မောင်အောင်မွန်

မောင်အောင်မွန် – ကိုယ်တွေ့ 8 July 1962

July 13, 2018
မောင်အောင်မွန် – ကိုယ်တွေ့ 8 July 1962

  မောင်အောင်မွန် – ကိုယ်တွေ့ 8 July 1962 ကျွန်တော်တွေးမိသလိုရေးပါမည် (၃၄၅) (မိုးမခ) ဇူလိုင် ၁၃၊ ၂၀၁၈ (၁) ကျွန်တော်သည် သတင်းသမား (Professional News Writer) အဖြစ်ခံယူထားသူမို့ ဤဆောင်းပါးပါ အချက်အလက် တစ်ခုမကျန် မှန်ကန်ကြောင်း တာဝန်ခံကြောင်းထပ်ပြောကာ ဆက်လက်ရေးသားပါမည်။ မြန်ပြည်တွင် မြန်မာ့အသံ၌ နှစ်(၂၀)၊ နိုင်ငံခြားသတင်းထောက်၊ ကုလသမဂ္ဂ ပြန်ကြားရေးဌာန၊ UNCEF တို့၌ ဘာသာပြန်၊ Radio Moscw ၌(၃) နှစ်၊ ဘန်ကောက်တွင် အလွတ်သတင်းထောက်အဖြစ်(၃)နှစ်၊ VOA ၌ (၁၅)နှစ်လုပ်ပြီးနောက် အနားယူကာ ဗာဂျီးနီးယားပြည်နယ်တွင် စာရေး စာဖတ် Resaerch လုပ်နေပါသည်။ ထို့ကြောင့် 7 July 1962...

Read more »

မောင်အောင်မွန် – ကိုယ်တွေ့ 7 July 1962

July 11, 2018
မောင်အောင်မွန် – ကိုယ်တွေ့ 7 July 1962

 မောင်အောင်မွန် – ကိုယ်တွေ့ 7 July 1962 ကျွန်တော်တွေးမိသလိုရေးပါမည် (၃၄၄) (မိုးမခ) ဇူလိုင် ၁၁၊ ၂၀၁၈ (၁) ကျွန်တော်သည် သတင်းသမား (Professional News Writer) အဖြစ်ခံယူထားသူမို့ ဤဆောင်းပါးပါ အချက်အလက် တစ်ခုမကျန် မှန်ကန်ကြောင်း တာဝန်ခံပါ၏။ စဟေ့ဆိုကတည်း ကြိုတင်ပြင်ဆင်ထားသည့် မမှန်မကန်မတိမကျ သတင်းများ စတင်ခဲ့ကြရာ– ကြာလေကြာလေ အမှန်နှင့်ဝေးလေ၊ ထင်ကြေးနှင့်ရေးသားမှု အမုန်းဒေါသ– စသည်တို့က လွှမ်းမိုးလာခဲ့သည်။ (၅၆)နှစ်ကြာလာသောအခါ ဘယ်အခြေရောက်နေပြီဆိုသည်ကို စာဖတ်သူတို့ စဉ်းစားကြည့်ကြပါကုန်။ (၂) ၁၉၅၃ ခု၊ ဇွန်လတွင် ကျွန်တော်ရန်ကုန်တက္ကသိုလ်ရောက်၏။ နေခွင့်ရသည့် သထုံဆောင်ရှေ့ ကျောင်းလမ်းကအထွက် ညာဘက်ရှိ အားကစားရုံဘေးက (၅)မိနစ် လျှောက်သွားလျှင် တကသ အဆောက်အအုံသို့ရောက်သည်။ ထိုနှစ်တွင်ဖြစ်ပွါးသည့်...

Read more »

မောင်အောင်မွန် – ငါတို့ခေတ်ကဘောလုံးနဲ့ ငါတို့ခေတ်ကမီဒီယာ

June 30, 2018
မောင်အောင်မွန် – ငါတို့ခေတ်ကဘောလုံးနဲ့ ငါတို့ခေတ်ကမီဒီယာ

 မောင်အောင်မွန် – ငါတို့ခေတ်ကဘောလုံးနဲ့ ငါတို့ခေတ်ကမီဒီယာ ကျွန်တော်တွေးမိသလိုရေးပါမည် (၃၄၃) (မိုးမခ) ဇွန်၃၀၊ ၂၀၁၈ (၁) ကျနော်တို့ခေတ်ဆိုတာက ၁၉၅၃ ခု၊ တက္ကသိုလ်ရောက်လာချိန်၊ ဘောလုံးပွဲတွေ အဆင့်မြင့်ပေမယ့် သတင်းစာထဲ ကပ်စတန် ၃ ဂိုး၊ ကြည်းတပ် ၂ ဂိုး၊ ဒိုင် ဒစ်ကမန် လောက်သာပါလို့ အားကစားဝါသနာပါသူ ကလောင်ရှင်လေးများ ကြိုးစားရာကနေ သတင်းတို၊ နောက်တော့ ဆောင်းပါး၊ တဆင့်တက်ကာ သက်လုံ၊ တံခွန် စတဲ့ ဂျာနယ်တွေ ထွက်လာပြီ။ (၂) ၁၉၆၁ ခု၊ ဒီဇင်ဘာ ၁၁-၁၆ ဒုတိယအကြိမ် ကျွန်ဆွဲပွဲ SEAP Games ကိုဖွင့်ပေးသူက၊ ဘောလုံးပွဲမကြည့်ရရင် သမတမလုပ်ဆိုလို့ ပါလီမန်ကက အာမခံတင်မြှောက်ထားတဲ့ မန်းဝင်းမောင်၊ အိမ်ရှင်မြန်မာ...

Read more »

ဝင်းအောင်ကြီး (မောင်အောင်မွန်) – သတင်းစာပီသာလျှင် စာတတ်သူတိုင်းဖတ်ကြသည်

May 16, 2018
ဝင်းအောင်ကြီး (မောင်အောင်မွန်) – သတင်းစာပီသာလျှင် စာတတ်သူတိုင်းဖတ်ကြသည်

ဝင်းအောင်ကြီး (မောင်အောင်မွန်) – သတင်းစာပီသာလျှင် စာတတ်သူတိုင်းဖတ်ကြသည် ကျွန်တော်တွေးမိသလိုရေးပါမည် (၃၃၅) (မိုးမခ) မေ ၁၆၊ ၂၀၁၈ (၁) အမေရိကန်သမ္မတာ ဂျက်ဖာဆန်က သူ့အား အစိုးရသာရှိပြီး သတင်းစာမရှိသည့်တိုင်းပြည်နှင့် သတင်းစာများသာရှိပြီး အစိုးရမရှိသည့်တိုင်းပြည် ဘယ်သင်းကို ယူမည်နည်ဟု မေးလာလျှင် ဒုတိယကိုယူမည်၊ အဘယ့်ကြောင့်ဆိုသော် တိုင်းပြည်အတွက် သတင်းစာက အစိုးရထက် ပိုအရေးပါ ပိုသစ္စာရှိသောကြောင့်ဟု ရေးသားဖူး၏။ (၂) မြန်မာပြည်တွင် သတင်းစာကောင်းများရှိခဲ့ဖူး၍ ဖတ်ကြပုံရေးပါမည်။ ကျွန်တော့်အဖွားသည် စာမဖတ်တတ်ပါ။ ရွာ၏ဈေးထဲက ဆိုင်များ၊ ပျံကျဈေးသည်များထံမှ အခွန်ကောက်ခွင့် ကန်ထရိုက်၊ ရွာနှင့်ငါးမိုင်ခန့်ဝေးသော ကျောက်ထုစခန်းရှိ အကျဉ်းထောင်သို့ စားနပ်ရိက္ခာ တင်သွင်းခွင့် ကန်ထရိုက်များကို အခြားအမျိုးသားကြီးများနှင့် အပြိုင်လေလံစွဲရသောကြောင့်၊ အင်္ဂလိပ်အရေးပိုင်နှင့် ပြောဆိုဆက်ဆံရ၏။ တော်ပါသေးသည် အဲဒီမျက်နှာဖြူကြီးတွေက ဗမာလိုပြောတတ်...

Read more »

ဝင်းအောင်ကြီး (မောင်အောင်မွန်) – ပန်းချီဆရာ ပြည်တွင်းစစ်နှင့် ၀န်ကြီးချုပ်

May 14, 2018
ဝင်းအောင်ကြီး (မောင်အောင်မွန်) – ပန်းချီဆရာ ပြည်တွင်းစစ်နှင့် ၀န်ကြီးချုပ်

ဝင်းအောင်ကြီး (မောင်အောင်မွန်) – ပန်းချီဆရာ ပြည်တွင်းစစ်နှင့် ၀န်ကြီးချုပ် ကျွန်တော်တွေးမိသလို ရေးပါမည် (၂၄၁) (မိုးမခ) မေ ၁၅၊ ၂၀၁၈ (၁) ၁၉၇၅ ခု၊လောက်တွင် ပန်ချီဆရာကြီး ဦးစန်းလွင်က ကျွန်တော်နှင့်တွေ့ဆုံလိုကြောင်း ဖိတ်ကြား၍ သူနေရာ ရေကျော် ဇီဇ၀ါလမ်းသို့ ရောက်သွား၏။ သူ့သား ကိုမျိုးညွန့် (ကဗျာဆရာ မိုးကြည်လွင်) ပညာသင်အဖြစ် ဆိုဗီယက်ယူနီယံတွင် ကျွန်တော်နှင့် ရင်းနှီးခဲ့ပါသည်။ ရှုမ၀မဂ္ဂဇင်းပါ မောင်အောင်မွန်၏ ၀တ္ထုများကိုလည်း ဆရာကဦးစန်းလွင်က သရုပ်ဖော်ပုံများ ရေးဆွဲပေးဖူးသော်လည်း လူချင်းဆုံခွင့်မကြုံခဲ့ပါ။ (၂) ဆရာ့အလုပ်ခန်းမှာပင် စားသောက်ဖွယ်ရာ ပြင်ဆင်ကာ နှစ်ယောက်သား ထိုင်ဖြစ်ကြ၏။ ဆရာဦးစန်းလွင်ထံ ပုံအပ်လျှင် ကြာသော်လည်း စေ့စပ်သေချာသည့် ပုံကောင်းရ ကြောင်း ရှုမ၀က ဦးမြရှင် ပြောပြသည်ကို...

Read more »

မောင်အောင်မွန် ● ကျနော်တွေးမိသလို ရေးပါမည် (၂၄၃)

April 25, 2018
မောင်အောင်မွန် ● ကျနော်တွေးမိသလို ရေးပါမည် (၂၄၃)

မောင်အောင်မွန် ● ကျနော်တွေးမိသလို ရေးပါမည် (၂၄၃) (မိုးမခ) ဧပြီ ၂၅၊ ၂၀၁၈ ပြန်ပြင်လို့မရသည့် နာမည်နှင့်ရင်းလိုက်ရသောအမှား (ဦးဝင်းတင်ကွယ်လွန်ခြင်း (၄)နှစ် အလွမ်းပြေဖတ်ကြဖို့) (၁) လူတထောင်လုပ်ကြ လူတထောင်ပြောကြသော အမှားသည် အမှန်ဖြစ်မလာနိုင်ပါ၊ ထိုနည်းတူစွာ လူတယောက်တည်းလုပ် လူတယောက်တည်း ပြောသော အမှန်ကလည်း မည်သည့်နည်းနှင့်မှ အမှားဖြစ်သွားမည်မဟုတ်ပါဟု လန်ဒန်တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာလှမြင့် ( မကြာသေးခင်က ကွယ်လွန်သွားသူ) ရန်ကုန်တက္ကသိုလ်မှာ ပါမောက္ခချုပ်လာလုပ်စဉ်ပြောသွား ဖူး၏။ (၂) ၁၉၇၅ ခုလောက်က မြန်မာ့အသံ မြန်မာပိုင်းအစီအစဉ်မှာ ကျနော်အမှုထမ်းခိုက် ကြုံလိုက်ရသည့် ကိစ္စပါ။ မွန်းလွဲပိုင်းသတင်း လူစားဝင်ကြေညာပေးရ၍ ကျနော်ခံလိုက်ရသည့် သေရာပါသွားမည့် ဒဏ်ရာဒဏ်ချက်ပါ။ သတင်းကြေညာဖို့ တာဝန်ကျသူအပြင်သွားနေသည်။ လူစားထိုးဖို့ အစီအစဉ်မှူးကလည်းမေ့နေသည်။ သတင်းဌာနမှာလည်း သတင်းများက...

Read more »

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလိုရေးပါမည် (၃၃၂)

April 20, 2018
မောင်အောင်မွန် ● ကျွန်တော်တွေးမိသလိုရေးပါမည် (၃၃၂)

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလိုရေးပါမည် (၃၃၂) (မိုးမခ) ဧပြီ ၂ဝ၊ ၂ဝ၁၈ သေရာပါသွားမည့် ဦးဝင်းတင်လွတ်ဆိုသည့် သတင်းအမှား (၁) ကျွန်တော့်အသံလွှင့်သမားဘဝ သတင်းကြေညာခဲ့ရသော အကြိမ်ထောင်နှင့်ချီရှိခဲ့ပါ၏။ ထိုအကြိမ်လောက် ကသိကအောက် နိုင်၊ ရှက်လည်းရှက် မကျေမနပ်နှင့် မေ့မရသည်မျိုး မကြုံခဲ့ဖူးပါ။ ထောင်ကအကျဉ်းသားများ လွှတ်ချိန်၌ ကျွန်တော့်ဝေဒနာ ဟောင်း ပြန်သစ်ပြန်ထလာစမြဲပင်။ (၂) ဦးဝင်းတင်နှင့် ကျွန်တော်သိခဲ့ ခင်မင်ရင်းနှီးခဲ့သည်မှာ နှစ်ပေါင်း (၅ဝ) ကျော် ရှိခဲ့ပါပြီ။ ဤနေရာ၌ အလေးထားရေးသား ရမည်ကား သတင်းအမှားကို သူရွံမုန်းခြင်းဖြစ်သည်။ စပေဗိမာန်၊ ကြေးမုံ၊ ဟံသာဝတီ စသဖြင့် သူအယ်ဒီတာလုပ်ခဲ့သော စာစောင်များတွင် အမှားကင်းစင်ရန် သူ အထူးအလေးထား ကြိုးစား၏။ အမှားပြင်ဆင်ချက်ထည့်ရခြင်းကို ဦးဝင်းတင် စက်ဆုပ်ရွံရှာ၏။ ထို့ကြောင့်...

Read more »

မောင်အောင်မွန် ● လှသောပို၍လှသောနှင့် ခင်သန်းနု

April 15, 2018
မောင်အောင်မွန် ● လှသောပို၍လှသောနှင့် ခင်သန်းနု

မောင်အောင်မွန် ● လှသောပို၍လှသောနှင့် ခင်သန်းနု (မိုးမခ) ဧပြီ ၁၅၊ ၂ဝ၁၈ (၁) ၁၉၅၉ ခု၊ မြန်မာ့အသံသို့ ကျွန်တော်မရောက်မီကတည်း စာရေးဆရာဖြစ်နေပါပြီ။ ဇာတ်လမ်းပမာ နားဆင်စရာ တာဝန်ခံ စန္ဒရားအောင်ခင်နှင့် မောင်အောင်မွန်၏ဝတ္ထုတိုများကလည်း လူချင်းမဆုံမီကပင် ရင်းနှီးနေနှင့်၏။ ကျွန်တော်ပထမဆုံး ရေးသော သိင်္ဂီရယ်မေ့ပါနိုင်ကိုတောင် ရှာတွေ့ပြီး ဇာတ်လမ်းလုပ်ကာ သူထုတ်လွှင့်ခဲ့သည်ကိုသာ ကြည့်ကြပါ။ ၁၉၆၈ ခုတွင် မြန်မာပိုင်းသို့ ပြောင်းရသော်လည်း လုပ်ဆောင်ရမည့်တာဝန်တွေထဲ အသံလွှင့်ဇာတ်ရေးဖို့မပါ၊ စိတ်ကူးရ ကြိုးစားကြည့်ရင်း အောင်မြင်သွားသည်။ အသံလွှင့်ဇာတ်တွင် Narator မပါ၊ ဇာတ်ကောင်တို့ ပြောဆိုကြရင်း သရုပ်ဖော် ကြရ၏။ စာရေးဆရာ မင်းရှင်ထွက်သွားကတည်းက အသံလွှင့်ဇာတ်ညွှန်းကောင်းမရဟု ပင်တိုင် Producer ကို သစ္စာဆို၏။ အများ ဆုံးလာရောက် သရုပ်ဆောင်ပေးသူ...

Read more »

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလိုရေးပါမည် (၃၃၂)

April 12, 2018
မောင်အောင်မွန် ● ကျွန်တော်တွေးမိသလိုရေးပါမည် (၃၃၂)

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလိုရေးပါမည် (၃၃၂) (မိုးမခ) ဧပြီ ၁၂၊ ၂၀၁၈ Face Book ကနေ ထွက်ရတော့မည်လော (၁) ၂၀၁၈ ခု၊ ဧပြီလ(၁၀)ရက်နေ့ Face Book CEO Mark Zuckerberg သည် Senate Hearing ခေါ် အမေရိကန် အထက် လွှတ်တော်ကော်မတီရှေ့မှောက် လာရောက်အစစ်ခံရ၏။ TVက တိုက်ရိုက်ထုတ်လွှင့်ပုံကို Recording လုပ်ထားပြီး ကျွန် တော်သည် ဘောလုံးပွဲဆက်ကြည့်နေလိုက်သည်။  (ပုံ – ၁) VOA တွင် (၁၅) နှစ်လုပ်ခဲ့စဉ် ထိုသို့သော Senate Hearing ၌ မကြာခဏ သတင်းသွားယူရ၏။ ထို့ပြင် ကျွန်တော်နေထိုင်ရာ Washington DC SW...

Read more »

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလိုရေးပါမည် (၃၃ဝ)

April 8, 2018
မောင်အောင်မွန် ● ကျွန်တော်တွေးမိသလိုရေးပါမည် (၃၃ဝ)

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလိုရေးပါမည် (၃၃ဝ) (မိုးမခ) ဧပြီ ၈၊ ၂၀၁၈ လှသော ထက်သော ပြတ်သော ဝင်းမင်းသန်း (မကြာမီ စာဖတ်သူတို့ထံ ရောက်လာတော့မည့် ကြုံဖူး ဆုံဖူး ကြိုက်ဖူးသူများစာအုပ်မှ ဖြစ်၏။ BBC Interview တွင် မင်း သမီး မလုပ်ဟု ဆို၏။ အေးချမ်းသောဘဝကို ရှာသွား၏) (၁) ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ် ရောက်သောနှစ်တွင် ဟောလိဝုဒ်က The Purple Plain ဇာတ်ကား မြန်မာပြည်၌ လာရိုက်မည်၊ မင်းသမီးအဖြစ် လူသစ်ကို ရှာဖွေမည် စသဖြင့် သတင်းများကြရသည်။ ထိုစဉ်က မြန်မာရုပ်ရှင် မင်းသမီး၊ ပြဇာတ်မင်းသမီး အချောအလှတွေလည်း အများကြီးပါ။ သို့သော်လည်း သူတို့ကမူ မျက်နှာသစ်ကိုသာ လိုချင်သုံးချင်ကြဟု...

Read more »

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလိုရေးပါမည် (၃၂၈)

April 2, 2018
မောင်အောင်မွန် ● ကျွန်တော်တွေးမိသလိုရေးပါမည် (၃၂၈)

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလိုရေးပါမည် (၃၂၈) (မိုးမခ) ဧပြီ ၂၊ ၂ဝ၁၈ သမတအရသာနှင့် မန်းဝင်းမောင် (၁) ၁၉၅၇ ခု၊ မတ်လ။ ကျွန်တော့်တစ်သက်တွင် ပထမဆုံးအကြိမ် စာမေးပွဲကျဖူးသော Ist Year B.Sc (Engg) စာမေးပွဲ စတင်ဖြေဆိုနေရချိန်ဖြစ်သည်။ ကျောင်းမှန်မှန်မတက် စာမကျက်၊ တကသ သို့မူနေ့စဉ်ရောက် သတင်းစာတွေ မပျက်မကွက်ဖတ် နိုင်ငံရေးအကြောင်း ပြောဆိုဆွေးနွေးကြသည့်ထဲ နားထောင်တန်နားထောင် အခွင့်သာလျှင် ဝင်ပါနှင့်မို့ စာမေးပွဲခန်းသို့ပင် မန်းဝင်းမောင်က ကျွန်တော့်ခေါင်းထဲ လိုက်ပါလာ၏။ ဒေါက်တာဘဦး သမတသက်တန်း ကုန်ဆုံးပြီမို့ နောက်တစ်ယောက် ပါလီမန်ပြည်သူ့လွှတ်တော်က ရွေးကောက်တင် မြှောက်ကြရမည်။ (၂) ကရင်တိုင်းရင်းသား အလှည့်ကျ၍ သမတလုပ်ရန် ဝန်ကြီးမန်းဝင်းမောင် အားဝိုင်းဝန်းနားချ၊ သူကလည်းကြောက်အကန် ငြင်းနေပုံသတင်းစာများက ဝေဝေဆာဆာဖော်ပြသည်။...

Read more »

မောင်အောင်မွန် ● ကြုံဖူး ဆုံဖူး ကြိုက်ဖူးသူများ

March 31, 2018
မောင်အောင်မွန် ● ကြုံဖူး ဆုံဖူး ကြိုက်ဖူးသူများ

မောင်အောင်မွန် ● ကြုံဖူး ဆုံဖူး ကြိုက်ဖူးသူများ (မိုးမခ) မတ်လ ၃၁၊ ၂၀၁၈ (၁) ကျွန်တော်ငယ်စဉ်က တာရာမဂ္ဂဇင်းထဲတွင် ဒဂုန်တာရာရေးသော အောင်ဆန်း သို့မဟုတ် အရိုင်းကိုဖတ်ရ၏။ ထူးဆန်းသလို စိတ်ထဲခံစားရသည်။ မဖတ်ဖူးသော စာမျိုးကိုး။ လူကိုလေ့လာခြင်း ဟုဆရာတရာကဆိုသည်။ နောက်(၁၀)နှစ်ခန့်အကြာ ၁၉၅၅ ခု၊ နှစ်တွင် ဒဂုန်တာရာ၏ ရုပ်ပုံလွှာ စာအုပ်ထွက်လာသည်။ စာအုပ်၌ ပါဝင်သော ပန်းချီဦးအုန်လွင်၏ လက်ရာမျက်နှာဖုံး၊ ဂျာနယ်ကျော်မမလေးက ပုံနှိပ်ထုတ်ဝေပေးသည်။ သူခြယ်မှုန်းထားသော လူပုဂ္ဂိုလ်များနှင့် ခေတ်ကာလကို ကျွန်တော်ကောင်းစွာ နားလည်ခံစားတတ်လာပြီ။ (၂) ကျွန်တော်သည် လူတစ်ယောက်အား ခွဲ၍ပိုင်း၍ ကြည့်မြင်ခြင်းကိုနှစ်သက်၏။ ကျွန်တော်ရေးသော ၀တ္ထုများမှ ဇာတ်ကောင်များ၏ စိတ်ထားအတွင်း ၀ိရောဓိကို ရေးသားနိုင်ခြင်းမှာ သူငယ်ချင်းကိုကျော်စိန် (ကွယ်လွန်သူ စိတ်ပညာပါမောက္ခ)...

Read more »

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၂၇)

March 23, 2018
မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၂၇)

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၂၇) (မိုးမခ) မတ်လ ၂၃၊ ၂ဝ၁၈ နွေဦးနှင့် စာရေးဆရာ၏ အတွေးရူး (၁) ကျွန်တော် Radio Moscow တွင် အလုပ်လုပ်စဉ်က အပိုအလုပ်အဖြစ် ရုပ်ရှင်ဇာတ်ကားများ၏ နောက်ခံကို ဘာသာပြန် အသံသွင်းရာ၌ ပါဝင်ရသည်။ အပိုင်းတစ်ပိုင်းကို ဘာသာပြန်ခ (၁ဝ) ရူဘယ်လ်၊ မိတ္တူပေးခ (၃) ရူဘယ်လ်၊ အသံအတွက် (၁ဝ) ရူဘယ်လ် စုစုပေါင်း(၂၃) ရူဘယ်လ် ရပါသည်။ တစ်ကြိမ်မတော့ မှတ်တမ်းတင် ဇာတ်ကား (၃) ပိုင်း Spring ဟူသော စကားတစ်လုံးသာပါရာ စုစုပေါင်း (၆၉) ရူဘယ်လ်ရ၏။ ကျွန်တော်နေသော One Room Apartment ရေ၊လျှပ်စစ်၊ ဂက်စ်–ပေါင်းလခက...

Read more »

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလိုရေးပါမည် (၃၂၆)

March 21, 2018
မောင်အောင်မွန် ● ကျွန်တော်တွေးမိသလိုရေးပါမည် (၃၂၆)

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလိုရေးပါမည် (၃၂၆) (မိုးမခ) မတ်လ ၂၁၊ ၂၀၁၈ (မကြာမီထွက်လာမည့် ကြုံဖူး ဆုံဖူး ကြိက်ဖူးသူများ စာအုပ်ထဲကပါ) တင်တင်မူမသေ သေသော် တင်တင်မူပြန်ဖြစ်၏ (၁) ကျွန်တော်ရုပ်ရှင် စကြည့်စဉ်ကပင် မြန်မာမင်းသမီးများအနက် တင်တင်မူသည် အခြားမင်းသမီးများနှင့် မတူတမူခြားနေ ကြောင်း သတိထားမိ၏။ ဘယ်နေရာ ဘယ်ဟာရယ်လို့ အတိအကျမသိ။ ဗြိတိသျှဘားမားမှ ရပ်ရှင်စာစောင်များဖတ်သည်၊ ကြော်ငြာတွေထဲမှ တင်တင်မူပုံတွေ၌လည်း တခုခုထူးနေသလိုပင်။ နောက်ထပ်ကြည့်တော့ ဇာတ်လမ်းတို့ မင်းသားတို့ထက် တင်တင်မူ၏ ထိုအထူးကိုသာ ပိုပြီးအလေးထားရှာ၏။ တွေ့ပါပြီ၊ ၀တ်စားပုံရယ်၊ လမ်းလျှောက်ဟန်ရယ်၊ စီးကရက်ကို နှုတ်ခမ်းပေါ်တင်ရုံလေးတင်ကာ သောက်ပြတာရယ်။ အဲဒီသုံးချက်ကို တင်တင်မူ၏ ကိုယ်ပိုင်ဟန်ဟု တင်းစားရေးသားလာကြသည်ကို နောက်ပိုင်း၌ ကျွန်တော်ဖတ်လာရသည်။ (၂) တင်တင်မူသည် ထဘီပျော့ပျော့ကို...

Read more »

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၂၅)

March 15, 2018
မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၂၅)

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၂၅) (မိုးမခ) မတ်လ ၁၅၊ ၂၀၁၈ ဘာလုပ်ရမှန်းမသိ၍ အကြံပေးကြပါ (၁) အိမ်နီနားချင်းမိတ်ဆွေနှင့်စကားစပ်မိတော့မှ ကျွန်တော်၏နိုင်ငံကူးလက်မှတ်စာအုပ် (Passport Book) သည် ၂၀၁၇ ကတည်းက သက်တမ်း (၁၀) နှစ် ကုန်နေပြီဖြစ်ကြောင်း သိလိုက်ရ၏။ ကျွန်တော့်အိမ်က (၁၀) မိနစ်ခန့် ကားမောင်းရသော စာတိုက်သို့ပြေးရ၏။ အနားက CVS ဆိုင်မှာလည်း ဇနီးနှင့်အတူ ဓာတ်ပုံရိုက်ခဲ့၏။ Passport ဌာနတွင် တစ်ယောက်အတွက် ဆောင်ရွက်ပေးနေသူ တာဝန်ခံက ကောင်တာရှိ အပြာရောင်ပုံစံကို ယူဖြည့်ရန်ဖြတ်ပြီး လှမ်းပြောသည်။ စောင့်နေသူ (၂) ဦးရှိနေသဖြင့် နောက်နေ့မှ လာခဲ့မည်ဟု ပြောရာလိုအပ်သည်များ မှာလိုက်၏။ (၂) နောက်တစ်နေ့ Feb. 21...

Read more »

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၂၄)

March 13, 2018
မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၂၄)

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၂၄) (မိုးမခ) မတ်လ ၁၃၊ ၂ဝ၁၈ ဖုန်းမော်လည်းဆုံး လူ့အခွင့်ရေးလည်းရှုံး ဧရာဝတီမြစ်ကိုသိရန် မြစ်ဝကျွန်းပေါ်၊ မြစ်ဆုံသာမက မေခနှင့်မလိခ အထိလိုက်ကြည့်မှပြည့်စုံမည်။ ၈-၈-၈၈ အရေးအခင်း၊ ဖုန်းမော်နေ့ စသည်တို့ကို မွေးဖွားပေးလိုက်သော ၁၉၈၇ ခု၊ စက်တင်ဘာလ ၅ ရက်နေ့ သုံးစွဲနေကြသည့် ငွေစက္ကူများကို တရားမဝင်ကြေညာလိုက်၍ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားများ လမ်းပေါ်ထွက် ဆန္ဒပြကာ ရဲရင့်ပြောင်မြောက်စွာ မဆလ အစိုးရအား စိန်ခေါ်လိုက်ခြင်းကို သေးသိမ်းမှေးမှိန်အောင် လုပ်လို့ရနိုင်မည်မဟုတ်။ သတင်းသမားအနေနှင့် ရေးသည့်ဆောင်းပါးကို ဖတ်ကြည့်ပါ။ ၁၉၈၈ ခု၊ မတိုင်မီကဆို မဆလ လက်အောက်သေကြရမည်ဟု ထင်မှတ်ထားခဲ့ကြ၏။ ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်းက ပြုပြင် ပြောင်းလဲလုပ်တော့မည်ဆို၍ ချိချိနဲ့နဲ့အားညှစ်ကာ ယုံဖို့ကြိုးစားခြင်းကို...

Read more »

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၂၃)

March 12, 2018
မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၂၃)

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၂၃) (မိုးမခ) မတ်လ ၁၂၊ ၂ဝ၁၈ ဗြိတိသျှရာဇဝင်သင်ရ၍ ဘောလုံးပွဲကြည့်တတ်လာခြင်း (၁) ဓာတ်ပုံထဲက ကလေးငယ်သည် Carabao Cup Final တွင် သူကြိုက်သော Arsenal အသင်း Manchester City ကို ၃ ဂိုး ပြတ်နှင့် ရှုံးသွား၍ ငိုနေခြင်းဖြစ်ပါသည်။ သူ့အရွယ်က ကျွန်တော်ဘောလုံးပွဲ မကြည့်ဖူးသေးပါ။ Euro 2008 ကာလ ကျွန်တော် လန်ဒန်ရောက်သွားစဉ် ကိုကျော်စွာ၏သားလေးလည်း သူအားပေးသည့် Chelsea ဂိုးမရ၍ ငိုပုံ မြင်ဖူးခဲ့သည်။ Spain Laliga ပွဲများတွင်လည်း ငိုနေကြသော စပိန်အမျိုးသီးကြီးငယ်များလည်း မရှား။ ပွဲအပြီးရှုံးသွားသည့် ဘောလုံးသမားများ ငိုကြသည်ကိုလည်း မမြင်ချင်မှအဆုံး။ Arsenal...

Read more »

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၂ဝ)

March 7, 2018
မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၂ဝ)

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၂ဝ) (မိုးမခ) မတ်လ ၇၊ ၂ဝ၁၈ အသင်းပိုင်ငွေနှင့် နတ်သမီးထဘီဖိုး (၁) မြန်မာ့အသံဝန်ထမ်းဟောင်းများအသင်း နှစ်လည်အစည်းအဝေး သတင်းဓာတ်ပုံများနှင့် video အခွေကို ကျွန်တော်နှင့် နာမည်တူသူ ကိုဝင်းအောင်က ပို့ပေး၍ သတိရစရာပေါ်လာပြီး ရေးဖြစ်လာ၏။ ၁၉၄၆ ခု၊ ဖေဖေါ်ဝါရီလ ဗမာ့အသံ (Burma Broadcasting Service)  ကို စတင်တည်ထောင်စဉ်ကပင် ရှိခဲ့သော ဗမာ့အသံ စက်ဘက်ဆိုင်ရာ အမှုထမ်းများအသင်းပိုင်ငွေ နှင့် နတ်သမီးထဘီဝယ်ရန် အကြံပျက်သွားပုံအကြောင်းပါ။ (၂) ၁၉၅၉ ခု၊ အောက်တိုဘာလတွင် ဗမာ့အသံ၌ ကျွန်တော်အလုပ်ရသည်။ စက်မှုလက်ထောက် ရာထူးဖြစ်၏။ အသံလွှင့်စတူဒီယိုအဖြစ် ဝင်ဒါမီယာခရက်ဆင့်ရှိ လူနေနှစ်ထပ်တိုက်ကို ဆက်လက် အသုံးပြုနေရဆဲ၊ ပြည်လမ်း၌ အသံလွှင့်ရုံသစ်ကြီးကလည်း...

Read more »

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၂၂)

March 4, 2018
မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၂၂)

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၂၂) (မိုးမခ) မတ်လ ၄၊ ၂၀၁၈ ဗြိတိသျှရာဇဝင်သင်ရ၍ ၁၉၆၂ ခု၊ မတ်လ (၂) ရက်ကို နားလည်ခြင်း (၁) ၁၉၅၁-၅၂ အကြိုတက္ကသိုလ်ဝင်တန်းနှင့် ၁၉၅၂-၅၃ တက္ကသိုလ်ဝင်တန်းတို့တွင် ကျွန်တော်တို့ ဗြိတိသျှရာဇ၀င် သင်ခဲ့ကြရ၏။ ရန်ကုန်တက္ကသိုလ်က ပြဌာန်းသော သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြရခြင်းပါ။ ဦးကြည်ရေးသော စာအုပ်အပြင်၊ ဒေါက်သန်းထွန်း၏ စာအုပ်လည်း ၀ယ်ဖတ်၏။ အင်္ဂလိပ်ခေတ်က B.A အောင်ခဲ့သူဆရာက သင်ကြားပို့ချရာ၌ အင်္ဂလိပ်လိုရေးထားသော စာအုပ်ဖတ်သည်ကိုလည်း မြင်ဖူးလိုက်၏။ စာမေးပွဲတွင် မြန်မာရာဇ၀င်နှင့် ဗြိတိသျှရာဇ၀င် မှတ်(၅၀)စီဖိုး ဖြေကြရမည်။ ထို့ကြောင့် ဦးဘသန်း ရေးသော မြန်မာရာဇ၀င်ကိုလည်း သင်ကြရ၏။ မြန်မာရာဇ၀င်နှင့် ဗြိတိသျှရာဇ၀င် နှိုင်းယှဉ်၍လည်း မသင်၊...

Read more »

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၂၁)

February 27, 2018
မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၂၁)

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၂၁) (မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂ဝ၁၈ တောင်ပံခတ်ဆဲ ပျံသန်းမြဲ မောင်လင်းယုန် (ရှမ်းပြည်) (၁) ချီးကျူးထိုက်သူအား ချီးကျူး၊ ဂုဏ်ပြုထိုက်သူအား ဂုဏ်ပြုဖို့ ဖြစ်လာသောအခါ ရိုသေထိုက်သူအား မရိုမသေ လုပ်ခဲ့မိသည် များကိုကောဟု ပြန်တွေးဖို့ဖြစ်လာပြီ။ ၂ဝ၁၆ ခု၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ကွယ်လွန်သွားသူ မောင်လင်းယုန် (ရှမ်းပြည်) အပေါ် ကျူးလွန်ခဲ့သည်များအတွက် ငရဲကျပါလျှင်၊ ငါတယောက်တည်းမဟုတ် ဝေလာ (ကိုလှဝေ)၊ ညွန့်ကြူး (မောင်မောင် ညွန့်)နှင့် ကျော်သာထွန်း တို့လည်းပါကြမည်သာမက သူတို့သုံးယောက်က ပိုကဲဟူ၍ အားတင်းလိုက်သည်။ ဆုံကြသည့်နေရာက ရန်ကုန်တက္ကသိုလ် တကသ အဆောက်အဦ၊ အချိန်က ၁၉၅၄ ခုနှင့် နောက်ပိုင်း...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်