အီကြာအော်

အီကြာအော် ● ဖွတ်ကလေး၊ ခီကြာအော်နှင့် ခက်သေးရွာမှ အကယ်ဒမီဆုပေးပွဲကြီး

March 27, 2018
အီကြာအော် ● ဖွတ်ကလေး၊ ခီကြာအော်နှင့် ခက်သေးရွာမှ အကယ်ဒမီဆုပေးပွဲကြီး

အီကြာအော် ● ဖွတ်ကလေး၊ ခီကြာအော်နှင့် ခက်သေးရွာမှ အကယ်ဒမီဆုပေးပွဲကြီး (မိုးမခ) မတ်လ ၂၇၊ ၂၀၁၈ ခက်သေးရွာကြီးတရွာလုံး အကယ်ဒမီဆုပေးပွဲကြီးကြောင့် ကလေးကအစ ခွေးကအစ ဖွဘုတ်နှင့် တီဗွီရှေ့တွင် အလုပ်များ နေကြလေသည်။ ဒီနှစ် အကယ်ဒမီဆုပေးပွဲကြီးကား ခက်သေးရွာအတိုင်ပင်ခံကြီးအမေပုက မိန့်ခွန်းပြောသည်ကြောင့် ခက်သေးရွာသားအများ ခါတိုင်းနှစ်ထက် ပိုပြီးစိတ်ဝင်စားကြလေသည်။ “ဟေ့ကောင် ဖွတ်ကလေး ဒီနှစ် ဘယ်သူတွေ အကယ်ဒမီရသလည်းကွ” အီကြာအော်က သိချင်ဇောဖြင့် ခက်သေးရွာလယ်ကောင်တွင် ဖုန်းပွတ်ကာ လိုက်ဗ်ကြည့်နေသော ဖွတ်ကလေးကို မေးလိုက် လေသည်။ “ဆရာအော်က ဒီနှစ်မှာ ထူးထူးခြားခြားပါလား…၊ ခါတိုင်းနှစ်ဆို အကယ်ဒမီပွဲပြောရင် ဆရာအော်က စိတ်တောင်ဝင်စားတာ မဟုတ်ဘူး” “အေးလေကွာ…၊ ငါက အတင်းကလိထိုးတဲ့ကားတွေဆို ကြိုက်တာမဟုတ်ဘူး..၊ ဒီနှစ်တော့ အမေပုတက်တဲ့ပွဲမို့လို့ပေါ့ကွ” “ဆရာအော်ကလည်းဗျာ..၊ ဘယ်သူတွေက...

Read more »

ဖွတ်ကလေး၊ တိပ်ပတ်အီကြာအော်နှင့် ခက်သေးကျည်ထောင်ပုကြီး

June 6, 2017
ဖွတ်ကလေး၊ တိပ်ပတ်အီကြာအော်နှင့် ခက်သေးကျည်ထောင်ပုကြီး

၂၀၁၄ တုန်းက စောငိုကာတွန်းပါ။ ဖွတ်ကလေး၊ တိပ်ပတ်အီကြာအော်နှင့် ခက်သေးကျည်ထောင်ပုကြီး အီကြာအော်၊ (မိုးမခ) ဇွန် ၆၊ ၂၀၁၇ ခက်သေးရွာကြီးကား နာမည်နှင့် လိုက်အောင်ပင် မခက်လျှင်မနေနိုင်သော ရွာကြီးပင်ဖြစ်သည်။ ခုလည်း လက်နက်ပိုင်များက ဗြိတိရှကိုကိုပြောင်ကို သရော်စာရေးမှုနှင့် တရားစွဲသဖြင့် ဖမ်းထားပြီဟုဆိုသည်။ သရော်စာရေးရန်ပင် အတော်ခက်သော ခက်သေးရွာကြီးပင်ဖြစ်သည်။ ”ဆရာအော် ပါးစပ်မှာ တိပ်ကြီး ပတ်လို့ပါလား…၊ တိပ်ပတ်ဆရာတော်ကို အားကျလို့ထင်တယ်” ခက်သေးရွာလယ်ကောင်တွင် ပါးစပ်ကို တိပ်ပတ်ထားသော အီကြာအော်ကို တပည့်ကျော် ဖွတ်ကလေးက ပြောလိုက်လေသည်။ အီကြာအော်က တိပ်ကို လက်ဖြင့် အသာလေးခွာလိုက်ပြီး ”ရှူး တိုးတိုး ပြောကွ..၊ ရှော့ ရှိတယ်…..၊ အိမ်ရောက်မှ ပြောမယ် လာ လိုက်ခဲ့” ဤသို့ဆိုလျှင် ဖွတ်ကလေးလည်း အီကြာအော်နောက်မှ...

Read more »

ဖွတ်ကလေး၊ အီကြာအော်နှင့် ခက်သေးရွာမှ တိပ်ပတ်ဆရာတော်

May 24, 2017
ဖွတ်ကလေး၊ အီကြာအော်နှင့် ခက်သေးရွာမှ တိပ်ပတ်ဆရာတော်

ဖွတ်ကလေး၊ အီကြာအော်နှင့် ခက်သေးရွာမှ တိပ်ပတ်ဆရာတော် အီကြာအော် (မိုးမခ) မေ ၂၄၊ ၂၀၁၇ ခက်သေးရွာတလွှားတွင် ထင်ပေါ်ကျော်ကြား လူသိအများဆုံးသော ဆရာတော်မှာ တိပ်ပတ် ဆရာတော် ဖြစ်လေသည်။ ကြွက်နီတို့လို ကလေးကအစ တိပ်ပတ်ဆရာတော်ဆိုလျှင် ခက်သေးတရွာလုံး သိကြပေသည်။ ကလေးကအစ ခွေးကအစ သိကြပေသည်ဟုပင် ဆိုရပေခြိမ့်မည်။ တလောကလည်း ကြွက်နီတို့ ခက်သေးရွာသား ကလေးတသိုက် ပါးစပ်ကို တိပ်ပတ်ပြီး တရားဟောတန်းကစားပြီး ”ဖျာသည်မ ဖျာသည်မ” လုပ်နေကြသဖြင့် ကလေးများကို အီကြာအော်တယောက် အရဲစွန့်ပြီး အဲသည်လိုတော့ မလုပ်ကြပါရန် တောင်းပန်လိုက်ရသည်။ ခေတ်ကာလ ခက်သေးရွာမှကလေးများကား အရင်ခေတ်လို လူကြီးများကို မကြောက် လူကြီးများက ပြန်ကြောက်နေရသည် မဟုတ်ပါလား….၊ ကလေးဆိုသည်မှာကလည်း အတုမြင် အတတ်သင်ဆိုသည့်အတိုင်း မခက်လျှင် မနေနိုင်သော...

Read more »

ဖွတ်ကလေး၊ အီကြာအော်နှင့် ယုန်ကန် ”ယိုင်းဗြီးဆဲ(ယဘဆ)” ဘတ်စ်ကားများ

May 12, 2017
ဖွတ်ကလေး၊ အီကြာအော်နှင့် ယုန်ကန် ”ယိုင်းဗြီးဆဲ(ယဘဆ)” ဘတ်စ်ကားများ

ဖွတ်ကလေး၊ အီကြာအော်နှင့် ယုန်ကန် ”ယိုင်းဗြီးဆဲ(ယဘဆ)” ဘတ်စ်ကားများ အီကြာအော်၊ (မိုးမခ) မေ ၁၂၊ ၂၀၁၇ ”ဟေ့ကောင်….ဖွတ်ကလေး….ကျားသားမိုးကြိုး စပို့ရှပ် အသစ်နဲ့ပါလား မင်း ရင်ပတ်က ဘာတံဆိပ်ကြီးလည်း” အီကြာအော်က ခက်သေးရွာလူကြီးမင်းစတိုင်ဖမ်းနေသော ဖွတ်ကလေးကို မျက်မှန်ကို ပင့်ရင်း လှမ်းပြောလိုက်လေသည်။ အသက်ကလေးက ၅၀ ကျော်လာပြီမို့ အနီးကလည်း မှုံသောကြောင့် ဖွတ်ကလေး၏ စပို့ရှပ်မှ စာကို ကောင်းကောင်း မမြင်ရချေ။ ”ဒါကတော့ ”ယိုင်ဘီအက်စ်”လေ ဆြာအော်ရဲ့…” ဖွတ်ကလေးက သူ့ကိုယ်သူ တန်ဘိုးနည်းတိုက်ခန်း မဲပေါက်သည့်သူအလား စိတ်ကြီးဝင်စတိုင်ဖြင့် အီကြာအော်၏ အမေးကို ဖြေလိုက်လေသည်။ တလောက ခက်သေးရွာကြီးတခုလုံး နေရာတကာတွင် ရွာကြိုအုံကြား ဖွဘုတ်ကြိုဖွဘုတ်ကြားကအစ ”ယိုင်ဘီအက်စ်” ခေါ် ”ယိုင်းဗြီးဆဲ… ယဘဆ” ဘတ်စ်ကားအကြောင်း ပြောမဆုံးပေါင်...

Read more »

အီကြာအော် ● ဖွတ်ကလေး၊ ဒေါ်နွယ်ထွန်းနှင့် ခက်သေးဈေးကွက် စီးပွားရေး

December 20, 2016
အီကြာအော် ● ဖွတ်ကလေး၊ ဒေါ်နွယ်ထွန်းနှင့် ခက်သေးဈေးကွက် စီးပွားရေး

အီကြာအော် ● ဖွတ်ကလေး၊ ဒေါ်နွယ်ထွန်းနှင့် ခက်သေးဈေးကွက် စီးပွားရေး (မိုးမခ) ဒီဇင်ဘာ ၂၀၊ ၂၀၁၆ ခက်သေးတရွာလုံး “ကျပ်” ဈေးကျသဖြင့် ဗျောင်းဆန်နေပေတော့သည်။ ကျပ်ငွေကား ကျပြီးရင်းကျနေသဖြင့် ခက်သေးရွာ ၏ တက်ပြီးမကျ ပေါ်လစီအရ စားသောက်ကုန်ဈေးများ သာဝတိံသာသို့ တက်ကြလေသည်။ ခက်သေးရွာ၏ထုံးစံအရ ကုန်ဈေးနှုံးတက်ပြီဆိုလျှင် ဈေးမတက်မီ အကြော်များနှင့်တကွ လက်ဘက်ရည်ခွက်များလည်း ကျုံ့သွားလေ့ရှိသည်။ လက်တဝါးလောက်ရှိသော လမ်းထိပ်ကအကြော်ကလည်း ဘိုးတခက်၏တန်ခိုးတော်ဖြင့် တကိုက်စာ လောက်သာ ရှိတော့သည်။ စိတ်တိုင်းမကျ လက်ဘက်ရည်တခွက်ကလည်း ပါးစပ်တငုံစာသာရှိသဖြင့် အီကြာအော် တယောက် လျှာသပ်ရင်း အာသာမပြေ ဖြစ်ရပေသည်။ မကြာသေးမီကပင် ရွာလူကြီးတယောက်က လက်ဘက်ရည်တနေ့တခွက်လျှော့သောက်စီမံကိန်းကြီးကို ခက်သေးလွှတ်တော်ကြီးတွင် တင်ပြခဲ့သေးသည်။ လူတယောက်တငုံလျှော့သောက် ခိုင်းပြီးတာပဲဟု အီကြာအော် တွေးမိလေသည်။ “ဆရာအော့ ကြည့်ရတာ...

Read more »

အီကြာအော် – “ဖွတ်ကလေး၊ နာရီတလုံးနှင့် ဗိုလ်အောင်ဒင်”

November 24, 2016
အီကြာအော် – “ဖွတ်ကလေး၊ နာရီတလုံးနှင့် ဗိုလ်အောင်ဒင်”

Cartoon Saw Ngo (2008) အီကြာအော် – “ဖွတ်ကလေး၊ နာရီတလုံးနှင့် ဗိုလ်အောင်ဒင်” (မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၁၆ “ငါက ဗိုလ်အောင်ဒင် နင်က ဒါကိုမမြင်” ခက်သေးတရွာလုံး ထုံးစံအတိုင်း လော်ဘေးဒဏ်ကို ခံနေရပေသည်။ ဗိုလ်အောင်ဒင် ပြန်မလာပါစေနှင့်ဟု အီကြာအော်တွေးမိသည်။ အသက်ငါးဆယ်ကျော်လာပြီမို့ အအိပ်ဆတ်ပြီး ညဘက် အိပ်မပျော်ချင်သလို ဖြစ်သည်။ အနှီ ထိုထိုသောလော်ဖြင့် တဖက်သားကို ဒုက္ခပေးလေ့ရှိသည့် ခက်သေးလော်ကိုင်အလှူခံများကို ငါနှင့် ကိုင်တုတ်ချင်စိတ်ကလေးကို မျိုသိပ်လိုက်ရပေသည်။ ထိုစဉ်အခါတွင် ခက်သေးရွာလယ်ခေါင်မှ ယာဉ်ကျောပြောင်းပြန်စီးလာသော ဖွတ်ကလေးတယောက် ဆိုင်ကယ်တဖွတ်ဖွတ်နှင့် အီကြာအော်ဆီ ရောက်လာလေတော့သည်။ “ကွမ်းတရာ ရေတမုတ်နဲ့ နာရီလေးတော့ ငါ့ဆီ ထားခဲ့” ဖွတ်ကလေးက သူ့အသံပြဲဖြင့် သီချင်းဆိုရင်း ဆိုင်းမဆင့် ဗုံမပါပဲ...

Read more »

အီကြာအော် ● ဖွတ်ကလေး၊ ကော်ဖီအာနံ၊ ဘိုကီမွန်နှင့် ဘမသ အဖွဲ့ကြီး (သရော်စာ)

September 3, 2016
အီကြာအော် ● ဖွတ်ကလေး၊ ကော်ဖီအာနံ၊ ဘိုကီမွန်နှင့် ဘမသ အဖွဲ့ကြီး (သရော်စာ)

အီကြာအော် ● ဖွတ်ကလေး၊ ကော်ဖီအာနံ၊ ဘိုကီမွန်နှင့် ဘမသ အဖွဲ့ကြီး (သရော်စာ) (မိုးမခ) စက်တင်ဘာ ၃၊ ၂၀၁၆ “ကော်ဖီ အလိုမရှိ ကော်ဖီ အလိုမရှိ ကော်ဖီ အလိုမရှိ” ခက်သေးရွာလယ်တွင်ကား ရွာသားတချို့ ဆန္ဒပြနေကြသည်။ အီကြာအော်တယောက် ကော်ဖီအလွန်ကြိုက်သူ ဖြစ်သဖြင့် ကော်ဖီဆိုင်တွေကို ခက်သေးရွာသားတွေ သပိတ်မှောက်ရင်တော့ ခက်ရချေရဲ့ဟု တွေးမိလေသည်။ “ဟေ့ကောင် ဖွတ်ကလေး တို့ရွာမှာ ဘာတွေဖြစ်နေလို့ ကော်ဖီတွေ အလိုမရှိ အော်နေရတာလည်း၊ ချိုင်းလ်ဒလေဘာ ကလေးအလုပ်သမားတွေကို ကော်ဖီဆိုင်တွေမှာ အလုပ်ခန့်ထားလို့လား” အိတ်တလုံးလွယ်လျက် ပွတ်ဖုန်းတလုံးနှင့် ခက်သေးရွာလယ်ကောင်တွင် ပိုကီမွန် အဖမ်းထွက်လာသော ဖွတ်ကလေးကို အီကြာအော်က ဘိုလို မတတ်တတတ်ဖြင့် ဖမ်းမေးလိုက်သည်။ “မဟုတ်ပါဘူး ဆရာအော်ရယ်၊ ယူနန်ပြည်က ကော်ဖီအာနံဆိုတဲ့တရုတ်ကြီးကို...

Read more »

အီကြာအော် ● ဖွတ်ကလေး၊ အီကြာအော်နှင့် ခက်သေးရွာမှ ပုဂါမ ငလျင်ကြီး (သရော်စာ)

August 30, 2016
အီကြာအော် ● ဖွတ်ကလေး၊ အီကြာအော်နှင့် ခက်သေးရွာမှ ပုဂါမ ငလျင်ကြီး (သရော်စာ)

အီကြာအော် ● ဖွတ်ကလေး၊ အီကြာအော်နှင့် ခက်သေးရွာမှ ပုဂါမ ငလျင်ကြီး (သရော်စာ) (မိုးမခ) သြဂတ်စ် ၃၀၊ ၂၀၁၆ “ဆရာအော် ဆရာအော်” တပည့်ကျော် ဖွတ်ကလေး၏အသံသေးအသံကြောင်ဖြင့် အော်သံကြောင့် အီကြာအော်တယောက် စားပွဲအောက်က ဖျာပေါ်တွင် အိပ်နေရာမှ လူးလဲ၍ ထလာရပေသည်။ “ဆရာအော်ကလည်း နေ့ခင်ကြောင်တောင်ကြီး စားပွဲအောက် ဘာဝင်လုပ်နေတာလဲဗျ” “ဟကောင်ရ ခုတလော ငလျင်တွေလှုပ်တော့ သတိလေးဘာလေး ထားရတယ်လေ၊ သတိဆိုတာ ပိုတယ် မရှိပေဘူး၊ ငလျင်လှုပ်ရင် တြိဂံဆိုတဲ့ဘေးလွတ်နေရာ အစောကတည်းက ရှာထားရတယ်ကွ” ဖွဘုတ်တခွင်တွင် ရေးသားထားသော စာတိုစာစ ရသမျှ ဗဟုသုတကလေးများကိုကိုးကားရင်း အီကြာအော်တယောက် ခက်သေးရွာသားပြီပြီ သူတပါးကို အခွင့်ကြုံတုန်း ဆရာလုပ်လိုက်လေသည်။ ခက်သေးရွာ ပုဂါမရပ်ကွက်ကြီးတွင်လည်း ငလျင်ကြောင့် ဘုရားပုထိုးများ အတော်ပျက်သွားသည်။...

Read more »

အီကြာအော် ● ဖွတ်ကလေး၊ ပိုကီအွန်နှင့် ခက်သေးရွာမှ ပိုကီမွန်ဂိုးရောဂါ

August 14, 2016
အီကြာအော် ● ဖွတ်ကလေး၊ ပိုကီအွန်နှင့် ခက်သေးရွာမှ ပိုကီမွန်ဂိုးရောဂါ

အီကြာအော် ● ဖွတ်ကလေး၊ ပိုကီအွန်နှင့် ခက်သေးရွာမှ ပိုကီမွန်ဂိုးရောဂါ (မိုးမခ) သြဂတ်စ် ၁၄၊ ၂၀၁၆ ခုတလော ခက်သေးရွာတရွာလုံး လှုပ်လှုပ်ရွရွ ဖြစ်နေကြသည်။ လှုပ်လည်းလှုပ် ရွလည်းရွကြရသည့် အကြောင်းရင်းမှာကား တခြားရွာများမှာကဲ့သို့ပင် ခက်သေးရွာကာလသားများ ခေတ်မှီ “ပိုကီမွန်ရောဂါ” ထနေသောကြောင့်ဖြစ်သည်။ ကွမ်းတံတွေး ထွေးခြင်း၊ တွေ့ကရာနေရာတွင် အမှိုက်ပစ်ခြင်း၊ တန်းမစီပဲနေရာလုခြင်း၊ ကားကို ယာဉ်ကြောပြောင်းပြန်မောင်းခြင်းစသည့် ခက်သေးအကျင့်မျာကို မူပိုင်ယူထားသော ရွာသားအများစုကား မဟုတ်တာဆိုလျှင် ထိပ်ဆုံးက အတုခိုးတတ်ပေသည်။ ဘောက်ကန်နှင့် စူကာပင်ရွာများသို့ သွားလည်လျှင်ကား ခက်သေးရွာသားတို့၏ အရိုးစွဲနေသော အကျင့်ဆိုးတို့သည် ကြက် ပျောက် ငှက်ပျောက်ကုန်ပြီး စည်းကမ်းရှိကုန်လေသည်။ သို့သော်လည်း ခက်သေးရွာ ပြန်ရောက်လျှင်ကား ခွေးမြီးကောက် ကျည်တောက် စွပ်သည့်နှယ် ဒုန်ရင်း ဒုန်ရင်းပင် ဖြစ်သွားသည်။...

Read more »

အီကြာအော် – ဖွတ်ကလေး၊ အီကြာအော်နှင့် ပတ်ပြေးဆေးရုံ ဇီးသီးဗန်းမှောက်ပွဲ

February 28, 2016
အီကြာအော် – ဖွတ်ကလေး၊ အီကြာအော်နှင့် ပတ်ပြေးဆေးရုံ ဇီးသီးဗန်းမှောက်ပွဲ

အီကြာအော် – ဖွတ်ကလေး၊ အီကြာအော်နှင့် ပတ်ပြေးဆေးရုံ ဇီးသီးဗန်းမှောက်ပွဲ (မိုးမခ) ဖေဖော်ဝါရီ ၂၈၊ ၂၀၁၆ ခက်သေးရွာကြီး၏ ယုန်ကန်ဆေးရုံကြီးတွင် အရေးပါအရာရောက်သော အစောင့်မှူးရာထူးရထားသည့် ဖွတ်ကလေးတယောက် ရင်ပတ်မှာ ဖဲကြိုးအနက် တပ်၍ တက်ကြွသော ကြက်ဖကြီး တကောင်ပမာဖြင့် အီကြာအော်၏ အိမ်သို့ပေါက်ချ လာလေတော့သည်။ ”ဟေ့ကောင် ဖွတ်ကလေး မင်းကြည့်ရတာ မြောက်ကြွမြောက်ကြွနဲ့ ဘာတွေ လုပ်နေတာလဲ’ ”ဒါက ဒီလိုရှိတယ် ဆရာအော်ရဲ့” ”ဘယ်ဟာက ဘယ်လိုရှိနေတာလဲ ။ 
ရှင်းစမ်းပါဦး” ”ကျုပ်တို့ ယုန်ကန်ဆေးရုံကြီးဘေးက မြေကွက်လပ် သိတယ်မဟုတ်လား””အေး သိတာပေါ့ကွ၊ အရင်ကတောင် ကားပွဲစားတန်း လုပ်သေးလို့ ငါတောင် ပွဲစားလုပ်ဘူးသေးတယ်လေ
၊ ဘာဖြစ်လို့လဲ’ ”ဟုတ်တာပေါ့ ဆရာအော်
…၊ အခုတော့ စူကာပင်ရွာက ပတ်ပြေးအုပ်စုကို ရောင်းလိုက်တာမို့လို့ ကျုပ်တို့ ဝန်ထမ်းတွေရော...

Read more »

အီကြာအော် – ဖွတ်ကလေး၊ အီကြာအော်နှင့် ခက်သေးရွာမှ အမှိုက်ကောက်ပွဲကြီး

December 5, 2015
အီကြာအော် – ဖွတ်ကလေး၊ အီကြာအော်နှင့် ခက်သေးရွာမှ အမှိုက်ကောက်ပွဲကြီး

အီကြာအော် – ဖွတ်ကလေး၊ အီကြာအော်နှင့် ခက်သေးရွာမှ အမှိုက်ကောက်ပွဲကြီး (မိုးမခ) ဒီဇင်ဘာ ၅၊ ၂၀၁၅ ခက်သေးရွာကြီးတရွာလုံး အမေပုက “အမှိုက်ကောက်ကြ” ဆိုသော စကားကြောင့် အမှိုက်မကောက်သူတို့လျှင် ခေတ်မမှီ သလို ဖြစ်နေပေတော့သည်။ တလောကလည်း ရွေးကောက်ပွဲအပြီးတွင် အသံတိတ်ပွဲဖြင့်သာ အောင်ပွဲခံရမည်ဟု အမေပုက မိန့်တော်မူလေသဖြင့် တရွာလုံး နားရွက်တောင် မခတ်ရဲကြ။ လင်မယားချင်းတောင် လေသံလေးဖြင့် ပြောကြရသည်။ လေလည်လျှင်တောင်တိုးတိုးသက်သာ လည်ကြသည်ဟု အတွင်းစကားများအရ ကြားရပေသည်။ တော်ကြာအမေပု စကား နားမထောင်မိ၍ ရွာလူဂျီးများ စိတ်တော်ညိုငြင်လျှင် အီကြာအော်မွေးကတည်းက မမမြင်ဘူးသည့် ပူတူတူး ခက်သေး ဒီမိုကရေစီလေး မြောင်းထဲရောက်သွားမှာ စိုးကြရှာသည်။ ဖွတ်ကလေးတယောက်လည်း ခက်သေးရွာသားအများနည်းတူ အမှိုက်ကောက်စတိုင်ဖမ်းပြရင်း ရာဘာလက်အိပ်စွပ်ကာ ပလပ်စတစ်ကောက်သည့် တုတ်တချောင်းကိုကိုင်၍ ဟန်ရေးတပြပြဖြင့်...

Read more »

အီကြာအော် – ဖွတ်ကလေး – ဆိုက္ကားနင်း ဖွန်ကြောင်ခြင်းနှင့် ခက်သေးရွာသား ဘသုံးလုံးများ

November 21, 2015
အီကြာအော် – ဖွတ်ကလေး – ဆိုက္ကားနင်း ဖွန်ကြောင်ခြင်းနှင့် ခက်သေးရွာသား ဘသုံးလုံးများ

စောငိုကာတွန်း၊ ၂၀၁၁ တုန်းက အီကြာအော် – ဖွတ်ကလေး – ဆိုက္ကားနင်း ဖွန်ကြောင်ခြင်းနှင့် ခက်သေးရွာသား ဘသုံးလုံးများ (မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၅ ရွေးကောက်ပွဲကြီးအပြီးခက်သေးရွာတွင် ဆိုက္ကားသမားများကို အမေပုက ကိတ်မုန့်ဖြင့် ကျေးဇူးတင်ပြီးသကာလ ဆိုက္ကားနင်းသည်မှာ ခေတ်စားနေပေသည်။
ဘယ်ကငှားလာသည် မသိသော ဆိုက္ကားတစီးကို ယိုင်တိယိုင်တိုင်ဖြင့် နင်းလာသော ဖွတ်ကလေးက သူ့ဆရာ အီကြာအော်ကို အူယားဖားယားဖြင့် အပြေးလာပြီး သံတော်ဦးတင်လေသည်။ ”ဆရာအော်ရေ 
အမေပုက သမတကြီးရဲ့ ခေါင်းပေါ်က နေမှာတဲ့” ”ဟေ့ကောင် ဖွတ်ကလေး….၊ မင်းဆိုက္ကား မနင်းတတ်ပဲ နင်းလာတယ်၊
 ပေါ်ပေါ်လုပ်ပြီး မာလက ဈာန်ကြွနေဦးမယ်၊
  မင်းပြောတာ သမတဂျီးက ထမိန်ခြုံသလို ဖြစ်နေတယ်ကွ၊ 
သမတဂျီးကို ခေါင်းဆောင်မယ် ပြောပါကွာ” ”အရာကြီးနဲ့ ဘာဘူကြီးက...

Read more »

အီကြာအော် – ဖွတ်ကလေး၊ ဇွန်ဇွန်နှင့် ရွေးကောက်ပွဲကြီးအလွန် ခက်သေးရွာ


November 17, 2015
အီကြာအော် – ဖွတ်ကလေး၊ ဇွန်ဇွန်နှင့်  ရွေးကောက်ပွဲကြီးအလွန် ခက်သေးရွာ


ကာတွန်း ဘီရုမာ၊ ၂၀၁၅ ဧပြီ၊ အီကြာအော် – ဖွတ်ကလေး၊ ဇွန်ဇွန်နှင့်  ရွေးကောက်ပွဲကြီးအလွန် ခက်သေးရွာ (မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၅ ခက်သေးရွာကြီးကား ရွာလုံးကျွတ်ရွေးကောက်ပွဲကြီး အပြီးတွင် ရဲရဲနီနေပေတော့သည်။ “အမေပု
၊ အမေပု
၊ အမေပု…” ဟူ၍ ခက်သေးရွာတရွာလုံး မပုလျှင် ခေတ်မမှီ၊ မှီအောင် တပုပုဖြင့် ပုနေကြလေသည်။ အမေပုခေါင်းဆောင်သော ဒေါင်းပါတီက ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရသွားသောကြောင့် ခက်သေးရွာတရွာလုံး ကြွက်နီကအစ အီကြာအော်အဆုံး တပြုံးပြုံး ဖြစ်နေကြသည်။ မကြာသေးခင်ကပင် တရွာလုံး ရေကြီးသဖြင့် တောင်ပြို ကမ်းပြို ငိုခဲ့ကြရသေးပေသည်။ တငိုငိုအပြီး တရီရီ လုပ်နိုင်ပြီမို့ တော်သေးပေတော့သည်။ ရွာလယ်ကောင်မှနေ၍ ဒေါင်းအရုပ်ပါ ခေါင်းစီးအနီပတ်ပြီး ဘောင်းဘီဖင်ကျပ်ဖြင့် ဆိုင်ကယ်စီး၍လာသော ဖွတ်ကလေးတယောက်...

Read more »

အီကြာအော် – ဖွတ်ကလေး၊ ဝါးထားပါတီ၊ အီးခရားအော်နှင့် ဘဖြောင်

June 5, 2015
အီကြာအော် – ဖွတ်ကလေး၊ ဝါးထားပါတီ၊ အီးခရားအော်နှင့် ဘဖြောင်

 အီကြာအော် – ဖွတ်ကလေး၊ ဝါးထားပါတီ၊ အီးခရားအော်နှင့် ဘဖြောင် (မိုးမခ) ဇွန် ၅၊ ၂၀၁၅ “ဝါးထားပါတီ ရေပါတီဟေ့ ဝါးထားပါတီ ရေပါတီဟေ့……” နှပ်ချေးတွဲလောင်းကြွက်နီတို့ကလေးတသိုက် ခက်သေးရွာလယ်ကောင်တွင် တယောက်နှင့်တယောက် ရေပြွတ်ဖြင့် ပက် သည့်ဟန်လုပ်ကာ ကစားနေကြလေသည်။ “ဟာ…… 
ဒီကလေးတွေကလည်း သင်္ကြန်ပြီးတာဖြင့် တလတောင်ကျော်နေပြီကွ။ ဘာတွေလျှောက်အော်နေတာလည်း မ သိဘူး….” ပူလွန်းသဖြင့် စွပ်ကြယ်ချိုင်းပြတ်ဝတ်ကာ အိမ်အောက်တွင် ယပ်တောင်တဖြတ်ဖြတ်လုပ်နေသော အီကြာအော်က တပည့် ကျော် ဖွတ်ကလေးကို ကွန်ပလိန့်တက်လိုက်သည်။ ခက်သေးရွာ၏ထုံးစံအတိုင်း လျှပ်စစ်မီးက ခွဲတမ်းနှင့်ပဲရသည် မဟုတ် လား။ အဲကွန်းစက်သည်လည်း ခက်သေးရွာရောက်မှ မကြာခဏ အနားရတော့သည်။ “သူတို့က အဆိုကျော် “ဖယူ ဖယူ ကယော်ထိန်း” ဆိုတာကို သဘောကျကြလို့နေမှာပေါ့ ဆရာအော်ရဲ့…..”...

Read more »

အီကြာအော် – ဘပြောင်၏ “ဆင်း…ဆပ်”

April 9, 2014
အီကြာအော် – ဘပြောင်၏ “ဆင်း…ဆပ်”

ဘပြောင်၏ “ဆင်း…ဆပ်” အီကြာအော် ဧပြီ ၉၊ ၂၀၁၄ ရွာလူကြီး ဘပြောင်တစ်ယောက် စိတ် မလုံမလဲ ဖြစ်နေသည်။ ယခုတစ်လော လူအများက “ဆင်း….ဆပ်၊ ဆင်း….ဆပ်” နှင့် ပြောနေသံတွေကို သူ မကြာခဏ ကြားနေရသည်။ ရာထူးက မဆင်းချင်သူမို့ “ဆင်း” ဆိုသည်ကို သူ့နားဝမှာ မကြားချင်။ တယ်လီဖုန်း ဆင်းကဒ်တွေကိုတောင် အမိန့်အာဏာဖြင့် ပြောင်းလို့ရလျှင် မည်သူမျှ “ဆင်းကဒ်” ဟု မခေါ်ရပဲ “ဖုန်းကဒ်” ဟုသာ ခေါ်ဆိုရမည်ဟု အမိန့်ထုတ်လိုက်ချင်သည်။ အခု “ဆင်း..ဆပ်”ကိစ္စကို သူ့တပည့်ကျော် “ရဲပွတ် ” ကိုတော့ မေးကြည့်ဦးမည်ဟု တွေးမိသည်။ ဘပြောင်၏ ဖွရေးဆိုခွင့်ရှိသူ ရဲပွတ်ခမျာ နာမည်ရင်း ပျောက်ပြီး ဖွဘုတ်ကိုပွတ်၍ ဖွလွန်းသဖြင့် “ရဲပွတ်”ဟု...

Read more »

အီကြာအော် – ဖွတ်ကလေး၏ ခေတ်ပေါ်အပွတ်ရောဂါ နှင့် အီကြာအော်

April 1, 2014
အီကြာအော် – ဖွတ်ကလေး၏ ခေတ်ပေါ်အပွတ်ရောဂါ နှင့် အီကြာအော်

ဖွတ်ကလေး၏ ခေတ်ပေါ်အပွတ်ရောဂါ နှင့် အီကြာအော် အီကြာအော် ဧပြီ ၁၊ ၂၀၁၄ cartoon source : www.mirror.co.uk နွေဦးက ပေါက်လာပြီမို့ ခက်သေးရွာကြီးလည်း ကျွတ်ကျွတ် ပူနေလေသည်။ “ဒီအချိန်ရောက်လာရင် ခက်သေးမီးတွေ ဖောက်ဖောက်လာတယ်”…ဟု ဆိုရမလောက်အောင်ပင် မီးကလည်း ခဏခဏ ပျက်လေတော့ သည်။ မီးလောင်မှာကိုလည်း လန့်ရသေးသည်။ ကိုယ့်ရွာကထွက်သော သဘာဝဓာတ်ငွေ့များကို ရွာအတွက်မလို ပိုလျှံသည်ဆိုကာ တခြားရွာသို့ ရောင်းစားသော ရွာလူကြီးများ၏ ရွှေဥာဏ်တော်ကို မေတ္တာပို့သမိသည်။ တခြားရွာများက ခက်သေးရွှာမှ ဓာတ်ငွေ့တွေကို ၀ယ်ကာ လျှပ်စစ်ထုတ်ပြီး မီးရောင်ထိန်ထိန်လင်းနေချိန်တွင် ခက်သေးရွာသူရွာသားများမှာဖြင့် ဖယောင်းတိုင်နှင့် နှစ်ပါးသွားရသည်။ နွေရောက်လျှင် ဖယောင်းတိုင်မှ လောင်သောမီးကြောင့် ရွာမှအိမ်များလည်း နှစ်တိုင်း လောင်ပေးရသည်။ ဒီကြားထဲ စာရင်းဖျောက်ချင်သော ခက်သေးရွာ...

Read more »

Eikyar Aww – Stiare

October 3, 2013
Eikyar Aww – Stiare

အီကြာအော်၏ အီကြာအော် အမ်အာတီဗွီဖိုး (MRTV 4) နှင့် ဗျူးခြင်း အီကြာအော် အောက်တိုဘာ ၃၊ ၂၀၁၃ ရွှေရောင်လက်လက်ထနေသော အမ်အာတီဗွီဖိုး (MRTV 4)၏ ဖိတ်စာကို အီကြာအော်တစ်ယောက် လက်ထဲမှကိုင်၍ ရင်ကိုကော့ကာ တက်က်စီကားထဲမှ ဆိုက်ပေး၍ ထွက်တော်မူလိုက်သည်။ “ဆရာအီကြာအော်အား လေးစားစွာဖြင့် ဖိတ်ကြားပါသည်” ဆိုသော စာကြောင်းကို အကြိမ်ကြိမ်ဖတ်ကြည့်မိခဲ့သည်။ အီကြာအော်တစ်ယောက် ဖိတ်စာရမှ ကမန်းကတန်း အကြွေးဖြင့် သွားဝယ်ပြီးဝတ်ထားသော လည်ကတုံး၊ တိုက်ပုံအင်္ကျီနှင့် ပိုးတုပုဆိုးတို့မှာ ခေါက်ရိုးပင် မကြေသေး။ ကတ္တီပါဘိနပ်ကလည်း အသစ်ကြပ်ချွတ်မို့ ခိုးလိုးခုလု ဖြစ်နေသော်လည်း ပြုံး၍ ဟန်ဆောင်နေရသည်။ စိတ်ထဲတွင် အပြန် ကားခသက်သာအောင် ခြေလျှင်လျောက်ပြီး ပြန်ရရင်တော့ ဘိနပ်တော့ ပေါက်ပါပြီဟု တွေးနေမိသည်။ အဗျူးခံဖို့ သွားရမလို...

Read more »

Eikar Aww – Staire

September 19, 2013
Eikar Aww – Staire

ဖွတ်ကလေးနှင့် အီကြာအော် လူရည်ချွန်စိတ်မွေးကြည့်ခြင်း အီကြာအော် စက်တင်ဘာ ၁၉၊ ၂၀၁၃ “လန်းလှချေလား ဆရာအော်ရဲ့ ” ဖွတ်ကလေးက ဝေါ့ကင်းရှူးစီးထားပြီး အားကစားဝတ်စုံ အပေါ်အောက် ဆင်တူဝတ်ထားသော အီကြာအော်ကို ကြည့်ပြီး မြှောက်ပင့်၍ ပြောလိုက်လေသည်။ “အေးကွ……၊ ငါ အခု ကိုယ်လက်လှုပ်ရှားဖို့ ပြင်ဆင်နေတာ” စိတ်ဓာတ် တက်ကြွနေပုံရသော အီကြာအော်က လှုပ်လှုပ်ရှားရှားလုပ်ရင်း ဖွတ်ကလေးကို လှမ်းပြောလိုက်သည်။ “ဆရာအော်က တယ်ပြီး ဖလန်းဖလန်း ဖြစ်နေပါလားဗျ” “အေးလေကွာ….၊ငါ လူရည်ချွန်စိတ် မွေးရမယ်၊ အခု ငါတော့ လူရည်ချွန်ဟောင်းအဖွဲ့ထဲကို ရောက်သွားပြီကွ” ဖွတ်ကလေးက သူ့ဆရာအီကြာအော်၏ စကားကို မယုံနိုင်သော မျက်နှာဖြင့်ကြည့်ရင်း “ဆရာအော် ဘယ်လိုများ ပြောင်းလဲသွားတာလည်း” ဟုမေးခွန်းထုတ်လိုက်သည်။ “ဟဲဟဲ…၊ ငါ့အကြောင်းကိုကြားသွားတဲ့ လူရည်ချွန်ဟောင်းအဖွဲ့က ဆရာမကြီး...

Read more »

Eikyar Aww – Staire

September 14, 2013
Eikyar Aww – Staire

ဖွတ်ကလေး၊ အီကြာအော်နှင့် လူရည်အချွန်များအကြောင်း အီကြာအော် စက်တင်ဘာ ၁၄၊ ၂၀၁၃ “လူရည်ချွန်ဟောင်းတွေ အဖွဲ့ဖွဲ့ပြီး လူပြန်စုနေကြတယ် ဆရာအော်ရေ” ဖွတ်ကလေးတစ်ယောက် သူ၏ဆရာ အီကြာအော်ကို လူရည်ချွန်ဟောင်းတစ်ဦးမှန်း သိသဖြင့် သတင်းထူးကို သံတော်ဦး တင်လေသည်။ “ဟုတ်လားဖွတ်ကလေးရဲ့ ” အီကြာအော်က မယုံ့တယုံဖြင့် ဖွတ်ကလေးကို ပြန်မေးလိုက်သည်။ “ဟုတ်ပါတယ် ဆရာအော်ရဲ့၊ ကျွန်တော့မျက်စေ့နဲ့ သတင်းစာထဲမှာ တွေ့လိုက်တာပဲ” “အေး ကောင်းတာပေါ့ကွာ၊ တကယ်တော်တဲ့ လူရည်ချွန်၊ လူရည်မွန်တွေပေါ်လာရင်တာ့ တိုင်းပြည်အတွက် ကောင်းတယ်ကွ” “အခုတော့ တချို့လူရည်ချွန်အဟောင်းတွေလည်း ရိုက်စားတွေ၊ စားဖားတွေ ဖြစ်ကုန်တာ နှမြောသကွာ” အီကြာအော်က တကယ်နှမြောသော လေသံဖြင့် ဖွတ်ကလေးအား ပြောလိုက်လေသည်။ “လူရည်ချွန်တွေကလည်း ရိုက်စား လုပ်တတ်သလား ဆရာအော်ရဲ့ ၊ ကျုပ်က...

Read more »

Ei Kyar Aww – Staire

September 7, 2013
Ei Kyar Aww – Staire

ဖွတ်ကလေးနှင့် အီကြာအော် နှာစေးရခြင်းအကြောင်းရင်း အီကြာအော် စက်တင်ဘာ ၇၊ ၂၀၁၃ အီကြာအော်တစ်ယောက် အခုတလော နှာစေးစေးနေရသည်ကို အတော်ပင် စိတ်ညစ်နေသည်။ သူနှာစေးရခြင်း၏ အကြောင်းရင်းမှာ တပည့်ကျော် ဖွတ်ကလေးတစ်ယောက်ကဲ့သို့ မိုးမိ၍ မဟုတ်ချေ။ မိုးတွင်းဖြစ်၍ မိုးများ သည်းထန်စွာရွာသောကြောင့် ဖွတ်ကလေးတစ်ယောက် တလောက မိုးမိကာ နှာစေးသည် မဟုတ်ပါလား။ အီကြာအော်တစ်ယောက် အတွေးနယ်ချဲ့မိသည်။ အသက်အရွယ်ကပဲ ကြီးလာလို့ မိမိပဲ နှာပိုစေးရတာလား တွေးမိသည်။ အဖြေမရှိချေ။ အများနှင့်တစ်ယောက် ဖြစ်နေသည်မို့ နှာစေးနေရသည်က များသည် မဟုတ်လော။ “ဟေ့ကောင် ဖွတ်ကလေး မင်းက အခုတလော ပျောက်ချက်သား ကောင်းလှချေလား။ ဘာဂွင်တွေ တွေ့နေပြန်ပြီလည်း။” ဆိုင်မဆင့် ဗုံမပါရောက်လာသော တပည့်ကျော်ဖွတ်ကလေးကို ထုံးစံအတိုင်း အီကြာအော်က ခနဲ့၍ မေးလိုက်လေသည်။...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်