အာရှတလွှား

ဇော်အောင် (မုံရွာ) ● ဆပ်စပင်းရှင်းတံတား (Suspension Bridge)

April 4, 2018
ဇော်အောင် (မုံရွာ) ● ဆပ်စပင်းရှင်းတံတား (Suspension Bridge)

ဇော်အောင် (မုံရွာ) ● ဆပ်စပင်းရှင်းတံတား (Suspension Bridge) (မိုးမခ) ဧပြီ ၄၊ ၂ဝ၁၈ မြောင်းမြကြိုးတံတား ပြိုကျပျက်စီးတော့ ဒါဟာ မြန်မာနိုင်ငံမှာ ပထမဆုံးတံတားကြီးတစ်ခု ၂၂ နှစ်အတွင်း ဇတ်သိမ်း ရခြင်းဖြစ်လို့ လူတွေအရမ်းစိတ်ဝင်စားကြပါတယ်။ သံမဏိကြိုးများ ကွာလတီကောင်းလာတဲ့ ကြိုးတံတားများစွာ တည် ဆောက်လာကြပါတယ်။ အလွန်လှပတဲ့ တံတားများဖြစ်လို့ မြို့ရှုခင်းအတွက် အထိမ်းအမှတ်တစ်ခုအဖြစ် တန်ဖိုးထားကြပါ တယ်။ မြောင်းမြကြိုးတံတား၊ ပုသိမ်ကြိုးတံတား စသဖြင့် မြန်မာနိုင်ငံမှာလည်း တရုတ်ပညာရှင်များရဲ့ နည်းပညာနဲ့ ကြိုးတံ တားပညာ ရရှိခဲ့ပါတယ်။ သာမန်လူနားလည်တဲ့ ဆပ်စပင်းရှင်းတံတားများအကြောင်း https://en.wikipedia.org/wiki/Suspension_bridge နာမည်ကျော် ဆန်ဖရန်စစ္စကိုကြိုးတံတား ဘယ်လိုတည်ဆောက်ခဲ့ပုံ၊ ကုန်ကျစရိတ်နဲ့ ပညာရှင်တစ်ယောက်က အစအဆုံး တာဝန်ယူ ဆောက်လုပ်ခဲ့ပုံကို မိုးမခမီဒီယာမှာ ကျနော် ဆောင်းပါးတစ်ခုရေးခဲ့ဖူးပါတယ်။...

Read more »

လှကျော်ဇော ● ဒေါ်ဒေါ် ဒေါ်ခင်မျိုးညွှန့်သို့ … ဂါရဝ

April 3, 2018
လှကျော်ဇော ● ဒေါ်ဒေါ် ဒေါ်ခင်မျိုးညွှန့်သို့ … ဂါရဝ

   လှကျော်ဇော ● ဒေါ်ဒေါ် ဒေါ်ခင်မျိုးညွှန့်သို့ … ဂါရဝ (မိုးမခ) ဧပြီ ၃၊ ၂၀၁၈ မတ်လ (၁ဝ) ရက်နေ့မနက်ပိုင်းမှာ ဗိုလ်မှူးချစ်ကောင်းရဲ့ဇနီး ဒေါ်ခင်မျိုးညွန့် မတ်လ (၉) ရက်နေ့ညက ကွယ်လွန်သွားပြီဆို တဲ့သတင်း သတင်းကွန်ရက်မှာတက်လာပါတယ်။ အသက် (၉၅) နှစ်ရှိပါပြီ။  အိပ်ရာထဲလဲနေတာတောင်  (၇) (၈) နှစ်ရှိခဲ့ပြီ လို့လည်း ကြားရပါတယ်။ ဒေါ်ဒေါ်ငြိမ်းချမ်းစွာအနားယူပါတော့။  မသာယာခဲ့ပေမယ့်  လှပလှတဲ့ဘဝကို ဒေါ်ဒေါ်ရခဲ့ပြီးပါပြီ။ ကျွန်မမေမေအကြောင်းရေးတဲ့ဆောင်းပါးများကို စုထုတ်တဲ့ “အလွမ်းစာပန်းခြင်းလေး”  စာအုပ်ထွက်အပြီး စာအုပ်ဝေဖန်ရေး ရေးတဲ့ ဆရာကြီးမောင်စွမ်းရည်က  ဒီလိုထည့်ရေးထားခဲ့ပါတယ်။ “သခင်အောင်ဆန်း၊ သခင်နု၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ သခင်ဗဟိန်း၊ သခင်ဇင်၊ ကာနယ်ချစ်ကောင်းစတဲ့နိုင်ငံရေးသမားတို့ရဲ့ဇနီးတွေအကြောင်းကိုရေးနိုင်ကြရင်ကောင်းမှာပါပဲ” တဲ့။ အဲဒီဆောင်းပါးထဲမှာပဲရေးထားသေးတာက … “တစ်ခါက...

Read more »

ဗိုလ်ထက်မင်း – ဒုဗိုလ်ချုပ်ကြီးတင်ဦးနဲ့ အမှတ်မထင် ဆုံခဲ့ရ၊ ကြုံခဲ့ရစဉ်က – (၁)

April 3, 2018
ဗိုလ်ထက်မင်း – ဒုဗိုလ်ချုပ်ကြီးတင်ဦးနဲ့ အမှတ်မထင် ဆုံခဲ့ရ၊ ကြုံခဲ့ရစဉ်က – (၁)

  ဗိုလ်ထက်မင်း – ဒုဗိုလ်ချုပ်ကြီးတင်ဦးနဲ့ အမှတ်မထင် ဆုံခဲ့ရ၊ ကြုံခဲ့ရစဉ်က – (၁) (မိုးမခ) ဧပြီ ၃၊ ၂၀၁၈ ဒုဗိုလ်ချုပ်ကြီးတင်ဦး ၊ အတွင်းရေးမှူး (၂)နဲ့ အမှတ်မထင် ကြုံခဲ့ရ (ပထမပိုင်း)မေတ္တာရပ်ခံချက် ယခုရေးတော့မည့် ကိုယ်တွေ့ဖြစ်စဉ်တွေမှာလည်း တပ်မတော်အတွင်း သဘောထားတင်းမာသူ အစွန်းရောက်အမြင်ရှိသူများကြောင့် စာရေးသူနဲ့ပတ်သက်ခဲ့တဲ့ တပ်နဲ့ လူပုဂ္ဂိုလ်အရာရှိ၊ အဖွဲ့အစည်း၊ ရပ်ရွာ၊ အရပ်သားရဲ့ ဂုဏ်သိက္ခာနဲ့ လုံခြုံရေး ထိခိုက်နိင်တာမို့တချို့အမည်၊ နေရာနဲ့အချိန်တွေမှာ ချန်လှပ်ထားမည်ဖြစ်ရာ စာဖတ်သူတို့ နားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ တချို့ဖြစ်စဉ် စိန်ခေါ်မှုတွေဟာ ကျောင်းတော်ကြီးက ပို့ချပေးလိုက်တဲ့ နည်းဗျူဟာ၊ သင်ခန်းစာအတိုင်း မဟုတ်ဘဲ အခြေအနေပေးလာတဲ့ အပေါ်မူတည်ပြီး မီးစင်ကြည့်ကရတာမို့ သည်းထိတ်ရင်ဖို ကြုံသလို ဖြေရှင်းကျော်ဖြတ်ရတာလည်းရှိပါတယ်။ စာရေးသူ တပ်မတော်သားဘ၀ တာဝန်ထမ်းဆောင်ခဲ့စဉ်က...

Read more »

ဇော်အောင် (မုံရွာ) ● ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ NYDC

April 2, 2018
ဇော်အောင် (မုံရွာ) ● ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ NYDC

ဇော်အောင် (မုံရွာ) ● ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ NYDC (မိုးမခ) ဧပြီ ၂၊ ၂ဝ၁၈ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ကျပ် ၁ဝ ဘီလီယံ မတည်ပြီး တည်ထောင်လိုက်ပါပြီ။ အစိုးရက စီးပွားရေးမလုပ်သင့်ပါဆိုတဲ့ အစိုးရဌာနများကို စိတ်ကုန်နေသူများအတွက် ခေါင်းထောင်ကြည့်စရာ၊ စီးပွားရေးလုပ်ငန်းကြီးတစ်ခု ဖြစ်ပါတယ်။ ရန်ကုန် စည်ပင်ကို စီးပွားရေးလုပ်ဖို့ ဥပဒေကို ရန်ကုန်တိုင်းလွှတ်တော်မှာ မဆွေးနွေးခင်မှ ကြေငြာလိုက်ပါတယ်။ လူနဲ့မူ ဘယ်ဟာအရေးကြီးသလဲ ဆွေးနွေးကြသူများက လူကိုပဲပြောင်းလဲချင်ကြပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် အစိုးရ ၂ နှစ်သက်တမ်းမှာ ရင်ကြားစေ့စပ်နေရတာနဲ့ စီးပွားရေးမတိုးတက်လို့ စိတ်ပျက်နေချိန်၊ ဒေါ်အောင်ဆန်းစုကြည် စီးပွားရေးကိုကိုင်တွယ်တော့မယ်သတင်းကြောင့် အားတက်လာပါတယ်။ ဒါပေမဲ့ ခေါက်ရိုးကျိုးနေတဲ့ ဌာနဆိုင်ရာ အကြီးအကဲ များနဲ့ ဝန်ထမ်းများကိုစိတ်ပျက်နေချိန် ရန်ကုန်တိုင်းအစိုးရတည်ထောင်လိုက်တဲ့ စီးပွားရေးလုပ်ငန်းမှာ ဘယ်သူတွေပါသလဲ ကြည့်ပါတယ်။...

Read more »

လှကျော်ဇော ● လက်ရှိ ဒီချုပ်ခေါင်းဆောင်များအတွက် သမိုင်းအမွေကောင်း

April 1, 2018
လှကျော်ဇော ● လက်ရှိ ဒီချုပ်ခေါင်းဆောင်များအတွက် သမိုင်းအမွေကောင်း

လှကျော်ဇော ● လက်ရှိ ဒီချုပ်ခေါင်းဆောင်များအတွက် သမိုင်းအမွေကောင်း (မိုးမခ) ဧပြီ ၁၊ ၂၀၁၈ မတ်လ (၂၁) ရက်နေ့က နိုင်ငံတော်သမ္မတဦးထင်ကျော်ရာထူးမှနုတ်ထွက်ခွင့်တောင်းတဲ့စာသတင်း ကွန်ရက်မှာ တက်လာ ပြီးနောက် နောက်ဆက်တွဲသတင်းတွေ တက်လာပါတယ်။ ကျန်းမာရေးတစုံတရာချို့ယွင်းနေမှုကနေ နုတ်ထွက်မယ်ဆိုတဲ့သတင်းထွက်နေတာကြာနေပေမဲ့ တကယ်ထွက်တော့မယ်ဆိုတော့လည်း လှုပ်လှုပ်ရှားရှားဖြစ်သွားတာပါပဲ။ အဲလိုထွက်လာတဲ့သတင်းများအကြားမှာ ကျွန်မစိတ်ဝင်စားမိတဲ့ သတင်းတချို့ပါလာပါတယ်။ – သမ္မတရာထူးမှ အကြောင်းပြချက်မရှိပဲနုတ်ထွက်တာဖြစ်လို့ ပင်စင်တို့ နစ်နာကြေးတို့ မရနိုင်ကြောင်း။ – သမ္မတရဲ့ဇနီး ဒေါ်စုစုလွင်က မိမိတို့ကိုယ်ပိုင်ပစ္စည်းစာရင်းစာအိတ်အပ်ထားတာ ပြန်ယူမှာမဟုတ်ကြောင်း၊ သိချင်သူ မည် သူမဆို သွားကြည့်နိုင်ကြောင်း၊ – သမ္မတသက်တမ်း (၂) နှစ်အတွင်း ဘာမှထူးထူးခြားခြားလုပ်ဆောင်နိုင်ခဲ့မှုမရှိကြောင်း၊ ကလေးစာအုပ်ပြပွဲ ဖွင့်ပွဲလေးတခုလုပ်ဆောင်ပေးသွားကြောင်း (အာမနာပပြောစကားများ) စတာများဖြစ်ပါတယ်။ တကယ်တော့ သမ္မတဦးထင်ကျော်ချန်ပေးခဲ့တဲ့ သမိုင်းဝင်အမွေဟာ...

Read more »

ဗိုလ်ထက်မင်း – ဗိုလ်ချုပ်မှူးကြီးနဲ့ အမှတ်မထင် ဆုံခဲ့ရ၊ ကြားခဲ့ရစဉ်က – အပိုင်း ၎

April 1, 2018
ဗိုလ်ထက်မင်း – ဗိုလ်ချုပ်မှူးကြီးနဲ့ အမှတ်မထင် ဆုံခဲ့ရ၊ ကြားခဲ့ရစဉ်က – အပိုင်း ၎

  ဗိုလ်ထက်မင်း – ဗိုလ်ချုပ်မှူးကြီးနဲ့ အမှတ်မထင် ဆုံခဲ့ရ၊ ကြားခဲ့ရစဉ်က – အပိုင်း ၄ (မိုးမခ) ဧပြီ ၁၊ ၂၀၁၈ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအကြောင်း အမှတ်မထင် ကြားခဲ့ရ ၂၄။ မင်္ဂလာဒုံ ဗဟိုနိုင်ငံရေးတက္ကသိုလ်နည်းပြ အညာသားလေး လူပျိုသိုးကြီး ဗိုလ်ကြီးသန်းရွှေဟာ စစ်ဗိုလ်ထုံးစံအတိုင်း တပ်တွေမှာ ကြာလာရင် စား မကောင်းတာမို့ စားအိမ်သောက်အိမ်ရှာ မြို့ထဲ ခြေစင်္ကြာဖွင့် အုပ်ချုပ်မှု တည်ဆောက်တတ်တာမို့ တသားသွေးတသွေးလှ ပအို့မလေး မကြိုင်ကြိုင်ဆီ ခြေဦးလှည့်ပါတယ်။ မကြိုင်ကြိုင်ဟာ ကလေးမွေးထားပေမဲ့ အပျိုရှုံးအောင် လှပဆဲဖြစ်ကာ ရန်ကင်းမှာ စက်ချုပ်လုပ်ကိုင်နေပါတယ် ။ စက်ချုပ်တော်တာမို့ မကြိုင်ကြိုင်ဟာ ဗိုလ်ကြီးသန်းရွှေအား လူပါ ချုပ်လိုက်နိုင်တယ်လို့ ရန်ကင်းမှာ မိမိအိမ်ကို လာလည်တဲ့မိတ်ဆွေက ပြောပါတယ်။ သူတို့အိမ်ထောင်ပြုပြီးနောက်...

Read more »

ဗိုလ်ထက်မင်း – ဗိုလ်ချုပ်မှူးကြီးနဲ့ အမှတ်မထင် ဆုံခဲ့ရ၊ ကြားခဲ့ရစဉ်က – အပိုင်း ၃

March 30, 2018
ဗိုလ်ထက်မင်း –  ဗိုလ်ချုပ်မှူးကြီးနဲ့ အမှတ်မထင် ဆုံခဲ့ရ၊ ကြားခဲ့ရစဉ်က – အပိုင်း ၃

ဗိုလ်ထက်မင်း –  ဗိုလ်ချုပ်မှူးကြီးနဲ့ အမှတ်မထင် ဆုံခဲ့ရ၊ ကြားခဲ့ရစဉ်က – အပိုင်း ၃  (မိုးမခ) မတ် ၂၉၊ ၂၀၁၈ ဗိုလ်ချုပ်မှူးကြီးစောမောင်နဲ့အမှတ်မထင်ဆုံခဲ့ရ (ဒုတိယကြိမ်) သောကတောင်တန်း နေကြယ်တွေသန်းခဲ့ရတဲ့ မိန့်ခွန်းရှည် ၂၀။ ၁၉၉၁ခုနှစ် မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့စစ်ရေးပြအခမ်းအနားမှာ စာရေးသူဟာ စစ်ရေးပြမှူးကြီးရဲ့ လုံခြုံရေးအပါအ၀င် တပ်မတော်စစ်ကြောင်းအားလုံးရဲ့ ထိပ်ရှေ့ပြေးလမ်းကြောင်း ရှင်းတာဝန်အရ လက်နက်ကိုင်တပ်စိတ်တစိတ်ပါ NISSAN PATROL ထိပ်နီကားနဲ့လိုက်ပါထမ်းဆောင်ရပါတယ်။ ကားကို အနှေးမောင်းရပြီး ပန်းကုံးစွပ်ဖို့ တိုးလာတဲ့ လူထုနဲ့နောက်က စစ်ကြောင်း ပုံပျက်မပျက် ထိန်းပေးရသလို လူထုထဲက အဖျက်အမှောက်လုပ်သူများ ဘွားကနဲပေါ်လာရင် မိမိက ဘယ်လိုတုန့်ပြန်ပြီး ဖေါက်ထွက်ရမည့်အူကြောင်းနဲ့ စစ်ရေးပြမှူးကြီးကို ကားပေါ်ဆွဲတင်ဖို့တကွ လမ်းတလျှောက်လုပ်နိုင်မည့် စစ်ရေးလှုပ်ရှားမှုတွေကို တိုက်စစ်ကစားသလို တွက်ချက်နေရပါတယ်။...

Read more »

ဂါမဏိ ● ​တရုတ်စစ်တပ်နဲ့ တရုတ် – အမေရိကန်စစ်တပ် တွေ့ကြရာဝယ်

March 29, 2018
ဂါမဏိ ● ​တရုတ်စစ်တပ်နဲ့ တရုတ် – အမေရိကန်စစ်တပ် တွေ့ကြရာဝယ်

ဂါမဏိ ● ​တရုတ်စစ်တပ်နဲ့ တရုတ် – အမေရိကန်စစ်တပ် တွေ့ကြရာဝယ် (မိုးမခ) မတ်လ ၂၉၊ ၂၀၁၈ ၂၀၁၅ ခုနှစ်မှာ တရုတ်နိုင်ငံက သံချပ်ကာတပ်မဟာနှစ်ခုဟာ အတွင်းမွန်ဂိုးလီးယားပြည်နယ် ကျူးရီဟယ် လေ့ကျင့်ရေးအခြေစိုက်စခန်းမှာ တပတ်ကြာ စစ်လေ့ကျင့်ခန်းအဖြစ် တဖက်နဲ့တဖက် တိုက်ခဲ့ကြတယ်။ အနီ တပ်နဲ့ အပြာတပ်လို့ သတ်မှတ်ထားတဲ့ တပ်မဟာနှစ်ခုစလုံးမှာ အမျိုးအစားတူ လက်နက်ခဲယမ်းတွေ သံချပ်ကာ ယန္တရားတွေ တပ်ဆင်ထားတယ်။ အပြာတပ် ဆိုတာ အမေရိကန်စစ်တပ်ပုံစံနဲ့ စီစဉ်ခင်းကျင်းတိုက်ပွဲဝင်တဲ့ တပ် မဟာဖြစ်တယ်။ အနီတပ်ကတော့ သမရိုးကျ တရုတ်ကွန်မြူနစ်တပ်ပုံအတိုင်း စစ်ဆင်စစ်တက် စစ်ကစား တိုက်ခိုက်ခဲ့တယ်။ အဲ့ဒီစစ်ကစားလေ့ကျင့်ခန်းမှာ အနီတပ် ချေမှုန်းခံခဲ့ရပါတယ်။ “တနာရီအတွင်းမှာ ငါတို့ဟာ လေကြောင်းတိုက် ခိုက်မှုတွေ၊ ဂြိုလ်တုထောက်လှမ်းရေးတွေ၊ ဆိုင်ဘာ (ကွန်ပျူတာ)...

Read more »

ဇော်အောင် (မုံရွာ) ● တရုတ်ပြည်ပြုပြင်ပြောင်းလဲမှုနဲ့ မြန်မာ – အပိုင်း (၄)

March 28, 2018
ဇော်အောင် (မုံရွာ) ● တရုတ်ပြည်ပြုပြင်ပြောင်းလဲမှုနဲ့ မြန်မာ – အပိုင်း (၄)

ဇော်အောင် (မုံရွာ) ● တရုတ်ပြည်ပြုပြင်ပြောင်းလဲမှုနဲ့ မြန်မာ – အပိုင်း (၄) (မိုးမခ) မတ်လ ၂၈၊ ၂ဝ၁၈ ● လျှပ်စစ်ကဏ္ဍ မိတ်ဆွေတစ်ဦး ရေးတဲ့စာလေးကို သတိရနေပါတယ်။ မြန်မာနိုင်ငံကလဲကွာ လျှပ်စစ်တယူနစ်ကို ၃ဝ ကျပ်လောက် အစိုးရ က အရှုံးခံတယ်။ တယူနစ် ၃၅ ကျပ်နဲ့ရောင်းတော့ များများသုံးနိုင်တဲ့လူ အစိုးရဆီက ငွေများများရနေသလိုပဲ။ မီတာခ တလ ၅ဝဝဝ ပဲ ကုန်တဲ့အိမ် အစိုးရထောက်ပံ့ကြေး တလ ၅ဝဝဝ ရတယ်။ မီတာခ တစ်လ ၁ သိန်းသုံးနေတဲ့သူဌေးက အစိုးရဆီက တလ ၁ သိန်း ထောက်ပံ့ကြေးရနေတဲ့ စနစ်ကြီးအကြောင်း ဖတ်လိုက်ရပါတယ်။ ဒီဆောင်းပါးမှာ စနစ်နဲ့လူအကြောင်း အ နည်းငယ်...

Read more »

ဗိုလ်ထက်မင်း – ဗိုလ်ချုပ်မှူးကြီးနဲ့ အမှတ်မထင် ဆုံခဲ့ရ၊ ကြားခဲ့ရစဉ်က – အပိုင်း ၂

March 28, 2018
ဗိုလ်ထက်မင်း –  ဗိုလ်ချုပ်မှူးကြီးနဲ့ အမှတ်မထင် ဆုံခဲ့ရ၊ ကြားခဲ့ရစဉ်က – အပိုင်း ၂

ဗိုလ်ထက်မင်း –  ဗိုလ်ချုပ်မှူးကြီးနဲ့ အမှတ်မထင် ဆုံခဲ့ရ၊ ကြားခဲ့ရစဉ်က – အပိုင်း ၂  (မိုးမခ) မတ် ၂၈၊ ၂၀၁၈ အကြီးမားဆုံးစိန်ခေါ်မှုနဲ့ ဆက်ဆံရေးဘ၀ ၉။ စာရေးသူဟာ နတလက ဖိတ်လိုက်တဲ့ဧည့်သည်တဖွဲ့တည်းဆိုရင် ပြသနာမရှိဘဲ လုပ်ငန်းစဉ်အတိုင်း အဆင့်လိုက်လုပ်နိုင်ပေမဲ့ ၁၉၉၀ခုနှစ်ကာလမှာ တိုက်တိုက်ဆိုင်ဆိုင် အင်းတော်ကြီး တိုင်းရင်သားအဖွဲ့နဲ့ လရွှီးလဟယ် နာဂတိုင်းရင်းသားအဖွဲ့ဟာ ရှေ့ဆင့်နောက်ဆင့် ရောက်လာကြလို့ အစီအစဉ်တွေ ရှုပ်ထွေး ဗြောင်းဆန်နေအောင် သတိထားကိုင်တွယ်နေရပါတယ်။ အင်းတော်ကြီးအဖွဲ့က အရင်ရောက်ပြီး နာဂအဖွဲ့က နောက်ကျမှ ရောက်လာတာမို့ နာဂအဖွဲ့ကို စုပေါင်းရိပ်သာမှာ ခဏထားခဲ့ပြီး အင်းတော်ကြီးတိုင်းရင်းသားတွေကို လေ့လာရေးအဖြစ် ဗိုလ်ချုပ်ဈေးကို လှည့်လည်ပြသနေပါတယ်။ ဒီအချိန်မှာ စာရေးသူအား ရဲဝါယာလက်ကား၊ ဆက်သွယ်ရေးစက်ပေါ်မှာ လူကြီး အရေးပေါ်စကားပြောချင်တယ် ဆိုလို့ ပါလာတဲ့...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်