သားကြီးမောင်ဇေယျ

သားကြီးမောင်ဇေယျ ● ကဗျာကလေးတပုဒ်အကြောင်း

March 22, 2017
သားကြီးမောင်ဇေယျ ● ကဗျာကလေးတပုဒ်အကြောင်း

သားကြီးမောင်ဇေယျ ● ကဗျာကလေးတပုဒ်အကြောင်း (ကမ္ဘာ့ကဗျာနေ့ အမှတ်တရ) (မိုးမခ) မတ် ၂၂၊ ၂ဝ၁၇ ဒို့တတွေမှာ တောင်ပံတွေ မရှိလေတော့ လေပေါ်ပျံတက်လို့မရဘူးပေါ့ ဒါပေမယ့် အမြင့်ကိုတက်လှမ်းဖို့တော့ ခြေထောက်တွေပါလေရဲ့ တဖြည်းဖြည်းချင်း တရွေ့ရွေ့နဲ့ ပိုမိုမြင့်မားတဲ့ တို့ခေတ်ရဲ့ ထိမ်ဖုံးတောင်ထွတ်တွေဆီသို့ …   ကဗျာဆရာ ကိုရွေးက ၂ဝ၁၇ ကမ္ဘာ့ကဗျာနေ့အတွက် UNESCO ညွှန်ကြားရေးမှူးချုပ် အိုင်ရီနား ဗိုကိုးဗားထံက သဝဏ်လွှာ ကို ယုဒသန်ခန်းမမှာ ဖတ်ကြားနေတာပါ။ ဒီစာသားကလေးကတော့ ကဗျာဆရာ ဟင်နရီဝဒ်စ် ဝေါသ်လောန်းဖဲလိုးရဲ့ စာ သားကလေးပါ။ ကဗျာဟာ ရင်သပ်ရှုမောဖွယ် လူသားတို့ရဲ့ဘဝကို လှမ်းမျှော်ကြည့်ရှုနိုင်တဲ့ ပြူတင်းပေါက်တခုလို့ အချို့က ဆိုပါတယ်။ ကဗျာဆရာတွေဟာ အဲဒီပြူတင်းပေါက်ကတဆင့် အတိတ်ကို သမင်လည်ပြန်ကြည့်တတ်သလို အနာဂတ်ကို လှမ်းမျှော်...

Read more »

သားကြီးမောင်ဇေယျ – သမဂ္ဂ အိပ်မက်

February 25, 2017
သားကြီးမောင်ဇေယျ – သမဂ္ဂ အိပ်မက်

သားကြီးမောင်ဇေယျ – သမဂ္ဂ အိပ်မက် (မိုးမခ) ဖေဖော်ဝါရီ ၂၅၊ ၂၀၁၇ အဓိပတိလမ်းဖက်ကို ချိုးကွေ့လိုက်တော့ ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကို ဘွားကနဲ့ တွေ့လိုက်ပါတယ်။ တကယ်တော့ ၁၉၇၂ ခုနှစ် ကျွန်တော် တက္ကသိုလ်ရောက်ခါစ မန္တလေးဆောင်ပေါ်က လှမ်းမြင်နေရတဲ့ မြေကွက်လပ်နေရာပါ။ အဲဒီတုန်းက မန္တလေးဆောင်ပေါ်ကနေလှမ်းကြည့် လိုက်တိုင်း ခြုံနွယ်ပိတ်ပေါင်းတွေဖုံးနေတဲ့ နေတဲ့နေရာ။ အဲဒီနေရာက ရေညှိတွေတက်နေတဲ့ အထီးကျန် ကျောက်တိုင်ပုပုလေး ကလေး ကို ငေးရင်း အတွေးတွေ ပျံလွင့်နေခဲ့ရ။ ဟိုးရှေးရှေးတုန်းက ဒီနေရာမှာ ကျောင်းသားသမဂ္ဂ ဆိုတာရှိသတဲ့။ အဲဒီကျောင်းသားသမဂ္ဂ မှာ မြန်မာ့လွတ်လပ်ရေးကိုတိုက်ပွဲဝင် ကျောင်းသားတွေကို မွေးထုတ်ပေးတာပေါ့။ ဟို မှာ အထီကျန် ရပ်ခံ နေတဲ့ ကျောက်တိုင်ပုပု ကလေးကတော့ ကိုလိုနီနယ်ချဲ့ရဲ့ လက်ချက်နဲ့ ကျဆုံးသွားတဲ့...

Read more »

သားကြီးမောင်ဇေယျ – နှင်းဆီနီနီ

February 16, 2017
သားကြီးမောင်ဇေယျ – နှင်းဆီနီနီ

      သားကြီးမောင်ဇေယျ – နှင်းဆီနီနီ (ချစ်သူများနေ့အမှတ်တရ) (မိုးမခ) ဖေဖော်ဝါရီ ၁၆၊ ၂၀၁၇ နှင်းဆီနီတပွင့် ထောင့် ငါးရာ ။ အဖိုးကြီးတွေ အဖွားကြီးတွေ ယုံချင်ယုံ မယုံချင်နေ။ ဒီနေ့ ဒီအခါ မှာတော့ ခင်ဗျားတို့ရဲ့ သားသမီးတွေ မြေးတွေက တော့ နီးစပ်ရာ ဆူပါ မတ်ကတ် တွေ၊ စတိုးဆိုင်တွေမှာ အဲဒီနှင်းဆီ ပန်းအနီတွေကို အလုအယက် ၀ယ်နေကြပြီ။ ဘာကြောင့် ပါလဲ။ နှင်းဆီပန်းနီနီကလေးတွေဟာ ဖေဖ၀ါရီ လလယ်မှာ ကျရောက်မယ့် ဗယ်လင်တိုင်း ဒေး အမှတ်တရ လက်ဆောင်ဖြစ်လို့ပါ။ တနည်းပြောရရင် ဗယ်လင်တိုင်းဒေး ဆိုတာ ချစ်သူများနေ့လို့ လှလှ ပပ ဘာသာပြန်ထားတဲ့ နေ့ပါ။ ချစ်သူများနေ့ဆိုလို့ ကျွန်တော်တို့လို ချစ်သူ...

Read more »

သားကြီးမောင်ဇေယျ ● သတိ မီးနီမဖြတ်ရ

February 4, 2017
သားကြီးမောင်ဇေယျ ● သတိ မီးနီမဖြတ်ရ

သားကြီးမောင်ဇေယျ ● သတိ မီးနီမဖြတ်ရ (မိုးမခ) ဇန်နဝါရီ ၃၊ ၂၀၁၇ ကျွန်တော် အောင်မင်္ဂလာလမ်းထိပ် မြင့် ကဖီး သတင်းလွှတ်တော်ကိုရောက်တော့ လူတော်တော်စုံနေပြီ။ သူတို့ စားပွဲရှေ့မှာ မုန့်ဟင်းခါး လက်ဖက်ရည်တွေ ရောက်နေပြီ။ မျက်နှာသွယ်သွယ် အသားညိုညို မျက်မှန်သေးသေးနဲ့ ကိုကျော်စိုး၊ ဆံပင် ထောင်ထောင် မျက်မှန်ထူထူ အသားလတ်လတ်နဲ့ ကိုအောင်သူ၊ ဖြူဖြူနွဲ့နွဲ့ မသူဇာလင်း၊ ပိန်ပိန်သွယ်သွယ် မျက်နှာပိုင်ရှင်ကို စိုးမိုးအောင်တို့ ရောက်နေပါပြီ။ ဒီနေ့ သတင်းလွှတ်တော်မှာ ဘာတွေပြောကြမလဲ။ အထွေအထူး စဉ်းစားစရာမလိုပါ။ ဦးကိုနီ အလုပ်ကြံခံရတဲ့အကြောင်း ပေါ့။ လူတွေအားလုံး ဒီအကြောင်းပဲပြောနေကြတာ။ ကျွန်တော့်ဘေးစားပွဲက ပလပ်စတစ်ထိုင်ခုံ အနီပုကလေးကိုယူပြီး သူတို့စကားဝိုင်းထဲကို တိုးတိုးဝှေ့ဝှေ့ ထိုင်လိုက်ပါတယ်။ အရေးထဲ ဖုန်းက ဝင်လာပြန်တယ်။ ‘ဟုတ်ပါတယ်...

Read more »

သားကြီးမောင်ဇေယျ – ဦးနှောက် စားသွားကြပါဦး

February 3, 2017
သားကြီးမောင်ဇေယျ – ဦးနှောက် စားသွားကြပါဦး

သားကြီးမောင်ဇေယျ – ဦးနှောက် စားသွားကြပါဦး (မိုးမခ) ဖေဖော်ဝါရီ ၃၊ ၂၀၁၇ မနက် ၈ နာရီလောက် တာမွေ အောင်မင်္ဂလာ လမ်းထိပ်က မြင့် လက်ဖက်ရည်ဆိုင်မှာပါ။ ကျွန်တော်တို့ အခေါ် lower house news room လို့ နာမည်ပြောင် ပေးထားတဲ့ လမ်းထိပ်က လက်ဖက်ရည်ဆိုင်ပေါ့။ အရမ်းဘာသာပြန်လိုက်ရင်တော့ အောက်လွှတ် တော်သတင်းရုံးခန်းပေါ့။ ရုံးမတက်ခင် လူစုတဲ့နေရာ။ အဲဒီမှာ မနေ့က သတင်းတွေအကြောင်း၊ ဒီနေ့လိုက်မယ့်သတင်းတွေ အကြောင်း ပေါ့ပေါ့ပါးပါး ပြောကြ ဆိုကြ။ ကျွန်တော်က အင်တာနယူး ( INTERNEWS) က ဦးစီးကျင်းပတဲ့ ကျား/မ (ဂျန်ဒါ) အခြေပြုအကြမ်းဖက်မှုဆိုင်ရာ သတင်းရေးသားခြင်း သင်တန်း မှာ လက်တွေ့ ကွင်းဆင်း...

Read more »

သားကြီးမောင်ဇေယျ – မဟူရာကောင်းကင် ပေါ်က မျက်ရည်စက်များ

January 31, 2017
သားကြီးမောင်ဇေယျ – မဟူရာကောင်းကင် ပေါ်က မျက်ရည်စက်များ

ပန်းချီ သန်းဌေးမောင် သားကြီးမောင်ဇေယျ – မဟူရာကောင်းကင် ပေါ်က မျက်ရည်စက်များ (မိုးမခ) ဇန်န၀ါရီ ၃၁၊ ၂၀၁၇ (29-01-2017) တနင်္ဂနွေနေ့မို့ ကျွန်တော်တို့ DVB ရုံးမှာ လူနည်းနေပါတယ်။ အောင်မင်္ဂလာ ရုံးက နေ မြို့ထဲ ဗိုလ်ကလေး ဈေးနားက ရုံးကို အတော်များများပြောင်းကုန်ကြပြီ။ ဒီနေ့ဟာတနင်္ဂနွေနေ့လည်းဖြစ် ၊ ဒီရက်ပိုင်း အတွင်း ရုံးအပြောင်းအရွှေ့တွေနဲ့ မို့ အောင်မင်္ဂလာရုံးမှာ ခါတိုင်းထက် လူပိုနည်းနေပါတယ်။ မနက်ပိုင်းက ၇၄ – ၇၆ စက်မှုတက္ကသိုလ်ကျောင်းသားဟောင်း ကိုကျော်ဝင်းဆုံးတဲ့ သတင်းတွေ လူမှုကွန်ယက် စာမျက်နှာပေါ်တက်လာတယ်။ သူငယ်ချင်းတွေ ရဲ့ ၀မ်းနည်း ကြေကွဲသံတွေ စိမ့်ထွက်လာတယ်။ ၁၉၇၆ ခုနှစ် အင်းစိန်ထောင် ၃ ဆောင် ပုံစံကိုင်အပြီး...

Read more »

သားကြီးမောင်ဇေယျ – အိမ်တွင်းငြိမ်းချမ်းရေးမှ ပြည်တွင်းငြိမ်းချမ်းရေး သို့

January 22, 2017
သားကြီးမောင်ဇေယျ – အိမ်တွင်းငြိမ်းချမ်းရေးမှ ပြည်တွင်းငြိမ်းချမ်းရေး သို့

သားကြီးမောင်ဇေယျ – အိမ်တွင်းငြိမ်းချမ်းရေးမှ ပြည်တွင်းငြိမ်းချမ်းရေး သို့ (မိုးမခ) ဇန်န၀ါရီ ၂၂၊ ၂၀၁၇ တဝေါဝေါ မည်နေတဲ့ အ၀တ်လျှော်စက် အသံတွေ ကြားထဲက “ဟေ့ ယောက်ျားရေ လျှော်ပြီးသား အ၀တ်တွေ လာလှန်းပေးဦး” အမိန့်ပေးသံလား ၊ အကူအညီ တောင်းသံလား သဲသဲ ကွဲ ကွဲ မစဉ်းမိခင် အ၀တ်လျှော်နေတဲ့ မိန့်မ နားကို ကျွန်တော် ရောက်သွားပါပြီ။ ခြေဖနောင့် နှစ်ခုပူး ၊ ခြေဖျား နှစ်ခုကို လေးလက်မခွာ၊ ခါးကို မတ်မတ်ထား၊ လက်နှစ်ဖက်ကို ကပ်ထား၊ ရင်ကိုကော့ ၊ ဖင်ကိုကောက် သတိအနေအထားနဲ့ ရပ်။ မိန်းမ ဘာညွှန်ကြားမလဲ နာခံရန်အသင့်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ လျှော်ပြီးသား ထမီ...

Read more »

သားကြီးမောင်ဇေယျ – စတုတ္ထမဏ္ဍိုင်ကြီးကို ကြိမ်ဒဏ် ထပ်ခါ ထပ်ခါ ပေး တော်မူပါ

November 29, 2016
သားကြီးမောင်ဇေယျ – စတုတ္ထမဏ္ဍိုင်ကြီးကို ကြိမ်ဒဏ် ထပ်ခါ ထပ်ခါ ပေး တော်မူပါ

သားကြီးမောင်ဇေယျ – စတုတ္ထမဏ္ဍိုင်ကြီးကို ကြိမ်ဒဏ် ထပ်ခါ ထပ်ခါ ပေး တော်မူပါ (မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၁၆ တ၀ုန်းဝုန်း အသံတွေ ကြားလို့ ထ ကြည့်မိပါတယ်။ ဘာတွေဖြစ်ကုန်ပြီလဲ။ လွန်ခဲ့တဲ့ ငါးနှစ်ကျော်က သင်္ကြန် ဗုံးပေါက်မှု သတင်း၊ နော်ဝေ ဒီမိုကရက်တစ်မြန်မာ့ရုပ်သံကို ပို့မိတဲ့ အတွက် အချုပ်ခန်းမှာ အချုပ်ခံနေရတုန်း ညတညမှာ အခုလို အသံတွေ ကြားခဲ့ရလို့ အထိတ်တလန့် ထ ကြည့်မိခဲ့ပါတယ်။ မိန်မး အသံတွေကလည်းဆူလို့၊ ငိုသူငို၊ ဆဲသူဆဲ။ ကျွန်တော့် ရောက်နေတဲ့ အချုပ်ခန်းထဲကနေ လျှောက်လမ်း ဘက်ကိုကြည့်လိုက်တော့ မိန်းမငယ် လေး ငါးယောက်လောက် အမျိုးသမီး အချုပ်ခန်းဘက်ကို ၀ရုန်းသုံးကား ၀င်သွားကြပါတယ်။ မကြာခင် အမျိုးသမီး...

Read more »

သားကြီးမောင်ဇေယျ – ၆၆ (ဃ) နှင့် ကမ္ဘာ့ သီးခံနားလည်သင့်မြတ်ရေးနေ့

November 18, 2016
သားကြီးမောင်ဇေယျ – ၆၆ (ဃ) နှင့် ကမ္ဘာ့ သီးခံနားလည်သင့်မြတ်ရေးနေ့

သားကြီးမောင်ဇေယျ – ၆၆ (ဃ) နှင့် ကမ္ဘာ့ သီးခံနားလည်သင့်မြတ်ရေးနေ့ (World Tolerance Day) (မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၆ အလဲဗင်းမီဒီယာ အုပ်စုက ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ တရားလိုပြု တိုင်ကြားခဲ့တဲ့ အမှုအားလုံးကို ပြန်လည်ရုပ်သိမ်းထားလိုက်ပြီတဲ့။ ဒါရိုက်တာ မိုက်တီး အပါအ၀င် အလဲဗင်းက တရားစွဲခံထားရသူတွေ အမှုက လွတ်ပြီးပေါ့။ ၀မ်းသာစရာပါ။ အလဲဗင်းမီဒီယာ အုပ်စုကို ရန်ကုန်တိုင်း ၀န်ကြီးချုပ်က ၆၆ (ဃ) နဲ့ တရားစွဲလိုက်ပြီးတဲ့နောက်ပိုင်း ဒီဖြစ်စဉ်ကလေး ဖြစ်ခဲ့တာပါ။ တကယ်တော့ ၆၆ (ဃ) ဆိုတဲ့ ပုဒ်မဟာ (ကျွန်တော့်အမြင်) မစင် ထုပ်နဲ့တူပါတယ်။ တဖက်လူကို မစင်ထုပ်နဲ့...

Read more »

သားကြီးမောင်ဇေယျ – ဒေါ်နယ်ထရန့်ရယ်၊ ဟယ်လာရီ ကလင်တန်ရယ် ကျနော်တို့ရယ်

November 15, 2016
သားကြီးမောင်ဇေယျ – ဒေါ်နယ်ထရန့်ရယ်၊ ဟယ်လာရီ ကလင်တန်ရယ် ကျနော်တို့ရယ်

သားကြီးမောင်ဇေယျ – ဒေါ်နယ်ထရန့်ရယ်၊ ဟယ်လာရီ ကလင်တန်ရယ် ကျနော်တို့ရယ် (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၆ ‘ဟယ်လာရီ နိုင်နေပြီတော့’ အသက် ၈၉ နှစ်အရွယ်ရှိ ကျွန်တော့်မေမေက ခရီး ရောက်မဆိုက် ၀မ်းသာအားရပြောပါတယ်။ ကျွန်တော် အလုပ်နားရက်မို့ မေမေ့အိမ်ကို တပါတ်တခါရောက်နေကျပါ။ မေမေ ခူးကျွေးတဲ့ထမင်းကို မေမေ့ရှေ့မှာ စားပြနေကျပါ။ မေမေ့ဆီရောက်တိုင်း  မြန်မာနိုင်ငံရဲ့ စိတ်ဝင်စားဖွယ်သတင်းတွေ ကို သတင်းထောက်ဖြစ်တဲ့ ကျွန်တော့်ကို မေမေက ပြောပြနေကျပါ။ ဒီတခါတော့ မေမေက မြန်မာနိုင်ငံရဲ့သတင်းကိုမပြောပဲ အမေရိကန်ရွေးကောက်ပွဲသတင်းကို ပြောပြ လိုက်တာမို့ မြန်မာနိုင်ငံသားတွေ အမေရိကန် ရွေးကောက်ပွဲ သတင်းကို စိတ်ဝင်စားနေတယ်လို့ အကြမ်းဖျင်း နားလည်လိုက်ပါတယ်။ ‘ မေမေက ဟယ်လာရီ ကို နိုင်စေချင်တာလား ဘာကြောင့်...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly MARCH 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်