အုန်းနိုင်

အုန်းနိုင် – ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘ၀တူဖြစ်ပြီ

September 12, 2015
အုန်းနိုင် –  ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘ၀တူဖြစ်ပြီ

  အုန်းနိုင် –  ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘ၀တူဖြစ်ပြီ  ၁၉၉၁ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်အား ထုတ်ပယ်ခြင်း – (၂၁)၊ နိဂုံး (မိုးမခ) စက်တင်ဘာ ၁၂၊ ၂၀၁၅ ကျနော်တို့ ပို့တဲ့စာမှာ ဖော်ပြထားတဲ့အတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို မိတ္တူပေးလိုက်ပါတယ်။  (၁၄.၂.၉၂) မှာတော့ ကျနော်တို့မြို့ နယ်ရဲ့  လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးဖြစ်တဲ့ ဦးအုန်းနိုင်နဲ့ ဦးအေးသန်း တို့ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်အဖြစ်က ထုတ်ပယ်လိုက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှပါ ပယ်ဖျက်လိုက်ကြောင်း ထုတ်ပြန်လိုက်ပါတယ်..။ အဲဒီနေ့ နေ့စွဲနဲ့ပဲ စာနံပါတ် ဆက်တိုက်ထိုးပြီး ကျနော်တို့မြို့ နယ်အလုပ်အမှုဆောင်အဖွဲ့ကို မိမိဖာသာ ဖျက်သိမ်းပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့ တင်ပြခြင်းမရှိပဲ ရွေးကောက်ပွဲကော်မရှင်သို့ လိပ်မူတင်ပြခြင်း...

Read more »

အုန်းနိုင် – ၁၉၉၁ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်အား ထုတ်ပယ်ခြင်း – (၂၀)

September 11, 2015
အုန်းနိုင် – ၁၉၉၁ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်အား ထုတ်ပယ်ခြင်း – (၂၀)

(ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအုန်းနိုင် တွေ့ဆုံခဲ့စဉ်တုန်းက မှတ်တမ်းဓာတ်ပုံ) အုန်းနိုင် – ၁၉၉၁ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်အား ထုတ်ပယ်ခြင်း – (၂၀) (မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၁၅ နောက်တနေ့မနက် (၉)နာရီမှာ မြို့ နယ်စည်းရုံးရေးကော်မတီ အစည်းအဝေး ကျင်းပရပြန်ပါပြီ..။ အဓိက အချက်ကတော့ အိမ်ရှင်ကို ၀န်ခံချက် လက်မှတ်ထိုးခိုင်းတာနဲ့ တဆက်တည်း စည်းရုံးရေးကော်မတီကိုပါ..ဒေါ်အောင်ဆန်းစုကြည်နဲ့ မပတ်သက်ကြောင်း သဘောမျိုး လက်မှတ်ရေးထိုးခိုင်းတဲ့ ကိစ္စကို ဆွေး နွေးကြပါတယ်..။ လွန်ခဲ့တဲ့ နှစ်ရက်သုံးရက်က ဒေါ်အောင်ဆန်းစုကြည်ထုတ်ပယ်တဲ့ ကိစ္စကို စည်းဝေးတိုင် ပင်ဆွေးနွေးကြတုံးကပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဦးဆောင်မှုကိုပဲ လိုက်နာဖို့ ဆုံးဖြတ်ပြီးတာမို့ ဒေါ် အောင်ဆန်းစုကြည်နဲ့ ပတ်သက်တာတွေကိုလည်း မဖယ်ရှားနိုင်ဘူးဆိုတာ ကြိုပြီး ဆွေးနွေးခဲ့ကြဖူးပါပြီ။ ဒီလိုမဖယ်ရှားရင်...

Read more »

အုန်းနိုင် – “တော်တဲ့သူက နိုဘယ်ဆုရတယ်”

September 9, 2015
အုန်းနိုင် – “တော်တဲ့သူက နိုဘယ်ဆုရတယ်”

အုန်းနိုင် – “တော်တဲ့သူက နိုဘယ်ဆုရတယ်” ၁၉၉၁ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်အားထုတ်ပယ်ခြင်း – (၁၉) (မိုးမခ) စက်တင်ဘာ ၉၊ ၂၀၁၅ ကျနော်တို့မြို့ နယ်ရုံးက အိမ်ခန်းတခန်းငှားပြီး ဖွင့်ထားတာပါ..။ အိမ်ရှင်ကတ၀က်နေပါတယ်..။ ဒါပေမဲ့ လိုအပ်ရင် တအိမ်လုံးလဲ သုံးနိုင်တယ်..။ တခြံလုံးလည်း သုံးနိုင်တယ်..။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလတုန်းက တောင် ခြံထဲမှာ ဇာတ်ရုံလို တဲကြီးထိုးပြီး မြို့ နယ်အောင်နိုင်ရေးညီလာခံကို စည်စည်ကားကား လုပ်ခဲ့သေး တာပဲ..။ အခု အိမ်ရှင်ဖြစ်တဲ့ ဦးအောင်ရှိန်တို့ကို မ၀တရုံးကနေ ဆင့်ခေါ်ပါတယ်..။ ပြီးတော့ ခံဝန်ချက်တခု လက်မှတ်ထိုးခိုင်းပါတယ်တဲ့..။ မိမိတို့ ငှားရမ်းထားသော ပါတီအနေဖြင့် နိုင်ငံတော်အားဆန့်ကျင်သောကြောင့် ၎င်း..၊ မြေပေါ်မြေအောက် ဆက်သွယ်ခြင်းဥပဒေ၊ စည်းကမ်း၊ညွှန်ကြားချက်များနှင့် ငြိစွန်းခြင်း ကြောင့်၎င်း…၊...

Read more »

အုန်းနိုင် – ၁၉၉၁ ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ပယ်ခြင်း (၂)

December 22, 2014
အုန်းနိုင် – ၁၉၉၁ ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ပယ်ခြင်း (၂)

အုန်းနိုင် – ၁၉၉၁ ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ပယ်ခြင်း (၂) (မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၁၄ ● ရှဥ့်လည်းလျှောက်သာ… ပျားလည်းစွဲသာ အဖွဲ့ချုပ်ရုံးကိုရောက်တဲ့အခါ ပဲခူးတိုင်းတာဝန်ခံ ဦးမြလေးနဲ့တွေ့ ပါတယ်..။ လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလက လွှတ်တော်ကိုယ်စားလှယ်များ  ဆိုင်ရာအဖွဲ့ ဖွဲ့စည်းရေးအစည်းအဝေးမှာ သူနဲ့ကျနော် ဖွဲ့စည်းပုံနဲ့ဆိုင်တဲ့အကြောင်းတခုပေါ်ကိုမူတည်ပြီး ငြင်းခုန်ဆွေးနွေးရပါတယ်။ ဒါကို  ကျနော်ကတော့ ဒီမိုကရေစီကျင့်စဉ်အရ လုပ်တာသာဖြစ်တယ်။ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းတွေထဲမှာ ဒီလိုမျိုး သဘောကွဲလွဲခွင့်ရှိတယ် လို့ ယုံကြည်ပါတယ်။ ကျနော်တို့ အထက်တန်းကျောင်းသားဘ၀၊ တက္ကသိုလ်ကျောင်းသားဘ၀က  ဒါမျိုးတွေလုပ်ခဲ့ဖူးပါတယ်။ ယဉ်ပါး နေပါတယ်။ ဒါပေမဲ့ သူက  သူ့လိုတိုင်းတာဝန်ခံတယောက်ကို ပြန်လှန်ဆွေးနွေးတာကို  စိတ်မရှည်ပဲ  ဒေါနဲ့ မောနဲ့ ပြန်ဆွေးနွေးပါတယ်။ ဆွေးနွေးချိန်မှာ ဒေါတွေ မောတွေ ထတာ ...

Read more »

အုန်းနိုင် – ဂန္ဒီခန်းမကြေညာစာတမ်း (၁၁) (“ညီမလေး အရပ်ပုတယ်..။ဒေါက်မြင့်ဖိနပ် စီးပါ”)

August 21, 2014
အုန်းနိုင် – ဂန္ဒီခန်းမကြေညာစာတမ်း (၁၁)  (“ညီမလေး  အရပ်ပုတယ်..။ဒေါက်မြင့်ဖိနပ် စီးပါ”)

အုန်းနိုင် – ဂန္ဒီခန်းမကြေညာစာတမ်း (၁၁) (“ညီမလေး  အရပ်ပုတယ်..။ဒေါက်မြင့်ဖိနပ် စီးပါ”) သြဂုတ် ၂၁၊ ၂၀၁၄ နောက် အစီအစဉ်ကတော့ သဘာပတိ ဦးကြည်မောင်ရဲ့ နိဂုံးချုပ်မိန့်ခွန်းပါ။ သူက မနေ့က အဖွင့်မိန့်ခွန်း ပြောကတည်းက ပရိသတ်သဘောကျသွားတာ သိတော့ အချိုး တစ်မျိုး ချိုးလိုက်ပါတယ်။ မတ်ခွက်ကို လက်နဲ့ တစ်ဝက်လောက် အုပ်လိုက်ပြီး “အခုပြောတာ နိဂုံးချုပ် မဟုတ်သေးပါဘူး။ အခုတင်က လဘက်ရည်သောက်ချိန်မှာ ကျနော့ မြေးလို အင်မတန်ခင်တဲ့ ကလေးနဲ့ တွေ့တယ်…။ ငါ့တော့ စကားပြောခိုင်းပြန်ပြီကွာ ..။  ငါကလည်း တစ်ခါပြော တစ်ခါဆိုသလို ဖြစ်နေတယ်..” ဒီအချိန်မှာ အောက်ဘက် လမ်းပေါ်ပရိသတ်ဆီက ကျယ်ကျယ်ပြောပါဆိုတဲ့ အသံတွေထွက်လာတယ်။ ဦးကြည်မောင်လည်း ဒီအသံတွေ ကြားတယ်။ မျက်နှာ...

Read more »

အုန်းနိုင် – ဂန္ဒီခန်းမ ကြေညာစာတမ်း (၅)

July 14, 2014
အုန်းနိုင် – ဂန္ဒီခန်းမ ကြေညာစာတမ်း (၅)

ဂန္ဒီခန်းမ ကြေညာစာတမ်း (၅) အုန်းနိုင် ဇူလိုင် ၁၄၊ ၂၀၁၄     ● သဘာပတိ အဖွင့်မိန့်ခွန်း သဘာပတိဦးကြည်မောင်က မိန့်ခွန်းပြောပါတယ်။ “၁၉၉၀ပြည့်နှစ်မေလ(၂၇)ရက်နေ့က တစ်ပြည်လုံးမှာ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ အနိုင်ရလာတဲ့ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေနဲ့ဒီအဖွဲ့ချုပ်ရဲ့ဗဟိုဦးစီးအဖွဲ့တို့တွေ့ဆုံပွဲပါ။ ဒီလောက်များများအရွေးခံထားရတဲ့ ကိုယ်စားလှယ်ကြီးတွေကို ကြည့်ပြီး… အော်… သူတို့ပါဒီအစည်းအဝေးကြီးမှာရှိနေရင် ဘယ်လောက် ကောင်းလိုက်မလဲ”…..လို့ ဆိုလိုက်တော့ ခန်းမထဲမှာလက်ခုပ်သံတဖြောင်းဖြောင်းဖြစ်သွားတယ်.။ ခန်းမထဲကလက်ခုပ်သံစဲပေမယ့် အပြင်လမ်းပေါ်က လူအုပ်ရဲ့ပိုမိုကျယ်လောင်တဲ့လက်ခုပ်သံက မစဲသေးပါဘူး..။ “ကျနော်တို့ အားလုံး မြန်မာပြည်ရဲ့ နိုင်ငံရေးသမိုင်းမှာအလွန်အရေးကြီးတဲ့ အခန်းကဏ္ဍ တစ်ခုကို စတင်ဆောင်ရွက်နေကြပါတယ်..။လွန်ခဲ့တဲ့လ နှစ်ဆယ်လောက်က နဝတအစိုးရကတာဝန်ယူဆောင်ရွက် ခဲ့တဲ့တာဝန် တစ်ရပ်ကို ဝိုင်းဝန်းကူညီ  အပြီးသတ်  နေကြတာလည်း ဖြစ်ပါတယ်..။ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ကျွန်တော် ရွေးကောက်ပွဲ ကျင်းပပေးမယ်..။ မယုံမကြည်မရှိပါနဲ့..။ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြပါ…။အင်အားအများစုအနိုင်ရတဲ့အဖွဲ့ကို အာဏာလွှဲပေးပါမယ်…။ ပြီးရင် ကိုယ်တို့တာဝန်ပြီးလို့...

Read more »

အုန်းနိုင် – စစ်အုပ်ချုပ်ရေးအောက်မှ ၁၉၉၀ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ (၁၄)

May 4, 2014
အုန်းနိုင် – စစ်အုပ်ချုပ်ရေးအောက်မှ ၁၉၉၀ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ (၁၄)

စစ်အုပ်ချုပ်ရေးအောက်မှ ၁၉၉၀ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ (၁၄) အုန်းနိုင် မေ ၄၊ ၂၀၁၄     စုနိုင်မှချမ်းသာမည် ရွေးကောက်ပွဲက ၁၉၉ဝ ပြည့်မေလမှဆိုတော့ အခုဆိုရင် တစ်လကျော်လောက်ပဲ လိုတော့တာမို့ ရန်ကုန်အဖွဲ့ချုပ်ရုံးမှာရော..၊ မြို့နယ် အသီးသီးမှာရော ပင်နီအင်္ကျီယောလုံချည်..။ ဒါမှမဟုတ်ရင်.. ကချင်လုံချည်နဲ့ ခမောက်ဆောင်းထားတဲ့ အမျိုးသားအမျိုးသမီး  စည်းရုံးရေး ဆင်းတဲ့ အုပ်စုများကို ဟိုနေရာ ဒီနေရာတွေမှာ တွေ့ နေရပါတယ်…။ အသံချဲ့စက် သိပ်မသုံးကြပေမယ့် ကက်ဆက်သံတွေကြားရပြီး ..စည်းရုံးရေးသီချင်းသံတွေ ကို..နေရာအတော်များများမှာ..ကြားနေရပါပြီ..။ ရန်ကုန်တိုင်းက “စုနိုင်မှချမ်းသာမည်”  ..ဆိုတဲ့ ဆောင်ပုဒ်ကို   သီကုံးစပ်ဆိုထားတဲ့သီချင်းကိုလည်းကြားရလို့ ဘယ်အဖွဲ့က စပ်တာလဲ..။ ဘယ်မှာရနိုင်သလဲ..။ မေးရ..စုံစမ်းရပါတယ်…။ အပြေးအလွှား  သည်းသည်းမည်းမည်းရှာတော့မှ ဗဟိုလူငယ်က  မိုးဇော်ဦး  အကူအညီနဲ့  ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ရဲ့  ...

Read more »

အုန်းနိုင် – စစ်အစိုးရလက်အောက်မှ ၁၉၉၀ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ (၁၁)

April 7, 2014
အုန်းနိုင် – စစ်အစိုးရလက်အောက်မှ ၁၉၉၀ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ (၁၁)

စစ်အစိုးရလက်အောက်မှ ၁၉၉၀ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ (၁၁) အုန်းနိုင် ဧပြီ ၇၊ ၂၀၁၄  ပြည်မြို့ နယ်က ကိုယ်စားလှယ်လောင်းတစ်နေရာ ၁၉၉ဝပြည့်၊ ဇန်နဝါရီလဆန်းတော့ ပြည်မြို့ နယ်စု အစည်းအဝေးကျင်းပပါတယ်။ ဒီအစည်းအဝေးကိုတော့ တိုင်းစည်းအနေနဲ့ ဦးပိုက်ခြုံ ပဲ လာပါတယ်..။ သူက ပြည်ဇုံက ရွှေတောင်မြို့နယ်မှာ ကိုယ်စားလှယ်လောင်းတစ်နေရာ  ဗဟိုကချပေးလို့ ရထားတယ်…။ နောက်  တိုင်း စည်းတစ်ယောက်ဖြစ်တဲ့ ဗိုလ်မှူးမောင်အေးကတော့ ပေါင်းတည်မြို့ နယ်အတွက် ဗဟိုကလျာထားခံရဖူးတဲ့ ကုန်သွယ်ရေးဝန်ကြီးဟောင်း  ဦးစံဝင်းနဲ့အတူ သာယာဝတီမြို့ နယ်အတွက် ကိုယ်စားလှယ်လောင်းများဖြစ်နေလို့ ဒီဘက် (ပြည်ဇုံဘက်) ကို  မလှည့်နိုင်တော့ပါ..။ မြို့နယ်စု အစည်းအဝေးတက်တော့မှာ ပြည်မှာပြဿနာဖြစ်နေပုံကို စေ့စေ့စုံစုံ သိရတော့တယ်။ ဒါကြောင့်လည်း ပြည်မြို့ကို  တိုင်းက စိတ် မချဖြစ်နေတယ်..။...

Read more »

အုန်းနိုင် – စစ်အုပ်ချုပ်ရေးလက်အောက်က ၁၉၉၀ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ(၁၀)

April 5, 2014
အုန်းနိုင် – စစ်အုပ်ချုပ်ရေးလက်အောက်က ၁၉၉၀ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ(၁၀)

စစ်အုပ်ချုပ်ရေးလက်အောက်က ၁၉၉၀ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ(၁၀) အုန်းနိုင် ဧပြီ ၅၊ ၂၀၁၄ ကျောင်းသားလူငယ်များရဲ့ လုပ်အားပေးမှု ကျောင်းတွေကလည်းမဖွင့်သေးတော့ အားလပ်နေတဲ့ ကျောင်းသားကျောင်းသူတွေရဲ့ တက်ကြွနေတဲ့အရှိန်ကို ကျွန်တော်တို့ရွေးကောက်ပွဲ မှာ ဝင်ရောက်လုပ်ကိုင်လာနိုင်ဖို့ စည်းရုံးရပါတယ်။ ရွေးကောက်ပွဲမှာ မဲစာရင်းရေးကူးခြင်းဆိုတာ အတော်အရေးပါတဲ့ လုပ်ငန်းတစ်ခုပါ။ ဒါကို ပါလီမန်ခေတ်ရွေးကောက်ပွဲတွေမှာ ထဲထဲဝင်ဝင် ပတ်သက်ဖူးမှ သိရတဲ့အတွေ့အကြုံပါ။ ကျွန်တော်က ၁၉၅၂ ခုနှစ်ပါလီမန် ရွေးကောက်ပွဲမှာ ကျောင်းသားလုပ်အားပေးအနေနဲ့အတိုက်အခံအဖွဲ့တစ်ခုကနေ မဲစာရင်းကူးတဲ့လုပ်ငန်းကို လုပ်အားပေးခဲ့ဖူးပါတယ်။ အဲဒီတုန်းကဖဆပလအဖွဲ့က ငွေကြေးတတ်နိုင်တော့ မဲစာရင်းတစ်မျက်နှာ (သုံးစုံ) ကူရင် ဘယ်လောက်ဆိုတဲ့နှုန်းနဲ့ ကူးခိုင်းပါတယ်။ လုပ်အားပေးနဲ့ အခစားကူးသူနဲ့ တန်ဖိုးချင်းမတူပါ။ ၁၉၅၆ ခုနှစ် ရွေးကောက်ပွဲကျတော့ တက္ကသိုလ်ကျောင်းသားဖြစ်နေပြီမို့လို့ မဲဆွယ်တရားပွဲတွေ လိုက်ဟောဖူးပါတယ်။ ၁၉၆ဝ ခုနှစ် ရွေးကောက်ပွဲကျတော့ ဝန်ထမ်းဖြစ်လို့မို့မဲရုံအရာရှိလုပ်ခဲ့ရပါတယ်။...

Read more »

စစ်အုပ်ချုပ်ရေး အောက်မှ ၁၉၉၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ (၈)

March 16, 2014
စစ်အုပ်ချုပ်ရေး အောက်မှ ၁၉၉၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ (၈)

အုန်းနိုင် မတ်လ ၁၆၊ ၂၀၁၄ ● မဲဆွယ်စည်းရုံးပွဲများ ဒီလ များမှာတော့   ရွေးကောက်ပွဲအတွက်ပဲ အဓိကထားပြီး စည်းရုံး ဆောင်ရွက်ရတာပါ။ ၂/၈၈ ရယ်၊ ၈/၈၈ ရယ်ကလည်း  မရုပ်သိမ်းသေး တော့ အိမ်တအိမ်ထဲမှာ ဖြစ်ဖြစ်၊ တခါတရံ တလင်းပြင်ထဲမှာ လူလေးငါးဆယ်လောက် တဝိုင်း၊ တရွာထဲမှာ  နှစ်ဝိုင်းသုံးဝိုင်း လုပ်ရတာပေါ့။ မြို့နဲ့ အတော်ဝေးသွားတဲ့ရွာတွေကျတော့လည်း  အသံချဲ့စက်သုံးတယ်။ ဒါပေမဲ့ အသံချဲ့စက်သုံးရတာ သိပ်မကောင်းဘူး။ လူတွေက အိမ် ထဲက အိပ်ပြီး  နားထောင်ကြရော။ ဒီတော့   အသံချဲ့စက်ကို  မသုံးတာပဲများပါတယ်။ ဆွေးနွေးပွဲတက်တဲ့သူများကိုတော့  ရွာထဲမှာ အချင်း ချင်း  လက်ဆင့်ကမ်းပြီး ဆွေးနွေးကြဖို့ ပြောရတယ်။ ရွေးကောက်ပွဲမှာ အဖွဲ့ လိုက်  အမှတ်တံဆိပ်တွေရွေးကြတော့ ...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်