ဖိုးထက်

ဖိုးထက် ● ခါးတောင်းဘဲ ကျိုက်ချင်သူတွေ

January 26, 2017
ဖိုးထက် ● ခါးတောင်းဘဲ ကျိုက်ချင်သူတွေ

ဖိုးထက် ● ခါးတောင်းဘဲ ကျိုက်ချင်သူတွေ (မိုးမခ) ဇန်နဝါရီ ၂၆၊ ၂၀၁၇ အတိတ်ဟာ အတိတ်ဘဲ။ ထားခဲ့ရမှာဘဲ။ ဆက်လျှောက်ရမှာဘဲ။ အတိတ်ဟာ အနာဂတ်အတွက် သင်ခန်းစာဘဲ။ အတိတ်ကို ပြန်ပြန်ဆွပြီး တုတ်နဲ့ ထိုးနေရင် အနာရင်းတာဘဲ ရှိမယ်။ အနာပျောက်မှာ မဟုတ်ဘူး။ ကိုယ်ရေး ကိုယ်တာ ကိစ္စတွေ ပြောနေတယ် မထင်ပါနဲ့။ လူဇော်၊ လူတတ်၊ လူ့ဆရာကြီးလေသံနဲ့ ပြောနေတယ်လို့လဲ မထင် နဲ့။ ကျွန်တော်ပြောချင်တာက နိုင်ငံရေး။ ဟုတ်ပါ့။ မြန်မာနိုင်ငံအရေး။ ကျွန်တော့်နိုင်ငံအရေး။ စစ်အစိုးရ၊ ပုဆိုးပြောင်းဝတ်အစိုးရခေတ်မှာ ပြည်သူလူထု ဘက်တော်သား ထင်ပေါ်ကြော်ကြားတဲ့ သူရဲကောင်းတွေ၊ လူမ သိ သူမသိ ကြွေလွင့်သွားရတဲ့ သူရဲကောင်းတွေ၊ အညတရ သူရဲကောင်းတွေ အများကြီးဘဲ။ ခေါင်းဆောင်...

Read more »

ဖိုးထက် ● စိန်ပင်းပင် အလွမ်း

May 24, 2016
ဖိုးထက် ● စိန်ပင်းပင် အလွမ်း

ဖိုးထက် ● စိန်ပင်းပင် အလွမ်း (မိုးမခ) မေ ၂၄၊ ၂၀၁၆ နွေရာသီရောက်သည်နှင့် ပြင်းထန်လှသည့်အပူဒဏ်အောက်မှာ သက်ရှိသက်မဲ့တွေ အတုံးအရုံး အလူးအလဲ ခံစားကြရသည်။ ငါနဲ့အဝေးကြီးပါ၊ ငါနဲ့မဆိုင်ပါဘူး စိတ်ထားတွေကြောင့် အမှိုက်တွေကို စွန့်ပစ်ချင်သလို စွန့်ပစ်ကြသည်။ သစ်ပင်တွေကို စိတ်အလိုလောဘအတိုင်း ထင်သလိုခုတ်လှဲကြသည်။ လောဘစိတ်အပူငွေ့ များက ကမ္ဘာကြီးကို မီးမြိုက်ထားသကဲ့သို့။ နွေရောက်သည်နှင့် စိမ်းစိမ်းစိုစိုအရွက်တဖားဖားအပင်ကြီး အချို့ကိုတွေ့ရနိုင်သော်လည်း ရွှင်ရွှင်လန်းလန်းမရှိ။ အပွင့်မဝေ။ ညှိုးတရော်ရော်။ ရက်စက်လွန်းသည့် နွေအပူဒဏ်နှင့် အံတုဖက်ပြိုင်၊ ထီမထင်အမူအရာဖြင့် အပွင့်တွေကို အစွမ်းကုန်ဖူးပွင့် ဝေဆာသည့်အပင်တမျိုးတော့ရှိသည်။ စိန်ပန်းပင်နှင့်စိန်ပန်းပွင့်များ။ နွေအပူကို ဒေါင်းတင်မောင်းတင် ရွဲ့စောင်းပြီးများ ပွင့် ကြလေသလားထင်ရလောက်အောင် စိန်ပန်းပင်က သူတို့၏အရွက်တွေပျောက်သွားလောက်အောင် ဖူးပွင့်ကြသည်။ စိန်ပန်းပင်က ဒူပေဒါပေခံသည်။ ကရိကထမများ။ မျှော်လင့်ချက်တွေလည်းအများကြီးမပေး။ သူ့ဆီက...

Read more »

ဖိုးထက် ● သတိ၊ ပြုပြင်ထိန်းသိမ်းရမှာတွေက များ

May 16, 2016
ဖိုးထက် ● သတိ၊ ပြုပြင်ထိန်းသိမ်းရမှာတွေက များ

ဖိုးထက် ● သတိ၊ ပြုပြင်ထိန်းသိမ်းရမှာတွေက များ (မိုးမခ) မေ ၁၆၊ ၂၀၁၆   ယနေ့ တိုးတက်ပြီးသော ကမ္ဘာ့နိုင်ငံများတွင် maintenance ဆိုသည့် ပြုပြင်ထိန်းသိမ်းရေးကိစ္စအား ငွေကြေးများစွာ၊ လူအင်အားများစွာ၊ စက်မှုအင်အားများစွာဖြင့် ဂရုတစိုက်အရေးပေးကြသည်။ ကျွန်တော်တို့ ရွှေနိုင်ငံကြီးမှာကား…. ကျွန်တော်တို့လူမျိုးသည် ပစ္စည်းကောင်း အလွန်ကြိုက်သည်။ ကုန်ချင်သလောက်ကုန်။ ကောင်းရင်ပြီး ရောစိတ်ထားမျိုးက များသည်။ စားသောက်ဆိုင်ကြီးများ၊ လက်ဖက်ရည်ဆိုင်ကြီးများ၊ စတိုးဆိုင်ကြီးများ အစရှိ သဖြင့် ဆိုင်ကြီး ခန်းကြီးများကို ငွေကုန်ကြေးကျခံတည်ဆောက်ကြသည်။ သုံးစွဲထားသမျှပစ္စည်းတွေက အကောင်းစားတွေချည်း။ အပေါစား တခုမှ မပါ။ မြန်မာပြည်ကသူဌေးများလောက် အကောင်းကြိုက်တတ်တာ မြန်မာပြည်က သူဌေးများပဲရှိပေလိမ့်မည်ဟု မှတ်ချက်ရဲရဲကြီး ပေးချင်သည်။ မိမိစီးပွားရေးအတွက် ဘတ်ဂျက် မသတ်မှတ်ထား။ ဒါလေးက ပိုကောင်းတယ်ဆိုရင် ဒါလေးပဲ...

Read more »

ဖိုးထက် – မှန်ကန်စွာ မဘသ ကြပါ

April 26, 2016
ဖိုးထက် – မှန်ကန်စွာ မဘသ ကြပါ

Photo – 7Day Daily ဖိုးထက် – မှန်ကန်စွာ မဘသ ကြပါ (မိုးမခ) ဧပြီ ၂၆၊ ၂၀၁၆ ယခုခေတ် အခြေအနေအရ မဘသ (၀ါ) အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး စကားလုံးကိုတွေ့တာနှင့် ကြီးစွာ သတိထားရသည်။ အာရုံခြောက်ပါးအား အစွမ်းကုန် စွန့်ထားရသည်။ ဟုတ်ပါ့မလား၊ မဟုတ်ဘူးလား။ မှန်ပါ့မလား ရှိသမျှ ဥာဏ်အခံလေးဖြင့် စူးစမ်း ဆင်ခြင်ရသည်။ အမှန်တကယ်သာဆို အမျိုးဘာသာ သာသနာ စောင့်ရှောက်ခြင်းသည် ကောင်းသည့် ကိစ္စဖြစ်၏။ သာဓု အကြိမ်ကြိမ် ခေါ်သင့်သော ကိစ္စလဲ ဖြစ်ပေ၏။ အဆိုပါ အမျိုးဘာသာ သာသနာ စောင့်ရှောက်ခြင်း လုပ်ငန်းကြီးကို မြန်မာနိုင်ငံ၏ အထင်ကရ၊ စံတင်ရမည့် ပုဂ္ဂိလ်ကြီး...

Read more »

ဖိုးထက် – မသိခြင်း ချေးအထပ်ထပ်

April 18, 2016
ဖိုးထက် – မသိခြင်း ချေးအထပ်ထပ်

ဖိုးထက် – မသိခြင်း ချေးအထပ်ထပ် (မိုးမခ) ဧပြီ ၁၈၊ ၂၀၁၆ ဆရာတော် ဦးဝိဝေက၏ သုံးဆင့် လည်ပေါ် ဘုန်းတော်ကြီးကျောင်းတွင် ဒုလ္လဘရဟန်းခံသည့် ဦးပဇင်းများ၊ မယ်သီလရှင်များ၊ သင်္ကြန်တွင်း တရားစခန်းဝင် ယောဂီများဖြင့် စည်စည်ကားကား သိုက်သိုက် ၀န်းဝန်း ရှိနေ၏။ ဆရာတော်၏ ကျောင်းက တွံတွေးမြို့နယ်၊ တန်းလျားလေး ကျေးရွာတွင် တည်ရှိသည်။ နိုင်ငံကျော် အနုပညာရှင် အဆိုတော် တွံတေးသိန်းတန်၊ မယ်ဒလင် တစ်လုံးတည်းဖြင့် လုပ်စားသွားသည့် နောက်ထပ် နိုင်ငံကျော် တွံတေးအဆိုတော်၊ တွံတေး မြေအိုးများ၊ တွံတေးဝါးများ ထွက်ရှိသည့် တွံ့တေးမြို့နှင့် တန်းလျားလေး ကျေးရွာသည် နီးနီးကပ်ကပ် တည်ရှိသော်လည်း ရွာကလေးက တကယ့် ပီဘိရွာကလေး။ အမှန်တကယ်သာဆိုလျှင် တန်းလျားလေးရွာကလေးက ရန်ကုန်မြို့အလယ်...

Read more »

ဖိုးထက် – အိပ်မက်ထဲက ကားကြီး

April 10, 2016
ဖိုးထက် – အိပ်မက်ထဲက ကားကြီး

ဖိုးထက် – အိပ်မက်ထဲက ကားကြီး (မိုးမခ) ဧပြီ ၁၀၊ ၂၀၁၆ မြန်မာစကား ပီပီသသ၊ ရှင်းရှင်းလင်းလင်းကြီးရှိပါလျက်နဲ့ ဘာသာခြား စကားလုံးများကို မြန်မာမှုပြုကြသောအခါ အချို့က အလွဲကြီး လွဲကြသည်။ သိသိကြီးနဲ့ မှားကြသလော၊ ဂရုမပြုမိသဖြင့် မှားကြသလော၊ နမော်နမဲ့ကြောင့် မှားကြသလော၊ လူရေးလူရာ ၀င်ချင်လွန်းသဖြင့် မှားကြသလော။ လွဲတာတော့ အတော်လွဲကြသည်။ Main Sponsor ကို မိန်းစပွန်ဆာဟု နိုင်ငံအဆင့်ပွဲထက်က စင်မြင့်ပေါ်မှာ ထပ်ပြန်တလဲလဲ ပြောကြသည်။ “အဓိက ကူညီပံ့ပိုးသူ” ဆိုသည့် အားအင်ပြည့်ဝသည့် မြန်မာဘာသာဖွင့်ဆိုချက်ရှိပါလျက်နဲ့ စပွန်ဆာ၊ စပွန်ဆာလုပ်နေကြတာ ဘယ်သူများ စပွန်ဆာလိုချင်နေကြသလဲလို့ နောက်တောက်တောက် တွေးမိသည်။ ရှိစေတော့။ အခြားသော နယ်ပယ်တွေမှာ ဘာသာခြား ဘာသာစကားလုံးများကို မြန်မာမှုပြုကြသည်များ မည်ကဲ့သို့ရှိသည်...

Read more »

ဖိုးထက် – ထိုင်ကြည့်နေရတဲ့ မယုံကြည်ရခြင်းများ

April 8, 2016
ဖိုးထက် – ထိုင်ကြည့်နေရတဲ့ မယုံကြည်ရခြင်းများ

  ဖိုးထက် – ထိုင်ကြည့်နေရတဲ့ မယုံကြည်ရခြင်းများ (မိုးမခ) ဧပြီ ၈၊ ၂၀၁၆ ဘာကိုမှ ယုံလို့ မရတာ ကြာပြီလေ။ ကြာဆို ကျွန်တော် မွေးကတည်းက ဆိုကြပါစို့ရဲ့။ သူများတွေကလည်း ကျွန်တော့်ကို မယုံကြဘူး။ ကျွန်တော်ကလည်း သူများတွေကို မယုံကြည်ဘူး။ အဆိုးမြင်တာပါလို့ ဆိုမလို့လား။ ရပါတယ်။ ခင်ဗျား ထင်ချင်ထင်ပေါ့။ ဒါပေမယ့် မယုံရတဲ့ အကြောင်းအရာတွေ ကျွန်တော် ပြောပြပါအုံးမယ်။ ပထမဆုံး ပြောချင်တာက မြန်မာနိုင်ငံမှာ၊ အထူးသဖြင့် ရန်ကုန်မှာ ကားမောင်းရတဲ့ ကိစ္စ။ ခင်ဗျား သေချာ တွေးကြည့်။ ဘယ်အရာကို ခင်ဗျားယုံကြည်လို့ ရသလဲ။ လမ်းပေါ်ကို ခင်ဗျား ကားမောင်းလာပြီ ဆိုကတည်းက ဘာကိုမှ မယုံနဲ့တော့။ ယုံလို့ မရဘူး။...

Read more »

ဖိုးထက် – ထိုင်ကြည့်နေရတဲ့ မယုံကြည်ရခြင်းများ

March 23, 2016
ဖိုးထက် – ထိုင်ကြည့်နေရတဲ့ မယုံကြည်ရခြင်းများ

 ဖိုးထက် – ထိုင်ကြည့်နေရတဲ့ မယုံကြည်ရခြင်းများ (မိုးမခ) မတ် ၂၃၊ ၂၀၁၆ ဘာကိုမှ ယုံလို့ မရတာ ကြာပြီလေ။ ကြာဆို ကျွန်တော် မွေးကတည်းက ဆိုကြပါစို့ရဲ့။ သူများတွေကလည်း ကျွန်တော့်ကို မယုံကြဘူး။ ကျွန်တော်ကလည်း သူများတွေကို မယုံကြည်ဘူး။ အဆိုးမြင်တာပါလို့ ဆိုမလို့လား။ ရပါတယ်။ ခင်ဗျား ထင်ချင် ထင်ပေါ့။ ဒါပေမယ့် မယုံရတဲ့ အကြောင်းအရာတွေ ကျွန်တော် ပြောပြပါအုံးမယ်။ ပထမဆုံး ပြောချင်တာက မြန်မာနိုင်ငံမှာ၊ အထူးသဖြင့် ရန်ကုန်မှာ ကားမောင်းရတဲ့ ကိစ္စ။ ခင်ဗျား သေချာတွေးကြည့်။ ဘယ် အရာကို ခင်ဗျားယုံကြည်လို့ရသလဲ။ လမ်းပေါ်ကို ခင်ဗျား ကားမောင်းလာပြီဆိုကတည်းက ဘာကိုမှ မယုံနဲ့တော့။ ယုံလို့ မရဘူး။ ခင်ဗျားရဲ့ အာရုံခြောက်ပါးကို...

Read more »

ဖိုးထက် – ခွေးသားအုပ်မကြီးနှင့် စကား စမြည်

March 18, 2016
ဖိုးထက် – ခွေးသားအုပ်မကြီးနှင့် စကား စမြည်

ဖိုးထက် – ခွေးသားအုပ်မကြီးနှင့် စကား စမြည်     (မိုးမခ) မတ် ၁၈၊ ၂၀၁၆ “ထမင်းနည်းနည်းပိုထည့်၊ ကြက်သား အာလူးဟင်းထည့်၊ ဟင်းရည်နည်းနည်းပိုဆမ်းပေး။ ထမင်းနဲ့ဟင်း ရောသာထည့် လိုက်ရတယ်။ နောက် ကြွပ်ကြွပ်အိတ် တစ်အိတ် အပိုပေးပါအုံး။ သြော်.. နှစ်အိပ်ထပ်ထည့်ခိုင်းတာ မဟုတ်ပါဘူး။ ပေးပါ။ ကျွန်တော့်ကို ပေးလိုက်ပါ။ ဘယ်လောက်ကျသလဲ” ကျသင့်ငွေ ကိုးရာကျပ် ပေးပြီး ကျွန်တော် လှည့်ထွက်ခဲ့သည်။ ထို့နောက် နို့စားနွားမကြီးတွေ၏ နို့ပျင်းတွဲတွဲကြီးတွေလိုမျိုး တွဲကျနေသာ နို့အုံကြီးတွေနှင့် ခွေးသားအုပ်မကြီးကို လိုက်ရှာသည်။ အခုနက တွေ့သမျှလူ အကုန်လုံးအား သူ့ကို အစာ ကျွေးမလားဆိုသည့် ခပ်ရို့ရို့အမူအရာဖြင့် တောင်းပန်ခယ၊ ပရောပရီလုပ်ချင်နေသည့် ခွေးသအုပ်မကြီး။ ဘယ်ရောက် သွားပါလိမ့်။ ဟော..တွေ့ပြီ။ အရှေ့ခပ်လှမ်းလှမ်းမှာ...

Read more »

ဖိုးထက် – ရေးထိုးခဲ့ချင်တဲ့ ကျောက်စာ

March 13, 2016
ဖိုးထက် – ရေးထိုးခဲ့ချင်တဲ့ ကျောက်စာ

ဖိုးထက် – ရေးထိုးခဲ့ချင်တဲ့ ကျောက်စာ (မိုးမခ) မတ် ၁၃၊ ၂၀၁၆ ပုဂံခေတ် စာပေအရေးအသားကို မြန်မာစာနဲ့ မကင်းနိုင်သော မြန်မာများအဖို့ အနည်းနဲ့အများ လေ့လာဖတ်ရှုရသည်။ ကျက် မှတ်ရသည်။ အထင်ရှားဆုံးကား ရာဇကုမာမင်းသား၏ သူ့ဖခမည်းတော်အတွက်ရေးထိုးခဲ့သော ကျောက်စာဖြစ်သည်။ ထီး ဆက် နန်းဆက် အမွေ ဆက်ခံနိုင်ခွင့်မရနိုင်မှန်း ရှင်းရှင်းကြီးသိသော်လည်း မကျန်းမမာသည့် ကျန်စစ်သားမင်းကြီးအတွက် ရည်စူးပြီး လှူတန်းသော သားတစ်ယောက်၏ စိတ်နေစိတ်ထားကို ကျွန်တော် သဘောကျသည်။ နှစ်သက် ကြည်ညိုမိသည်။ ထို့အပြင် ကျွန်တော်စိတ်ဝင်စားသော ကျောက်စာအရေးအသားနှင့် ကျောက်စာရေးထိုးခဲ့သော အမျိုးသမီးနှစ်ယောက် လည်း ရှိသေးသည်။ ထိုသူတို့ကား သိင်္ဃသူ့သမီးနှင့် မိဖုရားဖွားစောတို့နှစ်ဦးဖြစ်သည်။ သိင်္ဃသူ့သမီး၏ အာမနာကျောင်း ကျောက်စာကို သက္ကရာဇ် ၆၂၈ ခုနှစ်တွင် ရေးထိုးခဲ့သည်။...

Read more »

ဖိုးထက် – သွားလေသူများ…ကျွတ်..ကျွတ်..ကျွတ်

March 12, 2016
ဖိုးထက် – သွားလေသူများ…ကျွတ်..ကျွတ်..ကျွတ်

ဖိုးထက် – သွားလေသူများ…ကျွတ်..ကျွတ်..ကျွတ် (မိုးမခ) မတ် ၁၂၊ ၂၀၁၆ အဲဒီနိုင်ငံလေးမှာ သူနေရတာ ဘယ်လိုမှ စိတ်မပျော်။ စိတ်မရွှင်။ စိတ်မလန်း။ တစ်ခုခုတော့ အပြောင်းအလဲလုပ်မှ ဖြစ်တော့ မည်။ အပြောင်းအလဲ လုပ်ပြန်တော့လဲ စိတ်မြန်၊ စိတ်မထိန်းနိုင်သူပီပီ နှစ်ရက် သုံးရက်အတွင်းမှာဘဲ ပြန်မယ်ကွာ ဟု စိတ်ပိုင်းဖြတ်လိုက်သည်။ မြန်မာနိုင်ငံတွင်းမှာ အလုပ်သွားလုပ်နေသည့်  သူ့ Boss အဟောင်း နိုင်ငံခြားသားဆီကို အီးမေးလ် ပို့သည်။ “ကျွန်တော် ပြန်လာမယ်။ အလုပ်ပေးမလား” ဒါဘဲ။ ဟိုဘက်ကလဲ ပြတ်သည်။ သူ့ဆီ အီးမေးလ်ပြန်တာက “I need you. Help me in your country.” တဲ့။ တစ်ပါတ်အတွင်းမှာဘဲ သူလေယာဉ်လက်မှတ်ဝယ်သည်။ လက်ရှိ...

Read more »

ဖိုးထက် – အဝေးဆုံး ရမည်းသင်း

February 17, 2016
ဖိုးထက် – အဝေးဆုံး ရမည်းသင်း

ဖိုးထက် – အဝေးဆုံး ရမည်းသင်း  (မိုးမခ) ဖေဖော်ဝါရီ ၁၇၊ ၂၀၁၆ ”ရမည်းသင်း ရောက်ပြီး ဟိုဘက်က ညီလေး။ ဟေ့..ညီလေး။ ဘေးက ဦးလေးကြီး နှိုးလိုက်စမ်းပါဗျာ အဲဒီ ညီလေးကို။ ရမည်းသင်းရောက်ရင် နှိုးပါလို့ သေချာမှာထားလို့၊ မေ့နေတာဗျာ” စပါယ်ယာဖြစ်သူ၏ ကွမ်းပလုပ် ပလောင်းနှင့် ဆော်အောသံကြောင့် ခရီးသည်များ အားလုံး၏ အကြည့်က သူ့ဆီသို့ ရောက်လာသည်။ ညီလေးဟု အခေါ်ခံရသူမှာ အလွန်ဆုံး ရှိလှ ဆယ့်ကိုးနှစ်။ နှစ်ဆယ်။ လျှာထိုးအုပ်ထုပ်။ ဂျင်းဘောင်းဘီ မီးခိုးရောင်။ ကျောပိုးအိတ်ကို ရင်ဘတ်မှာ ကပ်မှီ အိပ်ပျော်နေတာများ နှစ်နှစ်ခြိုက်ခြိုက်။ လန်းဆန်းတက်ကြွ မျှော်လင့်ချက်ရှိသော လူငယ်တို့၏ အားမာန်အပြည့်ကို အပြစ်ကင်းစွာ အိပ်ပျော်နေသည့် သူ့မျက်နှာလေးပေါ်မှာ တွေ့နေရသည်။ “ဟေ့...

Read more »

ဖိုးထက် – ငှားလို့မရတဲ့ မှတ်စုများ

February 12, 2016
ဖိုးထက် – ငှားလို့မရတဲ့ မှတ်စုများ

ဖိုးထက် – ငှားလို့မရတဲ့ မှတ်စုများ (မိုးမခ) ဖေဖော်ဝါရီ ၁၂၊ ၂၀၁၆ သူများတွေ ဘယ်လို နေကြသည် မသိ။ ကျွန်တော့်အတွက်ကတော့ စာမေးပွဲ နီးလာလေ စိတ်ငြိမ်လေ။ စာတွေ ကြေကြေ ညက်ညက် နားလည် သဘောပေါက်ထားလို့စိတ်ပူစရာ မလိုတဲ့သဘောလားလို့မေးလာလျှင် “ဟင့်အင်း”။ ရှိသမျှ ဘုရား အဆူဆူ ကျိန်ပြောပါရဲ့။ ဘ၀ တစ်လျှောက်လုံး ဘယ်စာမေးပွဲမှ အားရ ပါးရ ဖြေနိုင်တယ်လို့ကို မရှိခဲ့ဘူးပါ။ “ဒါဖြင့်နင့်ဟာ ဘာကို စိတ်ငြိမ်ရတာလဲ” လို့မေးလာရင် ကိုယ့်အကြောင်းကိုယ် အသိဆုံးမို့ပေါ့။ ကျွန်တော်က ငပျင်း။ ဒါပေမယ့်ကောင်းတာက (ကိုယ့်ဘာသာ ထင်တာပေါ့လေ) စာသင်ခန်းထဲ ဆရာ စာရှင်းပြချိန်မှာ သေသေချာချာ နားထောင်၊ လိုက်မှတ်တယ်။ ဆရာ ပြောသမျှ စကားတိုင်းကို...

Read more »

ဖိုးထက် – ဆပ်ကို ဆပ်ရမယ့် အကြွေးများ

February 9, 2016
ဖိုးထက် – ဆပ်ကို ဆပ်ရမယ့် အကြွေးများ

ဖိုးထက် – ဆပ်ကို ဆပ်ရမယ့် အကြွေးများ (မိုးမခ) ဖေဖော်ဝါရီ ၁၀၊ ၂၀၁၆ “မင်း နောက်တစ်ခေါက် ဒီလိုစကားထပ်ပြောရင် ငါနဲ့ကွာရှင်းဖို့ကိစ္စကို အရင်စဉ်းစား” xxxxxx “မင်း အဖေနဲ့အမေကို ငါတို့ထောက်ပံ့နေတာ ငါ တစ်ခွန်းပြောဘူးလား။ မင်းက ငါ့အမေကျမှ ဒီလိုေxာက်စကား ထွက်စရာလား” xxxxxxxx “အေး မိုက်ရိုင်းတာသိရင် ပြီးတာဘဲ။ ငါက အဲဒီလိုကောင်ဘဲ။ အေး..ငါကလဲ မပြောချင်ဘူး။ ဒါဘဲ…” ကိုအေးနိုင် သူ့မိန်းမကို အရင်က ဒီလောက်မငေါက်ဘူးပေ။ စိတ်ဆိုးဒေါသထွက်ရလျှင် စိတ်ဓာတ်အင်အား၊ ကာယအင်အား သတ္တိများ ကုန်တတ်သည့်သဘာဝအရ တစ်ဖက်က သူ့မိန်းမနှင့်စကားများအပြီး ဖုန်းအချမှာ လူက ဟိုက်ကျ မောပန်းနေခဲ့ သည်။ တော်ပါသေးရဲ့။ အခန်းဖော် ပြန်မလာသေးလို့။ ဒါမို့ဆို...

Read more »

ဖိုးထက် – လောဘကြီးတဲ့ ဒီမိုကရေစီ

February 7, 2016
ဖိုးထက် – လောဘကြီးတဲ့ ဒီမိုကရေစီ

  ဖိုးထက် – လောဘကြီးတဲ့ ဒီမိုကရေစီ (မိုးမခ) ဖေဖော်ဝါရီ ၇၊ ၂၀၁၆ ဒီမိုကရေစီ လမ်းစပေါ် နည်းနည်းရောက်လာတော့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ အများကြီး ၀င်လာဖို့ တာစူနေကြသည်။ ဒီနိုင်ငံတွေထဲမှာ တိုးတက်ပြီးသား နိုင်ငံကြီးတွေ ပါသလို အိမ်နီးနားချင်း သူဌေး နိုင်ငံတွေလဲ ပါလာသည်။ အထူးသဖြင့် စင်္ကာပူ နိုင်ငံမှ လုပ်ငန်းရှင်ကြီးများ၊ စကာင်္ပူ အစိုးရ ကျောထောက် နောက်ခံ ကော်ပိုရေးရှင်းကြီးများ ဖြစ်သည်။ သူတို့က ပိုက်ဆံကို ပိုက်ဆံနဲ့ လိုက်နိုင်သော သူများ ဖြစ်ကြသည်။ အခွင့်အရေးကို အမိအရ ယူဖို့ နောက်ခံ ငွေကြေး၊ ပညာ၊ ဓန အင်အား ရှိသူတွေ ဖြစ်သည်။ လူမျိုးတိုင်းမှာ ကောင်းသည့် အကျင့်စရိုက်တွေ ရှိသလို...

Read more »

ဖိုးထက် – မမုန်းချင်တဲ့ တံတိုင်းများ

February 5, 2016
ဖိုးထက် – မမုန်းချင်တဲ့ တံတိုင်းများ

ဖိုးထက် – မမုန်းချင်တဲ့ တံတိုင်းများ (မိုးမခ) ဖေဖော်ဝါရီ ၅၊ ၂၀၁၆ တံတိုင်းတွေ တည်ဆောက် အသုံးပြုခြင်းကို ကျွန်တော်တို့ ဘယ်တုံးက စခဲ့ကြသလဲ။ ကျောက်ခေတ်ကတည်းက စခဲ့မည် ထင်သည်။ သားရဲတိရစ္ဆာန်တွေ၏ ဘေးက လွတ်လွတ်ကင်းကင်း အိပ်စက် အနားယူနိုင်ဖို့ အကာအရံ တံတိုင်းတွေ လုပ်ခဲ့ကြမည်။ အစကတော့ တံတိုင်းခပ်သေးသေး။ နောက်တော့ မျိုးနွယ်စု မတူသော ရန်သူများကိုပါ ကာကွယ်ဖို့ ၀ါးချွန်တွေ၊ သစ်လုံးတွေကို အသုံးပြုပြီး အခိုင် အခံ့ တံတိုင်းကြီးတွေ တည်ဆောက်ခဲ့ကြသည်။ခေတ်တွေ ပြောင်း၊ လူ့သက်တမ်းရင့်လာတော့ ဆူးညှောင့် ခလုတ် ကသင်းတွေ အပြည့် မြုပ်ထားသည့် ရေပြင်ကျယ်ကြီးခြားစေသည်။ ဒါ့အပြင် အားမရသေးဘဲ မြို့ရိုးကြီးတွေ လေးလက် လေးတန်ကာရံထားသည့် ရဲတိုက်ကြီးတွေ၊ တိုင်း နိုင်ငံတွေ...

Read more »

ဖိုးထက် – ၁၉၈၈ ကို ထားခဲ့ပါ (တပ်မတော်ကြီး)

January 25, 2016
ဖိုးထက် – ၁၉၈၈ ကို ထားခဲ့ပါ (တပ်မတော်ကြီး)

ဖိုးထက် – ၁၉၈၈ ကို ထားခဲ့ပါ (တပ်မတော်ကြီး) (မိုးမခ) ဇန်န၀ါရီ ၂၅၊ ၂၀၁၆ အလုပ်က တစ်ဖက်၊ ကျောင်းက တစ်ဖက်၊ ကိုယ်ရေး ကိုယ်တာ ဒုက္ခများက တစ်ဖက် စိတ်မအား၊ လူမအား ဖြစ်သော်လည်း အိပ်ခါနီးတိုင်း နာရီဝက်၊ တစ်နာရီခန့်တော့ စာဖတ်ဖြစ်အောင် ကျွန်တော် ဖတ်ပါသည်။ ဒီလိုမှ မဖတ် ဘယ်လိုမှ ဖတ်ဖြစ်တော့မှာ မဟုတ်။ တမြန်မနေ့က ဖတ်လက်စ စာအုပ် ပြီးသွားတော့ အသစ်ဖတ်စရာ စာအုပ်တစ်အုပ် ထပ်ရှာမိသည်။ စာအုပ် သေတ္တာထဲတွင် ထိုးထည့်ထားတာ ကြာပြီ ဖြစ်သည့် ဆရာ ၀င်းဇော်လတ် ပြုစု တည်းဖြတ်သည့် “သတင်းစာတွေ ပြောတဲ့ ၈၈၈၈ အရေးတော်ပုံ” စာအုပ်ကို ရွေးလိုက်သည်။...

Read more »

ဖိုးထက် – ပါးစပ်…အို ဗျ ပါးစပ်

January 23, 2016
ဖိုးထက် – ပါးစပ်…အို ဗျ ပါးစပ်

ဖိုးထက် – ပါးစပ်…အို ဗျ ပါးစပ် (မိုးမခ) ဇန်န၀ါရီ ၂၃၊ ၂၀၁၆ တက္ကသိုလ်နောက်ဆုံးနှစ်ရောက်တော့ ကျွန်တော်တို့ မေဂျာတွင်းရှိ အတန်းသူ၊ အတန်းသား အားလုံးအတွက် လိပ်စာ စာအုပ်လေး တစ်အုပ် လုပ်ချင်သည်။ အားလုံးကလဲ ဦးဆောင်သာလုပ်။ အရက်ဖိုး၊ ဘီယာဘိုး၊ ကွမ်းဖိုးကလွဲပြီး သူဌေးဖြစ် တင်မရောင်းရင် ပြီးတာဘဲ။ ၀ယ်ကြမယ်ဟု ကတိပေးကြသည်။ ထို့ကြောင့် ကျွန်တော်ဦးဆောင်ပြီး လိပ်စာ စာအုပ်လေး လုပ်သည်။ တိုတိုပြောရလျှင် လူရှစ်ဆယ်ခန့် ရှိသည့် အတန်းသူ၊ အတန်းသားများ အားလုံး၏ passport ဓာတ်ပုံများ နှင့် ကျောင်းပြီးသွားရင် ဆက်သွယ်လို့ ရမည့် လိပ်စာများ လိုက်တောင်းသည်။ (အချို့ကောင်မလေးများက ကျွန်တော့်ကို မယုံသဖြင့် မပေးကြ။ အတော်ကြီး ချော့မော့၊...

Read more »

ဖိုးထက် – တရားဥပဒေ စိုးမိုးရေး အမှိုက်

January 15, 2016
ဖိုးထက်  – တရားဥပဒေ စိုးမိုးရေး အမှိုက်

SAW NGO Cartoon – 2015   ဖိုးထက်  – တရားဥပဒေ စိုးမိုးရေး အမှိုက် (မိုးမခ) ဇန်န၀ါရီ ၁၅၊ ၂၀၁၆ ယနေ့ ရုံးပိတ်ရက် တနင်္ဂနွေနေ့ဖြစ်သည်။ မိုးကလေးတဖွဲဖွဲက မနက်လင်းအားကြီးအချိန်မှစပြီး မရပ်မစဲ မှန်မှန်ကြီး ရွာသွန်းနေသည်။ ထို့ကြောင့် လမ်းမများပေါ်တွင် ရေခပ်စပ်စပ် တင်စပြုနေပြီ။ အလုပ်အား၊ ရုံးအားကြသဖြင့် အချို့လူများက မနက်စာပင် အလွတ်ခံပြီး အိပ်ယာထဲမှာပင် ဆက်ကွေးနေကြသည်။ ရှင်ဘုရင်၏ စည်းစိမ်နှင့်ပင် လဲယူလို့ မရနိုင်သည့် ကြီးစွာသော စည်းစိမ်ကို ခံယူကြသည်။ သို့သော် အချို့လူများမှာကား ဇိမ်မယူနိုင်။ ရုံးအားရက်ကလေးများတွင်မှ အတိုးချ လုပ်ရသည့် အလုပ်ကြီး၊ အကိုင်ကြီးများကို လုပ်ရန်အတွက် မိုးရေတစပ်စပ်၊ ရွှံ့ရေ တဗွက်ဗွက်ကြားမှ ဖြတ်လျှောက်ပြီး...

Read more »

ဖိုးထက် – ဘော်ဒီလိုးရှင်းနှင့် ပြောရေးဆိုခွင့်

January 13, 2016
ဖိုးထက် – ဘော်ဒီလိုးရှင်းနှင့် ပြောရေးဆိုခွင့်

ဘီရုမာ ကာတွန်း ဖိုးထက် – ဘော်ဒီလိုးရှင်းနှင့် ပြောရေးဆိုခွင့် (မိုးမခ) ဇန်န၀ါရီ ၁၃၊ ၂၀၁၆ ဤဒွဒ္ဒြရာကြီးတွင် သတ္တ၀ါ အမျိုးမျိုး ရှိလေသည်။ မျိုးတူ သတ္တ၀ါများတွင် အရောင်အသွေး မည်မျှပင် ကွဲပြား ခြားနားစေကာမူ အဆုံးသတ်တွင် အထီး နှင့် အမ နှစ်မျိုးသာ ကွဲပြားသည်။ ထိုသဘောအရ လူသတ္တ၀ါတွင်လည်း လူဖြူ၊ လူမည်း၊ လူဝါ မည်မျှပင် ကွဲပြားပါစေ လူအထီး နှင့် လူအမ ဆိုသည့် နှစ်မျိုးသာ ရှိလေသည်။ အခြား သတ္တ၀ါများတွင် အထီးနှင့် အမ အဘယ်ကိစ္စများ၊ မည်သို့သော အချက်အလက်များဖြင့် ကွဲပြားခြားနားသည်ဟု မှတ်ချက် ပိုင်ပိုင်ကြီး မချနိုင်သော်လည်း လူအထီး နှင့် လူအမတွင် သိသိသာသာကြီးသော်...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်