ကံထွန်းသစ်

ကံထွန်းသစ် -ဒြပ်မဲ့ဓမ္မာရုံ

April 13, 2015
ကံထွန်းသစ် -ဒြပ်မဲ့ဓမ္မာရုံ

  ကံထွန်းသစ် -ဒြပ်မဲ့ဓမ္မာရုံ (မိုးမခ) ဧပြီ ၁၃၊ ၂၀၁၅ “အသစ်တွေနဲ့ပျော်နေလို့ ကညစ်တွေချော်နေတာလားဘုရား” … တဲ့၊ San Francisco မှ အစ်မတော်က လှမ်းမေးလာတော့ “မဟုတ်ပါဘူး … အသစ်တွေပြောင်လို့ ကညစ်တွေ ပေါင်ထားရလို့ပါ” ဆိုပြီး ဝသီအတိုင်း ပြန်နောက်လိုက်သည်။ မွေးနေ့အတွက် လှူဖွယ်ပါဆယ်ပို့လိုက်ကြောင်း စသည်ပြောကာ ဖုံးချသွားမှ ပြန်ဆင်ခြင်မိတော့ … အော် … စာရေးဖို့ရာ အကြိမ်ကြိမ်တိုက်တွန်း၊ အခါခါတောင်းဆို၊ မရတဲ့အခါ ခုလို “ဂရဟာသံ” နှောလို့ ပြောခဲ့ပြီ။    အင်း … ပြောမယ်ဆိုလည်း ပြောစရာပေပဲလေ၊ ကိုယ်ကိုယ်၌က “ထိနမိဒ္ဓ” ဝိစိကိစ္ဆာ ထူပိန်းစွာနဲ့ ကာလရဲ့ခဲစားဒဏ်ကို ခံနေခဲ့ရဲ့၊ ရေးဖို့ကောင်းသည့် အတွေ့အကြုံတွေ၊ ငှဖို့ကောင်းသည့်...

Read more »

ကံထွန်းသစ် – လူကြီးကလေး နှင့် ကလေးလူကြီး

August 30, 2014
ကံထွန်းသစ် – လူကြီးကလေး နှင့် ကလေးလူကြီး

  ကံထွန်းသစ် – လူကြီးကလေး နှင့် ကလေးလူကြီး သြဂုတ် ၃၀၊ ၂၀၁၄ “အလကားလူကြီး ငါ့ခြေထောက်ကို တက်နင်းသွားတာ နာလိုက်တာ” “ဘယ်လူကြီးလဲ” “ဟိုဟာ.. ချော်တွင်းကုန်းမှတ်တိုင်က တက်လာတဲ့ လူလေ” “အော်.. မျက်မှန်နဲ့ ဘောင်းဘီရှည်ကြီးနဲ့ လူကြီးလား” “ဟုတ်တယ်.. ညီမလေးနေရာကိုလဲ အတင်း လုထိုင်တယ်” “ငါ သတိတော့ထားမိတယ် .. သားသမီးချင်း မစာနာတဲ့ (——) ကြီး” “ဟဲ့ .. နွယ်နီကလဲ မဆဲနဲ့လေဟာ ဘုန်းဘုန်း ကြားလိမ့်မယ်” “ကိုကိုကောင်းမြတ်တို့၊ ကိုကိုရန်နိုင်တို့ကလဲ အရေးထဲဆို အားမကိုးရဘူး” “အမယ်လေး .. မိနီလာထွန်းရယ် ဒါလောက် ကားကြပ်တာ၊ တို့မှာ ဟောဒီ အငယ်တွေခေါ်ရ၊ ဟို .. စပယ်ယာရဲ့...

Read more »

မိုးမခဆောင်းပါးရှင် အရှင်စန္ဒိမာ(မွန်စိန်တောရ)၏ စာအုပ် မြန်မာနိုင်ငံကို ဦးဆောင်ထိုက်သူ

August 7, 2014
မိုးမခဆောင်းပါးရှင် အရှင်စန္ဒိမာ(မွန်စိန်တောရ)၏ စာအုပ်  မြန်မာနိုင်ငံကို ဦးဆောင်ထိုက်သူ

မိုးမခဆောင်းပါးရှင် အရှင်စန္ဒိမာ(မွန်စိန်တောရ)၏ စာအုပ်  မြန်မာနိုင်ငံကို ဦးဆောင်ထိုက်သူ မိုးမခစာအုပ်စင်၊ ကံထွန်းသစ်၊ အရှင်စန္ဒိမာ(မွန်စိန်တောရ)၊ သြဂုတ် ၇၊ ၂၀၁၄ အရှင်စန္ဒိမာ (မွန်စိန်တောရ) ၏   မြန်မာနိုင်ငံကို ဦးဆောင်ထိုက်သူ စာမျက်နှာ ၁၂၉၊ ထုတ်ဝေနှစ် ဇူလိုင် ၂၀၁၄ ထုတ်ဝေသူ ပါရမီစာပေ ဆောင်းပါးများသည် 7 day Daily, Moemaka website, Irrawaddy.org websiteများတွင် ရွေးချယ်ဖော်ပြခြင်းခံရပြီးဆောင်းပါများ ဖြစ်ကြသည်။ စစ်အာဏာရှင်စနစ်၊ မျိုးစောင့်ဥပဒေ၊ ၂၀၀၈ အခြေခံဥပဒေ၊ ရဟန်းသံဃာနှင့် နိုင်ငံရေး အစရှိသည်တို့ကို ဆောင်းပါး (၁၇) ပုဒ်ခွဲ၍ ဝေဖန်သုံးသပ်ရေးသားထားသည်။ စာရေးဆရာ ကံထွန်းသစ်က အမှာစာ ချီးမြှင့်ရေးသားပေးထားရာ၌ “ .. ခေတ်ကာလအတွက် လိုအပ်၍ ပေါက်ဖွားလာသော၊ သို့မဟုတ်...

Read more »

ကံထွန်းသစ် – ဘုရားခေါ်သံ

April 14, 2014
ကံထွန်းသစ် – ဘုရားခေါ်သံ

ဘုရားခေါ်သံ ကံထွန်းသစ် ဧပြီ ၁၄၊ ၂၀၁၄ ပန်းချီ – ဦးမြင့်အောင် မျက်နှာချင်းဆိုင်တွင်ရှိနေသော Burbank Park ကလေးသည် နိုးထ လူးလွန့်လာပြီ။ သူ့ကို ဖုံးလွှမ်းထားခဲ့သော Snow ထုကြီး ပြယ်သွားပြီမို့ မြက်ခင်းကလည်း မရဲတရဲ စိမ်းဖန့်စပြုပြီ။ မေပယ်လ် (Maple) နှင့် အခြားပင်ပျို ပင်အိုတို့ကမူ ပုရစ်မစီတတ်သေး။ သို့သော် မကြာမီ သူတို့လည်း ပွဲဝင်ကြတော့မည်။ ရှဥ့်မြီးဖွားလေးများက တက်သက်ပြေးလွှားနေကြသလို တဆောင်းလုံးပျောက်နေသည့် ငှက်လေးတွေလည်း စိုးစီသံပေးကြပြီ။ ဟိုး … ပန်းခြံထောင့် ကလေးကစားကွင်းလေးမှာတော့ ကလေးငယ်သုံးဦးက ဒါန်းကိုယ်စီ စီးလျက်။ ဒီဇင်ဘာ နှစ်ဆယ့်တစ်ရက်ကတည်းက ဝင်လာခဲ့သော Winter ရာသီသည် သူ့ စနိုးဝတ်ရုံကိုသိမ်းကာ ဖိုသီဖတ်သီ ထွက်ခွာသွားခဲ့ပြီကော။ နွေဦးရာသီ...

Read more »

Kan Tun Thit – Articles

September 8, 2013
Kan Tun Thit – Articles

ရှင်ပုဏ္ဏ အစ …   ရှင်အရိယဓမ္မ အလည် … ညီငယ်၊ နောင်တော်တို့ အဆုံး … ကံထွန်းသစ် စက်တင်ဘာ ၈၊ ၂၀၁၃ ရှစ်လခန့်မျှ ကင်းကွာနေခဲ့သည့် ဝစ်စကွန်စင်ပြည်နယ်၊ မယ်ဝေါ့ကီးမြို့ကိုပြန်အရောက်၊ သုံးရက် မြောက်နံနက်မှာ လက်ကိုင်ဖုန်းမြည်လာ၍နားထောင်လိုက်စဉ် … “ အဲဒီမှာ ဘယ်လိုလဲ၊ အန္တရာယ်ကင်းရဲ့လား” “ ကင်းပါတယ်၊ ဘာဖြစ်လို့လဲ “ “မောင်ရင်တို့မြို့နားက “ အုခ်ခရိ “ မြို့ရှိ ဘုရားကျောင်းတခုကို သေနတ်သမားတယောက်က ဝင်စီးထားတာ၊ တယောက်သေနေပြီ၊ ရဲတွေလည်းဝိုင်းတားတာ၊ သတင်းမှာ လိုက်ဖ်လွှင့်နေတာ တွေ့ရလို့ စိုးရိမ်လို့ လှမ်းမေးလိုက်တာ” နယူးယောက်ကနောင်တော်ကြီး၊ လက်ရှိသံဃာ့ဥသျှောင်ဥက္ကဌ ဆရာတော် ဘဒ္ဒန္တဝိလာသ၊ ကိုယ် နယူးယောက်မှာရှိနေစဉ်ကလည်း နှုတ်နှင့်တမျိုး လက်ဖြင့်တဖုံ...

Read more »

ပုစ္ဆာတော၌ …

April 15, 2013
ပုစ္ဆာတော၌ …

ပုစ္ဆာတော၌ … ကံထွန်းသစ် ၊ ဧပြီ ၁၃ ၊ ၂၀၁၃             ခုတလော စာမရေးဖြစ်။ အမိမြေက နှလုံးနောက်ကျုဖွယ်အာရုံတွေနှင့် မောလျနေခဲ့သည်။ မျက်စိ၊ နား၊ မနော သုံးပါးသော ဒွါရတံခါးတွေကနေ အလျင်မပြတ်ဝင်လာနေသည့် အာရုံခါးတွေ … အာရုံခါးတွေ … ။             မအူပင်ကွင်းဆီက သေနတ်သံတွေ၊ လက်ပံတောင်းတောင်ရိပ်က ငိုယိုရန်တွေ့သံတွေ၊ မိတ္ထီလာက မီးခိုးငွေ့တွေ၊ ဗလီကျမ်းစာသင်ကျောင်းက ကလေးငိုသံတွေ၊ ခုနောက်ဆုံး အင်ဒိုနီးရှား ထိန်းသိမ်းရေးစခန်းက ဗမာရေလုပ်သားလေးတွေရဲ့သွေးတွေ … တွေ … ။             ထိုအကြောင်းအရာတို့သည် မိုးလင်းမိုးချုပ် ခေါင်း၌ နေရာယူကြသည်။ ရင်၌တပ်စွဲကြသည်။ သည်တော့ စာပေရေးသားမှုကိုမဆိုထားနှင့်။ ပြုနေကျ နိစ္စဗဒ်တို့ပင် လစ်ဟင်းချင်ချင်၊ မေတ္တာ...

Read more »

ကမ္ဘာတည်မည့် ဂုဏ်

March 20, 2013
ကမ္ဘာတည်မည့် ဂုဏ်

ကံထွန်းသစ် မတ်လ ၂၀၊ ၂၀၁၃ ရိုမန်ကက်သလစ်ဘာသာဝင်တို့၏ ရဟန်းမင်းကြီး ဘာနာဒစ်၏နေရာကို အာဂျင်တီးနားဇာတိ ရဟန်းမင်းကြီးဖြင့် အစားထိုးခန့်သည့်နောက်တနေ့၊ ပုပ်ဟောင်း၏နေရာကို ပုပ်သစ်ဖြင့်အစားထိုးပွဲ၊ ဘာတီကန်နန်းတော်ခေါင်းတိုင်မှ ရွေးချယ်မှုအောင်မြင်ခြင်းအထိမ်းအမှတ် မီးခိုးဖြူထွက်လာသည့် သတင်းကို ကိုယ်ငေးနေစဉ် …   “ဟလို …”   ကိုယ်၏ခွန်းဆက်သံပင်မဆုံး၊   “ဘုန်းဘုန်း … သတင်းဖတ်ပြီးပလား … မစိုးရိမ်ဆရာတော်ကြီး ပျံလွန်တော်မူသွားပြီဘုရား”   LA က အစ်မ၊ ဆရာတော်ကြီးအကြောင်း၊ နိုင်ငံရေးနယ်ပယ်က ဂယက်၊ ဟိုအကြောင်း သည်အကြောင်း အနည်းငယ်စီပြောကာ ဖုန်းချသွားသည့်တိုင် ပဲ့တင်ထပ်ကျန်ခဲ့သည်က “ဆရာတော် ပျံတော်မူ သွားပြီ” … တဲ့။   “ဆရာတော်ဘဒ္ဒန္တ ရာဇဓမ္မာဘိဝံသ”၊ မစိုးရိမ်တိုက်ကြီးတို့၏ နာယက၊ စာသင်သားတို့၏ဆရာ၊ ထက်မြက်သော၊...

Read more »

ရှင်ကောင်းတပါး သားကောင်းတထောင် (Kan Tun Thit)

February 24, 2013
ရှင်ကောင်းတပါး သားကောင်းတထောင် (Kan Tun Thit)

ရှင်ကောင်းတပါး သားကောင်းတထောင် ကံထွန်းသစ်၊ ဖေဖော်ဝါရီ ၂၄၊ ၂၀၁၃             ကွန်ပြူတာ Screen ညာဘက်စွန်းမှ 1:40 AM ဟုအချိန်ကိုတွေ့လိုက်မှ ညဥ့်နက်ပါပကောဟု အမှတ်ပြုလိုက်မိသည်။ Laptop လေးရှေ့မှ ထလိုက်သည်။ ဝန်းကျင်သည် ငြိမ်ဆိတ်လျက်၊ Winter ရာသီ အစပေမင့် အအေးကမနိမ့်။ ခါးကို အသာဆန့်လိုက်ရာ ဖျိုးဖျိုးဖျစ်ဖျစ် မြည်သွားသည်။ အိပ်ချိန်ကို ခန္ဓာက တောင်းဆိုနေပြီလေ။ တံခါးကိုဟ၍ အပြင်ကိုထွက်လိုက်သောအခါ အံ့သြသွားရသည်။ အခန်း မျက်နှာချင်းဆိုင်စားပွဲတွင် အလုပ်လုပ်နေသော ကိုယ်တော်လေးကြောင့်တော့မဟုတ်။ သည်မြင်ကွင်းက ရိုးနေလှပြီ။             မြင်ကွင်းဆန်းက ထိုကိုယ်တော်လေး၏စားပွဲဘေးတွင် တိတ်ဆိတ်စွာရောက်နေကြသော စုံတွဲ ကြောင့်ပင်၊ ပူပူနွေးနွေး နာမည်ကျော်များဟု ဆိုရမည့်လင်မယား၊ မှတ်မှတ်ရရ ပြီးခဲ့သည့် သီတင်းကျွတ် လပြည့်ညကဇာတ်လမ်း၊ “ကရင်မက...

Read more »

ပြန်တွေ့ရတဲ့မြား – Kan Tun Thit

February 15, 2013
ပြန်တွေ့ရတဲ့မြား – Kan Tun Thit

ပြန်တွေ့ရတဲ့မြား ကံထွန်းသစ်၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၁၅                                                 မြားတွေကို ကိုယ်ပစ်ခဲ့တယ်၊                                                 နှစ်ကာလတွေ ကြာတဲ့အခါ                                                 မြားတစင်းက ချုံပုတ်ပေါ်မှာ ပြန်တွေ့တယ်၊                                                 မြားတစင်းက သစ်တပင်ရဲ့ ခွဆုံမှာ                                                 မြားတစင်းက မြေပြင်မှာ                                                 မြားတစင်းက သူ့ရင်ထဲမှာ … ။             ငယ်ငယ်ကဖတ်ခဲ့ဖူးသည့် ထိုကဗျာလေး ရင်ထဲမှာ ပြန်လည်ပဲ့တင် ထပ်လာခြင်း၏ အကြောင်းက … ။ ———-။———-             မေရီလင်း၊ ဘော်တီမိုးက ဝင်ဒီဟေးလ်ဒေသလေးကို မှောင်ရီပျိုးစမှာ ကိုယ်ရောက်ခဲ့သည်၊ ဝေဇယန္တာကျောင်းသဘင်ပြီး၍ ဧည့်စဲစ၊...

Read more »

မြေကြီးရယ်သံ (Kan Tun Thit)

February 8, 2013
မြေကြီးရယ်သံ (Kan Tun Thit)

မြေကြီးရယ်သံ ကံထွန်းသစ်၊ ဖေဖော်ဝါရီ ၈၊ ၂၀၁၃          အော် … ဂရမ်မီဆုပေးပွဲတောင် နီးလာပြန်ပါပေါ့လား။          အစိုင်ဖြစ်နေသော ပင့်သက်ကို မျှဉ်း၍ ချလိုက်မိသည်။ ပြီးခဲ့သည့် ငါးဆယ့်လေးကြိမ်မြောက် ဆုပေးပွဲ အကြိုနေ့က ကွယ်လွန်သွားခဲ့သော “ဝှစ်တနီဟူစတန်” ကြောင့်တော့မဟုတ်။ ထိုဆုပေးချိန်က ကိုယ် နယူးယောက်မှာရှိနေခဲ့သည်လေ။          သည်နှစ်တွက် ဂုဏ်ထူးဆောင် အဖိတ်ကြားခံထားရသူ L.A က တည်းခိုနေသည့်ဟိုတယ်တွင် ကွယ်လွန်သွားကြောင်း။ ကြေငြာသံ၊ ဝမ်းနည်းသံ၊ ကြေကွဲဟန်တွေလွှမ်းနေသည့်ဆုပေးပွဲကို အဲဒီညက ကိုယ်ကြည့်နေခဲ့သည်။ ဂရမ်မီဆု ခြောက်ဆုပင်ရခဲ့သော ကွယ်လွန်သူ အဆိုကျော်ကို မြင်လိုက်ရသောအခါ သူမအကြောင်းကို သိသလိုလို၊ ဖတ်ဖူးသလိုလို၊ ဇဝေဇဝါနှင့် စုတ်သပ် လိုက်မိသည်။          နောက်နေ့ မိုးအသောက်မှာတော့ ကိုယ်တို့တတွေ ပုံမှန်လမ်းလျှောက်...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်