ခိုင်မာကျော်ဇော

ခိုင်မာကျော်ဇော – ပဒိုမန်းရှာပြောတဲ့ အနူလက်သီးနဲ့ လမ်းပြောင်းသွားတဲ့ ကေအဲန်ယူ

February 13, 2016
ခိုင်မာကျော်ဇော – ပဒိုမန်းရှာပြောတဲ့ အနူလက်သီးနဲ့ လမ်းပြောင်းသွားတဲ့ ကေအဲန်ယူ

ခိုင်မာကျော်ဇော – ပဒိုမန်းရှာပြောတဲ့ အနူလက်သီးနဲ့ လမ်းပြောင်းသွားတဲ့ ကေအဲန်ယူ (မိုးမခ) ဖေဖော်ဝါရီ ၁၃၊ ၂၀၁၆ ကေအဲန်ယူ အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာကျဆုံးခဲ့တာ ဒီနှစ်ဆို (၈) နှစ်ရှိခဲ့ပြီ။ သူကျဆုံးပြီး နောက်မှာ ကေအဲန်ယူ ဟာလည်း အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပါတယ်။ (၁၅) ကြိမ်မြောက် ကေအဲန်ယူကွန်ကရက်ကနေ ကေအဲန်ယူရဲ့ ဗဟိုကော်မတီပုံစံကို စတင်ပြောင်းလဲတာ၊ကေအဲန်ယူ ကရင့်တော်လှန်ရေးမှာ နှစ်ပေါင်းများစွာ ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ ကေအဲန်ယူရဲ့မူတွေ၊ ပေါ်လစီတွေအပေါ်မှာ ခိုင်မာစွာရပ် တည်ခဲ့တဲ့ ခေါင်းဆောင်ကောင်းတွေ ဘေးရောက်ကုန်တာ၊ ခိုင်ခိုင်မာမာ တည်ဆောက်ခဲ့ လက်တွဲခဲ့တဲ့ ဘ၀တူ တိုင်းရင်း သားအဖွဲ့တွေနဲ့ လမ်းခွဲခဲ့တာ၊ ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့မူ (၄) ချက်ကို လိုရာဆွဲ  အသုံးချခဲ့တာတွေ ကအဆုံး နောက်ဆုံး တပြည်လုံးရဲ့ချဉ်ဖတ်စစ်အစိုးရနဲ့...

Read more »

ခိုင်မာကျော်ဇော – တောင်ပေါ်သူသို့ ….. သစ္စာစကား

December 9, 2015
ခိုင်မာကျော်ဇော –  တောင်ပေါ်သူသို့ ….. သစ္စာစကား

  ခိုင်မာကျော်ဇော –  တောင်ပေါ်သူသို့ ….. သစ္စာစကား (သူ့ဖေ့စ်ဘွတ်) မိုးမခ၊ ဒီဇင်ဘာ ၉၊ ၂၀၁၅ တောင်ပေါ်သူရယ် မြတ်မြတ်နိုးနိုး ကိုယ်ပိုးခဲ့တာ ဆယ်နှစ် ဆယ်မိုး ဒေါနတောင်ကြီး ကျိုးတော့မယ်။ တောင်ပေါ်နှစ်ကူး ကောက်ဦးပွဲမှာ မင်းနဲ့ ဆုံ မင်းအပြုံးလေးထဲမှာ ချော်လဲ အချစ်အိုးကြီး ကွဲခဲ့ရပေါ့ ဒီလိုနဲ့  …. မိုးမခတွေနဲ့  အပြိုင်ငို ‘ကစယ်ခို’ရွာ ချောင်းပေါက် ‘သူးမွဲ’ရေတွေ နောက်ကုန်ပြီ။ ကရင်စစ်တဲ့မောင်ပါကွယ် ပေါင်မှာထိုးကွင်း လက်ရင်းက အဆောင် ဆေးတံခဲလို့ သွားလေးပဲ မဲတာပါ အသည်းက မင်းသင်တိုင်လို ဖွေးဖွေးဖြူ ဂုတ်ပွေးလေးက တို့ ရိုးရာ ဒါတော့ မင်းလည်း သိမှာပါလေ။ ဇွဲကပင်ကို စောင်ခြုံပြီး...

Read more »

ခိုင်မာကျော်ဇော – ခြေရာ (၁)

December 7, 2015
ခိုင်မာကျော်ဇော – ခြေရာ (၁)

Photo – Khaing Mar Kyaw Zaw’s facebook   ခိုင်မာကျော်ဇော – ခြေရာ (၁) (မိုးမခ) ဒီဇင်ဘာ ၇၊ ၂၀၁၅   မိုးခါးရေ ဘယ်သူသောက်သောက် ကိုယ့်ရင်ဘတ်ကိုယ်ဖောက်ပြီး ကဗျာနောက်ကို လိုက်ခဲ့တယ် တိမ်တွေကို အပြစ်မဖွဲ့ ရက်ဘူး ခေတ်ကိုက အချစ် မပါလဲပြီးတဲ့ ခေတ်လေ….   ဝေးရင် လွမ်းရ အိပ်မက်ည ရှည် စပယ်ပုံပြင် ရုံတင်ခဲ့တာ ကြာခဲ့ပြီ။  ဒီဇင်ဘာ ၆၊ ၂၀၁၅ (သူ့ဖေ့စ်ဘွတ်ကနေ ယူပါတယ်) No tags for this post. Related posts No related posts.

Read more »

ခိုင်မာကျော်ဇော – အဆိပ်သင့် ပန်းများ

November 24, 2015
ခိုင်မာကျော်ဇော – အဆိပ်သင့် ပန်းများ

မင်းကိုနိုင်၏ ပန်းချီကား   ခိုင်မာကျော်ဇော – အဆိပ်သင့် ပန်းများ  (မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၁၅ နတ်ဆိုးတွေပစ်တဲ့ ကျည်ဆံဟာ ကလေးတို့ ရဲ့  ရင်ဝကိုမှ တည့်တည့် ထိမှန်ရတယ်လို့ …… ။ မစုဝေလေး ခင်မျာ ပျံသန်းဖို့ အခွင့်မသာခဲ့ဘူး အိမ်ကြီးရှင်ရဲ့  ရှေ့ တော်မှောက် ဒူးထောက်ဆို ထောက် မှောက်ဆိုရင်လည်း မှောက်ရတာပဲ နောက်ပြန် ကြိုးတုပ် နေ၀င် မိုးချုပ်လို့  သုသာန်ပို့ ခဲ့ရင်လည်း ငုံ့ ခံဖို့ ပဲရှိတယ် ငွေဆယ်သိန်းနဲ့ ကျွန်ဖြစ်ရတဲ့ ပန်းကလေးရေ အမှောင်ညတွေ ရှည်လွန်းလှပေါ့။ သမီးရေ …. ကမ္ဘာ့ရွာကြီးထဲက အဒေါ်တို့ ရဲ့ အိမ်လေးဟာ...

Read more »

ခိုင်မာကျော်ဇော – ရှမ်းပြည်ဟာ ငါတို့ ရဲ့ ပါရီ

November 18, 2015
ခိုင်မာကျော်ဇော – ရှမ်းပြည်ဟာ ငါတို့ ရဲ့ ပါရီ

  ခိုင်မာကျော်ဇော – ရှမ်းပြည်ဟာ ငါတို့ ရဲ့ ပါရီ (မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၅ ရှမ်းပြည်ဟာ မြန်မာပြည်ရဲ့ …. ပါရီပါပဲ ငါတို့ ရင်တွေ ကြေကွဲရတယ်။ ပါရီဟာ ကမ္ဘာ့ကြီးရဲ့  အနုပညာအသဲနှလုံးတဲ့ အနုပညာကို ရင်ခုန်သူမို့  မငြင်းဘူး ယုံတယ်။ ရှမ်းပြည်ဆိုတာ ပအို့ ဝ်၊ ပလောင်၊ ရှမ်းညီနောင်နဲ့  ကချင်၊ ၀၊ လားဟူ တောင်ရိုး၊ ဓနု၊ အင်းသားစုရာ ပြည်ထောင်စုရဲ့ နှလုံးသည်းပွတ်တည်ရာ ဖက်ဒရယ်ပြည်ထောင်စုကို ရင်ခုန်ရင်တော့ ပင်လုံကို မမေ့ကြနဲ့ ။ မမေ့ကြနဲ့  ငါတို့ ရဲ့  ပါရီကို ဗုံးမိုးတွေ ရွာလို...

Read more »

ခိုင်မာကျော်ဇော – မျက်ရည်သောက်တဲ့ စစ်

November 17, 2015
ခိုင်မာကျော်ဇော – မျက်ရည်သောက်တဲ့ စစ်

No Information, File Photo ခိုင်မာကျော်ဇော – မျက်ရည်သောက်တဲ့ စစ် (မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၅ ပွင့်လင်းရာသီ မောရှမ်းပြည်မှာ စစ်ဟုန်မာန်တင်း ဒေါသပြင်းတော့…. ရိတ်သိမ်းသူကင်း စပါးခင်းတွေ ငြိုးယော်ခွေကျ လက်မှိုင်ချလို့ ။ ရွှေဖီဦးလည်း လွေး နန်း မခူး ယမ်းငွေ့ လူးနေ။ လိမ်မော်တောလမ်း ပါးအို့ နီပျောက် ဗုံးဆံရောက်ခဲ့။ ဗုံရှည်ကြီးလည်း မီးလောင်စွဲလို့  ၀ိုင်းဖွဲ့ ကုန်းက ဝေးခဲ့ရပေါ့။ ဝေဟင်ဗုံးကျဲ ကုန်းတိုက်ပွဲကြောင့် ရွာတွေ ကျောင်းတွေ စစ်မြေတလင်း မီးလောင်ကွင်းဖြစ်။ စစ်ရှောင်စခန်း အ၀င်လမ်းမှာ သားပျောက်ရှာသူ လင်ဆုံးသူကို မြေးမလေးဆုံး သားလေး ဗုံးထိ နှလုံးကြေကွဲ မျက်ရည်ဝဲနဲ့  အဖွားတယောက်...

Read more »

ခိုင်မာကျော်ဇော – သမိုင်းနီနီ…. ပန်းနီနီ

October 19, 2015
ခိုင်မာကျော်ဇော – သမိုင်းနီနီ…. ပန်းနီနီ

    ခိုင်မာကျော်ဇော – သမိုင်းနီနီ…. ပန်းနီနီ (မိုးမခ) အောက်တိုဘာ ၁၉ ၊ ၂၀၁၅ အခုတလော ဒေါ်လေးနဲ့  စကားပြောတော့ အောင်ဆန်းစုကြည် အောင်ဆန်းစုကြည်နဲ့  တစုထဲ စု တကြည်ထဲ ကြည်နဲ့  အသံကို စီနေတာပဲ။   ဖုန်းကိုင်လိုက်တာနဲ့  ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို သူ့ ပါးဖောင်းဖောင်းကြီးတွေနဲ့  နားညောင်းအောင်ကို ပြောတော့တာပဲ။   တကယ့်အဖိုးတန် အမျိုးမှန်တဲ့ ပတ္တမြားကြီးပါတော် သူ့ ကိုတွေ့ ရတော့ ကျုပ်ဖြင့် ငုတ်တုတ်တောင်မေ့သွားတယ်။   သူ့ ရဲ့  နူးညံ့တဲ့အပြုံးက ကျုပ်တို့ အသဲနှလုံးကို ပိုးသားလေးနဲ့  ဖုံးလိုက်သလိုပဲ။   သူ...

Read more »

ခိုင်မာကျော်ဇော – ရေဆန်လမ်းမှာ အလွမ်းတွေဝေ

February 14, 2015
ခိုင်မာကျော်ဇော – ရေဆန်လမ်းမှာ အလွမ်းတွေဝေ

ခိုင်မာကျော်ဇော – ရေဆန်လမ်းမှာ အလွမ်းတွေဝေ (မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂၀၁၅   အတီးမန်းရှာရေ အတီးက အတီးရဲ့ယုံကြည်ချက်တွေ အတီးရဲ့အချစ်တွေကို ကျမတို့ ကရင်အမျိုးသားထုအတွက်သာမက တိုင်းရင်းသားလူမျိုးပေါင်းစုံကိုပါ ဝေငှထားခဲ့ပြီး ဟောဒီ ကမ္ဘာကြီးထဲကနေ သူရဲကောင်းပီသစွာနဲ့ ထွက်ခွာသွားခဲ့ပေမယ့် ကျမတို့ကတော့ အတီးရဲ့အကြောင်းတွေကို သတိတရနဲ့ မမောနိုင်မပမ်းနိုင် ပြောကြရဦးမှာပါ။ အတီးသွေးနဲ့ ခင်းခဲ့တဲ့၊ အတီးယုံကြည်မျှော်လင့်တဲ့ ခရီးဆုံးပန်းတိုင်ဆီကို ဆက်လက် ချီတက်ရဦးမှာပါ။ အတီးကျဆုံးခဲ့တဲ့ ညက ကော်သူးလေကောင်းကင်ယံမှာ ကြယ်ကြီးတလုံး လင်းလက်ခဲ့တယ် အတီးရေ။ အဲဒီကြယ်ကြီးကို မြစ်ဝကျွန်းပေါ်ကပဲ ကြည့်ကြည့်၊ ပဲခူးရိုးမပေါ်ကပဲ ကြည့်ကြည့်၊ ဒေါနတောင်စဉ် တောင်တန်းပေါ်က ကြည့်ကြည့်၊ သံလွင် သောင်းရင်းနဲ့ ယွန်စလင်းကမ်းနံဘေးကပဲ ကြည့်ကြည့် ရွှန်းမြလင်းလက်နေတာကို တွေ့ရတယ်။ အဲဒီကြယ်ကြီးရဲ့ လင်းလက်မှုမှာ...

Read more »

ခိုင်မာကျော်ဇော – မန်းရှာ (သို့ မဟုတ်) မကြွေတဲ့ ကြယ်

February 14, 2015
ခိုင်မာကျော်ဇော – မန်းရှာ (သို့ မဟုတ်) မကြွေတဲ့ ကြယ်

    ခိုင်မာကျော်ဇော – မန်းရှာ (သို့ မဟုတ်) မကြွေတဲ့ ကြယ် (မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂၀၁၅ ဖေဖော်ဝါရီ ၁၄ ရက် သွေးနဲ့ ရေးတဲ့ အက္ခရာ ‘မန်းရှာ’ တဲ့။ တပွင့်ထဲထက် တခင်းလုံးကို ပွင့်စေချင်တာ ‘မန်းရှာ’ တမြစ်ထဲထက် မြစ်တိုင်းကို စီးစေချင်တာ ‘မန်းရှာ’ တပြည်ထဲထက် ပြည်ထောင်စုကို ငြိမ်းစေချင်တာ ‘မန်းရှာ’ ‘အမျိုးသားရေး’ ‘တန်းတူရေး’ ‘ငြိမ်းချမ်းရေး’ ကို ရင်ဝက သွေးနဲ့ ရေးခဲ့တာ ‘မန်းရှာ’ ‘ရှာ’ ဆိုတဲ့ ကြယ်ကြီးရေ… နင် မကြွေဘူး ဧရာ ပဲခူး အရှေ့ ရိုးမ ဒေါန သံလွင် ဇွဲကပင်မှာ ကြယ်ရောင်ဖြာဆမ်း...

Read more »

ခိုင်မာကျော်ဇော – အညောင်းမိနေတဲ့ကမ္ဘာ

January 28, 2015
ခိုင်မာကျော်ဇော –  အညောင်းမိနေတဲ့ကမ္ဘာ

ခိုင်မာကျော်ဇော –  အညောင်းမိနေတဲ့ကမ္ဘာ (သူ့ဖေ့စ်ဘွတ်) ဇန်န၀ါရီ ၂၈၊ ၂၀၁၅ နာရီတွေနဲ့ အပြေးပြိုင် အကြိမ်ကြိမ်လည်း ကျရှုံး လမင်းကတော့ ချိုင့်ဝှမ်းတွေပေါ်ဖြတ်သန်းရင်း လက်ပမ်းကျနေတဲ့ပုံနဲ့ ပေါ့၊ ရာသီတွေကတော့ နေလောင်ပန်းတို့ ရဲ့ အဆုပ်လိုက်အခဲလိုက် ကျိုးကြေမှုကိုပဲ ပန်းပုထုချင်နေလေရဲ့ ။ ရောဂါတွေကုစားဖို့  ဆေးတခွက်လိုတယ် ဒါပေမဲ့လည်း ကမ္ဘာကြီး အညောင်းမိနေတာကြာလှပေါ့၊ ဇန်န၀ါရီ ၂၇။ ၂၀၁၅ Photo – Irrawaddy Burmese News No tags for this post. Related posts No related posts.

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်