မောင်လူရေး

မောင်လူရေး – သီလရှင်တွေ တိပိဋက သုံးပုံဆောင် မပေါ်ခြင်းအကြောင်း

January 19, 2018
မောင်လူရေး – သီလရှင်တွေ တိပိဋက သုံးပုံဆောင် မပေါ်ခြင်းအကြောင်း

မောင်လူရေး – သီလရှင်တွေ တိပိဋက သုံးပုံဆောင် မပေါ်ခြင်းအကြောင်း (မိုးမခ) ဇန်န၀ါရီ ၁၉၊ ၂၀၁၈ မင်းကွန်းမှာ ရှားပင်တိုက်သစ် သီလရှင်စာသင်တိုက်ဆိုတာ ရှိတယ်။ အဲဒီတိုက်ကို ဦးဆောင်နေတဲ့ သီလရှင်ဆရာကြီးက ဒေါ်ဉာဏိဿရီ၊ ခု အသက် ၈၀ ရှိပြီ။ သူ့ကို ဆရာကြီးဒေါ်ကြည်လို့ဘဲ သိကြတယ်။ ငယ်ငယ်က မကြည်ပေါ့။ သူ့ဇာတိက ဝက်လက်မြို့နယ်၊ ထန်းဂေါင်းဒေါင့်ရွာ။ အဲဒီရွာက မင်းကွန်းမှာ ရှားပင်တိုက်သစ်ဆိုတဲ့ စာသင်တိုက်တည်တဲ့ ဆရာတော်ဦးစန္ဒိမာဆီမှာ ၇-နှစ်သမီးကထဲက ရောက်ပေတဲ့ ဆရာတော်ကြီးက သီလမမြဲမှာစိုးလို့ဆိုပြီး ၁၂-မှ သီလရှင်ဝတ်ပေးခဲ့သတဲ့။ မကြည်လေးဟာ အင်မတန် ဉာဏ်ကောင်းဆိုဘဲ။ စစ်လာရှောင်တဲ့ မစိုးရိမ်ဆရာတော်ကြီးဦးသူရိယနဲ့  ပဋ္ဌာန်းဆရာတော်တို့ဟာ မကြည်လေးကို အဘိဓမ္မာ မွမ်းမံသင်ပေးကြသတဲ့။ မစိုးရိမ်ဆရာတော်ကြီးဦးသူရိယကဆို “ဘယ်ကလဲ မကြည်ရမှာလဲ၊...

Read more »

မောင်လူရေး – အဆိပ်စားများ

December 27, 2017
မောင်လူရေး – အဆိပ်စားများ

မောင်လူရေး – အဆိပ်စားများ (မိုးမခ) ဒီဇင်ဘာ ၂၇၊ ၂၀၁၇တစ်ထုပ်လောက်ဖြန်းလိုက်တာနဲ့ မူးလဲသွားတာ။ ကျဲရင်း ရှူမိတဲ့အချိန်ဖြစ်ပေါ့။ ဒီရက်ပိုင်း ဆေးရုံကို တော်တော် ရောက်လာကြတယ်။ မရောက်ဘဲ ချက်ချင်း သေသွားတာလဲ ရှိတယ်။ ညွှန်းထားတာက တစ်ဧကကို ၇ ထုပ်။ ဒါပေမယ့် အာ့လောက် မကြဲဘူး။ 1 kg ကို မြေဆီ 5 kg နဲ့ရောမယ်ဆိုရင် 6 kg ဖြစ်သွားတာ။ ပွားလိုက်တာပေါ့လေ။ အဲဒီမှာ ကျဲတဲ့အချိန် ပိုကြာသွားတယ်။ မြေဆီနဲ့ မွှေလိုက်တော့ သူက ရောပြီးတော့ အဆိပ်ငွေ့တွေ ဖြစ်သွားတာပေါ့။ ပုလဲဆို ပိုဆိုးတယ်။ သုံးထုပ်ဆို သုံးထုပ်ကျဲတာက ဘာမှ မကြာဘူး။ မြေဆီနဲ့ ရောတဲ့အခါကျတော့ အဆိပ်က...

Read more »

မောင်လူရေး – ဖွတ်ဂါရာမ “တင်းပါး” သံကြီး

November 19, 2017
မောင်လူရေး – ဖွတ်ဂါရာမ “တင်းပါး” သံကြီး

မောင်လူရေး – ဖွတ်ဂါရာမ “တင်းပါး” သံကြီး (မိုးမခ) နိုဝင်ဘာ ၁၉ ၊ ၂၀၁၇ ဖွတ်ဂါရွာမတရွာလုံး အုံးအုံးကျွက်ကျွက်ဖြစ်နေသည်။ ဒီအုံးအုံးကျွက်ကျွက်က တရွာလုံးမှာ တအိမ်ချင်းစီဖြစ်ပျက်နေတဲ့ ဟာ။ တချို့အိမ်များတော့ ဒါးဆွဲဒုတ်ဆွဲ။ တချို့လဲ အိမ်ခွဲမယ်၊ အိုးခွဲမယ်နှင့်။ တချို့တော့ အိမ်ပေါ်က နှင်ချခံရသည်။ သိတယ်မဟုတ်လား။ တရွာလုံးပါသည့်ကိစ္စဆိုတာ နိုင်ငံရေးနှင့် ဘောပွဲဘဲရှိသည်။ အခုဟာက အရင်တခါဖြစ်ခဲ့သည့် “မီးကင်းစောင့်အဖွဲ့ဖြစ်မြောက်ရေးကော်မတီ” ဖွဲ့တုန်းကထက် ပိုရှုပ်ထွေးသည်။ ပိုပညာသားပါသည်။ “အိမ်တအိမ်မှာ ဘယ်သူအကောင်လဲ” ဆိုတာ ဆုံးဖြတ်ရသည့်ကိစ္စဆိုတော့ အိမ်တိုင်း အိမ်တိုင်း ဗြောင်းဆန်နေသည်။ တသက်လုံး ရန်ဖြစ်တယ်မကြားဘူးသည့် ရွာတောင်ပိုင်းက လင်မယားနှစ်ယောက်ဘဲရှိသည့် ဖိုးအေးနှင့် ဖွားသုန်တို့တောင် ဒီကိစ္စအတွက်နှင့် ရန်ဖြစ်ကြပြီး ဖွားသုန်က နွားတဲမှာ ခွဲအိပ်နေပြီဟု ကြားရသည်။ ရွာမြွေဝင်သည်ဟုပြောရမည်လား၊...

Read more »

မောင်လူရေး – ဆိုရှယ်မီဒီယာ သို့မဟုတ် ပုဂ္ဂလိကနှင့် အလုံးစုံလွှမ်းခြုံမှုသဘော

November 12, 2017
မောင်လူရေး – ဆိုရှယ်မီဒီယာ သို့မဟုတ် ပုဂ္ဂလိကနှင့် အလုံးစုံလွှမ်းခြုံမှုသဘော

  မောင်လူရေး – ဆိုရှယ်မီဒီယာ သို့မဟုတ် ပုဂ္ဂလိကနှင့် အလုံးစုံလွှမ်းခြုံမှုသဘော (မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၁၇ဆိုရှယ်မီဒီယာသည် ယုံကြည်မှု အမျိုးမျိုး ရှိကုန်သော လူအများအား ကိုယ့်သဘောဆန္ဒတွေကို တကမ္ဘာတစ်ခုလုံးအား တင်ဆက်ခွင့်ပေးသည့် ဘုရားတို့၏ဧကရာဇ် နည်းပညာခေတ်ကြီး၏လက်ဆောင်မွန်ဖြစ်သည်။ နည်းပညာအားနည်းသော ဒီမိုကရေစီတွင် လူတိုင်းအဖို့ ၎င်းတို့ ဆန္ဒများကို တင်ပြခွင့် မရှိပေ။ ထို့ကြောင့် စင်ရှိသူများ၊ ပလ္လင်ရှိသူများ၊ မီဒီယာပိုင်ရှင်များ၊ မိုက်ခွက်ကိုင်များ၏ လူပေါ်လူဇော်လုပ်သမျှ ခံကြရပေသည်။ ယခုမူ လူတိုင်းအဖို့ မိမိအကောင့်သည် မိမိ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး၊ ပေါင်းသင်းဆက်ဆံရေး၊ ကုစားရေးစင်တာ၊ ဟောပြောဆွေးနွေးရာ၊ သတင်းဌာနများ ဖြစ်နေကြပြီ။ ကောင်းစွ။ တပြိုင်နက်တည်းမှာပင် ရွေးချယ်မှု စိစစ်မှု တင်ဆက်မှု စည်းရုံးမှု လှုံ့ဆော်မှုအရည်အသွေးများလည်း...

Read more »

မောင်လူရေး – ပုလင်းရဲ့ခရီး

November 8, 2017
မောင်လူရေး – ပုလင်းရဲ့ခရီး

Art – Than Htay Maung မောင်လူရေး – ပုလင်းရဲ့ခရီး (မိုးမခ) နိုဝင်ဘာ ၈၊ ၂၀၁၇ ဘီအီးစက်ရုံမှာ ကျနော်က သကာဝယ်တဲ့အလုပ် အဓိကလုပ်တယ်။ ကျနော့်မိတ်ဆွေပွဲစားက ဆက်သွယ်ပေးတော့ အရက်ချက်စက်ရုံတွေကို သကာသွင်းတာပေါ့လေ။ စက်ပိုင်က ကျနော့်မိတ်ဆွေကို ကျနော့်ကို ကုန်ရှာပေး။ ခင်ဗျားကို တစ်ပိသာ ဘယ်လောက်ပေးမယ်ဆိုတော့ လိုက်ရှာပေးတယ်။ သူလိုက်ရှာပေးရင် ကျနော့်ကို ခေါ်ခေါ်သွားတယ်။ ရွာစဉ်လိုက်ပြီးတော့ ဝယ်တယ်။ ခအုန်းတာတို့၊ လွှဲဆိပ်တို့ အဲ့ဒီဘက် အကုန်ရောက်တယ်။ ငှက်ပျောတိုင်းတို့ဆို ခဏခဏ ဘဲ။ အဲဒီမှာ မိတ်ဆွေက ကုန်သာ ဝယ်တာ။ ကြည့်တော့ ကျနော်တို့ကို ကြည့်ခိုင်းတာ။ ကုန်ကြည့်ပြီးတော့ ကောင်းလား၊ မကောင်းဘူးလား။ ကောင်းရင် သူက ဘယ်ဈေးဖြတ်တယ်။ မကောင်းရင်...

Read more »

မောင်လူရေး – ပုလိပ်အဖွဲ့ကြီး ပြုပြင်ရန်လိုသေးကြောင်း

October 21, 2017
မောင်လူရေး – ပုလိပ်အဖွဲ့ကြီး ပြုပြင်ရန်လိုသေးကြောင်း

မောင်လူရေး – ပုလိပ်အဖွဲ့ကြီး ပြုပြင်ရန်လိုသေးကြောင်း (မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၁၇ မနက်က လက်ဖက်ရည်ဝိုင်းမှာ ဖြိုးကိုကိုတင့်ဆန်းနဲ့ပတ်သက်တဲ့ ရဲမင်းကြီးဇော်ခင်အောင် အကြောင်းဘဲ ပြောဖြစ်ကြတယ်။ ရဲမင်းကြီးက ရဲအစစ်မဟုတ်တော့ ရဲစကားမပြောတတ်။ စစ်သားစကားလားဆိုတော့လဲ မဟုတ်ပြန်။ တရားခံရှေ့နေလိုလို ပြောဆိုနေတဲ့အကြောင်းတွေပေါ့လေ။ တယောက်ပြောတာက ရဲမင်းကြီးက လက်နက်တွေ စမိမိခြင်း လက်နက်တွေဟာ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့လို့ ပြောတယ်။ နေပြည်တော်လေဆိပ်မှာမိတာနော်။ သူ့စကားအတိုင်းဆို မင်းနေပြည်တော်မှာ ဒုစရိုက်ဂိုဏ်းသားတွေဘဲ ကျက်စားနေသလိုလိုဘဲတဲ့။ တဦးကတော့ သူ့ရဲ့အဲဒီစကားဟာ အရေးကြီးပါတယ်။ သူ့စကားရဲ့အသံအတိုင်းဘဲ နေပြည်တော်ရဲက လက်နက်မှုလုံးဝမပါဘဲ မူးယစ်မှုနဲ့ဘဲ စွဲထားတဲ့စာ အွန်လိုင်းမှာ တက်လာပါတယ်။ ဆေးပြား ၁၂ ပြားအတွက်ဘဲ အမှုပါပြီး သေနတ် ၉လက်အတွက် တစက်မှ မပါပါဘူး။ တံဆိပ်အတု ရဲအတုလုပ်တာတွေအတွက်လဲ မပါပါဘူး။...

Read more »

မောင်လူရေး – ဖွတ်ဂါရာမ “ဟဟ” အဟော

October 18, 2017
မောင်လူရေး – ဖွတ်ဂါရာမ “ဟဟ” အဟော

မောင်လူရေး – ဖွတ်ဂါရာမ “ဟဟ” အဟော (မိုးမခ) အောက်တိုဘာ ၁၈၊ ၂၀၁၇ ဖွတ်ဂါရာမသည် ဇမ္ဗူဒိပ် နိမိတ်ပေါ်တဲ့ကျွန်း၏ ဗဟိုချက်မဖြစ်ရကား အတိတ်တဘောင်တို့ဖြင့် အရိပ်ဆောင်လေ့ရှိ၏။ အထူးသဖြင့် နိုင်ငံ့အခြေအနေကို သရုပ်ဖော်ရာ၌ အတိတ်တဘောင်စနည်းတို့သည် ဆေးစက်များဖြစ်ချေတော့သည်။ ယင်းဆေးစက်များသည် မှော်ဆန်သော အရုပ်ထင်မှုရှိ၏။ ယခုရောအခါသည် တရံရောအခါနှင့် စနည်းနာပုံ မတူတော့ချေ။ တရံရောအခါက လှေဆိပ် လှည်းဆိပ် ဘုံဆိုင်စသည်တို့၌ ဘယ်သူ ဘယ်လို တွတ်သလဲ စနည်းနာရ၏။ ယခုမှု ခြေတိုအောင် လျှောက်စရာ မလိုတော့ချေ။ ဘေလိုတာ ဖြည့်လိုက်ဖို့သာ။ ကိုယ့်အိပ်ယာပေါ်မှ ဖုန်းကို ပွတ်လိုက်ရုံမျှနှင့် တပြည်လုံးတွတ်သမျှ ကြားရ အဲ ဖတ်ရပေတော့သည်။ ကြားရသမျှထဲက “စနည်း” အရည်မှီသည့် စကားလုံးများကို ဆွဲထုတ်ကြည့်လိုက်လျှင် တိုင်းပြည်၌...

Read more »

မောင်လူရေး – သုတေရမလား စုတေရမလားမသိတဲ့ ရှေးဟောင်း

October 4, 2017
မောင်လူရေး – သုတေရမလား စုတေရမလားမသိတဲ့ ရှေးဟောင်း

မောင်လူရေး – သုတေရမလား စုတေရမလားမသိတဲ့ ရှေးဟောင်း (မိုးမခ) အောက်တိုဘာ ၄၊ ၂၀၁၇ ရွှေဘိုက ရှေးဟောင်းမြို့။ ရှေးတုန်းက တည်ထားလို့ ရှေးဟောင်းမြို့လို့ခေါ်တာ။ အဆောက်အအုံ အဟောင်းတွေတော့ ဘာမှ မရှိတော့ဘူး။ ဘုရားတွေလဲ အမည်ဘဲ ဟောင်းတော့တာ။ စေတီကြီးတွေ ကတော့ ပြန်ပြင် ပြန်တည်ချည်းဘဲ။ နန်းတော်ကြီးကလဲ အသစ်မှ အသစ်စက်စက်။ နန်းတော်နေရာ ဟောင်းကို အင်္ဂလိပ်က ထောင်လုပ်၊ အဲဒါကို သာဂေါင်ကြီးလက်ထက်မှာ ထောင်နဲ့ တက္ကသိုလ်တွဲပြီး နှစ်ခုစလုံး မြို့ထဲက မြို့ပြင်၊ အဲ မြို့အရှေ့ဘက်ကို ရွှေ့လိုက်တယ်။ နန်းသစ်ပြန်တည်ပြီး ရှေးဟောင်းရုံး စိုက်လိုက်တယ်။ ဘာဂလိုတိုတိုပါ အချစ်ရယ်လို့ ပြောရမှာဘဲ။ တက္ကသိုလ်ကျောင်းသားတွေက ထောင် ဟောင်း နန်းတော်ရာကို ပြန်လာကြပြီး ဘာဂလိုတိုတိုပါ...

Read more »

မောင်လူရေး – ကပ္ပပြဿနာ

September 15, 2017
မောင်လူရေး – ကပ္ပပြဿနာ

  မောင်လူရေး – ကပ္ပပြဿနာ (မိုးမခ) စက်တင်ဘာ ၁၅၊ ၂၀၁၇ ၁ ယူအန်အတွင်းရေးမှူးသည် အခန်းထဲ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ဆုံးဖြတ်ချက်ကို ပိုင်ပိုင်ချလိုက်သည်။ သက်ပြင်းကြီးကို မှုတ်ထုတ်လိုက်ပြီး နှုတ်ထွက်စာရေးကာ စားပွဲပေါ်တင် ဖန်တုံးလေးနှင့်ဖိပြီး ထွက်သွားတော့သည်။ လမ်းပေါ်ရောက်တော့ ဖင်ကလေးကော့ကော့ ကော့ကော့နှင့် လေကလေးချွန်ကာ ခေါင်းကလေးမော့မော့ပြီး ခပ်သော့သော့လျှောက်နေသည်။ယန်ဟီးလီသည် မှန်ရှေ့တွင် နှုတ်ခမ်းကလေးကို စုဝိုင်းပြီး နှုတ်ခမ်းနီတောင့်ဖြင့် တချက်တည်း တပတ်လုံး ဝှိုက်ဆွဲလှုပ်ပြီးသကာလ အလှပြင်သည့်အလုပ်ကို အပြီးသတ်ကာ လက်ကိုင်အိပ်လှလှကလေးကို ဖြတ်ကနဲဆွဲကာ ခပ်သွက်သွက်ထွက်လိုက်လေပြီ။ သီချင်းညည်းသံပင် သဲ့သဲ့ကြားလိုက်ရသေးသည်။ ဝီရသူ။ ချထားသည့်မျက်လွှာကို ဖြည်းညှင်းစွာဖွင့်၍ စာအံသံများကို နားစွင့်ပြီး စာအံကျောင်းပေါ်မှ ဆင်းသွားသည်။ လန့်ခုန်လိုက်သော ကျီးတကောင်ကို စေ့စေ့ကြည့်ပြီး တိုက်ပေါက်ဘက်တည့်တည့် လျှောက်ထွက်သွားလေတော့သည်။ တူရကီဝန်ကြီးချုပ်သည် လုပ်လက်စအစည်းအဝေးကို...

Read more »

မောင်လူရေး – တစုံတယောက်မှ တစုံတရာဆီ

September 3, 2017
မောင်လူရေး – တစုံတယောက်မှ တစုံတရာဆီ

  မောင်လူရေး – တစုံတယောက်မှ တစုံတရာဆီ (မိုးမခစာအုပ်စင်) စက်တင်ဘာ ၃၊ ၂၀၁၇ စံရည်မမှီသည့် အုပ်ချုပ်စီမံပုံတွေက ကျင့်ဝတ်နှင့် လူ့တန်ဖိုးကို အဖက်ဖက်က ဆုတ်နစ်ပျောက်ကွယ်သွားအောင် နင်းချေ ကြိတ်မှုန်းပြီးနောက် မြန်မာ့လူ့အဖွဲ့အစည်းသည် ရွံရှာစက်ဆုပ်ကြောက်လန့်ဖွယ် အမနုဿများ = လူရည်လူသွေးပျက်နေသူများကို မွေးထုတ်ပြီးသား ဖြစ်သွားလေပြီ။  ယင်းအမနုဿများက ကြားသူ မြင်သူစိတ်နှလုံးကို ထိတ်လန့်တုန်လှုပ် ညှိုးချုံးသိမ်ငယ်သွားစေနိုင်သည့် ပြစ်မှုကြီးများကို လွယ်လင့်တကူ နေ့တဓူဝ ကျူးလွန်နေကြသည်။ သဘာဝပတ်ဝန်းကျင်နှင့် လူမှုအသိုင်းအဝန်းများ၊ မှီခိုရှင်သန်နေထိုင်ခြင်းများကို ချေမွဖျက်စီးပစ်သည့် လူ့မျိုးဆက်လိုက် မြှင်းသတ်သည့် ကျောက်စိမ်းတွင်းကြီးများ၊ သတ္တုတွင်းကြီးများတူးဖော်မှု၊ သစ်တောကြီးတွေလိုက် ခုတ်ထွင်မှု၊ အဆိပ်လွှမ်းနေသည့် ရွှေတူးဖော်မှု တောတောင်ဖြိုချမှုလုပ်ငန်းများ၊ ဥပဒေမဲ့ ရက်ရက်စက်စက် ယုတ်ယုတ်ကန်းကန်းလုပ်ပိုင်ခွင့်များ၊ ပေးကမ်း ညှိနှိုင်း ဖုံးဖိ ရှောင်တိမ်းခြင်းများဖြင့်သာ ဖြေရှင်းနေသည့်...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်