အာရှတလွှား

ဒီချုပ် ပြောတဲ့ “ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး” ဘယ်တော့ … ဘာကြောင့် … ဘယ်လို (Tu Maung Nyo)

September 18, 2012
ဒီချုပ် ပြောတဲ့ “ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး” ဘယ်တော့ … ဘာကြောင့် … ဘယ်လို (Tu Maung Nyo)

တူမောင်ညို၊ ၁၇ စက်တင်ဘာ ၂၀၁၂           ကွယ်လွန်သူ ဝါရင့်နိုင်ငံရေးသမားကြီး ဘဘ ဦးရွှေအုံး (၁၉၂၃- ၂၀၁၀) ကို အောက်မေ့ သတိရလို့  ဒီလိုခေါင်းစဉ် တတ်လိုက် တာဖြစ်ပါတယ်။ ဦးရွှေအုံး ၁၉၉၃ အမျိုးသားညီလာခံ (ကျိုက္ကဆံ) သို့ တင်ပြတဲ့ စာတမ်းအမည်က “တတိယ ပြည်ထောင်စု မြန်မာနိုင်ငံ သို့ (ဘယ်တော့ ဘာကြောင့် ဘယ်လို)”ဟူ၍  ဖြစ်ပါတယ်။           ဒီချုပ် ပြောတဲ့ “ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး” ဆိုတာ “လာမယ် – ကြာမယ်- မျှော်”ဆိုတဲ့ သဘောမျိုးထင်ပါတယ်။ ဒီချုပ် မှာ ဥက္ကဋ္ဌရဲ့ နိုင်ငံခြားခရီးစဉ်တွေ၊ ညီလာခံခေါ်ယူရေးကိစ္စတွေနဲ့ လုံးလည်ချာလည်လိုက်နေတော့ “ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး” ဆိုတဲ့ ဘာသာရပ်အတွက် အလှည့်မကျနိုင်သေးဘူးလို့ထင်မြင်ယူဆစရာဖြစ်ပါတယ်။ သို့သော်လည်း...

Read more »

မြင်း

September 18, 2012
မြင်း

ကမာပုလဲ စက်တင်ဘာ ၁၈၊ ၂၀၁၂ မြင်း … မြင်းဟာ မွေးလာတုန်းက ကုန်းနှီးပါမလာဘူး။ မြင်း … မြင်းဟာ မွေးဖွားလာစဉ်က ပါးချပ်ပါမလာဘူး။ မြင်း မြင်းဟာ … သံခွာပါမလာဘူး။ မြင်း မြင်းရဲ့ကျောမှာ ကြိမ်လုံးကြာပွတ် ရိုက်ချက်ဒဏ်ရာ ပါမလာခဲ့ဘူး။ မြင်း … မြင်းဟာ သူ့အတွက် စားကျက်မြက်ခင်းစိမ်းလိုတယ် …၊ သောက်စရာ ရေအနည်းငယ် လိုမယ် …၊ ကြိုတင် သတ်မှတ်မထားတဲ့ ဘ၀ပြေးလမ်းတွေ လိုမယ် …။ မြင်း … မြင်းဟာ … လရောင်အောက်မှာ ကဆုန်ပေါက် ပြေးလွှားမယ် … သူ့လည်ဆံမွှေးမှာ သူ့မာနရဲ့ ပကတိအလှ တည်ရှိမယ် သူ့ပါးစပ်က ဟီသံနဲ့ နှာမှုတ်သံမှာ ရန်သူရဲ့...

Read more »

ပြည့်ဖို့ခက်သည့် သူငယ်ချင်းဆုတောင်း

September 18, 2012
ပြည့်ဖို့ခက်သည့် သူငယ်ချင်းဆုတောင်း

ဖိုးထက် စက်တင်ဘာ ၁၈၊ ၂၀၁၂ အမည်မည်း၊ အမည်ဖြူ ကိစ္စများ ၊ “ပြည်သူတွေ မြှောက်စားလို့ တောက်ကြွားရမယ့် မင်းသားလေးပါခင်ည” ဆိုသည့် ဟန်ပန်အမူအရာများဖြင့် ကားပေါ်တက်ကခုန်နေကြသော အချိန်အခါသမယကြီးမှာ ကျနော် ခွင့်တစ်ပတ်ရသဖြင့် မြန်မာနိုင်ငံသို့ အလည်ပြန်သွားခဲ့သည်။ အိမ်ပြန် ရောက်ရောက်ချင်း ဆွေမျိုးအရင်းကြီးတွေဆီဖုန်းဆက်မှ ဘယ်အချိန်ကတည်းက အမည်မည်းဖြစ်နေခဲ့ရှာဟန် မသိသည့် အမတစ်ယောက်က “အေးဟယ် ငါလဲခုမှသိရတော့တယ်” ဟုပြောလာသည်။ သံချည်းတက်အရောင်များ၊ ဖုန်အလိမ်းလိမ်းတက်၊ ရေညှိတွေ မင်းမူနေသောဆိုင်းဘုတ်များ၊ မရွှင်လန်း မတက်ကြွသော မျက်နှာများ၊ အစီ အစဉ်မကျနမှုများကြားမှာ ဘာတွေများပြောင်းလဲနေပြီလဲဆိုသည့်အသိနှင့် သတိထားကြည့်မိသည်။ နတ်ရေကန်ထဲ ပြစ်ချသလိုပြောင်းလဲ စေချင်သော၊ မျက်လှည့်ပြသလို အပ်ချလောင်းဆိုပြီး ပြောင်းလဲစေချင်သော ကျနော့်အတွက် အားမရတာတော့အမှန်။ အထက်စီး၊ အပေါ်စီး ကမကြည့်ဖြစ်ဘဲ အားမလို၊ အားမရဖြစ်ခြင်း၊...

Read more »

တွင်းထွက်

September 15, 2012
တွင်းထွက်

ကမာပုလဲ စက်တင်ဘာ ၁၅၊ ၂၀၁၂ ဘူးလုံးနားမထွင်း ဆံနွယ်များ မျက်ကန်း ဆံသ ဆရာရဲ့ ခွဲစိပ်ကုသမှုမှာ ငယ်မူတွေ အဖြတ်လိုက် အဖြတ်လိုက် ကျဆင်းခဲ့ …။ ဘာပဲဖြစ်ဖြစ် … လှတယ်ထင်ရင် ပြီးတာပါပဲ သွေးနထင်ရောက်မှုတွေနဲ့ ကိုယ့်ဦးခေါင်းကိုယ် ပြန်နင်းကြပုံ။ ။ No tags for this post.

Read more »

မေဇွန် နုနုလွင် တို့ရဲ့ အန္တရာယ်ကျရောက်နေသော လူ့အဖွဲ့အစည်း (Tu Maung Nyo)

September 14, 2012
မေဇွန် နုနုလွင် တို့ရဲ့ အန္တရာယ်ကျရောက်နေသော လူ့အဖွဲ့အစည်း  (Tu Maung Nyo)

တူမောင်ညို (၁၃ စက်တင်ဘာ ၂၀၁၂) ကြေးမုံသတင်းစာ (၁၃ စက်တင်ဘာ ၂၀၁၂) စာမျက်နှာ ၈ ဒီသတင်းမှာ လူသတ်တဲ့ မိန်းကလေး မမေဇွန် (ခ) မျိုးဇာနည်ဇွန်နဲ့ အသတ်ခံသူ မိန်းကလေး မနုနုလွင် တို့ အသက်အရွယ် အားဖြင့် ငယ်ရွယ်သူလူငယ်တွေဖြစ်ပါတယ်။ – လူသတ်မှုကျူးလွန်သူ မမေဇွန် (ခ) မျိုးဇာနည်ဇွန် ဟာ အသက် (၂၁) နှစ်။ – ညှင်းဆဲ အသတ်ခံသူ မနုနုလွင် အသက် (၁၈) နှစ် အသက်အရွယ်အားဖြင့် မတိမ်းမယိမ်းတွေဖြစ်ပါတယ်။  ပြီးတော့အိမ်ရှင်တွေက အိမ်ဖော်(အမျိုးသမီး/အမျိုးသား/ ကလေးငယ်တွေအပေါ်) တွေအပေါ် နိုင့်ထက်ကလူပြု ညှင်းဆဲ နှိပ် စက်မှုတွေ ဘာကြောင့်များ မကြာခဏ အခုလို ဆိုးဆိုးဝါးဝါးပေါ်ပေါက် ဖြစ်ပွားနေရတာလဲ။“ဒေါသအလျောက်...

Read more »

ငါးတန်းသမိုင်းဖတ်စာမှ ရီသံများ …

September 12, 2012
ငါးတန်းသမိုင်းဖတ်စာမှ ရီသံများ …

ဖိုးထက် စက်တင်ဘာ ၁၂၊ ၂၀၁၂ ကိုသင်းမြိုင်တို့ လင်မယားမှာ ဧကပုတ္တ တစ်ဦးတည်းသောသားလေးရှိသည်။ ကိုသင်းမြိုင်က နိုင်ငံခြားတိုင်းပြည်တွေမှာ နှစ်တွေ အကြာကြီး အလုပ်လုပ်နေခဲ့သောသူ။ သားတော်မောင် ကျောင်းမနေခင်အရွယ်ကတည်းက နိုင်ငံခြားတိုင်းပြည်တွေမှာ လှည့်လည်ပြီး အလုပ် လုပ်နေခဲ့ သည်။ တစ်နှစ်ကို နှစ်ခေါက်၊ အနည်းဆုံးတစ်ခေါက် မြန်မာနိုင်ငံသို့ အလည်ပြန်သည်။ အပါတ်စဉ်တိုင်း သားတော်မောင်နှင့် ဖုန်းဆက်သည်။ သားတော်မောင်အလိုရှိရာ ဖြည့်ဆည်းပေးသည်။ ဒီတော့ သားနှင့်အဖေက တစိမ်းဆန်မသွားခဲ့။ မြန်မာနိုင်ငံသို့ အလည်ပြန်တိုင်း ကိုသင်းမြိုင်က သားတော်မောင်နှင့်ပလူးပလဲနေသည်။ သားကိစ္စ၊ ၀ိစ္စမှန်သမျှကို ကိုသင်းမြိုင်က လိုက်လံ လုပ်ပေးသည်။ ကျောင်းပို့ ကျောင်းကြိုလုပ်သည်။ ရေချိုးပေးသည်။ အ၀တ်အစားလဲပေးသည်။ ကုန်ကုန်ပြောရလျှင် သားတော်မောင် အိမ် သာ တက်နေသည့်အချိန်မှာပင် အပြင်က ထိုင်စောင့်ပြီး စနောက်နေတတ်သည်။...

Read more »

လွှတ်တော်ထဲမှာ “ဒီချုပ်” ဘာတွေလုပ်ခဲ့သလဲ ဗျို့ (Tu Maung Nyo)

September 12, 2012
လွှတ်တော်ထဲမှာ “ဒီချုပ်” ဘာတွေလုပ်ခဲ့သလဲ ဗျို့ (Tu Maung Nyo)

လွှတ်တော်ထဲမှာ “ဒီချုပ်” ဘာတွေလုပ်ခဲ့သလဲ ဗျို့ တူမောင်ညို။ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက် (ကျနော်မိတ်ဆွေနဲ့ကျနော် “လွှတ်တော်ထဲမှာ “ဒီချုပ်” ဘာတွေလုပ်ခဲ့သလဲ” ဆိုတဲ့ကိစ္စအပေါ် အမြင်ဖလှယ်ခဲ့ကြပါတယ် ၊ မိတ်ဆွေများလည်း စိတ်ပါ ဝင်စားတယ်ဆိုရင်ဖြင့် ပါဝင်ဆွေးနွေးနိုင်ရန် ဝေငှလိုက်ပါတယ်)     လွှတ်တော်ထဲမှာ “ဒီချုပ်” ဘာတွေလုပ်ခဲ့သလဲ ဗျို့။ အတော်ပဲဗျာ၊ ကျနော်လည်းအဲဒီအကြောင်းပြောချင်နေတာ။ လွှတ်တော်အစည်းအဝေးတွေ ရက်ပေါင်း ၄၀ ကျင်းပခဲ့တာဗျ။ တိတိကျပြောရမယ်ဆိုရင် ပြည်ထောင်စုလွှတ်တော် အစည်း အဝေးက (၁၃) ရက်၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က ရက်ပေါင်း (၄၀) တိတိ စည်းဝေးခဲ့ကြတာပဲ။ ကျနော်ဆွေးနွေးချင်တာနဲ့သိချင်တာကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်အစည်းအဝေး တွေမှာ ဘယ်လိုအကြောင်းအရာတွေ မေးမြန်းပြီး၊ဘယ်လိုအကြောင်းအရာတွေကို အဆိုတင်ခဲ့ကြသလဲ၊ သူတို့မေးခဲ့၊တင်ခဲ့၊ ဆွေးနွေးခဲ့ ကြတဲ့တွေ ဘယ်လိုရလဒ်ရခဲ့သလဲဆိုတာကို...

Read more »

ရောဘတ်ဖရောစ့် မှသည် …. ဆရာမောင်စွမ်းရည်သို့

September 11, 2012
ရောဘတ်ဖရောစ့် မှသည် …. ဆရာမောင်စွမ်းရည်သို့

ကမာပုလဲ စက်တင်ဘာ ၁၁၊ ၂၀၁၂ မနေ့က အမေရိကန်မှာ ရောက်ရှိသောင်တင်နေသူ စာရေးဆရာ၊ ကဗျာဆရာ မောင်စွမ်းရည်ကို ဖေ့စ်ဘွခ်စာမျက်နှာပေါ်မှာ မှတ်မထင် တွေ့ရှိလိုက်ရတယ်။ အမေရိကန်ရဲ့ ဂုဏ်ယူထင်ရှား လူသိများလှတဲ့ ကဗျာဆရာကြီး ရောဘတ်ဖရော့စ်ရဲ့ သင်္ချိုင်းအုတ်ဂူနဘေးမှာ ဒူး ထောက်လို့ အသိအမှတ်ဂါရ၀ပြုနေတဲ့ဓါတ်ပုံကို တွေ့လိုက်ရတာပါ။ ဓါတ်ပုံကိုကြည့်ရင်း အတွေးများက တနံတလျားပေါ့။ ရောဘတ်ဖရော့စ်ဆိုတာ ဘယ်သူလဲ။ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ။ မောင်စွမ်းရည်ကရော ဘယ်သူလဲ။ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ အစရှိသဖြင့်ပေါ့။ ဆရာ မောင်စွမ်းရည်ဟာ ဘာဖြစ်လို့ ဆရာကြီး ရောဘတ်ဖရော့စ်ရဲ့ အုတ်ဂူကိုမှ သွား ရောက်ရတာလဲ။ ဂါရ၀ပြုရတာလဲ။ တဆက်တည်းမှာ ဗမာပြည်က အထက်အညာဒေသသား ဆရာမောင်စွမ်းရည် ဘာ့ကြောင့် အမေရိ ကန်မြို့ကြီးမှာ ရောက်ရှိသောင်တင်နေပြီး ပြည်တော်မပြန်နိုင်ဖြစ်နေရပါသလဲဆိုတဲ့ အတွေးတွေနဲ့ပေါ့။ အမေရိကန်က ကဗျာဆရာကြီး...

Read more »

ခုဆို ကျနော် … တကယ်အိမ်ပြေး (၂)

September 9, 2012
ခုဆို ကျနော် … တကယ်အိမ်ပြေး (၂)

ကမာပုလဲ စက်တင်ဘာ ၉၊ ၂၀၁၂ ဒီတခါ အိမ်ကနေပြေးတော့ ခုချိန်ထိ မပြန်နိုင်တော့ဘူး။ ဘာလဲ မင်းနောင်တတွေ၊ ဘာတွေ ရနေလို့လားလို့မေးလာရင် ဟင့်အင်းလို့ပဲ ဖြေမှာပဲ။ မှားမှား မှန်မှန် ခေါင်းမာနေမယ့်ကောင်လို့ပြောရင်လည်း ပြောစေတော့။ တကယ်က ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုသလို လူဟာ သူ့ယုံကြည်ချက်နဲ့ သူ၊ သူ့ဘ၀နဲ့ သူ၊ သူ့အဘိဓမ္မာနဲ့သူ မဟုတ်ပါလား။ နို့ … ကမ္ဘာကြီးကိုယ်တိုင်က သူ့သဘော သူဆောင်နေတာလေ။ ၈၈၈၈ အရေးတော်ပုံကြီးကိုဖြတ်သန်းလိုက်ရတဲ့အခါ လူက အရင်ကနဲ့မတူတော့ဘူး။ အချိုးတွေပြောင်းကုန်တယ်ပေါ့။ မဖတ်ဖူးတဲ့ စာအုပ် တွေ ရှာဖွေဖတ်လာတယ်။ မကြားဖူးတဲ့စကားတွေ ကြားလာတယ်။ မပြောဖူးတဲ့စကားတွေ ပြောတတ်လာတယ်ပေါ့။ အမေဆို ည ည အိပ်မ ပျော်တော့ဘူး။ ညကြီး မင်းကြီး ခြေသံတွေ၊...

Read more »

လွှတ်တော် မီးလောင်နေပြီလား (Tu Maung Nyo)

September 7, 2012
လွှတ်တော် မီးလောင်နေပြီလား  (Tu Maung Nyo)

 လွှတ်တော် မီးလောင်နေပြီလား တူမောင်ညို (၂၀၁၂ ခုနှစ်၊ စက်တင်ဘာ ၆ ရက်) “မုန်းစကိုတိုစေ၊ ချစ်စကိုရှည်စေ၊ နာစရာရှိလျှင် လွမ်းစရာနှင့်ဖြေဆိုသည့် စကား” ကလည်း စကားအဖြစ်သာပြောကြတာပါ။ ခုံရုံးနဲ့ လွှတ်တော်ကြားက “ပြည်ထောင်စုအဆင့်” အငြင်းပွားမှုပြဿနာက ပို၍ပို၍ ပြင်းထန်လောင်ကျွမ်းလာနေပြီဖြစ်ပါတယ်။ ပါးကိုက်ရင် နားကိုက်မယ်ဆိုပြီး တုန့်ပြန်နေကြပါတယ်။ ဘယ်ဖက်ကမှ အလျှော့ပေးကြမယ့်ပုံစံမတွေ့မြင်ရသေးပါဘူး။ လွှတ်တော် မီးလောင်နေပြီလား။             ကျနော်ဒီလိုရေးတာ အကြောင်းအချက်မဲ့မဟုတ်ပါဘူး။             ၂ – ၉ – ၂၀၁၂  ရက်နေ့၊ မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ ၆ မှာဖေါ်ပြထားတဲ့ (ဒေါက်တာမာလာအောင် – ဒုတိယ ပါမောက္ခချုပ်- ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်) ရဲ့ဆောင်းပါး  “union level ဒွိဟ သို့မဟုတ် ပြည်ထောင်စုအဓိပ္ပာယ်ဖွင့်ဆိုခြင်း၏ နောက်...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်