လှကျော်ဇော

လှကျော်ဇော ● ဝ တောင်တန်းက လွမ်းပန်းချီ

June 9, 2017
လှကျော်ဇော ● ဝ တောင်တန်းက လွမ်းပန်းချီ

လှကျော်ဇော ● ဝ တောင်တန်းက လွမ်းပန်းချီ (မိုးမခ)  ဇွန် ၉၊ ၂၀၁၇ ရဲဘော်ကျော်ဆိုင် (ကိုနိုင်ဝင်းဆွေ) သို့ အမှတ်တရ … ကိုနိုင်ဝင်းဆွေကို ကျွန်မ ရန်ကုန်မှာနေစဉ်ကတည်းကကြုံဘူး ဆုံဘူးပေမဲ့ ခင်မင်ရင်းနှီးခဲ့ရ အလုပ်အတူတူလုပ်ကိုင်ခဲ့ရတာ ကတော့ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုရုံးတို့ အရှေ့မြောက်စစ်ဒေသတို့ ရုံးစိုက်တဲ့ပန်ဆန်း (ယခုပန်ခမ်း) မှာပါ။ အသားမဲ ရဲဆင်သကိုးတဲ့။ ပြောလည်း ပြော၊ ရယ်လည်းရယ်နေတဲ့ ဒေါ်ဒေါ် ဒေါ်ခင်မျိုးညွှန့် (ဗိုလ်မှူးချစ်ကောင်းဇနီး) ကိုကျွန်မက ဘယ်သူ့ကိုပြောတာလည်း ဒေါ်ဒေါ်လို့မေးတော့  အသားမဲမဲကို စပို့ရှပ်လက်တို အနီရဲရဲဝတ်ထားတဲ့ လူတ ယောက်ကို မေးငေါ့ပြပါတယ်။ အဲဒါစာရေးဆရာ နိုင်ဝင်းဆွေလို့ ဆက်ပြောပါတယ်။ ၁၉၇၂ – ၇၄ ကျွန်မ လက်ထောက် ဆရာဝန်အဖြစ် အရှေ့ပိုင်းဆေးရုံမှာ...

Read more »

လှကျော်ဇော ● ကျွန်မဆက်၍ရေးချင်သော ဖေဖေအကြောင်းများ

May 27, 2017
လှကျော်ဇော ● ကျွန်မဆက်၍ရေးချင်သော ဖေဖေအကြောင်းများ

လှကျော်ဇော ● ကျွန်မဆက်၍ရေးချင်သော ဖေဖေအကြောင်းများ  ဆောင်းပါးအမှတ် (၄၃) (မိုးမခ) မေ ၂၇၊ ၂ဝ၁၇ ● ၁၉၆၃ စေ့စပ်ဆွေးနွေးပွဲကာလက ဖေဖေ ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့မှာတက်လာတဲ့ တော်လှန်ရေးကောင်စီအစိုးရဟာ လက်လွန်ပြီး သူတို့ရဲ့ရန်သူတော်ကြီးဖြစ် တဲ့ တက္ကသိုလ်ကျောင်းသားများကို ရာချီပြီးသတ်ဖြတ်ရုံမျှမက ဗမာ့လွတ်လပ်ရေးလှုပ်ရှားမှုရဲ့အမြုတေ ဘူမိနက်သန် တက သအဆောက်အဦးကြီးကိုလည်း ဗုံးခွဲဖျက်ဆီးဖြိုချခဲ့ပါတယ်။ ဒီဇူလိုင် (၇) ရက်အရေးအခင်းကြီးကြောင့် ဆိုးဝါးသွားရတဲ့ မိမိတို့ရဲ့ပုံရိပ်ကိုပြင်ဆင်ဖို့အတွက် ၁၉၆၃ ဇွန်လ (၁၁) ရက်မှာ တောတွင်းလက်နက်ကိုင်အင်အားစုများသို့ “ငြိမ်းချမ်းရေး-ကမ်း လှမ်းချက်” ကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ပထမဆုံးရောက်လာတဲ့အဖွဲ့ဟာ အလံနီကွန်မြူနစ်ပါတီကဖြစ်ပြီး ဒီနောက်မှာတော့ လူမျိုးစုအဖွဲ့အသီးသီး ရှေ့ဆင့်နောက်ဆင့်ရောက်လာကြပါတယ်။ သြဂုတ်လ (၂၈) ရက်နေ့မှာတော့ ဗမာပြည်ကွန်မြူနစ်ပါတီက ရဲဘော်ဌေးခေါင်းဆောင်တဲ့-ပဏာမကိုယ်စားလှယ်အဖွဲ့ရောက်လာပါတယ်။...

Read more »

လှကျော်ဇော ● (၁၈) ကြိမ်မြောက် နိုင်ငံတကာ ကွန်မြူနစ်ပါတီများနှင့် အလုပ်သမားပါတီများရဲ့အစည်းအဝေး

April 19, 2017
လှကျော်ဇော ● (၁၈) ကြိမ်မြောက် နိုင်ငံတကာ ကွန်မြူနစ်ပါတီများနှင့် အလုပ်သမားပါတီများရဲ့အစည်းအဝေး

လှကျော်ဇော ● (၁၈) ကြိမ်မြောက် နိုင်ငံတကာ ကွန်မြူနစ်ပါတီများနှင့် အလုပ်သမားပါတီများရဲ့အစည်းအဝေး (မိုးမခ) ဧပြီ ၁၉၊ ၂၀၁၇ ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာ ( ၂၈ ရက် – ၃ဝရက်နေ့အထိ) ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမှာ (၁၈) ကြိမ်မြောက် နိုင်ငံတကာ ကွန် မြူနစ်ပါတီများနှင့် အလုပ်သမားပါတီများရဲ့အစည်းအဝေးကျင်းပခဲ့ပါတယ်။ အစည်းအဝေးရဲ့ကြွေးကြော်သံကတော့ အရင်း ရှင်စနစ် အကြပ်အတည်းနဲ့ နယ်ချဲ့စနစ်ရဲ့ထိုးစစ်၊ ငြိမ်းချမ်းရေး၊ အလုပ်သမား ပြည်သူလူထုအခွင့်အရေးများနှင့် ဆိုရှယ် လစ်စနစ်အတွက်တိုက်ပွဲဝင်နေတဲ့ ကွန်မြူနစ်ပါတီများနဲ့ အလုပ်သမားပါတီများရဲ့ သေနင်္ဂဗျူဟာနဲ့ နည်းပရိယာယ်များတဲ့။ ဒီအဖွဲ့ကြီးမှာ ၈၅ နိုင်ငံက ကွန်မြူနစ်ပါတီနဲ့ အလုပ်သမားပါတီ ၁၂ဝ ပါဝင်ပါတယ်။ ဒီအစည်းအဝေးကြီးမှာ လက်ရှိကမ္ဘာ အခြေအနေ အထူးသဖြင့် အရင်းရှင်စနစ်ရဲ့ဘက်စုံအကြပ်အတည်းများကို ခွဲခြမ်းစိတ်ဖြာကြပြီး...

Read more »

လှကျော်ဇော – ကံတူအကျိုးပေးအဖွဲ့အစည်းတရပ် တည်ဆောက်ရေး

April 15, 2017
လှကျော်ဇော – ကံတူအကျိုးပေးအဖွဲ့အစည်းတရပ် တည်ဆောက်ရေး

လှကျော်ဇော – ကံတူအကျိုးပေးအဖွဲ့အစည်းတရပ် တည်ဆောက်ရေး (မိုးမခ) ဧပြီ ၁၅၊ ၂၀၁၇ ၂၀၁၆-ခုနှစ်-ဟာ ဂလိုဘယ်လာဇေးရှင်းအတွက်ကြမ္မာငင်တဲ့နှစ်လို့ပြောရမလားပဲ။ ဇွန်လ(၂၃) ရက်နေ့က အင်္ဂလန်မှာပြုလုပ်ခဲ့တဲ့-လူထုဆန္ဒခံယူပွဲမှာ ဥရောပသမဂွက ထွက်ဖို့ဘက် က အနိုင်ရလိုက်ပါတယ်။ ၀င်ဘာမှာ ကျင်းပတဲ့ အမေရိကန်သမတရွေးကောက်ပွဲမှာတော့ မမျှော်လင့်ပဲ ဒေါ်နယ်ထရန့် အနိုင်ရလိုက်ပါတယ်။ ဂလိုဘယ်လာဇေးရှင်းရဲ့အားနည်းချက်များရဲ့ ဂယက်ရိုက်ခတ်မှုကိုခံရတဲ့ပြည်သူ လူထုရဲ့ဒေါသကိုဖေါ်ပြလိုက်တာလို့လည်း ပြောနိုင်ပါတယ်။ ဒါ့အပြင် ၂၀၁၇ ခုနှစ်အတွင်းကျင်းပမှာဖြစ်တဲ့ ဥရောပနိုင်ငံကြီးတချို့ (ပြင်သစ်၊ဂျာမဏီ) ရဲ့ရွေးကောက်ပွဲများမှာလည်း – လက်ယာအစွန်းရောက် အင်အားစုများက မကြုံစဖူး အလားအလာကောင်းနေတာ မြင်တွေ့နေရပါတယ်။ ကမ္ဘာပေါ်ရှိနိုင်ငံအားလုံးရဲ့တညီတညွတ်တည်းရှိတဲ့ အိမ်မက်(၀ါ)လိုအင်ဆန္ဒကတော့ – – လူနေမှု ဘ၀မြင့်တက်ရေး – – လူချင်းတူတူ – သူချင်းမျှမျှနေထိုင်ရေး – – တနည်းပြောရရင်-တရားမျှတတဲ့ လူမှုဘ၀...

Read more »

လှကျော်ဇော – မဒမ်ကျူရီ ဆီကဘာတွေလေ့လာနိုင်သလဲ

March 9, 2017
လှကျော်ဇော – မဒမ်ကျူရီ ဆီကဘာတွေလေ့လာနိုင်သလဲ

လှကျော်ဇော – မဒမ်ကျူရီ ဆီကဘာတွေလေ့လာနိုင်သလဲ (မတ်လ(၈)ရက် နိုင်ငံတကာအမျိုးသမီးနေ့ အမှတ်တရ) (မိုးမခ) မတ် ၉၊ ၂၀၁၇ ကျွန်မငယ်စဉ်ကတည်းက အလွန်လေးစားကြည်ညိုခဲ့တဲ့ အမျိုးသမီးသိပွံပညာရှင်တဦး ရှိခဲ့ပါတယ်။ တက္ကသိုလ်ရောက်စ ရူပဗေဒလက်တွေ့သင်တန်းတခုမှာ ဆရာတယောက် ပြောပြဘူးတဲ့ ရေဒီယိုဓာတ်ကြွ ပစ္စည်း ရေဒီယံဓာတ်ကိုစတင်တွေ့ရှိပေမဲ့ ဒါဟာ ကမ္ဘာလူသားအားလုံးက ပိုင်ဆိုင်တဲ့ပစ္စည်းဖြစ်တယ် ငါတဦးတည်းပိုင်အဖြစ် မှတ်ပုံတင်(Patent)တာ မလုပ်နိုင်ဘူး ဆိုပြီး ငွေကြေးအမြောက်အများ ရနိုင်တဲ့လမ်းကို မလိုက်ခဲ့ပဲ၊ အာလူးမီးဖုတ်စား သုတေသနလုပ်ခဲ့တဲ့သိပွံပညာရှင် မဒမ်မာရီယာကျူရီ ဆိုသူပါ။ ဒါနဲ့ သူ့အကြောင်းကို တောက်လျှောက် အခွင့်ရရင်ရသလို စိတ်ဝင်တစားလေ့လာဖတ်ရှုကြည့်မိပါတယ်။ သူ့အကြောင်းကို ဖတ်မိတိုင်း အမျိုးအမည်မသိတဲ့ စိတ်ခံစားမှုတွေ ပေါ်ပေါက်လာတတ်ပါတယ် မဒမ်ကျူရီ (၇၊၁၁၊၁၈၆၇ –  ၄၊၇၊၁၉၃၄) ဆိုသူဟာ ကမ္ဘာပေါ်မှာ အမျိုးသမီးထဲက ပထမဆုံး...

Read more »

“စစ်မုန်းသူ – ပြည်ချစ်သားရယ်”ဆိုတဲ့ ဆရာစွမ်းနဲ့ ကျွန်မတို့သားအဖ

February 20, 2017
“စစ်မုန်းသူ – ပြည်ချစ်သားရယ်”ဆိုတဲ့ ဆရာစွမ်းနဲ့ ကျွန်မတို့သားအဖ

“စစ်မုန်းသူ – ပြည်ချစ်သားရယ်”ဆိုတဲ့ ဆရာစွမ်းနဲ့ ကျွန်မတို့သားအဖ  (၂၀၁၇-ဖေဖော်ဝါရီလမှာ အသက်(၈၀)ပြည့်မယ့် ဆရာကြီး-မောင်စွမ်းရည်-သို့ ဂါရဝပြုခြင်း။) (မိုးမခ) ဖေဖော်ဝါရီ ၂၀၊ ၂၀၁၇   “စစ်မုန်းသူ-ပြည်ချစ်သားရယ်-တဲ့လား။ လှလိုက်တဲ့စကားလုံးလေးတွေပဲ-သမီးရယ်။ ဖေဖေကြိုက်လိုက်တာ” တဲ့။ ဆရာစွမ်းက ဖေဖေ ကို ရည်စူးပြီး ကဗျာတွေစပ်ရာမှာ နောင်တစ်ခေတ် ဒေါင်းဖတ်စာမှာသုံးဖို့ဆိုပြီး၊ ၂၀၀၇ခုနှစ် မတ်လ(၂၇) ဖက်ဆစ်ဂျပန် တော်လှန် ရေးနေ့ အထိမ်းအမှတ် အဖြစ်“ဗိုလ်ချုပ်ကျော်ဇော” ဆိုတဲ့ခေါင်းစီးနဲ့ ကဗျာတပုဒ်လည်းပါဝင်ခဲ့ပါတယ်။ အဲဒီကဗျာဖေဖေကို ဖတ်ပြတော့ ကဗျာထဲပါတဲ့ အထက်ပါ စာသားလေးကို ဖေဖေကကြိုက်လှချည့်-ဖြစ်သွားပါတယ်။ • • • •• • တခါ  ဆရာရဲ့-‘တင်မိုးရဲ့နောက်ဆုံးဆန္ဒ’ဆိုတဲ့ကဗျာ ၂၀၁၁ မိုးမခမှာပါလာပြန်တော့ ကျွန်မက ဖေဖေကို ဖတ်ပြမိပါတယ်။ အဲဒီကဗျာထဲ က– “...

Read more »

လှကျော်ဇော – ဆရာဦးကိုနီကို ဘာရည်ရွယ်ချက်နဲ့ သတ်သလဲ … အဖြေ

February 6, 2017
လှကျော်ဇော – ဆရာဦးကိုနီကို ဘာရည်ရွယ်ချက်နဲ့ သတ်သလဲ … အဖြေ

လှကျော်ဇော ● ဆရာဦးကိုနီကို ဘာရည်ရွယ်ချက်နဲ့သတ်သလဲ .. အဖြေ (မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂ဝ၁၇ ၂၉-၁-၂ဝ၁၇ ရက်နေ့က ဆရာဦးကိုနီ သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခံရကြောင်း ကြားကြားချင်း – ကျွန်မ “ဆရာဦးကိုနီကို ဘယ်သူသတ်သလဲ”ဆိုတဲ့ ဆောင်းပါးရေးပြီး ၃ဝ-၁-၂ဝ၁၇ နေ့မှာ မိုးမခမှာ တင်လိုက်ပါတယ်။ စိတ်လှုပ်ရှားမှု၊ စိတ်လော မှုတွေနဲ့ရေးတဲ့အတွက် မပြည့်မစုံ ဖြစ်သွားပါတယ်။ တခါ-၃၁-၁-၂ဝ၁၇ ရက်နေ့မှာ ကျွန်မကို သတင်းဌာနတခုက ဒီကိစ္စနဲ့ပတ်သက်ပြီး လှမ်းမေးမြန်းတာတွေကို ကျွန်မဖြေ လိုက်တာတွေကလည်း အားမရစရာတွေ ဖြစ်သွားပြန်ပါတယ်။ ဒါ့ကြောင့် ကျွန်မဒီဆောင်းပါးကို ထပ်ရေးလိုက်ပါတယ်။ နောက်တကြောင်းကလည်း အခုသတင်းကွန်ရက်များမှာ အာဘော်အမျိုးမျိုး (တမင်အစီအစဉ်ရှိရှိရော မသိသား ဆိုးရွား စွာရော) ပေါ်ထွက်နေမှုများအပေါ် စိုးရိမ်မိတဲ့အတွက်၊ ကျွန်မကတော့ –...

Read more »

လှကျော်ဇော ● မေမေရဲ့အစားထိုး ‘သား’

January 1, 2017
လှကျော်ဇော ● မေမေရဲ့အစားထိုး ‘သား’

လှကျော်ဇော ● မေမေရဲ့အစားထိုး ‘သား’ (မိုးမခ) ဇန်နဝါရီ ၁၊ ၂၀၁၇ အချိန်က  ၁၉၇၆ ခုနှစ် ဇူလိုင်လ ၁၈ ရက် နံနက်ပိုင်း။ နေရာက စမ်းချောင်း၊ မြောင်းမြလမ်းအိမ် အမှတ် ၃၀၊ အပေါ်ထပ် ဧည့်ခန်း။ အဲဒီနေ့က ဖေဖေက မေမေ့ကို ကိုကျော်ဇောဦး တောခိုသွားတာ လမ်းမှာဖျားနေလို့ ကျမတို့တတွေ သူ့ကို လိုက် ခေါ်မလို့ ဆိုပြီး အကြောင်းအမျိုးမျိုးပြပြီး ပြောဆိုနေပါတယ်။ စစ်တပ်နဲ့တိုးရင် အသတ်ခံရမှာစိုးလို့ ဖေဖေပါလိုက်မှ ဖြစ်မယ်တို့၊ ဖျား နေလို့ ဆေးလည်းကုဖို့လိုလို့ ကျမလည်းပါရမယ်တို့ စသဖြင့်ပေါ့လေ။ (ဖေဖေက ကျန်တဲ့သူတွေ ဒုက္ခရောက်မှာစိုးလို့ ဒီလို ပြောတာပါ။) ဒါပေမဲ့ မေမေက အင်မတန်ပါးပါတယ်။ ဒီကြားထဲ ကျမတို့သားအဖတတွေ...

Read more »

လှကျော်ဇော ● ဒေါ်သန်းစိန်ကြီးများ သိရင်

December 15, 2016
လှကျော်ဇော ● ဒေါ်သန်းစိန်ကြီးများ သိရင်

လှကျော်ဇော ● ဒေါ်သန်းစိန်ကြီးများ သိရင် (မိုးမခ) ဒီဇင်ဘာ ၁၅၊ ၂၀၁၆ မေမေက ကျမတို့ရှိရာ (ပါတီဌာနချုပ်) ပန်ဆန်းကို ၁၉၈၀ ခုနှစ် အောက်တိုဘာလထဲမှာ ရောက်ရှိလာပါတယ်။ မေမေ ရောက်လာချိန်ဟာ ပါတီတွင်းအတွေးအခေါ် အရှုပ်အထွေးများ စပေါ်ပေါက်နေတာနဲ့ တန်းတိုးပါတော့တယ်။ ပါတီက အရှေ့မြောက်စစ်ဒေသကို စတင်ထူထောင်တဲ့ ၁၉၆၈ ခုနှစ်က ဗမာပြည်တွင်းဝင်လာကြတဲ့ ပါတီတပ်များမှာ ထိပ် ဆုံး ဦးဆောင်သူများသာ ဗမာလူမျိုးတွေ ဖြစ်ကြပါတယ်။ ဒီရဲဘော်ကြီးတွေဟာ ၁၉၅၀ ခုနှစ်များက တရုတ်ပြည် မာ့က်စ်လီ နင်ဝါဒ တက္ကသိုလ်များမှာ သဘောတရားရေးပညာလေ့လာဖို့ စေလွှတ်ခြင်းခံရသူများပါ။ ၁၉၅၅ ခုနှစ် ဘန်ဒေါင်းအစည်း အဝေးက ချမှတ်လိုက်တဲ့ မူ ၅ ချက်နဲ့ ခြေချုပ်မိပြီး တရုတ်ပြည်မှာ သောင်တင်နေသူများပါ။...

Read more »

လှကျော်ဇော ● ပင်စင်စား ဖေဖေ

December 2, 2016
လှကျော်ဇော ● ပင်စင်စား ဖေဖေ

လှကျော်ဇော ● ပင်စင်စား ဖေဖေ (မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၁၆ အောက်တိုဘာ (၉) ရက် မိုးမခကွန်ယက်မှာ ဖော်ပြထားတဲ့ ဆရာဂါမဏိရဲ့“နိုင်ငံရေးစစ်သည်နဲ့ စစ်ပင်စင်” ဆိုတဲ့ဆောင်း ပါးမှာ ဖေဖေ ပင်စင်မရဘူးလို့ ရေးထားတာတွေ့ရပါတယ်။ ဖေဖေ ပင်စင်ရပါတယ်။ ၁၉၅၇ ဖေဖေ အသက် (၃၈) နှစ်မှာ စစ်တပ်က အတင်းအငြိမ်းစားပေးတာခံရပါတယ်။ (forced to retire) ပါ။ ၁၉၅၄-၅၅-၅၆ ခုနှစ်များအတွင်း ကဗမာပြည်မှာ လွတ်လပ်ရေးရပြီးနောက် ပထမဆုံးပေါ်ပေါက်ခဲ့တဲ့ (အခုထိ လည်း တခါတည်းပဲဖြစ်ခဲ့ရတဲ့) နိုင်ငံခြားတပ်များရဲ့ကျူးကျော်မှုဖြစ်တဲ့ တရုတ်ဖြူကျူးကျော်မှုကို ဗမာ့တပ်မတော်က တွန်း လှန်တိုက်ရာမှာ စစ်ဦးစီးမှူးကြီးဖြစ်တဲ့ဖေဖေဟာ တပြည်လုံးအတိုင်းအတာအရသာမက ကမ္ဘာကပါအသိအမှတ်ပြုလာရသူ  ဖြစ်လာပါတော့တယ်။ ဒီတင် ဖဆပလဆိုရှယ်လစ်ဂိုဏ်းက ဖေဖေ့ကို စည်းရုံးပါတော့တယ်။...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်