အောင်မော်ဦး

အောင်မော်ဦး ● ဂျနီဖာရယ် ကျနော်ရယ် အတူတူ ရယ်ခဲ့ကြတယ်

March 22, 2017
အောင်မော်ဦး ● ဂျနီဖာရယ် ကျနော်ရယ် အတူတူ ရယ်ခဲ့ကြတယ်

အောင်မော်ဦး ● ဂျနီဖာရယ် ကျနော်ရယ် အတူတူ ရယ်ခဲ့ကြတယ် (မိုးမခ) မတ် ၂၂၊ ၂၀၁၇ “အာဏာရှင်ကလည်း မှားတယ်” “တော်လှန်ရေးကလည်း မမှန်ဘူး”တဲ့ သူက ပြောရင်း ရယ်တယ် ကျနော်သိပ်ချစ်တဲ့ နှုတ်ခမ်းလေးတွေကွေးလို့ အသံထွက်အောင် ရယ်တယ် ကျေးဇူးပြုပြီး ပွဲစားတွေရဲ့စကား ငါ့ လာမပြောပါနဲ့ မရဘူး ရယ်မြဲရယ်နေတယ် ကျနော်စွဲမက်တဲ့ ရှိုက်ကြီးဖိုငယ်တွေ သိမ့်သိမ့်ခါလို့ အထိန်းအချုပ်မဲ့ ရယ်တယ် ဒီလို သူ့ဆံနွယ်တွေ ဖွာရရာလွင့်လာတိုင်း ခုလိုပဲ ဆွံ့အနေလေ့ရှိတဲ့ကျနော် ဒီတခါလည်း သူရယ်နေတာလေးကိုပဲ ငေးလို့။ သူတို့ကမ္ဘာက လှေခါးကြီးတွေ မတ်မတ်လာသလောက် ကျနော်တို့ကမ္ဘာက ချောက်ကမ်းပါးကြီးတွေ နက်နက်လာတယ်တဲ့ ဒီတခါ သူ့ရယ်သံထဲမှာ လှောင်ရယ်သံကလေး ပါလာတယ် စိတ်လိုလက်ရ ရယ်နေပုံများ ပါးအို့ကလေးများတောင် ရဲလို့...

Read more »

အောင်မော်ဦး – “ဖွေးဖွေးနီတဲ့ မတ်လ ပန်းတွေ”

March 17, 2017
အောင်မော်ဦး – “ဖွေးဖွေးနီတဲ့ မတ်လ ပန်းတွေ”

  အောင်မော်ဦး – “ဖွေးဖွေးနီတဲ့ မတ်လ ပန်းတွေ” (မိုးမခ) မတ် ၁၇၊ ၂၀၁၇ ”နံပါတ်တုတ်၊ မျက်ရည်ယိုဗုံးနဲ့ လက်ထိပ်တန်းလန်းခတ်ထားတဲ့ ဇာတ်သိမ်းခန်းမျိုးတွေဟာ ပြောင်းလဲဖို့ကြိုးစားနေတဲ့ ကျနော်တို့ လူ့အဖွဲ့စည်းမှာ တခန်းရပ်သင့်ပါပြီ” တယောက်စ နှစ်ယောက်စကနေ ဒုနဲ့ဒေးဖြစ်လာနေတဲ့ အလိုမကျ ဖြစ်ရမှုတွေဟာ လူတွေရဲ့ ရင်ဘတ်တွေထဲမှာ အရေးတော်ပုံအငယ်စားလေးတွေ ဖြစ်တည်လာနေကြပြီလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာနေပါပြီ။ ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေအပါအဝင် အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှုနဲ့ဆိုင်တဲ့ ယန္တရားတိုင်းလိုလိုမှာ ရိုးတွင်းချဉ်ဆီလိုက်နေတဲ့အာဏာရှင်ဆန်မှုနဲ့ အသားကျနေတဲ့ လူ့အဖွဲ့အစည်းကိုလည်း ပြောင်းလဲပစ်ဖို့ လိုအပ်နေပါပြီ။ ဆန္ဒဖော်ထုတ်ပြသတဲ့လှုပ်ရှားမှုမျိုးတွေနဲ့ပတ်သက်ပြီး ခေတ်အဆက်ဆက် အာဏာရှင်တွေကတော့ အာဏာကို အတွဲလိုက်ဖြန့်ကြက်ပြီး ကျင့်သုံးခဲ့ကြပါတယ်။ ခံဝန်ကတိထိုးခိုင်းတာ၊ ကျောင်းထုတ်ပစ်တာ၊ အလုပ်ထုတ်ပစ်တာ၊ ထောင်ချပစ်တာတို့လို ခပ်ကြမ်းကြမ်းနှိမ်နင်းပစ်တဲ့နည်းလမ်းတွေကို အသုံးပြုခဲ့ကြသလို ကျောင်းပြောင်းပစ်တာ၊ နယ်ပြောင်းပစ်တာ၊ရာထူးတိုးမပေးတာ၊ ပညာတော်သင်သွားခွင့်ပိတ်ပင်ပစ်တာ၊ ထောင်ပြောင်းပစ်တာလိုမျိုး...

Read more »

အောင်မော်ဦး ● “နေပြည်တော်” ဆိုတာကိုက ပဒေသရာဇ် ဆန်လွန်းလှပါပြီ

March 15, 2017
အောင်မော်ဦး ● “နေပြည်တော်” ဆိုတာကိုက ပဒေသရာဇ် ဆန်လွန်းလှပါပြီ

အောင်မော်ဦး ● “နေပြည်တော်” ဆိုတာကိုက ပဒေသရာဇ် ဆန်လွန်းလှပါပြီ (မိုးမခ) မတ် ၁၅၊ ၂၀၁၇ “တိုင်းပြည်ကို ပညာရှင်တွေလက်ထဲမထည့်ရင် အစိုးရဟာ လူရယ်စရာ ပိုပိုဖြစ်လာပါလိမ့်မယ်။ ထို့အတူပဲ တိုင်းပြည်ကို ဖက်ဒရယ်ကျကျ မထူထောင်နိုင်ရင် ရှစ်လေးလုံးဟာ သဲထဲရေသွန်ဖြစ်ရပါလိမ့်မယ်” ကျနော်တို့နိုင်ငံမှာ မတူကွဲပြားခြားနားတဲ့ လူမျိုး၊ ဘာသာစကား၊ ဓလေ့ထုံးတမ်းစဉ်လာယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှုနဲ့ ပထဝီနယ်နိမိတ်တွေရှိကြပါတယ်။ ထို့အတူ ရှည်လျားတဲ့သမိုင်းကြောင်းအရ မဟာလူမျိုးကြီးဝါဒနဲ့ အနိုင်ကျင့်ဖိနှိပ်ခံခဲ့ရတဲ့ ရာဇဝင်လာ ကံဆိုးခဲ့ရမှုတွေဟာလည်း ဒုနဲ့ဒေးရှိခဲ့ပါတယ်။ ဒါတွေကို ထဲထဲဝင်ဝင်ထည့်သွင်းမစဉ်းစားဘဲနဲ့ ၂၁ ရာစုပင်လုံ ကတဆင့် ချဉ်းကပ်နေတဲ့ အမျိုးသားနိုင်ငံရေးလမ်းစဉ်ဟာ ဖက်ဒရယ်ပြည်ထောင်စုထူထောင်နိုင်ဖို့ ဘယ်လိုမှ မပြည့်စုံနိုင်ပါ ဘူး။ တိုင်းရင်းသားတွေဟာ “ဆတ်ဆတ်ထိမခံ” တွေ မဟုတ်ကြပါဘူး။ ကျနော်တို့ ခင်ဗျားတို့ ထင်ထားတာထက် “သည်းညည်းခံ”...

Read more »

အောင်မော်ဦး ● သမီးတို့အတွက် အိပ်မက်

March 10, 2017
အောင်မော်ဦး ● သမီးတို့အတွက် အိပ်မက်

 အောင်မော်ဦး ● သမီးတို့အတွက် အိပ်မက် (မိုးမခ) မတ် ၁၀၊ ၂၀၁၇ ဟိုတနေ့က ရဲဘော်မိဆူးပွင့်တင်တဲ့ ဓာတ်ပုံကလေးတပုံကို တွေ့ရတယ်။ ဓာတ်ပုံထဲမှာ ရဲဘော်မင်းဌေးနဲ့ ရဲဘော်မနှောင်းတို့ရဲ့ သမီးငယ်လေး မေသန့်စင်မင်းက ပြည်တွင်းစပ်ရပ်စဲဖို့ ချီတက်တောင်းဆိုနေတာပါ။ သမီးလေးနောင်းမေနဲ့ဆို ရွယ်တူလောက်ပေါ့။ ဂုဏ်ယူစိတ်ဖြစ်မိနေရင်းနဲ့ပဲ ဘယ်လိုမှ မျှော်လင့်မထားခဲ့တဲ့ ဆို့ဆို့နင့်နင့်ခံစားမှုတခုက ကျနော့်ရင်ကို စူးစူးနစ်နစ်နာကျင်စေခဲ့ပါတယ်။ လွန်ခဲ့တဲ့ အနှစ်(၃၀)လောက်က ကျနော်တို့လုပ်ခဲ့ကြတဲ့အလုပ်၊ ကျနော်တို့ လျှောက်ခဲ့ကြတဲ့လမ်း။ ခု ဓာတ်ပုံထဲမှာ ချီတက်နေတဲ့ အရေးတော်ပုံတပ်သားက ကျနော်တို့ရင်သွေးဖြစ်နေတယ်။ သူ့အဖေ ရဲဘော်မင်းဌေးက (သူပုန်က သူပုန်ကိုဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့) ထောင်ထဲမှာ။ ကွန်ပြူတာစားပွဲမှာ ထိုင်နေရာကနေ ကျနော်ထလိုက်တယ်။ ပြီးတော့ သမီးအခန်းတံခါးကို သွားခေါက်တယ်။ “ဘာလဲအဖေတဲ့” သမီးကမေးတယ်။ သူ့အမေးကို...

Read more »

အောင်မော်ဦး – နားထင်တေ့ခံထားရတဲ့ နိုင်ငံ

February 26, 2017
အောင်မော်ဦး  – နားထင်တေ့ခံထားရတဲ့ နိုင်ငံ

အောင်မော်ဦး  – နားထင်တေ့ခံထားရတဲ့ နိုင်ငံ (မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၁၇   လူ့ ယဉ်ကျေးမှုရဲ့ မုခ်ဦး အနုသုခုမတို့ရဲ့ အထွဋ်အမြတ်ပြုရာ ပါရီရေ ဒီတခါ ငါတို့အလှည့်ကွဲ့ ငြိမ်းချမ်းရေးဟာ လက်ပါးစေတယောက်ရဲ့ မောင်းတချက်တညှစ်စာနဲ့ နိုင်ငံတော်ဟာ တည်းတည်းလေးပဲရှိတော့တယ်။ ဒီလိုပါပဲ ခဏခဏလဲကျ ပြီး အခါခါပြန်ထခဲ့ကြသလိုပေါ့ ဒီတခါလည်း တရားစီရင်ရေးရဲ့ ပြောင်းဝမှာ ရင်ကော့ပြီး ငါတို့ ထူကြထကြရပေဦးမယ်။ ပါရီရေ ငါတို့ကို သနားတောင့်သနားနာ ကြည့်ပါ ငါတို့ကိုယ်ကို ရှက်ရွံ့မှုတွေနဲ့ထုပ်သိမ်း ကျုံ့နိုင်သမျှ ကျုံ့ထားပါ့မယ် ပါရီရေ ငါတို့ကို တဖွဖွစုပ်သပ်ပါ ငါတို့ဦးခေါင်းကို ကြေကွဲမှုတွေနဲ့ ဖုံးအုပ် ငုံ့နိုင်သမျှ ငုံ့ထားပါ့မယ် လူသားယဉ်ကျေးမှုရဲ့ရှေ့မှာ ဖိနှိပ်ခံတို့ရဲ့ သိမ်ငယ်မှုမျိုးနဲ့ပေါ့။ ပါရီရေ အစွန်းရောက်ဝါဒဟာ ငါတို့ကို ယဉ်ကျေးမှုအရ...

Read more »

အောင်မော်ဦး ● တော်လှန်ရေးမှာ သွေးသန့်ခဲ့ကြတယ်

February 25, 2017
အောင်မော်ဦး ● တော်လှန်ရေးမှာ သွေးသန့်ခဲ့ကြတယ်

အောင်မော်ဦး ● တော်လှန်ရေးမှာ သွေးသန့်ခဲ့ကြတယ် (မိုးမခ) ဖေဖော်ဝါရီ ၂၅၊ ၂ဝ၁၇ “တိုင်းပြည်တပြည်လင်းဖို့ ကိုယ့်ကိုယ်ကိုယ် ထင်းထည့်သလို ထည့်ခဲ့ကြတယ် တိုင်းပြည်တပြည်လင်းဖို့ ပျိုမြစ်နုနယ်တဲ့ လူငယ်ဘဝတွေကို စတေးခဲ့ကြတယ် တိုင်းပြည်တပြည်လင်းဖို့ မိသားစုအလိုက်ကို ရင်းပစ်ခဲ့ကြတယ်“ စစ်အစိုးရအဆက်ဆက် ဖျောက်ဖျက်ဖုံးကွယ်ခံထားရတဲ့ ကျောင်းသားသမိုင်းဟာ ခု အရပ်သားအစိုးရလက်ထက်မှာလည်း ဖော်ပြခြင်းမခံရပါဘူး။ ရင်နာဖို့ကောင်းတာက ခုအစိုးရ (ပြည်သူတွေပြောသလို ကိုယ်တင်တဲ့အစိုးရ) လက်ထက်မှာမှ အစိုးရပိုင်မီဒီယာကနေ ဦးလှရွှေလို သမိုင်းဝင်ကျောင်းသားခေါင်းဆောင်တဦးကို စော်ကားလိုက်တဲ့အဖြစ်ပါ။ ဒါကြောင့်မို့လို့ ကျနော်တို့မျိုးဆက်တွေအနေနဲ့ ကျောင်းသားလှုပ်ရှားမှုသမိုင်းနဲ့ ကျောင်းသားလှုပ်ရှားမှုသမိုင်းရဲ့တန်ဖိုးကို ထိန်းသိမ်းကြဖို့ လည်း တာဝန်ရှိသလို ဖော်ထုတ်ကြဖို့လည်း တာဝန်ရှိလာပါတယ်။ ကျောင်းသားခေါင်းဆောင် ဦးလှရွှေကို ကျောင်းသားသမဂ္ဂဆောက်မယ့်ဆွေးနွေးပွဲတက်ဖို့အတွက် ဖိတ်ဖို့မေ့ကျန်ခဲ့ (သို့) ချန်လှပ်ထားခဲ့ပေမယ့်လည်း အစည်းအဝေးပြီးဆုံးကြောင်း သတင်းထုတ်ပြန်ချိန်ကျကာမှ သတိတရနဲ့ နာမည်အအဝေါ် က...

Read more »

အောင်မော်ဦး ● အက်ကွဲနေတဲ့ ဖေဖော်ဝါရီ

February 18, 2017
အောင်မော်ဦး ● အက်ကွဲနေတဲ့ ဖေဖော်ဝါရီ

အောင်မော်ဦး ● အက်ကွဲနေတဲ့ ဖေဖော်ဝါရီ (မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၁၇ ဖေဖော်ဝါရီ (၁၂) ရက်ကဲ့သို့သော တိတိကျကျ ဝိသေသရှိသည့် နေ့ကြီးရက်ကြီးတခု၌ ယင်းနှင့်ကိုက်ညီသည့် ဂုဏ်ပြုလက် ဆောင်တခုခုတော့ မုချရကြလိမ့်မည်ဟူ၍ အများနည်းတူ သူလည်းမျှော်လင့်မိသည်။ သူတို့ငံ့လင့်နေသည့်အရာမှာ အချစ် ဖြစ်သည်၊ စစ်မဟုတ်။ သူတို့မွတ်သိပ်နေသည့်အရာမှာ အကြမ်းဖက်မှုမဟုတ်၊ ငြိမ်းချမ်းမှု ဖြစ်သည်။ သို့သော် မျှော်လင့်သလိုဖြစ်မလာခဲ့သဖြင့် ငြိမ်းချမ်းရေးရယ် ဝေးရချည်သေးရဲ့ဟူ၍ စိတ်ထိခိုက်ရသည်။ ထို့အတူ နောက် ဆက်တွဲအဖြစ် ကြားရသည်များက စောစောက ထိခိုက်နေသည့်စိတ်ကို ဒေါသတကြီး ပေါက်ကွဲရန် လှုံ့ဆော်သည်။ ပေါက်ကွဲစိတ်ဖြင့် ဒေါသအလျောက် စိတ်လိုက်မာန်ပါ ပြောမိရေးမိလျှင် အဆိုးသက်ရောက်မှုကများနိုင်သဖြင့် “တခုခုမရေးမိ အောင်လို့ ကျနော့်ကီးဘုတ်ကိုတိပ်နဲ့ ပိတ်ထားတယ်“ ဟူ၍ ခပ်သုတ်သုတ် ရေးတင်ထားလိုက်သည်။...

Read more »

အောင်မော်ဦး ● ပင်လုံကို ဒီလိုချီတက်လို့ရော မဖြစ်နိုင်ဘူးလား

February 14, 2017
အောင်မော်ဦး ● ပင်လုံကို ဒီလိုချီတက်လို့ရော မဖြစ်နိုင်ဘူးလား

အောင်မော်ဦး ● ပင်လုံကို ဒီလိုချီတက်လို့ရော မဖြစ်နိုင်ဘူးလား (မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂ဝ၁၇   ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရကို နည်းနည်းမေးချင်ပါတယ်။ ထို့အတူ အကြံလည်း ပြုချင်ပါတယ်။ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့နည်းနဲ့ ပြည်ထောင်စုကြီးတခုတည်ဆောက်နိုင်ဖို့ အစိုးရ ဘက်က ကြိုးပမ်းဆောင်ရွက်နေတာတွေကို မြန်မာပြည်သူတွေရော၊ မြန်မာ့အရေးစိတ်ဝင်စားတဲ့ ကမ္ဘာသူကမ္ဘာသားတွေပါ တွေ့မြင်ကြားသိနေကြရပါတယ်။ ကောင်းပါပြီ။ ကနေ့ အစိုးရကြိုးပမ်းနေသလိုပဲ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေအနေနဲ့လည်း ကြိုးပမ်းချင်ကြမှာပဲလို့ မထင်မိဘူးလား။ ဒါ့အပြင် အစိုးရက ကြိုးပမ်းနေတဲ့နည်းလမ်းတွေအတိုင်း တိုင်းရင်းသားခေါင်းဆောင်ကြီးတွေကိုလည်း ကြိုးပမ်းခွင့် ပေးသင့်တယ်လို့ရော မထင်မိဘူးလား။ ကျေးဇူးပြုပြီး တိုင်းရင်းသားခေါင်းဆောင်ကြီးတွေနေရာက ခဏလောက် ဝင်စဉ်းစားကြည့်ပေးစေလိုပါတယ်။ သူတို့ဘဝမှာ (သူတို့ရဲ့  တော်လှန်ရေးသက်တမ်းတလျှောက်မှာ) သူတို့ပြည်သူတွေ (ကျေးလက်ရော၊ မြို့ ပြပါ) နဲ့ ထိထွေ့ဆက်ဆံခွင့် တ ကြိမ်တခါမှ မရခဲ့ကြရှာပါဘူး။...

Read more »

အောင်မော်ဦး ● ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ စိတ်ဓာတ်တော်လှန်ရေး

February 8, 2017
အောင်မော်ဦး ● ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ စိတ်ဓာတ်တော်လှန်ရေး

အောင်မော်ဦး ● ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ စိတ်ဓာတ်တော်လှန်ရေး (မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂၀၁၇ “လူသိမ်လူဖျင်းတွေအတွက် ကျနော်တို့မှာ သူတို့နဲ့တန်တဲ့ စကားလုံးမရှိပါဘူး လူ့ ယဉ်ကျေးမှုရဲ့ခွေးကတက်မှာ သူတို့ရဲ့မိုက်မဲမှုတွေနဲ့သူတို့ အခါခါသေဆုံး နေကြပါလိမ့်မယ်” ကျနော်တို့ ကျင်လည်နေထိုင်ရာ လူမှုဝန်းကျင်မှာ လူတွေဘယ်လိုခံစားနေရသလဲ၊ လူတွေ ဘယ်လိုမြင်ကြသလဲ၊ လူတွေ ဘယ်လို ဆင်ခြင်သုံးသပ်သလဲ စသဖြင့် သိချင်ပါတယ်။ ထို့အတူ ကိုယ်မြင်တာ၊ ကိုယ်ခံစားရတာ၊ ကိုယ်ဆင်ခြင်သုံးသပ်တာတွေကိုလည်း ပြောချင်ပါတယ်။ ဒါကြောင့် ကိုယ်နေထိုင်ရာ ရပ်ရွာအတွင်းမှာသာမက အွန်လိုင်းပေါ်ကိုလည်း ဝင်ရောက် လေ့လာမိပါတယ်။ ကံဆိုးတဲ့တိုင်းပြည်မှာ လူထက်၊ လူ့ယဉ်ကျေးမှုထက် တဆင့်မက နိမ့်ကျနေကြတဲ့ လူသိမ်လူဖျင်းတွေကို မယုံနိုင်လောက်အောင်တွေ့ရပါတယ်။ ဒါဆို ကိုယ်ကောင်းအောင်နေရုံအပြင် ဒီလူတွေကိုရော ကောင်းလာအောင် မကြိုး စားတော့ဘူးလားပေါ့။ ပြောရတာတင်ကို တော်တော်ခက်သလို...

Read more »

အောင်မော်ဦး ● မေမေနဲ့ တိုင်ပြောမယ်

February 5, 2017
အောင်မော်ဦး ● မေမေနဲ့ တိုင်ပြောမယ်

အောင်မော်ဦး ● မေမေနဲ့ တိုင်ပြောမယ် (မိုးမခ) ဖေဖော်ဝါရီ ၅၊ ၂၀၁၇ ပုံမှန်အားဖြင့်ဆိုလျှင် ကျနော်က facebook ကို သိပ်မသုံးဖြစ်။ ရွေးကောက်ပွဲမတိုင်မီက ပြိုင်တူတွန်းလျှင် ရွေ့ရမည်ဟူသည့် မူနှင့် စာနည်းနည်းရေးဖြစ်သည်မှလွဲ၍ ဇနီးသည် ဒေါ်နက်က ဒီဟာလာဖတ်ကြည့်ဟုခေါ်လျှင် သွားဖတ်လိုက်သည်။ ရံခါ သူဖတ်ပြီးသည်ကို ပြန်ပြောပြလျှင် နားထောင်လိုက်သည်။ ဒေါ်နက်ခရီးသွားချိန်တွင်မှ (သူ့ကိုသတိရတာပြေလိုပြေငြား) ဟိုဟိုသည်သည် လျှောက်ကြည့်ဖြစ်သည်။ လူဟောင်းများနှင့် ပြန်တွေ့ရသလို မိတ်ဆွေသစ်များလည်းတိုးရသည်။ သို့သော် အမည်ခွဲနှင့် အကောင့်ဖွင့်ထားသူများကိုမူ ဓာတ်ပုံနှင့်တွဲတွေ့ပါမှ သြော် ဘော်ဘော်တွေကိုး ဟူ၍ ငယ်ရုပ်ဖမ်းယူရသည်။ မူလက ကျနော်အကောင့်တွင် မိတ်ဆွေဟောင်းများနှင့် ကဗျာဆရာ၊ စာရေးဆရာ၊ ပန်းချီဆရာ၊ ကာတွန်းဆရာ စသည့်အနုပညာသည်များချည်းသာ ရွေးထည့်ထားသည်။ အဓိကအားဖြင့် စာဖတ်ချင်လှ၍ ဖြစ်သည်။ သို့သော်...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly MARCH 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်