အာရှတလွှား

လှကျော်ဇော ● ဝ တောင်တန်းက လွမ်းပန်းချီ

November 27, 2017
လှကျော်ဇော ● ဝ တောင်တန်းက လွမ်းပန်းချီ

လှကျော်ဇော ● ဝ တောင်တန်းက လွမ်းပန်းချီ ဆောင်းပါးအမှတ် (၆) (မိုးမခ) နိုဝင်ဘာ ၂၇၊ ၂၀၁၇ ● ကာလဝမ်းရောဂါတိုက်ဖျက်ခဲ့စဉ်က အခုတလော ရန်ကုန်မှာ H1N1 ရာသီတုပ်ကွေးရောဂါကျရောက်နေလို့ အဲဒီရောဂါနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ ကာ ကွယ်နည်းတွေ သတင်းဌာနအသီးသီးက လွှင့်ပေးနေတာကြားနေရပါတယ်။ ကျွန်မက ကူးစက်ရောဂါကာကွယ်ရေး တိုက် ဖျက်ရေးဆိုင်ရာလုပ်ငန်းများကို သိပ်ဝါသနာပါပါတယ်။ လုပ်နိုင်ရင် လုပ်နိုင်သလောက် အကျိုးရှိလို့ပါ။ အထူးသဖြင့် ကိုယ့် မျက်စိအောက်ရောဂါတွေဖြစ်နေချိန်မှာ လူတွေက ဆရာဝန်တွေ ဆေးဝန်ထမ်းတွေ စကားသိပ်နားထောင်ပါတယ်။ တနေ့က ဆရာဝန်ကြီးတယောက်ပြောသွားသလိုဘဲ လူတွေအကြောက်လွန်နေတာလည်း ကောင်းတယ်။  ကျွန်တော်တို့ပြောတာတွေနားထောင်လို့ ကာကွယ်ရေးလုပ်ငန်းတွေအောင်မြင်တယ်တဲ့။ ဟုတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ကျန်းမာရေးပညာပေးရတာ သိပ်အောင်မြင်ပါတယ်။ အစိုးရက လက်ဦးမှုရှိရှိ ပွင့်လင်း မြင် သာမှုရှိရှိ တာဝန်ယူစွာဖြေရှင်းပေးနိုင်ရင် ပြည်သူလူထုနဲ့...

Read more »

ကိုသန်းလွင် ● မိုးပျံတိုက်ကြီးများ

November 27, 2017
ကိုသန်းလွင် ● မိုးပျံတိုက်ကြီးများ

ကိုသန်းလွင် ● မိုးပျံတိုက်ကြီးများ (မိုးမခ) နိုဝင်ဘာ ၂၇၊ ၂ဝ၁၇ (၁) မိုးပျံတိုက်ကြီးများကို အမေရိကား တွင်မွေးဖွားပါသည်။ သို့သော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ၎င်းတို့သည် အာရှတိုက်တွင် ဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့ကြရပါသည်။ တိုင်းပြည်အများအပြားမှာ မြင့်မား သောမိုးပျံတိုက်ကြီးများရှိခြင်း သည် ကမ္ဘာ့စီးပွားရေးနယ်ပယ်တွင် စီးပွားရေးတိုးတက်ခြင်း၏ လက္ခဏာတရပ်အဖြစ် သိလာကြပါသည်။ လွန်ခဲ့သောနှစ်ပေါင်းတရာအတွင်း နယူးရော့နှင့် ချီကာဂိုမြို့တို့တွင် မိုးပျံတိုက်ကြီးများသည် လူတို့၏ အခြေခံကျသော စီးပွားရေးဆိုင်ရာပြဿနာကို ဖြေရှင်းပေးသည်။ လူရာပေါင်းများစွာ (သို့မဟုတ်) ထောင်ပေါင်း များစွာတို့ကို တချိန်တည်းတွင် တစ်နေရာထဲမှာထားနိုင်ရန် အဆင့်မြင့်တိုက်ကြီးများ ပေါ်လာကြသည်။ လူနေထူထပ်သောနေရာ စက်မှုလက်မှုဖွံ့ဖြိုးတိုး တက်သော နေရာများတွင် ဤကိစ္စမှာ အရေးကြီးသည်။ လူဦးရေသိပ်သည်းမှု (Density) ကို မြှင့်တင်ပေးနိုင်ခြင်းမှာ မြို့ကြီး တစ်မြို့အနေဖြင့်...

Read more »

ဖိုးစီ(ရုံးတော)- ဆားတိုင်ကန် ရေတွင်းကျောင်း ဦးပညာဒီပ

November 22, 2017
ဖိုးစီ(ရုံးတော)- ဆားတိုင်ကန် ရေတွင်းကျောင်း ဦးပညာဒီပ

ဖိုးစီ(ရုံးတော)- ဆားတိုင်ကန် ရေတွင်းကျောင်း ဦးပညာဒီပ (မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၁၇ (၉၀) ခုနှစ်ကျော်က တခုသော နွေရာသီ၏ ညဖက် ညဥ့်နက်အောင် လက်ဖက်ရည်ဆိုင်ထိုင်ကာ အိမ်ပြန် အလာမှာ အမက “နင့် ဘုန်းကြီးက မနက်စော စိတ္တသုခကျောင်းလာခဲ့တဲ့ .. ဆားတိုင်ကန် သွားမလို့ လို့ ပြောတယ်” ဟု ဆီးကာ ဆိုလာ၏။ ဆားတိုင်ကန်ကို သွားမည်ဆိုတော့ ဘဘုန်း၏လက်ဦးဆရာ ရေတွင်းကျောင်း ဆရာတော် ဦးပညာဒီပဆီ သွားမည်ဖြစ်လိမ့်မည်။ ကျနော့်အဖေက ဦးပညာဒီပကို ဘွဲ့အမည် တပ်မခေါ်၊ ဒို့ဆရာ ငါ့ဆရာဟုသာ ညွှန်း တတ်ရာ ငယ်စဉ်ကတည်းက အဖေနှင့် ဘဘုန်း၏ ငယ်ဆရာဟု အမှတ်ပြုကာ အနီးကပ်ဖူးချင်မိလှသည်။ အလှူပွဲကြွလာ ကြုံဖူးခြင်းနှင့် ညဦးဖက်ဝတ်ဖြည့်...

Read more »

ကိုသန်းလွင် ● ဆိုကရေးတီးနှင့် လူ့ဘဝ

November 21, 2017
ကိုသန်းလွင် ● ဆိုကရေးတီးနှင့် လူ့ဘဝ

ကိုသန်းလွင် ● ဆိုကရေးတီးနှင့် လူ့ဘဝ (မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၇ (၁) ဘီစီ ၃၉၉ ခုနှစ်က ဆိုကရေးတီးကို သေဒဏ်ချမှတ်လိုက်သောအခါ သူ့မိတ်ဆွေများကသူ့ကို လွတ်မြောက်ရာ လွတ် မြောက်ကြောင်း ထွက်ပြေးဘို့ အကြံပြုကြပါသည်၊ သူတို့တွင် ထောင်အရာရှိများကို လာဘ်ထိုးရန်ငွေကြေး ရှိသည်၊ သူတို့ နားလည်ထားကြသည်မှာ ထောင်အရာရှိများကလည်း ဖီလိုဆိုဖာကြီးကို လွတ်ရာလွတ်ကြောင်း သွားစေချင်ကြသည်၊ သူတို့လိုအပ်နေသည်မှာ ဆိုကရေးတီးက သဘောတူညီဘို့ပင်ဖြစ်သည်။ သူကထွက်ပြေးရန်အကြံပေးခြင်းကိုလက်မခံပါ၊ ဥပဒေအတိုင်း တသက်လုံးနေလာခဲ့သည်၊ ဘယ်သောအခါမှ ဥပဒေကို မချိုးဖောက်ဟု ဆိုသည်။ (၂) ကျွန်တော့်ဖခင်က ဤအတိုင်းပြောပြခဲ့ပါသည်၊ ကျွန်တော်သည် အသက်အရွယ်ငယ်သေးသဖြင့် ဆိုလိုချက်ကို စေ့စေ့ငုငု နားမလည်ခဲ့ပါ၊ ကျွန်တော်လက်ခံထားခဲ့သည်မှာ အလွန်ကျော်ကြားကြားသော ပုဂ္ဂိုလ်ကြီးများသည် ဥပဒေကိုလိုက်နာရန် အတွက် ‘သေ’ဘို့ကိုပင်...

Read more »

လှကျော်ဇော ● တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက် အစည်းအဝေး – အပိုင်း (၃)

November 20, 2017
လှကျော်ဇော ● တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက် အစည်းအဝေး – အပိုင်း (၃)

 လှကျော်ဇော ● တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက် အစည်းအဝေး – အပိုင်း (၃) (မိုးမခ) နိုဝင်ဘာ ၂ဝ၊ ၂ဝ၁၇ ● ရှီကျင့်ဖင် အတွေးအခေါ် (ခေတ်သစ်ကာလနဲ့အညီ တရုတ်ကွန်မြူနစ်ပါတီတည်ဆောက်ရေး) ၂ဝ၁၇ အောက်တိုဘာ ၁၈ ရက်နေ့ မနက် ပီကင်းပြည်သူ့ ခန်းမကြီးအတွင်း သဘာပတိစင်ပေါ်သို့ သမ္မတရှီကျင့်ဖင် ဝင် ရောက်လာတဲ့အခါ အသက် ၉၁ နှစ်ရှိ သမ္မတဟောင်း ကျန်းစစ်မင်၊ အသက် ၇၈ နှစ်ရှိ သမ္မတဟောင်းဟူချင်ထောင်တို့ နောက်ကပါလာပါတယ်။ ခန်းမကြီးတခုလုံးရှိ ကိုယ်စားလှယ် (၂ဝဝဝ) ကျော်နဲ့ အထူးဖိတ်ကြားထားသူများအားလုံး မတ်တပ် ရပ်လက်ခုပ်တီး သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လက်ရှိတာဝန်တွေထမ်းဆောင်နေတဲ့ ပါတီနိုင်ငံ ရေးဦးဆောင်အဖွဲ့အမြဲတန်းကော်မတီဝင်များနဲ့ တာဝန်များကအနားယူသွားပြီဖြစ်တဲ့ ထိပ်တန်းခေါင်းဆောင်များ...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

November 16, 2017
ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ မျက်မှောက် ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ (၂၀၀၉ -၂၀၁၇) ဖြစ်ပါတယ်။ သတင်းထုတ်ပြန်ချက်များကလွဲလျင် ဆောင်းပါးများမှာ မိုးမခမီဒီယာတွင် ဖော်ပြခဲ့သော စာရေးသူအသီးသီး၏ အာဘော်ဆောင်းပါးများ ဖြစ်ပါတယ်။ စာအုပ်ရဲ့  ရည်ရွယ်ချက်ကတော့ လက်ရှိ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်မြောက်ပိုင်းအရေးမှာ လူမျိုးရေး၊ ဘာသာရေး ဆိုသည်ထက် လူမျိုးရေး ဘာသာရေး အငြင်းပွားဘွယ် အကြောင်းအရာများ၊ နောက်ခံအခြေအနေများကို အခွင့်ကောင်းယူပြီး နိုင်ငံရေးအရ အမြတ်ထုတ်ရန်၊ မြန်မာပြည်တွင်း ပြည်ပ မငြိမ်သက်မှုများဖြစ်ပွားရန် လုပ်ကြံမှုများက အဓိကကဏ္ဍတွင် ပါဝင်နေသည်ကို ထုတ်နှုတ် ဖော်ပြသည့်  ဆောင်းပါးများ ဖြစ်ပါတယ်။  မိုးမခ၏ ပင်တိုင်ဆောင်းပါးရှင်များ ရေးသားသော ဆောင်းပါးများအပြင် မိုးမခမိတ်ဆွေ စာနယ်ဇင်းအဖွဲ့များတွင်...

Read more »

လှကျော်ဇော ● တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက်ကွန်ဂရက် – အပိုင်း (၂)

November 15, 2017
လှကျော်ဇော ● တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက်ကွန်ဂရက် – အပိုင်း (၂)

လှကျော်ဇော ● တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက်ကွန်ဂရက် – အပိုင်း (၂) (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ● တရုတ်ခြင်္သေ့ကြီးနိုးလာပြီလား နပိုလီယံက တရုတ်ခြင်္သေ့ကြီးအိပ်ပျော်နေတာ၊ သူနိုးလာရင် ကမ္ဘာကြီးကိုကိုင်လှုပ်လိမ့်မယ်တဲ့ နိမိတ်ဖတ်ပြောခဲ့ဖူးတယ်။ လက်ရှိတရုတ်သမ္မတလည်းဖြစ်၊ တရုတ်ကွန်မြူနစ်ပါတီရဲ့အထွေထွေအတွင်းရေးမှူးလည်းဖြစ်၊ တရုတ်ဗဟိုစစ်ကော်မရှင်ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ရှီကျင့်ဖင်ကတော့ တရုတ်ခြင်္သေ့ကြီးနိုးလာပါပြီ။ ဒါပေမယ့် ဒီခြင်္သေ့ဟာ ကြောက်စရာမဟုတ်ပါဘူး။ ငြိမ်းချမ်းရေးကိုလိုလားတဲ့၊ အားလုံးနဲ့မိတ်ဆွေဖြစ်ချင်တဲ့ခြင်္သေ့ပါတဲ့။ ဒါကိုရည်ညွှန်းပြီး၊ သူပြောကြားခဲ့တဲ့ မိန့်ခွန်းများမှာ ကံတူအကျိုးပေး အဖွဲ့အစည်းတရပ်တည်ဆောက်ရေးတို့၊ အနာဂတ်ကို မျှဝေထားတဲ့ လူ့အဖွဲ့အစည်းတရပ်တည်ဆောက် ရေးဆိုတဲ့ ဝေါဟာရတွေကို အတော်များများသုံးလာပါတယ်။ လက်တွေ့ဖြစ်ရပ်တွေကို ကြည့်ရအောင်ပါ။ တရုတ်ရဲ့သမိုင်းကြောင်းဟာ အနှစ် ၅ဝဝဝ ရှိပါပြီ။ ပဒေသရာဇ်သမိုင်းကြောင်းတလျှောက် ရွှေထီးဆောင်းခဲ့တာပါ။ လွန်ခဲ့ တဲ့ အနှစ် ၂ဝဝဝ ကစလို့...

Read more »

ကိုသန်းလွင် ● ဆော်ဒီအာရေးဗီးယား ခေတ်ပြောင်းချိန်

November 14, 2017
ကိုသန်းလွင် ● ဆော်ဒီအာရေးဗီးယား ခေတ်ပြောင်းချိန်

ကိုသန်းလွင် ● ဆော်ဒီအာရေးဗီးယား ခေတ်ပြောင်းချိန် (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂ဝ၁၇ (၁) ဆော်လမွန်ဘုရင်ကြီးနှင့်နီးစပ်သော  ဆွေမျိုးသားချင်းများမှာ ဆော်ဒီအာရေးဗီးယားနိုင်ငံကို အုပ်ချုပ်ရုံ သာမက သူတို့၏စီးပွားရေးလုပ်ငန်းများမှာလည်းဖွံ့ဖြိုးဝေဆာလျက်ရှိပါသည်။ သားတဦးတည်ထောင်သော ရင်းနှီးမြှုပ်နှံသောလုပ်ငန်းတခုကို အခြားသားတဦးက ဥက္ကဌလုပ်ပြီး ၎င်းတို့ကကြီးမားသော ကုမ္ပဏီကြီးတခုကိုပိုင်ပါသည်။ သူတို့သည် အစိုးရစီမံကိန်းများစွာလုပ်ဆောင်နေပြီးပြင်သစ်ကာကွယ်ရေး ကုမ္ပဏီတခုနှင့်ပူးပေါင်းကာ သင်္ဘောများတည်ဆောက်ရေးကို လုပ်ပါသည်။ အခြား မင်းသားတယောက်ကလည်း ကျန်းမာရေးလုပ်ငန်းနှင့် ဆက်သွယ်ရေးကရိယာများ၊ ပညာရေးနှင့် အခြားနိုင်ငံတော်က ရင်းနှီးမြှုပ်နှံသောလုပ်ငန်းများကိုလုပ်ဆောင်ပါသည်။ တခုနှင့်တခုအကျိုးအမြတ်ငွေ ရောထွေးနေသော်လည်း (Conflict of Interest) တခုမှ ဥပဒေနှင့် ငြိစွန်းသည်ဟုမရှိပါ။ သို့သော် အသက် (၃၂) နှစ်ရှိ အိမ်ရှေ့မင်းသားဖြစ်သော MBS- Mohamnad Bin Salman က အခြား သားတော် ၁၁...

Read more »

စိုးနေလင်း ● အမှောင်တွင်းနက်ထဲက လျှံထွက်လာတဲ့ပဲ့တင်သံ

November 14, 2017
စိုးနေလင်း ● အမှောင်တွင်းနက်ထဲက လျှံထွက်လာတဲ့ပဲ့တင်သံ

စိုးနေလင်း ● အမှောင်တွင်းနက်ထဲက လျှံထွက်လာတဲ့ပဲ့တင်သံ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၇ အမှန်က ပွဲလည်းမပြီး မီးလည်းမသေ ရေအောက်မီးတောင်တလုံးလို အောင်းပူနဲ့ ပင်လယ်ပြင်ရဲ့ဝင်သက်ထွက်သက်ကိုချိန်ဆ ကျဲပါးကြယ်စမှုန်ပျ အလင်းအောက် ချောက်နှုတ်ခမ်းမှာ လမ်းလျှောက်နေကြ။ မလှပလိုက်ပလေ… နေထွက်ချိန် နေဝင်ချိန် ကြိမ်စာသင့်နေကြသူများအတွက် အိပ်မက်ဆိုးတို့ထပ်ပြန်ရစ်ဝဲ ခဲမှန်ဖူးသောစာသူငယ်များချည်းသာ ဧရာဝတီကား ရေအီနေဆဲ။ သဲထဲရေသွန်ဖြစ်ခဲ့ရသောဆယ်စုနှစ်များ မပီဝိုးဝါးမဟုတ် ရုပ်ကို အဟာရစောင့်ခြင်းထဲတွန်းချခံကြရ ကြားကြားသမျှ အမျှ အမျှ အမျှ… ညကနက်ဆဲ မိုးမလင်းနိုင်။ သီးခိုင်ပွင့်စုံ အာရုံကြည်နူးဆွတ်ပျံ့ဖွယ်ရာ ငြိမ်းချမ်းသာယာသောဥယျာဉ်တခု လူမှုသုခ လောကပါလတရားများ ဖွံဖြိုးရှင်သန်ရာ… ဘယ်ဆီဘယ်မှာ မှန်းဆမရ အစမကောင်းခဲ့ကြပုံ။ ပြောမယုံကြုံဖူးမှသိ အခုထိ…။    ။ Tags: စိုးနေလင်း

Read more »

ရဲရင့်သက်ဇွဲ ● သိသလိုလို မသိသလိုလို

November 9, 2017
ရဲရင့်သက်ဇွဲ ● သိသလိုလို မသိသလိုလို

ရဲရင့်သက်ဇွဲ ● သိသလိုလို မသိသလိုလို (မိုးမခ) နိုဝင်ဘာ ၉၊ ၂၀၁၇ တကယ်ချစ်ခဲ့တာလား မချစ်ခဲ့ဘူးလား ဘုရားသခင်သိစရာမလို မင်းတယောက်ထဲသိဘို့လိုတယ်။ သစ္စာတရားဆိုတာကို တကယ်ယုံကြည်ခဲ့ကြတာလား မယုံကြည်ခဲ့ကြဘူးလား ဘုရားသခင်သိစရာမလို မင်းတယောက်ထဲသိဘို့လိုတယ်။ မွေးရာပါ ဝဋ်နာကံနာတခုလို ချစ်ခြင်းတရား ငါ့ကိုစွဲကပ် ကျေနပ်တယ် မင်းရဲ့ရှေ့မှောက် ဒူးထောက်ခစား နှလုံးသားနဲ့  ဦးနှောက် အားပြိုင်လွန်ဆွဲ သီတာဒေ၀ီကို ရယူမယ့်လေးတင်ပွဲအလား မင်းရဲ့အဆုံးအဖြတ်မှာ ဘဝကို ပုံအပ်မယ့်သူပါ။ ကမ္ဘာမြေအနှံ့  စိမ်းလန်းသော ငြိမ်းချမ်းသော မေတ္တာတရား လွှမ်းခြုံ ငါ့ကိုယ်ငါထက် မင်းကို ယုံခဲ့ပုံများ ကမ္ဘာကုန်ကျယ်သရွေ့ ငါနောက်ကျခဲ့ပုံတွေ ပြဇာတ်ဆန်လှချည့်ရဲ့ …။ ရဲရင့်သက်ဇွဲ No tags for this post.

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်