အမေရိက

ခရီးမတ်တတ်လမ်းခုလပ်၌

August 30, 2012
ခရီးမတ်တတ်လမ်းခုလပ်၌

အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း) သြဂုတ် ၃၀၊ ၂၀၁၂ ရဲဘော်တိုက်မောင်းနှင့် ရဲဘော်များ ဆရာမင်းသုဝဏ်၏ သူ့မှာတမ်းကဗျာကို ဟိုးအရင်က အခါခါဖတ်ပြီး အခါခါ ခံစားဘူးပါသည်။ ယခုဒီကဗျာကို မရွတ်ဆိုချင်ပါ။ ရွတ်ဆိုလိုက် တိုင်း ရင်နင့်ရသောအဖြစ်က နှလုံးအိမ်ကို လာလာတိုးဝှေ့နေသည်။ တိုးဝှေ့ ထိခိုက်နိုင်လောက်သော တကယ့်အဖြစ်အပျက်က ကိုယ့်အ တွက် ဖြစ်ထွန်းနေပြီ။ သူငယ်ချင်းငယ်ပေါင်းတယောက်၏အဖြစ်အပျက်တို့ကို မသိရှိခင်က ကဗျာအပေါ်ခံစားချက်သည် အများသူငါနှင့် ဆိုင်သောခံစားမှုအဆင့်သာရှိခဲ့သော်လည်း သူဇာတ်ကြောင်းသိရှိပြီးနောက် ကဗျာပါစာသားက ကိုယ်တစ်ဦးတည်းကို လာပြီးရည်ရွယ်နေသလို ခံစားလာရသည်။ မမျှော်လင့်ပဲ လိုချင်သောဇာတ်လမ်းတခုလုံးကိုရလိုက်တော့ ရင်ထဲကထိရှမှုကနေ စာသားတွေအဖြစ်ပါ ရေးချဖို့ ဖြစ်လာ ရပြန်သည်။ သြဂုတ်လ ၁၈ ရက်နေ့ကို ကျောင်းသစ်တက်ပွဲပင့်ဖိတ်သဖြင့် နော်ဝေနိုင်ငံကို ၁၅ ရက်နေ့ကတည်းက ရောက်လာသည်။ ရွှေဝါရောင်ဦးထာဝရ နှင့် ဒကာ၊...

Read more »

ဆ စ် မှံ တ ယ့် ညိ န်း ခြ မ်း ေ ရ း (Aung Way)

August 29, 2012

ေ အ ာ င္ ေ ၀ း သြဂုတ် ၂၉ ၊ ၂၀၁၂ ငြိ မ်း ချ မ်း ရေးတ န် ဖိုး အ တ က် ဆုံး အ ချိ န် ဟာ က တု တ် ကျ င်းေ တွ န က် န က် တူး ရ တဲ့ အ ချိ န်ေ ပါ့ ...

Read more »

မသေခင်နှုတ်ဆက်ခြင်း (သို့) မနေရလို့သေကြသောအခါ

August 26, 2012
မသေခင်နှုတ်ဆက်ခြင်း (သို့) မနေရလို့သေကြသောအခါ

အရှင်ပညာနန္ဒ သြဂုတ်၊၂၀၊၂၀၁၂ ဒီလဘုန်းကြီးကျောင်းမှာ အတာသင်္ကြန်ပွဲတော်နဲ့ ဈေးရောင်းပွဲတော်လုပ်နေတာရယ် ရွှေည၀ါဆရာတော် တရားပွဲအတွက် ပြင်ဆင်နေရတာ တွေရယ်ကြောင့် အပြင်ကို မကြာခဏထွက်ဖြစ်နေပါတယ်။ ဒီနေ့လည်းရွှေည၀ါဆရာတော်တရားပွဲအတွက် ပိုစတာဓာတ်ပုံသွားကူးရာကနေ ကျောင်းပြန်ရောက်တာနဲ့ အတူနေဦးဇင်းကြီိး ဦးဝါယမက ဆီးကြိုပြီး “စာရေးဆရာမကြီး စစ်ကိုင်းစိမ်းစိမ်း ဖုန်းဆက်ကြောင်း၊ နှုတ်ဆက်ကြောင်းလျောက်ပေးဖို့မှာကြောင်း” ပြောပါတယ်။ ဆရာမကြီးစစ်ကိုင်းစိမ်းစိမ်းဟာ အကြောင်းမရှိဘဲဖုန်းဆက်လေ့ရှိသူမဟုတ်ကြောင်းသိထားလို့ ဘာအကြောင်းများရှိလေတယ်မသိလို့ စဉ်း စားပြီး ချက်ချင်းဖုန်းခေါ်လိုက်ပါတယ်။ ဒကာကြီးဦးခင်မောင်သိန်း ဖုန်းလာကိုင်ပါတယ်။ ဒကာမကြီးဖုန်းဆက်တယ်ဆိုလို့ ဖုန်းပြန်ဆက်တာဖြစ်ကြောင်းပြောပြတော့ ..ဒကာမကြီးအိမ်မှာမရှိကြောင်း၊ အာရီဇိုနားရောက်နေကြောင်း၊ သူမသေခင် ဘုန်းကြီးကျောင်းတွေသွားပြီး တတ်စွမ်းသမျှသွားလှူနေကြောင်း၊ တမလွန်ခရီးအတွက် ကြိုတင်ပြင်ဆင်နေကြောင်းလျောက်ပါတယ်။ သူ့စကားကြားရတော့ စိတ်ထဲတမျိုးကြီးဖြစ်သွားပါတယ်။ မိမိကိုလည်း အကြောင်းထူးမရှိဘဲဖုန်းဆက်ပြီး နှုတ်ဆက်တဲ့အတွက် ထူးဆန်း လိုက်လေခြင်းလို့ တွေးမိပါတယ်။ ဆရာမကြီးရဲ့ လက်ကိုင်ဖုန်းကိုဆက်လိုက်တော့မှ အကြောင်းစုံသိရပါတော့တယ်။ ဟုတ်တယ်ဘုရား။ တပည့်တော်အခုအာရီဇိုနားကဘုန်းကြီးကျောင်းအတွက် အလှူငွေ(၁၀၀၀) လာလှူရင်း...

Read more »

ပု သိ မ် သား များ မ ဖ တ် ရ (Aung Way)

August 12, 2012
ပု သိ မ် သား များ မ ဖ တ် ရ (Aung Way)

အောင်ဝေး၊ သြဂုတ် ၁၂၊ ၂၀၁၂ ငှက်ရေ… မင်း လာခေါ်မလားလို့  ငါ စောင့်နေတာ။ ၂၀၀၇ တုန်းကလည်း မင်း လာမခေါ်။ ၂၀၁၀ ရွေးကောက်ပွဲကျတော့လည်း မင်း ပေါ်မလာ။ ငှက်ရေ… မင်း လာခေါ်နိုးနိုးနဲ့  ငါ စောင့်နေခဲ့တာ။ ရုရှားက ယက်ဗ်တူရှင်ကိုရဲ့  ”စောင့်စားခြင်း” ကဗျာ ငါ သတိရတယ်။ ရထားကို ငါစောင့်နေတာ နွေဦးကို ငါစောင့်နေတာ မျှော်လင့်ခြင်းကို ငါစောင့်နေတာ ၀င်းမော်ဦးကို ငါ စောင့်နေတာ။ ငှက်ရေ… မင်းကို ငါစောင့်နေတာ။ မင်း လာခေါ်လေမလား ငါစောင့်နေတာ။ ငါတို့ ဒီမှာ ပုသိမ်သားတွေ စုမိနေကြတယ်။ သစ်ကောင်းအိမ်ရယ် ဆောင်းယွန်းလရယ် ငါရယ် ဆိုပါတော့။...

Read more »

သိန်း သန်းတို့ရဲ့ ခေတ် (Saw Ngo)

August 10, 2012
သိန်း သန်းတို့ရဲ့ ခေတ် (Saw Ngo)

ကာတွန်းစောငို – သိန်း သန်းတို့ရဲ့ ခေတ် သြဂုတ် ၁၀၊ ၂၀၁၂ No tags for this post.

Read more »

အချစ်ကုထုံး (Kan Tun Thit)

August 10, 2012
အချစ်ကုထုံး (Kan Tun Thit)

အချစ်ကုထုံး ကံထွန်းသစ်၊ သြဂုတ် ၁၀၊ ၂၀၁၂ ” ပီယတော ဇာယတေသောကော၊ ပီယတော ဇာယတေ ဘယံ၊ ပီယတော ဝိပ္ပမုတ္တဿ၊ နတ္ထိသောကော ကုတော ဘယေ “ (ဓမ္မပဒ)             အချစ်နှင့်သက်ရောက်မှု သို့မဟုတ် အချစ်နှင့်အန္တရာယ် တို့ကို အစောဆုံး ထောက်ပြခဲ့သူမှာ ဗုဒ္ဓမြတ်စွာပင်၊   B.C ခြောက်ရာစုကပင်ဟု အထက်ပါ ဂါထာငယ်ကို သာဓကပြုပါမည်။             ချစ်ခြင်းကြောင့် သောကဖြစ်ရ၊ ဘေးဒုက္ခတို့ကြုံရကာ အချစ်မှလွတ်မြောက်လျှင်တော့ သောကလည်း ငြိမ်း၊ ဘေးလည်းမရှိ…တဲ့။             စန္ဒကိန္နရီတို့မျက်ရည်၊ ကိုဒါသအတွက် မပဋာ၏သောက၊ သစ္စာရှာဖို့ မြင်းစီးထွက်ခွာသွားသူအတွက် ယသောဓရာ၏ အလွမ်း၊ ဂျူးလိယက်အတွက် ရိုမီယို၏ဘေး၊ မစ္စစ်ဆင်မဆင်အတွက် ထီးနန်းဝေးခဲ့ရသူ အက်ဒွက်ဘုရင် …စသည် …...

Read more »

တစ်အချက် ဆန့်ကျင်တယ်၊ နှစ်အချက် မကြောက်ဘူး (Aung Way)

August 9, 2012
တစ်အချက် ဆန့်ကျင်တယ်၊ နှစ်အချက် မကြောက်ဘူး (Aung Way)

အောင်ဝေး၊ သြဂုတ် ၉ ၊ ၂၀၁၂ အာရပ်နွေဦးကို ငါတို့ထောက်ခံခဲ့တာ မှားပြီလား။ငါတို့နွေဦးကို သူတို့နားမလည်ပါလား။ လူ့ အခွင့်အရေးလား ဂျေဟတ်လား။ ငါ့ သဘောထား (ကဗျာဆရာအောင်ဝေး သဘောထား) ဘယ်ခြိမ်းခြောက်မှုမျိုးမဆို တစ်အချက် – ဆန့်ကျင်တယ် နှစ်အချက် – မကြောက်ဘူး။ အခု … (ပြည်တွင်းမှာ) မူဆလင်စစ်စစ်ကြီး အဘ ၀မ်းအိုဝမ်းကျော်ဝင်းမောင် မကျန်းမမာဖြစ်နေတယ်။ ငါ … ဒါကိုပဲ စိတ်ဝင်စားတယ်။ ဗမာ့လွတ်လပ်ရေးတိုက်ပွဲဝင် သူရဲကောင်းကြီး အဲဒီ မူဆလင်ကြီး ကျန်းမာပြီး အသက်ရှည်ပါစေ ငါ ဆုတောင်းတယ်။ မပြီးဆုံးသေးတဲ့ ဗမာ့ဒီမိုကရေစီခရီး ဆုံးခန်းတိုင် အဘ လျှောက်လှမ်းနိုင်ပါစေ ငါ ဆုတောင်းတယ်။ အောင်ဝေးဟာ ဗမာနိုင်ငံသား မြန်မာတိုင်းရင်းသား အားလုံးက နားလည်နိုင်ကြပါစေသား။...

Read more »

ကာတွန်း စောငို – မကြေပွဲလား၊ အောင်ပွဲလား

August 9, 2012
ကာတွန်း စောငို – မကြေပွဲလား၊ အောင်ပွဲလား

သြဂုတ် ၉ ၊ ၂၀၁၂ No tags for this post.

Read more »

ပျံ သန်း နေ တဲ့ မြစ် ၊ စီး ဆင်း နေ တဲ့ ငှက် (Aung Way)

August 4, 2012
ပျံ သန်း နေ တဲ့ မြစ် ၊ စီး ဆင်း နေ တဲ့ ငှက် (Aung Way)

POEM FOR NYC  24th 8888 DAY ပျံ သန်း နေ တဲ့ မြစ် ၊ စီး ဆင်း နေ တဲ့ ငှက် အောင်ဝေး၊ သြဂုတ် ၄၊ ၂၀၁၂ (ကျား) ပျံသန်းနေတဲ့မြစ်။ (မ) စီးဆင်းနေတဲ့ငှက်။ (ကျား) စီးဆင်းနေတဲ့ငှက်။ (မ) ပျံသန်းနေတဲ့မြစ်။ (ကျား) ကျနော်တို့  စခဲ့ကြတယ်။ (မ) ကျမတို့  စခဲ့ကြတယ်။ (ကျား) ကျနော်တို့  စခဲ့ကြတယ်။ (မ) ကျမတို့  စခဲ့ကြတယ်။ (ကျား) ရှစ်လေးလုံးက၊ စ၍စီးဆင်း၊ မြစ်တစင်း။ (မ) ရှစ်လေးလုံးက၊ စ၍ပျံသန်း၊ ငှက်ရဲ့ လမ်း။ (ကျား)...

Read more »

အညတရအကျဉ်းသားရဟန်းတော်များ(၂၃) – မဂ္ဂင်ဆရာတော်ဦးဝါသ၀ပဏ္ဍိ

August 2, 2012
အညတရအကျဉ်းသားရဟန်းတော်များ(၂၃) – မဂ္ဂင်ဆရာတော်ဦးဝါသ၀ပဏ္ဍိ

အရှင်ပညာနန္ဒ၊ သြဂုတ် ၂၊ ၂၀၁၂ ဆရာတော်ကြီးနှင့်ထောင်တွင်းအခြေအနေ ထောင်ထဲမှာ ထင်ရှားတဲ့ ဆရာတော်ကြီး တပါးကတော့ မဂ္ဂင်ဆရာတော် ဖြစ်ပါတယ်။ သက်တော်(၇၀)ကျော်၊  ထောင်ရှစ်နှစ် ကျခံနေရသူပါ။ ဆရာတော်ဟာ နိုင်ငံအတော်များများ ရောက်ဖူးပြီး ဘာသာစကားအမျိုးမျိုး တတ်ကျွမ်းတော်မူပါတယ်။ အိန္ဒိယနိုင်ငံမှာ ဘီအေ ဘွဲ့ ယူခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ကျောင်းတက်တုန်းကျနော်တို့ မြန်မာစာဖတ်ပရိသတ်နဲ့ ရင်းနှီးတဲ့ ကမ္ဘာကျော် အိန္ဒိယစာရေးဆရာကြီး ရာဟုလာသံကိစ္စည်းနဲ့ခင်မင်ရင်းနှီးသူ  ဖြစ်ပါတယ်။ ရာဟုလာသံကိစ္စည်းအကြောင်းတွေ ပြန်ပြောပြတာ ကျောင်းသားတွေစိတ်ဝင်စားစရာကြီးပါ။  ဆရာတော်ဟာ အိန္ဒိယနိုင်ငံကနေ တိဘက်ကို ကုန်းကြောင်းလျှောက်ပြီးတိဘက်ဗုဒ္ဓဘာသာကိုနှစ်အတော်ကြာ  လေ့လာခဲ့ပါသေးတယ်။ထောင်ထဲ ရောက်နေချိန်မှာ ကျောင်းသားတွေ ချဉ်ခြင်း အတက်ဆုံးက စာသင်ချင်ကြတာပါ။ ဒါပေမယ့်ထောင်က စာဖတ်ခွင့် မပေးတော့ သမိုင်း၊ နိုင်ငံရေး၊ ဘာသာရေး၊ အင်္ဂလိပ်စာ စတဲ့...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်