ဂျုနီယာဝင်း

ဂျူနီယာဝင်း – စာဖတ်သူနဲ့သတင်းစာ ကောက်ကြောင်း

October 6, 2017
ဂျူနီယာဝင်း – စာဖတ်သူနဲ့သတင်းစာ ကောက်ကြောင်း

ဂျူနီယာဝင်း – စာဖတ်သူနဲ့သတင်းစာ ကောက်ကြောင်း (အတွေးအမြင် အောက်တိုဘာ ၂၀၁၇) မိုးမခ၊ အောက်တိုဘာ ၆၊ ၂၀၁၇ ၁၉၈၄ ခုနှစ်နိုဝင်ဘာလထုတ် American Weekly Newsletter မှာ ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်ပါ။ အမေရိကန်သတင်းစာ အယ်ဒီတာ တစ်ဦးရေးတဲ့စာလို့ ဆိုရမယ် ထင်ပါတယ်။ သူက သတင်းစာဖတ်သူတွေက သတင်းစာတွေမှာ ဘာကို ဖတ်ချင်ကြမလဲ လို့ ခေါင်းစဉ်တပ် မေးခွန်းထုတ်ထားပါတယ်။ သတင်းစာဆိုတာ နေ့စဉ်သတင်းစာပေါ့။ နေ့စဉ် ထွက်နေတဲ့ သတင်းစာဆိုတော့ လူတွေက ဘာကို ဦးစားပေးပြီးဖတ်မှာလဲ။ လူတွေဦးစားပေးဖတ်တဲ့ အကြောင်းအရာဆိုတာ လူတွေဖတ်ချင်တဲ့အရာဖြစ်မှာပါ။ သူရေးတဲ့ ဆောင်းပါးကို ကိုးကားပြီး တင်ပြသွားမှာပါ။ သူက အမေရိကန်လူမျိုးတွေက သူတို့တိုင်းပြည်က နေ့စဉ်ထုတ်သတင်းစာတွေကို ဘယ်လိုသဘောထားကြမှာပါလိမ့် တဲ့။ ဟောဒီ...

Read more »

ဂျူနီယာဝင်း – ပြတိုက်ပေါ်တင်လိုက်တဲ့ အိုလီဖင့်၏နိုင်ငံရေးကာတွန်းများ

September 11, 2017
ဂျူနီယာဝင်း – ပြတိုက်ပေါ်တင်လိုက်တဲ့ အိုလီဖင့်၏နိုင်ငံရေးကာတွန်းများ

  ဂျူနီယာဝင်း – ပြတိုက်ပေါ်တင်လိုက်တဲ့ အိုလီဖင့်၏နိုင်ငံရေးကာတွန်းများ  (အတွေးအမြင်၊ စက်တင်ဘာ၊ ၂၀၁၇) မိုးမခ၊ စက်တင်ဘာ ၁၁၊ ၂၀၁၇ပြတိုက်တွေမှာ နိုင်ငံရေး ကာတွန်းတွေကို ပြသထားဖို့ သဘောတူပါသလား တဲ့။ ဒီမေးခွန်းကို စမေးသူကတော့ အိုလီဖင့်ရဲ့ ကာရီကေးချားပုံများ နှစ်အစိတ်ခရီးဆိုပြီး ပြသခဲ့တဲ့ ၀ါရှင်တန်က အမျိုးသားပြတိုက် – ခေါ် – ပုံတူများပြသခန်း ဥက္ကဌတွေ ဖြစ်ပါတယ်။ အဖြေကတော့ ဒီကာတွန်းတွေဟာတဲ့၊ လူတွေကို စိတ်ပျော်ရွှင်စေတယ်။ နောက်တစ်ချက်က စာဖတ်သူတွေအတွက် သည်လို နိုင်ငံရေးကာတွန်းတွေ ကိုဖတ်ပြီး သူတို့ရင်ထဲက မကျေနပ်မူတွေကို လက်စားခြေလိုက်ရသလို ခံစားမူတွေ ပေးပါသတဲ့။ ဒါပေမယ့် နိုင်ငံရေးကာတွန်းတွေဟာ သည့်ထက်မကသော အခွင့်အရေးတွေကို ပေးနေပါသေးတယ်။ တော်တော်လေး သေသပ်တဲ့ နိုင်ငံေ၇းကာတွန်းများဟာ လူတွေရဲ့...

Read more »

ဂျူနီယာဝင်း – ဆုံးရှူံးသွားတာတွေကို အသက်ပြန်သွင်းပေးကြသူများ

August 9, 2017
ဂျူနီယာဝင်း – ဆုံးရှူံးသွားတာတွေကို အသက်ပြန်သွင်းပေးကြသူများ

ဂျူနီယာဝင်း – ဆုံးရှူံးသွားတာတွေကို အသက်ပြန်သွင်းပေးကြသူများ (အတွေးအမြင်၊ သြဂုတ်၊ ၂၀၁၇) မိုးမခ၊ သြဂုတ် ၉၊ ၂၀၁၇ ၁၉၉၁ ခုနှစ်ထုတ် အမေရိကန်အပတ်စဉ် သတင်းဂျာနယ်တစ်ခုထဲမှာ ဖတ်လိုက်ရတဲ့ နည်းပညာသတင်းတစ်ပုဒ်ပါ။ ရေးသူက ဒယ်နီရယ် ခါဂန် (Dania Kagan) ဖြစ်ပါတယ်။ သူက မီးလောင်တာ၊ ရေကြီးတာ၊ ငလျင်လှူပ်တာ၊ ဟာရီကိန်းမုန်ုတိုင်းဒဏ်တွေ၊ ဓါတ်ငွေ့ပေါက်ကွဲမူတွေ၊ လေဆင်နှာမောင်းတိုက်ခံရတာတွေ အစရှိတဲ့ ဘေးဒုက္ခတွေကို ကြုံကြရရင် ဒါတွေအတွက် ဆုံးရှူံးမူဒဏ် ခံရဖို့ပဲရှိတယ်လို့ လူတော်တော်များများ ကတွေးကြပါတယ်တဲ့။ ဒီဘေးတွေကြောင့် ဖြစ်လာရတဲ့ ဆုံးရှူံးမူတွေကို ဘယ်လို ဖြေရှင်းကြမလဲတဲ့။ သူ့ဆောင်းပါးအစမှာ အဲသလို မေးခွန်းထုတ်ထားပါတယ်။ အဲဒီလိုဖြစ်ရပ်မျိုးတွေအတွက် ဖြေရှင်းပေးဖို့ဆိုပြီး ကုမ္မဏီတွေ တော်တော်များများက နည်းလမ်းတွေရှာပြီး အမြတ်ထုတ်ကြပါတယ်။ အဲဒီထဲမှာ “ဘလက်မိုး...

Read more »

ဂျူနီယာဝင်း – စာအုပ်အယ်ဒီတာ ကော်လင်းဆဲလ်၏ ဖြောင့်ချက်

June 30, 2017
ဂျူနီယာဝင်း – စာအုပ်အယ်ဒီတာ ကော်လင်းဆဲလ်၏ ဖြောင့်ချက်

  ဂျူနီယာဝင်း – စာအုပ်အယ်ဒီတာ ကော်လင်းဆဲလ်၏ ဖြောင့်ချက် ( အတွေးအမြင် အုပ် ၃၀၀ ပြည့်၊ ဇူလိုင်) မိုးမခ၊ ဇွန် ၃၀၊ ၂၀၁၇ ပြင်သစ် စာရေးဆရာမ ဖရွန်ဆွာစ် ဆာဂန်က ပြောတယ်။ “ကျွန်မစာမရေးဖြစ်ခဲ့ရင် ကျွန်မဘ၀ဟာ ဆိုးဆိုးဝါးဝါး ဖြစ်သွားမှာသေချာတယ်။  ကမ္ဘာပေါ်မှာ ကျွန်မဆိုတဲ့သူ ပေါ်မလာ ဖြစ်လည်း စာတော့ ရအောင်ရေးမှာပဲ”။ တဲ့။ စာရေးဆရာ အီးဘီဝိုက် က “စာရေးတယ်ဆိုတာ ကံပါလာလို့သာဖြစ်တာ။ အဲဒါအမှန်တရားပဲ။” ကော်လင်းဆဲလ် ဆိုတဲ့စာအုပ်ထုတ်ဝေသူလည်းဟုတ်၊ စာအုပ်အယ်ဒီတာ လည်းဟုတ်တဲ့ စာရေးဆရာမတစ်ယောက်က စာအုပ်တစ်အုပ်ရဲ့ အမှာစာမှာ အခုလို ရေးထားတာတွေ့တယ်။ သူက စာရေးဆရာ၊ အယ်ဒီတာ၊ နံမယ်ခံစာရေးဆရာလည်းဟုတ်တဲ့ မဂ္ဂဇင်းအယ်ဒီတာ၊ ကော်လံစာရေးဆရာ၊ ဂျာနယ်သတင်းထောက်အပြင် သတင်းရေးဆရာတစ်ယောက်လည်း...

Read more »

ဂျူနီယာဝင်း – ရင်းနှီးလာခဲ့ရတဲ့ သည်လမ်းကလေး

June 9, 2017
ဂျူနီယာဝင်း – ရင်းနှီးလာခဲ့ရတဲ့ သည်လမ်းကလေး

ဂျူနီယာဝင်း – ရင်းနှီးလာခဲ့ရတဲ့ သည်လမ်းကလေး (အတွေးအမြင် ဇွန်လထုတ်) မိုးမခ၊ ဇွန် ၉၊ ၂၀၁၇ သည်လမ်းလေးကို သွားလာရဖန်များတော့ ရင်းနှီးလာရတဲ့ အရာတွေသိပ်များလာတယ်။ သည်လမ်းအချိုးအကွေ့တစ်ခုမှာ အမှိုက်သိမ်းကားကြီးတွေရပ်ထားတယ်။ ပြီးတော့ ရထားသံလမ်းဘေးကနေ ဖြတ်သွားရတယ်။ တခါတရံ ရထားကြီးဖြတ်သွားသံကို ကြားရမြင်ရတယ်ပေါ့။ ကားဆေးမလားလို့ လက်ပြလှမ်းတားနေကြတဲ့ သူတွေကို လမ်းတလျောက်တွေ့ရပြန်တယ်။ မီးပွိုင့်တစ်ခုကို ဖြတ်လာရတော့ ကားတွေဟာ အလုအယက်မောင်းနေတာမျိုးထက် သက်သက်သာသာပဲ သွားလာနေကြတာတွေ့ရတယ်။ လမ်းဘေးတလျောက်မှာ ကားတွေ အစီအရီ ရပ်ထားကြပေမယ့် ဆဲဆိုသွားတာမျိုးမရှိဘူး။ သူတို့လည်းရပ် ကိုယ်ကလည်းရှောင်ပေါ့ ဆိုတဲ့သဘောမျိုး။ လူတွေကလည်း သူတို့ဘေးကနေ ကားတွေဖြတ်နေကြတာ မကြောက်ဖူး။ ကလေးတွေကို လက်ဆွဲသွားလာနေသူတွေကများ ကလေးကို လမ်းမဘက်ထားပြီး လျောက်နေကြတယ်။ ခွေးတွေကလည်း လမ်းဖြတ်ကူးနေလိုက်ကြတာ မကြောက်မရွံ့။ တခါများ ကြောင်ကလေးတစ်ကောင်...

Read more »

အမေးနှင့်အဖြေစွယ်စုံကျမ်း ၂၀၁၅ – ဂျူနီယာဝင်း

June 7, 2017
အမေးနှင့်အဖြေစွယ်စုံကျမ်း ၂၀၁၅ – ဂျူနီယာဝင်း

အမေးနှင့်အဖြေစွယ်စုံကျမ်း ၂၀၁၅ – ဂျူနီယာဝင်း (မိုးမခစာအုပ်စင်) ဇွန် ၇၊ ၂၀၁၇ ထုတ်ဝေသူ – ဦးလှတိုး တိုက် – ရန်အောင်စာပေ အ ထ က (၁) ရန်ကင်းကျောင်းရှေ့ ဆိုင်အမှတ် (H)၊ ၁၂လုံးတန်းမှတ်တိုင်အနီး။ ရန်ကင်းမြို့နယ် ဖုန်း- ၀၉ ၅၁၇၉ ၃၉ ၈၊ ၀၉ ၇၃၂၄၃၈၅၁။ ပထမအကြိမ် ၂၀၁၆ ဧပြီ ဒုတိယအကြိမ် ၂၀၁၆ နိုဝင်ဘာ အုပ်ရေ – ၁၀၀၀ တန်ဖိုး – ၃၅၀၀ကျပ် စာမျက်နှာ ၄၁၆ ယခုစာအုပ်သည် ၂၀၁၆ခုနှစ် အတွင်း အချိန်တိုအတွင်းမှာ ဒုတိယအကြိမ် ရိုက်နှိတ်ထုတ်ဝေ လိုက်ရသော စာအုပ်တစ်အုပ်ဖြစ်သည်။ စွယ်စုံကျမ်းကဲ့သို့သော လေးလံထိုင်းမှိုင်းဖွယ်...

Read more »

ဂျူနီယာဝင်း၏ အင်္ဂလိပ်ဘာသာစာအုပ် Memory of My Grandparents ထွန်းဖောင်ဒေးရှင်းစာပေဆု ရရှိ

January 18, 2017
ဂျူနီယာဝင်း၏ အင်္ဂလိပ်ဘာသာစာအုပ် Memory of My Grandparents ထွန်းဖောင်ဒေးရှင်းစာပေဆု ရရှိ

ဂျူနီယာဝင်း၏ အင်္ဂလိပ်ဘာသာစာအုပ် Memory of My Grandparents ထွန်းဖောင်ဒေးရှင်းစာပေဆု ရရှိ (မိုးမခ) ဇန်န၀ါရီ ၁၇၊ ၂၀၁၇ ၂၀၁၇ နှစ်ဆန်းတွင် ထုတ်ပြန်ကြေညာသော ၂၀၁၅နှစ်အတွင်း ထုတ်ဝေခဲ့သည့် စာအုပ်များထဲမှ ထွန်းဖောင်ဒေးရှင်းစာပေဆု ရရှိသည့် စာရင်းတွင် ဂျူနီယာဝင်း အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည့် A Memory of my Grandparents စာအုပ်က အထုပ္ဗတ္တိစာပေ (အင်္ဂလိပ်) တွင် ဆုချီးမြှင့်ခြင်း ခံရသည်။ အဆိုပါ စာအုပ်သည် ၂၀၁၅ ခုနှစ် တွင် စာပေဇနီးမောင်နှံဖြစ်သော ဦးခင်မောင်လတ် ဒေါ်ခင်မျိုးချစ် ရာပြည့်အထိမ်းအမှတ် ထုတ်ဝေခြင်း ဖြစ်သည်။ သူတို့စာပေမောင်နှံနှင့် သူတို့၏ စာပေနှင့် နိုင်ငံရေးမိတ်ဆွေများ၊ မိသားစုသူငယ်ချင်းများ၏ ဖြတ်သန်းမှုများ အမှတ်တရများကို ဓာတ်ပုံများ ကောက်နှုတ်ချက်များနှင့် မြေးဖြစ်သူ  စာရေးဆရာမ ဂျူနီယာဝင်းက ၎င်း၏ ဘ၀အမြင်ကနေ ပြန်လည်...

Read more »

ဂျူနီယာဝင်း ● ခေတ်တခေတ်၏ သူရဲကောင်းများ

November 22, 2016
ဂျူနီယာဝင်း ● ခေတ်တခေတ်၏ သူရဲကောင်းများ

ဂျူနီယာဝင်း ● ခေတ်တခေတ်၏ သူရဲကောင်းများ (အတွေးအမြင် အမှတ် – ၂၉၂၊ ၂ဝ၁၆ အောက်တိုဘာ) (မိုးမခ) နိုဝင်ဘာ ၂၂၊ ၂ဝ၁၆ ပြင်သစ်စာရေးဆရာကြီး အလက်ဇန်ဒါဂျူးမား (Alexandre Dumas) (၁၈ဝ၂-၁၈၇ဝ) ရေးသားသော Three Musketeers (သူရဲကောင်းသုံးယောက်) သည် ၁၈၄၄ မှာ ထွက်ရှိခဲ့သည်။ ဝတ္တုသည် သမိုင်းရာဇဝင်စွန့်စားခန်းဖြစ်သည်။ ဖတ်လို့အလွန် ကောင်းသည်။ ပြင်သစ်ဘုရင်လူဝီ-၁၃ (Louis XIII) (၁၆၁ဝ) လက်ထက်ကို နောက်ခံထားထားသော ဝတ္တုကြီးဖြစ်သည်။ လူဝီ-၁၃ ၏ ဝန်ကြီးချုပ် ရစ်ချလူးသည် ၁၆၂၅ တွင် အာဏာရလာချိန်တွင် ဒါးတညန်အမည်ရှိ လူငယ်လေးက ပါရီသို့ ရောက်လာသည်။ ဒါးတညန် နှင့် ဘုရင့်သူရဲကောင်းသုံးယောက်ဖြစ်သော အော်သို၊ ပေါသို၊...

Read more »

ဂျူနီယာဝင်း – ဒေါ်လာတထောင်တန်ပုံပြင်

November 10, 2016
ဂျူနီယာဝင်း – ဒေါ်လာတထောင်တန်ပုံပြင်

Photo – YIT ဂျူနီယာဝင်း – ဒေါ်လာတထောင်တန်ပုံပြင် (မိုးမခ) နိုဝင်ဘာ ၁၀၊ ၂၀၁၆ ဒေါက်တာစူးသာ အသက်ရှိသေးရင် ဂရန့်က ကြီးကျယ်ခန်းနားလှတဲ့ မြို့ကြီးအား ၀ါးမြိုခြင်း ဆိုတဲ့ခေါင်းစဉ်နဲ့ ကလေးတွေအတွက် ကာတွန်းတစ်ပုဒ်ရေးဆွဲလိမ့်မယ်လို့ ဒေါက်တာသရော့ ဆိုတဲ့စာရေးဆရာက အာဖီးမက်ဆေး ပန်းချီဆရာနဲ့ တွဲဖက်ကာ ရေးထားတဲ့ သရုပ်ဖော်ကာတွန်းတစ်ပုဒ် အွန်လိုင်းစာမျက်နှာ မှာ ထွက်ပေါ်လာတယ်။ ဇာတ်လမ်းထဲမှာ အောက်တိုဘာလ ၃ ရက်နေ့မှာ ကလေးမလေးတစ်ယောက်က အိပ်မက်ထဲမှာ အဘိုးကြီးတစ်ယောက်နဲ့တွေ့တယ်။ အဘိုးကြီးက စားစရာဝယ်ဖို့ ကူညီပါဦး လို့ပြောတယ်။ “ပုံပြင်တွေရမယ် ဒေါ်လာတထောင် “ လို့ ဘုတ်မှာရေးထားတာတွေ့တော့ ကလေးမလေးက တော်တော်လန့်သွားတယ်။ သူဘယ်လိုမှ မတတ်နိုင်ဘူး။ ဒါဆို ပုံပြင်လေးတစ်ပုဒ်တော့ ပြောပြပါလား။ ကလေးမလေးက ပိုက်ဆံတော့မပေးနိုင်ဘူးတဲ့။...

Read more »

ဂျူနီယာဝင်း – ဖိနပ်စီးလျက် သေဆုံးသွားသူများ

October 24, 2016
ဂျူနီယာဝင်း – ဖိနပ်စီးလျက် သေဆုံးသွားသူများ

ဂျူနီယာဝင်း – ဖိနပ်စီးလျက် သေဆုံးသွားသူများ (မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၁၆ ၂၀၁၆ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က ခရီးသည် ၃၀၀လောက်သယ်ဆောင်လာတဲ့ အမြန်ရေယာဉ်တစ်စင်းဟာ မြန်မာနိုင်ငံ ချင်းတွင်းမြစ်ထဲမှာ မနက်စောစော ၅နာရီအချိန်ခန့်က နစ်မြုပ်သွားတယ်ဆိုတဲ့သတင်းကို ကြားလိုက်ရတယ်။ ဖြစ်တာက လွန်ခဲ့တဲ့ ၁၀ရက်လောက်ကပါ။ သယ်ဆောင်သင့်တဲ့ ခရီးသည်ပမာဏထက် လူ ၁၀၀ကျော်အပိုသယ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ကြားဖူးနေကြ သတင်းပို့ချက်ကိုလဲ ဖတ်လိုက်ရပါတယ်။ ရေယာဉ်ဖယ်ရီပေါ်မှာ တက္ကသိုလ်ကျောင်းသားတွေ၊ ဆရာဆရာမတွေ၊ အလုပ်သမားတွေ၊ ဆရာဝန်တွေ လိုက်ပါသွားတာ ဖြစ်တယ်လို့ဆိုတယ်။ ပြောတော့ ပြောကြပါတယ်။ ဒီလိုရေယာဉ် အဲဆီးဒင့်တွေက မြန်မာပြည်မှာ ဖြစ်နေကျပါတဲ့။ ဒါပေမယ့် ကမ်းရိုးတန်း၊ ကမ်းနားမှာ နေထိုင်သူတွေက တခြားရွေးစရာမှမရှိတာ။ နေ့စဉ် အန္တရယ်များတဲ့ ခရီးကိုသွားနေကြရတာ။ သူတို့တွေဟာ ညံ့ဖျင်းတဲ့...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်