လှကျော်ဇော

လှကျော်ဇော – သမိုင်းမှေးမှိန်ခြင်းခံနေရဆဲ ဗိုလ်ဇေယျ

June 30, 2015
လှကျော်ဇော – သမိုင်းမှေးမှိန်ခြင်းခံနေရဆဲ ဗိုလ်ဇေယျ

ရှေ့ဆုံးတန်း ဘယ်အစွန်မျက်မှန်နဲ့ဗိုလ်ဇေယျ၊ အလယ်တန်း ညာအစွန် ဗိုလ်မှူးချုပ် ကျော်ဇော လှကျော်ဇော – သမိုင်းမှေးမှိန်ခြင်းခံနေရဆဲ ဗိုလ်ဇေယျ (မိုးမခ) ဇွန် ၃၀၊ ၂၀၁၅ ကျွန်မဆောင်းပါးအမှတ် (၂၇) ဗိုလ်လကျာ်အကြောင်းရေးပြီးတော့ ရဲဘော်တချို့က ဗိုလ်လကျာ်နဲ့တတွဲတည်းအဖြစ် ဗိုလ် ဇေယျအကြောင်းလည်း ရေးပါဦးလို့ တိုက်တွန်းလာကြပါတယ်။ ကျွန်မက ဗိုလ်ဇေယျအကြောင်း ဖေဖေပြောပြဖူးတဲ့ နည်း နည်းပါးပါးပဲသိတယ်။ ဗိုလ်လကျာ်ကြီးလို သိပ်ရင်းရင်းနှီးနှီးမဟုတ်ခဲ့လို့ ရေးရတာ မဝံ့မရဲဖြစ်မိပါတယ်။ ဒါပေမဲ့ သမိုင်းဝင် ပုဂ္ဂိုလ်ကြီးတယောက်အကြောင်း မိမိတို့နဲ့ပတ်သက်ခဲ့တဲ့ အဖြစ်အပျက်လေးတွေကို တဒေါင့်တနေရာက ရေးကြည့်ချင်လာ ပါတယ်။ ကျွန်မ ဗိုလ်ဇေယျအကြောင်းရေးဖို့ပြင်တော့ ဒီဆောင်းပါးနဲ့အတူ ထည့်ဖော်ပြချင်တဲ့ ဓာတ်ပုံနှစ်ပုံကို အသည်းအသန် ရှာမိပါ တယ်။ တပုံကတော့ ၁၉၆၃ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့က...

Read more »

လှကျော်ဇော – ဗိုလ်နေဝင်းရဲ့ တကိုယ်ရေ ကြီးပွားလိုမှု

June 22, 2015
လှကျော်ဇော – ဗိုလ်နေဝင်းရဲ့ တကိုယ်ရေ ကြီးပွားလိုမှု

လှကျော်ဇော – ဗိုလ်နေဝင်းရဲ့ တကိုယ်ရေ ကြီးပွားလိုမှု (မိုးမခ) ဇွန် ၂၂၊ ၂၀၁၅ မေမြို့ ကရင်တွေလက်ထဲမှာ ညတထိတ်ထိတ် နေ့တထိတ်ထိတ်နေခဲ့ရတယ်လို့ မေမေကပြောခဲ့ပေမယ့် နှစ်လနီးပါး အကြာမှာ မေမေဟာ ခလုတ်မထိ ဆူးမငြိပဲ ရန်ကုန်ကို ပြန်ရောက်လာခဲ့ပါတယ်။ အကြောင်းကတော့ မေမေ သွားရောက်ခိုလှုံနေခဲ့တဲ့ ဗိုလ်ချုပ်စမစ်ဒွန်း (ကရင်အမျိုးသားကြီး) မျက်နှာလည်းပါ။ ဖေဖေ့ မျက်နှာလည်း ပါပုံရပါတယ်။ အဲဒီကာလ မေမြို့ကိုသိမ်းတဲ့ ကရင်တပ်ဟာ ယခင်ဗမာ့တပ်မတော်ထဲက တပ်များကပဲဖြစ်တဲ့ အတွက် ဖေဖေနဲ့ တစုံတရာ ဆက်ဆံဖူးသူများဖြစ်ပါတယ်။ ဖေဖေ့အပေါ် အမြင်ကောင်းကြပုံရပါတယ်။ မေမေက ရန်ကုန်က လေယာဉ်ပျံလာခေါ်ပြီ၊ လူနဲ့ အဝတ်အစား အနည်းအကျဉ်းပဲယူပါလို့ မှာလိုက်တဲ့အတွက် အဝတ်အစားသေတ္တာတလုံးနဲ့ သမီးအငယ်ကိုချီပြီး သားအမိနှစ်ယောက် လေယာဉ်ပျံကွင်းကို ဆင်းခဲ့ရပါတယ်။ သူ့ကိုလိုက်ပို့တဲ့...

Read more »

လှကျော်ဇော – အသက် (၁၀ဝ) ပြည့် ဗိုလ်လကျာ်

June 14, 2015
လှကျော်ဇော – အသက် (၁၀ဝ) ပြည့် ဗိုလ်လကျာ်

၁၉၄၁ ခုနှစ် ဂျပန်ရောက် ဗိုလ်လက်ျာ၊ ဗိုလ်စင်္ကြာ၊ ဗိုလ်တေဇ လှကျော်ဇော – အသက် (၁၀ဝ) ပြည့် ဗိုလ်လကျာ် (မိုးခမ) ဇွန် ၁၄၊ ၂၀၁၅ ၁၉၁၁ ခုနှစ်မှာမွေးတဲ့ ဗိုလ်လကျာ်ဟာ မနှစ်က ၂၀၁၁ ခုနှစ်မှာ အသက် ၁၀ဝ ပြည့်ပါတယ်။ ဒါကြောင့် ဗိုလ်လကျာ် အသက် ၁၀ဝ ပြည့်အထိမ်းအမှတ်နဲ့ ဆောင်းပါးတွေ စာအုပ်တွေ ထွက်လာတာ တွေ့ရပါတယ်။ ဗိုလ်လကျာ်ဟာ ရဲဘော်သုံးကျိပ်အသိုင်းအဝိုင်းအတွင်း ဗိုလ်ချုပ်အောင်ဆန်းပြီးရင် ဝါအရင့်ဆုံးခေါင်းဆောင်။ လေးစားဖွယ် အကောင်းဆုံးခေါင်းဆောင်အဖြစ် ဝိုင်းဝန်းကြည်ညိုလေးစားပြီး အကိုကြီးတဦးလို ချစ်ခင်ခြင်းခံရတဲ့သူတဦးလည်း ဖြစ်ပါ တယ်။ အသက်ရွယ်အရလည်းကြီးရင့်။ စိတ်နေစိတ်ထားကလည်းပြည့်ဝ။ ဆက်ဆံရေးကလည်း ညက်ညောနဲ့ အားလုံးရဲ့ ဝိုင်းအားထားခြင်းခံရပြီး ဒါကြောင့်ပဲ ရဲဘော်သုံးကျိပ်ဝင်တွေ ဗိုလ်နာမည်ခံယူရာမှာ...

Read more »

လှကျော်ဇော – ဆိုရှယ်လစ်တပ်မှူးများ – အပိုင်း (၂)

June 7, 2015
လှကျော်ဇော – ဆိုရှယ်လစ်တပ်မှူးများ – အပိုင်း (၂)

လှကျော်ဇော – ဆိုရှယ်လစ်တပ်မှူးများ – အပိုင်း (၂) ဗိုလ်မောင်မောင် (မိုးမခ) ဇွန် ၇၊ ၂၀၁၅ ၁၉၅၁ ခုနှစ် သြဂုတ်လကုန်ရက်တရက်။ ဖေဖေမနက်ရုံးမသွားခင်မှာ မေမေ့ကိုမှာခဲ့တာက “ဒီနေ့ ဗိုလ်မောင်မောင်တို့ ရောက်လာလိမ့်မယ်။ မင်းတို့ လေယာဉ်ပျံကွင်း သွားကြိုပြီး ဧည့်ခံလိုက်ကြပါ” တဲ့။ အဲဒီကာလက ဖေဖေက တောင်ပိုင်းတိုင်း တိုင်းမှူးအဖြစ် မင်္ဂလာဒုံမှာရှိနေပြီး၊ ကေအင်ဒီအိုတွေနဲ့ တိုက်ပွဲအဆုံးသတ်တွေ ဆင်နွှဲနေရချိန်ပါ။ မေမေကတော့ အဲဒီခေတ် အဲဒီကာလက ဗိုလ်ချုပ်အောင်ဆန်းကတော် ဒေါ်ခင်ကြည်တို့၊ ဝန်ကြီးချုပ်ဦးနု ကတော် ဒေါ်မြရီတို့ နာယကများအဖြစ် ဦးစီးဖွဲ့စည်းလှုပ်ရှားခဲ့တဲ့ မိခင်နဲ့ကလေးစောင့်ရှောက်ရေးအသင်း၊ တပ်မတော် အမျိုးသမီးများအသင်း စတာတွေရဲ့ တောင်ပိုင်းတိုင်းဌာနရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေရချိန်ပါ။ အဲဒီအသင်းအဖွဲ့ တွေရဲ့ရည်ရွယ်ချက်ကတော့ ရှေ့တန်းမှာ တိုက်ပွဲဝင်နေရတဲ့ တပ်မတော်သားများရဲ့ နေထိုင်စားသောက်ရေး၊...

Read more »

လှကျော်ဇော – ပါတီဝင်တယောက်ရဲ့ စိတ်ဓာတ် (ပါတီစိန်ရတု အမှတ်တရ)

June 1, 2015
လှကျော်ဇော – ပါတီဝင်တယောက်ရဲ့ စိတ်ဓာတ် (ပါတီစိန်ရတု အမှတ်တရ)

လှကျော်ဇော – ပါတီဝင်တယောက်ရဲ့ စိတ်ဓာတ် (ပါတီစိန်ရတု အမှတ်တရ) (မိုးမခ) ဇွန် ၁၊ ၂၀၁၅ ဖေဖေဟာ ၁၉၄၄ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တာဝန်ပေးချက်အရ သခင်စိုးကို ဒေးဒရဲအနီးက ဂွကလေးရွာမှာ သွားခေါ် ရပါတယ်။ သခင်စိုးက ဖေဖေနဲ့  သူ့ ရဲဘော်တစုကို ဆီးပြီးနိုင်ငံရေးသင်တန်းတွေ ပေးခဲ့ပါတယ်။ သင်တန်းအပြီးမှာ ဖေဖေတို့ တတွေကို သခင်စိုးက ဗမာပြည်ကွန်မြူနစ်ပါတီဝင်များအဖြစ် သိမ်းသွင်းခဲ့ပါတယ်။ ဂျပန်တော်လှန်ရေးအပြီး ၁၉၄၅ – ဇူလိုင်မှာ ကျင်းပခဲ့တဲ့ – ပါတီရဲ့ ဒုတိယကွန်ဂရက်မှာ ဖေဖေ ဗဟိုကော်မတီဝင်အဖြစ် အရွေးချယ်ခံရပါတယ်။ ဖေဖေဟာ အဲသလို ပါတီရဲ့ခေါင်းဆောင်တယောက်အဖြစ် အရွေးချယ်သာ ခံခဲ့ရတာ၊ ပါတီကလပ်စည်း ဖြတ်သန်းမှု၊ ပါတီ ၀င် ဘ၀ဖြတ်သန်းမှု...

Read more »

လှကျော်ဇော – ကဗျာလေးတပုဒ်

May 16, 2015
လှကျော်ဇော – ကဗျာလေးတပုဒ်

လှကျော်ဇော – ကဗျာလေးတပုဒ် (မိုးမခ) မေ ၁၆၊ ၂၀၁၅ ကျွန်မတို့မြို့မှာဆေးလာကုနေတဲ့ မိတ်ဆွေတဦးက တနေ့မှာ စာရွက်လေးတရွက်ပေးရင်း ဒီလိုပြောလာပါတယ်။ “ကျွန်တော် ဗျာ အဘိုးကြီး ဆုံးတယ်ကြားကြားချင်း ဒီကဗျာကိုရေးခဲ့မိတယ်။ ပြီးတော့ ခင်ဗျားကို မပေးဖြစ်ခဲ့ဘူး။ ကိုယ့်ဟာကိုယ်လည်း ဘယ်ထဲရေးမိမှန်းမသိဘူး။ သတိရတော့ရှာတာ ဘယ်မှာမှ ရှာမတွေ့ခဲ့ဘူး။ ဟိုတပတ်ကမှ မိတ်ဆွေတယောက်က သူ့စာစောင်ရှာပေးပါဆိုလို့ ရှာရင်းက စာအုပ်တအုပ်ထဲမှာ ဒါကိုသွားတွေ့တယ်။ အတော်နောက်ကျသွားပြီဖြစ်ပေမဲ့ ခင်ဗျား တို့ကစာအုပ်တွေမပြတ်ထုတ်နေတော့ ကြုံတဲ့နေရာမှာ သုံးပေတော့ …”တဲ့။ အဲဒီသူက ဖေဖေနဲ့ပန်ဆန်းမှာအတူတွဲ အလုပ်လုပ်ခဲ့သူပါ။ကျွန်မတို့တတွေနဲ့က တိုက်ဖော်တိုက် ဖက် ရဲဘော်ဟောင်းများပေါ့။ ဖေဖေကွယ်လွန်ပြီး (၂၀၁၂-အောက်တိုဘာ-၁၀ ရက်) ထုတ်ဝေခဲ့တဲ့ “အရေးတော်ပုံ” ဂျာနယ်ရဲ့ “ရဲဘော်ဦးတင်သို့ ကန် တော့ပန်းကဗျာများ” အခန်းအတွက်ရော ကွယ်လွန်ပြီး...

Read more »

လှကျော်ဇော – တရုတ်တပ်မတော်အတွင်းရေးများ

May 5, 2015
လှကျော်ဇော –  တရုတ်တပ်မတော်အတွင်းရေးများ

လှကျော်ဇော –  တရုတ်တပ်မတော်အတွင်းရေးများ (မိုးမခ) မေ ၅၊ ၂၀၁၅ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)အတွင်းအကျင့်ပျက်ခြစားတဲ့အရာရှိများတဦးပြီးတဦးဖေါ်ထုတ်ဖွင့်ချအရေးယူခြင်း ခံနေရပါတယ် ဗဟိုစစ်ကော်မရှင် ဒုဥက္ကဌဟောင်းကအစ အဆင့်အသီးသီးက အရာရှိများပါဝင်တဲ့ စာရင်းက အရှည်ကြီးပါ။ ဒါကိုတချို့လူတွေကဒီလိုဆိုလာပါတယ်။–ဒီလိုလုပ်နေတာတွေဟာတပ်မတော်ရဲ့ပုံရိပ်ကိုထိခိုက်စေတယ်တဲ့။ –တကယ်တော့ ဒီလှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်ဟာ တပ်မတော်ရဲ့ဂုဏ်သိက္ခာကို ပြန်လည်တည့်မတ်ပေးဖို့ဖြစ်တယ် ဆိုတာ — မသိလေရော့သလား။ စဉ်းစားလဲကြည့်ကြပါအုံး။ အကျင့်ပျက်ဗိုလ်ချုပ်ကြီးများ တပ်ထဲဆက်လက်ရှိနေမယ် ဆိုရင် ဒီတပ်ကြီး ဘာဖြစ်သွားမလဲ။ ဘယ်လောက်အန္တရာယ်ကြီးလဲ။  သတင်းမီဒီယာများအဆိုအရဒီအကျင့်ပျက်အရာရှိကြီးတွေစားကြ၀ါးကြတဲ့–ငွေကြေးပမာဏဟာမကြုံစဖူး မကြားစဖူး များပြားလှတယ်-တဲ့။ဒါကြောင့်သူတို့ကိုကျားကြီးများလို့ ခေါ်ပါတယ်။ (စကားချပ်။ တရုတ်ပြည်မှာ အခုခေတ်စားနေတဲ့ စကားလုံးတွေပါ။အကျင့်ပျက်ရာထူးကြီးသူများကို“ကျား”လို့ခေါ်ပြီး ရာထူးငယ်သူများကိုတော့“ခြင်”လို့ သညာပြုထားပါတယ်။) သူတို့လာဘ်စားတဲ့ နည်းနာများကလဲ– အဓိက ရာထူးနေရာများအတွက် လေလံတင်သလို လုပ်တာမျိုး တည်ဆောက်ရေးလုပ်ငန်းများအတွင်း ခြစားမှုတွေ-ငွေနဲ့အာဏာ ဗြောင်အလဲအလှယ်လုပ်မှုတွေ စတာတွေပါဝင်ပါတယ်။တိုင်းပြည်ရဲ့ ထိပ်ဆုံးခေါင်းဆောင်များကလဲ လာဘ်ယူလာဘ်စား အမှုများကို...

Read more »

လှကျော်ဇော – ရဲဘော်လွင် (သို့မဟုတ် ) လူ့လောကကို လှစေချင်သူ

May 1, 2015
လှကျော်ဇော –  ရဲဘော်လွင် (သို့မဟုတ် ) လူ့လောကကို လှစေချင်သူ

လှကျော်ဇော –  ရဲဘော်လွင် (သို့မဟုတ် ) လူ့လောကကို လှစေချင်သူ (မိုးမခ) မေ ၁၊ ၂၀၁၅ ပဲခူးရိုးမကျဆုံးသွားပြီးနောက် ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ သခင်ဗသိန်းတင်က ဗမာပြည် တော်လှန်ရေး ပြောက်ကျား အခြေခံဒေသများမှာ ကျန်နေသေးတဲ့ ဝါရင့်ဗဟိုကော်မတီများဖြစ်တဲ့ သခင်ဖေတင့်၊ ရဲဘော် မျိုးမြင့်၊ ရဲဘော်ကျော်မြ (ရခိုင်) နဲ့ အခြားဝါရင့်ခေါင်းဆောင်များ၊ အဝေးရောက် ပညာတော်သင် ဝါရင့်ရဲဘော်များ၊ ခေါင်း ဆောင်များကို ပြန်လည်စုစည်းကာ ၁၉၇၅ ခုနှစ်မှာ “ဗဟိုကော်မတီတရပ်” ကို ဖွဲ့စည်းထူထောင်လိုက်ကြောင်း ကြေညာ ခဲ့ပါတယ်။ အဲဒီ ဗဟိုကော်မတီကို “၇၅- ဗဟိုကော် မတီများ” လို့ ခေါ်ခဲ့ကြပါတယ်။ ဒီဗဟိုကော်မတီမှာ ၁၉၅၀ ခုနှစ်များက တရုတ်ပြည်ကို ပညာသင်များအဖြစ်ရောက်ရှိလာကြသူ...

Read more »

လှကျော်ဇော – ရခိုင်ရိုးမပေါ်က ကြယ်နီကြီး

April 18, 2015
လှကျော်ဇော – ရခိုင်ရိုးမပေါ်က ကြယ်နီကြီး

 လှကျော်ဇော – ရခိုင်ရိုးမပေါ်က ကြယ်နီကြီး (မိုးမခ) ဧပြီ ၁၈၊ ၂၀၁၅ (၁) ● နောက်ဆုံးနေ့ ၂၀ဝ၅ ခုနှစ် ဧပြီလ ၂၁ ရက်၊ နေ့လည်ခင်း ကလင် … ကလင် …ကလင် … ဒီလိုအချိန်အခါမျိုး ဖုန်းသံမြည်လာရင် ထိပ်ထိပ်ပြာပြာဖြစ်ပြီး ကတုန်ကယင်နဲ့ ဖုန်းကောက်ကိုင်လိုက်ရပါတယ်။ ကျွန်မတို့ မိသားစုနဲ့ နှစ်ပေါင်းများစွာ နှစ်အိမ့်တအိမ် နေခဲ့ကြရပြီး အလွန်ရင်းနှီးခင်မင်လေးစားရတဲ့ ရဲဘော်ကြီး (ဦး) ကျော်မြ အသည်း အသည် မမာမကျန်းဖြစ်ပြီး ဆေးရုံတင်ထားရချိန်ပါ။ ဒါကြောင့်ပဲ ဖုန်းသံကြားတိုင်း ဘုရား … ဘုရား ဆေးရုံကမဟုတ် ပါစေနဲ့လို့ချည်း ဆုတောင်းနေရတာပါ။ ဒီတခါ ဆုတောင်း မပြည့်ပါဘူး။ “ဒေါ်ဒေါ် – ပါပါအခြေအနေ...

Read more »

လှကျော်ဇော – ၂၀၁၅ ခုနှစ် နဲ့ တရုတ်ပြည်

April 5, 2015
လှကျော်ဇော – ၂၀၁၅ ခုနှစ် နဲ့ တရုတ်ပြည်

  လှကျော်ဇော – ၂၀၁၅ ခုနှစ် နဲ့ တရုတ်ပြည် (မိုးမခ) ဧပြီ ၅၊ ၂၀၁၅ လွန်ခဲ့တဲ့နှစ်ပေါင်း (၃၀) ကျော်က အနောက်တိုင်းအပါအဝင် အရင်းရှင်နိုင်ငံကြီးများရဲ့ ငွေအရင်းအနှီးများဟာ ဘဏ်များ ကုမွဏီကြီးများမှာ အပြည့်အလျှံရှိနေပြီး ဒါတွေကို တင်ပို့နိုင်ဖို့ အာသာငန်းငန်းဖြစ်နေပါတယ်။ ဒါကို တရုတ်ပြည်မှာ ယဉ်ကျေးးမှုတော်လှန်ရေးအပြီး  အာဏာရလာတဲ့ တိန်ရှောင်ဖင်က   “ပြုပြင်ပြောင်းလဲရေး-တံခါးဖွင့်ပေါ်လစီ” ကျင့်သုံးပြီး ကောင်းကောင်းအသုံးချလိုက် နိုင်ပါတယ်။   ဟောင်ကောင် ထိုင်ဝမ် စင်ကာပူ အမေရိကန် နဲ့ဥရောပနိုင်ငံများက တရုတ်ပြည်မကြီးအတွင်း အကြီးအကျယ် ဝင်ရောက်ရင်းနှီးးမြှုပ်နှံကြပြီး တရုတ်ပြည်ကြီးကို ကမ္ဘာ့အလုပ်ရုံကြီးအဖြစ်ပြောင်းပြစ်လိုက်ပါတယ်။ ၂၀၁၅ခုနှစ်မှာတော့ ဒီအချက်အတော်များများဟာ ပြောင်းပြန် ပြန်ဖြစ်သွားပါပြီ။ တရုတ်ပြည်မှာဖွံ့ဖြိုးနှုံးကျသွားပေမဲ့ အရှိန်မြင့်နေဆဲဖြစ်တဲ့ စီးပွားရေးရှိတယ်။ ငွေအရင်းအနှီးများ ဘဏ်များ ကုမွဏီများ...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်