ဆောင်းလူ

ဆောင်းလူ ● မြို့မျက်နှာဖုံး

July 25, 2017
ဆောင်းလူ ● မြို့မျက်နှာဖုံး

ဆောင်းလူ ● မြို့မျက်နှာဖုံး (မိုးမခ) ဇူလိုင် ၂၅၊ ၂၀၁၇ မြို့တော်သည် မျက်နှာဖုံးများနှင့် ဖြစ်နေသည်။ မြို့တော်တွင်နေထိုင်ကြသည့် မြို့တော်သူ မြို့တော်သားတို့သည်လည်း မျက်နှာဖုံးကိုယ်စီနှင့် ဖြစ်ကုန်သည်။ မျက်နှာဖုံးတို့သည် အရောင်အသွေးစုံလင်လှပနေပြန်သည်။ မျက်နှာဖုံးများနောက်မှ မျက်လုံးများနှင့် အကြည့်တို့သည်လည်း စိတ်အဆင်အသွေး စုံလင်လှသည်။ တချို့က ကျားကြည့် …။ တချို့က ကြောင်ကြည့် ….။ တချို့က ဆင်ကြည့် ….။ တချို့က မြွေကြည့် … ။ အကြည့် အကြည့်တို့သည် စုံလင်လှသည်။ နှာခေါင်းနှင့် ပါးစပ်ကိုပိတ်စည်းထားသည့်မျက်နှာဖုံးများကြောင့် ခုတလော လေတို့သည် သန့်ရှင်းလျှက် …။ နှာခေါင်းနှင့် ပါးစပ်ကိုပိတ်စည်းထားသည့်မျက်နှာဖုံးများကြောင့် ခုတလော ဆူညံသံတို့သည် ဆိတ်သုဉ်းလျှက် …။ အကြောင်းပြချက်ကိုယ်စီနှင့် မြို့တော်သူ မြို့တော်သားများသည် ဒီဇိုင်းမျိုးစုံ...

Read more »

ဆောင်းလူ – ရန်ကုန်ဟာ အပွင့်တွေအောက်မှာ

March 5, 2017
ဆောင်းလူ – ရန်ကုန်ဟာ အပွင့်တွေအောက်မှာ

ဆောင်းလူ – ရန်ကုန်ဟာ အပွင့်တွေအောက်မှာ (မိုးမခ) မတ် ၅၊ ၂၀၁၇ ပန်းတွေလည်း ဖြစ်ချင် ဖြစ်မယ် ….. ….. ….. …. …. ….. နှမ်းတွေလည်း ဖြစ်ချင် ဖြစ်မယ် …. ….. …. …. ….. …. …. ဒါပေမယ့် ရန်ကုန်ဟာ အပွင့်တွေအောက်မှာ ….၉း ၂၇ နာရီ .. Tags: ဆောင်းလူ Related posts No related posts.

Read more »

ဆောင်းလူ ● မာဖီးယား မြို့တော်

February 7, 2017
ဆောင်းလူ ● မာဖီးယား မြို့တော်

ဆောင်းလူ ● မာဖီးယား မြို့တော် (မိုးမခ) ဖေဖော်ဝါရီ ၇၊ ၂၀၁၇ အန္တရာယ်ကို ရင်ဘတ်နဲ့အုပ်ပြီးဖမ်းမှရတဲ့ ဒီ မြို့တော်မှာ လုံခြုံခြင်းတွေဟာ အလုပ်လက်မဲ့ …။ ဇန် ၃၀၊ ၂၀၁၇   No tags for this post. Related posts No related posts.

Read more »

ဆောင်းလူ ● အမည်မသိများ

January 4, 2017
ဆောင်းလူ ● အမည်မသိများ

ဆောင်းလူ ● အမည်မသိများ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၆ အမည်မသိတွေများတဲ့ တိုင်းပြည်မှာ အမည်မသိတာ မဆန်းဘူး …။ နံနက်ခင်း ခေါင်းကြီးသတင်းကို အမည်မသိတွေ ခေါင်းခံကြတယ် …။ နေ့လည်ခင်း သတင်းစကားတွေလည်း အမည်မသိတွေ ကြီးစိုး ညနေခင်း လမ်းဘေးစကားဝိုင်းမှာတောင် အမည်မသိတွေက မင်းမူနေတယ် …။ အမည်မသိ တိုင်းပြည်မှာ အမည်မသိ ဥသျှောင်တွေနဲ့ အမည်မသိ သတင်းစကားတွေကြား အမည်မသိ ပြည်သူတွေမှာ အမည်မသိ ဒုက္ခတွေကို ခေါင်းခံရင်း အမည်မသိ … အမည်မသိ … အမည်မသိဖြစ်နေကြတယ် …။ အမည်မသိတွေဟာ ခေါင်းစဉ်တွေတပ်မရလောက်အောင်ကို သက်တမ်းရင့် အမည်မသိတာဖြစ်တယ် ….။ ဒီဇင်ဘာ ၁၉၊ ၂၀၁၆ ညနေ ၇း...

Read more »

ေ ဆာ င်း လူ ● ရိုး မ

December 17, 2016
ေ ဆာ င်း လူ ● ရိုး မ

ေ ဆာ င်း လူ ● ရိုး မ (မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၁၆ ရိုးမ အခုချိန်ဆို ဆောင်းလေအေးနဲ့အတူ ရိုးပြတ်မီးခိုးရနံ့တွေ သင်းအူနေမှာပဲ …။ ရိုးမ အခုချိန်ဆို နင့်နှုတ်ခမ်း တောစပ်လမ်းမှာ ဆိတ်ဖလူးတွေ ပြန့်ကျဲနေမှာပဲ …။ ရိုးမ အခုချိန်ဆို နင့်ရင်နဲ့ ထွေးပွေ့ထားတဲ့ စိမ်းစိုခြင်းတွေကြားမှာ အရာရာဟာ အေးမြနေမှာပဲ …။ ရိုးမရေ … နံနက်စာမှာ ဆီတူးနံ့တွေနဲ့ ရိုးရာစာအတုတွေတည်ခင်းတတ်တဲ့ မြို့ပြကို ငါ မနှစ်မြို့ဘူး ..။ ဒီလိုပဲ … နေ့ခင်းစာ ညစာတွေမှာ တရုတ်လုပ်သံပတ်ခွေတွေ ထည့်ပြုတ်ကျွေးမွေးတတ်တဲ့ မြို့ပြကို ငါ မနှစ်မြို့ဘူး ..။...

Read more »

ဆောင်းလူ ● ပုံမှန်မဟုတ်သော လူတယောက်နှင့် အိမ်မြှောင်ကောင်

October 28, 2016
ဆောင်းလူ ● ပုံမှန်မဟုတ်သော လူတယောက်နှင့် အိမ်မြှောင်ကောင်

 ဆောင်းလူ ● ပုံမှန်မဟုတ်သော လူတယောက်နှင့် အိမ်မြှောင်ကောင် (မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၁၆ အိမ်မြှောင်တကောင်က တစ်တစ် … တစ်တစ် … နဲ့ အိမ်မြှောင်သံနဲ့ စကားတွေပြောနေပြန်တယ် ……။ တနေ့ တနေ့ ပုံမှန် မဟုတ်တဲ့ လူတယောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို အကဲခတ်ရင်း ဟိုပြေး သည်ပြေး …။ ဒါဟာ အိမ်မြှောင်တကောင်ရဲ့ ပုံမှန်လုပ်နေကြ အလုပ်တွေပဲ ထင်ပါတယ်။ လူတယောက်ကလည်း ပုံမှန်မဟုတ်တဲ့ အတွေးတွေနဲ့ စိတ်ဝတ္တုတွေ၊ ရုပ်ဝတ္တုတွေကြား ဗျာများရင်း ယောက်ယက်ခတ် နေရတယ် …။ ဒါဟာလည်း ပုံမှန်မဟုတ်တဲ့ လူတယောက်ရဲ့ ပုံမှန်လုပ်နေကြ အလုပ်တွေပဲ ထင်ပါတယ်…။ အိမ်မြှောင်တကောင်က သဘာဝအလင်းဝန်းကျင်အောက်မှာ အစာရှာဖို့ ကြိုးစားကြည့်နေတယ် …။ ပုံမှန်မဟုတ်တဲ့...

Read more »

ဆောင်းလူ ● လိင်တူချစ်သူတွေ နေတဲ့မြို့

September 27, 2016
ဆောင်းလူ ● လိင်တူချစ်သူတွေ နေတဲ့မြို့

ဆောင်းလူ ● လိင်တူချစ်သူတွေ နေတဲ့မြို့ (မိုးမခ) စက်တင်ဘာ ၂၇၊ ၂၀၁၆ နီယွန်မီးတွေကိုအကြောင်းပြုပြီး မြို့က ညနဲ့နီးစပ်လာတာကို မြင်နေရတယ် ..။ ယောက်ယက်ခတ်နေတဲ့ ကိစ္စတွေ တ ထွေးကြီးကို မနိုင်မနင်းထမ်းပိုးထားပြီး လမ်းကလည်း သူ့လမ်းကြောင်းအတိုင်း စုန်ဆန်ဆင်းနေတယ် …။ မိတ်ကပ်တွေ အဖွေးသားနဲ့ ချွေးချောင်းတွေစီးဆင်းနေတဲ့ လမ်းကြိုလမ်းကြားတွေရဲ့ ဝလစ္စလစ်ဆန်မှုကလည်း အထင်းသား …။ လာနေကြလမ်းရဲ့ မနက် မနက်တွေမှာဆို နီယွန်းမီးတွေ အိပ်ငိုက်နေကြတယ် …။ လနေကြလမ်းရဲ့ မနက် မနက်တွေမှာဆို မိတ်ကပ်ပျက်နေတဲ့ အခွင့်အရေးသမားတွေရှိတယ် …။ လာနေကြလမ်းမှာ ည ည ဆို ကျီးတွေလည်း အာနေတယ် ….။ လာနေကြလမ်းမှာ ည ည ဆို ဆက်ရက် (ဇရက်)...

Read more »

ဆောင်းလူ ● ကျွ န် ပြု ခြ င်း

September 21, 2016
ဆောင်းလူ ● ကျွ န် ပြု ခြ င်း

 ဆောင်းလူ ● ကျွ န် ပြု ခြ င်း (မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၆ နိုင်ငံသားတွေကို နိုင်ငံခြားသားတွေက ကျွန်ပြုတယ် …။ နိုင်ငံသားတွေကို နိုင်ငံသားအချင်းချင်းက ကျွန်ပြုတယ် …။ နိုင်ငံသားတွေကို သခင်အားရ လူပါးဝတွေက ကျွန်ပြုချင်ကြတယ် …။ နိုင်ငံသားတွေကို အထက်ခံ အောက်ဖားတွေက ကျွန်ပြုချင်ကြတယ် …။ နိုင်ငံသားတွေကို ကျွန်အချင်းချင်းတောင် .. ကျွန်ပြုချင်နေကြတယ် …။ လူလည်တွေက အားနာမှုကို ခုတုံးလုပ် ကျွန်ပြုတယ် …။ လူပျင်းတွေက ညှာတာမှုကို ခုတုံးလုပ် ကျွန်ပြုတယ် ..။ လူလည် လူပျင်းတွေက ရှက်စိတ်ကင်းမဲ့မှုနဲ့ ကျွန်ပြုတယ် …။ ကျွန်ပြုတယ် …. ကျွန်ပြုတယ်...

Read more »

ဆောင်းလူ ● လမ်း

August 10, 2016
ဆောင်းလူ ● လမ်း

ဆောင်းလူ ● လမ်း (မိုးမခ) သြဂတ်စ် ၁၀၊ ၂၀၁၆ ရေမီးအစုံ ရေညှိအဖုံဖုံ သတ္တ၀ါမျိုးစုံ အမှိုက်သရိုက်ပုံနဲ့ ၀င်ဒါမီယာရပ်ကွက်ပျက်လို လမ်း …။ ဒီလမ်းမှာ တဲအိုလည်း ရှိရဲ့ တိုက်ပြိုလည်း ရှိရဲ့ အရွယ်စုံစုံ အမျိုးစုံစုံ ၀ီဝီလည်ခြေရှုပ် ပျော်ပါးတဲ့ လမ်း ….။ ယုတ်စွအဆုံး တောင်းစားသူတို့ ရွှင်မြူးတဲ့လမ်း ….။ ဒဏ်ရာများမှာ ပတ်ကြားအက်လာတဲ့ လမ်း ….။ တိုက်စားမှုမှာ ရွဲ့ရွဲ့လာတဲ့ လမ်း ….။ လှိုက်စားမှုမှာ ကျဉ်းကျဉ်းလာတဲ့လမ်း …။ ကကြိုးအစုံအလင်နဲ့ အသုံးတော်ခံ လမ်း ….။ အက်ကြောင်းတပုံတပင်နဲ့ ခုတုံးလုပ်ခံ လမ်း ….။ တကယ်တော့ ဒီလမ်း သက်တမ်းအရင့်ဆုံး လမ်း …။ ဆောင်းလူ...

Read more »

ဆောင်းလူ ● နွားအိုတကောင်ရဲ့ ပျံကျအတွေးများ

July 30, 2016
ဆောင်းလူ ● နွားအိုတကောင်ရဲ့ ပျံကျအတွေးများ

ဆောင်းလူ ● နွားအိုတကောင်ရဲ့ ပျံကျအတွေးများ ဇူလိုင် ၃၀၊ ၂၀၁၆   ကျုပ်စိတ်ထဲ လူတွေရဲ့အကြောင်း တွေးမိလေလေ … စိတ်ထဲမှာ တနုံ့နုံ့နဲ့ဗျာ …။ ဒါလည်း ကျုပ် ငယ်နုစဉ်ကာလများတုန်း စားပြီး စားမြုံ့ပြန်ဖို့အချိန်တောင်မရှိလို့ လူတွေအိပ်မောကျနေချိန်တွေကျမှ စားမြုံ့ပြန်ခဲ့ရတာဆိုတော့ အတွေးဆိုတာ တွေးချိန်တောင် မရခဲ့ပါဘူးဗျာ …။ ခုတော့ ကျုပ် အိုနေပြီလေဗျာ …။ အချိန်တွေနည်းနည်းပိုလာတဲ့ နွားအိုကြီးပေါ့ဗျာ …။ ကျုပ်တို့ နွားဘ၀က မလွယ်ပါဘူးဗျာ …။ ငယ်တုန်းကကြတော့လည်း ခိုင်းလိုက်ကြတာ ရက်ရက်စက်စက်။ အိုလာလို့ ယိုင်နဲ့ နဲ့ သွားတွေနဲ့ မြက်ရင့် မြက်ခြောက်တွေ မ၀ါးနိုင်တော့လို့ မြက်နုလေးတွေ ရွေးစားမိပြန်တော့ ပြောလိုက်ကြတာ ပက်ပက် စက်စက် …။ ဘာတဲ့...

Read more »

ဆောင်းလူ ● တောခြောက်ခြင်း

June 5, 2016
ဆောင်းလူ ● တောခြောက်ခြင်း

ဆောင်းလူ ● တောခြောက်ခြင်း (မိုးမခ) ဇွန် ၅၊ ၂၀၁၆ သဘာဝက အရိုးခံနဲ့ ပဉ္စလက်ဆန်ဆန် …. ဘ၀က အရိုင်းခံနဲ့ ပြဇာတ်ဆန်ဆန် …. အရင်းရှင်ဆန်ဆန်… ဈေးဖြတ်မှုနဲ့ မွတ်သိပ်မှုကို ကုန်သွယ်တော့ အထိတ်ထိတ် အလန့်လန့်နဲ့ ခဏ … ခဏ တွန်း … တွန်း …လွှတ်ရတယ် … စိတ်ရဲ့ ဖြစ်ချင်တိုင်းဖြစ်ခွင့်နဲ့ လေမှာကူးခတ် ရန်သူနဲ့ ရင်ချင်းအပ်နေတာက ကိုယ့်အိမ်ရာလိုပဲ သဘောထားနေကြလား မသိ …. ကမ္ဘာ့အစီအစဉ်မှာ ရာစုသစ် အခင်းအကျင်းက ကစော်ပေါက်တဲ့ရာသီနဲ့ မှောင်တ၀က် လင်းတ၀က် … မြွေလိမ် မြွေကောက်တွေနဲ့ တောင်မရှိတဲ့ တောမှာ အရိုင်းဆန်ဆန် ခဏ … ခဏ တောခြောက်ခံရတော့...

Read more »

ဆောင်းလူ ● လူပျက်တွေပွဲ

May 25, 2016
ဆောင်းလူ ● လူပျက်တွေပွဲ

ဆောင်းလူ ● လူပျက်တွေပွဲ (မိုးမခ) မေ ၂၅၊ ၂၀၁၆ သူတို့တွေပေါ့ … အမြီးဆိုတော့လည်း အမြီး … ခေါင်းဆိုတော့လည်း ခေါင်းမို့ …။ သူတို့တွေပေါ့ … မီးဆိုတော့လည်း မီး မီး … …. ဆိုတော့လည်း …. …. … ။ သူတို့တွေပဲလေ ဟိတ်ကြီးကြီး ဟန်ကြီးကြီးတွေနဲ့ … အုတ်ကြားမှာပေါက်တဲ့မြက်ကို အပြစ်လုပ် … လူတတ်ကြီးတွေလုပ်လို့ …။ သူတို့တွေပဲလေ … ဆင်ဖြူကြီးကိုလည်း မှီချင်ကြတယ် … ခရုသင်းစွဲမှာလည်း ကြောက်ကြသေးတယ် …။ သူတို့တွေပဲလေ … အကြံကုန်မှန်း သိပေမယ့် … ဆားချက်ရမှတော့ ကြောက်ကြသေးတယ် …။ အယူသီးတာလည်း သူတို့...

Read more »

ဆောင်းလူ ● ငဖား …. ကွီး .. ညေး ..ခေး ..နှင့် …ဘွီး …

May 21, 2016
ဆောင်းလူ ● ငဖား …. ကွီး .. ညေး ..ခေး ..နှင့် …ဘွီး …

ဆောင်းလူ ● ငဖား …. ကွီး .. ညေး ..ခေး ..နှင့် …ဘွီး … (မိုးမခ) မေ ၂၁၊ ၂၀၁၆   စကြာဝဠာတနေရာတွင် အခြေစိုက်တည်ထားသည့် စင်္ကြ၀ဠာကျော် မီဒီယာကြီးတခုမှ ထုတ်လွှင့်နေသည့် နေ့စဉ်အကြောင်း အရာများကို ငဖားတယောက် ဂြိုလ်ပြာပေါ်မှ စိတ်ဝင်တစားဖြင့် ထိုင်ကြည့်နေမိလိုက်သည်။ ထုတ်လွှင့်မှုများကို အချိန် နှင့်တပြေးညီ အစဉ်တစိုက် ထုတ်လွှင့်နေသည့်အတွက်လည်း ငဖား ကြည့်ဖြစ်မိခြင်း ဖြစ်သည်။ သတင်းကြေညာသူက ခွန်းဆက်လေးဖြင့် စတင်လိုက်သည်။ မီဂလာပါရှီ … ဘီကလား ပီလီအော်ကနေ စွတင်လာတဲ့ ဆွိုင်ကလုန်း ရွက်နုအကြောင်းကို တီဆက်ပေးပါတော့မယ်ရှီ … ဆွိုင်ကလုန်း မွီတိုင်း ရွက်နုဟာဖြင့် ဘီကလားဒိကွိမ်းချီကို ဖြတ်ကျော်ပြီး ယီနိည ၈...

Read more »

ဆောင်းလူ ● မြို့ပတ်အပြေးသမား

May 18, 2016
ဆောင်းလူ ● မြို့ပတ်အပြေးသမား

ဆောင်းလူ ● မြို့ပတ်အပြေးသမား (မိုးမခ) မေ ၁၈၊ ၂၀၁၆ ကိုယ့်မြို့ကိုယ် တပတ်ပြီး တပတ် ပတ်ပြေးနေရမယ်ဆိုတာကိုက … ငယ်အိပ်မက်လည်းမဟုတ်။ ကြီးအိပ်မက်လည်း မ ဟုတ်။ မဟုတ်လည်း ခုတော့ တပတ်ပြီး တပတ် ပတ်ပြေးနေရတာကိုက လက်တွေ့ပဲလေ …။ မောလို့ နားမယ်ကြံလိုက်တိုင်း အရိပ်ဆိုတာတွေက ရိုးပြတ်တွေပဲ …။ ပြတ်လိုက်တာမှလည်း ပင်စည်ရိုးမြစ်တောင် နေလောင်ဒဏ်ကြောင့် ပြောင်လက်လို့ …။ မောလို့ သောက်မယ်ကြံလိုက်တိုင်း ရေတိုင်းဆီမှာ မြေငွေ့တွေ ရိုက်လို့ …။ ရိုက်လိုက်တာမှလည်း ပူလောင်ခြစ်တောက်လို့ …။ ကိုယ့်ခြေထောက် ကိုယ်ရုန်းပြီး စွဲစွဲမက်မက်ပြေးနေတဲ့ ခြေလှမ်းတိုင်းနောက်မှာ နှစ်ရာချီသက်တမ်းရှိနေတဲ့ အုပ်ဆိုင်းဆိုင်း ကုက္ကိုလ်တန်းကြီးက အားပေးနေပြန်တယ်။ ကိုယ့်ခြေထောက် ကိုယ်မမပြီး ပြေးနေတဲ့ ခြေဖ၀ါးအောက်မှာ...

Read more »

ဆောင်းလူ – ငဖား ဖားရိုက်ခြင်း

April 6, 2016
ဆောင်းလူ – ငဖား ဖားရိုက်ခြင်း

ဆောင်းလူ – ငဖား ဖားရိုက်ခြင်း (မိုးမခ) ဧပြီ ၆၊ ၂၀၁၆ ခုတလော ငဖား၏စိတ်တို့သည် ဖားရိုက်ချင်စိတ်တို့ဖြင့် ကြီးစိုးလျှက်ရှိသည်။ ဖားမရိုက်ခင် ဖားမျိုးစိတ်ကို စူးစမ်းကြည့်မိသည်။ ဖားမဖြစ်ခင်က ယင်းတို့ကိုယ် ယင်းတို့ ငါးဟု ထင်နေကြပုံရသည်။ အချိန် ကာလရွေ့လျားလာမှု ဆင့်ကဲဖြစ်စဉ်များမှသာ ဖားသည် ဖားဖြစ်သည်ဟုသာ လက်ခံလိုပုံရသည်။ ဖားတို့သည် ရေကြိုက်သော သတ္တ၀ါဟု ယေဘုယျ မှတ်ချက်ချနိုင်သည်။ ထို့အတူ ဖားတိုင်း ရေကူးနိုင်ကြပြန်သည်။ ရေကူး နိုင်သလို့ ကုန်းပေါ်တွင်လည်း ခုန်ဆွ ခုန်ဆွဖြင့် လိုရာရောက်အောင် ပြုမူနိုင်ကြပြန်သည်။ ဖားတို့သည် လျှာရှည်သည်ဟု ထင်မိပြန်သည်။ ယင်းတို့ အနီးတ၀ိုက်သို့ မျက်စေ့လည်လမ်းမှားလာသော အစာများကို သူ တို့၏ လျှာရှည်ရှည်ဖြင့် လှစ်ကနဲ ဖမ်းယူစားသောက်နိုင်ကြပြန်သဖြင့် ရှည်ရုံမက...

Read more »

ေ ဆာင်း လူ – သ တ င်း မ် ာ း

April 2, 2016
ေ ဆာင်း လူ – သ တ င်း မ် ာ း

ေ ဆာင်း လူ – သ တ င်း များ ဧပြီ ၂၊ ၂၀၁၆ သတင်းများ နံနက်ခင်း သတင်းများ …. ထူးတာလည်း ထူး .. ဆန်းတာလည်း ဆန်း … ဟောင်ကောင်က အိမ်ဖော်မလေး ကိုယ်နေဟန်အမျိုးမျိုးနဲ့ ဆယ်လ်ဖီဆွဲခြင်းက အရှေ့မြောက်ဖျား တိုက်ပွဲကြား လင်သေ သားပျောက် မိခင်တယောက်ရဲ့ ငိုကြွေးသံက တိမ်မြှုပ် …။ သတင်းများ ဆန်းသထက် ဆန်းလာခြင်းက … ကမ္ဘာ့အရှေ့ခြမ်းက တခမ်းတနား ဖောဖောသီသီ ရေပွဲတော်တွေအကြောင်းမှာ ကမ္ဘာ့တောင်ခြမ်းက ရေငတ်ခြင်း ပြဿနာက တိမ်မြှုပ် …။ သတင်းများ ထူးသထက် ထူးလာခြင်းမှာ...

Read more »

ဆောင်းလူ – ငဖား

March 31, 2016
ဆောင်းလူ – ငဖား

ဆောင်းလူ – ငဖား (မိုးမခ) မတ် ၃၁၊ ၂၀၁၆ ငဖားတယောက် ဒီကနေ့ စိတ်တို့သည် ညစ်ညူး တုန်ခါလျှက်ရှိသည်။ ဒီကနေ့ ဖြစ်ပျက်ခဲ့သော ကိစ္စများသည် ငဖားရှေ့ရေး အတွက် မလွယ်။ ငဖား ပင့်သက်ကို အသာချလိုက်သည်။ အဖားမတော် လျှင် ငဖား၏ နည်းမျိုးစုံတို့သည် ဒီကနေ့တွင် နိဂုံးချုပ်နိုင်သည်ကို ငဖား သတိချပ်မိသည်။ အမှန်ပြောရလျှင် ငဖား ပျင်းသည်။ ထမင်းတလုပ်အတွက် ငဖား ပင်ပင်ပန်းပန်း အလုပ်မလုပ်နိုင်။ ပင်ပင်ပန်းပန်း ကိုယ့်အား ကိုယ်မကိုးချင်သော ငဖား နည်းလမ်းရှာရ၏။ ငဖား ဒီဘ၀ကိုရောက်အောင် မနည်း မနည်းကို ဖားခဲ့ရသည့်အတွက် ငဖားအတွက် မလွယ်ကူဟု ငဖားပြောနိုင်သည်။ လူတို့က ငဖားအား … အားလျှင် ဖားယားနေသည်ဟုသည်...

Read more »

ဆောင်းလူ – စားကောင်းရုံလုပ်ကြတဲ့ လောကကြီး (၂)

March 21, 2016
ဆောင်းလူ – စားကောင်းရုံလုပ်ကြတဲ့ လောကကြီး (၂)

ဆောင်းလူ – စားကောင်းရုံလုပ်ကြတဲ့ လောကကြီး (၂) (မိုးမခ) မတ် ၂၁၊ ၂၀၁၆ ကျုပ်လား … ခုတော့ဗျာ … အသက်ကလည်း ကြီးလာ … အရင် ဟိုးငယ်တုန်းကလို အရာရာက သန်တုန်း မာတုန်း မဟုတ်လေတော့ တချို့ဟာတွေက ပေါင်းစားလာရတယ်ဗျာ ..။ ပေါင်းစားမှလည်း နူးပြီး အိနေတာကိုးဗျ ..။ ပေါင်းစားဆို သွားတွေကလည်း ခပ်နဲ့နဲ့ဖြစ်လာပြီလေ .. …။ အသက်ကြီးလေ ပေါင်းစားသင့်လေပဲဗျ ..။ ဟိုဟာပဲ ပေါင်းပေါင်း ဒီဟာပဲ ပေါင်းပေါင်း ဘယ်လို ဘယ်နည်းနဲ့ပဲ ပေါင်းပေါင်း … ပေါင်းစားရင် ကျုပ်က အကုန်ကြိုက်တာချည်းပဲ …။ ဗျာ … ….. ….. …....

Read more »

ဆောင်းလူ – မုဆိုးရာသီ

March 15, 2016
ဆောင်းလူ – မုဆိုးရာသီ

 ဆောင်းလူ – မုဆိုးရာသီ (မိုးမခ) မတ် ၁၅၊ ၂၀၁၆ မုဆိုးရာသီ ကုန်ချေပြီလို့ အပြီးသတ်ကောက်ချက်တွေ မှန်းသန်း မဆွဲကြပါနဲ့ဦး ….။ ဒီတခါ စစ်ပွဲ လေးမြားမလိုပေမယ့် ၂၁ ရာစု ငြိမ်းချမ်းရေး အလံတော်အောက်မှာ တမန်တော်တွေနဲ့ ပိုမိုပြီး လှိုင်းထန်မယ် …။ တရားစကား မပြောဘူး …။ ကြားစကား မပြောဘူး …။ မုသာဝါဒနဲ့ ဟိုစနစ် ဒီစနစ်မှာ ကမ္ဘာစစ်ထက် ပိုဆိုးတဲ့ ဒိုးယိုပေါက်စီးဆင်းမှုနဲ့ ဌာနီဟာ ၀မ်းနည်းမှုနဲ့ တွေးတွေးဆဆ .. ငေးငေးအအ …။ ကာလချီကြာ ကျွံဝင်ခဲ့ရတဲ့ နွံတွင်း ကျွန်ဇာတ်သွင်းခံရင်းမှာ ရောမမြို့ကြီးသာ ပြာဖြစ်သွားမယ် … နီရိုးဘုရင် တယောထိုး ရပ်သွားမယ်ဆိုတာ …။ မုဆိုးရာသီ ကျန်ခဲ့ပြီလို့...

Read more »

ဆောင်းလူ – ရာစုသစ် ပိုးမွှားများ

March 14, 2016
ဆောင်းလူ – ရာစုသစ် ပိုးမွှားများ

 ဆောင်းလူ – ရာစုသစ် ပိုးမွှားများ မတ် ၁၄၊ ၂၀၁၆ ရောင့်ရဲရ ခက်လွန်းသော အလောင်းအစားများ ဆယ်ခါလျော် တခါစားနဲ့ နာနာကျင်ကျင် ရှိုက်ကြီးတငင် ငိုတတ်ကြ …။ နေရာတကျမရှိသော တံခါးများ အစားထိုးမလွယ်တဲ့ သော့တံတချောင်းနဲ့ အဝင်အထွက် လွယ်မယောင်မှာ အယောင်အယောင် အနနနဲ့ တွားသွားလမ်းတွေပေါ်မှာသာ ခြေချ လားရာလမ်းတွေဟာ ခေါက်ရိုးကျိုး ကျေမွစေပေါ့ … ။ အမျိုးအမည်ကွဲနဲ့ ခိုက်တတ်သော စကားများ အရှိုက်တည့်တည့်ကို ထိုးနှက် မာယာများသော ဥပေက္ခာနဲ့ ဟင်းလင်းပြင် ခေါင်တီးတီးမှာ လေကောင်းလေသန့်ကိုသာ ခြောက်ခြောက်ကပ်ကပ် ရှူရှိုက်ပျော်ဝင်ကြ …။ စည်းရုံးရမလွယ်တဲ့ ရာစုဟာ ဒီတခါမတော့ … ပိုးမွှားတွေနဲ့ ရှုပ်ထွေးစ ပြုလာစေပြီပေါ့ …။ သောကြာနေ့၊ ဇွန်လ...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်