လှကျော်ဇော

လှကျော်ဇော – ဆင်းရဲခြင်းလွတ်ကင်းအောင်

August 5, 2016
လှကျော်ဇော – ဆင်းရဲခြင်းလွတ်ကင်းအောင်

ကျော်သူရိန်ရဲ့ ကာတွန်းကို ဖေ့စ်ဘွတ်ပေါ်က ကူးယူဖော်ပြပါတယ် လှကျော်ဇော – ဆင်းရဲခြင်းလွတ်ကင်းအောင် (မိုးမခ) သြဂုတ် ၅၊ ၂၀၁၆ ယခုတလော(၂၀၁၄-ဖေဖော်ဝါရီ လဆန်းပိုင်း)မှာ ပြည်တွင်းပြည်ပ မီဒီယာများမှာရော၊ အင်တာနက် ကွန်ရက်များမှာရော ရေပန်းစားပွက်လောထနေတဲ့ သတင်းတပုဒ်ရှိပါတယ်။ အဲဒီသတင်းကတော့- ဇန်နဝါရီလ ၂၈ ရက်နေ့က မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ သစ်ရာကောက်ကျေးရွာက ဒေသခံ များနဲ့တွေ့ဆုံစဉ် မွေးမြူရေးလုပ်ငန်းနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီး (ဗိုလ်ချုပ်) ဦးအုန်းမြင့်ရဲ့ ပြောကြားချက်များ…ပါ။ ဦးအုန်းမြင့်ရဲ့ မိုက်မိုက်ရိုင်းရိုင်း- ရင့်ရင့်သီးသီးပြောဆိုချက်တွေကို တအံ့တဩ နားထောင်လိုက်ရပေ မယ့်အဲဒီအကြောင်းကိုတော့ လူအတော်များများက ပြန်လည်ဝေဖန်ရေးသားပြောဆိုပြီးဖြစ်လို့ ထပ် မရေးချင်တော့ပါ။ ကျွန်မရေးချင်တဲ့အကြောင်းက အဲဒီပြောကြား ချက်တွေရဲ့ အဆုံးသတ်ကလေးမှာ ပြောသွားတဲ့စကားတွေနဲ့ ပတ်သက်ပါတယ်။“ဝန်ကြီးဦးအုန်းမြင့်က ဒေသခံများကို အာဟာရ ပြည့်ဝရန် အတွက် အသားစားရန်၊...

Read more »

လှကျော်ဇော – ဦးသန့် အရေးအခင်းအတွင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးပေါ်မှာ

July 28, 2016
လှကျော်ဇော – ဦးသန့် အရေးအခင်းအတွင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးပေါ်မှာ

    လှကျော်ဇော – ဦးသန့် အရေးအခင်းအတွင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးပေါ်မှာ (မိုးမခ) ဇူလိုင် ၂၈၊ ၂၀၁၆ ဗမာပြည်မှာ ဇွန်လတို့ …ဇူလိုင်လတို့မှာ နိုင်ငံရေးအရ အထိမ်းအမှတ် အမှတ်တရတွေများပါတယ်။ ဒါ့ကြောင့် တစုံတရာ ပွင့်လင်းလာတဲ့ အခုလိုအချိန်အခါမှာ အဲသလို အခွင့်အရေးတွေရဖို့ စွန့်လွှတ် စွန့်စားသွားကြတဲ့ အညတြသူရဲကောင်းများနဲ့ သူတို့ရဲ့ ပုံပြင်များဟာလည်း မှုန်မှုန်မွှားမွှား ရှိနေရာက ပြန်လည်တောက်ပလာပါတယ်။ ဒါတွေဟာ လိုအပ်ပါတယ်။ ဒါမှသာ ခေတ်အဆက်ဆက် ဗမာပြည် သူတွေ လွတ်မြောက်ဖို့ ဘယ်သူတွေဘယ်လိုကြိုးပမ်းခဲ့ကြတယ်ဆိုတာ မမေ့မလျော့ရှိနိုင်သလို ရှေ့ လျှောက်လည်း ဘယ်လိုဆက်ကြိုးပမ်းကြမယ်ဆိုပြီး သင်ခန်းစာထုတ်ယူတာ ခွန်အားတွေမွေးတာ လုပ် နိုင်ကြပါတယ်။ ကျွန်မတို့ ပြည်သူတွေ လုံးဝလွတ်မြောက်ဖို့ အလှမ်းဝေးနေဆဲပါ။ စစ်အာဏာရှင် ဗိုလ်နေ၀င်းရဲ့မဆလအစိုးရကို ဆန့်ကျင်အံတုခဲ့တဲ့...

Read more »

လှကျော်ဇော – ကျွန်းဆွယ်အရေးအခင်းမှ အမှတ်တရများ

July 22, 2016
လှကျော်ဇော – ကျွန်းဆွယ်အရေးအခင်းမှ အမှတ်တရများ

လှကျော်ဇော – ကျွန်းဆွယ်အရေးအခင်းမှ အမှတ်တရများ  (မိုးမခ) ဇူလိုင် ၂၂၊ ၂၀၁၆ အခုတလော ရှေးခေတ်ဟောင်း အောက်မေ့ဖွယ်တွေ များလိုက်တာ။ ကျွန်မတို့ တတွေမှာလည်း ရှေ့မီနောက်မီသူများ ဖြစ်မှန်းမသိဖြစ်လာနေကြလေတော့ ကိုယ် ကြုံခဲ့ ဆုံခဲ့ရတာလေးတွေ မှတ်မိတုန်း ရေးရပါဦးမယ်။ ကျွန်းဆွယ်အရေးအခင်းကာလက ကျွန်မတို့မိသားစုဖြတ်သန်းခဲ့ရတဲ့ အတွေ့ အကြုံလေးပါ။ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့တော်လှန်ရေးကောင်စီ အစိုးရခေတ်- ၁၉၆၉ ခုနှစ်မှာ ရန်ကုန် အောင်ဆန်းကွင်းမှာ အရှေ့တောင် အာရှကျွန်းဆွယ်နိုင်ငံများရဲ့အားကစားပွဲကြီး (S.E.A.P.Games) ကို ကျင်းပခဲ့ပါတယ်။ ဒီဇင်ဘာ-၆-ရက်မှာ ဖွင့်ပွဲအခမ်းအနား အကြီး အကျယ်ကျင်းပပါတယ်။ ပြီးတော့ အားကစားပွဲစဉ်များကို နေရာတွေခွဲ ကျင်းပကြပါတယ်။ ၉ ရက်နေ့ သမိုင်းကောလိပ်မှာကျင်းပတဲ့ လက်ဝှေ့ပွဲ ကျောင်းသားအများအပြား လက်မှတ် ဝယ်မရတဲ့အမှုကစပြီး (လက်မှတ်မှောင်ခိုထုတ်ရောင်းတယ် ဆိုတဲ့သတင်းကလည်း ပြန့်နေတာဖြစ်လို့)...

Read more »

လှကျော်ဇော – ဝ တောင်တန်းက လွမ်းပန်းချီ (၁) (ပြည်တွင်းစစ်အတွင်းက မမေ့နိုင်တဲ့ ပုံရိပ်လွှာ)

July 16, 2016
လှကျော်ဇော – ဝ တောင်တန်းက လွမ်းပန်းချီ (၁) (ပြည်တွင်းစစ်အတွင်းက မမေ့နိုင်တဲ့ ပုံရိပ်လွှာ)

လှကျော်ဇော – ဝ တောင်တန်းက လွမ်းပန်းချီ (၁) (ပြည်တွင်းစစ်အတွင်းက မမေ့နိုင်တဲ့ ပုံရိပ်လွှာ) (မိုးမခ) ဇူလိုင် ၁၆၊ ၂၀၁၆ ဒေါ်မာရွယ်(ရဲဘော်နော်ဆိုင်းဇနီး-အရှေ့မြောက်စစ်ဒေသ-အမျိုးသမီးတပ်ခွဲ-တပ်ခွဲမှုး) ဒေါ်မာဂရက်(မျက်မှန်နဲ့)-အရှေ့မြောက်စစ်ဒေသဆေးရုံဒုဆေးရုံအုပ် အခုတလော ရခိုင်ဒေသတွင်းပြန်လည်ပေါ်ထွက်လာတဲ့ စစ်ပွဲများနဲ့အတူ ကျွဲကူးရေပါပြဿနာ ဖြစ်တဲ့ ပေါ်တာပြဿနာ … ဆိုတာလည်း ပြန်ကြားလာရပါတယ်။ ဗမာစစ်တပ်ကတော့ ပေါ်တာဆိုတဲ့စကား ကြားလိုက်ရင်ကို ဆတ်ဆတ်ခါ နာသွားပုံရပါတယ်။ ပြည်သူတွေက ပေါ်တာပြဿနာကြောင့် သူတို့ကို ကန့်ကွက်ဆန့်ကျင်လာကြလို့ နာကြတာပါ။ ပေါ်တာဆွဲတာနဲ့အတူ ပေါ်တာတွေကို သတ်ပစ်တာ၊ နှိပ်စက်တာ၊ ပေါ်တာဆွဲတာ အမျိုးသမီးတွေပါ ဆွဲပြီး ဝိုင်းဝန်း မုဒိမ်းကျင့်တာ၊ ပေါ်တာတွေကို ရှေ့ဆုံးကထားပြီး မိုင်းရှင်းကိရိယာလို အသုံးချနေတာ၊ လူသားခံကတုတ်လုပ်နေတာတွေကြောင့် ဒီပြဿနာတွေ ဖုံးမနိုင်ဖိမရဖြစ်ကာ ပြည်သူတွေ တဆင့်တိုး ကန့်ကွက်မှုတွေ လုပ်လာလို့သူတို့...

Read more »

လှကျော်ဇော – ပိုမိုကောင်းမွန်တဲ့ကမ္ဘာကြီးသို့

June 20, 2016
လှကျော်ဇော –  ပိုမိုကောင်းမွန်တဲ့ကမ္ဘာကြီးသို့

လှကျော်ဇော –  ပိုမိုကောင်းမွန်တဲ့ကမ္ဘာကြီးသို့ (မိုးမခ) ဇွန် ၂၀၊ ၂၀၁၆ ၂၀၁၅ ခုနှစ်-စက်တင်ဘာလအတွင်းက ကုလသမဂွ အနှစ်(၇၀) ပြည့်အခမ်းအနားများကို နိုင်ငံ အတော်များက ခေါင်းဆောင်များတက်ရောက်ပြီး ကုလသမဂွမှာကျင်းပခဲ့ကြပါတယ်။ အဲဒီအစည်းအဝေးကြီးမှာ … – ၂၀၃၀-စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို အဖွဲ့ဝင်နိုင်ငံပေါင်း (၁၉၃) နဲ့ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီသဘောတူညီချက်ရဘို့ (၃) နှစ် ကျော် ဆွေးနွေးညှိနှိုင်းခဲ့ရတာဖြစ်ပြီး ကုလသမဂွရာဇ၀င်မှာ ကမ္ဘာနဲ့ချီရှိနေတဲ့ ဆင်းရဲမွဲတေမှုရဲ့ အရင်းခံအကြောင်းများဖြေရှင်းရေး-နောက်ဆုံးရည်မှန်းချက်များရဖို့ အချိန်အတိအကျနဲ့ ပစ်မှတ်များ သတ်မှတ်ဖို့လုပ်ငန်းတွေကို စစ်ဆေးကြည့်ကြပ်ဖို့…. စတာစတာတွေအတွက် အရှည်ကြာဆုံး ဆွေး နွေးရတဲ့ပွဲအဖြစ်သမိုင်းဝင်သွားခဲ့ပါတယ်။ ဒီရည်မှန်းချက်များဟာ သိပ်ကြီးမားကျယ်ပြန့်လွန်းတဲ့ အတွက် တနိုင်ငံထဲကသီးသန့်ထမ်းဆောင်လို့ မဖြစ်နိုင်ဘဲ တကမ္ဘာလုံးက စုပေါင်းလုပ်ဆောင်ဖို့ လိုအပ်လို့ ကုလသမဂွကသူ့တာဝန်အဖြစ်...

Read more »

လှကျော်ဇော – မေမြို့ (သို့မဟုတ်) ပြင်ဦးလွင်

June 10, 2016
လှကျော်ဇော – မေမြို့ (သို့မဟုတ်) ပြင်ဦးလွင်

လှကျော်ဇော – မေမြို့ (သို့မဟုတ်) ပြင်ဦးလွင် (မိုးမခ) ဇွန် ၁၀၊ ၂၀၁၆ မေမြို့ဟာ ကျွန်မတို့မိသားစုအတွက် “ ခိုက် ” တယ်လို့ အဘွားများက ဆိုလေ့ရှိပါတယ်၊ ပြောလည်းပြောစရာပါပဲ၊ ကျွန်မတို့မိသားစု မေမြို့ကို ဖေဖေစစ်မှုထမ်းကာလတလျှောက် သုံးကြိမ် သုံးခါ ပြောင်းဖူးပါတယ်၊ (၁) ၁၉၄၆-၄၇၊ ကျွန်မ ၆ လသမီးအရွယ်မှာ အင်္ဂလိပ်တွေဖွင့်တဲ့ “ အထူးဗိုလ်သင်တန်း ” ကို ဖေဖေတက်ဖို့ ကျွန်မတို့မိသားစုသုံးဦး (ဖေဖေ၊ မေမေနှင့် ကျွန်မ) ပြောင်းရွှေ့သွားခဲ့တာဟာ ပထမဆုံးအကြိမ်ပါ၊ အဲဒီအခေါက်က တနှစ်တောင်မကြာလိုက်ပါဘူး၊ ဘာပြဿနာမှလည်း မတက်ခဲ့ပါဘူး၊ (၂) ၁၉၄၉၊ ဖေဖေမြောက်ပိုင်းတိုင်းမှူးအဖြစ် တာဝန်ထမ်းနေရာက ရန်ကုန်စစ်ရုံးချုပ်က ပြန်ခေါ်ပြီး၊ တောင်ပိုင်းတိုင်းမှူးအဖြစ်ခန့်အပ်ကာ နာမည်ကျော် “...

Read more »

လှကျော်ဇော – ဖေဖေရဲ့နိုင်ငံခြားခရီးများ

June 2, 2016
လှကျော်ဇော – ဖေဖေရဲ့နိုင်ငံခြားခရီးများ

လှကျော်ဇော – ဖေဖေရဲ့နိုင်ငံခြားခရီးများ  (မိုးမခ) ဇွန် ၂၊ ၂၀၁၆ ၁၉၄၉-၅၀-၅၁ ခုနှစ်များအတွင်း ဗမာပြည်ကြီးအား ခြိမ်းခြောက်ခဲ့တဲ့ ပြည်တွင်း ဆူပူမှုများကို အထူးသဖြင့် ကေအင်ဒီအိုတို့ရဲ့ တော်လှန်ပုန်ကန်မှုများကို ဖေဖေဦးစီးပြီး အတော်ငြိမ်သက်အောင် ဖြေရှင်းလိုက်နိုင်တဲ့အတွက် အဲဒီကာလက ဖေဖေဟာ တိုင်းပြည်မှာ ထင်ရှားကျော်ကြားလာ ပါတော့တယ်။ ဒါကြောင့်ပဲ အာဏာရ ဖဆပလအစိုးရထဲက ခေါင်းဆောင်နိုင်ငံရေးသမားများက ဖေဖေကို သူတို့သြဇာအောက် ရောက်အောင် ကြိုးစားလာကြပါတယ်။ ပထမဆုံးကြိုးစားလာသူကတော့ အဲဒီကာလ၀န်ကြီးချုပ်ဦးနုပါ။ ဦးနုဟာ ကျောင်းသား ခေါင်းဆောင်ဘ၀က တိုးတက်သူတဦးပါ။ လက်ဝဲစာပေတွေ ဘာတွေတောင် ဘာသာပြန် ထုတ်ဝေတာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရှေ့မှာ ဗြိတိသျှနယ်ချဲ့သမားက ဗိုလ်ချုပ်အောင်ဆန်းကို ရက်ရက်စက်စက် သတ်ပြထားလို့ရော၊ သူကိုယ်တိုင်ရဲ့အခြေခံရပ်တည်မှု မခိုင်မာတာကြောင့်ရော၊ အင်္ဂလိပ်က သူ့ကို ၀န်ကြီးချုပ်ရာထူးထိုးအပ်တဲ့အခါ၊...

Read more »

လှကျော်ဇော ● မင်္ဂလာဒုံ

May 9, 2016
လှကျော်ဇော ● မင်္ဂလာဒုံ

၁၉၅၂ ခုနှစ် မင်္ဂလာဒုံမှာတွေ့ရတဲ့ ကျွန်မတို့မိသားစု (တွတ်တွတ် မမွေးသေး) လှကျော်ဇော ● မင်္ဂလာဒုံ (မိုးမခ) မေ ၉၊ ၂၀၁၆ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ ဗမာပြည်ကြီး လွတ်လပ်ရေးရပြီးစမှာ ဗမာပြည်ကို စစ်တိုင်းကြီးနှစ်တိုင်း၊ မြောက် ပိုင်းတိုင်းနဲ့ တောင်ပိုင်းတိုင်းဆိုပြီး ခွဲခြားထားပါတယ်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို မေမြို့ (ယခုအခေါ် ပြင်ဦးလွင်)နဲ့ တောင်ပိုင်းတိုင်းကိုတော့ မင်္ဂလာဒုံမှာ အခြေစိုက်ပါတယ်။ ရန်ကုန်မှာတော့ စစ်ရုံးချုပ် (War Office) ရှိပါတယ်။ ဖေဖေဟာ မြောက်ပိုင်းတိုင်းမှူးတလှည့် တောင်ပိုင်းတိုင်းမှူးတလှည့် တာဝန်ထမ်းဆောင်ခဲ့ရတာဖြစ်လို့ ကျွန်မတို့ မောင်နှစ်မတတွေ အဲဒီမြို့နှစ်မြို့မှာ ငယ်စဉ်ဘဝ ဖြတ်သန်းခဲ့ရပါတယ်။ ၁၉၄၈ ခုနှစ်အကုန်မှာ ဖေဖေဟာ မြောက်ပိုင်းတိုင်းမှူးဖြစ်ပြီး မေမြို့ကို ပြောင်းရပေမယ့်...

Read more »

လှကျော်ဇော – အနိုင်ကျင့်ခံရသတဲ့လား

April 27, 2016
လှကျော်ဇော – အနိုင်ကျင့်ခံရသတဲ့လား

လှကျော်ဇော – အနိုင်ကျင့်ခံရသတဲ့လား (မိုးမခ) ဧပြီ ၂၇၊ ၂၀၁၆ ၂၀၁၆ခုနှစ် ဧပြီလ (၅) ရက်နေ့ လွှတ်တော်တွင်း -နိုင်ငံတော်အတိုင်ပင်ခံပုဂွိုလ် ခန့်အပ်ရေးနဲ့ပတ်သက်တဲ့ အဆို အခြေအတင်ဖြစ်ပြီး ရှုံးနိမ့်သွားတဲ့ တပ်မတော်ကိုယ်စားလှယ်များက အများစု ဒီမိုကရေစီရဲ့ အနိုင်ကျင့်ခြင်းကို ခံလိုက်ရတယ်လို့ မခံမရပ်နိုင်စွာ မှတ်ချက်ပြု ပြောသွားတာ ကြားလိုက်ရပါတယ်။ ဒီစကားကြားရတော့ ကျွန်မတို့ငယ်ငယ် (၁၉၆၀-၇၀) က ကြားခဲ့ရ ဖတ်ခဲ့ရဘူးတဲ့ နိုင်ငံတကာသတင်းတပုဒ်ကို သွားသတိရလိုက်မိပါတယ်။ အဲဒီကာလများက ပါလက်စတိုင်းလွတ်မြောက်ရေးတပ်ဦးက အဖွဲ့ဝင်များ လေယာဉ်များကို ပြန်ပေး ခဏခဏဆွဲပြီး အဖမ်းခံ ပါလက်စတိုင်း တော်လှန်ရေးသမားများနဲ့ အလဲအလှယ်လုပ်နေတဲ့ ကာလဖြစ်ပါတယ်။ တခါတော့ လေယာဉ်တစီး ပြန်ပေးဆွဲခံရပါတယ်။ လေယာဉ်ပေါ်ပါ ခရီးသည်များကို ပါလက်စတိုင်းပြောက်ကျားများက ဒူးထောက် ထိုင်ခိုင်းပါတယ်။ ဒီတင်...

Read more »

လှကျော်ဇော – ဖေဖေ မမေ့နိုင်တဲ့ မိတ္ထီလာမြို့

April 22, 2016
လှကျော်ဇော – ဖေဖေ မမေ့နိုင်တဲ့ မိတ္ထီလာမြို့

၁၉၅၄ – ၅၅ တရုတ်ဖြူစစ်ဆင်ရေးကာလ- တိုက်ပွဲတွင်းတနေရာမှာတွေ့ရတဲ့ ဖေဖေ လှကျော်ဇော – ဖေဖေ မမေ့နိုင်တဲ့ မိတ္ထီလာမြို့ (မိုးမခ) ဧပြီ ၂၂၊ ၂၀၁၆ စာရေးဆရာမကြီး (ဒေါ်) ခင်နှင်းယရဲ့ နာမည်ကျော်ဝတ္ထုကြီး “မွှေး” ထဲမှာ အဓိကဇာတ်ကောင် မွှေးတယောက် တီဘီ အဆုပ်ရောဂါရရှိတော့ အိန္ဒိယက အာရောဂျံဆိုတဲ့ အရပ်က တီဘီကုသရေးစခန်းမှာ သွားရောက်ကုသတဲ့ အခန်းပါပါတယ်။ အဲဒီအာရောဂျံဆိုတဲ့အရပ်အကြောင်း ရေးသားထားရာမှာ အာရောဂျံအရပ်ရဲ့ ရာသီဥတုဟာ ပူးနွေးစွတ်စိုပြီး နေရာင်ခြည် အများအပြားရရှိတဲ့အရပ်ဖြစ်လို့ တီဘီရောဂါပျောက်ကင်းဖို့ အလွန်လွယ်ကူတယ်။ ဗမာပြည်က မိတ္ထီလာမြို့နဲ့ဆင်တူတယ်။ ဒါ့ကြောင့် မိတ္ထီလာမှာ အဆုပ်ရောဂါကုသရေးစခန်း (အာရောဂျံမှာလိုပဲ) ဖွင့်သင့်တယ်လို့ရေးထားတာ ဖတ်ဖူးပါတယ်။ ဒါကြောင့်မို့ထင်ပါရဲ့။ ဖေဖေမိတ္ထီလာမှာ ၆ လလောက် စိတ်အေးလက်အေး အနားယူလိုက်ပြီးနောက်...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်