အမေရိက

U Zawana – သပိတ်မှောက်သံဃာတော် ဦးဇ၀န၏ မြန်မာ့အရေးဖြတ်သန်းမှုအတွေ့အကြုံများ

May 2, 2012
U Zawana – သပိတ်မှောက်သံဃာတော်  ဦးဇ၀န၏  မြန်မာ့အရေးဖြတ်သန်းမှုအတွေ့အကြုံများ

သပိတ်မှောက်သံဃာတော်  ဦးဇ၀န၏  မြန်မာ့အရေးဖြတ်သန်းမှုအတွေ့အကြုံများ အရှင်ပညာနန္ဒ၊ ရွှေဝါရောင် ရုပ်သံမှတ်တမ်းအစီအစဉ် / မိုးမခရုပ်သံ၊ မေ ၂ ၊ ၂၀၁၂ No tags for this post.

Read more »

>Prisoner Monks (4) – Ashin Pyinnarnanda

September 2, 2011
>Prisoner Monks (4) – Ashin Pyinnarnanda

> အညတရအကျဉ်းသားရဟန်းတော်များ (၄) ဆရာတော် အရှင်ဇ၀န အရှင်ပညာနန္ဒ စက်တင်ဘာ ၂၊ ၂၀၁၁ အသားညိုညို ဒေါင်ကောင်းကောင်း စကားပြောရင် အသံကျယ်ကျယ်နဲ့အားရပါးရပြောလေ့ရှိတဲ့ ဆရာတော်အရှင်ဇ၀နကို ၂၀၀၉ ခုနှစ်လောက်က ထိုင်းနယ်စပ်တနေရာမှာ မမျှော်လင့်ဘဲဆုံတွေ့ခဲ့ရတာပါ။ သူထောင်ကလွတ်တဲ့အချိန်က RFA အင်တာဗျူးတခုမှာ ရဟန်းပြန်ဝတ်ဘို့နဲ့ နေထိုင်စရာအခက်အခဲဖြစ်နေကြောင်းကြားရလို့ ကူညီနိုင်ဘို့ ကြိုးစားဘူးတယ်။ အကြောင်းကြောင်းကြောင့် ကူညီခွင့်မရခဲ့ဘဲနယ်စပ်တနေရာမှာ ပြန်ဆုံခွင့်ရလို့ အရမ်းဝမ်းသာမိတယ်။ အဲဒီအချိန်က သူ နယ်စပ်မှာနေထိုင်တယ်ဆိုပေမဲ့ နေရာထိုင်ခင်း အသားမကျသေးဘဲ ရုံးတရုံးမှာ ခေတ္တသီတင်းသုံးနေရတဲ့အချိန်ပါ။ နောက်ပိုင်းအလုပ်တွေတွဲလုပ်တဲ့အခါကျမှ သူ့အကြောင်းကို ကောင်းကောင်းသိလာရပါတယ်။ ရန်ကုန်ရွေပြည်သာ ပရိယတ္တိစာသင်တိုက်ကိုဦးစီးတည်ထောင်ပြီး ရဟန်းသာမဏေတွေကို စာချပေးရင်းတဘက်က ကျောင်းသားတွေ နိုင်ငံရေးသမားတွေနဲ့ထိတွေ့ ပြီး အကူအညီ ပေး ခဲ့ကြောင်းသိရပါတယ်။ အဲသလိုနဲ့ ရှစ်လေးလုံးဖြစ်တော့ ကျောင်းသားတွေနဲ့ပူးပေါင်းပြီးအရေးအခင်းမှာ ရဟန်းပျိုသမဂ္ဂအနေနဲ့ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ကျောင်းသားခေါင်းဆောင်...

Read more »

>Ashin Zawana – U Shain Tin

September 30, 2010

> ကွန်ကရစ်ရွာ သံမဏိတံခါးကြားမှ မျက်ရည်မှတ်တမ်းများ အာဏာရှင်ရဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်ပုံ အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း) စက်တင်ဘာ ၃၀၊ ၂၀၁၀ ပန်းတိုင်ရောက်ခါနီးမှ ခြေချော်လဲတာမျိုး ခရီးတခု ပြီးဆုံးခါနီးမှ ချောက်ထဲကျတာမျိုး ဥပမာတွေပေးရမယ် ထင်တယ်။ ဦးဇင်းပြောချင်တဲ့ လူတယောက်အကြောင်းကလည်း ခရီးရှည်ကြီးရဲ့ နောက်ဆုံးခြေတလှမ်းစာ အလိုမှာ ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းပါ။ သူ့နာမည်က ဦးဇင်းတို့အခေါ် ဘရှိန်။ အမည်ရင်းက ဦးရှိန်တင်။ အဘကို ၁၉၉၄ ခု နှစ်ဆန်းပိုင်းမှာ စ သိခဲ့တယ်။ မှတ်မိနေတာက အဘတို့ အမှုတွဲတွေ နာမည်က ကဗျာဆရာ ကြည်တင်ဦး (စာရေးဆရာ သခင်မြသန်းသား) စည်သူမြသန်း အဘရဲ့သားမက် ညီညီ ကျွန်းပြန် ဦးသိန်းထွန်းတို့ ဖြစ်တယ်။ အဘက ပြည်သူ့တိုးတက်ရေးပါတီက ဖြစ်တယ်။...

Read more »

>Ashin Zawana – U Tin Aye (Myo ma)

September 14, 2010
>Ashin Zawana – U Tin Aye (Myo ma)

> ကွန်ကရစ်ရွာ၊ သံမဏိတံခါးကြားမှ မျက်ရည်မှတ်တမ်းများ အဘမမီလိုက်တဲ့ နောင်နှစ်ခါ တန်ဆောင်မုန်း အရှင်ဇဝန နိုင်ငံရေးအကျဉ်းသားဟောင်း စက်တင်ဘာ ၁၄၊ ၂၀၁၀ “အာဏာရှင်ဆိုတာကတော့ သူ့ကို ဆန့်ကျင်လာရင် မွေးကင်းစပဲဖြစ်ဖြစ် ရှစ်ဆယ်ကျော်၊ ကိုးဆယ်တွင်း အဘိုးအိုပဲဖြစ်ဖြစ် ရန်သူလို သဘောထားမှာပဲ” ဆယ့်ခြောက်နှစ်တာကာလ နံရံလေးဘက်ကြား သော့အထပ်ထပ်ရဲ့ နောက်ကွယ်သို့ ပို့ဆောင်လို့ လောကကြီးနဲ့ အဆက်အသွယ် ဖြတ်ထားခံရသူတယောက်အတွက် အသိအမြင်အသစ်များ အတွေ့အကြုံအသစ်များ ရရှိနိုင်တာကတော့ သမိုင်းဖြတ်သန်းမှု ကြီးမားတဲ့ ကိုယ်တိုင်လည်း ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးများနှင့် နေထိုင်ခွင့်ရခြင်းပါပဲ။ ဒီပုဂ္ဂိုလ်ကြီးတွေကို သက်ရှိသမိုင်းစာအုပ်ကြီးလို့ ညွှန်းဆိုချင်တယ်။ သူတို့တွေ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍတွေ ဖြစ်ရပ်တွေက တချို့ လည်း မှတ်တမ်းတွေ ရှိချင်ရှိမယ်။ တချို့လည်း မှတ်တမ်းတွေ မရှိနိုင်ဘူး။ ဒါပေမယ့်...

Read more »

>Ashin Zanawa – Yantakar Aung’s Dad

September 9, 2010
>Ashin Zanawa – Yantakar Aung’s Dad

> ရန်တကာအောင်တို့ အဖေ အရှင်ဇဝန (နိုင်ငံရေး အကျဉ်းသားဟောင်း) စက်တင်ဘာ ၉၊ ၂၀၁၀ အခန်း (၁) ဘဝ တလျှောက်လုံး ယုံကြည်ချက်အတွက် အလုပ်လုပ်ခဲ့သူ များစွာရှိမှာပါ။ ကိုယ့်ယုံကြည်ချက်ကို အသက်ထက်တန်ဖိုးထားသူတွေထဲက တွေ့ခဲ့ဖူးသူတယောက်အကြောင်းကို ပြောပြချင်ပါတယ်။ သူဟာ ကျောင်းသားဘဝ ငယ်ရွယ်စဉ်ကတည်းက ယုံကြည်ချက်အတွက် တိုက်ပွဲတွေဝင်ရင်း အာဏာရှင်တို့ရဲ့ ငရဲခန်းမျိုးစုံကို ကျော်ဖြတ်ခဲ့ရသူပါ။ သူ့ကိုစတွေ့စဉ်က ၁၉၉၄ ဇွန်လမှာ ဖြစ်တယ်။ ဦးဇင်းတို့ကို ဇွန်လ ၁၁ ရက်နေ့မှာ အင်းစိန်ထောင်ကနေ သာယာဝတီထောင် ပြောင်းရွှေ့ခံရတော့ ဦးဇင်းတို့က သီးသန့် အနောက်တိုက် သူက သီးသန့် အရှေ့တိုက်မှာပါ။ ထုံးစံအတိုင်း ထောင်ထဲအနေကြာလာတော့ တယောက်အကြောင်း တယောက် သိလာကြတယ်။ တယောက်ရဲ့ဖြတ်သန်းမှုဟာ နောက်တယောက်အတွက် နည်းယူစရာတွေဖြစ်တယ်။ ဦးဇင်းတို့ထဲမှာ...

Read more »

>Ashin Zawana

June 21, 2010
>Ashin Zawana

> သောကကို နင်းချေ အိပ်မက်တွေကို တည်ဆောက် အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း) ဇွန် ၂၁၊ ၂၀၁၀ အဖြစ်အပျက်တွေကို အားလုံးတစုတည်း ပြောဖို့မစွမ်းပေမယ့် တခုစီကိုတော့ မှတ်မိသမျှ ပြောပြချင်မိတာကတော့ အမှန်ပါ။ လူရှင်တို့မြှုပ်နှံရာ သင်္ချိုင်းအဖြစ် ဝိဂြိုဟ်ပြုကြပေမယ့် ဒီသင်္ချိုင်းထဲမှာ အားမာန်တွေနဲ့ ရပ်တည်ခဲ့ပုံ။ တုံး အ သွားအောင် သူတို့ ရက်ရက်စက်စက် ပြုလုပ်ခဲ့ပေမယ့် ချွန်မြအောင်မိမိတို့ အားထုတ်ခဲ့တာတွေက စစ်အာဏာရှင်တို့ကို မင်းတို့ထင်ထားသလို ငါတို့တွေ ဖြစ်မသွားဘူးလို့ တုံ့ပြန်ပြလိုက်တာတွေပါ။ တကယ်ကတော့ လူသားမဆန်စွာဆိုတဲ့ စကားလုံးထက် ပိုပြောင်မြောက်တဲ့ စကားလုံးကို ဆရာကြီး ဦးဝင်းတင် သုံးပြသွားပါတယ်။ လူမဆန်စွာ၊ တိရစ္ဆာန်မဆန်စွာ၊ တိရစ္ဆာန်ထက် ဆိုးယုတ်စွာလို့ ဆရာကြီး သုံးပြသွားပါတယ်။ တကယ်က ရက်ပေါင်း ၅၈၀၀ ကျော်...

Read more »

>U Za Wa Na – Ko Sithu

June 19, 2010
>U Za Wa Na – Ko Sithu

> ကွန်ကရစ်ရွာ သံမဏိတံခါးကြားမှ မျက်ရည်မှတ်တမ်းများ ရွက်လှပန်း ကိုစည်သူ နှင့် ယုံကြည်ချက်မော်ကွန်း ဦးဇဝန ဇွန် ၁၉၊ ၂၀၁၀ (၁) လူ့ဘဝ ခရီးလမ်းတလျှောက် အကွေ့အကောက်တို့်က များပြားလှသည်။ ထို အကွေ့အကောက်တို့တွင် ဆူးငြောင့်ခလုတ်များ ချိုင့်များကလည်း ပြွန်းတီးနေသည်။ အခက်အခဲတခုကြုံလာတိုင်း တွေ့ကြုံပြီးသား အခက်အခဲများနှင့် နှိုင်းယှဉ်ကြည့်မိကြသည်။ ကြမ်းတမ်းမှုတခု ကြုံတွေ့ရပြန်လျှင်လည်း ဖြတ်သန်းခဲ့ဖူးသော ကြမ်းတမ်းခါးသီးမှုတို့နှင့် ချိန်ထိုးကြစမြဲပင်။ ထို့အတူပင် ဦးဇင်းတို့ဖြတ်သန်းခဲ့ရသော ခရီးတလျှောက် ရက်စက်မှုတခုကြုံရလျှင် ရက်စက်မှုချင်း၊ အစော်ကားခံရတာတခုကြုံရလျှင် အစော်ကားခံရတာချင်း အလေး အပေါ့ ‘ဆ’ ကြည့်မိသည့် ဖြစ်ရပ်က ဒုနဲ့ဒေး။ မိမိကိုယ်ပေါ်ကျလာသော ဒုက္ခ၊ သောကတို့ကို တခုနှင့်တခု ယှဉ်ထိုးကြည့်မိတာ ရှိသလို၊ အတူဖြတ်သန်းနေသော ရဲဘော်တို့ရဲ့ အနှိပ်စက်ခံရမှုတွေအပေါ် နှိုင်းယှဉ်မိတာတွေ...

Read more »

>U Zawana – U Saw Win – lives on forever

May 19, 2010

> ကွန်ကရစ်ရွာ သံမဏိတံခါးများကြားမှ မျက်ရည်မှတ်တမ်းများ (မသေသောဝိဉာဉ်နှင့် ဦးစောဝင်း) ဦးဇ၀န မေ ၁၉၊ ၂၀၁၀ (၁) မျက်ရည်များသာ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်မည်ဆိုလျှင် ဦးဇင်းတို့၏ ရှိုက်သံများကား သမိုင်းဆရာတို့အတွက် အမှန်အကန်ဆုံး ထွက်ဆိုပေးမည့် သက်သေတို့ပင်ဖြစ်ပေလိမ့်မည်။ ဦးဇင်းတို့ အိပ်မက်တွေကလည်း ဘယ်တော့မှ မပုပ်မသိုး ထာဝရလတ်ဆတ်နေသည်။ စေတနာတွေက အထပ်ထပ် သန့်စင်ထားသော အနောဓါတ်ရေပမာ ကြည်လင်သန့်ရှင်းနေသည်ဟု သံသယမရှိ ယုံကြည်မိသည်။ ထိုယုံကြည်ချက်ကပင် ဦးဇင်းတို့အိပ်မက်တွေ အတိုင်းအဆမဲ့ ရှင်သန်နိုင်ရမည်ဟု အာမခံနိုင်ခြင်းဖြစ်သည်။ တိုင်းပြည်နှင့် လူမျိုးအပေါ် ထားရှိသော စေတနာသန့်သန့်ကပင် ဦးဇင်းတို့အိပ်မက်တွေကို ဖြူစင်စေခဲ့ပြီ။ ယုံကြည်ချက်ဖြင့် ရှင်သန်ခိုက် ကျောကုန်းနှင့် ရင်ဘတ်အတွင်းက ဒါဏ်ရာတွေကို အံကြိတ်ခံရင်း စိတ်တမံကို ခိုင်ခိုင်တည်ဆောက်ထားသည့်ကြားမှ ပြည့်လျှံ စီးကျလာသော မျက်ရည်တို့ကား တန့်မနိုင်ဆည်မရ။...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly MARCH 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်