ဇွန်ပွင့်

ဦးဖေသိန်း ကိုးဆယ် အမှတ်တရ

January 22, 2014
ဦးဖေသိန်း ကိုးဆယ် အမှတ်တရ

ဦးဖေသိန်း ကိုးဆယ် အမှတ်တရ ဇွန်ပွင့်၊ ဇန်န၀ါရီ ၂၂၊ ၂၀၁၄ (သူ့ဖေ့စ်ဘွတ်က ယူပါတယ်) ဖေဖေ့ အသက် နှစ်ကိုးဆယ်ပြည့်အမှတ်တရပွဲ လုပ်ဖို့ ကာတွန်းဆရာများနဲ့ မိသားစုတို့ စီစဉ်နေချိန်မှာ ကျွန်မရေးထားတဲ့ ဖေဖေ့အကြောင်းတွေထဲက ” သက္ကရာဇ်များနဲ့ ဖေသိန်း” ကို အမှတ်တရ တင်ပြလိုက်ပါတယ်။ ဖေဖေ့အကြောင်း ( ၁၆ ) ဖေဖေက နှစ်ကူးတိုင်း ခုနှစ်သက္ကရာဇ် ဂဏန်းကို ကာတွန်းလုပ်ပြီး မဂ္ဂဇင်းစာစောင်များမှာ ရေး ဆွဲလေ့ရှိပါတယ်။ (ဥပမာ- ၁၉၇၁ခုနှစ်ကနေ၁၉၇၂ခုနှစ်ကူးတဲ့ ၁-၁-၁၉၇၂ နေ့၊ သတင်း ဂျာနယ်က ကာတွန်းတစ်ကွက်ပါ)၊ ၁၉၅၅၊ ၁၉၆၆။ ၁၉၇၇၊ ၁၉၈၈ ခုနှစ်တို့ကိုလည်း ကာတွန်းနဲ့ အထူး သရုပ်ဖော်ရေးဆွဲ လေ့ ရှိပါ သေးတယ်။...

Read more »

Zun Pwint – Essay

August 14, 2013
Zun Pwint – Essay

ဖေဖေ့အကြောင်း  ဇွန်ပွင့် သြဂုတ် ၁၄၊ ၂၀၁၃   (၂၀) ကာတွန်းဆရာဖြစ်လာမယ့် ဖေဖေ့ရဲ့ ငယ်စဉ်ဘ၀ မှတ်မှတ်ရရအကြောင်းအရာတွေကို တစ်ခါတလေ ပြောပြလေ့ရှိပါတယ်။   ဖေဖေ နှစ်သားအရွယ်ကပါ။ ကလေးက ထွေးခံကို ကြမ်းမှာ ခေါက်လိုက်၊ လှိမ့်လိုက်နဲ့ ဆော့ နေပါတယ်။ နောက် ကလေးသံ တစ်ချက်ငြိမ်သွားရာကနေ လှိုဏ်သံပါတဲ့အော်ငိုသံကြားတာ နဲ့ လူကြီးတွေက ကြည့်လိုက်တော့ ထွေးခံက ခေါင်းကို စွတ်လျက် ကလေးက ငိုလျက်။ ဒါနဲ့ လူကြီးတွေလည်း ခေါင်းကိုကိုင်သူကိုင် ထွေးခံကို ချွတ်ဆွဲသူဆွဲနဲ့။ ထွေးခံကိုဆွဲချွတ်လေ ကလေးက ပိုငိုလေပါပဲ။ ဒါနဲ့ လူကြီးတစ်ယောက်က လွတ်နေတဲ့ အိုးနှုတ်ခမ်းကနေ လက် ထည့်စမ်းတော့ ကလေးရဲ့ နားကားကားလေးက ခံနေတာပါ။ ကလေးကိုချော့ပြီး နားကို...

Read more »

Zun Pwint – Essay

August 11, 2013
Zun Pwint – Essay

ဖေဖေ့အကြောင်း ဇွန်ပွင့် သြဂုတ် ၁၁၊ ၂၀၁၃ ကုန်ပစ္စည်းကြော်ငြာနဲ့ ဖေဖေ့ idea တွေဟာ ခုချိန်ထိ ဆန်းသစ် နေဆဲ ဆိုတာ ကတော့ မငြင်း နိုင်ပါဘူး။ ဖေဖေကာတွန်းစဆွဲကတည်းကပင် လုပ်ငန်း၊ ကုန်ပစ္စည်းကြော်ငြာတွေကိုပါ လက်ခံ ရေးဆွဲနေပါပြီ။ ၁၉၅၀-၆၀ ပြည့်နှစ်အတွင်း လူအမြင်များတဲ့ ကြော်ငြာတွေကတော့ “ပွင့် ကောင်း ငပိနဲ့ ငံပြာရည်” ပစ္စည်း တစ်မျိုးတည်းကိုပဲ idea အမျိုးမျိုးနဲ့ ကြော်ငြာ ထားတာပါ။ “ခရက်(စ်) ဖောင်တိန်”၊“ရွှေဥဒေါင်းမင်းလုံချည်”၊ စစ်သူကြီးသက္ကလပ်စောင်ခြုံထည်၊ ဆင်နှစ်ကောင် ဆေးပြင်းလိပ် တို့ကိုလည်း ကြော်ငြာရေးဆွဲခဲ့ပါတယ်။   ၁၉၅၀ပြည့်လွန်နှစ်များမှာတော့ ဆရာကြီး ဦးဘဂျမ်းရဲ့ လက်ရာနဲ့ ဖေဖေ့လက်ရာဟာ အတွေ့ နည်းသူတွေအတွက် ဝေခွဲမရဘဲ ခပ်ဆင် ဆင် ဖြစ်နေတတ်ပါတယ်။...

Read more »

Zun Pwint – Essay

August 9, 2013
Zun Pwint – Essay

ဖေဖေ့အကြောင်း  ဇွန်ပွင့် သြဂုတ် ၉၊ ၂၀၁၃ ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံပြီး စစ်အစိုးရတက်တော့ ဖေဖေ့ကို စာပေစိစစ်ရေး ကနေပြီး “အမြင်မကြည်လင်ပါသဖြင့် …” ပါ စွတ်စွဲချက် အကြောင်းအရာများနဲ့ ကာတွန်းရေးဆွဲခွင့်၊ စာအုပ်ထုတ်ဝေခွင့်ပိတ်လိုက်ပါတယ်။   ၁၉၈၉-၉၀ခုနှစ်များဟာ ကျွန်မတို့အိမ်သားစုအတွက် အကြပ်တည်းဆုံးအချိန်ပါပဲ။   ၁၉၉၀ပြည့်နှစ်။ ဗိသုကာ နောက်ဆုံးနှစ်ကျောင်းသား ဖေမောင်သိန်းလည်း သိမ်ကြီး ဈေးဆောက်လုပ်ကနေ ဆူးလေစေတီ တော်ပြုပြင်ရေး အတွက် ဦးသိန်းဇော်နဲ့ပဲ ဆက် လက် လုပ်နေဆဲပါ။  ဖေဖေက “သိန်း”ကို သိပ်အားကိုးပါတယ်။ သိန်းက ပန်းချီ၊ ကာတွန်း၊ ဗိသုကာ လက်ရာ၊ စာလုံးဒီဇိုင်း ဖေဖေ့ရဲ့ပါရမီအမွေကို အကုန်လုံး ရလိုက်သူပါ။   တစ်နေ့ သိန်း ဆူးလေစေတီတော် ပြုပြင်ရေးဆိုက်ကနေ...

Read more »

Zun Pwint – Essay

July 30, 2013
Zun Pwint – Essay

ဖေဖေ့အကြောင်း (၁၀) ဇွန်ပွင့် ဇူလိုင် ၃၀၊၂၀၁၃ တစ်ညနေ မိသားစုထမင်းဝိုင်းမှာ ဖေဖေက သူနှစ်သက်တဲ့ ရုပ်ရှင်ကားတစ်ကား အကြောင်းကို ပြောပြပါတယ်။   ဇာတ်လမ်းကြောရိုးကတော့ နာဇီတွေက ဂျူးတွေကို ရှာပြီး လိုက်ဖမ်းချုပ် သတ်ဖြတ် တဲ့ အချိန်။ ဇာတ်အိမ်တည်တဲ့မြို့မှာ ရှိတဲ့ သီလရှင်ကျောင်းက မာသာကြီးက သိပ် စည်းကမ်းကြီးတာ။ သီလရှင်လေးတွေဟာ နေ့စဉ်နဲ့အမျှကိုယ့်ကိုပေးထားတဲ့ တာဝန်ကို စနစ်တကျလိုက်နာလုပ်ဆောင်ကြရတယ်။ အဲဒီ သီလရှင်လေးတွေထဲမှာ တစ်ဦးက အလုပ်လုပ်ရင် နမော်နမဲ့နိုင်တယ်၊ အ၀တ်အစား ၀တ်ရင်ဗိုသီ ဘတ်သီ ၀တ်တာ၊၊ ထမင်းစားခန်းမှာ အဆောင်းအအုပ်ကို ဖုံးရင် ခပ်ဟဟ ထားတတ်တာ၊ စသဖြင့်ပေါ့လေ။ တစ်နေ့တော့ အဲဒီမြို့ကို နာဇီစစ်တပ်ဝင်ပြီဆိုကတည်းက သီလရှင်ကျောင်းက မာသာကြီးက ဂျူးမိသားစုတွေကို မြေအောက်ခန်းထဲမှာ ၀ှက်ထားပေးတယ်။...

Read more »

Zun Pwint – Articles

July 28, 2013
Zun Pwint – Articles

ဖေဖေ့အကြောင်း (၉)  ဇွန်ပွင့် ဇူလိုင် ၂၈၊ ၂၀၁၃ မနေ့က မီးမလာပါ။ တယ်လီဖုန်းလိုင်း ပျက်နေပါတယ်။ အင်တာနက်လိုင်း မမိပါ။ ဖေဖေကတော့ ပြောဖူးပါတယ်။ သတင်းစာထဲမှာ ရေမလာ၊ မီးမလာ၊ ဘတ်စ်ကားကြပ်အကြောင်း ကာတွန်းရေးတာ လူမှုရေးကာတွန်း၊ နိုင်ငံရေးကာတွန်းကတော့ အခု လတ်တလောဖြစ်နေတဲ့ နိုင်ငံရေးအခင်းအကျင်း၊ ကမ္ဘာ့အရေးကို သရော်တဲ့ကာတွန်းပါ။ ကော်မစ်ကာတွန်း ကတော့ ကာတွန်းဆရာက ဇာတ်ကောင်မွေးထားတာပေါ့။ ကာတွန်းဆရာကြီး ဦးအောင်ရှိန်ရဲ့  ဦးစံရှားနဲ့ ဦးဒိန်းဒေါင်၊ ဆွေမင်း(ဓနုဖြူ) ရဲ့  မြိုင် ရာဇာ တွတ်ပီ၊ မင်းဇော်ရဲ့  ဘိုဘို တို့ပါပဲ။   ဖေဖေနဲ့ မေမေနွယ် အိမ်ထောင်ကျပြီး နှစ်နှစ်မှာပဲ (၆-မိုင်၊ မောင်ဗမာ စွပ်ကျယ်စက် လမ်း၊...

Read more »

Zun Pwint – Essay

July 24, 2013
Zun Pwint – Essay

ဖေဖေ့အကြောင်း (၈)  ဇွန်ပွင့် ဇူလိုင် ၂၄၊ ၂၀၁၃ (ဒီနေ့၊ ၁၉-၆-၂၀၁၃ရက်နေ့။  ၁၉-၆-၂၀၀၉ ၊ မနက်လေးနာရီမှာ ဖေဖေကာတွန်းဦးဖေသိန်း ကွယ်လွန် သွားခဲ့ပါ တယ်။ ဖေဖေဆုံးတာ လေးနှစ်တင်းတင်းပြည့်တဲ့ နေ့ပါ။ ဖေဖေ့အတွက် တံတားဖြူ ကန်လမ်းက ရတနာသိင်္ဃကျောင်းမှာ ကျောင်းရှိ သံဃာကုန်ကို လှူဖွယ်ဝတ္ထုအစုစုနဲ့ အာရုံဆွမ်းကပ် လှူပြီး ဖေဖေ့အတွက် မိသားစုက ဆုတောင်းပေးခဲ့ကြပါတယ်။ )  ဖေဖေက ရုပ်ရှင်ကားထဲမှာ မပါဝင်ခဲ့ဖူးပါဘူး။ သူ့စာပေပန်းချီ မိတ်ဆွေတွေ ဖြစ်တဲ့ သော်တာဆွေ၊ ဒေါင်းနွယ်ဆွေ၊ ပန်းချီအောင်စိုးတို့က ရုပ်ရှင်ကားတွေမှာ ဇာတ်ရံ အဖြစ်ပါဝင် သရုပ်ဆောင်ကြပါတယ်။ ဒါပေမယ့် ဖေဖေက နာမည်ကြီး မင်းသမီးနဲ့ တွဲခဲ့ဖူးပါတယ်။  ၁၉၇၃-၄ခုနှစ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့မဲဆွယ်ပွဲ ကို မြန်မာတစ်နိုင်ငံ လုံး...

Read more »

Zun Pwint – Essay

July 21, 2013
Zun Pwint – Essay

ဖေဖေ့ အကြောင်း (၇)  ဇွန်ပွင့် ဇူလိုင် ၂၁၊ ၂၀၁၃ ဖေဖေက သတင်းစာတွေမှာ ပုံမဆွဲတော့ဘဲ ၁၉၆၉ခုနှစ်မှ ထုတ်ဝေခွင့်မှတ်ပုံတင်ကျထားတဲ့ ရုပ်ပြောင်စာပေမှနေပြီး ပုံပမာ လစဉ်ကာ တွန်းကို ၁၉၇၀ ခုနှစ်မှစပြီး ထုတ်ဝေခဲ့ပါတယ်။ ပုံပမာထွက်စက ပြား ၆၀ တန် ဆိုဒ်ရှည် ဂျာနယ်ဆိုဒ်ပါ၊ နောက် ၁၆ ချိုးဆိုဒ်ကို ပြောင်းထုတ်ပါတယ်။  အဲဒီခေတ်က စက္ကူရှားပါတာကြောင့် စက္ကူကို ကုန်သွယ်ရေးဝန်ကြီးဌာန စက္ကူနှင့် စာရေးကိရိယာဌာန မှ လျှောက်လွှာတင် ၀ယ်ယူရပါတယ်။ ဖေဖေ့မှာ ကိုယ်တိုင်ကာတွန်းဆွဲ၊ စက္ကူဝယ်ယူဖို့လည်း ကိုယ်တိုင်ကြိုးပမ်းရနဲ့ အတော့်ကို ပင်ပန်းခဲ့ပါတယ်။ ဒီလိုပင်ပန်းလျက်ကပဲ ပုံပမာကာတွန်း စတင်ထွက်ရှိကတည်းက မင်္ဂလသုတ်ပါ (၃၈) ဖြာမင်္ဂလာကို တစ်ပါးကို တစ်လကျ ရေးဆွဲခဲ့ပါသေးတယ်။ ပုံပမာကာတွန်း...

Read more »

Zun Pwint – Essay

July 20, 2013
Zun Pwint – Essay

ဖေဖေ့အကြောင်း (၇)  ဇွန်ပွင့် ဇူလိုင် ၂၀၊ ၂၀၁၃ ဖေဖေက သတင်းစာတွေမှာ ပုံမဆွဲတော့ဘဲ ၁၉၆၉ခုနှစ်မှ ထုတ်ဝေခွင့် မှတ်ပုံတင်ကျထားတဲ့ ရုပ်ပြောင်စာပေမှနေပြီး ပုံပမာ လစဉ် ကာတွန်းကို ၁၉၇၀ ခုနှစ်မှစပြီး ထုတ်ဝေခဲ့ပါတယ်။ ပုံပမာ ထွက်စက ပြား ၆၀တန် ဆိုဒ်ရှည် ဂျာနယ်ဆိုဒ်ပါ၊ နောက် ၁၆ချိုးဆိုဒ်ကို ပြောင်းထုတ်ပါတယ်။ အဲဒီခေတ်က စက္ကူရှားပါတာကြောင့် စက္ကူကို ကုန်သွယ်ရေးဝန်ကြီးဌာန စက္ကူနှင့် စာရေးကိရိယာဌာန မှ လျှောက်လွှာတင် ၀ယ်ယူရပါတယ်။  ဖေဖေ့မှာ ကိုယ်တိုင် ကာတွန်းဆွဲ၊ စက္ကူဝယ်ယူဖို့လည်း ကိုယ်တိုင်ကြိုးပမ်းရနဲ့ အတော့ကို ပင်ပန်းခဲ့ပါတယ်။ ဒီလိုပင်ပန်းလျက်ကပဲ ပုံပမာကာတွန်း စတင် ထွက်ရှိကတည်းက မင်္ဂလသုတ်ပါ (၃၈)ဖြာမင်္ဂလာကို တစ်ပါးကို တစ်လကျ ရေးဆွဲခဲ့ပါသေး တယ်။...

Read more »

Zun Pwint – Essay

July 15, 2013
Zun Pwint – Essay

ဖေဖေ့အကြောင်း (၆)  ဇွန်ပွင့် ဇူလိုင် ၁၅၊ ၂၀၁၃ ဖေဖေ့ကို ကြေးမုံနီတိ ဖေသိန်း…. ကြေးမုံ နီတိ ဖေသိန်း… နဲ့ လူတွေ တွဲသိကြပါတယ်။ ဒီလို တွဲသိကြသလိုပါပဲ ၁၉၆၂ ခုနှစ်မှာ သူ့ဇနီးဟာ ဒေါ်ခင်လေးနွယ်ဆိုတာကိုလည်း သိလာကြပါတယ်။  နီတိကဏ္ဍမှာ မြန်မာ့နိုင်ငံရေး၊ ကမ္ဘာ့အရေးအပြင် ပြည်သူချစ် အနုပညာရှင် အလင်္ကာကျော်စွာရွှေမန်းတင်မောင်ဆုံးတော့လည်း နှမြောတ သစွာနဲ့ ၀မ်းနည်းကြောင်း ကာတွန်းနဲ့ ဂုဏ်ပြုခဲ့ပါတယ်။ ကျွန်မကိုမွေးတဲ့နေ့မှာလည်း နီတိကနေပဲ သူသမီးလေးတစ်ယောက် ရပြီဖြစ် ကြောင်း ရေးဆွဲလိုက်ပါသေးတယ်။   ဘောလုံးပွဲသတင်းဆိုရင်တော့ ဖေဖေ့မှာရေးရတာ အတော်လက်တွေ့ရှိလှပါတယ်။ ၁၉၆၅ ခု ကျွန်းဆွယ်ကစားပွဲ၊ ၁၉၆၇ မာဒေးကားပွဲ စတဲ့ မြန်မာဘောလုံးအသင်း ရွှေခေတ်ကာလတုန်းက ဘောလုံးကစားပြီးချိန်၊ အရှုံးအနိုင်ပေါ်ချိန်မှာ ကြေးမုံသတင်းစာတိုက်က...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်