ဥရောပ

ကိုအောင်မှိုင်း – ထွက်ပေါက်ကိုဆန်းစစ်ခြင်း (တတိယပိုင်း)

March 28, 2017
ကိုအောင်မှိုင်း – ထွက်ပေါက်ကိုဆန်းစစ်ခြင်း (တတိယပိုင်း)

ကိုအောင်မှိုင်း – ထွက်ပေါက်ကိုဆန်းစစ်ခြင်း (တတိယပိုင်း) (မိုးမခ) မတ် ၂၈၊ ၂၀၁၇ (စကားချီး။ ။အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ကိုယ်ကိုယ်တိုင်ဒူးထောက်အညံ့ခံရေးမဟုတ်သလို အခြား မည်သူတဦးတယောက်ကိုမျှ ဒူးထောက်အညံ့ခံရန် စေခိုင်းခြင်းမဟုတ်ပါ။) အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ စစ်အုပ်စုရဲ့ ဝိုင်းကြီးချူပ်အစီအစဉ်ကို အံတုခြင်း။ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ဘို့ မီးသတ်ကားတွေလိုတယ်လို့ပြောရင် အံ့သြကြမယ်မထင်ပါ။ အကြောင်းကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကြီးဘေးမှာ ဓါတ်ဆီဗုံးကိုင်စောင့်နေကြသူတွေက ပေါများလွန်းလှလို့ဖြစ်ပါတယ်။ အမျိုးသားရင်ကြားစေ့ရင်းစေ့ရင်းနဲ့  အမျိုးသားရင်ကြား ပိုပိုကွဲလာတာကလဲ ဗမာပြည် နိုင်ငံရေးလို့ ပြောစမှတ်ပြုရတော့မလို ဖြစ်နေပါတယ်။ အဲဒီလိုဖြစ်အောင်ကို လူအားငွေအားအလုံးအရင်းနဲ့ အပင်ပန်း ခံလုပ်ကိုင်နေသူတွေကလဲ ရှိနေပြန်ပါတယ်။ သူတို့အားလုံးဟာ အမျိုး ဘာသာ သာသနာဆိုတဲ့ခေါင်းစဉ်အောက်မှာ တလုံးတစည်း အရေခြုံလှုပ်ရှားနေကြတာက တော့ ပေါ်ပေါ်ထင်ထင်ရှိလှပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးမရခင်က ကြွေးကြော်ခဲ့တဲ့ ကိုလိုနီခေတ် ဒီလှုပ်ရှားမှုကို ၂၁ရာစုမှာပြန်လည်လှုပ်ရှားဘို့ကြိုးစားနေတာမြင်ရတော့...

Read more »

ကိုအောင်မှိုင်း – “ထွက်ပေါက်”ကို ဆန်းစစ်ခြင်း (ဒုတိယပိုင်း)

March 12, 2017
ကိုအောင်မှိုင်း –  “ထွက်ပေါက်”ကို ဆန်းစစ်ခြင်း (ဒုတိယပိုင်း)

ကိုအောင်မှိုင်း –  “ထွက်ပေါက်”ကို ဆန်းစစ်ခြင်း (ဒုတိယပိုင်း) (မိုးမခ) မတ် ၁၂၊ ၂၀၁၇ (စကားချီး။ ။ ဖေဖော်ဝါရီ ၂၁၊ ၂၀၁၆ ခု မိုးမခမဂ္ဂဇင်းမှာရေးခဲ့တဲ့ ကိုအောင်မှိုင်း “ထွက်ပေါက်”ကိုဆန်းစစ်ခြင်း ဆောင်းပါးကို တိုင်းပြည်ရဲ့ ကနေ့လိုအပ်ချက်နဲ့အညီ ဒုတိယပိုင်းအဖြစ် ဆက်လက်ရေးသားလိုက်ရပါတယ်။မြန်မာနိုင်ငံ သူနိုင်ငံသားတိုင်းအပေါင်း “ထွက်ပေါက်”ကို ဆန်းစစ်နိုင်ကြပါလေကုန်။) ကနေ့မြန်မာ့နိုင်ငံရေးကို သောင်မတင်ရေမကျအခြေအနေလို့ပြောရမလား၊ ဟိုမရောက် ဒီမရောက် အခြေအနေလို့ပြော ရမလား၊ ရှေ့မတိုးနောက်မဆုတ် အခြေအနေလို့ပြောရမလား၊ သေချာတာကတော့ အီလည်လည်ကြီးဖြစ်နေတာ လူတိုင်း အသိဖြစ်ပါတယ်။ မြန်မာနိုင်ငံတနိုင်ငံလုံး မွန်းကျပ်လှောင်ပိတ်ပြီး အသက်ရှုမ၀တဲ့ အခြေအနေလို့ပြောရင် မှားမယ်မထင် ပါ။ ကျနော်တို့ ဒီအခြေအနေက လွတ်မြောက်အောင်“ထွက်ပေါက်”ရှာကြရပါမယ်။ “ထွက်ပေါက်”ပိတ်နေရင်လဲ ဆရာကြီး ဦးဝင်းတင်ရဲ့ စကားအတိုင်း “ဖေါက်ထွက်”ဘို့ ကြိုးစားကြရမယ်လို့ထင်ပါတယ်။ NCA...

Read more »

အီကြာအော် ● ဖွတ်ကလေး၊ ဒေါ်နွယ်ထွန်းနှင့် ခက်သေးဈေးကွက် စီးပွားရေး

December 20, 2016
အီကြာအော် ● ဖွတ်ကလေး၊ ဒေါ်နွယ်ထွန်းနှင့် ခက်သေးဈေးကွက် စီးပွားရေး

အီကြာအော် ● ဖွတ်ကလေး၊ ဒေါ်နွယ်ထွန်းနှင့် ခက်သေးဈေးကွက် စီးပွားရေး (မိုးမခ) ဒီဇင်ဘာ ၂၀၊ ၂၀၁၆ ခက်သေးတရွာလုံး “ကျပ်” ဈေးကျသဖြင့် ဗျောင်းဆန်နေပေတော့သည်။ ကျပ်ငွေကား ကျပြီးရင်းကျနေသဖြင့် ခက်သေးရွာ ၏ တက်ပြီးမကျ ပေါ်လစီအရ စားသောက်ကုန်ဈေးများ သာဝတိံသာသို့ တက်ကြလေသည်။ ခက်သေးရွာ၏ထုံးစံအရ ကုန်ဈေးနှုံးတက်ပြီဆိုလျှင် ဈေးမတက်မီ အကြော်များနှင့်တကွ လက်ဘက်ရည်ခွက်များလည်း ကျုံ့သွားလေ့ရှိသည်။ လက်တဝါးလောက်ရှိသော လမ်းထိပ်ကအကြော်ကလည်း ဘိုးတခက်၏တန်ခိုးတော်ဖြင့် တကိုက်စာ လောက်သာ ရှိတော့သည်။ စိတ်တိုင်းမကျ လက်ဘက်ရည်တခွက်ကလည်း ပါးစပ်တငုံစာသာရှိသဖြင့် အီကြာအော် တယောက် လျှာသပ်ရင်း အာသာမပြေ ဖြစ်ရပေသည်။ မကြာသေးမီကပင် ရွာလူကြီးတယောက်က လက်ဘက်ရည်တနေ့တခွက်လျှော့သောက်စီမံကိန်းကြီးကို ခက်သေးလွှတ်တော်ကြီးတွင် တင်ပြခဲ့သေးသည်။ လူတယောက်တငုံလျှော့သောက် ခိုင်းပြီးတာပဲဟု အီကြာအော် တွေးမိလေသည်။ “ဆရာအော့ ကြည့်ရတာ...

Read more »

ကိုအောင်မှိုင်း – မြစ်ကြီးတစင်း၊ဓါးတလက်နဲ့  ရန်ပွဲ

December 10, 2016
ကိုအောင်မှိုင်း  – မြစ်ကြီးတစင်း၊ဓါးတလက်နဲ့  ရန်ပွဲ

  ကိုအောင်မှိုင်း  – မြစ်ကြီးတစင်း၊ဓါးတလက်နဲ့  ရန်ပွဲ (မိုးမခ) ဒီဇင်ဘာ ၁၀၊ ၂၀၁၆ Adele ရဲ့  “မောင့်လိုလူ” သီချင်းကို ည ၂နာရီလောက်မှာနားထောင်ရင်း တဖြတ်ဖြတ်ခုန်လာတဲ့နှလုံးအစုံနဲ့  အသက် ၆၀ကျော် အဖိုးအိုငယ် ငါ။ သူ့သီချင်းမှာ နောင်တနဲ့အမှားတွေက အမှတ်တရမှတ်သားစရာတွေပါတဲ့ မောင်။ မြင်းဖြူကြီးစီးပြီး ဧရာဝတီမြစ်ကြီးကို အလျားလိုက်ဖြတ်ဘို့ အိပ်မက်တွေဟာ မြစ်ရေနဲ့အတူ ဆန်တက်လာတယ် ကွယ်။ မအိပ်မနေ အသက်ရှည်ဆိုပေမဲ့ ဗုံးသံတွေ သေနတ်သံတွေကြားမှာ သူ့အမေလေ မအိပ်ဘဲနေရင်းသေသွားရှာတယ် အသက်က၂၆နှစ်သာသာပေါ့။ အိပ်မက်တွေက မက်ရများလွန်းလို့ အိပ်မက်တွေတောင်မောကုန်ကြပြီ အိပ်မက်ကလဲ ထပ်တလဲလဲ ဒီအိပ်မက်တွေပါဘဲ မောင်။ သေသောသူကြာရင်မေ့ဆိုပေမဲ့ မသေသေးသူကိုမေ့ချင်လာပြီ အမှောင်တွေထဲမှာ သူကသိပ်မှောင်လွန်းတယ်ကွယ်။ ကျောမှာပိုးထားတဲ့ဓါးကလဲ ရန်ပွဲမှာလေ...

Read more »

အီကြာအော် – “ဖွတ်ကလေး၊ နာရီတလုံးနှင့် ဗိုလ်အောင်ဒင်”

November 24, 2016
အီကြာအော် – “ဖွတ်ကလေး၊ နာရီတလုံးနှင့် ဗိုလ်အောင်ဒင်”

Cartoon Saw Ngo (2008) အီကြာအော် – “ဖွတ်ကလေး၊ နာရီတလုံးနှင့် ဗိုလ်အောင်ဒင်” (မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၁၆ “ငါက ဗိုလ်အောင်ဒင် နင်က ဒါကိုမမြင်” ခက်သေးတရွာလုံး ထုံးစံအတိုင်း လော်ဘေးဒဏ်ကို ခံနေရပေသည်။ ဗိုလ်အောင်ဒင် ပြန်မလာပါစေနှင့်ဟု အီကြာအော်တွေးမိသည်။ အသက်ငါးဆယ်ကျော်လာပြီမို့ အအိပ်ဆတ်ပြီး ညဘက် အိပ်မပျော်ချင်သလို ဖြစ်သည်။ အနှီ ထိုထိုသောလော်ဖြင့် တဖက်သားကို ဒုက္ခပေးလေ့ရှိသည့် ခက်သေးလော်ကိုင်အလှူခံများကို ငါနှင့် ကိုင်တုတ်ချင်စိတ်ကလေးကို မျိုသိပ်လိုက်ရပေသည်။ ထိုစဉ်အခါတွင် ခက်သေးရွာလယ်ခေါင်မှ ယာဉ်ကျောပြောင်းပြန်စီးလာသော ဖွတ်ကလေးတယောက် ဆိုင်ကယ်တဖွတ်ဖွတ်နှင့် အီကြာအော်ဆီ ရောက်လာလေတော့သည်။ “ကွမ်းတရာ ရေတမုတ်နဲ့ နာရီလေးတော့ ငါ့ဆီ ထားခဲ့” ဖွတ်ကလေးက သူ့အသံပြဲဖြင့် သီချင်းဆိုရင်း ဆိုင်းမဆင့် ဗုံမပါပဲ...

Read more »

ကိုအောင်မှိုင်း – လူထုက စစ်ကို မဆန့်ကျင်သရွေ့  စစ်က လူထုကို ဆန့်ကျင်နေလိမ့်မယ်

November 7, 2016
ကိုအောင်မှိုင်း – လူထုက စစ်ကို မဆန့်ကျင်သရွေ့  စစ်က လူထုကို ဆန့်ကျင်နေလိမ့်မယ်

Tun Win Nyein ကိုအောင်မှိုင်း – လူထုက စစ်ကို မဆန့်ကျင်သရွေ့  စစ်က လူထုကို ဆန့်ကျင်နေလိမ့်မယ် (မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၁၆ ပြည်တွင်းစစ်ရှည်ကြာလေ စစ်တပ်သြဇာကြီးလေဆိုတာ တရားသဘောပါဘဲ။ စစ်တပ်သြဇာကြီးလေ ပြည်တွင်းစစ်သက်ဆိုးရှည်အောင် ဖန်တီးလေပါဘဲ။ပြည်တွင်းစစ်ရှည်ကြာလေ ပြည်တွင်းစစ်ကို မှီခိုသက်ဆိုးရှည်နေတဲ့ ကပ်ပါးကောင်တွေကြီးပွါးလေပါဘဲ။ကြာတော့သူတို့ ကိုယ်သူတို့  လူထုလူတန်းစားတွေအပေါ်က အခွင့်ထူးခံလူတန်းစားတရပ်လို့ မှတ်ထင်လာလေပါဘဲ။ စစ်တပ်လူတန်းစားဟာ သခင်ဖြစ် လာပြီး ကျန်လူတန်းစားတွေကို စစ်ကျွန်တွေလိုသဘောထားလာလေ့ရှိပါတယ်။ ဒီအချိန်မှာ သခင်တွေဖြစ်တဲ့ စစ်ဗိုလ်ချူပ်တွေနဲ့အပေါင်း ပါတွေဟာ အလွန်အမင်းချမ်းသာလာကြပြီး စစ်ကျွန်တွေဖြစ်တဲ့ တိုင်းသူပြည်သားတွေဟာ အလွန်အမင်းဆင်းရဲမွဲတေ လာကြလေ့ရှိပါ တယ်။ ဗမာပြည်မှာ အလွန့်အလွန်ချမ်းသာတယ်ဆိုတဲ့ အမျိုးသားအရင်းရှင်လူတန်းစားဟာ လက်ချိုးရေတွက်လို့ရပါတယ်။ လက်ချိုးရေ တွက်လို့ မရအောင် ချမ်းသာနေကြတာက စစ်ဗိုလ်ချူပ်ဟောင်းလူတန်းစားတွေပါ။...

Read more »

မောင်ရင်ငတေ ● စပျစ်ဝိုင်တွေရဲ့အကြောင်း (ရှန်ပိန်ဝိုင်နဲ့ စပတ်ကလင်ဝိုင်)

October 30, 2016
မောင်ရင်ငတေ ● စပျစ်ဝိုင်တွေရဲ့အကြောင်း (ရှန်ပိန်ဝိုင်နဲ့ စပတ်ကလင်ဝိုင်)

မောင်ရင်ငတေ ● စပျစ်ဝိုင်တွေရဲ့အကြောင်း (ရှန်ပိန်ဝိုင်နဲ့ စပတ်ကလင်ဝိုင်) (မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၁၆   ● Sparkling Wine စပတ်ကလင်ဝိုင် အမြှုပ်ထွက်တဲ့ ဝိုင်မျိုးကို Sparkling Wine စပတ်ကလင်ဝိုင်လို့ ခေါ်ပါတယ်။  ပြင်သစ်လိုတော့ Vin Effervescent သို့မ ဟုတ် Vin Mousseux လို့ ခေါ်ကြပါတယ်။ Mousse ဆိုရင်တော့ ပိုအသိများကြမှာပါ။ အဖြူရောင် (သို့မဟုတ်) ပန်းရောင် စပတ်ကလင်ဝိုင်တွေထဲမှာတော့ Champagne ရှန်ပိန်က နာမည်အကျော်ဆုံးပါ။  La Route Touristique du Champagne (ဓါတ်ပုံ မရငတ)   ရှန်ပိန်အကြောင်းတော်တော်များများက မောင်ရင်ငတေရဲ့ စပျစ်သီးခူးသမားစာစုထဲမှာ ရေးထားခဲ့ပြီးပြီမို့ ….. ဒီနေရာတွေ မှာလည်း...

Read more »

မောင်ရင်ငတေ ● စပျစ်ပင်စပျစ်သီးနဲ့ ရှန်ပိန်ဝိုင်

October 6, 2016
မောင်ရင်ငတေ ● စပျစ်ပင်စပျစ်သီးနဲ့ ရှန်ပိန်ဝိုင်

မောင်ရင်ငတေ ● စပျစ်ပင်စပျစ်သီးနဲ့ ရှန်ပိန်ဝိုင် (မိုးမခ) အောက်တိုဘာ ၆၊ ၂၀၁၆   ရှန်ပိန်နဲ့ ဝိုင် ဘာကွာပါသလဲ မေးမြန်းလာကြသူတွေ ရှိပါတယ်။ အဲဒီမေးခွန်းကို မောင်ရင်ငတေ  အလွယ်ကူဆုံးနဲ့ အတိုဆုံး ဖြေရမယ်ဆိုရင် တကမ္ဘာလုံးမှာ စပျစ်ကနေ ချက်၊ ဝိုင် အမည်ခံလို့ ရပါတယ်။ အမေရိကားမှာချက်ချက်၊ အာဖရိကမှာချက်ချက်၊ အေးသာယာမှာချက်ချက်၊ ထွက်လာသမျှ အနီရောင် အဖြူရောင် ပန်း ရောင် ဝိုင် အမည်ခံလို့ ရပါတယ်။ အမြှုပ်ထွက်ရင်တော့ စပတ်ကလင်ဝိုင် ပေါ့။ အဲဒီဝိုင်ကတော့ ဝိုင်အဖြူ  အကြည်ရောင် တွေသာ များပါတယ်။  ကားလမ်းနဘေး စပျစ်ခင်းတွေနဲ့ ခြံထွက်ဝိုင် (ဓါတ်ပုံ မရငတ)   အဲ ဒါပေမယ့်၊ ရှန်ပိန်အမည်ကိုတော့ ခံလို့မရပါဘူး။ ရှန်ပိန်ဆိုတာ...

Read more »

မောင်ရင်ငတေ ● စပျစ်ဝိုင်ရဲ့ယဉ်ကျေးမှု (Viticulture)

September 24, 2016
မောင်ရင်ငတေ ● စပျစ်ဝိုင်ရဲ့ယဉ်ကျေးမှု (Viticulture)

မောင်ရင်ငတေ ● စပျစ်ဝိုင်ရဲ့ယဉ်ကျေးမှု (Viticulture) (မိုးမခ) စက်တင်ဘာ ၂၄၊ ၂၀၁၆   မောင်ရင်ငတေ စပျစ်ခူးသမား ဖြစ်ခဲ့ဖူးလို့လားတော့ မသိပါဘူး။ ရောက်ရှိဖူးတဲ့နေရာဒေသတွေမှာ စပျစ်ခင်း တကျယ်တပြော ကြီးတွေတွေ့လိုက်ရတာနဲ့ မဖြစ်မနေ ဓါတ်ပုံရိုက်ချင်စိတ်တွေ တဖွားဖွား ပေါ်လာစေခဲ့ပါတယ်။ စပျစ်အကြောင်း ဝိုင်အ ကြောင်းတွေတွေ့ရရင် ဖတ်ချင်မိရပါတယ်။ ရေးချင်မိရပါတယ်။ ဝိုင်ပုလင်းတွေ ဝိုင်ပုံးတွေ တွေ့ရရင်တော့ သောက်ချင် မိရတာပေါ့။ စပျစ်စိုက်ပျိုး ဝိုင်ချက်လုပ်တဲ့ လုပ်ငန်းဟာ အခုအခါမှာတော့ နိုင်ငံတော်တော်များများမှာ စီးပွားဖြစ်လုပ်ကိုင်ဖို့ ကြိုးပမ်းလာ ကြပါပြီ။ မောင်ရင်ငတေတို့ရဲ့ မွေးရပ်ဋ္ဌာနေ ရွှေပြည်တော်ကြီးဆီမှာလည်း ဂျာမဏီနည်းပညာ အရင်းအနှီးများနဲ့ လုပ်ကိုင်တဲ့ အေးသာယာ စပျစ်ဝိုင်လုပ်ငန်းဟာ အတော်ကို နာမည်ကြီးနေတယ်လို့ ဆိုပါတယ်။ စပျစ်ပျိုးချိန် ဧပရယ် (ဓါတ်ပုံ မရငတ)...

Read more »

ကိုအောင်မှိုင်း – ဤခရီးနီးပြီလား

September 20, 2016
ကိုအောင်မှိုင်း – ဤခရီးနီးပြီလား

ကိုအောင်မှိုင်း – ဤခရီးနီးပြီလား (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၆ တုန်းတိုက်တိုက် ကျားကိုက်ကိုက် ပြောမှ ဖြစ်တော့မည်။ ပညာရှင်ဆိုသူကြီးများ မြန်မာ့အရေးကျွမ်းကျင်သူဆိုသူကြီးများ အဆိုအရ စစ်အုပ်ချူပ်ရေး နောက်၁၀နှစ်မှ အနှစ်၂၀ကြာနိုင်ပါသည်။ အရင်က အနှစ်၆၀ အခု အနှစ်၂၀ ဆိုတော့ ပေါင်း အနှစ် ၈၀ဆိုပါတော့။ ကျနော့်အမြင် မြန်မာပြည်တွင် တခုခုတော့ အလွဲကြီးလွဲနေပြီ ထင်ပါသည်။ ကျနော်တို့ မြန်မာလူမျိုးများ ကံဆိုးလှပါသည်။ အခုတော့ ဖွတ်ထွက်မှ တောင်ပို့မှန်း သိရမဲ့ကိန်း အသေအချာကို ဆိုက်နေပြီလို့ဘဲ ပြောပါရစေတော့။ ပြည်တွင်းငြိမ်းချမ်းရေးကလဲ အခုအတိုင်းကတော့ ၂၁ရာစု ပင်လုံမှသည် ၂၂ ရာစုပင်လုံသို့တိုင် ခရီးလွှင့်တော့မည့် သဘောများ တောင်ပုံရာပုံဖြစ်နေပါသည်။ မီဒီယာအကြီးစားကြီးများ ကိုယ်တိုင် စစ်အုပ်စုအလိုကျ ဘေးတီးပေးနေတဲ့ ကာလလို့ပြောရင်...

Read more »

မောင်ရင်ငတေ ● စပျစ်ဝိုင်နယ်မြေများကို ဖြတ်သန်းခြင်း

September 19, 2016
မောင်ရင်ငတေ ● စပျစ်ဝိုင်နယ်မြေများကို ဖြတ်သန်းခြင်း

မောင်ရင်ငတေ ● စပျစ်ဝိုင်နယ်မြေများကို ဖြတ်သန်းခြင်း (မိုးမခ) စက်တင်ဘာ ၁၉၊ ၂၀၁၆ စပျစ်သီးခူးသမားစာစုရဲ့ နောက်ဆက်တွဲ (၁) ရှန်ပိန်နယ်ကို ဖြတ်သန်းခဲ့ခြင်း (Vignoble de Champagne) ပြင်သစ်ပြည်ရောက်ရင် မသိမရှိ မဖြစ်တာတွေ အများကြီး အများကြီး ရှိပါတယ်။ အတွေးအခေါ် စာကဗျာ ပန်းချီ ပန်းပု အနုပညာ အဆောက်အဦးဗိသုကာ တည်ဆောက်မှုအနုပညာ၊ သမိုင်းကြောင်းနောက်ခံ၊ ဘုရင်စနစ် လူ့အခွင့်အရေး တော် လှန်ရေး ၊ နိုင်ငံရေး၊ စီးပွားရေး ကြီးပွားရေး၊ စိုက်ရေးပျိုးရေး၊ စားရေးသောက်ရေး၊ ကဖေး ဘားစားသောက်ဆိုင်ရှေးရိုးအစဉ် အလာ ထိမ်းသိမ်းမှုအတတ်ပညာ တီထွင်ဆန်းသစ်မှု အစစအရာရာလေ့လာချင်စရာ အကြောင်းအရာတွေက များစွာ များ စွာပါ။  ရှန်ပိန်မာစတာကြီး Dom Pérignon နှင့်...

Read more »

အီကြာအော် ● ဖွတ်ကလေး၊ ကော်ဖီအာနံ၊ ဘိုကီမွန်နှင့် ဘမသ အဖွဲ့ကြီး (သရော်စာ)

September 3, 2016
အီကြာအော် ● ဖွတ်ကလေး၊ ကော်ဖီအာနံ၊ ဘိုကီမွန်နှင့် ဘမသ အဖွဲ့ကြီး (သရော်စာ)

အီကြာအော် ● ဖွတ်ကလေး၊ ကော်ဖီအာနံ၊ ဘိုကီမွန်နှင့် ဘမသ အဖွဲ့ကြီး (သရော်စာ) (မိုးမခ) စက်တင်ဘာ ၃၊ ၂၀၁၆ “ကော်ဖီ အလိုမရှိ ကော်ဖီ အလိုမရှိ ကော်ဖီ အလိုမရှိ” ခက်သေးရွာလယ်တွင်ကား ရွာသားတချို့ ဆန္ဒပြနေကြသည်။ အီကြာအော်တယောက် ကော်ဖီအလွန်ကြိုက်သူ ဖြစ်သဖြင့် ကော်ဖီဆိုင်တွေကို ခက်သေးရွာသားတွေ သပိတ်မှောက်ရင်တော့ ခက်ရချေရဲ့ဟု တွေးမိလေသည်။ “ဟေ့ကောင် ဖွတ်ကလေး တို့ရွာမှာ ဘာတွေဖြစ်နေလို့ ကော်ဖီတွေ အလိုမရှိ အော်နေရတာလည်း၊ ချိုင်းလ်ဒလေဘာ ကလေးအလုပ်သမားတွေကို ကော်ဖီဆိုင်တွေမှာ အလုပ်ခန့်ထားလို့လား” အိတ်တလုံးလွယ်လျက် ပွတ်ဖုန်းတလုံးနှင့် ခက်သေးရွာလယ်ကောင်တွင် ပိုကီမွန် အဖမ်းထွက်လာသော ဖွတ်ကလေးကို အီကြာအော်က ဘိုလို မတတ်တတတ်ဖြင့် ဖမ်းမေးလိုက်သည်။ “မဟုတ်ပါဘူး ဆရာအော်ရယ်၊ ယူနန်ပြည်က ကော်ဖီအာနံဆိုတဲ့တရုတ်ကြီးကို...

Read more »

အီကြာအော် ● ဖွတ်ကလေး၊ အီကြာအော်နှင့် ခက်သေးရွာမှ ပုဂါမ ငလျင်ကြီး (သရော်စာ)

August 30, 2016
အီကြာအော် ● ဖွတ်ကလေး၊ အီကြာအော်နှင့် ခက်သေးရွာမှ ပုဂါမ ငလျင်ကြီး (သရော်စာ)

အီကြာအော် ● ဖွတ်ကလေး၊ အီကြာအော်နှင့် ခက်သေးရွာမှ ပုဂါမ ငလျင်ကြီး (သရော်စာ) (မိုးမခ) သြဂတ်စ် ၃၀၊ ၂၀၁၆ “ဆရာအော် ဆရာအော်” တပည့်ကျော် ဖွတ်ကလေး၏အသံသေးအသံကြောင်ဖြင့် အော်သံကြောင့် အီကြာအော်တယောက် စားပွဲအောက်က ဖျာပေါ်တွင် အိပ်နေရာမှ လူးလဲ၍ ထလာရပေသည်။ “ဆရာအော်ကလည်း နေ့ခင်ကြောင်တောင်ကြီး စားပွဲအောက် ဘာဝင်လုပ်နေတာလဲဗျ” “ဟကောင်ရ ခုတလော ငလျင်တွေလှုပ်တော့ သတိလေးဘာလေး ထားရတယ်လေ၊ သတိဆိုတာ ပိုတယ် မရှိပေဘူး၊ ငလျင်လှုပ်ရင် တြိဂံဆိုတဲ့ဘေးလွတ်နေရာ အစောကတည်းက ရှာထားရတယ်ကွ” ဖွဘုတ်တခွင်တွင် ရေးသားထားသော စာတိုစာစ ရသမျှ ဗဟုသုတကလေးများကိုကိုးကားရင်း အီကြာအော်တယောက် ခက်သေးရွာသားပြီပြီ သူတပါးကို အခွင့်ကြုံတုန်း ဆရာလုပ်လိုက်လေသည်။ ခက်သေးရွာ ပုဂါမရပ်ကွက်ကြီးတွင်လည်း ငလျင်ကြောင့် ဘုရားပုထိုးများ အတော်ပျက်သွားသည်။...

Read more »

ကိုအောင်မှိုင်း – တိုက်ချင်လို့ တိုက်တယ်နဲ့ အခြားပုံပြင်များ

August 28, 2016
ကိုအောင်မှိုင်း – တိုက်ချင်လို့ တိုက်တယ်နဲ့ အခြားပုံပြင်များ

ကိုအောင်မှိုင်း – တိုက်ချင်လို့ တိုက်တယ်နဲ့ အခြားပုံပြင်များ (မိုးမခ) သြဂုတ် ၂၈၊ ၂၀၁၆ ကျနော်တို့ လူအများနားလည်တဲ့စကားနဲ့  ပြောရရင်တခွန်းထဲဘဲဖြစ်ပါတယ်။အဲဒါကတော့ “တိုက်ချင်လို့တိုက်တယ်” ဆိုတာပါဘဲ။ ၂၁ရာစုပင်လုံညီလာခံ စကားနဲ့ ပြောရမလား။ ဂွင်ပြောက်သွားတဲ့ ကိုအောင်မင်းဟိုတလောက ပြောတဲ့ စကားနဲ့ ပြောရမလား။ ငြိမ်းချမ်းရေးညီလာခံမှာ ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်နေပါတယ်ဆိုတဲ့ ကိုခင်ဇော်ဦး စကား နဲ့ ပြောရမလား။ပါးစပ်ရှိလို့ပြောနေတဲ့အစိုးရကိုသေနတ်ရှိတဲ့“ငါတို့ကလဲတိုက်ချင်လို့တိုက်”ပြတာဖြစ်တယ်ဆိုတာပါဘဲ။ သေနတ်သံတွေနဲ့ ဝေနေတဲ့ ထူးခြားတဲ့ ငြိမ်းချမ်းရေးညီလာခံကြီး (တနည်း) ၂၁ ရာစုပင်လုံညီလာခံကြီး လို့ဘဲပြောရ တော့မှာပါ။ NCA ဘာလဲဘယ်လဲ NCA (Nationwide Ceasefire Agreement) တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ဆိုတာ သမ္မတဦးသိန်းစိန်ပြုတ်ကာနီး ပေးခဲ့တဲ့ နောက်ဆုံးအရှုပ်ထုပ်တခုဘဲဖြစ်ပါတယ်။ NCA မှာ အခန်းပေါင်း (၇)ခန်း...

Read more »

မောင်ရင်ငတေ ● ပါရီမြို့မှာ တနေ့တာ (တတိယပိုင်း)

August 27, 2016
မောင်ရင်ငတေ ● ပါရီမြို့မှာ တနေ့တာ (တတိယပိုင်း)

မောင်ရင်ငတေ ● ပါရီမြို့မှာ တနေ့တာ (တတိယပိုင်း) (မိုးမခ) သြဂတ်စ် ၂၇၊ ၂၀၁၆ မောင်ရင်ငတေတို့အဖွဲ့ အပြာရောင် မေထရို လိုင်းအမှတ် (နှစ်) ရထားပေါ် ရောက်နေပါပြီ။ ရှောင်ဇေလီဇေ မုခ်ဦးကနေ တောင်ပေါ်ဘုရားကျောင်း Anvers ဘူတာကို မြေအောက်ရထားစီးရင် မိနစ်နှစ်ဆယ်ခန့် ကြာပါတယ်။ ပါရီမြို့ရဲ့ မူလလက်ဟောင်း အတွင်းမြို့ပတ်မြေအောက်ရထားလမ်း အပြာရောင် လိုင်းအမှတ် (နှစ်) စီးသွားရင် Anvers ဘူတာကို ရောက်ပါတယ်။ ဘူတာရဲ့ Sortie ကို ထွက်လိုက်တာနဲ့ လူတွေ ရုတ်ရုတ် ရုတ်ရုတ်ကို တွေ့ရမှာပါ။ လွယ်လွယ်ပြောရင် ဘုရားပွဲဈေးနဲ့ ခပ် ဆင်ဆင်တူတယ် ပြောရမှာပါ။ အဟောင်းထည်တွေရောင်းတဲ့ဆိုင်တွေ အမှတ်တရပစ္စည်းရောင်းတဲ့ ဆိုင်တွေ လေးကောင်ဂျင်လို အံဇာတုံးခေါက်သလို လိမ်စကားတဲ့သူတွေနဲ့ စည်ကားလှတဲ့...

Read more »

မောင်ရင်ငတေ ● ပါရီမြို့မှာ တနေ့တာ (ဒုတိယပိုင်း)

August 23, 2016
မောင်ရင်ငတေ ● ပါရီမြို့မှာ တနေ့တာ (ဒုတိယပိုင်း)

မောင်ရင်ငတေ ● ပါရီမြို့မှာ တနေ့တာ (ဒုတိယပိုင်း) (မိုးမခ) သြဂတ်စ် ၂၄၊ ၂၀၁၆ အီဖယ်ထိပ် မတက်ဘဲ အောက်ကနေသာ သွားမှာမို့လို့ ၃၂၄ မီတာ အမြင့်ကမြင်တွေ့ရမယ့် မြို့ပါရီရဲ့ အလှတွေကိုတော့ နောက်မှရေးပါမယ်၊ မြက်ခင်းပြင်ကလျှောက်လာခဲ့တာမို့ ထရိုကာဒေရို ကုန်းမြင့်ပေါ်သို့ စဲန်းမြစ်ကိုကူး လမ်းဆက် လျှောက် ရမှာပါ။ အဲဒီ Pont d’Iéna မြစ်ကူးတံတားပေါ်ကရော Jardins du Trocadéro ရေပန်းမြက်ခင်းပြင်ကရော မှတ်တမ်းတင် ချင်သူများ အတွက်က ရိုက်ကွင်း ကောင်းကောင်းတွေသာပါ။ ထရိုကာဒေရို ရေပန်း (ဓါတ်ပုံ မရငတ)  Jardins du Trocadéro ရေပန်းမြက်ခင်းပြင်ကတော့ ခြေညောင်းပြေ ခေတ္တခဏ နားကြသူတွေနဲ့ စည်ကားပါတယ်။ ရေပန်း ဖွင့်ထားချိန် ရေပန်းဖွေးဖွေးကြားက...

Read more »

မောင်ရင်ငတေ ● ပါရီမြို့မှာ တနေ့တာ (ပထမပိုင်း)

August 22, 2016
မောင်ရင်ငတေ ● ပါရီမြို့မှာ တနေ့တာ (ပထမပိုင်း)

မောင်ရင်ငတေ ● ပါရီမြို့မှာ တနေ့တာ (ပထမပိုင်း) (မိုးမခ) သြဂတ်စ် ၂၂၊ ၂၀၁၆ ဒီရက်ပိုင်းမှာ မိတ်ဆွေတယောက်က တောင်းဆိုလာခဲ့လို့ ပါရီမြို့ရဲ့ ဝမ်းဒေးတိုးလ်  တူးဒေးသရီးဒေး တိုးရ် ခရီးစဉ်တွေကို ရေးဖို့ ကြိုးစားမိပါတယ်။ ဒါပေမယ့် တပိုင်းတစနဲ့ တန်းလန်း ဖြစ်နေဆဲပါ။ West to East, View from Eiffel Second Floor (ဓါတ်ပုံ မရငတ) အဲဒီလို ပါရီမြို့ရဲ့ တနေ့တာ ခရီးစဉ်လမ်းကြောင်းကို ရေးဆွဲကြည့်တော့ ပို့နေကြလမ်းကြောင်းတွေဖြစ်ပေမယ့်လည်း အစီ အစဉ်တွေကို ချရေးကြည့်တော့ တကယ်မလွယ်လှပါဘူး။ ဒီနေရာလေးချန်ခဲ့ မကောင်း ဟိုနေရာလေးချန်ခဲ့ မကောင်းနဲ့ ဝမ်း ဒေးတိုးရ်က နေ့ရော ညပါ မအိပ်မနား လည်ပတ်မှသာ ရမယ့်အနေအထား...

Read more »

အီကြာအော် ● ဖွတ်ကလေး၊ ပိုကီအွန်နှင့် ခက်သေးရွာမှ ပိုကီမွန်ဂိုးရောဂါ

August 14, 2016
အီကြာအော် ● ဖွတ်ကလေး၊ ပိုကီအွန်နှင့် ခက်သေးရွာမှ ပိုကီမွန်ဂိုးရောဂါ

အီကြာအော် ● ဖွတ်ကလေး၊ ပိုကီအွန်နှင့် ခက်သေးရွာမှ ပိုကီမွန်ဂိုးရောဂါ (မိုးမခ) သြဂတ်စ် ၁၄၊ ၂၀၁၆ ခုတလော ခက်သေးရွာတရွာလုံး လှုပ်လှုပ်ရွရွ ဖြစ်နေကြသည်။ လှုပ်လည်းလှုပ် ရွလည်းရွကြရသည့် အကြောင်းရင်းမှာကား တခြားရွာများမှာကဲ့သို့ပင် ခက်သေးရွာကာလသားများ ခေတ်မှီ “ပိုကီမွန်ရောဂါ” ထနေသောကြောင့်ဖြစ်သည်။ ကွမ်းတံတွေး ထွေးခြင်း၊ တွေ့ကရာနေရာတွင် အမှိုက်ပစ်ခြင်း၊ တန်းမစီပဲနေရာလုခြင်း၊ ကားကို ယာဉ်ကြောပြောင်းပြန်မောင်းခြင်းစသည့် ခက်သေးအကျင့်မျာကို မူပိုင်ယူထားသော ရွာသားအများစုကား မဟုတ်တာဆိုလျှင် ထိပ်ဆုံးက အတုခိုးတတ်ပေသည်။ ဘောက်ကန်နှင့် စူကာပင်ရွာများသို့ သွားလည်လျှင်ကား ခက်သေးရွာသားတို့၏ အရိုးစွဲနေသော အကျင့်ဆိုးတို့သည် ကြက် ပျောက် ငှက်ပျောက်ကုန်ပြီး စည်းကမ်းရှိကုန်လေသည်။ သို့သော်လည်း ခက်သေးရွာ ပြန်ရောက်လျှင်ကား ခွေးမြီးကောက် ကျည်တောက် စွပ်သည့်နှယ် ဒုန်ရင်း ဒုန်ရင်းပင် ဖြစ်သွားသည်။...

Read more »

မောင်ရင်ငတေ ● ပျူတိုကျွန်းက ၀ိုင်သူဌေး

August 4, 2016
မောင်ရင်ငတေ ● ပျူတိုကျွန်းက ၀ိုင်သူဌေး

မောင်ရင်ငတေ ● ပျူတိုကျွန်းက ၀ိုင်သူဌေး (မိုးမခ) သြဂတ်စ် ၄၊ ၂၀၁၆   ပျူတိုကျွန်းအကြောင်း နောက်ထပ် စိတ်ဝင်စားစရာတခု ရှိပါသေးတယ်၊ အမှန်တကယ်ဆိုရင်တော့ မောင်ရင်ငတေ ရေးနေ တဲ့ Puteaux ပျူတိုကျွန်းအကြောင်းအရာတွေက တခုနဲ့တခု မဆက်စပ်လှပါဘူး၊ ဘာတခုမှမဆိုင်သလိုသာပါ။ မောင်ရင်ငတေတို့ နေ့စဉ်ဖြတ်သန်းနေရတဲ့ ပါရီမြို့ပြဘဝနဲ့လည်း ခပ်ဝေးဝေးမှာသာရှိတာပါ။ ပျူတိုကမ်းကို ကပ်ထားတဲ့ မော်တော်အိမ်တွေရယ် ကစားကွင်းတွေရယ် အခုရေးမယ့် Famille Rothschild ရို့ထ်ချီမိသားစုကြီးကောက်ကြောင်းရယ် တကယ်တမ်းကတော့ တခုချင်း ရေးရမှာပါ။ အခုတော့ သုံးခုပေါင်း ပျူတိုကျွန်းအကြောင်းလို့သာ မှတ်လိုက်ပါတော့။ ဒီပျူတိုကျွန်းကို Île Rothschild လို့လည်း ခေါ်ခဲ့ကြပါသေးတယ်။ ၁၉၀၀ နှစ်များမတိုင်မီက ဒီလိုမျိုး ကစားကွင်းတွေ မရှိ သေးခင် ကာလကပေါ့၊ ဒီကျွန်းပေါ်မှာ...

Read more »

ကိုအောင်မှိုင်း – ချစ်သော NLD ပါတီ

August 2, 2016
ကိုအောင်မှိုင်း –  ချစ်သော NLD ပါတီ

ကိုအောင်မှိုင်း –  ချစ်သော NLD ပါတီ (မိုးမခ) သြဂုတ် ၂၊ ၂၀၁၆ ငယ်သူငယ်ချင်းတယောက်ဖြစ်တဲ့ ကျောင်းအုပ်ဆရာမကြီးပင်စင်စား တယောက်က ဖုန်းဆက်ပြီး ကျနော့်ကိုအပြတ်ကောလိုက်တာဗျာ အတော့်ကို ထူပူသွားတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ဆိုင်တဲ့ ကျနော့် သဘောထား တချို့ ကို ကျနော့် facebook မှာ ရေးခဲ့မိလို့ပါ။ သူငယ်ချင်းကပြောတယ်။ နင်လိုလူက NLD ကို ဒီလိုရေးတာ ဘာကောင်းလဲ။ နင်တို့ပဲ နှစ်ပေါင်းများစွာကြာအောင် ဒီမိုကရေစီအတွက် တိုက်ပွဲတွေဝင်ခဲ့တယ်။ သေတဲ့လူလည်း သေကုန်ကြပြီ။ မိတကွဲဖတကွဲတွေလည်း မနည်းတော့ဘူး။ ဘ၀ပျက်သွားခဲ့ရတဲ့ နင်တို့သူငယ်ချင်းမိသားစုတွေမျက်နှာကို နင်တို့ထောက်ထားသင့်တာပေါ့တဲ့။ တကယ်တော့ သူက NLD ပါတီဝင် တယောက်မဟုတ်ပါ။ ရှည်လျားလှတဲ့ စစ်အစိုးရ စစ်ဗျူရိုကရေစီယန္တယားအောက်မှာ ကျောင်းဆရာဘ၀ကို ပင်စင်ယူသည်အထိ လုပ်ခဲ့သူတယောက်ရဲ...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်