လှကျော်ဇော

လှကျော်ဇော – စစ်အာဏာရှင်စနစ်ရဲ့သားကောင်များ

October 10, 2017
လှကျော်ဇော – စစ်အာဏာရှင်စနစ်ရဲ့သားကောင်များ

ကျွန်မဆက်၍ရေးချင်သောဖေဖေအကြောင်းများ ဆောင်းပါးအမှတ်(၄၅)။ လှကျော်ဇော – စစ်အာဏာရှင်စနစ်ရဲ့သားကောင်များ (မိုးမခ) အောက်တိုဘာ ၈၊ ၂၀၁၇ “….. ခင်ဗျားတို့တွေထဲက သူ့စိတ်ကြိုက် ပြည်သူတွေ ပိုသတ်နိုင်မယ်ထင် တဲ့လူတချို့ကို ရာထူးကြီးတွေနှင့် လာဘ်ထိုးခဲ့တယ်။ ဒီလိုနှင့် တပ်ကြပ်ကြီး ကနေ ဗိုလ်မှူးကြီးတွေအထိ နှစ်အနည်းငယ်အတွင်းတိုးပေးဖို့ဝန်မလေးဘူး။ ဒါပေမဲ့ နောက်ထပ်သတ်ဖို့ နောက်လူကိုတင်ပေးဖို့ ရှေ့လူကိုကန်ထုတ်ဖို့ လည်း ဝန်မလေးဘူး။ သူ့စိတ်ကြိုက် ပြည်သူတွေကိုသတ်ဖို့ လက်ရွံ့တဲ့မျိုး ချစ်တွေ အစဉ်အလာရှိခဲ့တဲ့လေးစားခြင်းခံရတဲ့ တပ်မှူးတပ်သားတွေကို တော့ တဦးပြီးတဦး ကန်ထုတ်တယ်မဟုတ်လား။ ဒါတွေကြောင့် ရာထူးကြီးတဲ့လူတွေလည်း စိတ်တထင့်ထင့်နေရတဲ့ဘဝ မဟုတ်လား” …….  (၁၁-၈-၁၉၇၆။ တိုင်းပြည်သို့ တင်ပြချက်။) (ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့။ ကိုယ်တိုင်ရေးအတ္ထုပွတ္တိပေါင်းချုပ်၊ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၊ ယဉ်မျိုး စာပေ၊ နှာ–၃၂၂) “….ထိုအချိန်ကာလ(၁၉၅၆) ခုနှစ်သည်...

Read more »

လှကျော်ဇော ● ခေတ်သစ် မာရှယ်စီမံကိန်း

August 29, 2017
လှကျော်ဇော ● ခေတ်သစ် မာရှယ်စီမံကိန်း

လှကျော်ဇော ● ခေတ်သစ် မာရှယ်စီမံကိန်း (မိုးမခ) သြဂတ်စ် ၂၉၊ ၂၀၁၇ ၂၀၁၃ ခုနှစ်မှာ တရုတ်သမ္မတ ရှီကျင့်ဖင်က တရုတ်-ဥရောပနဲ့ အာရှနိုင်ငံများရဲ့ဖွံ့ဖြိုးတိုးတက်မှု ပိုမိုအရှိန်ရလာစေရန် ပိုးလမ်းမ စီးပွားရေးစင်္ကြန်လမ်းနဲ့ ၂၁ ရာစု ရေကြောင်းပိုးလမ်းမကြီး (ကုန်းလမ်းတကြောင်း-ရေလမ်းတကြောင်း) တည် ဆောက်ရေးအဆိုကို တင်သွင်းလာပါတယ်။ ဒါတွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် တရုတ်က ဒေါ်လာဘီလီယံ (၄၀) နဲ့ “ပိုးလမ်းမရန်ပုံငွေ” ကိုမတည်ပြီး ဒေါ်လာဘီလီယံ (၁၀၀) နဲ့လည်ပတ်မယ့် “အာရှ အခြေခံအဆောက်အအုံ ရင်းနှီး မြှုပ်နှံမှုဘဏ်” (Asian Infrastructure Investment Bank-AIIB) တည်ထောင်ရေးမှာလည်း ရှေ့ဆောင် ရှေ့ရွက်ပြုခဲ့ ပါတယ်။ တရုတ်သမ္မတရဲ့အဆိုပြုချက်ပေါ်ထွက်လာကတည်းက တချို့လူတွေက ဒါဟာ အမေရိကန်ကဖော်ဆောင်ခဲ့ဖူးတဲ့ “မာရှယ် စီမံကိန်း” ကိုတရုတ်က...

Read more »

လှကျော်ဇော ● ဝ တောင်တန်းက သစ္စာပန်းတခက် (ရဲဘော်အီလွတ် သို့မဟုတ် မစန်း)

August 16, 2017
လှကျော်ဇော ● ဝ တောင်တန်းက သစ္စာပန်းတခက် (ရဲဘော်အီလွတ် သို့မဟုတ် မစန်း)

လှကျော်ဇော ● ဝ တောင်တန်းက သစ္စာပန်းတခက် (ရဲဘော်အီလွတ် သို့မဟုတ် မစန်း) (မိုးမခ) သြဂတ်စ် ၁၆၊ ၂၀၁၇ အချိန်က ၁၉၈၄ ခုနှစ် အစောပိုင်းကာလ ….။ နေရာက ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ဗဟိုရုံးနဲ့အရှေ့မြောက်စစ်ဒေသတို့ရုံးစိုက်ရာပန်ဆန်း (ယခုအခေါ်-ပန်ခန်း)။ အဲဒီနေ့က ကျွန်မတို့ရဲ့အရှေ့မြောက်စစ်ဒေသဆေးရုံကြီးမှာ သတင်းတရပ်ပျံ့နှံ့လာပါတယ်။ ကိုနိုင်ဦးကြီး ဝတောင်ခရိုင်က ဝ အမျိုးသမီးလေးတယောက်နဲ့ လက်ထပ်လာပြီဆိုတဲ့သတင်းပါ။ ရှေ့တန်းစစ်ဆင်ရေးတာဝန်တရပ်နဲ့ ဝ တောင်ခရိုင်ဘက် ရောက်သွားတဲ့ အရှေ့မြောက်စစ်ဒေသစစ်ဦးစီးဌာနက ရဲဘော်နိုင်ဦးက အီလွတ်ဆိုတဲ့အမျိုးသမီးလေးနဲ့ တွေ့ဆုံ မေတ္တာ မျှခဲ့ပြီး လက်ထပ်ခဲ့ပါတယ်။ ဒီနောက်မှာတော့ သူက တာဝန်အရ ပန်ဆန်းပြန်လာရာမှာ ယောင်နောက် ဆံထုံးပါပြီး အီလွတ် ကလေးပါ ပါလာတာပါ။ ပန်ဆန်းမြို့နယ်ရုံးမှာရောက်နေကြပြီဆိုတဲ့သတင်းကြောင့် ကျွန်မနဲ့ ဆရာမကြီးဒေါ်ငွေ (စစ်ဒေသ ဆေးရုံ၊ ဒုနိုင်ငံရေးမှူး)...

Read more »

လှကျော်ဇော ● သူစီဒိုက် ထောင်ချောက်ကို ဘယ်လိုကျော်မလဲ

August 2, 2017
လှကျော်ဇော ● သူစီဒိုက် ထောင်ချောက်ကို ဘယ်လိုကျော်မလဲ

လှကျော်ဇော ● သူစီဒိုက် ထောင်ချောက်ကို ဘယ်လိုကျော်မလဲ (မိုးမခ) သြဂတ်စ် ၂၊ ၂၀၁၇ ယခုတလော အမေရိကန်မှာရော တရုတ်ပြည်မှာပါ နိုင်ငံရေးဆွေးနွေးပွဲတွေ ပညာရှင်တွေရဲ့ လေ့လာသုံးသပ်မှု ဆောင်းပါး တွေ စကားဝိုင်းဆွေးနွေးပွဲများ ရုပ်မြင်သံကြားအစီအစဉ်က တွေ့ဆုံမေးမြန်းခန်းတွေမှာ အလွန်ရေပန်းစားပြီး မကြာခဏ ထည့်သွင်း ကိုးကားပြောဆိုနေတဲ့ စကားလုံးတလုံးရှိပါတယ်။ အဲဒါကတော Thucydides Trap တဲ့။ တိုက်ရိုက်အသံဖလှယ်ဘာသာပြန်ရင် ‘သူစီဒိုက် ထောင်ချောက်ပေါ့။ ဘီစီ ၅ ရာစုက အေသင်လူမျိုးများ အရှိန်အဟုန်နဲ့ ကြီး ထွားလာတော့ နဂိုရှိရင်းစွဲ သြဇာအာဏာကြီးမားနေတဲ့ စပါတာလူမျိုးများက စိုးရိမ်ကြောက်လန့်မှုနဲ့အတူအပြိုင်အ                       ဆိုင် အားပြိုင်ရင်းက စစ်ပွဲတွေ ဖြစ်ပွားလာခဲ့ပါတယ်။ ဒီသမိုင်းတွေကို ရေးသားမှတ်တမ်းတင်ခဲ့တဲ့ ဂရိပညာရှင်ကြီး သူစီ ဒိုက်ကိုရည်စူးပြီး ဒီလိုမျိုးဖြစ်စဉ်ကို သူစီဒိုက်ဖြစ်စဉ်လို့ခေါ်ပြီး...

Read more »

လှကျော်ဇော- ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ

July 27, 2017
လှကျော်ဇော- ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ

ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ ဆောင်းပါးအမှတ် (၄၄) လှကျော်ဇော ၊ (မိုးမခ) ဇူလိုင် ၂၇၊ ၂၀၁၇ ဗိုလ်ကျော်ဇောရုပ်ရှင်ရိုက်မယ် ….တဲ့။ အခုတလော စစ်တပ်ကအထိမခံ ရွှေပန်းကန် ဖြစ်နေပြီး ထစ်ခနဲဆို ပုဒ်မ-၆၆(ဃ)နဲ့ဆွဲဖမ်း၊ တရားစွဲ၊ ထောင်ချလုပ်နေတာ တွေတွေ့ရပါတယ်။ သံဝေဂ ရစရာကောင်းပါတယ်။ “ကာလဝိဘက် နောက်ပိုးတက် တယ်” လို့သာသဘောထားကြပါလို့ ဆိုချင်ပါတယ်။ ငရဲမှအပ ဝဋ်အမြဲ ဆိုတဲ့စကားလည်း ရှိမဟုတ်လား။ ————————– လွမ်းလေသမျှက အဖြစ်အပျက်များနဲ့ တဆက်တစပ်တည်း ဖြစ်ခဲ့တဲ့ ကိစ္စရပ်တခုရှိခဲ့ပါတယ်။ ဖေဖေရုပ်ရှင်ရိုက်မယ်… ဆိုတဲ့သတင်းများ ထွက်လာတာပါ။ ၁၉၆၃ခု-နိုဝင်ဘာ (၁၄) ရက်နေ့မှာ-အဲဒီကာလက အုပ်ချုပ်နေတဲ့ စစ်အုပ်စုတော်လှန် ရေးကောင်စီက ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တဖက်သတ် ရပ်ဆိုင်းလိုက်ပါတယ်။ ဒီနောက်မှာတော့ စစ်တပ်ရဲ့ စစ်ဘီးလူး...

Read more »

လှကျော်ဇော ● ၂၁ ရာစုပိုးလမ်းမကြီးအကြောင်း သိကောင်းစရာများ အပိုင်း (၅)

July 3, 2017
လှကျော်ဇော ● ၂၁ ရာစုပိုးလမ်းမကြီးအကြောင်း သိကောင်းစရာများ   အပိုင်း (၅)

လှကျော်ဇော ● ၂၁ ရာစုပိုးလမ်းမကြီးအကြောင်း သိကောင်းစရာများ   အပိုင်း (၅) (မိုးမခ) ဇူလိုင် ၃၊ ၂ဝ၁၇ ● နိဂုံးချုပ် တရုတ်ရဲ့ ဒီမဟာဗျူဟာခြေလှမ်းကို တခြားနိုင်ငံများက ကြည့်မြင်ရာမှာ သက်ဆိုင်ရာနိုင်ငံများရဲ့ ပထဝီအနေအထား အ ခြေခံအတွေးအခေါ် အယူအဆများပေါ်မူတည်ပြီး ကွဲပြားခြားနားမှုတွေရှိပါတယ်။ အထူးသဖြင့် နိုင်ငံရေး၊ စီးပွားရေးပုံစံ ဟောင်းများနဲ့ အလုပ်ဖြစ်နေတဲ့ ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံများက မိမိတို့အကျိုးစီးပွားထိခိုက်မယ်ထင်ပြီး လက်မခံနိုင်ဖြစ်နေပါ တယ်။ ဒါ့အပြင် ဝါဒဖြန့်ချိရေးစက်ယန္တရားတွေကိုလည်း တကမ္ဘာလုံးနဲ့ချီပြီး သူတို့ကကိုင်ထားနိုင်တာဖြစ်လေတော့ သူတို့ ပြောသမျှ၊ လွှင့်သမျှတွေက အပေါ်စီးရနေပါတော့တယ်။ နိုင်ငံရေးသြဇာနဲ့ ဓနအင်အားနည်းပါးတဲ့ နိုင်ငံငယ်၊ လတ်များကလည်း သံသယတွေရှိနေပါတယ်။ အထူးသဖြင့် ယုံကြည်မှု တန်ဖိုးထားမှုများ (values) မတူတဲ့နိုင်ငံများက ပိုသံသယကြီးပါတယ်။ တရုတ် ပါကစ္စတန်စင်္ကြန်လမ်း တရုတ်ရဲ့ဒီ...

Read more »

လှကျော်ဇော ● ၂၁ ရာစုပိုးလမ်းမကြီးအကြောင်း သိကောင်းစရာများ – အပိုင်း (၄)

June 25, 2017
လှကျော်ဇော ● ၂၁ ရာစုပိုးလမ်းမကြီးအကြောင်း သိကောင်းစရာများ – အပိုင်း (၄)

၂၁ ရာစု ပိုးလမ်းကြီးအကြောင်း သိကောင်းစရာများ အပိုင်း(၄) (မိုးမခ)၊ ဇွန် ၂၅၊ ၂၀၁၇    တရုတ်ပြည်ရဲ့အခြေခံရည်ရွယ်ချက်။ သေနင်္ဂဗျူဟာနဲ့ နည်းနာများ။ တရုတ်ကတည်ဆောက်ပေးတဲ့-အာဖရိက-ကင်ညာရှိ-မွန်ဘာဆာနဲ့နိုင်ရိုဘီအကြားရထားလမ်း  ကမ္ဘာမှုပြုခြင်း (သို့မဟုတ်) ဂလိုဘယ်လာဇေးရှင်းအစကို ဗြိတိသျှအင်ပါယာအမှုးပြုတဲ့ အနောက်တိုင်းကိုလိုနီစနစ်က ၁၉ ရာစုနဲ့ ၂၀ ရာစုများ က အုတ်မြစ်ချခဲ့တယ်လို့ သမိုင်းဆရာများက ဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာ အမေရိကန်အမှူးပြုတဲ့ နိုင်ငံစုံ-နိုင်ငံခွကျော်ကော်ပိုရေးရှင်းကြီးတွေ ရဲ့ကမ္ဘာအနှံ့ အလွန်ကြီးမားကျယ်ပြန့်လှတဲ့(အကျိုးအမြတ်လည်းကြီးလှတဲ့) ကမ္ဘာမှုပြုခြင်း ပေါ်ပေါက်လာပါတယ်။ ဒါကို ကမ္ဘာမှုပြုခြင်း ၁.၀ (globalization1.0) လို့ သတ်မှတ်ထားပါတယ်။     ဒီနေ့ (၂၁ ရာစု-အစမှာတော့) ဒီကမ္ဘာမှုပြုခြင်းကိုစတင်ဖော်ဆောင်ခဲ့ပြီး အကျိုးအမြတ်အများကြီးရခဲ့တဲ့ နိုင်ငံများ(ဥပမာ- အမေရိကန်၊ ဗြိတိန်) အပါအဝင် နိုင်ငံအတော်များများမှာတောင် ကမ္ဘာမှုပြုခြင်းကိုဆန့်ကျင်တဲ့ (anti-globalization)  လှုပ်ရှားမှုတွေ၊ အလွန်ကျဉ်းမြောင်းတဲ့...

Read more »

လှကျော်ဇော ● ၂၁ ရာစုပိုးလမ်းမကြီးအကြောင်း သိကောင်းစရာများ – အပိုင်း (၃)

June 23, 2017
လှကျော်ဇော ● ၂၁ ရာစုပိုးလမ်းမကြီးအကြောင်း သိကောင်းစရာများ – အပိုင်း (၃)

လှကျော်ဇော ● ၂၁ ရာစုပိုးလမ်းမကြီးအကြောင်း သိကောင်းစရာများ – အပိုင်း (၃) (မိုးမခ) ဇွန် ၂၃၊ ၂၀၁၇ ● ပိုးလမ်းမကြီးရဲ့ ရှေ့ခရီးအစီအစဉ်များ။ သမ္မတရှီက လွန်ခဲ့တဲ့ (၄) နှစ်တာခရီးအတွင်း ဘယ်လောက်ခရီးပေါက်ခဲ့တယ် ဆိုတာတွေပြောပြီးနောက် ရှေ့မှာ ဘယ်လိုမူတွေနဲ့သွားသင့်တယ်ဆိုတာတွေ ဆက်ပြောပါတယ်။ ပထမခြေလှမ်းကို ခိုင်ခိုင်မာမာအောင်မြင်စွာချပြီးဖြစ်လို့ ပိုမိုကြီးမားတဲ့အောင်ပွဲများရဖို့အတွက် ရှေ့ချီတက်ရာမှာ ဆက် လက်ကိုင်စွဲသင့်တဲ့မူများကတော့ …..    ၁။ ပိုးလမ်းမကိုငြိမ်းချမ်းရေးလမ်းမကြီးအဖြစ် တည်ဆောက်ရန်။ ဒီအတွက် နိုင်ငံတကာဆက်ဆံရေးတွေမှာ ပုံစံသစ်နဲ့ဆက်ဆံကြရအောင်ပါ။  ထိတ်တိုက်ရင်ဆိုင်တွေ့မှုကို ရှောင်ရှားပြီး အ ပြန်အလှန်အကျိုးရှိစေတဲ့ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ကြမယ်။ ပြဿနာပေါ်လာရင် တွေ့ဆုံဆွေးနွေးအဖြေရှာ တဲ့လမ်းကို လိုက်ကြမယ်။ နိုင်ငံအချင်းချင်းကြား ဆက်ဆံရာမှာ ချစ်ကြည်ရင်းနှီးစွာဆက်ဆံပြီး မဟာမိတ်ဖွဲ့ပြီး တခြားနိုင်ငံကို ရန်လုပ်တာမျိုးမလုပ်ဖို့...

Read more »

လှကျော်ဇော ● ၂၁ ရာစု ပိုးလမ်းမကြီးအကြောင်း သိကောင်းစရာများ (အပိုင်း-၂)

June 22, 2017
လှကျော်ဇော ● ၂၁ ရာစု ပိုးလမ်းမကြီးအကြောင်း သိကောင်းစရာများ (အပိုင်း-၂)

လှကျော်ဇော- ရာစုပိုးလမ်းမကြီးအကြောင်းသိကောင်းစရာများ အပိုင်း(၂)။ (မိုးမခ)၊ ဇွန် ၂၂၊ ၂၀၁၇ ပိုးလမ်းမကြီးဆိုင်ရာသမိုင်းအချက်အလက်များ။ ၂၁ ရာစုပိုးလမ်းမအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်-ဖွင့်ပွဲကို ၂၀၁၇ခု မေလ (၁၄) ရက်နေ့က ပီကင်းမှာ ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ တရုတ်သမ္မတရှီကျင့်ဖင်က အဖွင့်မိန့်ခွန်း ပြောရာမှာ- ပိုးလမ်းမရဲ့သမိုင်းကြောင်းက အစချီပြီး ဒီလိုပြောခဲ့ပါတယ်။ …… တရုတ်လူမျိုးများရဲ့ဘိုးဘွားဘီဘင်များဟာ ရှေးနှစ်ပေါင်း(၂၀၀၀)ကျော်ကစလို့ တောတွေတောင်တွေ သဲကန္တာရ တွေကိုဖြတ်ပြီး အာရှ-ဥရောပ-အာဖရိကတို့ကို ဆက်စပ်ပေးတဲ့(ကုန်းတွင်း)ပိုးလမ်းကြီးကို ဖွင့် လှစ်ပေးခဲ့တယ်။ တခါ အရှေ့ဘက်ကမ်းရိုးတန်းများကနေပြီး သဘောင်္များရွက်လွှင့်ကာ သမုဒ္ဒရာတွေကို ဖြတ်ပြီး အနောက်ဘက်အာဖရိက အရှေ့ဘက်ကမ်းခြေများအထိပေါက်ရောက်တဲ့ ရေလမ်းကြောင်း ပိုး လမ်းမကြီးကိုလည်း တည်ဆောက်လမ်းဖွင့်ခဲ့ကြပါတယ်။…. …… အဲဒီလမ်းကြောင်းကြီးတွေကနေ ရှေးတရုတ်လူမျီုးကုန်သည်များဟာ လမ်းခရီးတလျှောက် အပြန် အလှန်ကုန်စည်ရောင်းဝယ်ရေးလုပ်ငန်းများသာမက ယဉ်ကျေးမှုဆိုင်ရာအယူအဆတွေ၊ အတွေးအခေါ် တွေ၊...

Read more »

လှကျော်ဇော ● ၂၁ ရာစု ပိုးလမ်းမကြီးအကြောင်း သိကောင်းစရာများ

June 15, 2017
လှကျော်ဇော ● ၂၁ ရာစု ပိုးလမ်းမကြီးအကြောင်း သိကောင်းစရာများ

လှကျော်ဇော ● ၂၁ ရာစု ပိုးလမ်းမကြီးအကြောင်း သိကောင်းစရာများ (မိုးမခ) ဇွန် ၁၅၊ ၂ဝ၁၇ အခုတလော အတော်လူပြောများနေတဲ့ ၂၁ ရာစုပိုးလမ်းမကြီးအကြောင်း ဖတ်မိသမျှတွေကို ပြန်မျှဝေချင်လာပါတယ်။ တရုတ်ပြည်ကထုတ်ဝေတဲ့ စာစောင်စာတန်းများနဲ့ တရုတ်ဗဟိုရုပ်မြင်သံကြားက ထုတ်လွှင့်တဲ့အစီအစဉ်များက ပြောပြထား တဲ့အချက်များသာဖြစ်ပါတယ်။ ဒါတွေကို အပိုင်း (၅) ပိုင်းခွဲပြီး တင်ပြသွားပါ့မယ်။ (တကယ့်အခိုင်အမာသက်ဆိုင်ရာ နိုင်ငံ များရဲ့ပြည်တွင်းအခြေအနေများနဲ့ ဘယ်လောက်ကိုက်ညီတယ်ဆိုတာတော့မသိပါဘူးလို့ အရင်ဝန်ခံပါရစေ။) မန္တလေး-ဘုရားကြီးကုန်းရွာမှ-မြန်မာ-တရုတ်ရေနံပိုက်လိုင်းစီမံကိန်းရံပုံငွေနဲ့တည်ဆောက်ထားတဲ့သောက်သုံးရေဖြန့်ဝေ ရေးဌာနကရေများ ရွာသူရွာသားများက သယ်ယူနေကြပုံ ● အပိုင်း (၁) ပေကျင်း ရီဗျူးဆောင်းပါး (အကျဉ်း) ဒီဆောင်းပါးကိုရေးဖို့ပြင်ဆင်နေစဉ်မှာပဲ၊ နောက်ဆုံးထုတ်ပေကျင်းရီဗျူး (၁၈-၅-၂ဝ၁၇ နေ့ထုတ်) မှာ မြန်မာ-တရုတ် ရေနံ ပိုက်လမ်းနဲ့ပတ်သက်တဲ့ဆောင်းပါးတပုဒ် ပါလာပါတယ်။ တကယ်လက်တွေ့ဖြစ်ပျက်နေတာနဲ့ ကိုက်မကိုက် ချင့်...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်