တူမောင်ညို

တူမောင်ညို – အဂတိလိုက်စားမှု “ ကြီးကြီးလား – သေးသေးလား ”

May 16, 2017
တူမောင်ညို – အဂတိလိုက်စားမှု “ ကြီးကြီးလား – သေးသေးလား ”

တူမောင်ညို – အဂတိလိုက်စားမှု “ ကြီးကြီးလား – သေးသေးလား ” (မိုးမခ) မေ ၁၆၊ ၂၀၁၇ “ အဂတိလိုက်စားမှု” အကြောင်းတင်ပြချင်တာပါ။ ဒါကြောင့် အခုလို နိဒါန်းပျိုးပါတယ်။ အကြင် စစ်အုပ်စုတစ်စုစုက စစ်တပ်ကို ချုပ်ကိုင်ပြီး အာဏာသိမ်းပိုက်မှုတိုင်းမှာ မျက်နှာစာ နှစ်ဖက်ပါရှိ တတ်ပါတယ်။ ပထမတစ်ဖက်က တိုင်းပြည်ကို ချောက်ထဲကျဖို့ လက်မတင်အခြေအနေကနေ အချိန်မီကယ်တင်လိုက်တဲ့ ကယ်တင်ရှင်ဟာ သူတို့ပဲဖြစ်တယ်ဆိုတဲ့ ကြွားလုံးထုတ်ပြီး နိုင်ငံရေးအရ မင်္ဂလာယူတဲ့ဘက်။ အခြားတစ်ဖက်ကတော့ တိုင်းပြည်ရဲ့အသက်သွေးကြော စီးပွာရေးလုပ်ငန်းကြီးတွေမှန်သမျှကို လက်ဝါးကြီးအုပ်သိမ်းယူတာနဲ့အဂတိလိုက်စားမှုဆိုတဲ့ဘက်ပါပဲ။ ဒီမျက်နှာစာနှစ်ဖက်ဟာ ဒင်္ဂါးပြားတစ်ချပ်ရဲ့ခေါင်းနဲ့ပန်းလိုပဲ ဘယ်လိုမှ ခွဲခြားလို့ မရစကောင်းပါဘူး။ ပြီးတော့ စစ်တပ်အာဏာသိမ်းပိုက်မှုတိုင်းရဲ့နိုင်ငံတကာလက္ခဏာလည်းဖြစ်ပါတယ်။ စစ်တပ်ကို ချုပ်ကိုင်ပြီး နိုင်ငံရေးအာဏာ ကို အတင်းအဓမ္မသိမ်းပိုက်လုယူထားတဲ့ စစ်အုပ်စုတိုင်းဟာ တိုင်းပြည်ရဲ့အသက်သွေးကြောစီးပွားရေးလုပ်ငန်းမှန်သမျှ...

Read more »

တူမောင်ညို – “အမျိုးသားရေး” အစစ်နဲ့အတု

May 13, 2017
တူမောင်ညို – “အမျိုးသားရေး” အစစ်နဲ့အတု

Photo – Irrawaddy တူမောင်ညို – “အမျိုးသားရေး” အစစ်နဲ့အတု (မိုးမခ) မေ ၁၃၊ ၂၀၁၇ “အမျိုးသား” ဆိုတဲ့ဝေါဟာရကို မြန်မာစာအဖွဲ့က ထုတ်ဝေတဲ့၊ မြန်မာအဘိဓာန် (ဒုတိယအကြိမ် ပြင်ဆင်ဖြည့်စွက် ပုံနှိပ်ခြင်း) ထဲမှာ ၁၊ နိုင်ငံတစ်ခုတည်းတွင် ဘိုးစဉ်ဘောင်ဆက် အတူတကွနေထိုင်လာကြသူများ။ ၂၊ လူမျိုး ၃၊ ယောက်ျား — တို့ကို ယဉ်ကျေးဖွယ်ရာ ခေါ်သောအသုံးအနှုန်းဆိုပြီး ဖွင့်ဆိုထားပါတယ်။ “အမျိုးသားစိတ်” ဆိုတာကိုတော့ “တိုင်းပြည်နှင့်လူမျိုး၏ အကျိုးကို ဆောင်ရွက်လိုစိတ်” လို့ ဖွင့်ဆို ဖော်ပြထားပါတယ်။ ဒီတော့ အထက်မှာဖော်ပြထားတဲ့ ရှေ့နောက်အနက် အဓိပ္ပာယ်တွေကို ဆက်စပ်ပြီး “အမျိုးသားရေး” ဆိုတဲ့ ဝေါဟာရကို အဓိပ္ပာယ်ဖွင့်ဆိုကြည့်မယ်ဆိုရင် “တိုင်းပြည်နှင့်လူမျိုး၏အကျိုးကို ဆောင်ရွက်သော အရေးအရာ” လို့...

Read more »

တူမောင်ညို – သူတို့ပြောနေတဲ့ “အမျိုးသားရေးနဲ့ အမျိုးသားနိုင်ငံရေး” ဘာလဲ

May 6, 2017
တူမောင်ညို – သူတို့ပြောနေတဲ့ “အမျိုးသားရေးနဲ့ အမျိုးသားနိုင်ငံရေး” ဘာလဲ

တူမောင်ညို – သူတို့ပြောနေတဲ့ “အမျိုးသားရေးနဲ့ အမျိုးသားနိုင်ငံရေး” ဘာလဲ (မိုးမခ) မေ ၆၊ ၂၀၁၇ ဒီတိုင်းပြည်မှာ “အမျိုးသားရေးနဲ့အမျိုးသားနိုင်ငံရေး”ကို ကံထရိုက်ဆွဲပြီး ပြောနေ၊လုပ်နေတဲ့အုပ်စု ၃ ခုရှိနေတာ အထင်အရှား တွေ့ရပါတယ်။ ၁။ စစ်အုပ်စု ၂။ ကြံ့ခိုင်ရေးပါတီ ၃။ သင်္ကန်းဝတ်များ (မဘသ) ဒီအုပ်စု ၃ ခုထဲမှာ ပင်ရင်းအုပ်စုက “စစ်အုပ်စု” ဖြစ်ပြီး။ ကျန်တာ နှစ်ခုက စစ်အုပ်စုရဲ့ လက်ခွဲတွေသာဖြစ်ပါတယ်။ ဒါ့အပြင် စပွန်ဆာပေးမွေးမြူထားတဲ့ အခြားသောကိုင်းဖျားကိုင်းနားလက်ခွဲလေးတွေရှိပါသေးတယ်။ အဲဒီ အုပ်စု ၃ စု နဲ့ သူတို့ အော်ဟစ်နေတဲ့ “အမျိုးသားရေးနဲ့အမျိုးသားနိုင်ငံရေး” ကို လေ့လာကြည့်ရအောင်ပါ။ ပထမအချက်အနေနဲ့ သူတို့ပြောနေတဲ့ “အမျိုးသားရေးနဲ့ အမျိုးသား နိုင်ငံရေး” ဘာလဲ ဆိုတာကို...

Read more »

တူမောင်ညို – အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်း အပိုင်း (၁၄)

April 30, 2017
တူမောင်ညို – အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်း အပိုင်း (၁၄)

တူမောင်ညို – အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်း အပိုင်း (၁၄) (မှိုင်းဝနေတဲ့ မီးပုံးပျံလို ဝန်းရံသူအသစ်တွေနဲ့ ) (မိုးမခ) ၂၀၁၇ ခုနှစ်၊ ဧပြီလ ၃၀ ရက် ဒီကနေ့ အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်းရဲ့ ဇာတ်လမ်းအစဟာ “ဝင် – ပြင်”လား (သို့မဟုတ်) “ပြင်-ဝင်” လားဆိုတဲ့ လမ်းကြောင်းနှစ်သွယ်ရွေးချယ်ရာကနေ စတင်ခဲ့တာပါ။ ဒီချုပ်ဗဟိုကော်မတီဝင်များရာအစုက “ဝင် – ပြင်”လမ်းကြောင်းကို ရွေးချယ်ခဲ့ကြ တယ်။ တကယ်တော့ “ပြင် – ဝင်”လမ်းကြောင်းဟာ ဦးဝင်းတင်ရဲ့လမ်းဖြစ်တယ်။ ပြည်သူကိုမျက်နှာမူတဲ့လမ်း၊ ပြည်သူကိုဗဟိုပြုပြီး စစ်အုပ်စုရဲ့ အာဏာအမွေခံတွေနဲ့ အကျိတ်အနယ် ဆွေးနွေးစီးချင်းထိုးရမယ့်လမ်းဖြစ်တယ်။ ဒါပေမယ့် ဒီလမ်းကို ဒီချုပ်ပါတီက မရွေး ချယ်ခဲ့ပါဘူး။ ဒီအတွက် “ရွှေဂုံတိုင်ကြေညာစာတမ်း” ဟာ သဲထဲသွန်တဲ့ရေပမာဖြစ်ခဲ့ရတယ်။ ပြည်သူတွေမနာကျင်တဲ့လမ်းဆိုတာ သမိုင်းမှာ...

Read more »

တူမောင်ညို – “ (NCA) လမ်းကြောင်း” နဲ့ “ပန်ခမ်းလမ်းကြောင်း”

April 22, 2017
တူမောင်ညို – “ (NCA) လမ်းကြောင်း” နဲ့ “ပန်ခမ်းလမ်းကြောင်း”

  တူမောင်ညို – “ (NCA) လမ်းကြောင်း” နဲ့ “ပန်ခမ်းလမ်းကြောင်း” (မိုးမခ) ဧပြီ ၂၂၊ ၂၀၁၇ ဧပြီလ ၁၉ ရက်နေ့စွဲနဲ့ “ စတုတ္တအကြိမ်ပန်ခမ်းကြေညာချက်” ဆိုတာ ထွက်ပေါ်လာပါတယ်။ ဒီကြေညာချက်ထဲမှာ အချက် ၈ ချက်ပါရှိပြီး အောက်ပါ အချက် ၃ ချက်ဟာ အဲဒီကြေညာချက်ရဲ့အဓိက အကြောင်းအရာဖြစ်မယ်လို့ ယူဆပါတယ်။ “ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ” ဖွဲ့စည်းအတည်ပြုခြင်း “ နိုင်ငံရေးဆွေးနွေးမှုအပေါ် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ အထွေထွေမူဝါဒနှင့် ရပ်တည် ချက်” ကို အတည်ပြုပြီး” ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နှင့် ဆွေးနွေး ညှိနှိုင်းမည့် ဘုံစာတမ်းအဖြစ် အတည်ပြု။” “ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ” ၏ အဖွဲ့ဝင်အဖွဲ့အစည်းများသည်...

Read more »

တူမောင်ညို ● ပါတီနိုင်ငံရေးနဲ့ နိုင်ငံရေးပါတီ

April 15, 2017
တူမောင်ညို ● ပါတီနိုင်ငံရေးနဲ့ နိုင်ငံရေးပါတီ

တူမောင်ညို ● ပါတီနိုင်ငံရေးနဲ့ နိုင်ငံရေးပါတီ (မိုးမခ) ဧပြီ ၁၅၊ ၂၀၁၇ စစ်အုပ်စုရဲ့ မဖုံးနိုင်မဖိနိုင်တဲ့ အာဃာတနဲ့ အညှိုးအတေးတွေထဲမှာ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးသမားတွေအပေါ်ထားရှိတဲ့ အာဃာတနဲ့ အညှိုးအတေးကလည်း တခုအပါအဝင်ဖြစ်ပါတယ်။ “ပါတီနိုင်ငံရေး” ဆိုတာ ယုတ်ညံ့တဲ့လုပ်ရပ်တစ်ခုသဖွယ်ဖြစ်သယောင် စစ်အုပ်စုက ပြစ်တင်ရှုံ့ချလေ့ရှိပြီး၊ မြင့်မြတ်တဲ့ “အ မျိုးသားနိုင်ငံရေး” ကိုတော့ သူတို့ကသာလျှင် လုပ်နိုင်တယ်လို့ အသလွတ်အချောက်တိုက်ဘဝင်မြင့်ပြီး ဝင့်ကြွားတတ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့မှာ ကာချုပ်ဗိုလ်မင်းအောင်လှိုင်က “ပါတီနိုင်ငံရေး” အပေါ် မလိုမုန်းထားတဲ့စစ်အုပ်စုရဲ့ မူလ သ ဘောထားကို “ပါတီနိုင်ငံရေးဆိုသည်မှာ မိမိပါတီအင်အားတောင့်ရေး၊ ပါတီ၏နိုင်ငံရေးအာဏာရရှိရေး၊ ရရှိပြီးသည့် အာ ဏာတည်မြဲရေးတို့ကို အစဉ်တစိုက်ဦးစားပေးနေရသည့်အတွက် အမျိုးသားနိုင်ငံရေးလမ်းကြောင်းမှ သွေဖည်မှုမျိုး၊ တခါ တရံ အမျိုးသားအကျိုးစီးပွားကို လျစ်လျူရှုမှုမျိုးရှိနိုင်ကြောင်း” ...

Read more »

တူမောင်ညို ● ဘာသာ၊ သာသနာမှ ထာဝစဉ် ဖယ်ကျဉ်ပစ်ရမယ့် “ဝီရသူ”

April 6, 2017
တူမောင်ညို ● ဘာသာ၊ သာသနာမှ ထာဝစဉ် ဖယ်ကျဉ်ပစ်ရမယ့် “ဝီရသူ”

တူမောင်ညို ● ဘာသာ၊ သာသနာမှ ထာဝစဉ် ဖယ်ကျဉ်ပစ်ရမယ့် “ဝီရသူ” (မိုးမခ) ဧပြီ ၆၊ ၂၀၁၇ ဖတ်ဖူးတာကြာပါပြီ၊ ဇာတကဝတ္တုတပုဒ်ထဲကပဲဖြစ်မှာပါ။ အတိအကျတော့မမှတ်မိတော့ပါဘူး။ မှတ်မိသလို အတိုချုပ် ရေးသားလိုက်ပါတယ်။ တခါက လယ်သမားတဦးဟာ သူ့စပါးတွေကို ကြွက်တကောင်က နေ့စဉ် ကိုက်ဖောက်စားသောက်နေတဲ့အတွက် ပူပန် သောက ရောက်နေရပါတယ်။ ဒါနဲ့ အဲဒီကြွက်သောင်းကျန်းကို ထောင်ချောက်ဆင်ပြီးဖမ်းဆီးပါတယ်။ ဖမ်းမိတဲ့အခါ တခါထဲ သတ် မပြစ်ဘဲ ကြွက်ရဲ့အမြှီးမှာ အဝတ်စကို ချီပြီး မီရှို့ကာ လွှတ်လိုက်ပါတယ်။ ပူလွန်းလို့ ကြွက်လည်း ပြေးမိပြေးရာပြေးရင်း လယ်သမားရဲ့ စပါးကျီထဲကို ဝင်ပြေးတဲ့အတွက် စပါးကျီတခုလုံး မီးလောင်ပြာကျရတဲ့အဖြစ်ကို ဆိုက်ရောက်သွားရပါတယ်။ အခုလည်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန) နဲ့ ဒီချုပ်အစိုးရအနေနဲ့လည်း သင်္ကန်းဝတ် “ဝီရသူ”...

Read more »

တူမောင်ညို ● အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်း အပိုင်း (၁၃)

April 2, 2017
တူမောင်ညို ● အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်း အပိုင်း (၁၃)

တူမောင်ညို ● အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်း အပိုင်း (၁၃) (ပြောင်းလဲချိန်တန်ပြီမှ ပြည်သူနဲ့အတူသို့) ဧပြီ ၂၊ ၂၀၁၇ “ပြည်သူ” ဆိုတဲ့စကားကို ပြည်သူတွေက စိတ်နာနေကြတာကြာလှပါပြီ။ “ပြည်သူ့အောင်သံပြဇာတ်” ခင်းသွားတဲ့ဆရာကြီး တွေလည်း ကွယ်လွန်ကုန်ကြပါပြီ။ “ပြည်သူပိုင်၊ ပြည်သူ့ဆိုင်၊ ပြည်သူ့လွှတ်တော်၊ ပြည်သူ့ကောင်စီ” ဆိုပြီး “ဆိုရှယ်လစ်အတု” တံဆိပ်ကပ်ပြီး အားလုံးကို လုယက်မောင်ပိုင်စီးခဲ့တဲ့ ဗိုလ်နေဝင်းလည်း သေသွားခဲ့ပြီ။ ဗိုလ်ရွှေမန်း ကလည်း သူပိုင် ဖေ့စ်ဘုတ်မဲဆန္ဒနယ်ကနေ “ပြည်သူများနှင့်” ဆိုပြီး စတေးတပ်စ်တွေ ပလူပျံသလို လွှတ်နေပြန် တယ်မဟုတ်လား။ အခုတခါ ဒီချုပ်ပါတီကလည်း “ပြောင်းလဲ ချိန်တန်ပြီ” ဆိုတဲ့ဆောင်ပုဒ် ကနေ “ပြည်သူနဲ့အတူ” ဆိုတဲ့ဆောင်ပုဒ် အသစ် ပြောင်းလဲသွားပါပြီ။ ထင်သာမြင်သာအရှိဆုံး ဆောင်ပုဒ်ဖြစ်ပါတယ်။အစိုးရပိုင် နေ့စဉ်ထုတ်သတင်းစာကြီးတွေ ရှေ့မျက်နှာဖုံးမှာ စာလုံး...

Read more »

တူမောင်ညို ● “သံတမန်တွေ မျက်နှာအငယ်ရဆုံးကာလ” တဲ့

March 27, 2017
တူမောင်ညို ● “သံတမန်တွေ မျက်နှာအငယ်ရဆုံးကာလ” တဲ့

တူမောင်ညို ● “သံတမန်တွေ မျက်နှာအငယ်ရဆုံးကာလ” တဲ့ (မိုးမခ) မတ် ၂၆၊ ၂၀၁၇ နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA) သက်တမ်း အနှစ် ၇၀ ခရီးဆိုတဲ့ သတင်းစာဆောင်းပါး ဖတ်ရပါတယ်။ ဆောင်းပါးရှင်က ၁၉၈၈ ကနေ ၂၀၁၀ အတွင်းကာလကို “သံတမန်တွေမျက်နှာအငယ်ရဆုံးကာလ” သုံးသပ်ဖော်ပြဝန်ခံ ထားပြီး “သံတမန်ဆိုတဲ့ ဆက်သွယ်ရေးလမ်းကြောင်းဟာ နှစ်နိုင်ငံစစ်ဖြစ်နေရင်တောင် ဖွင့်ထားရတဲ့ဆက်ဆံရေးပေမယ့် အရေးတယူ အဖက်မလုပ်ဘူး၊ မဆက်ဆံဘူးဆိုတဲ့ အခြေအနေမျိုးလည်း ကြုံဖူးသွားရပါတယ်” လို့ ရင်ဖွင့်ထားပါတယ်။ ၁၉၈၈ မှ ၂၀၁၀ ကာလဆိုတာ (နဝတ-နအဖ) စစ်အစိုးရအုပ်စိုးခဲ့တဲ့ကာလဖြစ်ပါတယ်။ “ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်တဲ့ ပြည်ပနိုင်ငံများအားဆန့်ကျင်ကြ၊ ပြည်ပအားကိုးပုဆိန်ရိုး- အဆိုးမြင် ဝါဒီ NLD” ဆိုတဲ့ ဂါထာတော်ကို စစ်အစိုးရက နေ့ညမပြတ် ရွတ်ဖတ်ခဲ့ကြတဲ့ကာလလည်းဖြစ်ပါတယ်။...

Read more »

တူမောင်ညို – အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်း အပိုင်း (၁၂)

March 17, 2017
တူမောင်ညို – အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်း အပိုင်း (၁၂)

တူမောင်ညို – အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်း အပိုင်း (၁၂) ( ဆေးခါးကြီးသောက်ပြီး ခါးသည်းနာကျည်းအောင် မလုပ်နဲ့ ) (မိုးမခ)၂၀၁၇ ခုနှစ်၊ မတ်လ ၁၇ ရက်  အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်းမှာ ဦးနင်းပဲ့ထောင်၊ အိုးနင်းခွက်နင်းနဲ့ ဖြစ်ရပ်မျိုးစုံ အသံဗလံမျိုးစုံ ပေါ်ထွက်နေပါတယ်။ အဲဒီအသံဗလံတွေထဲမှာ ရုတ်ရုတ်သဲသဲ အဖြစ်ဆုံးတစ်ခုကတော့ သံလွင်တံတား (ချောင်းဆုံ) ကို “ဗိုလ်ချုပ်အောင်ဆန်း တံတား” လို့ အမည်ပေးတဲ့ကိစ္စပါပဲ။ ဘယ်လောက်ထိ ရုတ်ရုတ်သဲသဲဖြစ်သလဲဆိုတော့ လွှတ်တော်မှာတင်ပြီး မဲခွဲဆုံးဖြတ်ခဲ့ရတာဖြစ်ပါ တယ်။ သမီးတင်တဲ့ အဆိုကို အဖေက ကန့်ကွက်ဝေဖန်နေပါတယ်။ “၂၀၀၈ အခြေခံဥပဒေနဲ့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ” လမ်းပေါ်မှာ လျှောက်လှမ်းနေသမျှ ဒီလို ကမောက်ကမတွေ တမျိုးပြီး တမျိုးမရိုးရအောင် ကြုံနေ၊ တွေ့နေ၊ ကြားနေရမှာပါ။ ဒီချုပ်ပါတီပြောခွင့်ရ...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်