မောင်ရင်ငတေ

မောင်ရင်ငတေ – မုန်တိုင်း၏အစ သို့မဟုတ် Ba-Ta-Clan ရဲ့ အဆုံးနိဂုံးလား

November 15, 2015
မောင်ရင်ငတေ – မုန်တိုင်း၏အစ သို့မဟုတ် Ba-Ta-Clan ရဲ့ အဆုံးနိဂုံးလား

Bataclan ပြဇာတ်ရုံ မူလအနေအထား   မောင်ရင်ငတေ – မုန်တိုင်း၏အစ သို့မဟုတ် Ba-Ta-Clan ရဲ့ အဆုံးနိဂုံးလား (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၅ Le Bataclan, L’Origine Ba-Ta-Clan ဘာတာကလန် ၁၈၆၄ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ မြို့တော်ပါရီရဲ့ ထိမ်းသိမ်းစောင့်ရှောက်ရမယ့် အဆောက်အဦး စာရင်းမှာပါဝင်နေပြီဖြစ်တဲ့ တရုတ်ဘုံကျောင်းသဏ္ဍန် ဗိသုကာလက်ရာ အဆောက်အဦးကြီးတခုပါ၊ ပါရီမြို့လယ် အမှတ် ၁၁ ရပ်ကွက် Boulevard Voltaire လမ်းမပေါ်မှာ တည်ရှိပါတယ်၊   ဂျာမန် ဂျူးနွယ်ဖွား ကိုလုံးမြို့သား ပြင်သစ်လူမျိုး ပြဇာတ်ဆရာ စာရေးဆရာ Jacques Offenbach (1819-1880) နဲ့ ပြင်သစ်လူမျိုး ပါရီမြို့သား ပြဇာတ်ဆရာ Ludovic Halévy (1834-1908) တို့ရဲ့ Ba-ta-clan...

Read more »

မောင်ရင်ငတေ – ဘဝထဲကလူသား ၊ ပါရီ သို့မဟုတ် မျှော်လင့်ခြင်း၏ မနက်ဖန်များ

November 13, 2015
မောင်ရင်ငတေ – ဘဝထဲကလူသား ၊  ပါရီ သို့မဟုတ် မျှော်လင့်ခြင်း၏ မနက်ဖန်များ

ပါရီ သို့မဟုတ် မျှော်လင့်ခြင်း၏ မနက်ဖန်များ (ဓါတ်ပုံ မရငတ) မောင်ရင်ငတေ – ဘဝထဲကလူသား ၊  ပါရီ သို့မဟုတ် မျှော်လင့်ခြင်း၏ မနက်ဖန်များ   (မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၁၅ လက်သစ်ဈေးသည်တယောက်ရဲ့ ပါရီမေထရိုထိပ်က ဈေးဆိုင်လေး တဆိုင်ပါ၊              ဈေးသည်လက်သစ်တဦးရဲ့ …… ရင်ထဲက ခံစားချက်တွေကို အင်တာမဗျူးပါဘဲ  . . . …… …….. . မောင်ရင်ငတေ . . … သာ . …. ဆိုရင်  . ….. စိတ် နဲ့  . . … . ....

Read more »

မောင်ရင်ငတေ – ရာဇဝင်ထဲကလူသားများ (မာရီ အန်တွမ်းနက် သို့မဟုတ် ကိတ်မုန့်စားသူကြီး)

October 15, 2015
မောင်ရင်ငတေ – ရာဇဝင်ထဲကလူသားများ (မာရီ အန်တွမ်းနက် သို့မဟုတ် ကိတ်မုန့်စားသူကြီး)

မောင်ရင်ငတေ – ရာဇဝင်ထဲကလူသားများ (မာရီ အန်တွမ်းနက် သို့မဟုတ် ကိတ်မုန့်စားသူကြီး) (မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၁၅ Marie-Antoinette (1775) par Gautier d’Agoty (1740-1786)     (Photo Google) (Marie-Antoinette Josèphe Jeanne de Habsbourg-Lorraine) (Maria Antonia Josepha Johanna von Habsburg-Lothringen) ဥရောပသမိုင်းမှာ နာမည်ကျော်ခဲ့တဲ့ မင်းညီမင်းသား မင်းသမီးတွေ အများကြီး ရှိခဲ့ဖူးပါတယ်။ အဲဒီထဲမှာမှ ဒီ သြစတြီးယား ဘုရင့် မင်းသမီး Marie-Antoinette d’Autriche မာရီ အန်တွမ်းနက်ရဲ့ နာမည်ကျော်ကြားခဲ့ပုံကတာ့ တမျိုးတဘာသာပါ၊ မာရီ အန်တွမ်းနက် (၁၇၅၅-၁၇၉၃) ကို ဒီကနေ့ သြစတြီးယားပြည်ရဲ့ မြို့တော်...

Read more »

မောင်ရင်ငတေ – အတွေးစတစ (နယ်စည်းမခြားအတွေးများ)

October 6, 2015
မောင်ရင်ငတေ – အတွေးစတစ (နယ်စည်းမခြားအတွေးများ)

မောင်ရင်ငတေ – အတွေးစတစ (နယ်စည်းမခြားအတွေးများ) (မိုးမခ) အောက်တိုဘာ ၆၊ ၂၀၁၅ ပကျော့ရဲ့ မိုတောင်ဂိတ်ဝရောက် မရငတ (Photo KCorail) မောင်ရင်ငတေတယောက် ဒီတခေါက် ထိုင်းနိုင်ငံခေါ် စီယမ်ခေါ် ယိုးဒယားခေါ် ယပက်လက်တို့ရဲ့ နိုင်ငံတော်ကြီးမှာ ရက် ပေါင်း လေးဆယ်ကျော် ဆက်တိုက်နေထိုင ဖြစ်ခဲ့ပါတယ်။ အရင့်အရင် ထိုင်းမြေကြီးကို ရောက်ခဲ့ဖူးတဲ့ အခေါက်တွေမှာက ခရီးတွေသွားဖြစ်ခဲ့ပေမယ့်လည်း ဒီတခေါက်မှာတော့ အ ကြောင်းသင့်ပြီး နေရာတော်တော်များများ ထိုင်း ရွှေပြည်ကြီးအတွင်း သွားဖြစ် ရောက်ဖြစ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာ ခရီးသွားရတာ ခက်ခဲလှတယ်လို့တော့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် မောင်ရင်ငတေ့အတွက် ထိုင်းမြေကြီးကို မနင်းဖြစ်တာက နှစ်တော်တော်ကြာနေတာရယ် တတ်ထားတဲ့ ယပက် လက်စကားတွေကလည်း  လေးငါးဆယ်လုံးလောက်ကလွဲလို့ ပီသအောင်လို့ မပြောနိုင်တော့တာကြောင့်ရယ် တယောက်...

Read more »

မောင်ရင်ငတေ – ဘဝထဲက လူသား … ခါးဘုရင်မလေးများ

September 17, 2015
မောင်ရင်ငတေ – ဘဝထဲက လူသား … ခါးဘုရင်မလေးများ

မောင်ရင်ငတေ – ဘဝထဲက လူသား … ခါးဘုရင်မလေးများ (မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၁၅ ဒီတခါ မောင်ရင်ငတေပြောပြချင်တာကတော့ ပါရီမြို့တော်ရဲ့ နာမည်ကျော် ခါးဘုရင်မလေးတွေရဲ့အကြောင်းပါ။ ခါးဘုရင်မ လေးတွေဆိုလိုက်လို့ လူဝီဘုရင်တွေခေတ်က လက်ကျန်မျိုးနွယ်ဖွားတွေလို့တော့ မထင်လိုက်ပါနဲ့။ သူတို့လေးတွေရဲ့ ဘဝဇာတ်ကြောင်းတွေ အတိတ်အဟောင်းတွေကိုသာ မသိရင်နေကြပါမယ်၊ ပါရီမြို့ကို လည်ပတ်ဖူးကြသူတိုင်းတော့ ထိ တွေ့ဖူးကြမှာပါ။ ကြားဖူးကြမှာပါ။ ခါးဘုရင်မလေးများလို့ တင်စားလိုက်ရတဲ့အကြောင်းရင်းက သူတို့တတွေထဲကအများစုက ငယ်ငယ်ရွယ်ရွယ် နုနုလေးတွေ မို့ပါ။ တချို့ဆိုရင် မော်ဒယ်ဂဲလ်လေးတွေအလားပါ။ အဲဒီလို နုနုငယ်ငယ်လေးတွေရဲ့ဝင်ငွေက ကြောက်ခမန်းလိလိမို့ ဘုရင် မအဖြစ်တင်စားပြီး သူတို့အလုပ် ** ခါးပိုက်နှိုက် ***  အလုပ်ဘွဲ့နဲ့ ပေါင်းစပ်လို့ ခါးဘုရင်မလေးများလို့ တင်စားလိုက်ရခြင်းပါ။ အဲဒီ Pickpockets . ....

Read more »

မောင်ရင်ငတေ – ဘဝထဲကလူသား (လှေစီးခရီးနှင်ကြသူများ)

September 5, 2015
မောင်ရင်ငတေ – ဘဝထဲကလူသား (လှေစီးခရီးနှင်ကြသူများ)

မောင်ရင်ငတေ – ဘဝထဲကလူသား (လှေစီးခရီးနှင်ကြသူများ) (မိုးမခ) စက်တင်ဘာ ၅၊ ၂၀၁၅  လှေစီးခရီးနှင်ကြသူများ Boat People လက်သစ်လက်ဟောင်းများ      (Photo Google MKN) Boat People . . ….. .…. Boat People ဘုတ်ပီးပဲလ်ဆိုပြီး ကမ္ဘာတလွှားမှာ အသုံးများလာကြတာခေါ်ဝေါ်လာကြတာက ၁၉၇၅ ခုနှစ်များဆီကပါ။ တောင် မြောက် ဗီယက်နမ် စစ်ပွဲအပြီးမှာ ရရာလှေတွေနဲ့ ဒေသဆိုင်ရာ ပင်လယ်တွေ ထိုမှတဆင့် ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်းလို့ လှေဦးတည့်ရာအရပ်ကို ထွက်ပြေးလာကြသူ စစ်ရှုံး တောင်ဗီယက်နမ်လူမျိုးတွေ သန်းနဲ့ချီ ပြီး ရှိခဲ့ပါတယ်။ ဗီယက်နမ်ပြည်ရဲ့ ပထဝီ အနေအထားအရကော သူတို့ လူမျိုးတွေရဲ့ ဘဝရှင်သန်မှု အလေ့အကျင့်တွေ အရကော သူတို့ဟာ...

Read more »

မောင်ရင်ငတေ – အတွေးစတစ (ငါးသိန်းတန်အိပ်မက်)

August 28, 2015
မောင်ရင်ငတေ – အတွေးစတစ (ငါးသိန်းတန်အိပ်မက်)

Aéroport International Don Muang (ဓါတ်ပုံ မရငတ) မောင်ရင်ငတေ – အတွေးစတစ (ငါးသိန်းတန်အိပ်မက်) (မိုးမခ) သြဂတ်စ် ၂၈၊ ၂၀၁၅ ဟို တမြန်နေ့ကရော မနေ့ကပါ မောင်ရင်ငတေ အိပ်မက် မက်တယ်။ ဒါမျိုးတွေလည်း ဟိုးအရင်ကတော့ မက်တော့ မကြာ ခဏ မက်ဖူးနေကြပါ။ ဒီနှစ်ပိုင်းလောက်မှာ ပိုစိတ်လာသလားတော့ မသိပါဘူး။ အကြောင်းအရာချင်းကတော့ ခပ်ဆင်ဆင်ပါ၊ ဘာလဲဆိုတော့ ပြန်တော်မူတာပေါ့။ ဘယ်နှစ်ကလည်း ဘယ်အချိန်တုန်းက လည်းရယ်တော့ မသေချာပါဘူး၊ မသိပါဘူး။ ကောင်းကင်ကနေ လေယာဉ်ကြီးစီး ပြန်ခဲ့လေသလား။ တောလမ်းကနေ တောင်ကျော်ပြီး ပြန်သလားတော့ ကွဲကွဲပြားပြား မပါပါဘူး။ အိပ်မက်ဆိုတာကလည်း ခက်သားကလား၊ ဟိုတပိုင်း ဒီတစ လောက် မှတ်မိတာလေ။ မှတ်မိတာလေးတွေ ဆက်စပ်ရေးရ...

Read more »

မောင်ရင်ငတေ – ပါရီပုံရိပ်များ

August 22, 2015
မောင်ရင်ငတေ – ပါရီပုံရိပ်များ

ခပ်ဝေးဝေးက မြင်ရပါတဲ့ အနုပညာတောင်ကုန်း (ဓါတ်ပုံ မရငတ) မောင်ရင်ငတေ – ပါရီပုံရိပ်များ အိုင်းစတိုင်း၊ ပီကာဆို နဲ့ Lapin Agile  (မိုးမခ) သြဂတ်စ် ၂၂၊ ၂၀၁၅  ပါရီမြို့တော်မှာ အထင်ကရ တောင်ကုန်းတခု ရှိပါတယ်။ La Butte Montmartre တောင်ကုန်းလို့ အမည်ရပါတယ်။ အဝေးကပင် မြင်တွေ့နိုင်ပါတယ်။ အဲဒီတောင်ကုန်း ဝန်းကျင်တဝိုက်ဟာ ပါရီမြို့မှာ အမြင်ဆုံးနေရာဖြစ်တာနဲ့အညီ ပါရီမြို့ ကြီးကို အပေါ်စီးက လှပလွမ်းမောဖွယ် မြင်တွေ့ရသလို ဟိုးအရင် ၂၀ ရာစု အလယ်ပိုင်းကာလတွေအထိတိုင်အောင် သစ်ပင် ကြီးငယ်တွေနဲ့ တောင်တက်ပတ်လမ်း ခပ်ကျဉ်းကျဉ်းတွေမှာ ကားမရှိရထားမရှိ ဆူညံသံတွေ ကင်းဝေးရာ ရွာက လေးတရွာအဖြစ်သာရှိခဲ့တယ် ဆိုကြပါတယ်။ အဲဒီတောင်ကုန်း အထင်ကရဖြစ်လာရခြင်းတွေထဲက အကြောင်းတခုပါလို့...

Read more »

မောင်ရင်ငတေ – မင်း မရှိတဲ့ တိုင်းပြည်

July 31, 2015
မောင်ရင်ငတေ – မင်း မရှိတဲ့ တိုင်းပြည်

  မောင်ရင်ငတေ – မင်း မရှိတဲ့ တိုင်းပြည် (မိုးမခ) ဇူလိုင် ၃၁၊ ၂၀၁၅ ငါ ချစ်မြတ်နိုးရပါတဲ့ မင်းမရှိတော့တဲ့ တိုင်းပြည်၊ မင်းမှမရှိတော့ ငါမနေချင်တော့ပါတဲ့ တိုင်းပြည်၊ ဒီတိုင်းပြည်မှာ ငါချစ်တဲ့ မင်းမှမရှိတော့တဲ့ ….. ….. နောက်၊ ငါ အသည်းနှလုံးတွေ ကွဲကြေသွားပလေ့စေ ငါမနေချင်တော့ပါဘူး၊ အဲဒီလိုနဲ့ ငါဟာ မင်းမရှိတော့ပါတဲ့ တိုင်းပြည်ကို စွန့်လွှတ်ထွက်ခွာ၊ နှစ်တွေ ကာလတွေ အဲဒီလို ကြာညောင်းလို့ လာခဲ့ လာခဲ့ လာခဲ့၊ သြော် . … …. . … မင်းမှမရှိတော့ မင်းမှမရှိတော့၊ မင်းမရှိတဲ့ တိုင်းပြည်ကို ငါဘယ်လိုပြန်လာချင်ပါ့မလဲ၊ တခါက မင်းရဲ့ (မရငတ) ၂၈၀၇၂၀၁၅...

Read more »

မောင်ရင်ငတေ – ခရီးသွားခြင်းအနုပညာ (ဇင်းမယ် အစုန်အဆန်)

July 23, 2015
မောင်ရင်ငတေ – ခရီးသွားခြင်းအနုပညာ (ဇင်းမယ် အစုန်အဆန်)

မောင်ရင်ငတေ – ခရီးသွားခြင်းအနုပညာ (ဇင်းမယ် အစုန်အဆန်) (မိုးမခ) ဇူလိုင် ၂၃၊ ၂၀၁၅ မောင်ရင်ငတေ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ထိုင်းကိုရောက်ရှိနေခိုက် ဘန်ကောက်ကနေ ချင်းမိုင်ကို နေ့ရထားစီးပြီးသွားခဲ့စဉ် ရထားပေါ်မှာ ဓါတ်ပုံရိုက်လိုက် စာလေးတကြောင်းနှစ်ကြောင်း ရေးလိုက်နဲ့ဖေ့စ်ဘုတ်ခ် စာမျက်နှာပေါ်တင်လိုက် လုပ်ခဲ့တာ လေးတွေကို ပြန်အချောသတ် ရေးလိုက်ရတာပါ။ ထိုင်း သို့မဟုတ် ယိုးဒယား ဘန်ကောက် သို့မဟုတ် ဘီကေကေ ချင်းမိုင် သို့မဟုတ် ဇင်းမယ်ဆိုပြီး  တယ်လီဖုန်းမျက်နှာပြင်မှာ အစဉ်ပြေသလို ရေးမိရေးရာရေးမိတာကြောင့် သည်းခံပြီးဖတ်ကြပါရန်၊ ဘယ်လိုခေါ်ခေါ် ဘယ်လိုရေးရေး ဒီအသုံးတွေက လူသိများတဲ့ အသုံးအနှုန်းတွေသာပါ။ La Gare de Hua Lamphong (สถานีรถไฟ หัวลำโพง) (ဓါတ်ပုံ မရငတ) အတိတ် သမိုင်းထဲက...

Read more »

မောင်ရင်ငတေ – ပါရီပုံရိပ်များ

July 8, 2015
မောင်ရင်ငတေ – ပါရီပုံရိပ်များ

 မောင်ရင်ငတေ – ပါရီပုံရိပ်များ ပီကာဆိုရဲ့လမ်း (Rue des Grands-Augustins) (မိုးမခ) ဇူလိုင် ၈၊ ၂၀၁၅ ၁၉၁၀ ခုနှစ် စဲန်းမြစ် ရေကြီးစဉ်က Rue des Grands-Augustins      (Photo Google) ပါရီမြို့က စိတ်ဝင်စားစရာ လမ်းသေးသေးလေးတွေထဲက တလမ်းပါ။ ပါရီရဲ့ အချက်အချာ စဲန်းမြစ်လယ် ကျွန်းနှစ်ကျွန်းအနက် ကျွန်းအကြီး Île de la Cité ရဲ့ အနောက်ဘက်ခြမ်း စဲန်းမြစ်ရဲ့ လက်ဝဲကမ်းပါးမှာ တည်ရှိတာပါ။ စဲန်းမြစ်ကမ်းနားလမ်း Quai des Grands-Augustins ကို ဦးတိုက်ထားတဲ့လမ်းပါ။ Rue des Grands-Augustins လို့ ခေါ်ပါတယ်။ ၁၆၀၀ ပြည့်နှစ် ဝန်းကျင်မှာ တည်ဆောက်ပြီးစီးခဲ့တဲ့ ပါရီမြို့ရဲ့...

Read more »

မောင်ရင်ငတေ – ရောက်တတ်ရာရာအတိုအစများ (ကမ္ဘာတလွှား လေဘာတီများ (တစ်) မူရင်းလေဘာတီများ)

June 19, 2015
မောင်ရင်ငတေ – ရောက်တတ်ရာရာအတိုအစများ  (ကမ္ဘာတလွှား လေဘာတီများ (တစ်) မူရင်းလေဘာတီများ)

ပြင်သစ်မှအမေရိကားသို့မပို့ခင် မူရင်းလေဘာတီရဲ့ခေါင်းပိုင်း (၁၈၇၈) (Photo Google) La tête exposée à l’Exposition universelle de 1878, Champs-de-Mars à Paris.  မောင်ရင်ငတေ – ရောက်တတ်ရာရာအတိုအစများ ကမ္ဘာတလွှား လေဘာတီများ (တစ်) မူရင်းလေဘာတီများ (မိုးမခ) ဇွန် ၁၉၊ ၂၀၁၅ ကမ္ဘာတလွှားမှာ မူရင်းအော်ရီဂျင်နယ်ဆိုတဲ့ လေဘာတီရုပ်တုသုံးခုနဲ့ ပုံစံတူရုပ်တုငယ်အပွားများက တရာကျော်ရှိတယ်လို့ ဆိုပါတယ်။ မူရင်း လေဘာတီရုပ်တုကြီးရှိတဲ့နေရာကိုတော့ အားလုံးလိုလို သိကြမှာပါ။ အမေရိကန်နိုင်ငံ နယူးယောက် မြို့တော်ကြီးသို့အဝင် ဦးခိုက်ရာ ကျွန်းကလေးတကျွန်းပေါ်မှာ တည်ရှိပါတယ်။ လေဘာတီရုပ်တု အမည်အပြည့်အစုံက La Liberté éclairant le monde (Liberty Enlightening the World)...

Read more »

မောင်ရင်ငတေ – ရာဇဝင်ထဲကလူသားများ

June 1, 2015
မောင်ရင်ငတေ – ရာဇဝင်ထဲကလူသားများ

မောင်ရင်ငတေ – ရာဇဝင်ထဲကလူသားများ ( ပြ င် သ စ် သ မို င်း မှ  လူ ဝီ ဘု ရင် များ – ၃ ) လူဝီဘုရင် အယောက်နှစ်ဆယ် (Roi des Francs) (မိုးမခ) ဇွန် ၁၊ ၂၀၁၅  • La dynastie Capétiens မင်းဆက်မှ ဒုတိယပိုင်း လူဝီငါးယောက် အရင်တလောက Carolingiens မင်းဆက်မှ ပထမဦး လူဝီဘုရင်ငါးယောက်ရဲ့အကြောင်းကို ရေးခဲ့ ပြီးပါပြီ။ အခု လူဝီဘုရင် ဒုတိယပိုင်းအနေနဲ့ လူဝီနောက်ငါးယောက် ငါးပါးအကြောင်းကို ရေးပါမယ်။ La France au...

Read more »

May 1, 2015

မောင်ရင်ငတေ – ရာဇဝင်ထဲကလူသားများ (ပြင်သစ်သမိုင်းမှ လူဝီဘုရင်များ – ၂) လူဝီဘုရင် အယောက်နှစ်ဆယ် (Roi des Francs) (မိုးမခ) မေ ၁၊ ၂၀၁၅ La dynastie Carolingiens မင်းဆက်မှ ပထမဦး လူဝီ ငါးယောက် La dynastie Carolingiens Empire carolingien (768/800 – 843/924) ခေတ်အတွင်းမှာ လူဝီဘုရင် ငါးပါး ရှိခဲ့ပြီး ပြင်သစ် အနောက်တောင်ပိုင်းတင်မက ဒီကနေ့ ဘယ်လ်ဂျီယံလူဇမ်ဘူးနဲ့ ဂျာမဏီဘိုင်ယန်အထိတိုင် ကြီးစိုး ခဲ့ကြပါတယ်။ အဲဒီခေတ် Carolingiens ဘုရင်တွေရဲ့ နန်းစိုက်ခဲ့ရာ ဒေသတွေက ပါရီမြို့ရဲ့ အရှေ့ မြောက်ဘက် ဂျာမဏီမြောက်ပိုင်း နယ်စပ်တွေမှာသာ ဖြစ်ကြပါတယ်။ Charlemagne...

Read more »

မောင်ရင်ငတေ – ရာဇဝင်ထဲကလူသားများ

April 29, 2015
မောင်ရင်ငတေ – ရာဇဝင်ထဲကလူသားများ

မောင်ရင်ငတေ – ရာဇဝင်ထဲကလူသားများ  (ပြင်သစ်သမိုင်းမှ လူဝီဘုရင်များ – ၁) (မောင်ရင်ငတေရဲ့ မှတ်ရလွယ် ပြင်သစ် လူဝီ နှစ်ဆယ်) (မိုးမခ) ဧပြီ ၂၉၊ ၂၀၁၅   L’expansion de l’empire Franc, entre 481 et 814 (Photo Google) မောင်ရင်ငတေ သမိုင်းဘာသာရပ်ကို အကျွမ်းတဝင် မရှိလှပါဘူး။ ဟိုစပ်စပ်ဒီစပ်စပ် ဝါသနာကြောင့် ဟိုဖတ်ဒီဖတ်ရာကနေ ဘုရင်လူဝီဆိုတာတွေ များပြားလွန်းလှတာ တွေ့ရလို့ ရေးချင်စိတ်ပေါ်လာပြီး  ရေးမိတာပါ။ အင်တာနက် စာမျက်နှာတွေက ဖတ်မှတ်ထားတာတွေကို မောင်ရင်ငတေ မူပိုင်အဖြစ် အလွယ်တကူ မှတ်မိအောင် အတိုချုပ်ထားတဲ့ လူဝီဘုရင်များရဲ့ သမိုင်းပါ။ လူဝီဘုရင်များရဲ့ သမိုင်းလို့ ဆိုပေမယ့် ဥရောပနိုင်ငံတိုင်းမှာလည်း လူဝီဘုရင်တွေက...

Read more »

မောင်ရင်ငတေ – ပန်းချီဆရာ ဗန်ဂိုး ၁၆၂ နှစ်ပြည့်

April 1, 2015
မောင်ရင်ငတေ – ပန်းချီဆရာ ဗန်ဂိုး ၁၆၂ နှစ်ပြည့်

မောင်ရင်ငတေ – ပန်းချီဆရာ ဗန်ဂိုး ၁၆၂ နှစ်ပြည့် (မိုးမခ) ဧပြီ ၁၊ ၂၀၁၅ ● ဗန်ဂိုးရဲ့ အရုပ် အရိပ် အရောင်များ   ဗန်ဂိုးမွေးဖွားခဲ့ရာ နယ်သာလန်နိုင်ငံ အနောက်စွန်း Zundert မြို့လေးက ဗန်ဂိုးဇာတိအိမ် နောက်သုံးလေးရက်ဆိုရင် Postimpressionnisme ပန်းချီဆရာကြီး Vincent Willem van Gogh ဗန်ဂိုးကိုမွေးဖွားခဲ့တာ နှစ်ပေါင်း ၁၆၁ နှစ် ပြည့်ပါတော့မယ်။ ဗန်ဂိုးကို ၁၈၅၃ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ မွေးဖွားခဲ့တာပါ။ မွေးဖွားခဲ့ရာ နေရာ က တော့ နယ်သာလန်ပြည်က Groot-Zundert မြို့လေးမှာပါ။ ဗန်ဂိုးကို မွေးဖွားခဲ့တာက ၁၆၁ နှစ်ရှိခဲ့ပြီဖြစ်သလို ဗန်ဂိုး သေဆုံး...

Read more »

ေ မာ င် ရ င် ငေ တ – ပါ ရီ ပုံ ရိ ပ် များ (Concorde ကွန်းကော့ဒ် အမည်ရ Obélisque de Louxor ကျောက်တိုင်)

March 26, 2015
ေ မာ င် ရ င် ငေ တ  – ပါ ရီ ပုံ ရိ ပ် များ (Concorde ကွန်းကော့ဒ် အမည်ရ Obélisque de Louxor ကျောက်တိုင်)

L’obélisque de la Concorde  (ဓါတ်ပုံ မရငတ)ေ မာ င် ရ င် ငေ တ  – ပါ ရီ ပုံ ရိ ပ် များ Concorde ကွန်းကော့ဒ် အမည်ရ Obélisque de Louxor ကျောက်တိုင် (မိုးမခ) မတ်လ ၂၆၊ ၂၀၁၅ အော် ပြင်သစ် ပြင်သစ် . … …. .. အီဂျစ်က ကျောက်တိုင်လည်း မနေရ၊ ဆွဲနှုတ်လာတာပါလား …. ဒီကနေ့ Concord ကွန်ကော့ဒ် အမည်ရ Obélisque de Louxor...

Read more »

မောင်ရင်ငတေ – မော်ကွန်း

March 11, 2015
မောင်ရင်ငတေ – မော်ကွန်း

 မောင်ရင်ငတေ – မော်ကွန်း (မိုးမခ) မတ်လ ၁၁၊ ၂၀၁၅ ရေးရဲသူတွေ ရေးကြတယ် …။ တွေးရဲသူတွေ တွေးကြတယ် …။ ဝေးရဲသူတွေ ဝေးကြတယ် …။ ပြေးရဲသူတွေ ပြေးကြတယ် …။ သမိုင်းရဲ့မော်ကွန်း ထိုးခဲ့ကြတယ် …။ ၁၀၊ ၀၃၊ ၂၀၁၅။ No tags for this post. Related posts No related posts.

Read more »

မောင်ရင်ငတေ – သမိုင်းကျောင်း

February 21, 2015
မောင်ရင်ငတေ – သမိုင်းကျောင်း

 မောင်ရင်ငတေ – သမိုင်းကျောင်း (မိုးမခ) ဖေဖော်ဝါရီ ၂၁၊ ၂၀၁၅ သမိုင်းထဲက ကျောင်း ကျောင်းထဲက သမိုင်း ကျောင်းသားမှန်ရင် သိကြ၊ ရမ်းစရာရှိရင် ရမ်းကြ လွမ်းစရာရှိရင် လွမ်းကြ ကြမ်းစရာရှိရင် ကြမ်းကြ၊ အရမ်း အလွမ်းနဲ့ အကြမ်းတွေကြားမှာ ချစ်ခြင်းမေတ္တာတွေ တည်ဆောက်ကြ။ ။ (မရငတ) ၀၁၁၁၂၀၁၃ No tags for this post. Related posts No related posts.

Read more »

မောင်ရင်ငတေ – နှစ်ဆယ်ကျော်အလွမ်း – ဘီကေကေအစုန်အဆန် (လေယာဉ်စီး၍ ခရီးနှင်မယ်)

January 28, 2015
မောင်ရင်ငတေ – နှစ်ဆယ်ကျော်အလွမ်း – ဘီကေကေအစုန်အဆန် (လေယာဉ်စီး၍ ခရီးနှင်မယ်)

မောင်ရင်ငတေ – နှစ်ဆယ်ကျော်အလွမ်း – ဘီကေကေအစုန်အဆန် (လေယာဉ်စီး၍ ခရီးနှင်မယ်) (မိုးမခ) ဇန်န၀ါရီ ၂၈၊ ၂၀၁၉ PARIS DOHA BANGKOK                                                                (ဓါတ်ပုံ မရငတ) မောင်ရင်ငတေ တယောက် မရောက်တာ ကြာပြီဖြစ်တဲ့ ဘန်ကောက်ခရီးစဉ်ကို လေးလ ကြိုတင်ပြီး စီစဉ်ဖြစ်ခဲ့ပါတယ်၊ အမှန်တကယ်ကတော့ ကြိုတင်ပြင်ဆင်ရခြင်းဆိုတဲ့ ကိစ္စကြီးကို မောင်ရင်ငတေ သိပ်မကြိုက်နှစ်သက်ပါဘူး၊ လုပ်လေ့လုပ်ထလည်း သိပ်မရှိပါဘူး၊ ဒါပေမယ့် ငွေကြေး မပြည့်စုံတဲ့ မောင်ရင်ငတေတယောက်ကတော့ ဥရောပမှာ ခရီးထွက်မယ်ဆိုရင် ကြိုတင်ပြီး ဝယ်ထားနိုင်ခါမှ တော်ကာကျတဲ့ ရထားလက်မှတ် ကားလက်မှတ် လေယာဉ်လက်မှတ် ဈေးနှုန်း သတ်မှတ်ပုံတွေကြောင့် ကြိုမလုပ်ချင်ပေမယ့် ကြိုတင်လုပ်ခဲ့ရတာချည်းပါ၊ အဲသလို လေးလကြိုတင် ဝယ်ဖြစ်ခဲ့တဲ့ ကာတာလေယာဉ် လက်မှတ်ခက အသွားအပြန်ကိုမှ ၅၁၂ ...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်