မင်းညွှန့်လှိုင်

မင်းညွှန့်လှိုင် ● ရဲဘော် ရှစ်လေးလုံး

August 8, 2017
မင်းညွှန့်လှိုင် ● ရဲဘော် ရှစ်လေးလုံး

မင်းညွှန့်လှိုင် ● ရဲဘော် ရှစ်လေးလုံး (မိုးမခ) သြဂတ်စ် ၈၊ ၂၀၁၇ အို ရဲဘော်ရှစ်လေးလုံး သင်ဟာ ရာဇဝင်တကွေ့က အခန်းပြောင်းတီးလုံး အလှပဆုံးအော်ခက်စတြာ စွန့်စားရတဲ့ မဟာဂီတ ငါတို့ ဘာလို့မေ့ပစ်ရမှာလဲ။ ရဲဘော်က အမှောင်ခါးခါးထဲ မီးကိုဆောင်ကြဉ်းလာသူ နှင်းတောထဲ မီးသွေးပို့ပေးသူ သရဖူကိုလမ်းဘေးပစ်ချသူ နွေဦးကို ဝတ်မှုန်ကူးသူ ရဲဘော်ရဲ့ ဂုဏ် အထူး အထူးကို ငါတို့ ဦးညွှတ်လိုက်ပါရဲ့။ စနစ်တကျ ရက်စက်မှုထဲ ဆွဲနှစ် ကန်ရေပြင်ထဲ ဆွဲနှစ် သွေးမြစ်ကြီးထဲ ဆွဲနှစ် မိုးလုံးပြည့် မုသာဝါဒထဲဆွဲ နှစ်လည်း ရဲဘော်က ဘယ်တော့မှ ဦးမညွှတ်တတ်ခဲ့ဘူး။ ခရီးရှည်ချီရာမှာ မြွေစား ခံရတာလည်းရှိ လှေကား လန်ကျတာလည်းရှိ မှော်ရုံတောလည်းကြုံ ဝဲသြဃလည်း ဆုံရမှာပဲ ရဲဘော်က...

Read more »

မင်းညွန့်လှိုင်- ကု ထုံး

May 27, 2017
မင်းညွန့်လှိုင်- ကု ထုံး

Photo – Than Htay Maung မင်းညွန့်လှိုင်- ကု ထုံး (မိုးမခ) မေ ၂၇၊ ၂၀၁၇ တိတ်ဆိတ်ခြင်းကို လုံလောက်စွာမှီဝဲပြီးပြီလား။ အသံကို အဆုံးစွန်အထိလျှော့ချပြီးပြီလား။ ကြမ်းပြင်ပေါ် အပ်တချောင်းမကျစေရ။ ဝတ်မှုန်တွေ တမှုန်ချင်းခွဲထားပါ။ အသံထွက်အင်္ဂါကို တင်းတင်းကျပ်ကျပ်ဖိနှိပ်လိုက်။ မင်းလက်အံသေတာနဲ့ အော်သံတွေပန်းထွက်လာလိမ့်မယ်။ မထင်မှတ်ဖွယ် အကြားအာရုံကောင်းမွန်သွားပါမယ်။ ။ မ င်း ညွ န့်လှို င် ၁၀ မေ ၂၀၁၇ No tags for this post. Related posts No related posts.

Read more »

မင်းညွှန့်လှိုင် ● ပို င် ဆို င် မှု စာ ရ င်း

August 22, 2016
မင်းညွှန့်လှိုင် ● ပို င် ဆို င် မှု စာ ရ င်း

 မင်းညွှန့်လှိုင် ● ပို င် ဆို င် မှု စာ ရ င်း (မိုးမခ) သြဂတ်စ် ၂၂၊ ၂၀၁၆ ပန်းထိုးစိုက်စရာ ဘုရားစင်ပေါ်က ရွှေရောင်လိုလိုကျည်ခွံတတောင့်။ ရေကိုပင်လျှင် စစ်မသောက်ချင် ရိုးတွင်းခြင်ဆီအထိ အစိမ်းပုပ်ရောင်တစစ်စစ်ကိုက်ခဲမှု။ ငါ့သားများကြီးလာရင်အစချီ မီးခိုးတလူလူ ပုတ္တောဝါဒ အသစ်တခု။ ဒီမိုသူရဲကောင်းထောပနာ ခြေလျင်လက်ပွေ့စာအုပ်သည် ခြေတုတပ်ထားတဲ့လင်ယောက်ျား။ ဂျာမန်ဘာသာ မတတ်ပါ ဗားတော့ဘရက် မသိပါ စစ်သားမိန်းမဘာတွေရသလဲ မိခင်ဘာသာစကားနှင့်ဖြေဆိုရန် တဘဝတန်မေးခွန်းတပုဒ်။ ။ မင်းညွန့်လှိုင် No tags for this post. Related posts No related posts.

Read more »

မင်းညွှန့်လှိုင် ● RC 2874 ရဲ့ ကြေကွဲခြင်းအနက်ရောင်

July 18, 2016
မင်းညွှန့်လှိုင် ● RC 2874 ရဲ့ ကြေကွဲခြင်းအနက်ရောင်

မင်းညွှန့်လှိုင် ● RC 2874 ရဲ့ ကြေကွဲခြင်းအနက်ရောင် (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၆ ငါဟာ မော်တော်ကားတစင်းပါ ငါဟာ ခေတ်ဟောင်းမော်တော်ကားတစင်းပေါ့ ခုတော့ဖြင့် လမ်းတွေကိုငတ်မွတ်နေရပြီ ခရီးမိုင်တွေကိုဆာလောင်နေရပြီ အများပြည်သူအကြည့်ရှုခံရုံသက်သက် တိတ်ဆိတ်ငြိမ်သက်နေရပြီ။ ဟိုအရင်ကဆို ငါ့သခင်ကိုထမ်းပိုးလို့ ကိုးကုန်းကိုးကျင်း ဒီတိုင်းပြည်ရဲ့တနံတလျား သမိုင်းဝင်ခရီးတွေငါသွားခဲ့တာပေါ့။ ငါ့သခင်နဲ့ သူချစ်တဲ့ရဲဘော်ရဲဘက်တွေကို သူချစ်တဲ့သူ့မိသားစုကို သူကလည်းချစ် သူ့ကိုလည်းချစ်ကြတဲ့ မြေပြန့်တောင်ပေါ်အညာအကြေ ပြည်သူတွေရှိရာဆီငါဆောင်ပို့ခဲ့ရ ရွှေထီးဆောင်းခဲ့ရတဲ့နေ့ရက်တွေပေါ့။ ငါ့သခင်က အာဂယောက်ျား အာဂခေါင်းဆောင် တိုင်းနိုင်ငံရဲ့နှလုံးသည်းပွတ် ကမ္ဘာကြီးကစောင့်ကြည့်ရတဲ့ တောက်ပတဲ့ ကြယ်တပွင့်ပေါ့။ အဲသလို သခင်မွန်ကိုမှ သူကြွေကျမယ့်တွင်းနက်ကြီးထဲ မိုက်မိုက်မဲမဲ အရောက်ပို့ပေးခဲ့မိတဲ့ငါ့အဖြစ် ဘယ်လိုမှ မဖြေသိမ့်နိုင်တဲ့အဖြစ်ဆိုးကြီးပါလေ။ အို.. ၁ ၉ ၄ ၇ အတွင်းဝန်ရုံး အမှောင်မိုက်ဆုံးရက်တရက် ဇူလိုင်...

Read more »

မင်းညွှန့်လှိုင် ● အမှန်တရားလား … သူလာနေတယ်

June 18, 2016
မင်းညွှန့်လှိုင် ● အမှန်တရားလား … သူလာနေတယ်

မင်းညွှန့်လှိုင် ● အမှန်တရားလား … သူလာနေတယ် (မိုးမခ) ဇွန် ၁၈၊ ၂၀၁၆ ဟိတ်  … ဟိတ်  … ဟိတ် … ခေတ်ကြီး သုံးခေတ်ဖြစ်ရင်ဖြစ်မယ် စစ်ပွဲ သုံးဆယ်ဖြစ်ချင်ဖြစ်မယ် အရိုးတွေ ဘယ်တော့မှမဆွေးဘူး တွန်သံတွေ ဘယ်တော့မှမတိတ်ဘူးဟေ့။ တွေ့လား တွေ့လား စာလုံးတွေပေါ်လျှောက်လာမယ် ဆေးစက်တွေနဲ့ မျှောလာမယ် စောင်းအိုးထဲက ထွက်လာမယ် ကတ္တီပါကားလိပ်ကြားက ပေါ်လာမယ် ဖလင်ကော်ပြားပေါ်က ဆင်းလာမယ် စိမ်းမြဖန်သားကို ထိုးခွဲလာမယ်။ အေး မျက်တောင်မခတ် ကြည့်ထားကြ ဗိုလ်ခြေတစ်ထောင်မမပါဘဲ တံခါးတွေ ကြွတက်လာမယ် တံတိုင်းတွေ မွကြွေကုန်မယ် သွေးစက်တွေ လှိုင်းထန်သွားမယ် အရိုးစုတွေ လမ်းထလျှောက်မယ် လမ်းမတွေ ပါးပျဉ်းထောင်ထမယ် တားဆီးလို့မရတဲ့ တံဇဉ်ကွေးကြီး သရဖူတွေကို ရိတ်လှီးပစ်လိမ့်မယ်။...

Read more »

မင်းညွန့်လှိုင် –ေ ဆး ဘ က် ဝ င် ပိေ တာ က်

April 15, 2016
မင်းညွန့်လှိုင် –ေ ဆး ဘ က် ဝ င် ပိေ တာ က်

မင်းညွန့်လှိုင် –ေ ဆး ဘ က် ဝ င် ပိေ တာ က် (မိုးမခ) ဧပြီ ၁၅၊ ၂၀၁၆ တို့အပူတွေစုပ်ယူလိုက်တဲ့ ရွှေရည်ဝင်းမှည့် အဆင်း ။ ပျော်ရွှင်မှုတွေခြွေချပေးတဲ့ ယဉ်ယဉ်ကျေးကျေးရနံ့ ။ ဘယ်ပန်းပြိုင်လို့နိုင်မှာလဲ အမျိုးသားရေးအလှဗေဒနဲ့ တခဲနက်ချစ်ခြင်းအပွင့် ။     ။ No tags for this post. Related posts No related posts.

Read more »

မ င်း ညွှ န့် လှို င် – ဆိ တ် ငြိ မ် ရ ပ် ကွ က်

January 27, 2016
မ င်း ညွှ န့် လှို င်  – ဆိ တ် ငြိ မ် ရ ပ် ကွ က်

မ င်း ညွှ န့် လှို င်  – ဆိ တ် ငြိ မ် ရ ပ် ကွ က် (မိုးမခ) ဇန်န၀ါရီ ၂၇၊ ၂၀၁၆ တိတ်ဆိတ်မှု ချစ်ခြင်းမှာလဲကျလုလု အပျိုစင်ရဲ့ နှင်းဆီရောင်တိတ်ဆိတ်မှု ။ တိတ်ဆိတ်မှု အသည်းတအေးအေးလေညင်းလေးနဲ့ ငြိမ်သက်ဆည်းလည်းလေးမနမ်းခင် ဂီတတမျှတိတ်ဆိတ်မှု ။ တိတ်ဆိတ်မှု ဝတ်မှုန်တံခါးအဖွင့် အနှေးပြရိုက်ချက်နဲ့ အနက်ရောင်ကတ္တီပါတိတ်ဆိတ်မှု ။ တိတ်ဆိတ်မှု မှုခင်းဖြစ်ပွားရာ နံရံတစ်ချပ်ရဲ့ မထွေးနိုင်မအန်နိုင်တိတ်ဆိတ်မှု ။ တိတ်ဆိတ်မှု မစဉ်းစားခြင်းသတ္တုနဲ့သွန်းလောင်းထား ငှက်ဖျားမိနေတဲ့သေနတ်တစ်လက် ကျည်မထိုးမီတိတ်ဆိတ်မှု ။ တိတ်ဆိတ်မှု လေးတွဲ့ယမ်းခါ အဖြူရောင်ဦးခေါင်းတစ်လုံးရဲ့ ရက်စက်တဲ့တိတ်ဆိတ်မှု ။ တိတ်ဆိတ်မှု အသံကလွဲရင်အားလုံးယူ ရန်သူ့အကျဉ်းစခန်းထဲ သေကောင်ပေါင်းလဲတိတ်ဆိတ်မှု...

Read more »

မ င်း ညွှ န့် လှို င် – ဇာ တ် လို က်

January 13, 2016
မ င်း ညွှ န့် လှို င် – ဇာ တ် လို က်

မ င်း ညွှ န့် လှို င် – ဇာ တ် လို က် (မိုးမခ) ဇန်န၀ါရီ ၁၃၊ ၂၀၁၆ ဘယ်သူတွေ တယောထိုးချင်လို့လဲ ။ မီးသတ်ကားတွေ အရူးမီးဝိုင်း ။ အမှိုက်လေ အမှိုက် လက်ပတ်နဲ့ လက်မှတ်နဲ့ ။ အမှိုက်လေ အမှိုက် ပြဿဒ်လောင်မယ့်အမှိုက် ရွှေဖြစ်ငွေဖြစ်အမှိုက် ။ အမှိုက်လေ အမှိုက် ကောက်မယ့်လက်နဲ့ တောက်မယ့်မီးနဲ့ ။ အမှိုက်လေ အမှိုက် ပင့်လေစီးလို့ လင်ပျောက်ရှာလို့ ပြုံးတငွေ့ငွေ့ လေကိုရေးလို့ ။      ။ မင်းညွန့်လှိုင် No tags for this post. Related posts...

Read more »

မင်းညွန့်လှိုင် – ရာပြည့်အတွေးများ

December 31, 2015
မင်းညွန့်လှိုင် – ရာပြည့်အတွေးများ

  မင်းညွန့်လှိုင် – ရာပြည့်အတွေးများ (မိုးမခ) ဒီဇင်ဘာ ၃၁၊ ၂၀၁၅ ဒီနှစ်ဟာထူးထူးကဲကဲ ရာပြည့်တွေနဲ့ ပြည့်နှက်နေတဲ့ နှစ် တစ်နှစ်ဖြစ်ပါတယ် ။ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့် ဒေါ်ခင်မျိုးချစ် ရာပြည့် လူထုဒေါ်အမာ ရာပြည့် မြန်မာကာတွန်း ရာပြည့် . . .စသဖြင့်ပေါ့ ။ ဒီအရင်က ထူးထူးခြားခြားဖြတ်သန်းခဲ့ရတာက မှိုင်းရာပြည့် ။ ၁၉၇၆ ။ အဲဒီနောက်မှာဇော် နဲ့ ဝဏ် တို့ရဲ့ရာပြည့်တွေ ။   လာမယ့် ၂၀၁၆ မှာ ဗိုလ်အောင်ကျော် ရာပြည့် ပြီးရင် ၂၀၁၉ မှာ ဒဂုန်တာရာ ရာပြည့် စတာတွေကို မလွဲမသွေ ဖြတ်သန်းရပါဦးမယ် ။ ဒီ ရာပြည့်...

Read more »

မင်းညွန့်လှိုင် – ကဗျာတစ်ပုဒ်ကြွေပြန်ပြီ

November 19, 2015
မင်းညွန့်လှိုင် – ကဗျာတစ်ပုဒ်ကြွေပြန်ပြီ

မင်းညွန့်လှိုင် – ကဗျာတစ်ပုဒ်ကြွေပြန်ပြီ (မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၁၅ ကဗျာဆရာရှယ်လီရဲ့အဆိုအရ ကဗျာဆရာဆိုတာ လူမသိတဲ့ ဥပဒေပြုသူတွေပဲ ။ မိုးမစဲနှင်းအဝေ ရာသီကြီးမှာပေါ့ မင်းနေပြည်တော်ရဲ့ လွှတ်တော်မုခ်တံခါးဝမှာ ကဗျာဆရာအမတ်လောင်းတွေ ရင်တဖိုဖိုစောင့်စားနေချိန် နှင်းဆီဖြူရဲ့အဝေးက ကဗျာတစ်ပုဒ် သူယုံကြည်ရာ အလံတော်အောက်မှာ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲခဲ့သူ ကဗျာဆရာ ကမာပုလဲ ကတော့ တိတ်ဆိတ်စွာ ကြွေလွင့်ခဲ့ပါပြီ ။ မီးလောင်မြေနဲ့ထပ်တူထပ်မျှ ကြေကွဲစရာ …. ။ No tags for this post. Related posts No related posts.

Read more »

မင်းညွန့်လှိုင် –ေ ပါ င်း တ ည်

November 13, 2015
မင်းညွန့်လှိုင် –ေ ပါ င်း တ ည်

မင်းညွန့်လှိုင် –ေ ပါ င်း တ ည် (မိုးမခ) နိုဝင်ဘာ ၁၁၊ ၂၀၁၅ ဒီမြို့လေးက တနင့်တပိုး ဘာတွေကိုထမ်းပိုးထားပါလိမ့် ။ သစ္စာအရောင် ဥာဏ်တန်ဆောင်လည်း ပြောင်လျက်ဝင်းလျက် ရွှန်းရွှန်းမြမြရွှေစေတီက ဒီမေးခွန်းကိုဖြေပါတယ် ။ ငါ၏ဦးခေါင်းသည် သွေးဖြင့်ချင်းချင်းနီ၏ သို့သော်ညွှတ်ကားမညွှတ် ခွပ်ဒေါင်းသခင်သို့ခိုင်ခိုင်ကျည်ကျည် အာဇာနည်ကျောက်တိုင်က ဒီမေးခွန်းကိုဖြေပါတယ် ။ “မှန်ကန်ခြင်းနဲ့ရဲရင့်ခြင်း” ပိုးကြိုးတပ်လေးညှို့နဲ့ သံမဏိမြားတစ်စင်းလေ ဆရာသော်တာဆွေက ဒီမေးခွန်းကိုဖြေပါတယ် ။ နီလည်းနီ မာလည်းမာ ညီညာတဲ့အရေးတော်ပုံနဲ့ ၁၉၉၀ ပြည့်ကိုသာလွမ်း ကမ္ဘာမကြေဘူးလမ်းမထက်မှာ သက်ရှိသမိုင်းကျမ်းစာတစုက ဒီမေးခွန်းကိုဖြေပါတယ် ။ စသည်ဖြင့်..နဲ့စုပေါင်းတည်လို့ ပေါင်းတည်မြို့လို့ခေါ်ပါတယ် ။    ။   No tags for this post....

Read more »

မင်းညွန့်လှိုင် – စ က် ဝို င်း

October 29, 2015
မင်းညွန့်လှိုင် – စ က် ဝို င်း

Photo – YIT မင်းညွန့်လှိုင် – စ က် ဝို င်း (မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၁၅ သားရေ ဘောလုံးကို တင်းနေအောင်လေထိုး ပြီး အမြင့်ဆုံးကန်တင်လိုက် ကမ္ဘာကျော်မယ့်ခြေနဲ့ကန်တင်လိုက် မြေဆွဲအား လွန်အောင်ကန်တင်လိုက် ကောင်းကင်ခေါင်မိုးပေါ် တင်နေရင် အဲဒါ လပြည့်ပဲပေါ့ ။ အိပ်မက်လုံးဝ မမက်တဲ့ည အိပ်ယာကနိုးနိုးချင်း မေမေ့မျက်နှာပေါ်က ဆံနွယ်စတွေ ဖယ်လိုက်လေ အဲဒါ လပြည့်ပဲပေါ့ ။ ဖေဖေ ငယ်ငယ်က ကျောက်သင်ပုန်းပေါ်မှာ ဆရာတော်လက်နဲ့ ကူလှည့်ရေးတဲ့ဝလုံးတွေ.. သင်္ချာဆရာမ အစနဲ့အဆုံး ဆက်မိအောင် ရေးခြစ်လိုက်တဲ့ မျဉ်းကွေးတွေ.. အဲဒါလပြည့်ပဲပေါ့ ။ ကစားလို့ဝတဲ့ သားသားရယ် အိပ်ရေးဝတဲ့ မေမေရယ် စာဝဝရေးနိုင်တဲ့ ဖေဖေရယ်...

Read more »

မင်းညွန့်လှိုင် – အ ခ န်း ဆ က်ေ ရာ မ န္တိ က

October 28, 2015
မင်းညွန့်လှိုင် – အ ခ န်း ဆ က်ေ ရာ မ န္တိ က

အောင်ထက် ဂရပ်ဖစ် မင်းညွန့်လှိုင် – အ ခ န်း ဆ က်ေ ရာ မ န္တိ က (မိုးမခ) အောက်တိုဘာ ၂၇၊ ၂၀၁၅ လရောင်ရွှန်းမြ ညတစ်ညမှာ သခင်ဗဟိန်းက နိုင်ငံတော်နဲ့တော်လှန်ရေးကို တဖွဖွ ။ အမှောင်ခေတ်ရဲ့ ချစ်သူတွေလေ ( ဦးလေးဟို … လို ) သောက်ရေသွန်ချ လရောင်ငတ်ဆဲ ကမ္ဘာမကြေဘူး . . လွမ်းရစ်တော့သက်လှယ်ရယ် ။       ။   No tags for this post. Related posts No related posts.

Read more »

မင်းညွန့်လှိုင် – အရသာရှိရှိ ဒဏ်ရာ

October 10, 2015
မင်းညွန့်လှိုင် – အရသာရှိရှိ ဒဏ်ရာ

မင်းညွန့်လှိုင် – အရသာရှိရှိ ဒဏ်ရာ (မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၁၅ ဦးခေါင်းထဲ မီးလင်းသွားတာပါပဲ ကြယ်ပွင့်တွေ သရဖူလို ဝန်းခွေလာတာပဲ ဆုတံဆိပ်တွေ နှလုံးသားထဲ စိုက်ဝင်လာတာပဲ သေကောင်ပေါင်းလဲ သွေးသံရဲရဲ အနာရှိတော့ ဆေးလည်း ရှိတယ်ပေါ့ ဒဏ်ရာကျက်တဲ့ တနေ့ အသားမာတက်တဲ့ တနေ့ အနာဖေးကို ဇိမ်ပြေနပြေခွာလို့ ကောင်းကောင်း အရသာခံဦးမယ် ။           ။   No tags for this post. Related posts No related posts.

Read more »

မင်းညွန့်လှိုင် – က ဗျာ ဝို င်း စာ ဝို င်း များ မှ သ ည် . . .

September 17, 2015
မင်းညွန့်လှိုင် – က ဗျာ ဝို င်း စာ ဝို င်း များ မှ သ ည် . . .

မင်းညွန့်လှိုင် – က ဗျာ ဝို င်း စာ ဝို င်း များ မှ သ ည် . . . (မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၁၅ ဆည်းဆာရဲ့ဝိုင်းဟုသာဆိုရပေတော့မည် ။ မန္တလေးကုသိုလ်တော်ဘုရားဝန်းသည် ပရဝုဏ်ပြင်ပမှ မြို့ပြ၏ ပူလောင် ဆူညံခြင်းနှင့် ခြားနားစွာ အေးချမ်း ဆိတ်ငြိမ်နေ ပေသည် ။ ပြီးခဲ့သည့်ရက်ပိုင်းလောက်ကပင် သည်ဘုရားဝန်းအတွင်းမှာ လျှပ်စစ်အင်ဂျင်နီယာများ၏ ဖဲကြိုးပြာ လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည် ။ ကျန်းမာရေးနှင့်တရားစီရင်ရေးတို့မှာ မိုးကျရွှေကိုယ်များ မတော်မတည့်ဝင်ရောက်စွက်ဖက်မှုကိုဆန့်ကျင်ကန့်ကွက် သော ဖဲကြိုးနက်နှင့် ဖဲကြိုးဝါ လှုပ်ရှားမှုများ နည်းတူ နောက်ထပ်လှုပ်ရှားမှုတစ်ခုပင်...

Read more »

မင်းညွန့်လှိုင် – ဒု တိ ယ ပ န်း သီး

September 9, 2015
မင်းညွန့်လှိုင် – ဒု တိ ယ ပ န်း သီး

 မင်းညွန့်လှိုင် – ဒု တိ ယ ပ န်း သီး (မိုးမခ) စက်တင်ဘာ ၉၊ ၂၀၁၅ ငါဟာ ခပ်ညံ့ညံ့ လေးသမားပါ ငါဟာ ဝီလျံတဲမဖြစ်ခဲ့ ။ ငါ့သားကိုသာ ဝီလျံတဲဖြစ်စေချင် ။ ငါ့ရင်ဘတ်ပေါ် ပန်းသီးတင်ပေးချင် ။         ။ Photo credit – https://en.wikipedia.org/wiki/William_Tell   No tags for this post. Related posts No related posts.

Read more »

မင်းညွှန့်လှိုင် – သေဆုံးသွားတဲ့ ပြတင်းပေါက်

September 1, 2015
မင်းညွှန့်လှိုင် – သေဆုံးသွားတဲ့ ပြတင်းပေါက်

  မင်းညွှန့်လှိုင် – သေဆုံးသွားတဲ့ ပြတင်းပေါက် (မိုးမခ) စက်တင်ဘာ ၁၊ ၂၀၁၅ အလှမွေးတိမ်တွေကူးခတ်နေတဲ့ ကောင်းကင်ဘုံရေကန်သာ။အမြင့်ဆုံးဝင်းပမှု အချိုဆုံးဆည်းလည်းခတ်သံနဲ့ ရွှေရောင်စေတီတော်။ သို့အုပ်များ အောက်ငုံ့တောလားဖတ်နေကျ အစိမ်းရောင်ကြွယ်ဝမှုနဲ့ မြက်ခင်းပြင်။ အဖြူရောင်ပျံသန်းခြင်းများနဲ့ ဗျိုင်းတို့ပျော်ရာ ရေအိုင်ငယ်။ အထက်ဖော်ပြပါတို့မှာ ကျနော်နဲ့ကျနော့်ပြတင်းပေါက်လေးထံ နေ့စဉ်ဝင်ရောက်နေကျ ပိုင်ဆိုင်မှုတချို့ဖြစ်ပါတယ်။ သွေးဆာနေတဲ့ သားသတ်သမားတွေလို မြေတိုင်းသမားတွေ မလာခင်အထိ ကိုင်းခုတ်ဓားတွေ မလာခင်အထိ စက်ယန္တရားတွေ မလာခင်အထိ အခါတော်ပေးတွေ မလာခင်အထိ ပန္နက်ရိုက်မင်္ဂလာတော် မလာခင်အထိ ကျနော်နဲ့ ကျနော့်ပြတင်းပေါက်လေး စုပ်ယူနေကျဆေးစက်တွေပေါ့။ အခုတော့ အလိုမတူပဲ သားမယားပြုသွားတဲ့ အခြေခံဥပဒေ ဘုတ်အုပ်ကြီးထောင်ထားသလို စိမ်းစိမ်းမှောင်မှောင် ပြောင်ပြောင်တင်းတင်း သွပ်ပြားကာခြံစည်းရိုးကြီးသာ ရှုမျှော်ခင်းကိုပိတ်ဆို့ဖို့ လေပြေညင်းကိုဆီးတားဖို့ အသင့်အနေအထားနဲ့စောင့်ကြပ်နေပါပြီ ။ မှတ်မှတ်ရရ ညာလက်ကြီးမြှောက်မြှောက်ပြီး...

Read more »

မ င်း ညွှ န့် လှို င် – အေ ဆွး ရု ပ် ရှ င်

August 25, 2015
မ င်း ညွှ န့် လှို င် – အေ ဆွး ရု ပ် ရှ င်

မ င်း ညွှ န့် လှို င် – အေ ဆွး ရု ပ် ရှ င် (မိုးမခ) သြဂတ်စ် ၂၅၊ ၂၀၁၅ ခင်သန်းနုရဲ့ရွှေခြေကျင်းဝတ်ခြေထောက်လှလှ မေသန်းနုရဲ့ကတဲ့မုဒြာ နေအောင်ရဲ့ဆေးပေါ့လိပ်တိုများ ဇင်ဝိုင်းရဲ့ စက်ဘီးလေးတွန်းနေတဲ့ တစ်ယောက်တည်းသင်္ကြန် ဇော်ဝမ်းရဲ့မခိုးမခန့် ရယ်မောဟန် လေမှုတ်တူရိယာများနဲ့မြို့မ အပျိုရည်မပျက်သေးတဲ့ ရတနာပုံ ရွှေမန္တလေး အားလုံးကို စောင့်ကြည့်ခဲ့တဲ့မျက်ဝန်းတစ်စုံ ဘာတွေကိုယုံလို့ စုံလုံးမှိတ်ခဲ့ပါလိမ့်နော်။          ။ (ဒါရိုက်တာမောင်တင်ဦးသို့ ….) မင်းညွန့်လှိုင် အနုပညာနာမည်များရှေ့မှာ ဒေါ်/ဦး/ကို/မ များ မတပ်လိုက်ပါ။ အရိုအသေတန်ခြင်း မဟုတ်ပါကြောင်း။ No tags for this post. Related posts No...

Read more »

မင်းညွှန့်လှိုင် – သား သို့

August 20, 2015
မင်းညွှန့်လှိုင် – သား သို့

မင်းညွှန့်လှိုင် – သား သို့ (မိုးမခ) သြဂတ်စ် ၂၀၊ ၂၀၁၅ မေမေက သားမျက်လုံးတွေကို အနမ်းနဲ့ဖွင့်ပေးတဲ့အခါ သစ်ရွက်ဝေဝေမနက်ခင်းရဲ့ ပြတင်းတံခါးဖွင့်သံ တကျီကျီကိုကြားတဲ့အခါ မင်္ဂလာမွေးနေ့ဖြစ်ပါစေ ။ ဖေဖေကတော့ အလွမ်းဆိုတဲ့ မမြင်ရတဲ့အနမ်းတွေနဲ့သာ သားရဲ့မွေးနေ့မှာ နှုတ်ခွန်းဆက်လိုက်ပါတယ်သားရေ ။ ဥပေက္ခာစိတ်နဲ့ တစ်ဝက်ပဲချစ်နိုင်တဲ့ခေတ်ကျပ်ထဲမှာ ခန္ဓာကိုယ်ကြီးအစား ချစ်မေတ္တာကိုသာ မွေးနေ့လက်ဆောင်စေလွှတ်လိုက်ပါတယ် ။ ဒီကမ္ဘာပေါ်က မဆုံတွေ့နိုင်တဲ့ချစ်သူများနည်းတူ ဖေဖေတို့ မျှကူခံစားရမယ်လေ ။ ဖေဖေတို့ရဲ့ မအောင်မြင်တဲ့စွန့်စားခန်းများ မအောင်မြင်တဲ့အနုပညာများအတွက် သားတို့ထံ တောင်ဖြိုအဖိုးအိုဒဿန လက်ဆင့်ကမ်းခဲ့ပါရစေ ။ မှတစ်ပါးအခြားမရှိ ယုံကြည်ရဲရင့်ရိုးသားခြင်းသာ ကမ္ဘာတည်မယ့်အမွေ ချန်ထားရစ်ခဲ့တော့မယ်ကွယ် ။ သားဆိုတာ အား သားဆိုတာ ဓား သားဆိုတာ မြား ။...

Read more »

မင်းညွန့်လှိုင် – တော်ရုံရွာပေါ့ မိုးနတ်သား

August 15, 2015
မင်းညွန့်လှိုင် – တော်ရုံရွာပေါ့ မိုးနတ်သား

  မင်းညွန့်လှိုင် – တော်ရုံရွာပေါ့ မိုးနတ်သား (မိုးမခ) သြဂုတ် ၁၅၊ ၂၀၁၅ အငြှိုးကြီးကြီး မပြီးနိုင်မစီးနိုင် ရွာပဲရွာနိုင်လွန်းတယ်မိုး ။ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ လက်လုပ်လက်စားတွေရဲ့မီးဖိုချောင်မှာ မီးခိုးတိတ်မှာစိုး ။ အငြှိုးကြီးကြီး မပြီးနိုင်မစီးနိုင် ရွာပဲရွာနိုင်လွန်းတယ်မိုး ။ ရေနစ်နေတဲ့ဘဝတွေ ရင်ထဲလောင်တဲ့မီးတောက်တွေ ငြိမ်းစေချင်ပြီမိုး ။          ။   No tags for this post. Related posts No related posts.

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်