ကိုအောင်မှိုင်း

ကိုအောင်မှိုင်း – ဒီမိုကရေစီစနစ်အတွက် မြန်မာ့တပ်မတော် အဆင်သင့်ဖြစ်ပြီလား

May 15, 2018
ကိုအောင်မှိုင်း – ဒီမိုကရေစီစနစ်အတွက် မြန်မာ့တပ်မတော် အဆင်သင့်ဖြစ်ပြီလား

Daw Aung San Suu Kyi with military officials at the swearing-in of President U Htin Kyaw, 30 March 2016 ကိုအောင်မှိုင်း – ဒီမိုကရေစီစနစ်အတွက် မြန်မာ့တပ်မတော် အဆင်သင့်ဖြစ်ပြီလား (မိုးမခ) မေ ၁၅၊ ၂၀၁၈ အပိုင်း (၁) မြန်မာနိုင်ငံအတွက် သေရေးရှင်ရေးတမျှအရေးကြီးတဲ့ မေးခွန်းကတော့ “ဒီမိုကရေစီစနစ်အတွက် မြန်မာ့တပ်မတော် အဆင်သင့်ဖြစ်ပြီလား”ဆိုတဲ့ မေးခွန်းဘဲဖြစ်ပါတယ်။ ကြာလေလေ ထင်ထင်ရှားရှားဖြစ်လာလေ မြင်နေရတာကတော့ မြန်မာ့တပ်မတော်ဟာ ကနေ့နိုင်ငံရေးအပြောင်းအလဲမှာ ဘေးတိုက်ဖြစ်နေတာ အထင်အရှားဘဲဖြစ်နေပါတယ်။ ရှေ့ကသွားဘို့ ဆိုတာကတော့ လူထုရဲ့  ဆန့်ကျင်မှုကို ပြင်းပြင်းထန်ထန် ခံနေရသလို ကိုယ်ကိုယ်တိုင်ကလဲ လူထုဆန့်ကျင်ရေးကို...

Read more »

ကိုအောင်မှိုင်း – မင်း၏ – သစ္စ – ဘာသန

January 30, 2018
ကိုအောင်မှိုင်း – မင်း၏ – သစ္စ – ဘာသန

ကိုအောင်မှိုင်း – မင်း၏ – သစ္စ – ဘာသန (မိုးမခ) ဇန်န၀ါရီ ၃၀၊ ၂၀၁၈ ငါဆိုတာ ကောင်းကင်မှာမွေးဖွါး ဘုရားသခင်က ကောင်းချီးပေးခဲ့တယ်ဆိုတာ လိမ်တာ တကယ်မဟုတ်ဘူး။ ငါဆိုတာ တုနိုင်းစရာမရှိ အတုမဲ့ မွေးဖွါးလာတယ်ဆိုတာ လိမ်တာ တကယ်မဟုတ်ဘူး။ ငါဆိုတာ မင်းတို့ထင်နေသလို မင်းတို့မြင်နေသလို အကုန်သိ အကုန်တတ်ဆိုတာ လိမ်တာ တကယ်မဟုတ်ဘူး။ ငါဆိုတာ ဒဿနများစွာကို ဖန်တီးနိုင်စွမ်းရှိတဲ့ သူတော်စင်လိုလို ဘာလိုလိုဆိုတာ လိမ်တာ တကယ်မဟုတ်ဘူး။ ငါဆိုတာ အကုန်စွန့်လွှတ် အကုန်စွန့်စား လူအများအတွက်ဆိုတာ လိမ်တာ တကယ်မဟုတ်ဘူး။ ငါဆိုတာ ဦးဏှောက်နဲ့အလုပ်လုပ်နေတယ် နှလုံးသားတွေ ဘာညာသာသကာဆိုတာတွေက လိမ်တာ တကယ်မဟုတ်ဘူး။ ငါဆိုတာ ခေတ်အလိုက်အရောင်ပြောင်းတယ် ရက်အလိုက်အရောင်ပြောင်းတယ် တော်ကြာနီလိုက် တော်ကြာဝါလိုက်...

Read more »

ကိုအောင်မှိုင်း – ဆန်ရှင်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့  ချောက်ထဲကျတော့မလို့

November 5, 2017
ကိုအောင်မှိုင်း – ဆန်ရှင်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့  ချောက်ထဲကျတော့မလို့

  ကိုအောင်မှိုင်း – ဆန်ရှင်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့  ချောက်ထဲကျတော့မလို့ (မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၁၇ဆန်ရှင်ကို နဖူးတွေ့ ဒူးတွေ့  တွေ့ ဖူးတဲ့လူတွေကတော့ ဆန်ရှင်အကြောင်းကောင်းကောင်းသိမှာပါ။ သူပြန် လာလေဦးတော့မည် လို့ဘဲ ပြောရတော့မယ်ထင်ပါတယ်။ ၂၀၀၉ ခုနှစ်လောက်က ဗမာပြည်မှာ စစ်ဗိုလ်ချူပ် တွေကို ဆန်ရှင်လုပ်တော့၊ ဆန်ရှင်လုပ်လို့ မထိရောက်ပါဘူးလို့ စစ်ဗိုလ်တွေကို မျက်စပစ်ခဲ့လို့ နေရာရသွား တဲ့ စာရေးဆရာတွေလဲ ရှိခဲ့ဘူးတော့ ကျနော်လဲမျက်စပစ်ရင်ကောင်းမလားလို့ စဉ်းစားမိသေးတယ်။ ဒီရေဂျာနယ်ကဆောင်းပါးတပုဒ်မှာ ၀ါရင့်သတင်းစာဆရာကြီးတဦးက “ဆန်ရှင်တို့အပြုသဘောဆက်ဆံရေး တို့က ပြည်တွင်းက ဒီမိုကရေစီလှုပ်ရှားမှုကို အထောက်အကူပြုတဲ့သဘောလောက်ဘဲဖြစ်မှာပါ။ ဒါပေမဲ့ ဆရာပြောနိုင်တာတခုက တကယ်လို့အမေရိကန်နဲ့ အနောက်ဥရောပက ဆန်ရှင်သာမရှိခဲ့ရင် ဒီနေ့စစ်အစိုးရ ဟာ NLD ပါတီကိုဖျက်သိမ်းပြီးသားဖြစ်နေလောက်ပြီ။ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ...

Read more »

ကိုအောင်မှိုင်း – ကြိုးတန်းပေါ်လမ်းလျှောက်ခြင်း သင်ခန်းစာ

May 7, 2017
ကိုအောင်မှိုင်း – ကြိုးတန်းပေါ်လမ်းလျှောက်ခြင်း သင်ခန်းစာ

ကိုအောင်မှိုင်း – ကြိုးတန်းပေါ်လမ်းလျှောက်ခြင်း သင်ခန်းစာ (မိုးမခ) မေ ၇၊ ၂၀၁၇ကျနော်တို့မိတ်ဆွေတွေကိုဖြစ်ဖြစ်၊ သူငယ်ချင်းအပေါင်းအသင်းတွေကိုဖြစ်ဖြစ် အခြေအနေဆိုးတခုအောက်မှာ သတိပေး လေ့ရှိတဲ့ စကားတခုရှိပါတယ်။ အဲဒါကတော့“မင်းကြိုးတန်းပေါ်လမ်းလျှောက်နေပြီ”ဆိုတာပါဘဲ။ သိပ်အန္တရယ်ကြီးနိုင်တဲ့ ကိစ္စ၊ သိပ်ဆုံးရှုံးမှုကြီးနိုင်တဲ့ကိစ္စတွေကို အသိမဲ့ သတိလက်လွတ်လုပ်နေတဲ့ သူငယ်ချင်းအပေါင်းအသင်းကို ဘေးမှာရှိ တဲ့ မိတ်ဆွေအပေါင်းအသင်းတွေက သတိပေးကြတာပါ။ ကာယကံရှင်တွေကတော့ သူလုပ်နေတာ သိပ်အန္တရယ်ရှိနေတယ်ဆိုတာ၊သိပ်ဆုံးရှုံးမှုကြီးနိုင်တယ်ဆိုတာ သိချင်လဲသိမယ်။သိချင်မှလဲသိမှာပါ။ ဒီလိုအခြေအနေမျိုးမှာ သူငယ်ချင်းမိတ်ဆွေတဦးတယောက်ရဲ့ အကျိုးစီးပွါးထိခိုက်နစ်နာမှုမရှိအောင် သတိပေးလေ့ရှိကြ တာလို့ ပြောရမှာဖြစ်ပါတယ်။ အခုကိစ္စက မိတ်ဆွေသူငယ်ချင်းတဦးတယောက်ရဲ့  အကျိုးစီးပွါးကိစ္စမဟုတ်ပါဘူး။ မြန်မာ နိုင်ငံသူ နိုင်ငံသား တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့  ဘုံအကျိုးစီးပွါးကိစ္စဖြစ်နေလို့ဖြစ်ပါတယ်။ တိတိကျကျ သေသေချာချာ ပြောရရင် နိုင်ငံသူနိုင်ငံသားတွေရဲ့ အကျိုးစီးပွါးထိခိုက်ဆုံးရှုံးမှု ရှိနေလို့ဖြစ်ပါတယ်။ တနည်းပြောရရင် နိုင်ငံတော်နဲ့ နိုင်...

Read more »

ကိုအောင်မှိုင်း – ထွက်ပေါက်ကိုဆန်းစစ်ခြင်း (တတိယပိုင်း)

March 28, 2017
ကိုအောင်မှိုင်း – ထွက်ပေါက်ကိုဆန်းစစ်ခြင်း (တတိယပိုင်း)

ကိုအောင်မှိုင်း – ထွက်ပေါက်ကိုဆန်းစစ်ခြင်း (တတိယပိုင်း) (မိုးမခ) မတ် ၂၈၊ ၂၀၁၇ (စကားချီး။ ။အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ကိုယ်ကိုယ်တိုင်ဒူးထောက်အညံ့ခံရေးမဟုတ်သလို အခြား မည်သူတဦးတယောက်ကိုမျှ ဒူးထောက်အညံ့ခံရန် စေခိုင်းခြင်းမဟုတ်ပါ။) အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ စစ်အုပ်စုရဲ့ ဝိုင်းကြီးချူပ်အစီအစဉ်ကို အံတုခြင်း။ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ဘို့ မီးသတ်ကားတွေလိုတယ်လို့ပြောရင် အံ့သြကြမယ်မထင်ပါ။ အကြောင်းကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကြီးဘေးမှာ ဓါတ်ဆီဗုံးကိုင်စောင့်နေကြသူတွေက ပေါများလွန်းလှလို့ဖြစ်ပါတယ်။ အမျိုးသားရင်ကြားစေ့ရင်းစေ့ရင်းနဲ့  အမျိုးသားရင်ကြား ပိုပိုကွဲလာတာကလဲ ဗမာပြည် နိုင်ငံရေးလို့ ပြောစမှတ်ပြုရတော့မလို ဖြစ်နေပါတယ်။ အဲဒီလိုဖြစ်အောင်ကို လူအားငွေအားအလုံးအရင်းနဲ့ အပင်ပန်း ခံလုပ်ကိုင်နေသူတွေကလဲ ရှိနေပြန်ပါတယ်။ သူတို့အားလုံးဟာ အမျိုး ဘာသာ သာသနာဆိုတဲ့ခေါင်းစဉ်အောက်မှာ တလုံးတစည်း အရေခြုံလှုပ်ရှားနေကြတာက တော့ ပေါ်ပေါ်ထင်ထင်ရှိလှပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးမရခင်က ကြွေးကြော်ခဲ့တဲ့ ကိုလိုနီခေတ် ဒီလှုပ်ရှားမှုကို ၂၁ရာစုမှာပြန်လည်လှုပ်ရှားဘို့ကြိုးစားနေတာမြင်ရတော့...

Read more »

ကိုအောင်မှိုင်း – “ထွက်ပေါက်”ကို ဆန်းစစ်ခြင်း (ဒုတိယပိုင်း)

March 12, 2017
ကိုအောင်မှိုင်း –  “ထွက်ပေါက်”ကို ဆန်းစစ်ခြင်း (ဒုတိယပိုင်း)

ကိုအောင်မှိုင်း –  “ထွက်ပေါက်”ကို ဆန်းစစ်ခြင်း (ဒုတိယပိုင်း) (မိုးမခ) မတ် ၁၂၊ ၂၀၁၇ (စကားချီး။ ။ ဖေဖော်ဝါရီ ၂၁၊ ၂၀၁၆ ခု မိုးမခမဂ္ဂဇင်းမှာရေးခဲ့တဲ့ ကိုအောင်မှိုင်း “ထွက်ပေါက်”ကိုဆန်းစစ်ခြင်း ဆောင်းပါးကို တိုင်းပြည်ရဲ့ ကနေ့လိုအပ်ချက်နဲ့အညီ ဒုတိယပိုင်းအဖြစ် ဆက်လက်ရေးသားလိုက်ရပါတယ်။မြန်မာနိုင်ငံ သူနိုင်ငံသားတိုင်းအပေါင်း “ထွက်ပေါက်”ကို ဆန်းစစ်နိုင်ကြပါလေကုန်။) ကနေ့မြန်မာ့နိုင်ငံရေးကို သောင်မတင်ရေမကျအခြေအနေလို့ပြောရမလား၊ ဟိုမရောက် ဒီမရောက် အခြေအနေလို့ပြော ရမလား၊ ရှေ့မတိုးနောက်မဆုတ် အခြေအနေလို့ပြောရမလား၊ သေချာတာကတော့ အီလည်လည်ကြီးဖြစ်နေတာ လူတိုင်း အသိဖြစ်ပါတယ်။ မြန်မာနိုင်ငံတနိုင်ငံလုံး မွန်းကျပ်လှောင်ပိတ်ပြီး အသက်ရှုမ၀တဲ့ အခြေအနေလို့ပြောရင် မှားမယ်မထင် ပါ။ ကျနော်တို့ ဒီအခြေအနေက လွတ်မြောက်အောင်“ထွက်ပေါက်”ရှာကြရပါမယ်။ “ထွက်ပေါက်”ပိတ်နေရင်လဲ ဆရာကြီး ဦးဝင်းတင်ရဲ့ စကားအတိုင်း “ဖေါက်ထွက်”ဘို့ ကြိုးစားကြရမယ်လို့ထင်ပါတယ်။ NCA...

Read more »

ကိုအောင်မှိုင်း – မြစ်ကြီးတစင်း၊ဓါးတလက်နဲ့  ရန်ပွဲ

December 10, 2016
ကိုအောင်မှိုင်း  – မြစ်ကြီးတစင်း၊ဓါးတလက်နဲ့  ရန်ပွဲ

  ကိုအောင်မှိုင်း  – မြစ်ကြီးတစင်း၊ဓါးတလက်နဲ့  ရန်ပွဲ (မိုးမခ) ဒီဇင်ဘာ ၁၀၊ ၂၀၁၆ Adele ရဲ့  “မောင့်လိုလူ” သီချင်းကို ည ၂နာရီလောက်မှာနားထောင်ရင်း တဖြတ်ဖြတ်ခုန်လာတဲ့နှလုံးအစုံနဲ့  အသက် ၆၀ကျော် အဖိုးအိုငယ် ငါ။ သူ့သီချင်းမှာ နောင်တနဲ့အမှားတွေက အမှတ်တရမှတ်သားစရာတွေပါတဲ့ မောင်။ မြင်းဖြူကြီးစီးပြီး ဧရာဝတီမြစ်ကြီးကို အလျားလိုက်ဖြတ်ဘို့ အိပ်မက်တွေဟာ မြစ်ရေနဲ့အတူ ဆန်တက်လာတယ် ကွယ်။ မအိပ်မနေ အသက်ရှည်ဆိုပေမဲ့ ဗုံးသံတွေ သေနတ်သံတွေကြားမှာ သူ့အမေလေ မအိပ်ဘဲနေရင်းသေသွားရှာတယ် အသက်က၂၆နှစ်သာသာပေါ့။ အိပ်မက်တွေက မက်ရများလွန်းလို့ အိပ်မက်တွေတောင်မောကုန်ကြပြီ အိပ်မက်ကလဲ ထပ်တလဲလဲ ဒီအိပ်မက်တွေပါဘဲ မောင်။ သေသောသူကြာရင်မေ့ဆိုပေမဲ့ မသေသေးသူကိုမေ့ချင်လာပြီ အမှောင်တွေထဲမှာ သူကသိပ်မှောင်လွန်းတယ်ကွယ်။ ကျောမှာပိုးထားတဲ့ဓါးကလဲ ရန်ပွဲမှာလေ...

Read more »

ကိုအောင်မှိုင်း – လူထုက စစ်ကို မဆန့်ကျင်သရွေ့  စစ်က လူထုကို ဆန့်ကျင်နေလိမ့်မယ်

November 7, 2016
ကိုအောင်မှိုင်း – လူထုက စစ်ကို မဆန့်ကျင်သရွေ့  စစ်က လူထုကို ဆန့်ကျင်နေလိမ့်မယ်

Tun Win Nyein ကိုအောင်မှိုင်း – လူထုက စစ်ကို မဆန့်ကျင်သရွေ့  စစ်က လူထုကို ဆန့်ကျင်နေလိမ့်မယ် (မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၁၆ ပြည်တွင်းစစ်ရှည်ကြာလေ စစ်တပ်သြဇာကြီးလေဆိုတာ တရားသဘောပါဘဲ။ စစ်တပ်သြဇာကြီးလေ ပြည်တွင်းစစ်သက်ဆိုးရှည်အောင် ဖန်တီးလေပါဘဲ။ပြည်တွင်းစစ်ရှည်ကြာလေ ပြည်တွင်းစစ်ကို မှီခိုသက်ဆိုးရှည်နေတဲ့ ကပ်ပါးကောင်တွေကြီးပွါးလေပါဘဲ။ကြာတော့သူတို့ ကိုယ်သူတို့  လူထုလူတန်းစားတွေအပေါ်က အခွင့်ထူးခံလူတန်းစားတရပ်လို့ မှတ်ထင်လာလေပါဘဲ။ စစ်တပ်လူတန်းစားဟာ သခင်ဖြစ် လာပြီး ကျန်လူတန်းစားတွေကို စစ်ကျွန်တွေလိုသဘောထားလာလေ့ရှိပါတယ်။ ဒီအချိန်မှာ သခင်တွေဖြစ်တဲ့ စစ်ဗိုလ်ချူပ်တွေနဲ့အပေါင်း ပါတွေဟာ အလွန်အမင်းချမ်းသာလာကြပြီး စစ်ကျွန်တွေဖြစ်တဲ့ တိုင်းသူပြည်သားတွေဟာ အလွန်အမင်းဆင်းရဲမွဲတေ လာကြလေ့ရှိပါ တယ်။ ဗမာပြည်မှာ အလွန့်အလွန်ချမ်းသာတယ်ဆိုတဲ့ အမျိုးသားအရင်းရှင်လူတန်းစားဟာ လက်ချိုးရေတွက်လို့ရပါတယ်။ လက်ချိုးရေ တွက်လို့ မရအောင် ချမ်းသာနေကြတာက စစ်ဗိုလ်ချူပ်ဟောင်းလူတန်းစားတွေပါ။...

Read more »

ကိုအောင်မှိုင်း – ဤခရီးနီးပြီလား

September 20, 2016
ကိုအောင်မှိုင်း – ဤခရီးနီးပြီလား

ကိုအောင်မှိုင်း – ဤခရီးနီးပြီလား (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၆ တုန်းတိုက်တိုက် ကျားကိုက်ကိုက် ပြောမှ ဖြစ်တော့မည်။ ပညာရှင်ဆိုသူကြီးများ မြန်မာ့အရေးကျွမ်းကျင်သူဆိုသူကြီးများ အဆိုအရ စစ်အုပ်ချူပ်ရေး နောက်၁၀နှစ်မှ အနှစ်၂၀ကြာနိုင်ပါသည်။ အရင်က အနှစ်၆၀ အခု အနှစ်၂၀ ဆိုတော့ ပေါင်း အနှစ် ၈၀ဆိုပါတော့။ ကျနော့်အမြင် မြန်မာပြည်တွင် တခုခုတော့ အလွဲကြီးလွဲနေပြီ ထင်ပါသည်။ ကျနော်တို့ မြန်မာလူမျိုးများ ကံဆိုးလှပါသည်။ အခုတော့ ဖွတ်ထွက်မှ တောင်ပို့မှန်း သိရမဲ့ကိန်း အသေအချာကို ဆိုက်နေပြီလို့ဘဲ ပြောပါရစေတော့။ ပြည်တွင်းငြိမ်းချမ်းရေးကလဲ အခုအတိုင်းကတော့ ၂၁ရာစု ပင်လုံမှသည် ၂၂ ရာစုပင်လုံသို့တိုင် ခရီးလွှင့်တော့မည့် သဘောများ တောင်ပုံရာပုံဖြစ်နေပါသည်။ မီဒီယာအကြီးစားကြီးများ ကိုယ်တိုင် စစ်အုပ်စုအလိုကျ ဘေးတီးပေးနေတဲ့ ကာလလို့ပြောရင်...

Read more »

ကိုအောင်မှိုင်း – တိုက်ချင်လို့ တိုက်တယ်နဲ့ အခြားပုံပြင်များ

August 28, 2016
ကိုအောင်မှိုင်း – တိုက်ချင်လို့ တိုက်တယ်နဲ့ အခြားပုံပြင်များ

ကိုအောင်မှိုင်း – တိုက်ချင်လို့ တိုက်တယ်နဲ့ အခြားပုံပြင်များ (မိုးမခ) သြဂုတ် ၂၈၊ ၂၀၁၆ ကျနော်တို့ လူအများနားလည်တဲ့စကားနဲ့  ပြောရရင်တခွန်းထဲဘဲဖြစ်ပါတယ်။အဲဒါကတော့ “တိုက်ချင်လို့တိုက်တယ်” ဆိုတာပါဘဲ။ ၂၁ရာစုပင်လုံညီလာခံ စကားနဲ့ ပြောရမလား။ ဂွင်ပြောက်သွားတဲ့ ကိုအောင်မင်းဟိုတလောက ပြောတဲ့ စကားနဲ့ ပြောရမလား။ ငြိမ်းချမ်းရေးညီလာခံမှာ ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်နေပါတယ်ဆိုတဲ့ ကိုခင်ဇော်ဦး စကား နဲ့ ပြောရမလား။ပါးစပ်ရှိလို့ပြောနေတဲ့အစိုးရကိုသေနတ်ရှိတဲ့“ငါတို့ကလဲတိုက်ချင်လို့တိုက်”ပြတာဖြစ်တယ်ဆိုတာပါဘဲ။ သေနတ်သံတွေနဲ့ ဝေနေတဲ့ ထူးခြားတဲ့ ငြိမ်းချမ်းရေးညီလာခံကြီး (တနည်း) ၂၁ ရာစုပင်လုံညီလာခံကြီး လို့ဘဲပြောရ တော့မှာပါ။ NCA ဘာလဲဘယ်လဲ NCA (Nationwide Ceasefire Agreement) တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ဆိုတာ သမ္မတဦးသိန်းစိန်ပြုတ်ကာနီး ပေးခဲ့တဲ့ နောက်ဆုံးအရှုပ်ထုပ်တခုဘဲဖြစ်ပါတယ်။ NCA မှာ အခန်းပေါင်း (၇)ခန်း...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်