K ငြိမ်းချမ်း

မှတ်တမ်းရုပ်ရှင်ပြပွဲ (Participatory Video Screening) ဇူလိုင် ၂၂ရက်မှာ ပြသမယ်

July 21, 2018
မှတ်တမ်းရုပ်ရှင်ပြပွဲ (Participatory Video Screening) ဇူလိုင် ၂၂ရက်မှာ ပြသမယ်

မှတ်တမ်းရုပ်ရှင်ပြပွဲ (Participatory Video Screening) ဇူလိုင် ၂၂ရက်မှာ ပြသမယ် K  (မိုးမခ) ဇူလိုင် ၂၁၊ ၂၀၁၈ ရန်ကုန်ရုပ်ရှင်ကျောင်းမှ မြန်မာလူငယ်ရုပ်ရှင်ဖန်တီးသူများ ဖန်တီးထားသော မှတ်တမ်းရုပ်ရှင်ဇာတ်လမ်းတိုများပြပွဲကို ရန်ကုန်မြို့ ဗိုလ်ကလေးဈေးလမ်း (အလယ်ဘလောက်)၊ ဗိုလ်တထောင်မြို့နယ် အမှတ်၁၀၀ရှိ ပန်သူရိယ အနုပညာ ဆုံမှတ် ပြခန်းမှာ ဇူလိုင်၂၂ ရက် နေ့လယ်၂ နာရီ မှ ၄ နာရီထိ ပြသပြီး ဆွေးနွေးမှုများပြုလုပ်သွားမယ်လို့သိရပါတယ်။ အဆိုပါပြပွဲမှာ ၀င်ကြေးအခမဲ့ဖြစ်ပြီး လူမှုအသိုက်အ၀န်းက ဒေသခံများမှ ကိုယ်တိုင် ဖန်တီးထားသော ဗီဒီယို ဇာတ်လမ်း တိုတစ်ခုနှင့် ရန်ကုန် ရုပ်ရှင်ကျောင်းမှ မြန်မာလူငယ်ရုပ်ရှင်ဖန်တီးသူများ ဖန်တီး ထားသော မှတ်တမ်းရုပ်ရှင် ဇာတ်လမ်း တိုများ ပြသခြင်းနှင့် ဆွေးနွေးခြင်းတို့ပါဝင်တယ်လို့သိရပါတယ်။ ပြပွဲနဲ့ပတ်သက်ပြီး...

Read more »

Our diverse Identities အမည်ရတဲ့ အနုပညာလှုပ်ရှားမှု အစီအစဉ် Pansodan Scene မှာ ကျင်းပမယ်

July 21, 2018
Our diverse Identities အမည်ရတဲ့ အနုပညာလှုပ်ရှားမှု အစီအစဉ် Pansodan Scene မှာ ကျင်းပမယ်

Our diverse Identities အမည်ရတဲ့ အနုပညာလှုပ်ရှားမှု အစီအစဉ် Pansodan Scene မှာ ကျင်းပမယ် K (မိုးမခ) ဇူလိုင် ၂၁၊ ၂၀၁၈ Our diverse Identitiesအမည်ရတဲ့ ကျွန်ုပ်တို့၏ကွဲပြားခြားနားသော ကိုယ်ပိုင်အမှတ်လက္ခဏာများ အနုပညာလှုပ်ရှားမှု အစီအစဉ်တခုကို ရန်ကုန်မြို့ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်း အမှတ် ၁၄၄ရှိ Pansodan Scene မှာ ဇူလိုင်၂၁ ရက်မှ ၂၂ ရက်နေ့ထိ ပြုလုပ်ကျင်းပသွားမယ်လို့သိရပါတယ်။ အဆိုပါ အနုပညာလှုပ်ရှားမှုအစီိအစဉ်ကို Pansodan Scene နှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းတခုဖြစ်တဲ့ People in Need တို့မှ ပူးပေါင်းကျင်းပခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။ ကျွန်ုပ်တို့၏ကွဲပြားခြားနားသော ကိုယ်ပိုင်အမှတ်လက္ခဏာများ အနုပညာလှုပ်ရှားမှု အစီအစဉ်မှာ တက်ရောက်လာသူများ အနေနဲ့ပြပွဲအတွင်း...

Read more »

ငြိမ်းချမ်းခဲ့သော နေ့ရက်များသို့ အမည်ရတဲ့စာအုပ်မိတ်ဆက်ပွဲ Yangon Book Plaza

July 19, 2018
ငြိမ်းချမ်းခဲ့သော နေ့ရက်များသို့ အမည်ရတဲ့စာအုပ်မိတ်ဆက်ပွဲ Yangon Book Plaza

ငြိမ်းချမ်းခဲ့သော နေ့ရက်များသို့ အမည်ရတဲ့စာအုပ်မိတ်ဆက်ပွဲ Yangon Book Plaza K (မိုးမခ) ဇူလိုင် ၁၉၊ ၂၀၁၈ ငြိမ်းချမ်းခဲ့သော နေ့ရက်များသို့ အမည်ရတဲ့စာအုပ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့ ရန်ကုန်မြို့လမ်းမတော်မြို့နယ် သံဈေး ငါး လွှာရှိ Yangon Book Plaza မှာ ဇူလိုင် ၁၉ရက် နေ့လယ် ၂ နာရီကနေ ၅ နာရီထိ ပြုလုပ်သွားမယ်လို့သိရပါတယ်။ အဆိုပါ ငြိမ်းချမ်းခဲ့သော နေ့ရက်များသို့ အမည်ရတဲ့စာအုပ်မှာ စမ်းစမ်းနွဲ့(သာယာဝတီ)၊ မသီတာ(စမ်းချောင်း)၊ မင်းကိုနိုင်၊ နေဘုန်းလတ်၊ ဟန်ဆန်း၊ မောင်ဆောင်းခတို့ရဲ့ဆောင်းပါးများကို စုစည်းထားခြင်းဖြစ်ပြီး စာအုပ်ကို စီစဉ် တည်းဖြတ်ခဲ့သူ တို့ကတော့ ဖြူဖြူသီ၊ မက်သရူးရှစ်ဆလာ၊မက်သယူး ဂျေဝေါ်တန်တို့ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံတွင်း မှီတင်း နေထိုင်ကြတဲ့ ဘာသာမတူ၊...

Read more »

မင်းလတ်ရဲခေါင်ရေးသားတဲ့ စနေနေ့သတ်ဖြတ်မှုကြီး စာအုပ် ပြန်လည်ထွက်ရှိ

July 19, 2018
မင်းလတ်ရဲခေါင်ရေးသားတဲ့ စနေနေ့သတ်ဖြတ်မှုကြီး စာအုပ် ပြန်လည်ထွက်ရှိ

မင်းလတ်ရဲခေါင်ရေးသားတဲ့ စနေနေ့သတ်ဖြတ်မှုကြီး စာအုပ် ပြန်လည်ထွက်ရှိ K  (မိုးမခ) ဇူလိုင် ၁၉၊ ၂၀၁၈ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးများလုပ်ကြံခံရမှုအကြောင်းကို ကွယ်လွန်သူ စာရေးဆရာကြီး မင်းလတ်ရဲခေါင် ကိုယ်တိုင်သိမီ သမိုင်းမှတ်တမ်းဖွယ်ပြုစုရေးသားထားတဲ့ စနေနေ့သတ်ဖြတ်မှုကြီးစာအုပ် ယဉ်မျိုစာပေ က ပြန်လည်ထုတ်ဝေထားပါတယ်။ စနေနေ့ သတ်ဖြတ်မှုကြီး ငါတို့ဘာလုပ်ကြမလဲ၊ ဥာဏ်နည်းလှချည့်၊ သနားချစ်က ပိုလိမ့်မယ်၊၊ ခါးပတ်စာကလေးတွေ၊ ထိုသူတို့ကား၊ ဗိုလ်ချုပ်၊ နှမြောဖွယ်ကောင်းလေစွ မီးမွှေးတာလား၊ အစရှိအနောင်နောင်၊ကြက်နှစ်ကောင် ၊ ဒီဝါဒကိုဖျောက်၊ လူထုသတိ၊ စနေနေ့သတ်ဖြတ်မှုကြီး ကျုးလွန်သူတို့၊ စနေနေ့သတ်ဖြတ်မှုကြီး ဖြစ်ပွားပုံ၊ ကြမ္မာငင်တဲ့ အစည်းအဝေး၊ ဂျစ် ကားအစိမ်းလေး၊ ဒီမှာရှိသလား၊ လွတ်မယ့်သူထွက် ထိမယ့်သူထွက်၊ ပစ်ခတ်ပုံ၊ ရက်စက်ပါပေ့ကွယ်၊ ရက်စက်တဲ့လူတွေပဲ ဗျာ၊ သြော် ဗိုလ်ချုပ်၊ တစ်မြို့လုံး ကွန်မြူနစ်၊...

Read more »

၇၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အတွင်းဝန်ရုံးမှာ ကျင်းပမယ်

July 18, 2018
၇၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အတွင်းဝန်ရုံးမှာ ကျင်းပမယ်

  ၇၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အတွင်းဝန်ရုံးမှာ ကျင်းပမယ် K (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၈ (၇၁)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့၊သိမ်ဖြူလမ်း (အောက်အလယ် ဘလောက်ခ်)၊ အနော်ရထာ လမ်းနှင့် မဟာဗန္ဓုလမ်းကြား၊ အမှတ် ၃၀၀ရှိ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီး လုပ်ကြံခံခဲ့ရတဲ့ ၀န်ကြီးများရုံးမှာ ဇူလိုင်၁၉ရက် မနက် ၈နာရီမှ စတင်ကျင်းပမယ်လို့သိရပါတယ်။ (၇၁)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကိုနှစ်စဉ်ကျင်းပသလို ပြုလုပ်ကျင်းပသွားမှာဖြစ်ပြီး အခမ်းအနားနဲ့ပတ်သက် ပြီး “ယခုနှစ် ဇူလိုင် ၁၉ ရက်မှာ ကျရောက်တဲ့ အာဇာနည်နေ့ဟာ ဗိုလ်ချုပ်အောင်းဆန်းနဲ့ သူ့ရဲ့ ဝန်ကြီးအဖွဲ့ဝင်တွေ လုပ် ကြံခံခဲ့ရတဲ့ ဝမ်းနည်းဖွယ်နေ့ နှစ် ၇၁ ပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပတာဖြစ်ပါတယ်။ ထိုအထိမ်းအမှတ်နေ့မှာ...

Read more »

ပန်းချီဆရာ၊ ပါဖောမန့်သမား မိုးစက်ရဲ့ If I say it’s True Seven Times /

July 17, 2018
ပန်းချီဆရာ၊ ပါဖောမန့်သမား မိုးစက်ရဲ့ If I say it’s True Seven Times /

ပန်းချီဆရာ၊ ပါဖောမန့်သမား မိုးစက်ရဲ့ If I say it’s True Seven Times /  ခုနစ်ကြိမ် ခုနစ်လီ အမှန်အတိုင်း ပြောပြရရင် အမည်ရတဲ့ တကိုယ်တော်ပြပွဲ K (မိုးမခ) ဇူလိုင် ၁၇၊ ၂၀၁၈ If I say it’s True Seven Times လို့အမည်ပေးထားတဲ့ ပန်းချီဆရာ၊ပါဖောမန့်သမား မိုးစက်ရဲ့တကိုယ်တော် အနုပညာ ပြပွဲကို ရန်ကုန်မြို့ ဗိုလ်ကလေးဈေးလမ်း အမှတ် (၉၆) တတိယထပ်ရှိ Myanmar art Gallery မှာ ဇူလိုင် ၂၀မှ သြဂုတ် ၈ ရက်နေ့ထိ ပြသသွားမယ်လို့ သိရပါတယ်။ ပြပွဲနဲ့ပတ်သက်ပြီး အနုပညာရှင်၏ သဘောထားဆိုကာ “...

Read more »

ပန်းချီဆရာ ဦးမာလာရဲ့ Shades of Art, Colours of Inspiration exhibition –3

July 17, 2018
ပန်းချီဆရာ ဦးမာလာရဲ့ Shades of Art, Colours of Inspiration exhibition –3

ပန်းချီဆရာ ဦးမာလာရဲ့ Shades of Art, Colours of Inspiration exhibition –3 အမည်ရတဲ့ ပန်းချီပြပွဲ အမျိုးသားပြတိုက်မှာ ပြုလုပ်မယ် K (မိုးမခ) ဇူလိုင် ၁၇၊ ၂၀၁၈ မန္တလေးအခြေစိုက် ပန်းချီဆရာကြီး ဦးမာလာရဲ့ခေတ်စုံအလှစုံ ပန်းချီပြပွဲ၊ Shades of Art, Colours of Inspiration exhibition –3 ကို ရန်ကုန်မြို့ပြည်လမ်း အမှတ်၆၆/၇၄ ရှိ အမျိုးသားပြတိုက်မှာ ဇူလိုင်၁၆ ရက်မှ ၁၈ နေ့ထိ ၃ရက်ကြာ ပြသသွားမယ်လို့သိရပါတယ်။ ခေတ်စုံအလှစုံအမည်ဖြင့် ယခုအကြိမ်ပြသခြင်းဟာ တတိယအကြိမ်မြောက်ဖြစ်ပြီး မြန်မာပြည်အနှံ့က ၀တ်စာဆင်ယင် နေထိုင်မှု၊ ယဉ်ကျေးမှုတွေကို လေ့လာနိုင်တဲ့ ပန်းချီကားများကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ပြပွဲချိန်အတွင်း နေ့စဉ်...

Read more »

မဇ္ဈိမလှိုင်းဝိုင်းတော်သားကြီး တေးရေးတေးဆို ဂီတပညာရှင် ကိုရဲလွင် ဈာပန အခမ်း အနား မြင်ကွင်းများ

July 14, 2018
မဇ္ဈိမလှိုင်းဝိုင်းတော်သားကြီး တေးရေးတေးဆို ဂီတပညာရှင် ကိုရဲလွင် ဈာပန အခမ်း အနား မြင်ကွင်းများ

    မဇ္ဈိမလှိုင်းဝိုင်းတော်သားကြီး တေးရေးတေးဆို ဂီတပညာရှင် ကိုရဲလွင် ဈာပန အခမ်း အနား မြင်ကွင်းများ K (မိုးမခ) ဇူလိုင်၊ ၁၄၊ ၂၀၁၈ ပန်းရဲ့လမ်းဖခင်ကြီး ကိုရဲလွင်ဟာ ရန်ကုန်မြို့ရန်ကုန်ဆေးရုံသစ်ကြီး ကုတင် ၅၀၀ ဆေးရုံမှာ အသည်း ရောဂါကုသနေရာမှ ဇူလိုင် ၁၀ရက် ညနေ ၄နာရီ ၁၀မိနစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ယနေ့ဇူလိုင် ၁၄ရက် နေ့လယ် ၁နာရီမှာ တေးရေးတေးဆို ကိုရဲလွင်ရဲ့ရုပ်အလောင်းကို ရန်ကုန်မြို့ရေဝေးသုသာန်မှာ မီးသဂြိင်္ုဟ်ခဲ့ပါတယ်။ အဆိုပါ ဈာပနအခမ်းအနားသို့ ရွှေည၀ါဆရာတော်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဇြိုးမင်းသိန်း၊ မြို့တော်ဝန် ဦးမောင်မောင်စိုး၊အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ၊ ဂီတပညာရှင် ကိုရဲလွင်ရဲ့ဂီတရဲဘော်များ၊ ဂီတချစ်မြတ် နိုးသူများ မြန်မာနိုင်ငံအနှံ့ ဂီတမိတ်ဆွေများ မီဒီယာများ တက်ရောက်ခဲ့ကြပါတယ်။...

Read more »

လူထု နှစ် ၈၀ ပြည့်အထိမ်းအမှတ်ပွဲနဲ့ စာအုပ်ဈေးရောင်းပွဲတော် ဇူလိုင် ၁၅ရက်

July 13, 2018
လူထု နှစ် ၈၀ ပြည့်အထိမ်းအမှတ်ပွဲနဲ့ စာအုပ်ဈေးရောင်းပွဲတော် ဇူလိုင် ၁၅ရက်

  လူထု နှစ် ၈၀ ပြည့်အထိမ်းအမှတ်ပွဲနဲ့ စာအုပ်ဈေးရောင်းပွဲတော် ဇူလိုင် ၁၅ရက် K (မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၈ စာရေးဆရာ၊သတင်းစာဆရာ လူထုဦးလှနဲ့ စာရေးဆရာမကြီး လူထုဒေါ်အမာတို့ ထူထောင်ခဲ့ပြီး မန္တလေးမြို့ရဲ့အသည်း နှလုံးတခုဖြစ်တဲ့ လူထုစာအုပ်တိုက် နှစ် ၈၀ ပြည့်အထိမ်းအမှတ်ပွဲနဲ့ စာအုပ်ဈေးရောင်းပွဲတော်ကို မန္တလေးမြို့ဗိုလ်ချုပ် အောင်ဆန်းလမ်း (၈၄လမ်း)နှင့် ၃၃လမ်းဒေါင့်၊ လက်ဆည်ကန်ရပ် အမှတ် ၂၂၁ရှိ လူထုစာအုပ်တိုက်မှာ ပြုလုပ်သွား မယ်လို့သိရပါတယ်။ ဇူလိုင် ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ လူထုတိုက်တည်ရှိရာ အမှတ် ၂၂၁၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း (၈၄လမ်း) နှင့် ၃၃ လမ်းဒေါင့်၊ လက်ဆည်ကန်ရပ်နဲ့ ဇူလိုင် ၁၆ ရက်နဲ့ ၁၇ ရက်တို့မှာ...

Read more »

သွေး(စစ်ကိုင်း) ဘာသာပြန်တဲ့ ၀င်းတင်(သို့မဟုတ်) ဦးမညွှတ်တတ်သော အတိုက်အခံ စာအုပ်မိတ်ဆက်ပွဲ

July 13, 2018
သွေး(စစ်ကိုင်း) ဘာသာပြန်တဲ့ ၀င်းတင်(သို့မဟုတ်) ဦးမညွှတ်တတ်သော အတိုက်အခံ စာအုပ်မိတ်ဆက်ပွဲ

သွေး(စစ်ကိုင်း) ဘာသာပြန်တဲ့ ၀င်းတင်(သို့မဟုတ်) ဦးမညွှတ်တတ်သော အတိုက်အခံ စာအုပ်မိတ်ဆက်ပွဲ K (မိုးမခ) ဇူလိုင် ၁၃၊ ၂၀၁၈ စာရေးဆရာမ သွေး(စစ်ကိုင်း)ရဲ့ဘာသာပြန်လက်ရာသစ်တခုဖြစ်တဲ့ ၀င်းတင်(သို့မဟုတ်) ဦးမညွှတ်တတ်သော အတိုက် အခံ စာအုပ်မိတ်ဆက်ပွဲနဲ့ဆွေးနွေးပွဲကို ရန်ကုန်မြို့လမ်းမတော်မြို့နယ်သံဈေး ငါးလွှာရှိ Yangon Book Plazaမှာ ဇူလိုင် ၁၄ ရက်(စနေနေ့) နေ့လယ် ၂ နာရီမှာ ပြုလုပ်ကျင်းပသွားမယ်လို့သိရပါတယ်။ ပြင်သစ်နိုင်ငံသူ ဆိုဖီမာလီဘိုးပြုစုရေးသားတဲ့ ဦးဝင်းတင်၏ဘ၀မှတ်တမ်းစာအုပ်ကို စာရေးဆရာမ သွေး(စစ်ကိုင်း)က မူရင်းပြင်သစ်ဘာသာမှ မြန်မာဘာသာသို့ မူရင်းစာရေးဆရာမရဲ့ခွင့်ပြုချက်နဲ့ ပြန်ဆိုရေးသားခဲ့တာဖြစ်ပါတယ်။ အဆိုပါစာအုပ် ဘာသာပြန်ရခြင်းနဲ့ပတ်သက်ပြီး စာရေးဆရာမ သွေး(စစ်ကိုင်း)က “ဒီမိုကရေစီရေး လူ့အခွင့်အရေးတို့ အတွက်ကြိုးစားရုန်းကန်ခဲ့တဲ့ ဦးဝင်းတင်ရဲ့ ဘ၀မှတ်တမ်းကို နောက်ခံနိုင်ငံရေးနဲ့ ဆက်စပ်ရေးသားထားတဲ့ စာအုပ်ဖြစ်ပါ တယ်။ ဦးဝင်းတင်ရဲ့ထောင်တွင်းဖြတ်သန်းမှု သတင်းစာဆရာသမားဘ၀၊...

Read more »

The Poetry of Emotion and Color အမည်ရတဲ့ စုပေါင်းပန်းချီပြပွဲ လောကနတ်မှာ ပြသမယ်

July 12, 2018
The Poetry of Emotion and Color အမည်ရတဲ့ စုပေါင်းပန်းချီပြပွဲ လောကနတ်မှာ ပြသမယ်

The Poetry of Emotion and Color အမည်ရတဲ့ စုပေါင်းပန်းချီပြပွဲ လောကနတ်မှာ ပြသမယ် K  (မိုးမခ) ဇူလိုင် ၁၂၊ ၂၀၁၈ The Poetry of Emotion and Colorလို့ အမည်ပေးထားပြီး ပန်းချီဆရာ ကြီးငယ်လတ်အစုံပါဝင်တဲ့ စုပေါင်း ပန်းချီပြပွဲကို ရန်ကုန်မြို့ပန်းဆိုးတန်း အောက်ဘလောက်ရှိ လောကနတ် ပန်းချီခန်းမမှာ ဇူလိုင်လ ၁၃ရက်ကနေ ၁၅ရက်နေ့ထိ ပြသ သွားမယ်လို့သိရပါတယ်။ ပါဝင်ပြသမယ့် ပန်းချီအနုပညာရှင်များကတော့ ခင်မောင်ရင်၊ ၀င်းဖေ၊ ကြီးမြင့်စော၊ MAUNG AW၊ ၀င်းဖေမြင့်၊ ကျော်စိန် ၀င်း၊ တင်ဦး၊ မြိုင်သန်းဦး၊ ဇော်ဝင်းဖေ၊ မောင်မြင့်အောင်၊ ရင်ဇော်ထူး၊ SAI၊ ကျော်လင်း၊ အေးငြိမ်းမြင့်၊ အောင်ကျော်ဆန်း၊...

Read more »

ကဗျာဆရာ မောင်နွေထက် ကဗျာရှည်စာအုပ် မိတ်ဆက်ပွဲ တောင်သမန်မှာ ပြုလုပ်

July 12, 2018
ကဗျာဆရာ မောင်နွေထက် ကဗျာရှည်စာအုပ် မိတ်ဆက်ပွဲ တောင်သမန်မှာ ပြုလုပ်

ကဗျာဆရာ မောင်နွေထက် ကဗျာရှည်စာအုပ် မိတ်ဆက်ပွဲ တောင်သမန်မှာ ပြုလုပ် K (မိုးမခ) ဇူလိုင် ၁၂၊ ၂၀၁၈ မန္တလေး အခြေစိုက် ကဗျာဆရာ မောင်နွေထက်ရဲ့နီမောင်းသော အရှေ့ကောင်းကင်ခွပ်ဒေါင်းအောင်လံ ငါ့နိုင်ငံတော် အမည်ရတဲ့ကဗျာစာအုပ်မိတ်ဆက်ပွဲကို အမရပူရမြို့နယ်တောင်သမန်အင်းစောင်းရှိ တောင်လေးလုံးကျောင်းတိုက်မှာ ဇူလိုင် ၁၁ ရက် မနက် ၉နာရီမှ ၁၁နာရီထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ကဗျာရှည်စာအုပ်မိတ်ဆက်ပွဲအခမ်းအနားမှာ ကဗျာဆရာမောင်နွေထက်မှ အမှတ်တရစကားပြောကြားခဲ့ကာ ကဗျာဆရာ ကိုလေး(အင်းဝဂုဏ်ရည်)၊ မောင်မှိုင်းလွင်(အင်းဝ)၊ ဦးထွန်းအောင်ကျော်၊ ဦးမြတ်မင်းသူ၊ စိုးနိုင်(မန်းတက္ကသိုလ်) မုဒိတာ စကားများပြောကြားပြီး ကဗျာဆရာများ၊ ကဗျာချစ်မြတ်နိုးသူများ မီဒီယာများတက်ရောက်ခဲ့ကြပါတယ်။ အဆိုပါ ကဗျာရှည်စာအုပ်ကို the Key collection စာအုပ်တိုက်မှ ထုတ်ဝေခြင်းဖြစ်ပြီး ကဗျာဆရာ မောင်မှိုင်းလွင်(အင်းဝ) က အမှာစာရေးသားထားပြီး မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့်ထုတ်ဝေထားကာ ဆရာဇော်ထွန်းက...

Read more »

မဇ္ဈိမလှိုင်းဝိုင်းတော်သားကြီး တေးရေးတေးဆို ဂီတပညာရှင် ကိုရဲလွင် ကွယ်လွန်

July 10, 2018
မဇ္ဈိမလှိုင်းဝိုင်းတော်သားကြီး တေးရေးတေးဆို ဂီတပညာရှင် ကိုရဲလွင် ကွယ်လွန်

(photo – ဝေချစ်ကို (သော်ဒီဝေ) မဇ္ဈိမလှိုင်းဝိုင်းတော်သားကြီး တေးရေးတေးဆို ဂီတပညာရှင် ကိုရဲလွင် ကွယ်လွန် K (မိုးမခ) ဇူလိုင် ၁၁၊ ၂၀၁၈ ပန်းရဲ့လမ်းတို့ဖခင်ကြီး ဂီတပညာရှင် ကိုရဲလွင်ဟာ ရန်ကုန်မြို့ရန်ကုန်ဆေးရုံသစ်ကြီး ကုတင် ၅၀၀ ဆေးရုံမှာ အသည်း ရောဂါကုသနေရာမှ ယနေ့ဇူလိုင် ၁၀ရက် ညနေ ၄နာရီ ၁၀မိနစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကိုရဲလွင်ကို အဖ စက်ရှင်တရားသူကြီး ဦးမောင်မောင်၊ အမိဒေါ်ကြိုင်တို့မှ ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ပေါင်းတည်မြို့မှာ မွေးဖွားခဲ့ပါတယ်။ မောင်နှမ ၁၀ ဦးတွင် အကြီးဆုံးသား ဖြစ်။ ကိုးတန်းကျောင်းသားဘ၀ အလုံ အထက(၄)မှာ ပညာသင်ကြားစဉ် ငယ်သူငယ်ချင်းများမှာ ရုပ်ရှင်မင်းသား ကျော်ဟိန်း၊ တေးရေးတေးဆို ပန်းချီဆရာ ခင်ဝမ်းတို့ဖြစ်။...

Read more »

ပန်းချီ Zun Ei Phyu ရဲ့Colors and Emotions Solo Exhibitionအမည်ရတဲ့ပန်းချီပြပွဲ

July 10, 2018
ပန်းချီ Zun Ei Phyu ရဲ့Colors and Emotions Solo Exhibitionအမည်ရတဲ့ပန်းချီပြပွဲ

ပန်းချီ Zun Ei Phyu ရဲ့Colors and Emotions Solo Exhibitionအမည်ရတဲ့ပန်းချီပြပွဲ K (မိုးမခ) ဇူလိုင် ၁၁၊ ၂၀၁၈ ပန်းချီ Zun Ei Phyuရဲ့ပထမဆုံးအကြိမ် တကိုယ်တော် Colors and Emotions Solo Exhibition အမည်ရတဲ့ပန်းချီပြပွဲကို ရန်ကုန်မြို့မင်္ဂလာတောင်ညွှန့်မြိှု့နယ် အောင်ဆန်းကွင်းမြောက်ဘက်တိုက်တန်း အမှတ်၂၃ ရှိ Ok Art Gallery မှာ ဇူလိုင် ၁၁ ရက်နေ့မှ ဇူလိုင် ၁၃ ရက်ထိ ပြသသွားမယ်လို့သိရပါတယ်။ ပြပွဲပြသရခြင်းနဲ့ပတ်သက်ပြီး ပန်းချီ Zun Ei Phyuက “ ပန်းချီကားတွေဖန်တီးရာမှာ အကြောင်းအရာ ရှာဖွေစမ်းသပ်မှုတွေ နဲ့ ရသတခုပေးတဲ့ကားတွေဖန်းတီးချင်တဲ့စိတ် ဒီနှစ်အတွင်းဖြစ်နေခဲ့တယ်။ စိတ်တွေနဲ့ပတ်သက်လို့ စိတ်ဝင်စားတဲ့အတွက်...

Read more »

သုညဒီဂရီအောက်မှာ တစ်ပတ်တာ အမည်ရတဲ့ ခရီးသွားစာပေ အမျိုးအစားစာအုပ်သစ်ထွက်ရှိ

July 9, 2018
သုညဒီဂရီအောက်မှာ တစ်ပတ်တာ အမည်ရတဲ့ ခရီးသွားစာပေ အမျိုးအစားစာအုပ်သစ်ထွက်ရှိ

သုညဒီဂရီအောက်မှာ တစ်ပတ်တာ အမည်ရတဲ့ ခရီးသွားစာပေ အမျိုးအစားစာအုပ်သစ်ထွက်ရှိ K (မိုးမခ) ဇူလိုင် ၉ ၊ ၂၀၁၈ စာရေးဆရာ လင်းဆက်ငြိမ်းချမ်းနဲ့ နေဇင်ထွန်းတို့ရေးသားတဲ့ သုညဒီဂရီအောက်မှာ တစ်ပတ်တာ(ဘေကျင်း၊ ဟန်ကျိုး၊ ရှန် ဟိုင်း) အမည်ရတဲ့ ခရီးသွားစာပေဆောင်းပါးများ စုစည်းမှုစာအုပ် ဇွန်လအတွင်းမှာ ထွက်ရှိလာပါတယ်။ ယခုစာအုပ်မှာ စာရေးဆရာလင်းဆက်ငြိမ်းချမ်းရေးသားတဲ့ ပျံသန်းခဲ့သောတစ်ရက်တာ၊ သိသလောက်ဘေကျင်း ဖြတ်ခနဲ ဘေကျင်း၊ အရှိန်ပြင်းပြင်း ဟန်ကျိုသို့နှင်၊ ဟန်ကျို၏နှလုံးသည်းပွတ်(သို့မဟုတ်)West Lake)၊ ဘုရားမြေ တရားမြေ လင် ယင်၊ စုန့်ခေတ်ရောက်သွားသော ၂၁ရာစုလူသား၊ Xi Xi ပျော်ဝင်ခြင်း၊ Dream Town(သို့မဟုတ်) အိပ်မက်တို့စံပျော်ရာ၊ ပိုးကမ္ဘာ၊ လူလုပ်မြစ်တစ်စင်း၊ ရှန်ဟိုင်း(သို့မဟုတ်) အမြင့်ပျံ၊အမြင့်ပြိုင်၊ သုတ်သုတ်မြန်မြန် ရန်ကုန်အပြန်စတဲ့ ဆောင်းပါး ၁၂ပုဒ်...

Read more »

နိုင်ငံ ၈နိုင်ငံမှ ပန်းချီဆရာများ ပြသတဲ့Kumudra waves အမည်ရတဲ့ ပန်းချီပြပွဲ

July 9, 2018
နိုင်ငံ ၈နိုင်ငံမှ ပန်းချီဆရာများ ပြသတဲ့Kumudra waves အမည်ရတဲ့ ပန်းချီပြပွဲ

နိုင်ငံ ၈နိုင်ငံမှ ပန်းချီဆရာများ ပြသတဲ့Kumudra waves အမည်ရတဲ့ ပန်းချီပြပွဲ K (မိုးမခ) ဇူလိုင် ၉ ၊ ၂၀၁၈ Artist Mano V Delhi(india)မှ စီစဉ်ပြီး နိုင်ငံ ၈နိုင်ငံမှ ပန်းချီဆရာများ ပါဝင်ပြသတဲ့ Kumudra waves အမည်ရတဲ့ Worldwide Movement အဖြစ် ပြသတဲ့ International Art Exhibition အနုပညာပြပွဲကို ရန်ကုန်မြို့ဗိုလ်တထောင် မြို့နယ် ၄၃လမ်း(အောက်) အမှတ် ၁၀၁ ဒုထပ်ရှိ 43 Art Galler y မှာ ဇူလိုင် ၇ ရက်မှစတင်ကာ ၉ ရက်နေ့ထိအောင် ပြသ လျက်ရှိပါတယ်။ အဆိုပါ အနုပညာပြပွဲမှာ မြန်မာ၊...

Read more »

“Memories of 1991” Art Exhibition – Gallery 65မှာ ၅ရက်ကြာ ပြမယ်

July 8, 2018
“Memories of 1991” Art Exhibition – Gallery 65မှာ ၅ရက်ကြာ ပြမယ်

“Memories of 1991” Art Exhibition – Gallery 65မှာ ၅ရက်ကြာ ပြမယ် K (မိုးမခ) ဇူလိုင် ၈၊ ၂၀၁၈ “Memories of 1991″အမည်ရတဲ့ စုပေါင်း ပန်းချီလက်ရာပြပွဲကို ရန်ကုန်မြို့ဒဂုံမြို့နယ် ယောမင်းကြီးလမ်းအမှတ် ၆၅ရှိ Gallery 65မှာ ဇူလိုင်လ ၇ ရက်မှ ၁၁ ရက်ထိ ပြသသွားမယ်လို့သိရပါတယ်။ အဆိုပါ ပြပွဲမှာ ပါဝင်ပြသတဲ့ ပန်းချီဆရာများကတော့ ကျော်ကျော်၊ လှဘုန်းအောင်၊ မြင့်အောင်၊ မျိုးညွှန့်ခင်၊ ဌေးလွင်၊ ခင်မောင်ဇော်၊ ကျော်အာကာတို့ဖြစ်ပြီး အဆိုပါပန်းချီဆရာတို့ရဲ့ပန်းချီလက်ရာ ၅၀ကျော်ကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဇူလိုင် ၇ရက်မှ ၁၁ရက်ထိ ၅ရက်ကြာပြသသွားမယ့် “Memories of 1991” ပန်းချီပြပွဲကို နေ့စဉ်ပြပွဲချိန်အတွင်း...

Read more »

K ငြိမ်းချမ်း – အနက်ရောင် ဆဲဗင်းဂျူလိုင်

July 7, 2018
K ငြိမ်းချမ်း – အနက်ရောင် ဆဲဗင်းဂျူလိုင်

မိုးမခ ဇူလိုင် ၂၀၁၈၊ သန်းဌေးမောင် K ငြိမ်းချမ်း – အနက်ရောင် ဆဲဗင်းဂျုလိုင် (မိုးမခ) ဇူလိုင် ၇၊ ၂၀၁၈ ဇူလိုင်လဟာ မိုးရေတွေကြားမှာ ဆွေးမြေ့စရာ၊ လွမ်းစရာကောင်းနေပါတယ်။ ဒီထက်ကြီးကြီးကျယ်ကျယ်ပြောရရင်တော့ မြန်မာ့နိုင်ငံရေးသမိုင်းထဲမှာ ဇူလိုင်လဟာ ဒဏ်ရာဒဏ်ချက်များနဲ့ လွမ်းစရာကောင်းနေပါတယ်။ ဘာကြောင့် လွမ်းဆွေးစရာကောင်းသလဲဆို ၇ဇူလိုင်နဲ့ ၁၉ဇူလိုင်တို့ကို ဟောဒီ အမိမြန်မာနိုင်ငံတော်ကြီးမှာ မလိုချင်ဘဲ အာဏာရူးတို့ တဏှာမူးခဲ့ကြလို့ဆိုတာ နိုင်ငံသိဖြစ်ပါတယ်။ နယ်ချဲ့လက်အောက်က ဟောဒီနိုင်ငံတော်ကြီးကို အားနဲ့ဆယ် ယူဖို့ကြိုးစားနေတဲ့ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အစိုးရ အဖွဲ့ကြီး တခုလုံးကို အတွင်းဝန်ရုံးထဲမှာ လုပ်ကြံသတ်ဖြတ်ခဲ့ကြတဲ့ ဇူလိုင် ၁၉ရက်ဟာ မြန်မာ့ပြက္ခဒိန်ထဲမှာ ပြည်သူလူ ထုစိတ်ထဲမှာ မင်နီခြစ်ထားခဲ့ရတဲ့နေ့တနေ့ဖြစ်ခဲ့လို့ပါပဲ။ တိုင်းပြည်ရဲ့သူရဲကောင်းတွေကို ရက်ရက်စက် စက်လုပ်ကြံသတ် ဖြတ်ခံလိုက်ရတဲ့ အာဇာနည်နေ့ဆိုတဲ့...

Read more »

စာအုပ်မိတ်ဆက်ပွဲနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောပွဲ Yangon Book Plaza

July 7, 2018
စာအုပ်မိတ်ဆက်ပွဲနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောပွဲ Yangon Book Plaza

စာအုပ်မိတ်ဆက်ပွဲနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောပွဲ Yangon Book Plaza K  (မိုးမခ) ဇူလိုင် ၇၊ ၂၀၁၈ ဦးစိန်မြင့် (သတ္တုဦးစီး)ရေးသားတဲ့ သဘာဝဓာတ်ငွေ့ လောင်စာများနှင့် မိတ်ဆက်ခြင်း အမည်ရတဲ့စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားနဲ့အတူ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောပွဲ အစီအစဉ်တခုကို ရန်ကုန်မြို့ လမ်းမတော်မြို့နယ် သံဈေး ငါးလွှာရှိ Yangon Book Plaza မှာ ဇူလိုင်လ ၈ရက် နေ့လယ် ၁ နာရီမှာ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။ အဆိုပါ စာအုပ်မိတ်ဆက်ခြင်းအခမ်းအနားမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့ပတ်သက်ပြီး ဟောပြောမယ့်သူများက တက္ကသိုလ် မိုးဝါ၊ ဒေါက်တာ ခင်မောင်ညို၊ ဦးစိန်မြင့် (သတ္တုဦးစီး) တို့ဖြစ်ပါတယ်။ အခမ်းအနားနဲ့ပတ်သက်ပြီး “မြို့ပြရဲ့ နေ့စဉ် လူနေမှူ ဘ၀မှာ သဘာဝဓာတ်ငွေ့ဆိုတာ မရှိမဖြစ် အရေးပါလျက်ရှိပါတယ်။...

Read more »

စာရေးဆရာမကြီး မကြန် အသက်(၁၀၀)ပြည့် ဂါရ၀ပွဲ စာပေဗိမာန်မှာ ပြုလုပ်မယ်

July 7, 2018
စာရေးဆရာမကြီး မကြန် အသက်(၁၀၀)ပြည့် ဂါရ၀ပွဲ စာပေဗိမာန်မှာ ပြုလုပ်မယ်

စာရေးဆရာမကြီး မကြန် အသက်(၁၀၀)ပြည့် ဂါရ၀ပွဲ စာပေဗိမာန်မှာ ပြုလုပ်မယ် K (မိုးမခ) ဇူလိုင် ၇၊ ၂၀၁၈ စာရေးဆရာမကြီး မကြန် အသက် ၁၀၀ပြည့်မွေးနေ့ပွဲနဲ့ဆရာမကြီးအား ဂါရ၀ပြုပွဲကို ဇူလိုင် ၇ရက်နေ့မှာ ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ခန်းမမှာ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။ အဆိုပါပွဲကို ဆရာမကြီးအား လေးစားချစ်ခင်သူများက စီစဉ်ကျင်းပခြင်းဖြစ်ပြီး ဆရာမကြီးကိုဂုဏ်ပြုရည်ရွယ်ကာ ရာပြည့်သမိုင်းဒေ၀ီစာအုပ်ကိုလည်း ထုတ်ဝေဖြန့်ချိသွားမယ်လို့ သိရပါတယ်။ စာရေးဆရာမကြီး မကြန်ကို ရခိုင်ပြည်နယ်သံတွဲမြို့မှာ ၁၉၁၉ဇူလိုင် ၁ရက်တွင် အဖ-ဦးကျော်ထွန်း၊ အမိ ဒေါ်ငွေနှစ်တို့မှ မွေးဖွားခဲ့ပါတယ်။ ၁၉၅၆ခုနှစ်တွင် မြန်မာနိုင်ငံသမိုင်း ကော်မရှင်(နောင် သမိုင်းသုတေသနဦးစီးဌာန)မှာ ကျမ်းပြုအရာရှိအဖြစ် အမှုထမ်းရင်း သမိုင်းမဟာဝိဇ္ဇာတန်းကိုတက်ရောက်ခဲ့။၁၉၅၇ခုနှစ်မှ ၁၉၅၉ခုထိ နိုင်ငံသမိုင်းသုတေသနဦးစီးဌာနမှာ အကြီးတန်းသုတေသနမှူးအဖြစ် အမှုထမ်းစဉ် မြန်မာ့သမိုင်း အထောက်အထားများကူးယူစုဆောင်းရေး စီမံကိန်းအရ အင်္ဂလန်နိုင်ငံမှာ...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

ဒီလို ကြော်ငြာချင်သလား

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်