အပြန်လက်ဆောင် ဆိုပြီး အပိုဆောင်း ထည့်ပေးလိမ့်မယ်။ ဒီမြို့က လမ်းတွေသန့်ရှင်းတယ်။...

Read more »

Nyi Saw Lwin – Essay

September 22, 2013
Nyi Saw Lwin – Essay

နောက်ထပ် ရက်ပေါင်း ၁၀၀ ညီစောလွင် စက်တင်ဘာ ၂၂၊၂၀၁၃ *** ကျမတို့ နိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြောင်းကို ပြောင်းရမယ် *** စင်ကာပူ ခရီးမှာ ဒေါ်စု ထပ်ပြောတယ်၊ ဥရောပ ခရီးစဉ်တလျှောက်လုံးမှာလည်း အထပ်ထပ်ကြားပြီးသား ကိစ္စပါပဲ၊ ဒါပေမ့ယ် စင်ကာပူ မိန့်ခွန်းက တခြား မိန့်ခွန်းတွေထက် ထူးခြားတယ်လို့ ကျနော် ထင်တဲ့ တချက်ရှိပါတယ်။ သမတနဲ့ ဒေါ်စုတို့ တွေ့နေတဲ့ ကိစ္စပါ။ လပေါင်းများစွာ သို့လော သို့လောနဲ့ လူတွေ သိချင်နေတဲ့ မေးခွန်းကို ရှင်းရှင်းလင်းလင်း ပြောလိုက်တာပါ။ လွန်ခဲ့တဲ့ လတွေအတွင်းမှာ ဒေါ်စုနဲ့ သမတနဲ့ အကြိမ်ကြိမ်တွေ့ခဲ့တယ်။ တခါမှ သတင်းမထုတ်ပြန်ခဲ့ပါဘူး၊ သတင်းထောက်တွေက မေးတဲ့အခါမှာ ဒေါ်စုက...

Read more »

Nyi Saw Lwin – Essay

September 22, 2013
Nyi Saw Lwin – Essay

ချစ်စနိုးနဲ့ ၀ှက်ထားခဲ့တဲ့ တန်ဖိုးတွေအကြောင်း ညီစောလွင် စက်တင်ဘာ ၂၂၊ ၂၀၁၃ ဝေဒအဆုံးအမက ဘုရားမပွင့်ခင်ကတည်းက ရှိခဲ့တဲ့ အယူအဆဖြစ်ပါတယ်၊ နောက်ပိုင်းမှာ ဘုရားရဲ့ ဒကာရင်းဖြစ်သွားတဲ့ အနာထပိဏ်လည်း ဝေဒအဆုံးအမနဲ့ ကြီးပြင်းခဲ့ရတဲ့ သူတော်ကောင်းတယောက်လို့ ဆိုပါတယ်။ ကျေးဇူးရှင် ငါးမျိုးကို ဒီလို ဆိုပါတယ်။ ၁၊ ပထမ ကျေးဇူးရှင်မှာ တရားဓမ္မဖြစ်သည်။ ၂။ ဒုတိယကျေးဇူးဆပ်ရမည့် ကျေးဇူးရှင်မှာ ဝေဒဓမ္မကို ထိန်းသိမ်းစောင့်ရှောက်နေသော သူတော်စင်များဖြစ်၏။ ၃။ တတိယကျေးဇူးဆပ်ရမည့် ကျေးဇူးရှင်မှာ မိဘမျိုးရိုးဖြစ်သည်။ ၄။ စတုတ္ထကျေးဇူးဆပ်ရမည့် ကျေးဇူးရှင်မှာ ပတ်ဝန်းကျင်ရှိသော လူသားများဖြစ်သည်။ ၅။ပဉ္စမကျေးဇူးဆပ်ရမည့် ကျေးဇူးရှင်မှာ ရေမြေ တောတောင်နှင့် ကျေးငှက်တိရစ္ဆာန်များဖြစ်၏။ ၁ ကနေ ၄ အထိ Principle အရ ဘာသာတရားအားလုံးရဲ့...

Read more »

Nyi Saw Lwin – Essay

August 8, 2013
Nyi Saw Lwin – Essay

တောက သပိတ် ညီစောလွင် သြဂုတ် ၈၊ ၂၀၁၃ ၈၈ မှာ မြို့ပ်ါမှာ ဆူပူနေတာနဲ့ ကျနော်တို့ မောင်နှမတတွေ ရွာမှာ ပြန်နေကြတယ်။ မြို့ပေါ်မှာတော့ ၀မ်းကွဲအစ်ကိုတွေက သပိတ်ခေါင်းဆောင်တွေ လုပ်ကြတယ်၊ ခေါင်းပတ်အနီတွေ စည်းလို့တဲ့၊ ကြားရတယ်။ တနေ့ကျတော့ ရွာက ကျနော့်အစ်မဆီကို စာပို့လာတယ်။ “နင်တို့လည်း သပိတ်လုပ်ကြ၊ မလုပ်ရင် ငါတို့ လာလုပ်မယ်” ဆိုတာမျိုး ရေးလာတယ်။ ဒါနဲ့ပဲ ရွာမှာ သပိတ်ကော်မတီ တခု ဗြုန်းကနဲ့ပေါ်လာတယ်၊ ဆယ်တန်းကျောင်းသူ ကျနော် အစ်မကြီးနဲ့ သူ့ငယ်ချင်း တယောက် သပိတ်ခေါင်းဆောင် လုပ်ကြတယ်။ ကျနော် ဦးလေးတို့လည်း ရွာက သပိတ်မှာ အရမ်းတက်ကြွတယ်။ ညဘက်ကျတော့ အိမ်မှာ မီးခွက်ကလေး ထွန်းပြီး ကျနော့်...

Read more »

Nyi Saw Lwin – Articles

July 29, 2013
Nyi Saw Lwin – Articles

ဟံသာဝတီ ဦးဝင်းတင် (သို့မဟုတ်) အရေးတော်ပုံ တပ်သား (၃) ညီစောလွင် ဇူလိုင် ၂၉၊ ၂၀၁၃ မေး။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကျရင် ဆရာတို့ ပါတီက အများစု နိုင်မယ်လို့ ဘယ်လောက်အထိ ယုံကြည်ထားလဲ။  ဖြေ။ ကျနော်တို့ နေရာအများစုမှာ အနိုင်ရမယ်လို့ ယုံကြည်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်း ကျနော်တို့ နေရာအများစုမှာ အနိုင်ရခဲ့တယ်။ အဲဒီအချိန်တုန်းက ကျနော်တို့ ပါတီက ဖွဲ့စည်းခါစ၊ အခြေတည်ခါစ၊ သက်တမ်းက အလွန် နုသေးတယ်။ ကျနော်တို့ဆီမှာ အဖွဲ့အစည်းနောက်ခံဆိုလို ဘာဆို ဘာမှ မရှိသေးတဲ့အချိန်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလမှာ ပါတီကို ဖွဲ့ခဲ့တယ်။ ရွေးကောက်ပွဲက ၁၉၉၀ မှာ ကျင်းပတယ်။ အချိန်က အရမ်းတိုတယ်၊...

Read more »

Nyi Saw Lwin – Articles

July 28, 2013
Nyi Saw Lwin – Articles

ဟံသာဝတီ ဦးဝင်းတင် (သို့မဟုတ်) အရေးတော်ပုံ တပ်သား (၂) ညီစောလွင် ဇူလိုင် ၂၈၊ ၂၀၁၃ မေး။ ဆရာ ငယ်ငယ်တုန်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဆုံခဲ့တဲ့အကြောင်း၊ ဆရာ့ဘ၀အပေါ် သက်ရောက်မှုရှိခဲ့တယ်လို့ဆိုတော့ အဲ့ဒီအ ကြောင်းကို ပြောပြပါဦး။  ဖြေ။ အဲဒါက ကြာခဲ့ပြီပေါ့ဗျာ။ အဲဒီအချိန်တုန်းက ကျနော် အင်မတန် ငယ်သေးတယ်။ အသက် ၁၅ နှစ် လောက်ပဲ ရှိဦးမယ်။ ကျနော်တို့တွေ ရွာကလေးတရွာမှာ နေကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ရှေ့တန်းထွက်နေတဲ့ အချိန်ပေါ့။ ကျနော့် ဦးလေးတယောက်ကလည်း ဗိုလ်ချုပ် အောင်ဆန်းရဲ့တပည့်တွေထဲက တယောက်ပါပဲ။ အဲဒီအချိန်မှာ မဟာမိတ် စစ်လေယာဉ်၊ စစ်သဘောင်္တွေကလည်း ပစ်နေခတ်နေတဲ့အချိန် ပေါ့ဗျာ။ သူတို့တွေ ညတွင်းကြီး ပြန်လာကြတယ်။ ပြီးတော့ ကျနော်တို့ရွာမှာ...

Read more »

Nyi Saw Lwin – Articles

July 27, 2013
Nyi Saw Lwin – Articles

ဟံသာဝတီ ဦးဝင်းတင် (သို့မဟုတ်) အရေးတော်ပုံ တပ်သား ညီစောလွင် ဇူလိုင် ၂၇၊ ၂၀၁၃ ‘ကျနော် ဘာကို ဆိုလိုသလဲဆိုတာကိုတော့ ခင်ဗျား နားလည်လောက်ပါတယ်” လို့ ဦးဝင်းတင်က ပြောတယ်။ သူပြောတဲ့ အင်္ဂလိပ်စကားက တိုးတိုးညင်သာ..။ တချက်တချက်လည်း တိမ်ဝင် သွားတတ်တယ်။ အပြင်မှာ ရွာနေတဲ့ မိုးစက်တွေက အိမ်ခေါင်မိုးပေါ်ကို တဖျောက်ဖျောက်နဲ့ ကျနေတယ်။ နေမြင့်လာချိန်မှာတော့ မိုးက တဖြည်းဖြည်းတော့ အရှိန်လျှော့ကျ စပြုလာတယ်။  “ ကျနော်က အိုပြီဗျ၊ မှတ်ဥာဏ်တွေလည်း မကောင်းတော့ဘူး။ စကားလုံးတွေ၊ အလင်္ကာတွေ၊ အသုံးအနှုန်း၊ အတွဲအစပ်၊ အတွေးအခေါ်တွေ မေ့ကုန်တာတွေလည်း အများကြီးပဲ” လို့ ဦးဝင်းတင်က ပြောတယ်။  ဦးဝင်းတင်ဆိုတာက ရာသက်ပန် ဂျာနယ်လစ်ကြီး…။ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်