ထွန်းဝင်းငြိမ်း

ထွန်းဝင်းငြိမ်း – ထိုးဇာတ်

September 16, 2017
ထွန်းဝင်းငြိမ်း – ထိုးဇာတ်

  ထွန်းဝင်းငြိမ်း – ထိုးဇာတ် (မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၁၇စေ့စပ်ရေးဆိုတာ အောင်ပွဲနဲ့ လက်နက်ချတာ နှစ်ခုကြားက ပစ္စက္ခများ ဆိုတော့ . . . ။ ပထမအရာသာ မရရင် ဘာကိုမှ မရချင်တော့တာ ကျနော်တို့ အလွန်လား အဖြေမပေါ်တဲ့ တွေ့ဆုံပွဲတွေနဲ့ အာရုံလွှဲခဲ့တယ်။ ဘာမှန်းမသိရတာတွေက အကြီးကြီးတွေဖြစ်လို့ အသစ်အသစ်တွေနဲ့ အောချလို့ မဆုံးနိုင်တာ အနှစ် ၇၀ ကျော် ပြည်တွင်းစစ်ကြီးပါ ဘာတခုမှ ကောင်းကျိုးမပေးပါဘူး။ “ဗိုလ်ကြီးတို့လာမှ ကျမတို့ ရွာကလေး ပြာကျရသတဲ့” အေးသာတို့အဖြစ်တွေသာ မှတ်တမ်းဝင်ကြရင် ဂင်းနစ်စံချိန်မှာ ရွှေအကြိမ်ကြိမ် ချိတ်လောက်တယ်။ သံခင်းတမန်ခင်းတွေနဲ့ ဘေးတီးတိုင်း ကျိတ်ဝိုင်းတွေနဲ့ ခြေပုန်းခုတ်တိုင်း သူ့အရပ်နဲ့သူ့ဇာတ် ကခဲ့ကြတိုင်း ငြိမ်းချမ်းရေးကော ရပါသလား...

Read more »

ထွန်းဝင်းငြိမ်း ● ၂၁ ပင်လုံ ငြိမ်းချမ်းရေးညီလာခံက ဖွဲ့စည်းပုံကို ပြင်နိုင်မလား

August 21, 2017
ထွန်းဝင်းငြိမ်း ● ၂၁ ပင်လုံ ငြိမ်းချမ်းရေးညီလာခံက ဖွဲ့စည်းပုံကို ပြင်နိုင်မလား

ထွန်းဝင်းငြိမ်း ● ၂၁ ပင်လုံ ငြိမ်းချမ်းရေးညီလာခံက ဖွဲ့စည်းပုံကို ပြင်နိုင်မလား (မိုးမခ) သြဂတ်စ် ၂၁၊ ၂၀၁၇ ● လွတ်လပ်ရေးနဲ့ ပြည်တွင်းစစ် ကျနော်တို့နိုင်ငံဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကထဲက လူထုအုံကြွမှုတွေနဲ့ ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ရတယ်။။ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရ လက်ထက်၊ နောက် ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ တက်ပြီးချိန်ကစပြီး တပ်မတော်ဟာ တိုင်းပြည်ရဲ့နိုင်ငံရေး၊ စီးပွား ရေး ၊ အုပ်ချုပ်ရေးတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်။ စစ်အုပ်စု ထိပ်သီးတစုက မဆလ တစ်ပါတီ စစ်အာဏာရှင်စနစ်ကျင့်သုံးခဲ့တယ်။ ဒါကြောင့် မို့လည်း စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တဲ့ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားနဲ့ အခြေခံလူတန်းစားတွေရဲ့ သပိတ်တိုက်ပွဲတွေ အသီးသီး ပေါ်ပေါက်လာခဲ့ရတယ်။ အစိုးရအဆက်ဆက်ဟာ ၁၉၄၇...

Read more »

ထွန်းဝင်းငြိမ်း ● ပြဋ္ဌာန်းချက်များ

August 2, 2017
ထွန်းဝင်းငြိမ်း ● ပြဋ္ဌာန်းချက်များ

ထွန်းဝင်းငြိမ်း ● ပြဋ္ဌာန်းချက်များ (မိုးမခ) သြဂတ်စ် ၂၊ ၂၀၁၇ သို့သော်လည်းနဲ့ ဒါပေမဲ့တွေ စာဖွဲ့နေရတုန်းပဲ။မကြားခဲ့ဖူးဘူး။ မမြင်ခဲ့ဖူးဘူး။ မပြောခဲ့ဖူးဘူး။ မသိခဲ့ဘူးသလို “ဘူး”တွေသာဆောင်တတ်လာတယ်။ အိုတောင် မဆင်းရဲဖို့ဆိုတာတော့ ဆက်သွယ်မှုဧရိယာ ပြင်ပမှာတဲ့။ “ဝင်း – ဝင်း” တွေ တောက်စားကြတဲ့ ဝင်းဝင်းတောက်သမားများရဲ့ အယူတော်မင်္ဂလာမှာ နိုင်ငံရေးဆိုတာ ဖြစ်နိုင်ချေက စ,ရသတဲ့။ ဒါကလည်း “စစ်တပ်ကို စိတ်နဲ့ မပစ်မှားနဲ့” ဆိုတာရဲ့ သံတူကြောင်းကွဲအဖြစ် သမိုင်းတွင်ရစ်တယ်။ ရေဗူးဖေါက်နေတဲ့ သူတွေကို လက်ပိုက်ကြည့်ဖို့ တရားချရင်း ရေပါတာပဲ လိုချင်သူတွေအတွက်ဆို မျက်နှာချိုသွေးနေရတဲ့ ကာလကြီးပါ။ ခွေးလည်း ခွေးမို့၊ လူလည်း လူမို့ နတ်လည်း နတ်မို့၊ ဘတ်စ်လည်း ဘတ်စ်မို့ ကျပ်မပြည့်တဲ့ အရွေ့တွေကြုံရတိုင်း ခေါင်းထောင်ကြည့်နေရတဲ့...

Read more »

ထွန်းဝင်းငြိမ်း ● သူကြီးဘုရား

July 29, 2017
ထွန်းဝင်းငြိမ်း ● သူကြီးဘုရား

ထွန်းဝင်းငြိမ်း ● သူကြီးဘုရား (မိုးမခ) ဇူလိုင် ၂၉၊ ၂၀၁၇ တထွာပြရုံနဲ့ တလံမက တွေ့လိုက်ရပါပြီ။ အောင်မြင်တဲ့ အရွေ့လို့ ပြောနေကြပါသလား။ အင်အားကြီးသူတို့ အလိုတော်အရ ခွဲမထွက်ရ။ လက်မှတ်မထိုး မနေရ။ အိမ်ကြက်ချင်း အိုးမဲသုတ်ရ။ ယန်ဟီးလီကို ဆန့်ကျင်ရ။ သန်းခေါင်ထက်ညဥ့်နက်မယ့် အလုပ်တွေ လုပ်ရ။ မဲပြာပုဆိုးပေါ်မှာ ချုပ်ရိုးအသစ်တွေ ပေါ်လာကြ။ အနာဂတ်ကို တောတိုးဖို့ ခါးကျိုးမတတ် ထမ်းခဲ့ကြပါတယ် အရေပြားတွေသာ ကျွပုခုံး ထ လာရ ဘာအကြွေးမှ မတောင်းခဲ့ကြပါဘူးလေ။ ငြိမ်းချမ်းရေး တရားသံ တရွှမ်းရွှမ်းနဲ့ ငါတို့ ကံကြမ္မာအား သူတို့ ဖန်တီးကြချေပြီ။ ညီလာခံကမ်းနဖူးမှာ တရားထူးရသူတို့ ဝတ်ကောင်းစားလှ ဘယက်ဒွါဒယာ စာချုပ်တို့မာယာနဲ့ အတိတ်မေ့ခြင်း နိုင်ငံတော်အား နီယိုဖက်ဆစ်တို့၏ ဦးဆောင်မှုနဲ့အညီ...

Read more »

ထွန်းဝင်းငြိမ်း ● ဗိုလ်ချုပ်တို့ လုပ်ကြံခံရတဲ့အကြောင်းရင်း

July 18, 2017
ထွန်းဝင်းငြိမ်း ● ဗိုလ်ချုပ်တို့ လုပ်ကြံခံရတဲ့အကြောင်းရင်း

ထွန်းဝင်းငြိမ်း ● ဗိုလ်ချုပ်တို့ လုပ်ကြံခံရတဲ့အကြောင်းရင်း (မိုးမခ) ဇူလိုင် ၁၈၊ ၂ဝ၁၇ ● အမျိုးသားညီညွတ်ရေး ၁၉၄၅ ခုနှစ် ဖက်ဆစ်တော်လှန်ရေး ပြီးဆုံးသွားတဲ့အခါ စက္ကူဖြူစီမံကိန်းကို ကိုင်ပြီးဝင်လာတဲ့ ဗြိတိသျှနယ်ချဲ့သမားကို ဆက်လက် တော်လှန်ဖို့ရာ ဖဆပလကို မြေပေါ်မှာ ရပ်တည်ခဲ့တယ်။ တကယ်တော့ စက္ကူဖြူစီမံကိန်းဆိုတာ စစ်ပြီးခေတ် မြန်မာနိုင်ငံကို ဆက်လက်ကျွန်ပြုဖို့ စီမံကိန်းပဲ ဖြစ်ပါတယ်။ အဲဒီအချိန်က ဖဆပလမှာ ဗိုလ်ချုပ်အောင်ဆန်းက ဥက္ကဌ၊ သခင် သန်းထွန်းက အထွေထွေအတွင်းရေးမှူးတာဝန်ယူခဲ့ကြပါတယ်။ ၁၉၄၅ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က ဖဆပလ အဖွဲ့ချုပ် ကြီးဟာ ဗြိတိသျှရဲ့ စစ်အုပ်ချုပ်ရေးကာလမှာ ရန်ကုန်မြို့၊ နေသူရိန်ရုံကြီးမှာ ကြီးမားတဲ့ လူထုစည်းဝေးပွဲကြီးနဲ့ ဆန္ဒပြပွဲကြီးကို ကျင်းပခဲ့ပါတယ်။ နေသူရိန် အစည်းအဝေးပွဲကြီးကနေ...

Read more »

ထွန်းဝင်းငြိမ်း ● သမိုင်းကြွေးကို ရှင်းစေချင်ပါတယ်

July 6, 2017
ထွန်းဝင်းငြိမ်း ● သမိုင်းကြွေးကို ရှင်းစေချင်ပါတယ်

ထွန်းဝင်းငြိမ်း ● သမိုင်းကြွေးကို ရှင်းစေချင်ပါတယ်(မိုးမခ) ဇူလိုင် ၅၊ ၂၀၁၇ အဆောက်အဦးကိုသာ ဖြိုလို့ ရချင်ရမယ်။အမောင်တို့ ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့ဘယ်တော့မှ ဖြိုလို့ မရဘူး။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၇၊၇၊၁၉၆၃ နေ့ ကျင်းပတဲ့ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးအခင်း နှစ်ပတ်လည် အခမ်းအနား သ၀ဏ်လွှာမှ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦး ဗုံးခွဲဖျက်ဆီး ခံခဲ့ရတဲ့ ဆဲဗင်းဂျူလိုင် ကျောင်းသား အရေးအခင်းဟာ အခု ဂျူလိုင်လ ၇ ရက်နေ့မှာ ၅၅ နှစ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့ဒီကာလအထိ နိဂုံးမချုပ်ရသေးပါဘူး။ အဲဒီအချိန်ကတည်းက ဗကသ၊ တကသ၊ ရကသ ကျောင်းသားသမဂ္ဂကြီး ၃ ခု စုစည်းပြီး တော်လှန်ရေးကောင်စီ စစ်အာဏာသိမ်းမှုကို အကြီးအကျယ် ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ ဒါဟာ ကျောင်းသားတွေက စစ်အာဏာရှင်စနစ်ကို...

Read more »

ထွန်းဝင်းငြိမ်း ● မင်းတုန်းမင်း၊ ၆၆ (ဃ) နဲ့ လွတ်လပ်စွာထုတ်ဖေါ်ခွင့်

June 25, 2017
ထွန်းဝင်းငြိမ်း ● မင်းတုန်းမင်း၊ ၆၆ (ဃ) နဲ့ လွတ်လပ်စွာထုတ်ဖေါ်ခွင့်

ထွန်းဝင်းငြိမ်း ● မင်းတုန်းမင်း၊ ၆၆ (ဃ) နဲ့ လွတ်လပ်စွာထုတ်ဖေါ်ခွင့် (မိုးမခ) ဇွန် ၂၅၊ ၂၀၁၇ ● နှစ်ပေါင်း ၁၅၀ နီးပါးကြာခဲ့ “ငါမကောင်းရင် ငါ့ကို ရေး၊ ငါ့မိဖုရားတွေ မကောင်းရင် ငါ့မိဖုရားတွေကို ရေး၊ မင်းသားမင်းသမီးတွေမကောင်းရင် သူတို့ကို ရေး၊ အဲဒီအတွက် မင်းတို့ သတင်းစာတွေမှာ အပြစ်မရှိစေရ။ နန်းတော်အတွင်း သတင်းစာတိုက်က မည်သူမဆို အဆီးအတားမရှိ ၀င် ထွက်စေ” ဆိုတာ ၁၈၇၄ ခုနှစ် ရတနာပုံသတင်းစာ စတင်ထုတ်ဝေစဉ်က မင်းတုန်းမင်းကြီး ပြောခဲ့တဲ့စကားပါ။ မဏ္ဍိုင်ကြီး ၃ ရပ် မပေါ်သေးတဲ့ သက်ဦးဆံပိုင်ခေတ်က ပြောခဲ့ပေမယ့် စာနယ်ဇင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာထုတ်ဖေါ်ရေးသားခွင့်နဲ့ ပတ်သက်ရင် ဒီနေ့ထိ ကိုးကားနေရဆဲ ဖြစ်ပါတယ်။...

Read more »

ထွန်းဝင်းငြိမ်း ပြုစုသည် ● သခင်ဗဟိန်း(၁၉၁၇-၂ဝ၁၇) အထ္ထုပ္ပတ္တိ

June 23, 2017
ထွန်းဝင်းငြိမ်း ပြုစုသည် ● သခင်ဗဟိန်း(၁၉၁၇-၂ဝ၁၇) အထ္ထုပ္ပတ္တိ

ထွန်းဝင်းငြိမ်း ပြုစုသည် ● သခင်ဗဟိန်း(၁၉၁၇-၂ဝ၁၇) အထ္ထုပ္ပတ္တိ (မိုးမခ) ဇွန် ၂၃၊ ၂၀၁၇ သခင်ဗဟိန်းကို ၁၉၁၇ ခုနှစ် ဇွန်လ ၂၇ ရက် ဗုဒ္ဓဟူးနေ့တွင် စစ်ကိုင်းခရိုင် အင်းဝမြို့ကိုင်းတန်းရပ်၌ အဘပွဲစားကြီးဦးမှင်၊ အမိဒေါ်ဒေါ်ဦးတို့မှ ဖွားမြင်ခဲ့သည်။ အင်းဝမြို့ မူလတန်းကျောင်းမှ လေးတန်းအောင်မြင်ခဲ့ပြီး၁၉၃၅ ခုနှစ်တွင် မန္တလေးမြို့ အမျိုးသားအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်းကိုအင်္ဂလိပ်၊ မြန်မာစာ၊ ရာဇဝင် ဘာသာရပ်များတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ အထက်တန်းကျောင်းသားဘဝမှစ၍ ကျောင်းသားလှုပ်ရှားများတွင် ရှေ့တန်းကပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၃၅-၃၇ တွင် မန္တလေးဥပစာကောလိပ်၌ ပညာဆက်သင်ခဲ့သည်။ ၁၉၃၆-၃၇ တွင် အိုင်အေအထက်တန်းကို ဗမာတနိုင်ငံလုံးပထမရပြီးပါဠိဘာသာဂုဏ်ထူးဖြင့် အောင်ကာ၊ ၁၉၃၅-၃၆ ခုနှစ်၊ မန္တလေးဥပစာကောလိပ် ကျောင်းသားသမဂ္ဂခေါင်းဆောင်အဖြစ် ၁၉၃၆ ကျောင်းသားသပိတ်ကိုဦးဆောင်ခဲ့သည်။ ၁၉၃၇ ခုနှစ် မေလတွင်...

Read more »

ထွန်းဝင်းငြိမ်း ● ရင်ကြားစေ့

June 3, 2017
ထွန်းဝင်းငြိမ်း ● ရင်ကြားစေ့

ထွန်းဝင်းငြိမ်း ● ရင်ကြားစေ့ (မိုးမခ) ဇွန် ၃၊ ၂၀၁၇ ဘဝက ဒဏ်ရာကြီးတယ် အဆန်တရာခရီးတွေနဲ့ သံသရာ မငြီးပေမယ့် ရန် ငါ စည်းတော့ ပြတ်မှဖြစ်မယ်။ ထွန်းဝင်းငြိမ်း ၂၊ ၆၊ ၂၀၁၇ No tags for this post.

Read more »

ထွန်းဝင်းငြိမ်း ● ငြိမ်းချမ်းရေးတံလျှပ်များနဲ့ မဆုံစည်းလိုပါ

May 27, 2017
ထွန်းဝင်းငြိမ်း ● ငြိမ်းချမ်းရေးတံလျှပ်များနဲ့ မဆုံစည်းလိုပါ

ထွန်းဝင်းငြိမ်း ● ငြိမ်းချမ်းရေးတံလျှပ်များနဲ့ မဆုံစည်းလိုပါ (မိုးမခ) မေ ၂၇၊ ၂ဝ၁၇ ● မူတစ်ခု ဖြစ်ဖို့ မေ ၁၂ ရက်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးေ ဆွးနွေးမှု ပူးတွဲကော်မတီ UPDJC ရဲ့ အစည်း အဝေးမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေက တင်ပြလာတဲ့အချက်တွေအနက် နိုင်ငံရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ မြေယာနဲ့ သဘာဝသယံဇာတ စတဲ့ကဏ္ဍတွေကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိ ယအကြိမ် အစည်းအဝေးမှာ ဆက်လက်အတည်ပြုဖို့ သဘောတူညီချက် ၄၁ ချက် ရရှိခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အစိုးရလက်ထက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံနဲ့ လက်ရှိ အစိုးရလက်ထက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ပထမ အစည်းအဝေးတွေမှာ...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်