ရန်လင်းအောင်

ရန်လင်းအောင် ● ၈၈

August 7, 2017
ရန်လင်းအောင် ● ၈၈

ရန်လင်းအောင် ● ၈၈ (မိုးမခ) သြဂတ်စ် ၇၊ ၂၀၁၇ လူမှန်းသိတတ်လာတဲ့ နှစ်ပေါ့ ဘီလူးမှန်း မြင်တတ်လာတဲ့ နှစ်ပေါ့ ငါ – လူမှန်းသိတတ်စ နှစ်ပဲပေါ့- အာဏာညှီနံ့ကို ရွံလွန်းလို့ ပိုးစားခြကိုက် ရာဇဝင်အမှောင်ကို ဂျင်ကလိစာကျွေးလို့ သမိုင်းအသိ သွေးသစ်လဲလို့ မုန်ယိုနေတဲ့ အာဏာကို ကျောင်းမှန်းကန်မှန်းသိစေတဲ့ နှစ် လူ့စည်း ဘီလူးစည်း ရန်ငါပြတ်တဲ့နှစ် လူရိုသေရှင်ရိုသေ ဦးညွတ်ရတဲ့ နှစ် အာဏာရူးတွေ ထောင့်ကျိုးဖို့ သွေးလက်ဆင့်ရမယ့် ၈၈_________ ။ ရန်လင်းအောင် Tags: ရန်လင်းအောင်

Read more »

ရန်လင်းအောင် ●ေ ပြာ ဇာ တ် – ၁ ၆

October 5, 2016
ရန်လင်းအောင် ●ေ ပြာ ဇာ တ် – ၁ ၆

ရန်လင်းအောင် ●ေ ပြာ ဇာ တ် – ၁ ၆ (မိုးမခ) အောက်တိုဘာ ၅၊ ၂၀၁၆ ကာမရဲ့ပြစ်ချက် ဉာဏ်သက်ဝင်လို့ ပုဏ္ဏားလေးတစ်ယောက် ဟိုး …. ဟိမဝန္တာအရပ် တောင်အရေးသုံးခုအလွန်မှာ ကျောင်းဆောက် ရသေ့ဝတ်နေတုန်းကပေါ့ သူ့ကျောင်းနားမှာ ပတ္တမြားလိုဏ်ဂူ၊ ဒီလိုဏ်ဂူထဲမှာတော့ ဝက်အုပ်သုံးဆယ်၊ ဒီဂူနားမှာပဲ ခြင်္သေ့တကောင်ကလည်း ရှိနေပြန်သတဲ့။ ပြဿနာက – ဒီလိုဏ်ဂူအရောင်ဟာ သိပ်ကြည် သိပ်သန့် သိပ်တောက်ပလွန်းနေတော့ အဲ့ဒီနား ဝင်ထွက်သွားလာနေတဲ့ ခြင်္သေ့ရဲ့ အရိပ်တွေ ဂူနံရံပေါ်လာလာထင်နေတာပါပဲ။ ခြင်္သေ့အရိပ်ကြီး ထင်လေ မြင်ရလေ ဝက်တွေက လန့်လေ ခြင်္သေ့အရိပ်ကြီး ဂူနံရံမှာပေါ်လာလေ ဝက်တွေခမျာ သွေးပျက်လေ တဖြည်းဖြည်း ပိန်ချုံး ချိနဲ့လာရတယ်ဆိုပဲ။...

Read more »

ရန်လင်းအောင် – ကောင်းကင်ကအဖြူရောင်ဆိုပေမယ့် ၊ မိုးတွေရွာနေပြီ အဖေ …..

August 30, 2016
ရန်လင်းအောင် – ကောင်းကင်ကအဖြူရောင်ဆိုပေမယ့် ၊ မိုးတွေရွာနေပြီ အဖေ …..

Than Htay Maung ရန်လင်းအောင် – ကောင်းကင်ကအဖြူရောင်ဆိုပေမယ့် ၊ မိုးတွေရွာနေပြီ အဖေ ….. (မိုးမခ) သြဂုတ် ၃၀၊ ၂၀၁၆ အဖေစိုက်ခဲ့တဲ့ အိမ်ရှေ့က ဗန်ဒါပင်အရိပ်အောက်မှာ ရပ်ရင်း အဖေ့အကြောင်းတွေးလေ စကားစရှာမရလေ မိုးသည်းလေ … ဒီနေရာလေးက မိုးပိုလုံသလိုပါပဲ အဖေ…. ပြောလေ တွေးလေ ရေးလေ ….. ပြောမယ့်သာပြောရတယ် …. အဖေ့အကြောင်းက ဘယ်ကစလို့ ဘယ်မှာ အဆုံးသတ်လို့ ရပါ့မလဲ.. မရတော့ဘူး … လက်ဖဝါးတွေ အေးစက်သွားပြီ တဲ့ မျက်နှာကွက်ခနဲပျက်သွားတယ် တဲ့ ခြေဖဝါးတွေ အေးစက်သွားပြီ တဲ့ တစ်ယောက်ယောက် ပါးစပ်ဆော့ပြီးပြောလိုက်သလား …. ငါ စမ်းကြည့်တော့ နွေးနေတုန်းပဲ ဟုတ်တယ် အဖေ့လက်ဖဝါးတွေ...

Read more »

ရန်လင်းအောင် – ခေါင်းစဉ်ကွဲ

August 5, 2016
ရန်လင်းအောင် – ခေါင်းစဉ်ကွဲ

ရန်လင်းအောင် – ခေါင်းစဉ်ကွဲ  (မိုးမခ) သြဂုတ် ၅၊ ၂၀၁၆ ကြမ်းကန့်လန့် ခင်းထားတယ် – လောင်းရိပ်က သြဇာကြီးလွန်း – ပေါင်းမြက်တွေ အိပ်မွေ့ကျနေတာ ဘာဆန်းလဲ ? တရေးပဲ နိုးနိုး လန့်ပဲ နိုးနိုး မူရင်းသတ်ပုံဆိုလည်း သွေးဖောက်စစ်ရမယ် … … … ၈. ၃ .၂၀၁၆ No tags for this post.

Read more »

ရန်လင်းအောင် – ကိုယ့်အရူးဇာတ် ကိုယ့်ပြန်ကျပ်

June 28, 2016
ရန်လင်းအောင် – ကိုယ့်အရူးဇာတ် ကိုယ့်ပြန်ကျပ်

  ရန်လင်းအောင် – ကိုယ့်အရူးဇာတ် ကိုယ့်ပြန်ကျပ် ( ပြောဇာတ် – ၁၂ ) (မိုးမခ) ဇွန် ၂၈၊ ၂၀၁၆ တခါက ပြစ်မှုကျူးလွန်မိတဲ့ လူတစ်ယောက် အမှုအတွက် ရှေ့နေငှါးသတဲ့ ရှေ့နေခတော့ အမှုပြီးမှပေးမယ်ပေါ့လေ ၊ ဒီလိုနဲ့ ရုံးတော်မှာ စစ်တဲ့အခါကျတော့ ဒီတရားခံက မေးသမျှပြန်မဖြေဘဲ ရှေ့နေမှာထားတဲ့အတိုင်း ပါးစပ်က တရှူးရှူး နဲ့လုပ်နေသတဲ့ သူ စိတ်ရောဂါသည်ပေါ့  သူ ရူးနေတယ်ပေါ့ ၊ ဘာမှမေးမရတဲ့အဆုံး ရုံးတော်က စိတ်မနှံ့ သူပဲဆိုပြီး တရားသေလွှတ်လိုက်ရတယ်ဆိုပဲ ။ ကဲ . . . . အမှုပြီးပြီဆိုတော့ ရှေ့နေက အမှုလိုက်ခ တောင်းရော ဒီအမှုသည်က ဘာမှလည်းပြန်မပြော...

Read more »

ရန်လင်းအောင် – ညတွန်းလှည်း

February 15, 2016
ရန်လင်းအောင် – ညတွန်းလှည်း

ရန်လင်းအောင် – ညတွန်းလှည်း (မိုးမခ) ဖေဖော်ဝါရီ ၁၅၊ ၂၀၁၆ လမ်းကိုက မီးရောင်ကြည့်ပြီး လူးလွန့်နေရတယ် ။ ရောင်းရေးဝယ်ရေးဟာ ပွဲတော်ဦးတည့်ရာ ဘီးလှိမ့်ရတာပဲ ။ ဟင်းနံ့ မုန့်နံ့တွေ အငွေ့ထောင်းထောင်းထ လွင့်ပျံတက်သွား ပူပူနွေးနွေးမနက်ခင်းလေးကို သွေးဆောင်ခေါ်လာမယ်ပေါ့  ။ ညကမ္ဘာကြီးပဲ အားစမ်းတယ် တွန်းလှဲမယ် ညတွန်းလှည်းလေး တံတားပေါ်တွန်းတက်ခဲ့တယ် ။ ငိုက်မြည်းနေတဲ့ ကြယ်တွေကို ထည့်မတွေးတော့ဘူး ထုံအနေတဲ့ လရောင်လည်း ပြန်မနွှေးတော့ဘူး မေးပြောခေါ်ထူး ကားမီးရောင်စုံတွေ ကိုယ့်လမ်းထဲ ဘယ်လာလင်းမလဲ ။ ညတွန်းလှည်းလေး … … … ညတံတားပေါ်တွန်းတက်ခဲ့တယ် ညတွန်းလှည်းလေး … … … ညတံတားပေါ်တွန်းပြန်ခဲ့တယ် … … ရန်လင်းအောင်...

Read more »

ရန်လင်းအောင်၊ လင်းဝေရီ – သူခိုး

January 25, 2016
ရန်လင်းအောင်၊ လင်းဝေရီ – သူခိုး

ရန်လင်းအောင်၊ လင်းဝေရီ – သူခိုး (မိုးမခ) ဇန်န၀ါရီ ၂၅၊ ၂၀၁၆ သူခိုး … သူခိုး … သူခိုး … တခါက အရပ်ထဲ လှည့်ခိုးတဲ့ သူခိုး နောက်တော့ မြို့ တက် နောက်တော့ နိုင်ငံ ပတ် နောက်တော့ ကမ္ဘာလှည့် လျှာတွေ ခိုးတယ် ဦးနှောက်တွေ ခိုးတယ် အစာအိမ်တွေ ခိုးတယ် ခိုးမှန်းမသိ ခိုးတတ်လာတယ် နောက်တော့… သူ့ကိုယ်သူတောင် ပြန်ခိုး တယ် ။ သူခိုးဗျိုး … သူခိုး … သူခိုး… သံကုန်သံပြာ တစ်ခေတ်လုံးလုံးသာ အော်ခဲ့ရ ဟစ်ခဲ့ကြ မဲပြာပုဆိုးတော့ မခိုးသေးဘူး ။ ။ (ရန်လင်အောင် ၊...

Read more »

ရန်လင်းအောင် – ပြောဇာတ် – ၉

December 19, 2015
ရန်လင်းအောင် – ပြောဇာတ် – ၉

ရန်လင်းအောင် – ပြောဇာတ် – ၉ (မိုးမခ) ဒီဇင်ဘာ ၁၉၊ ၂၀၁၅ ပြောရင်ယုံမှာမဟုတ်ဘူး လူသေကိုပြန်ရှင်စေတဲ့ မန္တရားအတတ်တဲ့ တကယ်အံ့မခမ်းရှိခဲ့တယ် ၊ ဟိုးတုန်းက ဆရာတယောက်ပေါ့  သူ့တပည့်တွေထဲက သဉ္ဇီဝဆိုတဲ့ ကောင်လေးကို ဒီမန္တရားအတတ်သင်ပေးသတဲ့ ခက်တာက တန်ပြန်ထိန်းတဲ့မန္တရားတော့ မသင်ရသေးဆိုပဲ ၊ တနေ့ တခြားပညာသင်ဘက်တွေနဲ့ တောထဲထင်းခွေအသွား ကျားသေတကောင်လည်းတွေ့ရော သူက “ဒီကျားသေကြီး ပြန်ထလာအောင် ငါလုပ်ပြမယ်” ပညာပြမယ်ပေါ့  တခြားကောင်လေးတွေက မယုံသာမယုံကြတယ် သစ်ပင်ပေါ်တက်နေကြသတဲ့ ။ ဒါနဲ့ သူက သဉ္ဇီဝ က မန္တာန်ရွတ်လိုက် ကျားသေကို ကျောက်စရစ်ခဲတွေနဲ့ပေါက်လိုက်နဲ့ လက်တွေ့ပညာစွမ်းပြတာပေါ့ လေ ၊ မကြာပါဘူး ကျားသေဟာ ဝုန်းခနဲထ တခါတည်း သူ့လည်မျို...

Read more »

ကဗျာဆရာ ရန်လင်းအောင်၏ “ရယ်တရွေ့မောတရွေ့” ကဗျာစာအုပ် ထွက်

December 9, 2015
ကဗျာဆရာ ရန်လင်းအောင်၏ “ရယ်တရွေ့မောတရွေ့” ကဗျာစာအုပ် ထွက်

  ကဗျာဆရာ ရန်လင်းအောင်၏ “ရယ်တရွေ့မောတရွေ့” ကဗျာစာအုပ် ထွက် (မင်းရဲညွှန့်လှိုင်) မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၉၊ ၂၀၁၅ ကဗျာဆရာရန်လင်းအောင်၏ “ရယ်တရွေ့မောတရွေ့” အမည်ပေး ထားသော ကဗျာစုစည်းမှု စာအုပ် ထွက်ရှိလာသည် ။ ၂၀၁၅ ခုနှစ် နိုဝင်္ဘာလတွင် ပထမအကြိမ်အဖြစ် “မြကြိုးကြာ”စာအုပ်တိုက်မှ အုပ်ရေ ၅၀၀ တန်ဖိုး ၁၅၀၀ ကျပ်ဖြင့် ထုတ်ဝေလိုက်ခြင်းဖြစ်သည် ။ ကဗျာဆရာအောင်လွန်းမြိုင်ကအမှာစာရေးသားထားသည့် ယခု စာအုပ်သည် ကဗျာဆရာ ရန်လင်းအောင်၏ တတိယမြောက် ကဗျာစာအုပ် ဖြစ်သည် ။ ပထမစာအုပ်မှာ ၂၀၁၃ ခုနှစ်ထုတ် “သူ့အကြောင်းနဲ့ ငါ့အရာ သူ့အရာနဲ့ ငါ့အကြောင်း”ဖြစ်သည် ။ ဒုတိယစာအုပ်မှာ ၂၀၁၄ ခုနှစ်တွင် ကဗျာဆရာမင်းညွန့်လှိုင်နှင့် တွဲဖက်ထုတ်ဝေခဲ့သည့် “အများဆိုင်နာမ်”...

Read more »

ရန်လင်းအောင် – ပွင့်လင်းရာသီ

November 25, 2015
ရန်လင်းအောင် – ပွင့်လင်းရာသီ

  ရန်လင်းအောင် – ပွင့်လင်းရာသီ (မိုးမခ) နိုဝင်ဘာ ၂၅၊ ၂၀၁၅   ပွင့်လင်းရာသီအားကိုးနဲ့ ကြက်သားအုပ်မ တသိုက်ပြီးတသိုက် အေးအေးလူလူ ထွက်ထွက်လာ …… ပွင့်လင်းရာသီ အားကိုးနဲ့ မိုးပေါ်ဝဲရင်းကြိတ်ကြံနေတဲ့ စွန်တွေ တအုပ်ပြီးတအုပ် လစ်ရင်လစ်သလို ဆင်းဆင်းသုတ်   သြော် …သြော် … အေးပေါ့ … ပွင့်လင်းရာသီပေါ့  ။ No tags for this post.

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်