ဝင်းအောင်ကြီး
မောင်အောင်မွန် – လမ်းထိပ်ကဘိုလင်မယား လာနေပြီ
July 23, 2017
မောင်အောင်မွန် – လမ်းထိပ်ကဘိုလင်မယား လာနေပြီ
  မောင်အောင်မွန် – လမ်းထိပ်ကဘိုလင်မယား လာနေပြီ (၀င်းအောင်ကြီး (မောင်အောင်မွန်) ဖေ့စ်ဘွတ်) မိုးမခ၊ ဇူလိုင် ၂၃၊ ၂၀၁၇(၁) ကျွန်တော်တို့လို ၀တ္ထုတိုရေးသမားများနှင့် စာဖတ်သူတို့ကြား ပေါင်းကူးတံတားသည် မဂ္ဂဇင်းများပါ။ အခြားသော ဆောင်းပါး၊ ကဗျာ၊ ကာတွန်းစသည်တို့ကြား အတူပါလာသော ၀တ္ထုတိုများကို ဖတ်ကြရသည်။ မာတိကာကြည့်ပြီးမှ မဂ္ဂဇင်းဝယ်ခြင်းမျိုး မဟုတ်၍လည်း ၀တ္ထုတိုသည် ပေါင်းကူးတံတားပေါ်ဝယ် မပီပြင်ဝိုးတ၀ါးဟု ကျွန်တော်ထင်ခဲ့၏။ သို့သော် ၀တ္ထုတိုသည် ကမ္ဘာ့သက်တန်းရင့် စာပေပုံစံမဟုတ်ပါလား။ မြန်မာပေသမိုင်း အစောပိုင်းမှာကတည်းက ၀တ္ထုတိုများရှိခဲ့သည်။ ဥပမာ၊ ဦးပုည၏ ၀တ္ထုတိုများ။ မင်းသုဝဏ်၏ ပြောင်မြောက်သေ ကဗျာများကြား ဘကြီးအောင်ညာတယ် ၀တ္ထုတို ထိုးဖောက်နေရာယူပုံကြည့်။ မြန်မာစာရေးဆရာကြီးငယ်တို့ကြား ၀တ္ထုတိုမရေးဖူးသူရယ်လို့ ခပ်ရှာရှား။ ထို့ကြောင့်ပဲ ဖြစ်ပါလိမ့်မည် မဂ္ဂဇင်းများက ၀တ္ထုတိုများ ထည့်သွင်းဖော်ပြပေးကြရပြီ။...
Read more »
ဝင်းအောင်ကြီး (မောင်အောင်မွန်) – အာဇာနည်ရှားပါးတဲ့ မြန်မာပြည်ဖြစ်ပါစေ
July 19, 2017
ဝင်းအောင်ကြီး (မောင်အောင်မွန်) – အာဇာနည်ရှားပါးတဲ့ မြန်မာပြည်ဖြစ်ပါစေ
Artist – Than Htay Maung ၀င်းအောင်ကြီး (မောင်အောင်မွန်) – အာဇာနည်ရှားပါးတဲ့ မြန်မာပြည်ဖြစ်ပါစေ ကျနော်တွေးမိသလို ရေးပါမည် (၂၇၅) (မိုးမခ) ဇူလိုင် ၁၉၊ ၂၀၁၇ (၁) ကျနော်ပြန်တိုင်း ရွာအ၀င် သင်္ချိုင်း ကားလမ်းဘေးက မြင်နေကျ အာဇာနည် မခင်ကြွယ်ရဲ့ ကျောက်တိုင်လေး ရှိနေသေးလား။ ၁၉၆၀ ခု၊အိမ်စောင့်အစိုးရလက်ထက် ရွေးကောက်ပွဲကာလမှာပါ။ ရွာကစက်ချုပ်သမလေး မခင်ကြွယ် မြို့ကအပြန်မှာ သန့်ရှင်းဖဆပလ အမတ်လောင်း အနိုင်ရရေးအတွက် ထဘီအ၀ါလေးဝတ်ကာ လှုပ်ရှားမဲဆွယ် ပေးနေတာကို လက်လုပ်လက်စား ရွာသားများလည်း သဘောကျနေကြသတဲ့။ ဒါပေမယ်လို့ တည်မြဲ ဖဆပလ ကိုလိုလားသူတွေကတော့ ဘယ်ကြိုက်နိုင်ကြပါ့မလဲ။ သူတို့လည်း မဲဆွယ်ကြ ဟောပြောကြပေမယ်လို့ ထဘီအ၀ါလေးဝတ်မလေး လောက်တော့ တက်ကြွခြင်းမရှိ။...
Read more »
ဝင်းအောင်ကြီး (မောင်အောင်မွန်) – မုန့်ဟင်းခါးတစ္ဆေနှင့် ပြည်ဝင်ခွင့်ဗီဇာ
May 28, 2017
ဝင်းအောင်ကြီး (မောင်အောင်မွန်) –  မုန့်ဟင်းခါးတစ္ဆေနှင့် ပြည်ဝင်ခွင့်ဗီဇာ
Read more »
မောင်အောင်မွန် – စာရေးဆရာနှင့် ပန်းချီဆရာတို့ တွဲဆုံမိသောအခါ
May 13, 2017
မောင်အောင်မွန် – စာရေးဆရာနှင့် ပန်းချီဆရာတို့ တွဲဆုံမိသောအခါ
မောင်အောင်မွန် – စာရေးဆရာနှင့် ပန်းချီဆရာတို့ တွဲဆုံမိသောအခါ ကျနော်တွေးမိသလို ရေးပါမည် (၂၅၄) (မိုးမခ) မေ ၁၃၊ ၂၀၁၇ (၁) ကျနော့်အကျင့်ဆိုးများအနက် စာမေးပွဲဖြေပြီး ပြန်စစ် ပြန်ပြင် ထပ်ဖြည့်ခြင်းသည် အရေးကြီးလိုအပ်ပုံ မသိမဟုတ်၊ သိပါ၏။ သို့သော်လည်း လုပ်လေ့မရှိ။ ပစ္စည်းတခုဝယ်ပြီးနောက် ဘယ်လောက်ပေးခဲ့ရဆိုသည်ကို မှတ်မထား၊ တယောက်ယောက်က မေးလာလျှင် မဖြေတတ်။ ၀တ္ထုရေးသည့်အခါတွင်လည်း ထိုနည်းလည်းကောင်း။ စိတ်ကူးထဲ ကိန်းအောင်းနေစဉ်မှာကတည်း ၀တ္ထုကိုဦးစွာ နာမည်ပေး၊ ဇာတ်ကောင်များသည်လည်း အတတ်နိုင်ဆုံး ဇာတ်လမ်းနှင့်လိုက်ဖက်အောင် အသက်သွင်းထားမြဲမို့ ချရေးသောအချိန်၌ သူတို့ဘာသာသူတို့ လှုပ်ရှားပြောဆိုကြသည်။ ၀တ္ထုထဲက ဇာတ်ကောင်ကို စာရေးဆရာက ကြိုးဆွဲလျှင် ရုပ်သေးရုပ်သေး ဖြစ်ကုန်မဟုတ်ပါလား။ (၂) သာမန်အားဖြင့် မောင်အောင်မွန်သည် ၀တ္ထုတိုရေးသမား၊ ၀တ္ထုတိုပါနိုင်သည်က မဂ္ဂဇင်း၊ရိုးရှင်းပါ၏။...
Read more »
မောင်အောင်မွန် – ပန်းချီသောင်းဟန်သေသော်လည်း ပုံတွေကလှုပ်ရှားအသက်ဝင်နေဆဲ
May 5, 2017
မောင်အောင်မွန် – ပန်းချီသောင်းဟန်သေသော်လည်း ပုံတွေကလှုပ်ရှားအသက်ဝင်နေဆဲ
    မောင်အောင်မွန် – ပန်းချီသောင်းဟန်သေသော်လည်း ပုံတွေကလှုပ်ရှားအသက်ဝင်နေဆဲ ကျနော်တွေးမိသလို ရေးပါမည် (၂၅၀) (မိုးမခ) မေ ၅၊ ၂၀၁၇ (၁) ကျနော်တို့ မြန်မာ့အသံက သောတရှင်မဂ္ဂဇင်းထုတ်ရာ စာရေးဆရာ သန်းဆွေက တာဝန်ခံအယ်ဒီတာ၊ မြန်မာပိုင်းအစီအစဉ်မှ စာပြု ဦးဝင်းမောင် (စာရေးဆရာ မင်းရှင်) က ထုတ်လုပ်ရေး တာဝန်ခံ အဖြစ်လုပ်ဆောင်ကြသည်။ ကျနော်က စက်မှုလက်ထောက်မို့ ပတ်သက်ခြင်းမရှိပါ။ ရန်ကုန်တက္ကသိုလ် မဂ္ဂဇင်းများတွင် ၀တ္ထုတိုများရေးသားခဲ့သူမို့ မြန်မာ့အသံ မရောက်မီကတည်းက စာရေးဆရာဖြစ်နေပါပြီ။ ထို့ကြောင့် သောတရှင်မဂ္ဂဇင်းတွင် ၀တ္ထုတိုများ ၀င်ရေးသူသည် ၀န်ထမ်းဦးဝင်းအောင် မဟုတ်၊ စာရေးဆရာ မောင်အောင်မွန်ဖြစ်သောကြောင့် စာမူခပေးရသည်။ အယ်ဒီတာ ဦးသန်းဆွေနှင့် ခင်မင်သောကြောင့် သူ့လုပ်ငန်းကိုကြည့်ခွင့်ရ၏။ ပန်းချီဆရာ၊ ဘလောက်တိုက်သို့ ခိုင်းလျှင်သွားပေးရသူက မောင်ကိုဦး...
Read more »
ဝင်းအောင်ကြီး (မောင်အောင်မွန်) -မြန်မာဝတ္ထုတို နှစ်၁၀၀ ပြည့်၊
March 11, 2017
ဝင်းအောင်ကြီး (မောင်အောင်မွန်) -မြန်မာဝတ္ထုတို နှစ်၁၀၀ ပြည့်၊
ဝင်းအောင်ကြီး (မောင်အောင်မွန်) -မြန်မာဝတ္ထုတို နှစ်၁၀၀ ပြည့်၊  မောင်အောင်မွန်ဝတ္ထုတိုလည်း ၆၁ နှစ် ပြည့် ကျနော်တွေးမိသလို ရေးပါမည် (၂၂၉) (မိုးမခ) မတ် ၁၁၊ ၂၀၁၇ (၁) ခေါင်းငုံ့ထားရာကနေ မ၀ံ့မရဲမဆိုစလောက်မေ့ကြည့်လိုက်သည့် မျက်လုံးရွှန်းပပနှင့် ဟုတ်ကဲ့ရှင့် ဟူသော စကားသုံးလုံး ရင်တွင်းအောင်းနေ၏။ အိပ်ချိန်-စားချိန်–စာသင်ခန်းထဲ- သည်မျက်လုံးနှင့် သည်စကားလုံး လွှမ်းခြုံထားလေပြီ။ ပန်းချီဆွဲတတ်ဖို့မလို မျက်စိဖွင့်ထားထား ပိတ်ထား အကောင်းဆုံး ပန်းချီကား။ သီချင်စပ်ဖို့မလို ဟုတ်ကဲ့ရှင်က အကောင်းဆုံး ဂီတသံလေ။ ရင်တွင်းက ထွက်ပြေးသွားမှလည်း စိုးရိမ်မိ၊ သူကလေးကိုလည်း သိစေချင်၏။ သည်လိုနှင့်ပင် စာရေးဆရာ တယောက်မွေးဖွား ၀တ္ထုတို တပုဒ်ဖန်တီး ( A writer is born and a...
Read more »
ဝင်းအောင်ကြီး (မောင်အောင်မွန်) – အောင်ကျော်ရင်ပြင်ဟုခေါ်သည်
March 2, 2017
ဝင်းအောင်ကြီး (မောင်အောင်မွန်) – အောင်ကျော်ရင်ပြင်ဟုခေါ်သည်
ဝင်းအောင်ကြီး (မောင်အောင်မွန်) – အောင်ကျော်ရင်ပြင်ဟုခေါ်သည် ကျနော်တွေးမိသလို ရေးပါမည် (၂၂၆ ) (မိုးမခ) မတ် ၂၊ ၂၀၁၇ (၁) ဤဓာတ်ပုံကိုကြည့်ပါ၊ ရန်ကုန်တက္ကသိုလ်တွင် တကယ်ရှိခဲ့သည့် အောင်ကျော်ရင်ပြင်ကို သိသူမည်မျှရှိမည်နည်း။ တကသ နှင့်ဗကသ ရောထွေးထင်မှတ်မှားနေရှာသူများ၊ ၁၉၆၂ ခု၊ စစ်တပ်က အာဏာသိမ်း အက်ဥပဒေ ဖျက်ပစ်လိုက်ချိန်ထိ အစိုးရ၏ငွေကြေးထောကပံ့မှုမှတပါး အစိုးရလက်အောက်ခံမဟုတ် သီးခြားလွတ်လပ်သော တက္ကသိုလ် ( Independent University) ကိုသတိထားမိကြပါ၏လော။ တက္ကသိုလ်အာဏာပိုင်ဆိုသည်မှာ အစိုးရမဟုတ်၊ တကသ ကိုယ်စားလှယ်၊ တက္ကသိုလ်မှ ဘွဲ့ရသွားသူများ ကိုယ်စားလှယ် အပါအ၀င် အလွှာအသီးသီးက ကိုယ်စားလှယ်ပေါင်း ၄၀ ပါဝင်ကောင်စီ ကိုခေါ်ကြောင်း ခွဲခြားသိမြင်ကြပါလေစ။ ၀န်ကြီးချုပ်သည် အဓိပတိဖြစ်ရသော်လည်း ကောင်စီဆုံးဖြတ်ချက်ကို ပယ်ဖျက်နိုင်သည့် veto...
Read more »
ဝင်းအောင်ကြီး ● ကျနော့နာမည် တန်ချင်လျောင်း
January 29, 2017
ဝင်းအောင်ကြီး ● ကျနော့နာမည် တန်ချင်လျောင်း
Photo – Nyein Chan Aye   ၀င်းအောင်ကြီး ● ကျနော့နာမည် တန်ချင်လျောင်း  (ကျနော်တွေးမိသလို ရေးပါမည် (၂၀၉))  (မိုးမခ) ဇန်န၀ါရီ ၂၉ ၊ ၂၀၁၇ ၁၉၅၆ ခု၊ ကျနော်တို့ အမရဆောင်တွင် အတူနေကြစဉ် မြိတ်မှရာဘာသူဌေး တရုတ်သွေးပါသူကိုမြင့်ဝေက ကြည့်မြင်တိုင် ၀ှာကျုံးကျောင်းတွင် အခမဲ့စာသွားသင်ပေး၏။ နိုင်ငံရေးစာအုပ်များ ၀ယ်ဖတ်နိုင်ရေး အချိန်ပိုင်း အလုပ်သွင်းပေး၍ တနာရီ အင်္ဂလိပ်စာပြ တလ ၁၀၀ိ/- ရနှင့် ကျနော်အဆင်ပြေလာသည်။ ဆရာတွေနှင့်ခင် ရင်းနှီးသော အတန်းသားများအနက် တန်ချင်လျောင်း သည်ကြိုးစား စာတော်၍ချစ်သည်။ တကျောင်းလုံးသိ ကျေနပ်ကြ၏။ တရုတ်နှစ်သစ်ကူးနေ့ဆို လက်ဆောင်တွေရ၊ စားသောက်ကြနှင့် ပျော်လိုက်ရတာ။ ၁၉၆၆ ခု၊ Radio Moscow...
Read more »
ဝင်းအောင်ကြီး (မောင်အောင်မွန်) – ဗမာသီချင်းစာသားများနှင့် နိုဗယ်လ်စာပေဆု
October 14, 2016
ဝင်းအောင်ကြီး (မောင်အောင်မွန်) – ဗမာသီချင်းစာသားများနှင့် နိုဗယ်လ်စာပေဆု
ဝင်းအောင်ကြီး (မောင်အောင်မွန်) – ဗမာသီချင်းစာသားများနှင့် နိုဗယ်လ်စာပေဆု ကျနော်တွေးမိသလို ရေးပါမည် (၁၅၈) (မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၁၆ ၂၀၁၆ နိုဗယ်လ်စာပေဆုကို ကဗျာဓာတ် ထုံမွှမ်းသော ဂီတသစ်အဆိုတော် ဘော့ဒိုင်လန် ဆွတ်ခူးခဲ့ပြီ။  ကဗျာနဲ့ သီချင်း ထပ်တူပြု ခံစားမှုကြောင့် ခုလို ဆုပေးတာ–စသဖြင့် ရာပြည့်FB မှာဖတ်လိုက်ရ၍ ၀င်လာသောအတွေးပါ။ မြန်မာပြည်မှာမူ သီချင်းတပုဒ်ကို ကြိုက်လျှင်ဆိုသူကိုသာ အဓိကထားလေ့ရှိ၏။ ဂီတစာဆိုများခမျာ နောက်ကသာနေကြရှာ၏။ သီချင်းပါစာသားကို သတိထား နားလည်ခံစား တတ်သူများကမူ မြို့မငြိမ်း သီချင်းထဲကဲ့သို့ ကုသိုလ်ထူးသူလို့ ဆိုရမည့်လူပါ။ စစ်ကိုင်းတောင်တွင် ရောက်ကြဖူးသလား–ဟုသုံးရုံနှင့် မည်မျှလှသွားသလဲ။ နတ်သျှင်နောင်တွင် မူရင်းရတုနှင့် သူ၏စာသား မည်သို့ ဖက်စပ်ထားသလဲ။ နှစ်ယောက်သားဘောက်ခါး … ကို မေ့ပါနိုင်ထဲက...
Read more »
ဝင်းအောင်ကြီး – ပုဂံနှင့် မျက်ရည်
August 25, 2016
ဝင်းအောင်ကြီး – ပုဂံနှင့် မျက်ရည်
ဝင်းအောင်ကြီး – ပုဂံနှင့် မျက်ရည်  ကျနော်တွေးမိသလို ရေးပါမည် (၁၅၆) (မိုးမခ) သြဂုတ် ၂၅၊ ၂၀၁၆ ၁၉၆၀ ခုက ကိုမြသန်းတင့်၏ ညီများနှင့် ပုဂံသို့ ပထမအကြိမ် ရောက်ဖူး၏။ နောက်တာဝန်နှင့် ရောက်သွားပြီး မြန်မာ့အသံ သာယာရှုခင်း ဒို့ပြည်တွင်း အစီအစဉ်ကနေ ၂ ပိုင်းအသံလွှင့်နိုင်ခဲ့ရာတွင် ဆရာဇော်ဂျီ၏ ဆောင်းပါးများလေ့လာ ကိုယ်တိုင်လည်းမေးမြန်းခဲ့သည်။ ၁၉၆၆ ခု၊ ဆိုဗီယက်ယူနီယန်တွင် ၁၁ ရာစု အဆောက်အဦများဆီရောက်ခိုက် ရှင်းပြသူက ပုဂံနှင့်ခေတ်ပြိုင် ပိသုကာလက်ရာများဟု ထောက်ပြသည်ကို မှတ်မိနေသည်။ ၁၉၉၈ ခု၊ အမေရိကန်တွင် သမီး၏ Green Card အတွက် စစ်ဆေးအပြီး လူဝင်မှုအရာရှိက ကျနော့အား “ ဦးဘိုကေကို သိလား၊ ပုဂံကလေ...
Read more »
ကြော်ငြာ … ကြော်ငြာ …
စာအုပ်မြင် ချစ်ခင်ကြပါစေ …
မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ
မိုးမခမှာ ကြော်ငြာပါ
မိုးမခကို အိမ်အရောက် ပို့ပေးမည်
Help MoeMaKa
မိုးမခမာတိကာစဉ်
မိုးမခနဲ့ ပတ်သက်သမျှ
မိုးမခ ဇူလိုင် ထွက်ပါပြီ …
By
မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...
Read more »
မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ
By
မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...
Read more »
မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ
By
    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...
Read more »
စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်
By
  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...
Read more »
သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ
ကဏ္ဍများအလိုက်
Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်