အာရှတလွှား

အလှ … စစ် (Kamar Pale)

August 16, 2012
အလှ … စစ် (Kamar Pale)

ပန်းကလေးတို့၏ … သခင် မတွေ့ မမြင်တာ ကြာခဲ့ပြီ …။ ပင်လယ်က သူ့မျက်ရည်တွေ စေလွှတ်လိုက်တယ်။ ကမ္ဘာမြေရဲ့ တည်မြဲသော ချစ်ခြင်းရင်ခွင်မှာ သူတို့ရနံ့ သင်းပျံ့နေခဲ့ပုံ။ ။ ကမာပုလဲ ၁၃၀၈၂၀၁၂

Read more »

ကျွန်တစ်ယောက်ရဲ့ ဖွင့်ဟ၀န်ခံချက် (Po Htet)

August 15, 2012
ကျွန်တစ်ယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်  (Po Htet)

 ဖိုးထက်၊ သြဂုတ် ၁၅၊ ၂၀၁၂ ဒီမယ်ဗျ ကျုပ် နိုင်ငံခြားမှာ အလုပ် ထွက်လုပ်နေတဲ့နှစ်တွေ ရည်တွက်ရင် လက်နှစ်ဖက်နဲ့တောင် မရည်နိုင်တော့ဘူး။ ကျုပ်ကျောင်းပြီးပြီးချင်း ၀န်ကြီးဌာန တစ်ခုမှာ နေ့စားနဲ့ ၀င်လုပ်သေးတာ။ အဲ ပြောစမ်းပါရစေအုံး။ ကြွားတယ်လို့လဲ မထင်ကြနဲ့။ ကြွားလောက်အောင်လဲ ဟုတ်ပါဘူး။ ကျုပ် အင်ဂျင်နီယာဘွဲ့ရတယ်။ အင်ဂျင်နီယာလို့သာပြောတာပါ။ သူလို ကိုယ်လို ကျောင်းမှန်မှန်တက်ပြီး တစ်နှစ် တစ်တန်း ပုံမှန်အောင်သွားတာပါ။ ဘာတတ်လဲ မမေးနဲ့။ ဘာမှ မတတ်ဘူး။ ကျုပ်တို့ကို သင်တဲ့ ဆရာ၊ ဆရာမလေးတွေဆိုတာ ၁၅၀ တန်းဆိုလား၊ စံပြတန်းဆိုလား ဆင်းလာပြီး ကျုပ်တို့ကို သင်တာ။             ဆရာ၊ ဆရာမလေးတွေဆိုတာ အသက်က ငယ်ငယ်။ အစိုးရပေးတဲ့ လခနဲ့ ဘယ်မှာ...

Read more »

ထာဝရငြိမ်းချမ်းရေး ထာဝစဉ်ဝေးနေမှာလား (Tu Maung Nyo)

August 14, 2012
ထာဝရငြိမ်းချမ်းရေး ထာဝစဉ်ဝေးနေမှာလား (Tu Maung Nyo)

ထာဝရငြိမ်းချမ်းရေး ထာဝစဉ်ဝေးနေမှာလား တူမောင်ညို ၊ သြဂုတ် ၁၄၊ ၂၀၁၂ (ကျနော်မိတ်ဆွေနဲ့ကျနော် “ထာဝရငြိမ်းချမ်းရေး”ကိစ္စ အမြင်ဖလှယ်ခဲ့ကြပါတယ် ၊ မိတ်ဆွေများလည်း စိတ်ပါဝင်စားတယ်ဆိုရင်ဖြင့် ပါဝင်ဆွေးနွေးနိုင်ရန် ဝေငှလိုက်ပါတယ်) ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (၁/၂၀၁၂) အစည်းအဝေးမှာ ပြောတဲ့ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ရဲ့ အမှာစကားကို ခင်ဗျားဖတ်ပြီးရောပေါ့။ ဟုတ်ကဲ့၊  ပြောပါဦးဗျ ခင်ဗျားသဘောထားအမြင်၊ ကြားပါရစေ။ သမ္မတတွေရွေးကတည်းက သမ္မတတွေထဲမှာ တိုင်းရင်းသားထဲက သမ္မတ (၁) ဦးတော့ပါသင့်တယ်ဆိုတဲ့ အသံထွက် ပေါ်ခဲ့တယ်။ ခင်ဗျားမှတ်မိမှာပါ။ လက်တွေ့ရွေးချယ်လိုက်တော့လည်း ဒုတိယသမ္မတအဖြစ် ဒေါက်တာစိုင်းမောက်ခမ်း အရွေးချယ်ခံခဲ့ ရတယ်လေ။  ဒေါက်တာစိုင်းမောက်ခမ်း က ကြံ့ခိုင်ရေးပါတီ( USDP) ကပဲဗျ။ ဟုတ်တယ်လေ။ တိုင်းရင်းသားထဲက ဒုတိယသမ္မတ ဖြစ်လာတာတာနဲ့ဘာထူးနိုင်မှာလို့လဲဗျ။ သူ့ပါတီရဲ့ဆုံးဖြတ်ညွန်ကြားတဲ့ အတိုင်းလိုက်ပါဆောင်ရွက်ရမယ်။...

Read more »

အိုလံပစ်နဲ့ မြန်မာ (လန်ဒန်အိုလံပစ် မှတ်တမ်း) (Zaw Aung, Mon Ywa)

August 11, 2012
အိုလံပစ်နဲ့ မြန်မာ (လန်ဒန်အိုလံပစ် မှတ်တမ်း) (Zaw Aung, Mon Ywa)

ဇော်အောင်(မုံရွာ)၊ သြဂုတ် ၁၁၊ ၂၀၁၂ ဂရိတ်ဗြိတိန်ဆိုတာ နေမ၀င်အင်ပါယာဆိုပြီး ကမ္ဘာ့သမိုင်းဝင်ကိုလိုနီ နောက်ဆုံးဘိတ် အင်ပါယာကြီးဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ် (လွန်ခဲ့တဲ့နှစ်၆၀ကျော်) အချိန်ကစပြီး ကျဆုံးသွားရတာပါ။ သူ့အင်ပါယာ ဘယ်လောက်ကြီးသလဲဆိုရင် ဟိုး..ရောမအင်ပါယာ ဆိုတဲ့ (ယခု-အီတလီ) အလွန်အံ့သြဘွယ် ဒီမိုကရေစီစနစ် နှစ်ပေါင်းထောင်နဲ့ချီ ကြီးစိုးခဲ့တဲ့ အင်ပါယာထက်တောင် နယ်မြေကျယ်ပြန့်ပါတယ်။ ကမ္ဘာ့ ဘာသာကြီးအားလုံး မူဆလင်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာာသာ၊ ဆစ်၊ ဂျူး အစရှိတဲ့ နိုင်ငံအားလုံးကို သိမ်းကျုံးပြီး နှစ်ပေါင်းရာချီ အုပ်ချုပ်ခဲ့တဲ့ ကျွန်းနိုင်ငံလေးတခုပါ။ အခုချိန်အထိ သူတို့ရဲ့ အလွန်ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်ကြောင့် အင်ပါယာကျဆုံးသွားပေမဲ့၊ အင်္ဂလိပ်စကားပြောလူမျိုးနဲ့နိုင်ငံများဟာ ကမ္ဘာကိုလွှမ်းမိုးနေဆဲဖြစ်ပါတယ်။ အထူးသဖြင့် အင်္ဂလိပ်စကားပြော အမေရိကန်အင်ပါယာကြီး ပေါ်ထွန်းလာခဲ့ပါတယ်။ အင်္ဂလိပ်စကားပြောတဲ့ အာရှက ဟောင်ကောင်၊ စင်ကာပူ၊ အိန္နိယ နဲ့၊...

Read more »

တခါက အမေတို့ ရွာမှာ …. (Kama Pale)

August 8, 2012
တခါက အမေတို့ ရွာမှာ ….  (Kama Pale)

တခါက အမေတို့ ရွာမှာ …. ကမာပုလဲ၊ သြဂုတ် ၈၊ ၂၀၁၂             ကျနော့်မှာ အမေ ရှိခဲ့တယ်။ သြော် လူဆိုမှတော့ အမေ မရှိဘဲ မွေးလာမလားဟဲ့လို့ အရပ်က မေတ္တာပို့ရင်လည်း ခံရမှာပါ။ ဒီလိုပါ။ ဆုံးသွားရှာပြီဖြစ်တဲ့ အမေကို တမ်းတမိတဲ့အခါ `အမေ ရှိခဲ့တယ်´လို့ စိတ်ထဲ ခံစားတွေးမိတတ်တဲ့ အကျင့်က ပါနေလို့ ခုလို ရေးဖြစ်သွားတာပါ။             အမေက စာမတတ်ရှာပါဘူး။ မတတ်ဆို သေစာ၊ ရှင်စာလေးတောင် မတတ်ခဲ့တာပါ။ ဒီတော့ ဘုရားစာ၊ တရားစာကလေးတွေဆိုရင် သားသမီးတွေက သူ့ကို ဖတ်ပြရတယ်။ ဆိုတော့ အငယ်ဆုံးဖြစ်တဲ့ ဒီကောင်သာ ပယ်မဲမရှိ ရွေးချယ်ခံခဲ့ရတယ်ပေါ့ဗျာ။ သြကာသ … သြကာသ ကနေ...

Read more »

သံလို သွေးလို မာကြော ရဲရင့်ကြရလိမ့်မယ် (Tu Maung Nyo)

August 8, 2012
သံလို သွေးလို မာကြော ရဲရင့်ကြရလိမ့်မယ်  (Tu Maung Nyo)

သံလို သွေးလို မာကြော ရဲရင့်ကြရလိမ့်မယ် တူမောင်ညို။ သြဂုတ် ၈၊ ၂၀၁၂             ပြည်သူ့လွှတ်တော်က ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ကို “တရားဥပဒေ စိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ” အဖြစ် ခန့်အပ်လိုက်တာနဲ့ “၈၈ မျိုးဆက်များ”ထံ ဝန် ၂ ပါး က “ကျပ်ငွေ ၁၀ သိန်း” ပေးသွားတဲ့ ဖြစ်ရပ်ဟာ သဘောရိုးမဟုတ်ပါ။ သာမန်တိုက်ဆိုင်မှုမဟုတ်ပါ။             ၁၉၈၈ခုနှစ်၊ ဒီမိုကရေစီအရေးတော်ပုံကြီး (ရှစ်လေးလုံးလှုပ်ရှားမှုကြီး)နဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံက တညီတညွတ်တည်းရွေးချယ်ပေးလိုက်တဲ့ ဒီမိုကရေစီခေါင်းဆောင်ကို အသရေဖျက်လိုက်တာပါ။ နတ်သုဒ္ဓါထဲ မစင်တစ်ပဲ ရောထည့်လိုက်တာပါ။ “တရားဥပဒေ စိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ နဲ့ ဥက္ကဋ္ဌ”             ကော်မတီရဲ့တာဝန်က … “ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှ အခါအားလျော်စွာ...

Read more »

Kamar Pale – 8888

August 8, 2012
Kamar Pale – 8888

အားလုံးရဲ့ ရင်ထဲမှာ သူရှိတယ် … ။ တပွင့်ချင်း ဖွင့် ဖတ်မလား တလွှာချင်းစီ ရင်ခုန်ကြည့်မလား …။ အသံမှာ ဒေါသစွက်ရင် အဲဒီခေတ်ရဲ့ အပြစ်မဲ့ မျက်ရည်ဘက်က စာနာပါ၊ ရနံ့မှာ သွေးစိမ်းရှင်ညှီ သင်းနေခဲ့ရင် ဒီနေ့ခေတ်ရဲ့ မတရားမှုတွေကို သင့်နှလုံးသားက လက်မခံလိုက်ဖို့ ကြိုးစားပါ။

Read more »

မိုးမခမင်း (ကမာပုလဲ)

August 5, 2012
မိုးမခမင်း (ကမာပုလဲ)

 Ko Oo + Ma Thandar Design သား မင်းကို မင်းအဖေက မိုးမခမင်း လို့ အမည်ပေးခဲ့တယ် …။ သူလည်း သူ့ အဖေ အမေ ကိုယ်စား မိုးမခပင်တွေနဲ့ ကြီးပြင်းခဲ့ရတာ …။ သား မင်း စကား စ ပြောတော့ ‘အရေးကြီးပြီ ညီနောင် အပေါင်းတို့ သွေးစည်းကာ ညီစေညီကြစို့’ တဲ့ …။ ဘဝ အပူတွေလည်းငြိမ်းခဲ့ ကိုယ့် ရွေးချယ်ရာလမ်းကိုလည်း ကိုယ်အမှန်အတိုင်းမြင်ခဲ့ ဆီ ဆန် ဆား ငြုပ် … ချို့တဲ့ ဘဝ ပြဿနာ သားရဲ့ ပြုံးစစ မျက်နှာမှာ လက်ဝါးကလေး နဖူးမှာကပ် အလေးပြုနေတဲ့ စတိုင်က …။ ညီမကလေး...

Read more »

အဖွင့်တီးလုံး (ကမာပုလဲ)

August 3, 2012
အဖွင့်တီးလုံး (ကမာပုလဲ)

 Ko Oo + Ma Thandar Design မုဆိုးတို့ ဆူးကြောက်တဲ့အခါ သားကောင် ဝေဒနာကင်းတယ် …။ ငါးမျှားသူ စိတ်ကစဥ့်ကလျား ဖြစ်တဲ့အခါ ငါးကလေးတွေ … သူတို့အန္တရာယ် သူတို့ မြင်နိုင်တယ် …။ ငှက်ခတ်သမား စိတ်လက်မရှည်တဲ့အခါ ငှက်ကလေးတွေ ငြိမ်းချမ်းတေးကို ဆိုနိုင်တယ် …။ ထောင်ချောက်ကိုမှ တိုးချင်လှတဲ့ သားကောင် မာယာကမ်းခြေပေါ်မှာ ပျော်ချင်ရှာတဲ့ ငါး ဘဝရဲ့ တောင်ပံတစုံကိုမှ ရွှေချချင်တဲ့ ငှက်ကလေး …။ အဲဒီ ဆင်ဖိုနီတေးသွား ခြောက်ခြားစရာ သိပ်ကောင်းတယ် …။ ။ ကမာပုလဲ ဇူလိုင် ၃၁၊ ၂၀၁၂။ ၂၃း၂၉

Read more »

အမေ့ အမွေ (Po Htet)

August 1, 2012
အမေ့ အမွေ  (Po Htet)

အမေ့ အမွေ ဖိုးထက်၊ သြဂုတ် ၁၊ ၂၀၁၂             ဤလောက ကမ္ဘာမြေကြီးပေါ်ဝယ် သတ္တ၀ါအမျိုးစုံ ရှင်သန် နေထိုင်ကြသည်။ ထို အထဲကမှ လူဆိုသည့် သတ္တ၀ါ တစ်မျိုးသာ အသိဥာဏ် အမြင့်မားဆုံး ဖြစ်သလို အရှုပ်အထွေးဆုံး ဖြစ်သည်။ လူတစ်မျိုးတည်းသာ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု စသည်တို့ကို လက်ဆင့်ကမ်းနိုင်ကြသည်။ အမွေပေးခဲ့ကြသည်။             “အမွေ” ဆိုသည့် စကားလုံးကို ထပ်မံ ပိုင်းခြားရလျှင် ကောင်းမွေ နှင့် ဆိုးမွေ ဆိုသည့် နှစ်မျိုး နှစ်စား ရမည်။ မီး ကို ကိုယ်တိုင် ပြုလုပ်တတ်စေရန်၊ ဆန်စပါးကို ကိုယ်တိုင် စိုက်ပျိုး ရိတ်သိမ်း စားသောက်တတ်စေရန် စသည့် ကောင်းမွေများ။ ကမ္ဘာစစ်ကြီးများ၊...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly February 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ

By

 မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ  (မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၆ “အ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) လောကပါလ သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်