အာရှတလွှား

ကာတွန်း အိုကေလင်း – စစ်ပညာတော်သင်များ အရေးပါပုံများ

January 11, 2013
ကာတွန်း အိုကေလင်း – စစ်ပညာတော်သင်များ အရေးပါပုံများ

ကာတွန်း အိုကေလင်း – စစ်ပညာတော်သင်များ အရေးပါပုံ ဇန်န၀ါရီ ၁၁၊ ၂၀၁၃ No tags for this post.

Read more »

တိုင်းရင်းသားအရေး၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ၏ လုပ်ရပ်များ

January 9, 2013
တိုင်းရင်းသားအရေး၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ၏ လုပ်ရပ်များ

တိုင်းရင်းသားအရေး၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ၏ လုပ်ရပ်များ တူမောင်ညို၊  ဇန်နဝါရီလ ၉၊ ၂၀၁၃ (KNU)နှင့်(KIO)တို့သည် တစ်ချိန်တစ်ခါက သီးခြားနိုင်ငံထူထောင်ရေး ကြွေးကြော်ခဲ့ကြဖူးသည်။ (ကော်သူလေး/ ဝင်ပေါင်သမ္မတ နိုင်ငံ)။ ယခုအခါ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စု (ဝါ) ပြည်ထောင်စုစစ်စစ်ကို တောင်းဆို လာခဲ့ကြပြီဖြစ်သည်။ ကရင်တော်လှန်ရေးသည် ၁၉၄၉ တွင် စတင်ခဲ့ပြီး၊ ကချင်တော်လှန်ရေးကား ၁၉၆၁ တွင် စတင်ခဲ့သည်။ (KNU) နှင့် (KIO) တို့သည် တစ်ချိန်က အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(မဒတ) ၏ ပင်မအင်အားစုများအဖြစ် လက်တွဲညီခဲ့ ကြသည့် ညီနောင် တိုင်းရင်းသား မဟာမိတ်များလည်းဖြစ်ကြသည်။  ထို့အပြင် နောက်ဆုံးပေါ် တပ်ပေါင်းစုဟုပြောဆိုနိုင်သည့် (UNFC) ၏ “အခြေခံအဖွဲ့အစည်း” များလည်းဖြစ်သည်။  (UNFC) “ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ”...

Read more »

ဒီ … ငါးများ

January 9, 2013
ဒီ … ငါးများ

ကမာပုလဲ ဇန်န၀ါရီ ၉၊ ၂၀၁၂ ဒီငါးတွေဟာ ဂန္ထ၀င်ခေတ်ကတည်းက သမိုင်းကျေခဲ့တဲ့ ငါးတွေ ဒီငါးတွေဟာ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဆိုတဲ့ ကာလသုံးပါးစလုံးမှာ အဘိဓမ္မာပြည့်စုံခဲ့တဲ့ ငါးတွေ ဒီငါးတွေဟာ …။ ဒီငါးတွေဟာ ပင်လယ်သမုဒ္ဒရာရဲ့ ငါးတွေ ဒီငါးတွေဟာ မြစ်ထဲ ချောင်းထဲလဲ သက်ရှင်နေထိုင်ခဲ့ ဒီငါးတွေဟာ …။ ဒီငါးတွေဟာ ရာဇ၀င်ကို သူတို့ပေးဆပ်မှုနဲ့ တိုက်ခိုက်ရှင်သန်နေခဲ့ ဒီငါးတွေဟာ ခေတ်အဆက်ဆက် မညံ့ခဲ့ကြဘူး ဒီငါးတွေဟာ ရေရဲ့အတိမ်အနက်ကိုလည်းသိခဲ့ ဒီငါးတွေဟာ ပြောင်းလဲတတ်တဲ့တရားကိုလည်း သိတယ် ဒီငါးတွေဟာ …။ ဒီငါးတွေဟာ လိုအပ်ရင် အုပ်စုဖွဲ့လို့ စည်းလုံးညီညွှတ်ခဲ့ ဒီငါးတွေဟာ လိုအပ်တဲ့အခါ တကောင်တည်းလည်း ရှင်သန်နိုင်ခဲ့တယ် ဒီငါးတွေဟာ …။ ဒီငါးတွေဟာ ရာသီကိုသိတယ် အခြေအနေကိုသိတယ် သစ္စာတရားတို့...

Read more »

မနေ့က ငါးများ

January 8, 2013
မနေ့က ငါးများ

ကမာပုလဲ ဇန်န၀ါရီ ၈၊ ၂၀၁၃ မနေ့ကငါးတွေဟာ ဒီနေ့ငါးတွေ မဟုတ်တော့ဘူး အသက်ကြီးသွားတာလား ကွန်ချက် မိခဲ့တာလား ငါးမျှားချိတ်ကို အစာမှတ်ခဲ့လေသလား မနေ့က ငါးတွေဟာ …။ မနေ့က ငါးတွေဟာ ဒီနေ့ငါးတွေ မဟုတ်တော့ဘူး အကြေးခွံတွေထဲမှာ ရွံ့နွံအပြည့် ပါးဟက်အတွင်းမှာ နှုံးတင်မြေနုတွေအပြည့် ရေထဲမှာလို သူတို့ အသက်ရှုမ၀တော့ဘူး မနေ့က ငါးတွေဟာ …။ မနေ့ကငါးတွေဟာ ဘ၀အတွက် သင်းကွဲခဲ့ကြတယ် မနေ့က ငါးတွေဟာ အချစ်အတွက် ရေကူးကျွမ်းကျင်ခဲ့ကြတယ် မနေ့က ငါးတွေဟာ ဒီပင်လယ် ဘယ်မခန်းလို့ထင်ခဲ့ကြတယ် မနေ့က ငါးတွေဟာ …။ မနေ့က ငါးတွေကိုယ်ပေါ်မှာ နေ့အပူတံလှပ်တွေက တဖျတ်ဖျတ် ဖေါက်ချလိုက်တဲ့ ရေတွေဟာ သူတို့ အသွေးအသားတွေ သူတို့ အနာဂတ်တွေ သူတို့...

Read more »

၆၅ နှစ် လွတ်လပ်ရေးနှင့် ဒုတိယလွတ်လပ်ရေးတိုက်ပွဲ (Tu Maung Nyo)

January 7, 2013
၆၅ နှစ် လွတ်လပ်ရေးနှင့် ဒုတိယလွတ်လပ်ရေးတိုက်ပွဲ  (Tu Maung Nyo)

၆၅ နှစ် လွတ်လပ်ရေးနှင့် ဒုတိယလွတ်လပ်ရေးတိုက်ပွဲ တူမောင်ညို ၊ ဇန်နဝါရီ ၇ ၂၀၁၃             လွတ်လပ်ရေး (၆၅) နှစ် ပြည့်ခဲ့ပြီ။             တစ်တိုင်းတစ်ပြည်လုံး မငြိမ်းချမ်းသေးသမျှ၊ တိုင်းရင်းသားပြည်သူများတွင် ဒီမိုကရေစီ ပြည့်ပြည့်ဝဝမရှိသေးသမျှ၊ တန်းတူ ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရှိသေးသမျှ လွတ်လပ်ရေးသည် မပြည့်စုံ၊ မပြည့်ဝ၊ မစစ်မှန်ဟုပြောရလိမ့်မည်။             ပြည်တွင်းစစ်သည် လွတ်လပ်ရေးသက်တမ်းနှင့်အမျှ ရှည်ကြာခဲ့ပြီ။ ယနေ့အထိ ပြည်တွင်းစစ် ဖြစ်ပွားနေဆဲဖြစ်သည်။ နေပြည်တော်တွင် တေးသံသာများဖြင့် လွတ်လပ်ရေးညစာကို ပျော်ရွှင်စွာ ခံစားသုံးဆောင်နေချိန်တွင် ကချင်ပြည်နယ်ရှိ တိုင်းရင်းသားပြည်သူများမှာ ပြည်တွင်းစစ်၏ အမြောက်သံ၊ ဗုံးသံ၊ သေနတ်သံများ အောက်တွင် ထိပ်လန့်နေကြရသည်။ စစ်မီးဝေးရာသို့ ထွက်ပြေးခိုလှုံနေကြရသည်။ မနောမြေတွင် ယမ်းငွေ့၊ သွေးနှင့် မျက်ရည်တို့သည် ဝေ့ဝိုက်စီးစင်းနေပေလိမ့်မည်။...

Read more »

ဒီ … တမ်းချင်း

January 6, 2013
ဒီ … တမ်းချင်း

ကမာပုလဲ ဇန်န၀ါရီ ၆၊ ၂၀၁၃ ရာစု ထက်ဝက်ကျော်ခဲ့ပြီ အဲဒီရာစုထက်ဝက်ကျော်ထဲမှာ နောက်ထပ် ရာစု တစိတ်ကိုထပ်မံ ညှစ်ထည့်လို့ ၀ိုင်ခွက်ထဲမှာ နီရဲနေတဲ့ ခရီးကြမ်းတွေ …။ နိုင်ငံတခုမှာ နိုင်ငံရေးနဲ့ မပတ်သက်တဲ့ ပြည်သူတယောက်ကိုတွေ့ရင် ကျနော့်ကို လက်တို့လိုက်ပါ … မေမေ ခုလို လရောင်အောက်က ညမျိုးမှာ လမင်းဆီက အဆိပ်တခွက်ကို တောင်းသောက်လိုက်ပါ့မယ် …။ အိမ်က ထွက်လာခဲ့တဲ့ ဂျင်းဘောင်းဘီကလေး တထည် အသားတွေသာ စုတ်ရိပြတ်ကျသွားတယ် ချုပ်ရိုးက ခိုင်လှချည်ရဲ့ မေမေ …။ မြို့တမြို့ရဲ့ အကြောင်းကို သိချင်ရင် အဲဒီမြို့က လူ့ဂုဏ်သိက္ခာ အပြည့်ရှိတဲ့သူတွေကို သိအောင်လုပ်ပါ (သူတို့ဘ၀တွေ နွမ်းပါးကောင်း နွမ်းပါးနေပါလိမ့်မယ်) သူတို့ဟာ မြို့တွေဖြစ်တယ် သူတို့ဟာ သမိုင်းခေတ်တွေ...

Read more »

ခင်မြဇင်ရဲ့ ဝတ္ထုတိုတပုဒ် … ဂုဏ်သရေရှိတဲ့ ‘သင်းကွဲငှက်’

December 30, 2012
ခင်မြဇင်ရဲ့ ဝတ္ထုတိုတပုဒ် … ဂုဏ်သရေရှိတဲ့ ‘သင်းကွဲငှက်’

ခင်မြဇင်ရဲ့ ဝတ္ထုတိုတပုဒ် … ဂုဏ်သရေရှိတဲ့ ‘သင်းကွဲငှက်’  ကမာပုလဲ၊ ဒီဇင်ဘာ ၃၀၊ ၂၀၁၂ ခင်မြဇင်ဆိုတဲ့ စာရေးဆရာမကို စသိ … စတင်ထိတွေ့ခွင့်ရလိုက်တဲ့ ဝတ္ထုတိုကလေးဖြစ်ပါတယ်။ ‘သင်းကွဲငှက်’ လို့ ဆရာမက အမည်ပေးထားတယ်။ စဖတ်တော့ ပြင်းချောက်ချောက်နဲ့မို့ သိပ်မလေးနက်ခဲ့ဘူး။ ဖတ်ရင်းက ဝတ္ထုလည်းဆုံးရော တခါပြန်ပြီး ဖတ်ချင်လာတယ်။ ဒါနဲ့ အစအဆုံး ပြန်ဖတ်ဖြစ်ပါတယ်။ နွေဦးနံနက်ခင်းရဲ့ နေခြည်နွေးမြမြအောက်မှာ ဥသြငှက်သံကလည်း လွမ်းဖွယ်။ ဝတ္ထုတိုကလေးရဲ့ ဇာတ်လမ်းကျောရိုးကလေးက စာပေသမားစစ်စစ်တယောက် အကြောင်းဖြစ်ပါတယ်။ ကဗျာတွေ … ဝတ္ထုတွေ … ဆောင်းပါးတွေ ရေးသားသူဖြစ်တယ်။ နှံ့စပ်သူဖြစ်တယ်။ ကိုယ်ပိုင် အဘိဓမ္မာနဲ့ ရပ်တည်ချက်ရှိသူဖြစ်တယ်။ သူ ရန်ကုန်မြို့တော်ရဲ့ စာပေသမုဒ္ဒရာထဲမှာ ကျင်လည် စီးမျောနေခဲ့တယ်။ သူ့အရည်အသွေးကိုသိတဲ့ မဂ္ဂဇင်းပိုင်ရှင်တယောက်ထံမှာ...

Read more »

ကာတွန်း အိုကေလင်း – အသက်လုပြီး ပြေးနေချိန်မှာ ငြိမ်းချမ်းရေးလည်း မရှိ၊ ဖေ့စ်ဘွတ်လည်း မသိ

December 30, 2012
ကာတွန်း အိုကေလင်း – အသက်လုပြီး ပြေးနေချိန်မှာ ငြိမ်းချမ်းရေးလည်း မရှိ၊ ဖေ့စ်ဘွတ်လည်း မသိ

ကာတွန်း အိုကေလင်း – အသက်လုပြီး ပြေးနေချိန်မှာ ငြိမ်းချမ်းရေးလည်း မရှိ၊ ဖေ့စ်ဘွတ်လည်း မသိ ဒီဇင်ဘာ ၃၀၊ ၂၀၁၂ No tags for this post.

Read more »

ဆန္ဒရယ် … လက်တွေ့ရယ် … ၂၀၀၈ အခြေခံဥပဒေရယ် (Tu Maung Nyo)

December 30, 2012
ဆန္ဒရယ် … လက်တွေ့ရယ် … ၂၀၀၈ အခြေခံဥပဒေရယ်  (Tu Maung Nyo)

ဆန္ဒရယ် … လက်တွေ့ရယ် … ၂၀၀၈ အခြေခံဥပဒေရယ် တူမောင်ညို၊ ဒီဇင်ဘာ ၂၉ ၊ ၂၀၁၂ “သမ္မတ” ဖြစ်ချင်တာကစိတ်ကူးပဲ ၊ အဲဒီစိတ်ကူး အကောင်အထည်ဖြစ်လာဖို့ လက်တွေ့ပထမဆုံးလုပ်ရမှာက “၂၀၀၈ အခြေခံ ဥပဒေ” ပြင်ဆင်ရေးဖြစ်ပါတယ်။ ဒါကလူတိုင်းသိတဲ့ကိစ္စပဲ။ “၂၀၀၈ အခြေခံဥပဒေ” မပြင်ဆင်နိုင်သမျှ “သမ္မတ” ဖြစ်ချင်တာဟာ စိတ်ကူး အဖြစ်ပဲတည်ရှိနေလိမ့်မယ်။ ဘယ်တော့မှ အကောင်အထည်ဖြစ်လာမှာမဟုတ်ပါဘူး။             “စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု” တည်ဆောက်ချင်တာကလည်း စိတ်ကူးပဲ၊ အဲဒီစိတ်ကူး အကောင်အထည်ဖြစ်လာဖို့ လက်တွေ့ ပထမဆုံးလုပ်ရမှာက “၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးဖြစ်ပါတယ်။ ဒါလည်း လူတိုင်းသိတဲ့ကိစ္စပဲ။ “၂၀၀၈ အခြေခံဥပဒေ” မပြင်ဆင်နိုင်သမျှ “စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု”တည်ဆောက်ချင်တာကလည်း စိတ်ကူးဖြစ်ပဲ တည်ရှိနေလိမ့်မယ်။ ဘယ်တော့မှ အကောင်အထည်ဖြစ်လာမှာမဟုတ်ဘူး။            ...

Read more »

မျက်ရည်စများနဲ့ထုဆစ်ခဲ့တဲ့ အပြုံးများ

December 28, 2012
မျက်ရည်စများနဲ့ထုဆစ်ခဲ့တဲ့ အပြုံးများ

ကမာပုလဲ ဒီဇင်ဘာ ၂၈၊ ၂၀၁၂ နှင်း … ကြွင်းကျန်လက်စ မိုးစက်တွေကြားမှာ ချာလီချက်ပလင်ရဲ့ မျက်ရည်စတွေကို ရှာဖွေခံစား ကြည့်လို့ရပါစ … ။ ချာလီ သူ့ကို ဟစ်တလာက မုန်းတယ် သူ့ကို … (အမေရိကန် မက်ကာသီနစ်) အက်ဖ်ဘီအိုင် ဘုရင်ကြီး အက်ဂါဟူးဗားကလည်း ကွန်မြူနစ်တယောက်လို့ သံသယဖြစ် ရန်သူအဖြစ်နဲ့ သတ်မှတ် မုန်းတီးခဲ့သေးတယ် …။ တကယ်တော့ ချာလီရဲ့ ဘ၀တလျှောက်လုံးဟာ ပရိသတ် ရယ်မောစရာ ပြက်လုံးတွေလို့ ဆိုခဲ့ရင် အဲဒီ ရယ်စရာ ပြက်လုံးတွေဟာ သူ့မျက်ရည်တွေနဲ့ ထုဆစ်ထားခဲ့တာ … သူ့ကို … နိုင်ငံတကာ ပြည်သူတွေက သိပ်ချစ်ကြတယ်လေ …။ ၁၉၇၇ ခုနှစ် ခရစ်တော်ဖွားမြင်တဲ့နေ့ရက်မှာ သူတပါးနိုင်ငံမှာ...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်