ဆောင်းယွန်းလ

ဆောင်းယွန်းလ ● ဒီကဗျာ မြန်မြန်သေမှ အေးမယ်

August 22, 2017
ဆောင်းယွန်းလ ● ဒီကဗျာ မြန်မြန်သေမှ အေးမယ်

ဆောင်းယွန်းလ ● ဒီကဗျာ မြန်မြန်သေမှ အေးမယ် (မိုးမခ) သြဂတ်စ် ၂၂၊ ၂၀၁၇ ရိုးရိုးသားသား ချစ်နေခဲ့ပါတယ်ဆိုတဲ့ ပြောနေကျ စကားတခွန်းနဲ့ လုံလောက်သွားခဲ့ပြီလား အမေးခက်လို့ မမေးရက်ပေမယ့် မွဲတေနေတဲ့ ဆင်းရဲခြင်းက အမိုးမလုံ အကာမလောက်ဖြစ်နေတဲ့အခါ ငါ ဒီကဗျာကိုရေးဖြစ်တယ် ကြိုးကြိုးစားစား ချစ်နေခဲ့ပါတယ်ဆိုတဲ့ ပြောနေကျ စကားတခွန်းနဲ့ စားသောက်နေထိုင်နိုင်ခဲ့ပြီလား အမေးခက်လို့ မမေးရက်ပေမယ့် အသေရုံတမယ် စားနေကျ ထမင်းဝိုင်းထဲ ငါးပိရည်ကျဲကျဲကို ရွှဲရွှဲဆမ်းမစားနိုင်တဲ့အခါ ငါ ဒီကဗျာကို ရေးဖြစ်တယ် နိုးနိုးကြားကြား ချစ်နေခဲ့ပါတယ်ဆိုတဲ့ ပြောနေကျ စကားတခွန်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်နိုင်ခဲ့ပြီလား အမေးခက်လို့ မမေးရက်ပေမယ့် နာရီနဲ့အမျှ သွေးထွက်နေတဲ့ တောင်တန်းတွေနဲ့ ဒဏ်ရာဗလပွရနေတဲ့ စမ်းချောင်းတွေကိုမြင်ရတဲ့အခါ ငါ ဒီကဗျာကိုရေးဖြစ်တယ် ဆိုရိုးရှိတဲ့အတိုင်းကတော့ ကဗျာဆရာသေပေမယ့် ကဗျာတွေမသေဘူးတဲ့...

Read more »

ဆောင်းယွန်းလ ● မမြင် မခင် မကြင်ပဲ လွမ်း

August 15, 2017
ဆောင်းယွန်းလ ● မမြင် မခင် မကြင်ပဲ လွမ်း

ဆောင်းယွန်းလ ● မမြင် မခင် မကြင်ပဲ လွမ်း (မိုးမခ) သြဂတ်စ် ၁၅၊ ၂၀၁၇ မထားတတ်တဲ့စိတ်က ကျဉ်းနေတော့ ချောင်းကလေး ထားရာမှာ အေးအေးမနေနိုင်ဘူး ထားတတ်တဲ့ စိတ်က ကျယ်ဝန်းနေတဲ့အခါ ပင်လယ်ပြာ စေရာကို သွားနိုင်တယ် ပန်းသတင်းကိုလည်း လေညှင်းဆောင်ရဲ့ လူသတင်းကိုလည်း လူချင်းဆောင်ခဲ့ဆိုလေတော့ လူကို လူချင်းလွမ်းတာ ဆန်းသလား ကက်ဆက်ထဲ လွင့်ဝဲလာတဲ့ သီချင်းထဲမှာ အလွမ်းတွေများများပါလာရင် မြန်မြန်လွင့်ပြီး များများလွမ်းနေလိုက်ကြရုံပေါ့ လူကိုသေစေတတ်တဲ့ ဗုံးသေနတ်သံတွေမှ မဟုတ်တာပဲ ဘာလဲ ခင်ဗျားက အလွမ်းကိုဖမ်းချုပ်ထားနိုင်စွမ်းတဲ့ ထောင်မှူးကြီးလား လွမ်းဆွတ်ခြင်းနဲ့ ဝမ်းနည်းကြေကွဲခြင်းမှာ မူပိုင်ခွင့်ရှိလို့လား ဒါဆိုရင်လည်း ခင်ဗျားရဲ့ကျဉ်းနေတဲ့ စိတ်တွေနဲ့ အလွမ်းကို ထောင်သွင်းအကျဉ်းချထားလိုက်ပါ မူပိုင်ခွင့် မှတ်ပုံတင်ပြီး ပလက်စတစ်လောင်းထားလိုက်ပါ ကျယ်ဝန်းတဲ့ ကျနော်တို့ရဲ့စိတ်တွေထဲမှာ...

Read more »

ဆောင်းယွန်းလ ● အနှုတ်တွေထဲက နှုတ်လုံခဲ့ခြင်းများ

July 27, 2017
ဆောင်းယွန်းလ ● အနှုတ်တွေထဲက နှုတ်လုံခဲ့ခြင်းများ

ဆောင်းယွန်းလ ● အနှုတ်တွေထဲက နှုတ်လုံခဲ့ခြင်းများ (မိုးမခ) ဇူလိုင် ၂၇၊ ၂၀၁၇ အိမ်အပြင်ဘက်ကို ခဏထွက်ကြည့်တော့ မြက်ခင်းတွေက စိမ်းနေပြီး ကိုယ်တိုင်ကတော့ ပြာနှမ်းနေတယ်။ ဇာတိလွမ်းစိတ်ဟာ ပန်းရောင်ဆိုပေမယ့် လှမ်းကြည့်လို့ မမြင်နိုင်တဲ့ ကိုယ့်မြို့ဟောင်းလေးထဲမှာတော့ ခရမ်းရောင်တွေ ဖိတ်ကျပေကျံလို့ပေါ့။ ကောင်းကင်ကြီးကို ခဏငေးကြည့်တဲ့အခိုက် တိမ်တိုက်တွေက ပြာနေပြီး ကိုယ်တိုင်ကတော့ မှိုင်းလို့ ညို့လို့။ လေပြေညင်းရဲ့တိုးတိုက်မှုဟာ ပါးလွှာတဲ့ အရေပြားထဲကို ကျည်ဆန်တတောင့်လို ထိုးဖောက်လာပါတယ်။ ပေါ့ပေါ့ပါးပါးဖြစ်သွားဖို့ လေတွေရှူသွင်းလိုက်တိုင်း ပြန်ထွက်လာတဲ့လေမှာ ကျန်းမာရေးဟာ ပြန်ပါမလာခဲ့ဘူး။ အနှုတ်တွေ မတွေးမိဖို့အားထုတ်ရင်း အပေါင်းတွေနဲ့ မပေါင်းသင်းဖြစ်ခဲ့တာဟာ ဝေဝေဝါးဝါး ဆက်ဆံရေးတွေက စခဲ့တာပါပဲ။ မတောင်းပဲရလာတဲ့ နေ့ရက်တွေထဲ တောင်းဆိုထားတဲ့ ကမ္ဘာကြီး ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့ဆိုတာ ယမ်းနံ့ပျောက် သေနတ်ဖောက်သံစဲနေရုံလောက်နဲ့ လုံလောက်လို့လား။ ဂီတကီးနူတ်စ်တွေမပါတဲ့...

Read more »

ဆောင်းယွန်းလ ● ပစ်မှတ်ဟာ ကိုက်တရာအကွာအဝေးမှာ

July 25, 2017
ဆောင်းယွန်းလ ● ပစ်မှတ်ဟာ ကိုက်တရာအကွာအဝေးမှာ

ဆောင်းယွန်းလ ● ပစ်မှတ်ဟာ ကိုက်တရာအကွာအဝေးမှာ (မိုးမခ) ဇူလိုင် ၂၅၊ ၂၀၁၇ ကြော်ငြာအားကောင်းတဲ့ ရှုခင်းတွေထဲမှာ ကိုယ့်ကိုကိုယ် မျက်နှာမွဲတယောက်ပါလို့ ကြေညာစရာ သတင်းဌာနမရှိ။ စာသားတွေ အပြည့်နဲ့ ဗလာစာအုပ်ထဲကို အချိန်တွေထိုးထည့်နေရတာကြာတော့ ထွက်ပေါက်ဟာ ကိုယ့်စိတ်ကို အဖန်ဖန်လိုက်ရှာတယ်။ ကြိုက်စရာလည်း မရှိ လိုက်စရာလည်း မရှိ အားနာခြင်းကို တိတိရိရိဖြတ်နိုင်တဲ့နေ့မှာ ကိုယ့်အခန်းကလေးဟာ သာသာယာယာပါပဲ။ ဝင်ပေါက်ကို လက်ဖြောင့်တပ်သားတယောက်လို အကောင်းဆုံး ရှာဖွေတွေ့သွားတဲ့အခါ အိမ်ပြန်ချိန်တွေလည်း နောက်မကျတော့ပါ။ ဆောင်းယွန်းလ (ဇူလိုင်လ ၂၂၊ ၂၀၁၇) No tags for this post.

Read more »

ဆောင်းယွန်းလ ● ပင်လယ်ကိုပစ်လို့ အဝီစိရှာခြင်း

June 24, 2017
ဆောင်းယွန်းလ ● ပင်လယ်ကိုပစ်လို့ အဝီစိရှာခြင်း

ဆောင်းယွန်းလ ● ပင်လယ်ကိုပစ်လို့ အဝီစိရှာခြင်း (မိုးမခ) ဇွန် ၂၄၊ ၂၀၁၇ ပြဿနာကို မီးခွက်ထွန်းရှာတဲ့ ခေတ်ဟာကုန်သွားတော့ မီးခွက်ကို ပြဿနာထွန်းရှာနေရတဲ့ ခေတ်ကိုရောက်လာတယ်။ ပြေပြေလည်လည်ပြောလေ ပိုပြီးမပြေမလည်ဖြစ်နေတဲ့ ကမ္ဘာမှာ တရာတန်တရွက်ကျပျောက်လို့ ငုံ့ရှာရင် ဖုန်းစုတ်ကလေးပါ ကျပျောက်တာ မဆန်းတော့။ အိပ်မပျော်တဲ့ ညတွေကို ကျေညက်အောင် မထွန်ယက်နိုင်တဲ့အခါ လူကြီးလူကောင်းဆိုသူတို့ရဲ့ တိုက်နဲ့ကားကြီးတွေပေါ်မှာ အိပ်မက်ဟာ ဖုန်မှုန့်ကလေးအဖြစ်တောင် မကပ်နိုင်ပါ။ ငွေထိုးရင်း လေလျော်ခံရတဲ့ စိတ်ကူးတွေထဲမှာလည်း အဝတ်အစားတွေ မပြောင်ယောင်နိုင်တော့။ မဲမဲမြင်ရာကို ပစ်ရမယ်ဆိုရင် မဖြောင့်တန်းတဲ့ စနစ်ကို ပစ်ချင်သလို အောင့်နမ်းနေရတဲ့ အချစ်ကိုလည်း ပစ်ချင်တယ် မကောင်းတဲ့ ချောင်းနဲ့ မစစ်တဲ့ မြစ်ကိုလည်း ပစ်ချင်ပေါ့။ ပင်လယ်ပြာရှာသော်လည်း ကမ္ဘာအလီလီတိုင်သည်အထိ မတွေ့မိ။ ရှေ့ပြော နောက်ကြည့်နေရတဲ့...

Read more »

ဆောင်းယွန်းလ ● သက်မဲ့ ကဗျာ

May 27, 2017
ဆောင်းယွန်းလ ● သက်မဲ့ ကဗျာ

ဆောင်းယွန်းလ ● သက်မဲ့ ကဗျာ (မိုးမခ) မေ ၂၇၊ ၂၀၁၇ စိတ်ဟာ အုံ့မှိုင်းနေတဲ့ ရာသီဥတုပဲ။ လေနှင်ရာပြေးထွက်ဖို့ ပြတင်းပေါက်တို့ ရှာမတွေ့ခဲ့သေးပါ။ မိုးသားတိမ်လိပ်တွေနဲ့ ရောပြီးရွာချဖို့ရန် ခြောက်သွေ့လွန်းလှပါရဲ့ မျှော်ကိုးစရာ ကံ ကံ၏အကျိုးအတွက် ထွက်သွားတဲ့ ရထားဟာလည်း ပြန်လည် ဆိုက်ရောက်မလာခဲ့။ ခြေသံပြင်းပြင်း ရွှေ့သွားတဲ့ နံနက်ခင်းဟာ တက်ခေါက်သံ ညနေတွေနဲ့ ပြန်ရွေ့လာခဲ့။ ဗလာကျင်းထားတဲ့ အခန်းတခန်းဖြစ်ရင် သိပ်ကောင်းမှာပဲလို့ တွေးနေတုန်း စိတ်ထဲမှာပဲ မိုးတအုံးအုံးရွာချလိုက်လေရဲ့ ရေတစက်မျှ မရလိုက်ပါ။ ဆောင်းယွန်းလ (မေလ ၂၃ ရက်၊၂၀၁၇) No tags for this post.

Read more »

ဆောင်းယွန်းလ ● အင်္ဂါဂြိုလ်ပေါ်ကို အဖော်မပါပဲရောက်ချင်တယ်

May 13, 2017
ဆောင်းယွန်းလ ● အင်္ဂါဂြိုလ်ပေါ်ကို အဖော်မပါပဲရောက်ချင်တယ်

ဆောင်းယွန်းလ ● အင်္ဂါဂြိုလ်ပေါ်ကို အဖော်မပါပဲရောက်ချင်တယ် (မိုးမခ) မေ ၁၃၊ ၂၀၁၇ စိတ် လက်တဆစ်ကို နှင်းထုရဲ့အောက်မှာ တနေကုန်အောင် နှစ်ထားပစ်လိုက်ရပါတယ်။ ခေတ်ဟာ လေပူတွေအောက်မှာ သုံးလို့မရအောင် ဆုံးသွားတဲ့ လေအေးစက်အပျက်တလုံးထက် ပိုပျက်သွားခဲ့။ မဲမဲမြင်ပစ်နေရမှ ကျေနပ်နေကြသူတွေကြားထဲ မြဲမြဲကိုင်စရာ တရားဓမ္မနဲ့ ရှားပါးလွန်းတဲ့ အချိန်ဟာ မသေရေး ငွေကြေးနောက်တကောက်ကောက်လိုက်ရင်း ပုလင်းအဖုံးဖွင့်ခံထားရတဲ့ အရက်ပျံလို လေထဲ အငွေ့ပြန်တက်ခဲ့ပါပြီ။ ညည လူက အိပ်မောကျနေပေမယ့် အိပ်ယာခင်းတွေက တွန့်လိပ်ကြေမွလို့ နိုးနေကြ မစားလိုက်ရတဲ့ အမဲမှာ ရေမဆေးလိုက်ရတဲ့ သဲတွေလည်း အထပ်ထပ်ကပ်လို့ပေါ့။ မြို့ပြနဲ့ဝေးဝေး တောမှာလည်း တောအလျောက် မတရားတဲ့ တရားတွေနဲ့ ပေါက်ပေါက်ဖောက်ရင်း ဒီသီချင်း နားထောင်ရဖန်များတော့ ငြီးငွေ့မှုတွေ ပျို့အန်လာ။ ဒီမိုကရေစီနဲ့ ခေတ်သစ်အစိုးရ...

Read more »

ဆောင်းယွန်းလ ● စိတ်၏စေရာ

April 28, 2017
ဆောင်းယွန်းလ ● စိတ်၏စေရာ

ဆောင်းယွန်းလ ● စိတ်၏စေရာ (မိုးမခ) ဧပြီ ၂၈၊ ၂၀၁၇ တိမ်တွေကို မီးညှိရင်း ဆေးပြင်းလိပ်တလိပ်လို ဖွာကြည့်မိချိန်မှာ ငြိမ်းချမ်းတဲ့ အိမ်ကလေးတလုံးဟာ အိပ်မက်ထဲမှာ ပန်းလိုပွင့်လို့။ အမြင့်မားဆုံး တောင်တလုံးကို ပျော်ပျော်ရွှင်ရွှင် ခေါင်းအုံးအိပ်နေရသလိုမျိုးပါပဲ။ တွေးတော ကြံစည်နေမှုထဲမှာတော့ အသံဟာ ပြန်ရှာလို့မတွေ့နိုင်အောင် တိတ်ဆိတ်လို့ပေါ့။ နွေကို ထုပ်ပိုးစရာ လေအေးစက်တွေမရှိပေမယ့် ကြားမိတဲ့သတင်းက ဆောင်းထက်အေးတယ်။ ခဲရာခဲဆစ် ခုတ်မောင်းဖြစ်ခဲ့ဖူးတဲ့ ရထားဟာ အနွေးထွေးဆုံး နေ့ရက်ဘူတာထဲကို ငြိမ်သက်စွာ ထိုးဆိုက်လာခဲ့ပါတယ်။ ကိုယ့်အရေပြား ကိုယ်ပြန်ဆွဲဆိတ်ကြည့်ဖို့ မျက်လုံးတစုံထဲမှာ ဖွင့်စရာ တံခါးရွက်တွေတော့ ပါမလာခဲ့သေးပါ။ အမှတ်တမဲ့ လေတိုက်ရင်းပွင့်ထွက်သွားတဲ့ စာမျက်နှာထက်က ခေါင်းစဉ်ဟာ စိတ်၏စေရာ…တဲ့။ ဆောင်းယွန်းလ (ဧပြီလ ၂၅ ရက်၊ ၂၀၁၇) No tags...

Read more »

ဆောင်းယွန်းလ ● အသံထွက်တူပေမယ့် လမ်းဟာ မလန်းပါ

April 14, 2017
ဆောင်းယွန်းလ ● အသံထွက်တူပေမယ့် လမ်းဟာ မလန်းပါ

ဆောင်းယွန်းလ ● အသံထွက်တူပေမယ့် လမ်းဟာ မလန်းပါ (မိုးမခ) ဧပြီ ၁၄၊ ၂၀၁၇ ပျော်ပါစေလို့ ဆုပေးသူကိုယ်တိုင်က မပျော်တဲ့အခါ ပူနေအောင်လောင်တဲ့ နွေဟာ လေအေးစက်အပြည့်နဲ့ အခန်းထဲမှာလည်း ဆောင်းပြန်ဖြစ်မလာခဲ့ ညှိုးနေတဲ့ သစ်တပင်အတွက်လည်း ရေခဲတတုံးဟာ ရေတခွက်ဖြစ်မလာခဲ့ လုံလုံခြုံခြုံ အမိုးပေါ်ကို ထပ်မိုးထားတဲ့ မိုးကသည်းလွန်းနေတော့ လုံခြုံမှုကို ခြုံစရာ အကာမရှိတော့ပါ။ ဒါဟာ.. သဘာဝပဲတဲ့ တိုင်းပြည်ကမွဲတော့ ပြာနှမ်းနေတဲ့ မျက်နှာတွေကို ခွဲခြမ်းစိတ်ဖြာစရာ ဆန်းသစ်တဲ့ ကာလာတွေလည်း မရှိတော့ပါ။ ရေတခွက်ထဲက ရေတစက်ကိုလိုက်ရှာနေရတာလည်း မောလှပါတယ်။ သမုဒ္ဒရာကြီးတွေကို ဖြတ်ပြီးရင် တံတိုင်းကြီးတွေကို ကျော်ပြီးတဲ့အခါ နည်ခြားစည်းတွေရဲ့တဖက်ကို ဖြတ်ကျော်ပြီးသွားတိုင်း ကျန်ရစ်သူ ပြည်သူလူထုကြီးအတွက် နောက်ဆုံးကျန်တာက မျက်ရည်တစက်ပါပဲ။ တဲတဲလေးကျန်နေတဲ့ကြိုးကို ဖြတ်ပြီးသွားတဲ့နောက် တစုံတယောက်အတွက် လျှောက်စရာလမ်းဟာ...

Read more »

ဆောင်းယွန်းလ ● ခေတ်ပေါ်အသံ

April 7, 2017
ဆောင်းယွန်းလ ● ခေတ်ပေါ်အသံ

ဆောင်းယွန်းလ ● ခေတ်ပေါ်အသံ (မိုးခ) ဧပြီ ၇၊ ၂၀၁၇ အသံထွက်မှန်ပြီး စာလုံးပေါင်းက မှားနေတယ်ဆိုပဲ လောကဟာ ကြီးလွန်းကျယ်လွန်းတယ်ဆိုတော့ ဘာလုပ်လုပ် အသံကျယ်ကြီးဆွဲထုတ်ပြီး အော်ပြောနေရတော့တာပေါ့။ လဆန်း လဆုတ် အချိန်စာရွက်ကြီးတွေကို ဆွဲဆုတ်နေရရင်း အသက်ရှူသံတွေလည်း ပိုပြင်းလာခဲ့တယ်။ အသက်ပြင်းတယ်ဆိုလည်း ခံလှရင် ကိုးဆယ် တရာအများဆုံးပေါ့ နှစ်ကြာကြာနေရလေ ဒုက္ခနဲ့လှလှတွေ့ကြလေပဲ။ ကိုယ့်ကြမ္မာနဲ့ကိုယ် မာအောင်တောင့်ထားရတော့ ပေါ့ပေါ့ပါးပါး တွေးစရာ အနုပညာကရှားလာခဲ့ပြီး အကြမ်းပညာကများလာခဲ့တယ်။ ဦးနှောက်ကို မုဒိမ်းကျင့်တဲ့ နိုင်ငံရေးဟာ အဆိုးရွားဆုံး ရောဂါပဲ ရှင်သန်ခြင်းမှာ အသက်ပါမလာခဲ့တာ ကြာပါပြီ။ ဆောင်းယွန်းလ (ဧပြီလ ၄ ရက်၊၂၀၁၇) No tags for this post.

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်