အာရှတလွှား

ကိုသန်းလွင် ● လွတ်လပ်ခြင်းနှင့် ပညာရေး

May 29, 2017
ကိုသန်းလွင် ● လွတ်လပ်ခြင်းနှင့် ပညာရေး

ကိုသန်းလွင် ● လွတ်လပ်ခြင်းနှင့် ပညာရေး (မိုးမခ) မေ ၂၉၊ ၂ဝ၁၇ (၁) ကျွန်တော့်တွင်တက္ကသိုလ်တက်ခါစ သားနှစ်ယောက်ရှိပါသည်။ ကလေးများကို စာသင်ကျောင်းများသို့ပို့၊ ပညာ သင်ပေး ရသော မိဘတစ်ယောက်အနေဖြင့် ပြည့်ဝလိုသောဆန္ဒတခုမှာ ကျွန်တော့်သားများသည် ပညာပြည့်စုံ၍ အလုပ်ခွင်ဝင်ကြ ချိန်တွင် ပြင်ပလူအုပ်စုနှင့်အတူတကွ အလုပ်လုပ်တတ်သော လုပ်သားကောင်းတယောက် ဖြစ်လာစေရန်ပင်ဖြစ်ပါသည်။ တနည်းအားဖြင့် ရင့်ကျက်တည်ငြိမ်မှုနှင့် ပတ်ဝန်းကျင်ကို မှန်မှန်ကန်ကန်မြင်တတ်စေရန်၊ မိမိပြဿနာကို မိမိဘာသာဖြေရှင်း တတ်စေရန် အရည်အချင်းများ ရှိစေချင်ခဲ့ခြင်းလည်း ဖြစ်ပါသည်။ (၂) ကျွန်တော်သည် အထက်အညာဒေသ ရွာကြီးတရွာတွင် မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပါသည်။ ဆယ်တန်းအထိ ရွာကျောင်းမှာ ပညာသင်ပြီး ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ရပါသည်။ ၁၉၇ဝ ခုနှစ်က ရန်ကုန်သို့ ရောက်ခဲ့ပြီး ကျွန်တော့်အစ်ကိုဖြစ်သူက နေထိုင်ရမည့်ကျောင်းဆောင်အရောက် လိုက်ပို့ရပါသည်။ တက္ကသိုလ်တွင်...

Read more »

လှကျော်ဇော ● ကျွန်မဆက်၍ရေးချင်သော ဖေဖေအကြောင်းများ

May 27, 2017
လှကျော်ဇော ● ကျွန်မဆက်၍ရေးချင်သော ဖေဖေအကြောင်းများ

လှကျော်ဇော ● ကျွန်မဆက်၍ရေးချင်သော ဖေဖေအကြောင်းများ  ဆောင်းပါးအမှတ် (၄၃) (မိုးမခ) မေ ၂၇၊ ၂ဝ၁၇ ● ၁၉၆၃ စေ့စပ်ဆွေးနွေးပွဲကာလက ဖေဖေ ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့မှာတက်လာတဲ့ တော်လှန်ရေးကောင်စီအစိုးရဟာ လက်လွန်ပြီး သူတို့ရဲ့ရန်သူတော်ကြီးဖြစ် တဲ့ တက္ကသိုလ်ကျောင်းသားများကို ရာချီပြီးသတ်ဖြတ်ရုံမျှမက ဗမာ့လွတ်လပ်ရေးလှုပ်ရှားမှုရဲ့အမြုတေ ဘူမိနက်သန် တက သအဆောက်အဦးကြီးကိုလည်း ဗုံးခွဲဖျက်ဆီးဖြိုချခဲ့ပါတယ်။ ဒီဇူလိုင် (၇) ရက်အရေးအခင်းကြီးကြောင့် ဆိုးဝါးသွားရတဲ့ မိမိတို့ရဲ့ပုံရိပ်ကိုပြင်ဆင်ဖို့အတွက် ၁၉၆၃ ဇွန်လ (၁၁) ရက်မှာ တောတွင်းလက်နက်ကိုင်အင်အားစုများသို့ “ငြိမ်းချမ်းရေး-ကမ်း လှမ်းချက်” ကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ပထမဆုံးရောက်လာတဲ့အဖွဲ့ဟာ အလံနီကွန်မြူနစ်ပါတီကဖြစ်ပြီး ဒီနောက်မှာတော့ လူမျိုးစုအဖွဲ့အသီးသီး ရှေ့ဆင့်နောက်ဆင့်ရောက်လာကြပါတယ်။ သြဂုတ်လ (၂၈) ရက်နေ့မှာတော့ ဗမာပြည်ကွန်မြူနစ်ပါတီက ရဲဘော်ဌေးခေါင်းဆောင်တဲ့-ပဏာမကိုယ်စားလှယ်အဖွဲ့ရောက်လာပါတယ်။...

Read more »

ခင်လွန်း – မောင်အောင်ပွင့် ဘ၀ပုံရိပ်မှတ်တမ်း ရုပ်ရှင်

May 27, 2017
ခင်လွန်း – မောင်အောင်ပွင့် ဘ၀ပုံရိပ်မှတ်တမ်း ရုပ်ရှင်

http://www.qtheatre.co.nz/burma-storybook ခင်လွန်း – မောင်အောင်ပွင့် ဘ၀ပုံရိပ်မှတ်တမ်း ရုပ်ရှင်  (မိုးမခ) မေ ၂၇၊ ၂၀၁၇ စာဖတ်သူများခင်ဗျာ … အခုအောက်မှာဖော်ပြမယ့် ဆရာမောင်အောင်ပွင့်ဘဝပုံရိပ် မှတ်တမ်းရုပ်ရှင်ကားဟာ ကျနော်နေထိုင်ရာ နယူးဇီလန်နိုင်ငံ အော်ကလန်မြို့မှာ ပြသနေတဲ့အတွက် အဲဒီ့မြို့နဲ့ မြို့ပတ်ဝန်းကျင်က မြန်မာနိုင်ငံသားများ မသိရမရှိအောင် အသိပေးနှိုးဆော်ထားတဲ့ ကျနော့်ဖေ့စ်ဘွတ်ပေါ်က စတေးတပ်ဖြစ်ပါတယ်။ ယခု မိုးမခမှာဖော်ပြလိုက်ရတာက မြန်မာပြည်အပါအဝင် ကမ္ဘာာပေါ်က ဘယ်နေရာ ဘယ်ဒေသမှာမဆို ရောက်နေတဲ့ မြန်မာနိုင်ငံသားအားလုံးကိုလည်း သိစေချင်တဲ့အတွက် ဖြော်ပလိုက်ခြင်းဖြစ်ပါကြောင်း။ နောက်ဆက်တွဲအဖြစ် ထိုမှတ်တမ်းရုပ်ရှင်ကို သုံးသပ်ဖော်ပြထားတဲ့ နိုင်ငံခြားအွန်လိုင်းဂျာနယ်တခုပေါ်က ဆောင်းပါးတပုဒ်ကိုလည်း ဘာသာပြန်ဆရာ ကျော်အုန်းမြင့်ရဲ့လက်ရာနဲ့ ဖော်ပြပေးထားပါတယ်။ ဒီဘာသာပြန်ပြန်ဆိုချက်က မြန်မာပြည်မှာထုတ်ဝေတဲ့ နေရာတကာဂျာနယ်မှာရေးသားခဲ့တာဖြစ်ကြောင်း ခင်ဗျား။ (စာရေးသူ) …….. “အောက္ကလန်ဝန်းကျင်က မြန်မာကီဝီများရဲ့အခွင့်အလမ်းကောင်းတခု” (အရေးတော်ပုံတပ်သားကြီးများကို ဂုဏ်ပြုသွားကြည့်အပ်တဲ့...

Read more »

ကိုသန်းလွင် ● ဆင်ဆာနှင့် ပြည်သူ

May 24, 2017
ကိုသန်းလွင် ● ဆင်ဆာနှင့် ပြည်သူ

ကိုသန်းလွင် ● ဆင်ဆာနှင့် ပြည်သူ (မိုးမခ) မေ ၂၄၊ ၂၀၁၇ (၁) “အစိုးရက စာပေနှင့် အနုပညာလုပ်ငန်းများတွင် ဆင်ဆာလုပ်၊ ဖြတ်တောက်နိုင်နေခြင်းမှာ တိုင်းသူပြည်သား လူအများက ငြိမ်ခံနေကြသောကြောင့် ဖြစ်သည်” ဟု တရုတ်ပြည်သား အနုပညာရှင် အိုင်ဝေေ၀ (Mr Ai Wei Wei) က ပြောကြား လိုက်ပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံအဖို့ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ အနုပညာနယ်ပယ် တစ်ခု လုံးတွင် အာဏာပိုင်တို့အလိုကျ ပိတ်ဆို့တားဆီးခြင်းများအောက်တွင် နှစ်ရှည်လများနေခဲ့ဘူးသောကြောင့် ဆင်ဆာစနစ်၏ ဆိုးရွားပုံကိုမမေ့နိုင်ကြသေးပါ၊ မြန်မာပြည်သားများအဖို့ အာဏာရှင်များနှင့်အတိုက်အခံ မလုပ် ဘဲ တိတ်တိတ်ဆိပ်ဆိပ် ခံယူခဲ့ကြရသည်ဆိုနိုင်ပါသည်။ အာဏာရှင်များကို ဆန့်ကျင် ဝေဖန်မှုများကြောင့် ထောင်သွင်းအကျဉ်းကျခံရခြင်း၊ တိုင်းပြည်မှ ထွက်ပြေးရခြင်း၊...

Read more »

ညီစောလွင်- မြန်မာမကျော်တဲ့ ကမ္ဘာကျော် စာတအုပ်

May 22, 2017
ညီစောလွင်- မြန်မာမကျော်တဲ့ ကမ္ဘာကျော် စာတအုပ်

မြန်မာမကျော်တဲ့ ကမ္ဘာကျော်စာတအုပ်  ညီစောလွင် (မိုးမခ) မေ ၂၁၊ ၂၀၁၇   အင်စတီကျူးရှင်း INSTITUTION ဆိုတဲ့အင်္ဂလိပ်စာလုံးကို အမျိုးမျိုးဘာသာပြန်ကြတယ်။ ချောမွေ့တဲ့မြန်မာဝေါဟာရရယ်လို့တော့ ကျနော်ဘဝင်ကျတာမရှိသေးပါဘူး။  အဖွဲ့အစည်း မူဘောင် စသဖြင့် ဘာသာပြန်ကြပါတယ်။ ထားတော့။ ကျန်ခဲ့တဲ့နှစ်တွေမှာ ကျနော်တို့ပါးစပ်ဖျားက မချကြတဲ့စကားလုံးပေါ့။  ဒီနာမည်နဲ့စာအုပ်တအုပ်စာစာမူတွေ ကျနော်စုထားပေမယ့်မထုတ် ဖြစ်ပါဘူး။  အဓိကအိုင်ဒီယာကိုတော့ WHY NATIONS Fail စာအုပ်ထဲက တချို့စာအုပ်ကိုဝေဖန်ချက်တွေ မူရင်း စာရေးဆရာနှစ်ယောက်ရဲ့တခြားစာမူတွေကို အမြီးဖြတ်ခေါင်းဖြတ် တချို့ လည်းလုံးစေ့ပတ်စေ့ ဘာသာပြန် ရေးခဲ့တဲ့စာမူတွေပါ။ စာအုပ်ဝေဖန်ရေးတွေကို အရင်ဖတ်ရင်း၊ အွန်လိုင်းမှာလိုက်ဖွရင်း နောက်ဆုံး ပီဒီအက်ဖိုင်ရခဲ့ပါတယ်။ ကျားကုတ်ကျားခဲ ကြိုးစားဖတ်ခဲ့ပါတယ်။ ဒီအချိန်မှာပဲ အဲ့အချိန်က သမ္မတကြီးဦးသိန်းစိန်ကို စာပေသမား လည်းဟုတ် ပညာတတ်စီးပွားရေးသမားတယောက်က လက်ဆောင်ပေးဖို့ရည်ရွယ်နေတဲ့ သတင်းဆောင်း ပါးတပုဒ်ဖတ်ရပါတယ်။ နောက်တော့...

Read more »

ညီစောလွင်-တန်းစီခြင်း

May 20, 2017
ညီစောလွင်-တန်းစီခြင်း

Google ညီစောလွင် – တန်းစီခြင်း (မိုးမခ)၊ မေ ၂၀၊ ၂၀၁၇ တန်းစီခြင်းမှာ တိရိစ္ဆာန်​​တွေက လူထက်​သာတယ်​လို့​ပြောနိုင်​ပါတယ်​။ ပုရွက်​ဆိတ်​တွေ၊ ခါချဉ်​​ကောင်​​တွေ၊ ဆိတ်​​တွေ၊ နွား​တွေ၊ သိုး​တွေ စသဖြင့်​ တန်းစီကြတာကို သတိထားကြည့်​ရင်​ ဒီကိစ္စရှင်းပါတယ်​။ ဓာတ်​ကြိုး​​မှာ ငှက်​​တွေနား​နေတဲ့အခါ တန်းစီတဲ့သ​ဘောကို ​တွေ့ ရနိုင်​ပါတယ်​။ ဓာတ်​ကြိုးမှာ တန်းမစီဘဲနဲ့ဘယ်​လို နားမလဲလို့ ​စောဒကတက်​ချင်​သူများရှိပါလိမ့်​မယ်​။ ကျ​နော်​​ဖြေပါ့မယ်​။ တ​ကောင်​ရဲ့​ကျော​မှာ တ​ကောင်​ရဲ့ ​ခေါင်းမှာ တက်​နားချင်​ရင် ​ နားလို့ရပါတယ်​။ ဒါ​ပေမဲ့ ငှက်​​တွေ ဒီလိုမနားကြပါဘူး။ ပုရွက်​ဆိတ်​တွေ၊ ခါချဉ်​​တွေလည်း ဒီလိုပါပဲ။ တ​ကောင်​ရဲ့ ကုတ်​ပိုးမှာ တ​ကောင်​က ခွစီးလိုက်​ပါသွားတာ မျိုး၊ ဆိတ်​​တွေ သိုးတွေ ဒီလိုသွားလာတာမျိုးကို မိတ်​​ဆွေ​တွေ့ဖူးတယ်​ဆိုရင်​ ကျ​နော့်​အဆိုမှား ယွင်း​ကြောင်း ဝန်​ခံပါမယ်​။...

Read more »

ဗိုလ်ထက်မင်း – တိုင်းရင်းသား လက်နက်ကိုင် အာဏာရှင်လို့ ဆိုရမတဲ့လား – အပိုင်း ၅ (နိဂုံး)

May 17, 2017
ဗိုလ်ထက်မင်း – တိုင်းရင်းသား လက်နက်ကိုင် အာဏာရှင်လို့ ဆိုရမတဲ့လား – အပိုင်း ၅ (နိဂုံး)

ဗိုလ်ထက်မင်း – တိုင်းရင်းသား လက်နက်ကိုင် အာဏာရှင်လို့ ဆိုရမတဲ့လား – အပိုင်း ၅ (နိဂုံး) (မိုးမခ) မေ ၁၇၊ ၂၀၁၇ တိုင်းရင်းသားလက်နက်ကိုင်အာဏာရှင်ကို ဖေါ်ထုတ်ခြင်း ၄၂။ အထက်တင်ပြခဲ့ပါ မြန်မာနိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ရပ်တည်လာမှူ၊ အခြေခံနယ်မြေရှိမှု၊ လူမျိုးရဲ့သဘာဝ၊ အခြေခံကောင်းများရှိမှု၊ ပါတီနဲ့တပ် လှုပ်ရှားဆောင်ရွက်နိုင်မှုတို့ကို အတတ်နိုင်ဆုံးဖေါ်ပြခဲ့ပြီးဖြစ်ရာ အောက်ပါအတိုင်း ခွဲခြမ်းဖေါ်ထုတ်သုံးသပ်လိုက်ပါတယ်။ (က) ဖက်ဒရယ်မြတ်နိုးတဲ့ တော်လှန်ရေးပီသတဲ့ တိုင်းရင်းသားအဖွဲ့အစည်း KNU/ RCSS/ KNPP/ SSA-N တွေဟာ ပါတီလိုင်းရော တပ်လိုင်းပါ စနစ်တကျဖွဲ့စည်းထားပြီး မူဝါဒ လမ်းစဉ်ခိုင်မာသလို သက်ဆိုင်ရာနယ်မြေ မိမိတိုင်းရင်းသားများအပေါ် ဝန်ပိစေမည့်အပြုအမူများ၊ ပြသနာများ ရှောင်ရှားပြီး ရှင်းလင်းပွဲများလုပ်ပါတယ်။ ဒီမိုကရေစီရဲ့အနှစ်သာရကို မြတ်နိးလို့ အာဏာဖက် မတွယ်ဘဲ သူတို့ဟာ...

Read more »

တူမောင်ညို – အဂတိလိုက်စားမှု “ ကြီးကြီးလား – သေးသေးလား ”

May 16, 2017
တူမောင်ညို – အဂတိလိုက်စားမှု “ ကြီးကြီးလား – သေးသေးလား ”

တူမောင်ညို – အဂတိလိုက်စားမှု “ ကြီးကြီးလား – သေးသေးလား ” (မိုးမခ) မေ ၁၆၊ ၂၀၁၇ “ အဂတိလိုက်စားမှု” အကြောင်းတင်ပြချင်တာပါ။ ဒါကြောင့် အခုလို နိဒါန်းပျိုးပါတယ်။ အကြင် စစ်အုပ်စုတစ်စုစုက စစ်တပ်ကို ချုပ်ကိုင်ပြီး အာဏာသိမ်းပိုက်မှုတိုင်းမှာ မျက်နှာစာ နှစ်ဖက်ပါရှိ တတ်ပါတယ်။ ပထမတစ်ဖက်က တိုင်းပြည်ကို ချောက်ထဲကျဖို့ လက်မတင်အခြေအနေကနေ အချိန်မီကယ်တင်လိုက်တဲ့ ကယ်တင်ရှင်ဟာ သူတို့ပဲဖြစ်တယ်ဆိုတဲ့ ကြွားလုံးထုတ်ပြီး နိုင်ငံရေးအရ မင်္ဂလာယူတဲ့ဘက်။ အခြားတစ်ဖက်ကတော့ တိုင်းပြည်ရဲ့အသက်သွေးကြော စီးပွာရေးလုပ်ငန်းကြီးတွေမှန်သမျှကို လက်ဝါးကြီးအုပ်သိမ်းယူတာနဲ့အဂတိလိုက်စားမှုဆိုတဲ့ဘက်ပါပဲ။ ဒီမျက်နှာစာနှစ်ဖက်ဟာ ဒင်္ဂါးပြားတစ်ချပ်ရဲ့ခေါင်းနဲ့ပန်းလိုပဲ ဘယ်လိုမှ ခွဲခြားလို့ မရစကောင်းပါဘူး။ ပြီးတော့ စစ်တပ်အာဏာသိမ်းပိုက်မှုတိုင်းရဲ့နိုင်ငံတကာလက္ခဏာလည်းဖြစ်ပါတယ်။ စစ်တပ်ကို ချုပ်ကိုင်ပြီး နိုင်ငံရေးအာဏာ ကို အတင်းအဓမ္မသိမ်းပိုက်လုယူထားတဲ့ စစ်အုပ်စုတိုင်းဟာ တိုင်းပြည်ရဲ့အသက်သွေးကြောစီးပွားရေးလုပ်ငန်းမှန်သမျှ...

Read more »

ဗိုလ်ထက်မင်း – တိုင်းရင်းသား လက်နက်ကိုင် အာဏာရှင်လို့ ဆိုရမတဲ့လား – အပိုင်း ၎

May 16, 2017
ဗိုလ်ထက်မင်း – တိုင်းရင်းသား လက်နက်ကိုင် အာဏာရှင်လို့ ဆိုရမတဲ့လား – အပိုင်း ၎

  UNFC Meeting  – file photo ဗိုလ်ထက်မင်း – တိုင်းရင်းသား လက်နက်ကိုင် အာဏာရှင်လို့ ဆိုရမတဲ့လား – အပိုင်း ၄ (မိုးမခ) မေ ၁၅၊ ၂၀၁၇ (SSPP/SSA) ၃၂။ (SSPP/SSA)မြောက်ပိုင်းဟာ ကွန်မြူနစ်ပါတီရဲ့အငွေ့အသက်များကို ရှုရိုက်ခဲ့သူပီပီ နဂိုက ထောက်ပံ့မှုယူထားခဲ့တဲ့ UWSA နောက်ကို လိုက်ရင်ကောင်းမလား၊ ပြည်တွင်း ရှမ်းနိုင်ငံရေးပါတီများက ဝ ထုတ်ပြန်ချက်ကို တရုတ်လွှမ်းမိုးတဲ့ အာဘော်ပါနေလို့မကြိုက်ဖူးလို့ ဝေဖန်လိုက်ရာ အခက်တွေ့နေဟန်တူပြီး ဆောင်ပါးရေးနေစဉ်မှာပင် UNFC မှ မထွက်ဘဲ NCA အတိုင်း လိုက်မယ်လို့သိရပါတယ်။ တကယ်တမ်း တပ်မတော်က ထိုးစစ်စတင်ခဲ့ရင် အရင်ဆုံးတိုက်ခံရမှာက SSPP/SSA မြောက်ပိုင်းစခန်းတွေဖြစ်ပြီး စစ်နည်းဗျုဟာအရ ဝ က ထိုးကျွေးထားတယ်...

Read more »

ကိုသန်းလွင် ● ကျူနီးရှားနိုင်ငံမှ အမှန်တရားနှင့် ဂုဏ်သိက္ခာကော်မရှင်

May 15, 2017
ကိုသန်းလွင် ● ကျူနီးရှားနိုင်ငံမှ အမှန်တရားနှင့် ဂုဏ်သိက္ခာကော်မရှင်

ကိုသန်းလွင် ● ကျူနီးရှားနိုင်ငံမှ အမှန်တရားနှင့် ဂုဏ်သိက္ခာကော်မရှင် (မိုးမခ) မေ ၁၅၊ ၂၀၁၇ (၁) လွန်ခဲ့သော ၂၀၁၆ခု နိုဝင်ဘာက ကျူနီးရှားနိုင်ငံတွင်အစိုးရမဟုတ်သောပြည်သူအများ စုပေါင်း၍ အမှန်တရားနှင့် ဂုဏ်သိက္ခာ (Truth and Dignity Commission) ဆိုသည့်ကော်မရှင်တစ်ခုကို ဖွဲ့စည်းခဲ့ပါသည်။ အာဏာရှင်ဘင်အလီ (Zine el-Abidine Ben Ali) လက်ထက်က ဖြစ်ပွားခဲ့သောအစိုးရ၏ ရက်စက်ကြမ်း ကြုတ်စွာဖိနှိပ် ချုပ်ချယ်မှု လုပ်ရပ်များကိုကြားနာစစ်ဆေးပေးမည့် ကော်မရှင်တစ်ခုဖြစ်ပါသည်။ မတရားညှဉ်းပမ်း နှိပ်စက်ခံရသူ ထောင်သွင်းအကျဉ်းကျခံရသူ၊ သေဆုံး ခဲ့ရသူတို့၏ ဆွေမျိုးသက်သေများဖိတ်ခေါ်၍သူတို့ အတွေ့အကြုံများကို ကြားနာကြခြင်းဖြစ်ပါသည်။ အာဏာပိုင်များဘက် မှလည်း မည်သူမဆိုလာရောက် ထွက်ဆိုနိုင်ကြောင်းကိုလည်း ဖိတ်ခေါ်ထားပါသည်။ (၂) ၂၀၁၁ခု လွန်ခဲ့သော ၆နှစ်က ကျူနီးရှားနိုင်ငံတွင် သစ်သီးရောင်းသူတဦး...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်