မောင်မောင်စိုး

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

November 16, 2017
ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ မျက်မှောက် ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ (၂၀၀၉ -၂၀၁၇) ဖြစ်ပါတယ်။ သတင်းထုတ်ပြန်ချက်များကလွဲလျင် ဆောင်းပါးများမှာ မိုးမခမီဒီယာတွင် ဖော်ပြခဲ့သော စာရေးသူအသီးသီး၏ အာဘော်ဆောင်းပါးများ ဖြစ်ပါတယ်။ စာအုပ်ရဲ့  ရည်ရွယ်ချက်ကတော့ လက်ရှိ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်မြောက်ပိုင်းအရေးမှာ လူမျိုးရေး၊ ဘာသာရေး ဆိုသည်ထက် လူမျိုးရေး ဘာသာရေး အငြင်းပွားဘွယ် အကြောင်းအရာများ၊ နောက်ခံအခြေအနေများကို အခွင့်ကောင်းယူပြီး နိုင်ငံရေးအရ အမြတ်ထုတ်ရန်၊ မြန်မာပြည်တွင်း ပြည်ပ မငြိမ်သက်မှုများဖြစ်ပွားရန် လုပ်ကြံမှုများက အဓိကကဏ္ဍတွင် ပါဝင်နေသည်ကို ထုတ်နှုတ် ဖော်ပြသည့်  ဆောင်းပါးများ ဖြစ်ပါတယ်။  မိုးမခ၏ ပင်တိုင်ဆောင်းပါးရှင်များ ရေးသားသော ဆောင်းပါးများအပြင် မိုးမခမိတ်ဆွေ စာနယ်ဇင်းအဖွဲ့များတွင်...

Read more »

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၅၂)

November 6, 2017
မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၅၂)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၅၂) (မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၁၇ ● နမ့်ခမ်းမြို့ အဝင်ဂိတ်အားစီးနင်းခြင်း “ကဲ ကားကို ဖြေးဖြေးမောင်းကွာ၊ ငါတို့ အေးအေးဆေးဆေး ပတ်ဝန်းကျင်ကို ကြည့်ချင်သေးတယ်” ဟု ဗိုလ်အိုက်က ကား သမားကို ခပ်တည်တည် ပြောလိုက်သည်။ ဗိုလ်အိုက်နှင့်အတူ ပါလာသည့် ရှမ်းရဲဘော်က ရှမ်းစကားဖြင့် ထပ်မံပြော လိုက် ရာ ကားဆရာက ခေါင်းညိတ်၍ ကားကို ဖြေးဖြေးချင်း လှိမ့်ထွက်သည်။ ကားမောင်းသူအပြင် ကားနောက်လိုက်တယောက် လည်း ပါသေးသည်။ နှစ်ယောက်စလုံး ရှမ်းအမျိုးသားများဖြစ်ပြီး စောင်တထည်စီ ပတ်ခြုံထားကြသည်။ စောစောစီးစီး အိပ် ယာမှ နှိုး၍ ကားချောဆွဲခံရသဖြင့် စိတ်ပျက်လက်ပျက်ဖြစ်နေပုံရသည်။ သေနတ်ကြောက်၍သာ...

Read more »

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၅၁)

November 4, 2017
မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၅၁)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၅၁) (မိုးမခ) နိုဝင်ဘာ ၄၊ ၂၀၁၇ ● စစ်မြေပြင်က ဆီးကြိုသူများ ရွှေလီချုင့်ဝှမ်းဂွင်အတွင်း အရက် ၂ဝ ခန့်လှုပ်ရှားခဲ့ပြီး တိုက်ပွဲတပွဲမှ မဖြစ်ခဲ့ပေ။ သို့သော် စစ်တိုက်ချင်သော ပိုးကမသေပါ။ သို့နှင့် တခါတရံ ကင်းတပ်စုက ရဲဘော်အချို့ သို့မဟုတ် သင်တန်း ဆရာရဲဘော်အချို့နှင့် ရွှေလီမြစ်အား ညဘက်တွင်ကူး၍ မူစယ် နမ့်ခမ်းကားလမ်းပေါ်ရှိရွာများ တွင်းသို့ ဝင်ရောက်လှုပ်ရှားကြပါသည်။ ထိုစဉ်က မူစယ် နမ့်ခမ်းကားလမ်းပေါ်ရှိ ဆယ် လန့် (ကျယ်လန့်) ရွာတရွာတွင် အစိုးရတပ်စခန်းရှိပြီး နေ့ဘက်တွင်သာ လှုပ်ရှားမှု ရှိသည်။ ထိုစခန်းမှာလည်း တပ်စုစခန်း ဖြစ်၍ မိမိတို့ ရဲရဲတင်းတင်းလှုပ်ရှားကြခြင်းဖြစ်သည်။ ထို့ပြင်တခါတရံ နမ့်ခမ်း၊...

Read more »

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၅၀)

October 30, 2017
မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၅၀)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၅၀) (မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၁၇ ● ရွှေလီချိုင့်ဝှမ်းသို့ ထိုဒေသကို မိမိတို့ကတော့ ၂၀၂ စစ်ဒေသဟုခေါ်သည်။ မဆလအစိုးရဖက်ကတော့ ရွှေလီချိုင့်ဝှမ်းဂွင်ဟု ခေါ်ပါသည်။ ထို ဂွင်မှာ နမ့်ခမ်းတောင်ဖက် ရွှေလီမြစ်ရိုးအတိုင်း မိုးလို၊ နှင်းထောက်မှသည် မိုးမိတ်အထိ အနောက်ဖက်အစွန်ခြမ်းဟု ဆိုနိုင် သည်။ တောင်ဖက်တွင် မိုးမိတ်၊ ကွန်ခါ၊ ကျောက်မဲ၊ နမ့်ဆန်တို့ရှိသည်။ မြောက်ဖက်တွင် နမ့်ခမ်း၊ နမ့်ဖတ်ကာ၊ ကွတ်ခိုင် တို့ရှိသည်ဟု ဆိုရမည်။ မန်တုန်၊ ခိုမုန်း၊ မုန်းဝီးတို့မှာ ထိုဒေသတွင်း၌ ရှိသည်။ ထိုဒေသတွင်း၌ ယခင်စော်ဘွားများ၊ ဒူဝါများ အုပ်ချုပ်ခဲ့သည့် ကိုးတောင်နယ်၊ ငါးတောင်နယ်များ ပါဝင်သည်။ ထိုဒေသတွင်း၌...

Read more »

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၄၉)

October 26, 2017
မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၄၉)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၄၉) (မိုးမခ) အောက်တိုဘာ ၂၆၊ ၂၀၁၇ ● ကောက်ကွတ်သင်တန်းကျောင်း ကောက်ကွတ်သင်တန်းကျောင်း ဒုတိယပတ်သည် ၁၉၇၇ ခုနှစ် သြဂုတ်လအကုန်တွင် အောင်မြင်စွာပြီးဆုံးသွားပါသည်။ မိမိလည်း ဆေးရုံတက်နေရသဖြင့် သင်တန်းအပတ်စဉ်ပြည့် မပါဝင်နိုင်ခဲ့ပါ။ မိမိမပါလည်း ကမ္ဘာကြီးကတော့ လည်ပတ်နေ ဆဲဖြစ်သည်။ ပထမပတ်သင်တန်းတွင် ကသောင်းကနင်းများစွာဖြင့် မိမိတပ်ဖွဲ့ဝင်များ ကြုံခဲ့ရသော်လည်း ဒုတိယပတ်မှစ၍အဆင်ပြေချောမွေ့သွားခဲ့ပြီဖြစ်သည်။ မိမိတို့တပ်ဖွဲ့ဝင်အားလုံး ကိုယ်တာဝန်ကို ကိုယ်ကျွမ်းကျင်စွာလုပ်ဆောင်နိုင်ခဲ့ပြီဖြစ်သည်။ ဤသည်မှာအတွေ့အကြုံသက်သက်တော့မဟုတ်ပေ။ အတွေ့အကြုံများကို ကောင်းစွာ နိဂုံးချုပ် သုံးသပ်နိုင်ကြ၍ ဖြစ်သည်ဟု ဆိုရပါမည်။ ဤသို့ ကောင်းမွန်စွာလုပ်ဆောင်နိုင်သည့် အခြေခံအချက်မှာ ထိုစဉ်ကပုံမှန်လုပ်ဆောင်နေသည့် ပါတီတွင်း တပ်တွင်းအစည်း အဝေးများ လုပ်ငန်းနိဂုံးချုပ်များနှင့် ဝေဖန်ရေး ကိုယ့်ကိုကိုယ်ဝေဖန်ရေးများကြောင့်ဟုဆိုနိုင်ပါသည်။ သီတင်းပတ်တပတ်လျင် ကိုယ်ယူနစ်နှင့်ကိုယ်လုပ်သော...

Read more »

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၄၈)

October 24, 2017
မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၄၈)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၄၈) (မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၁၇ ● တရုတ်နှင့် တိန့်ရှောက်ဖင် ၁၉၄၉ ခုနှစ် တရုတ်ကွန်မြူနစ်ပါတီက တရုတ်ပြည်သူ့သမတနိုင်ငံ ထူထောင်ပြီးနောက်ပိုင်းတွင် တရုတ်တို့သည် အမေရိကန် နှင့် ဥရောပ၏ဘုံရန်သူဖြစ်သွားခဲ့သည်။ ဒိုမီနိုသီအိုရီအရ အာရှတခုလုံး ကွန်မြူနစ်နိုင်ငံများဖြစ်သွားမည်ကို ဟန့်တားရန်ကြိုး စားခဲ့ကြသည်။ လက်တွေ့တွင်လည်းအာရှ အထူးသဖြင့် အရှေ့တောင်အာရှတွင် လက်ဝဲဝါဒသြဇာကြီးမားခဲ့ပြီး ကွန်မြူ နစ်ပါတီများ အားကောင်းခဲ့သည်။ ပြန်လည်ထူထောင်ခါစ တရုတ်ပြည်သည်လည်း နိုင်ငံတကာ ယှဉ်ပြိုင်မှုတွင် ပါဝင်ခဲ့သည်။ ကိုရီးယားကျွန်းဆွယ်စစ်ပွဲ၊ ဗီယက်နမ်စစ်ပွဲတို့တွင် ပါဝင်ခဲ့သည်။ ၁၉၅၅ ခုနှစ် နောက်ပိုင်း ဆိုဗီယက်ယူနီယံနှင့် သဘောထား ကွဲလွဲမှုအပြီး တရုတ်ပြည်သည် အမေရိကအုပ်စုနှင့်လည်းကောင်း၊ ဆိုဗီယက်အုပ်စုနှင့်လည်းကောင်း၊ ထိပ်တိုက်ရင်ဆိုင်ခဲ့ရပြီးနောက်ပိုင်းတရုတ် ပြည်တွင်း၌...

Read more »

မောင်မောင်စိုး ● နှင်းဆီအိပ်မက်များ – အပိုင်း (၄၇)

October 22, 2017
မောင်မောင်စိုး ● နှင်းဆီအိပ်မက်များ – အပိုင်း (၄၇)

မောင်မောင်စိုး ● နှင်းဆီအိပ်မက်များ – အပိုင်း (၄၇) (မိုးမခ) အောက်တိုဘာ ၂၂၊ ၂၀၁၇ ● ငှက်ဖျား ထိုစဉ်က ရှမ်းပြည်ရောက်ဧည့်သည်များကို အထူးဧည့်ခံကြိုဆိုသူကတော့ ငှက်ဖျားဖြစ်သည်။ ယခုခေတ်ကဲ့သို့ ဆေးစွမ်းကောင်းများမရှိသေး၍ငှက်ဖျားဒဏ်အတော်ခံရသည်။ ငှက်ဖျားဖြစ်သည့်နှင့် ခိုက်ခိုက်တုန်အောင်ချမ်း၍ ငှက်ဖျားတက်တော့ သည်။ ရှိသမျှ စောင်အကုန်ခြုံသော်လည်း အပေါ်အောက်သွား တဂတ်ဂတ်ရိုက်၍ ထိမ်းမရအောင်ချမ်း၍တုန်သည်။ အဖျား ကျသွားပါက ချွေးများ ရွှဲနစ်၍ ကျန်နေတတ်သည်။ လူလည်း ပျော့ခွေ၍ ကျန်နေခဲ့သည်။ ငှက်ဖျားသည် အချိန်မှန်လှသည်။ မပျောက်မချင်း နေ့စဉ် အချိန်မှန်ငှက်ဖျားတက်သည်။ သုံးလေးရက်လောက်ဆက်တိုက် ငှက်ဖျားတက်လျင် လူလည်းပျော့ ခွေပြီး ပါးစပ်တွေလည်းခါး၍ ဘာစားစား အရသာမရှိတော့။ စားချင်စိတ် ပျောက်သည်။ မိမိ၏ငှက်ဖျားလည်း ပျောက်လိုက်ပြန်ဖြစ်လိုက်နှင့် လူလည်းပျော့ခွေလာ၍ သင်တန်းကျောင်းဆရာဝန်ခမ်းသာက မိမိအား...

Read more »

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၄၆)

October 18, 2017
မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၄၆)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၄၆) (မိုးမခ) အောက်တိုဘာ ၁၉၊ ၂၀၁၇ ● ကောက်ကွတ် ဒုတိယပတ် ကောက်ကွတ်သင်တန်းကျောင်း ဒုတိယပတ်ကို ၁၉၇၇ ခုနှစ် ဇွန်လမှ သြဂုတ်လအတွင်း ပြုလုပ်ခဲ့သည်။ မိုးတွင်းကာလဖြစ်၍ အားလုံးပင်ပမ်းကြသည့် သင်တန်းပတ်ဖြစ်သည်။ ထိုဒုတိယပတ်သင်တန်းအားလည်း ဗိုလ်မှူး မရန်ဘရန်တောင်ပင် ဦးစီး လာသည်။ CPB နှင့် ဆက်ဆံရေးပြေပြစ်သူကို ဦးစားပေးပုံရသည်။ ဒုတိယပတ်သင်တန်းတွင်လည်း KIA တပ်ရင်း၌လူအင်အား ၃၅၀ ကျော်ခန့်ပါဝင်သည်။ ဒုတိယပတ်သင်တန်းတွင် ကချင် ပညာတတ်လူငယ်များ ပါဝင်လာသည်ကို တွေ့ရသည်။ ထိုလူငယ်များထဲမှ ဂမ်ရှောင်ဆို သည့်လူငယ်ကို မိမိသတိထားလိုက်မိသည်။ လူပုံခပ်နွဲ့နွဲ့ KIA တပ်ထဲရောက်သည်မှာ မကြာသေး၍ စစ်သားပုံတော့ မထွက်သေးပေ။ ထိုစဉ်က...

Read more »

မောင်မောင်စိုး ● နှင်းဆီနီနီအိပ်မက်များ – အပိုင်း (၄၅)

October 17, 2017
မောင်မောင်စိုး ● နှင်းဆီနီနီအိပ်မက်များ – အပိုင်း (၄၅)

မောင်မောင်စိုး ● နှင်းဆီနီနီအိပ်မက်များ – အပိုင်း (၄၅) (မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၁၇ ● အလွဲများနှင့် မိမိ ပထမပတ်သင်တန်းအပြီး ဒေသခံများကတော့ ခွင့်တောင်းပြီးအိမ်ပြန်ကြသည်။ KIA သင်တန်းဆင်းပြီး နောက်ရက်မှစ၍ အသုတ်လိုက်ခွဲ၍ အိမ်ခွင့်ပြန်ကြသည်။ နောက်တပတ်သင်တန်းကလည်း ပြန်လည်စတင်ရန် ၂ လခန့်လိုသေးသည်ဖြစ်ရာ အများစု အိမ်ပြန်ခွင့်ရကြသည်။ ကျောပိုးအိတ် ကိုယ်စီလွယ်တက်ကြွရွှင်လန်းစွာဖြင့် အိမ်ပြန်သွားကြသော ရဲဘော်များ ရဲဘော်မများ၏မိမိအားနှုတ်ဆက်သံများသံများနှင့်အတူ ဝေးလွင့်၍ မိမိ မြင်ကွင်းမှပျောက်ကွယ်သွားကြသည်။ စခန်းသည် ပို၍ တိတ်ဆိတ်သွား သည်။ မိမိအတွက် အိမ်ပြန်ဖို့ဆိုသည်မှာ လွန်စွာဝေးကွာလှပေသေးသည်။ မည်သို့ဖြစ်စေ စာဖတ်ချိန်လေ့လာချိန်ရသည်ဟုဆိုရမည်။ မုန်းကိုးနိုင်ငံရေးဌာနတွင် လမ်းစဉ်ဆိုင်ရာ အငြင်းပွားမှုများဖြစ်ပြီး နောက် မိမိလည်းမတ်ဝါဒသဘောတရားစာအုပ်များကို ပို၍ ဇောက်ချ ဖတ်ဖြစ်သည်။ အမှန်တရားရှာဖွေရန်အတွက်လော၊ ငြင်းခုန်ရန်အတွက်လော...

Read more »

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၄၄)

October 11, 2017
မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၄၄)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၄၄) (မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၁၇ ● ပထမပတ်သင်တန်းဆင်းပွဲ ကောက်ကွတ်သင်တန်းကျောင်း ပထမ ၃ လတာကာလသည် လျင်မြန်စွာပင်ကုန်ဆုံးသွားခဲ့သည်။ သင်တန်းဆင်းပွဲရက် ရောက်လာ၍ သင်တန်းကျောင်းတခုလုံး လှုပ်လှုပ်ရှားရှားနှင့် အလုပ်ရှုပ်နေကြသည်။ လေ့ကျင့်ရန်ထုတ်ပေးထားသည့် M21 သေနတ်ဟောင်းများ ပြန်သိမ်းပြီး KIA အားထောက်ပံ့ရန် ကတိပြုထားသည့် လက်နက်များများကို ထုတ်ပေးရန် ပြင်ဆင်ကြရ သည်။ KIA အားထောက်ပံ့မည့်လက်နက်များအား သင်တန်းဆင်းချိန်နှင့် ချိန်ကိုက်ပင် ပါတီဗဟို၏စီစဉ်မှုဖြင့် တရုတ်ပြည်ဖက်မှ လာရောက်ပို့ဆောင်သည်။ အဆိုပါ လက်နက်သေတ္တာများစွာကိုလက်ခံပြီး KIA အားစာရင်းနှင့်တကွ ချက်ခြင်းလွှဲကြ သည်။ သင်တန်းတပတ်လျင် KIA အား တပ်ခွဲ ၂ ခွဲစာလက်နက် ထောက်ပံ့သည်။...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်