
ကာတွန်းမောင်ရစ် – ရွှေမိနဲ့ အင်္ဂလိပ်စာ – Out of Business (Academic Weekly Journal, Yangon) မိုးမခ၊ ဖေဖော်ဝါရီ ၂၄၊ ၂၀၁၈ No tags for this post.
မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၁၉) (မိုးမခ) ဖေဖော်ဝါရီ ၂၃၊ ၂၀၁၈ ဆရာကြီးသုံးဦးတို့ကြား မတူကွဲပြားကြသော်လည်း အတူတွဲသွားကြလေရဲ့ (၁) မြသန်းတင့်အိမ် သူမရှိတော့သည့်ချိန်၊ သူမပါတော့သော သူ့မိသားစုနှင့် ဓာတ်ပုံလေး အကြောင်းပြုကာရေးရင်း လွမ်းစိတ် ဆက်လို့ စာရေးဆရာကြီးများဖြစ်ကြသော မောင်သော်က၊ မြသန်းတင့်နှင့် အောင်သင်းတို့အား သတိရတ၍ ရေးဖြစ်ပြန်ပြီ။ ကိုမြသန်းတင့်နေသော စမ်းချောင်း ဖျာပုံလမ်း၊ ကိုအောင်သင်းနေသော ဓမ္မိက၀တီလမ်းနဲ့ ကျွန်တ်ေနေသော ဟင်္သာတလမ်း တို့ကနေ မီးရထားလမ်းကို ကျော်ဖြတ်ကာ ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းရှိ မောင်သော်ကနေအိမ်မှာ မကြာခဏစကား ၀ိုင်းလေး လုပ်ဖြစ်ကြ၏။ (၂) သူတို့သုံးယောက်စလုံး ကျွန်တော့်ထက် အသက်အားဖြင့် ၀ါအားဖြင့် များစွာကြီးပေမယ့် မိသားစုချင်းပါ ဆွေမျိုးသားချင်းပမာ ခင်မင်ရင်းနှီးတာရယ်၊ စာရေးဆရာတယောက်အဖြစ် အသိအမှတ်ပြုတာရယ်ကြောင့်...
ဆောင်းယွန်းလ ● ပြာ (မိုးမခ) ဖေဖော်ဝါရီ ၂၀၊ ၂၀၁၈ ငွေကြေးကို မီးရှို့ဖွာရှိုက်ပြီးမှ အခိုးအငွေ့ တွေဖြစ်ခဲ့ရတာပါ မြင့်မြင့်ပျံနိုင်ဖို့  မြန်မြန်ပြေးဖြစ်ခဲ့တယ် ကောင်းကင်ဟာ ဘယ်ဆီဘယ်ဝယ်မှန်း မသိရ မြေပြင်ရဲ့အဝေးဆုံးတနေရာကို အငွေ့ တလူလူ ရုန်းတက်ခဲ့ပေမယ့် တိမ်တွေနဲ့ မဆုံဖြစ်ခဲ့ပါ ကြာတော့လည်း တငွေ့ငွေ့နဲ့  ပြာဖြစ်ခဲ့ရတယ်။ ဆောင်းယွန်းလ (ဖေဖော်ဝါရီ ၁၄၊ ၂၀၁၈) No tags for this post.
Saul Loeb | AFP | Getty Images US President Donald Trump and Russia President Vladimir Putin hold a meeting on the sidelines of the G20 Summit in Hamburg, Germany, on July 7, 2017. ၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲကို လုပ်ကြံမှုဖြင့် ရုရှား ၁၃ ဦး တရားစွဲခံရ (နိုင်ငံတကာသာဂိ) ဖေဖော်ဝါရီ ၂၀၊ ၂၀၁၈ ဖေဖော်ဝါရီ ၁၆၊ ပြည်ထောင်စုခုံရုံးကနေ တရားစွဲဆိုတင်ပြလိုက်တာကတော့ ၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲကို တိုက်ခိုက်တယ်ဆိုပြီး ရုရှား ၁၃...
မောင်ကျေးရေ – တို့ရေ တို့အနာဂတ် (မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၁၈ (photo credit – http://proximitydesigns.squarespace.com) ရေသည် သဘာဝကပေးထားသော လက်ဆောင်မဟုတ်၊ သဘာဝ၏ပစ္စည်း (Property) ဖြစ်၏။ ”ရေပြည့်သောအိုးကို မြင်ကာမျှနှင့် လက်အုပ်ချီမိသည်’’ ဆိုသော စာသားသည် ရေ၏တန်ဘိုးကို ဖေါ်ညွန်းနေ၏။ ရေသည် သတ္တလောက၊ လူနှင့် တိရစ္ဆာန်များအားလုံးနှင့် သန့်ရှင်းသောပတ်ဝန်းကျင်အတွက် အရေးအကြီးဆုံးသော မရှိမဖြစ် အခြေခံလိုအပ်ချက်ဖြစ်ပါသည်။ ရေသည်အေးမြ၏ သန့်စင်၏၊ အသက်ဆက်ပေးနိုင်သည်။ လူ့ခန္တာကိုယ်သည် ရေဓါတ်အများဆုံးနှင့် ဖွဲ့စည်းထား၏။ (၇၀) ရာခိုင်းနှန်းသည် ရေသာဖြစ်သည်။ မြန်မာနိုင်ငံ တနံတလျားရှိ မြစ်ချောင်းအင်းအိုင် ကန်မြောင်းစသည့် မြေပေါ်ရေနှင့် မြေအောက်ရေတို့သည် နိုငငံသူ နိုင်ငံသားများအတွက် စက်ရုံအလုပ်ရုံ၊ စိုက်ပျိုးရေး၊ သောက်ရေသုံးရေများဖြစ်သည်။ ဤရေသည်...
မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၁၈) (မိုးမခ) ဖေဖော်ဝါရီ ၁၉၊ ၂၀၁၈ စာရေးဆရာ မြသန်းတင့်အား အနီးကပ်လေ့လာခြင်း (၁) ၁၉၆၁ ခု၊ ဧပြီလ သင်္ကြန်ကာလအတွင်း ကျွန်တော်၏ ချစ်သူငယ်ချင်း ပေအေး (ကိုကိုအေး)သည် ရေကစားရင်း မတော်တဆကွယ်လွန်သွား၏။ သူနှင့်အတူ ရေကစားကြသူ ကိုစိန်ဝင်းနှင့် ထိုနာရေးကို အကြောင်းပြုကာ ရင်းနှီးသွား၏။ သူတို့ ပခုက္ကူပြန်ရာသို့ အတူလိုက်လည်ရန်ခေါ်ရာ မြန်မာ့အသံမှ ခွင့်(၂)ပတ်ယူကာ လိုက်သွား၏။ ကိုစိန်ဝင်းနှင့် သူ့နှမအတာ၊ တစ်ဝမ်းကွဲ ကိုမြင့်သိန်း၊ ကိုတင်မောင်ဝင်း စသဖြင့် ကျောင်းသားလူအုပ် အတော်တောင့်၏။ ကျွန်တော်သည် ကိုစိန်ဝင်းတို့အိမ်မှာ တည်းသော်လည်း သူတို့အဖေချင်း ညီအစ်ကိုမို့ ကိုမြင့်သိန်းတို့အိမ်၌လည်း မကြာခဏ ထမင်းစားဖြစ်ကြ၍ ဦးပေါတင့်၊ ဒေါ်လှိုင်မိသားစုနှင့် ခင်မင်ခွင့်ရလိုက်၏။...
မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၁၇) (မိုးမခ) ဖေဖော်ဝါရီ ၁၇၊ ၂၀၁၈ သားချင်းတို့အကြောင်း တစေ့တစောင်း (၁) မော်လမြိုင်မြို့မှဒေါက်တာတင်စိုး ရန်ကုန်လာလျှင် စာပေမိတ်ဆွေများနှင့် ညစာစား စကားပြေလေ့ရှိ၍ မောင်ဆုရှင်၊ ဒေါက်တာကျော်စိန်နှင့် မောင်အောင်မွန် ၄ ယောက်ဆုံဖြစ်လိုက်၏။ ကြုံရာပြောကြရင်း သားချင်းတို့အကြောင်း အသံလွှင့်ခဲ့ သည်ကို လွမ်းနေဆဲ၊ မပျောက်ဘဲ မှတ်တမ်းကျန်သင့်ကြောင်းဆိုလာကြ၍ ထိုအသံလွှင့်အစီအစဉ် အစကအဆုံးအထိ ပြောပြလိုက်ရသည်။ ထိုစာမူများသည် မြန်မာ့အသံနှင့်မဆိုင် ကျွန်တော်သာပိုင်သည်ဟု ထောက်ပြကြသူများကား မော်လမြိုင်မြို့မိခင်နှင့်ကလေး ဆေးရုံအုပ်ကြီး ဒေါက်တာတင်စိုး၊ စာပေဗိမာ ညွှန်ကြားရေးမှူး ဦးမျုးသန့် (စာရေးဆရာ မောင်ဆုရှင်)နှင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကျော်စိန်တို့မို့ ရှင်းလင်းစွာ ကျွန်တော်ယုံကြည်ရပြီ။ (၂) ထမင်းဝိုင်းလည်း အမှတ်မထင် လုပ်ငန်းခွင်ဖြစ်လာပြီ။ စာအုပ်ထုတ်ဖို့ဆိုတော့...
မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၁၆) (မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂ဝ၁၈ မြန်မာ့အသံ တိုင်းရင်းသားနှင့် မောင်အောင်မွန် (၁) မြန်မာ့အသံ၏ဝန်ထမ်းသည် ဦးဝင်းအောင်ဖြစ်ပြီး၊ မောင်အောင်မွန်မှာမူ ဌာနနှင့်မဆိုင်ဟု စာရေးဆရာ မင်းရှင်လေသံဖြင့် အစည်းအဝေးများ၌ဆိုထား၍ အထက်လူကြီးများ မကြည်သည့်စာရင်း၌ ထိပ်ဆုံးနေရာမှပါဝင်ခဲ့ရာ အလုပ်ထွက်သည်ထိ နှစ် ၂ဝ ကြာ၏။ မြန်မာ့အသံ ဘယ်သူ မြန်မာ့အသံဘယ်ဝါဆိုသူတို့ကြား ရသစာရေးသူရှားပါးချိန်မို့ မောင်အောင်မွန်အား ဖယ်လို့မရ၊ ငွေရတု သောတရှင်မဂ္ဂဇင်းအတွက် ခုလို (ဝဲအစွန်ဆုံး) ထည့်သွင်းရပြီ။ (၂) အနိမ့်ဆုံးဝန်ထမ်းက စာရေးဆရာမာန်နှင့် မြန်မာပိုင်းအတွက် တိုင်းရင်းသားအကြောင်း အစီအစဉ်သစ်တခုလုပ်လိုဟု တင် ပြ ရာ ပထမတော့ ရယ်စရာလိုလို နောက်မှစိတ်ဝင်စားလာကြသည်။ (၁) ပဋိပက္ခ တိုက်ခိုက်မှုမပါ။ (၂)...
Recent Comments