ကိုရာဇာ

ကိုရာဇာ – ဦးဝင်းတင်နဲ့ ပင်နယ်တီကို ဘေးကန်ခြင်း (ဘောလုံးပွဲ )

July 8, 2014
ကိုရာဇာ – ဦးဝင်းတင်နဲ့ ပင်နယ်တီကို ဘေးကန်ခြင်း (ဘောလုံးပွဲ )

ဦးဝင်းတင်နဲ့ ပင်နယ်တီကို ဘေးကန်ခြင်း (ဘောလုံးပွဲ ) ဦးဝင်းတင်နဲ့နေထိုင်ခြင်း ကိုရာဇာ၊ ဇူလိုင် ၈၊ ၂၀၁၄ အဘရှိရင်တော့ကြိုက်မယ် မထင်ဘူးဗျ….။ အခုလိုချိန်ထိ အဘကို တသသဖြစ်နေတုန်း။ “အဘရေ … အဘ ရဲ့ ။ မထူးပါဘူးအဘရယ်၊ ကျနော့်ကို ခနစောင့် ကျနော်လည်း သိပ်ခံတောမ့ယ်မထင်ဘူး၊ နှစ်ယောက်ပေါင်း တစ်လောင်းလုပ် တခေါင်းထဲမြှုပ်လိုက်ရအောင် … “ ဆိုတော့ အဘက…. “အေး … မဆိုးဘူး၊ အချိန်ကော လူတွေရောအကုန် သက်သာနည်းပဲ။ မဆိုးလှပါဘူး…” ဆိုပြီး ကျနော်နဲ့သေမင်းကို ရောနှောလှောင်ပြောင်သွားတာ မေ့မရသေးဘူးလေ။ အဘမွေးနေ့မှာ အဘလိုပုဂ္ဂိုလ်တွေ ဘာမှလုပ်စရာမလိုပါဘူး။ အိမ်ဦးခန်းကနေ “အဟမ်း” ဆိုပြီးချောင်းဟန့်ပေးနေရင် ကျနော်တို့လူငယ်တွေမှာ အားတက်ရပါတယ်။ အိမ်ဦးခန်း အဟမ်းသံလေး ပေးပါအုံးဆိုတဲ့...

Read more »

ကိုရာဇာ – ဦးဝင်းတင်နဲ့ဘ၀နှစ်ခုကို ငြင်းပယ်ခြင်း ( ဗိုလ်မင်းခေါင် )

June 24, 2014
ကိုရာဇာ – ဦးဝင်းတင်နဲ့ဘ၀နှစ်ခုကို ငြင်းပယ်ခြင်း ( ဗိုလ်မင်းခေါင် )

ဦးဝင်းတင်နဲ့ဘ၀နှစ်ခုကို ငြင်းပယ်ခြင်း ( ဗိုလ်မင်းခေါင် ) ဦးဝင်းတင်နဲ့နေထိုင်ခြင်း ကိုရာဇာ၊ ဇွန် ၂၄၊ ၂၀၁၄ လူတွေမှာဘ၀တစ်ခုကို တချိန်ချိန်ကအားကျမက်မောလိုချင်မှုတွေ ရှိတတ်ပေမယ့် နေ့တဓူဝမြင်ကြား လာနေရတော့အဲ့ဒီဘ၀ကို ငြင်းဆန်သွားတတ်တာလူ့သဘာဝပါ။ ဒီသဘောသွားဆန်ဆန်စာကို စာရေးဆရာကြီး သော်တာဆွေက ရေးဖူးပါတယ်။ စာကိုကြိုက်ရင်စာကိုသာဖတ်ပါ စာရေးဆရာရဲ့အိမ်ရှေ့မှာနေဖို့ မကြိုးစားပါနဲ့လို့ ရေးသွားဖူးတာ သာဓကတစ်ခုပါ။ ဆိုလိုရင်းကတော့ စာရေးသူရဲ့စာကိုကြိုက်ပြီးဖတ်နေတာအကောင်းသား စာရေးဆရာနဲ့ရင်းနှီးသွားလို့ စာရေးဆရာရဲ့ သဘောသဘာဝ ဓလေ့စရိုက်ကိုကြည့်ပြီး နားမလည်ဘူးဆိုရင် စာကိုပါမကြိုက်ဖြစ်သွားတတ်တယ်လို့ ပြောတာပါ။ အချို့လူတွေတော့ ဘယ်လိုသဘောပေါက်တယ်မသိပါ ။ ကျနော်ဖြင့်စာရေးဆရာတွေကို ရင်းနှီးလို့စာကိုပိုကြိုက်သွားတာမျိုးတောင်ရှိတတ်ပါတယ်။ အဘကအဲ့ဒါနဲ့ ဆန့်ကျင်ဖက် ခံစားချက်ရှိဟန်တူပါတယ်။ “ငါ သတင်းစာဆရာဖြစ်လာတယ်၊ ငါစစ်သားဖြစ်ချင်ခဲ့ဖူးတယ်၊ ငါနိုင်ငံရေးသမားမဖြစ်ချင်ခဲ့ဖူးဘူး။  နှစ်ခုစလုံးက ငါ့ဦးလေးနဲ့အတော်ပတ်သက်နေတယ်ကွ….” အဲ့ဒီလိုမျိုးမကြာခန လှစ်ဟခြွေပြတတ်ပါတယ်။အဘဦးလေးဖြစ်သူဟာ နှယ်နှယ်ရရမဟုတ်ပါဘူး ဗိုလ်ချုပ်အောင်ဆန်းဦးစီးတည်ထောင်တဲ့ ပထမဆုံးဗမာ့တပ်မတော်သားတွေထဲမှာ ပါဝင်ခဲ့သူဗိုလ်မင်းခေါင်...

Read more »

ကိုရာဇာ – ဦးဝင်းတင်နဲ့စစ်သားတရား

June 20, 2014
ကိုရာဇာ – ဦးဝင်းတင်နဲ့စစ်သားတရား

ဦးဝင်းတင်နဲ့စစ်သားတရား (ဦးဝင်းတင်နဲ့နေထိုင်ခြင်း) ကိုရာဇာ၊ ဇွန် ၂၀၊ ၂၀၁၄ ကျနော့်အဖေဟာ စစ်သားဟောင်းတစ်ယောက်ဖြစ်သလို ကျနော့်နှမများဟာလည်း လက်ရှိမှာစစ်သား မယားဖြစ်နေကြပါတယ်။ ကျနော်တို့ဘ၀မှာ တခါတရံသူများရွေးချယ်ပြီးသားကို လက်ခံလိုက်ရတာမျိုးပါ။ ဘယ်လိုမှမတတ်နိုင်ပါ။ ဂေါပကအစ သမ္မတအဆုံးစစ်သားဖြစ်ပြီး စစ်အမှောင်ဖုံးနေတဲ့တိုင်းပြည်မှာ ပြည်သူတစ်ရပ်လုံးက စစ်အာဏာရှင်ကိုမုန်းတာမဆန်းပါဘူး။ စစ်တပ်ဒါမှမဟုတ် စစ်သားတစ်ဦးချင်းကို ဘယ်သူမှမမုန်းပါ။  ကိုယ့်အလိုလောဘ ကိုယ့်အာဏာမြဲရေး စစ်တပ်ကိုဘလက်ခ်မေးလ်(Black Mail) လုပ်သွားတဲ့စစ်အာဏာရှင် တစ်စုကိုပြည်သူကမုန်းတာဖြစ်ပါတယ်။ အဲ့ဒီအာဏာရှင်တွေဟာ စစ်တပ်ကိုလက်ကိုင်ဒုတ်သဘောထား ပြည် သားတွေနှိပ်စက် ဘ၀တွေဖျက် တစ်ဖက်မှာကျတော့ သူတို့တသိုက်ကောင်းစားချင်တိုင်းကောင်းစားအောင်လုပ် ဆောင်သွားတာ စစ်သားတွေလည်းသတိထားမိကြပါ့မယ်။ ဒါပေမယ့်စစ်တပ်ဆိုတဲ့အဖွဲ့အစည်း အစဉ်အလာ တွေအရသာ ကြိတ်မှိတ်မြိုသိပ်နေကြတာဖြစ်ပါတယ်။ ပြန်ကြားရေးဒုဝန်ကြီးတစ်ဖြစ်လဲ သမ္မတပြောခွင့်ရပုဂ္ဂိုလ်က အောက်ကလိအာစကားဆိုပါတယ်။ (အောက်ကလိအာဆိုတာ ပြည့်တာဆန်လောကရဲ့စကားလို့ ကျနော့်ဆရာသမားတစ်ယောက်ကပြောဖူးပါတယ်) သူ့ပြောစကားအတိကျမဟုတ်ပေမယ့် သူ့ဆိုလိုရင်းကတော့ စစ်သားတစ်ယောက်ကိုမှမစည်းရုံးနိုင်ရင် အနိမ့်စား နိုင်ငံရေးသမားပေါ့ဗျာ…။ ဒေါ်အောင်ဆန်းစုကြည်စိန်ခေါ်သလိုတော့...

Read more »

ကိုရာဇာ၊ – ဦးဝင်းတင်နဲ့သူရသတ္တိနဲ့သစ္စာတရား(အဘဦးတင်ဦး)

June 17, 2014
ကိုရာဇာ၊ – ဦးဝင်းတင်နဲ့သူရသတ္တိနဲ့သစ္စာတရား(အဘဦးတင်ဦး)

ဦးဝင်းတင်နဲ့သူရသတ္တိနဲ့သစ္စာတရား(အဘဦးတင်ဦး) ဦးဝင်းတင်နဲ့နေထိုင်ခြင်း ကိုရာဇာ၊ ဇွန် ၁၆၊ ၂၀၁၄ အဘဦးဝင်းတင်က ဂုဏ်ယူတာပဲလား တစ်ခုခုမှတ်သားမှုပြုနေတာပဲလားတော့မသိပါ။ “ငါ့ထက် ဦးတင်ဦးက သုံးနှစ်အတိကြီးတယ်ကွ… မွေးတာက တစ်ရက်ထဲ …” ဆိုတာစွဲမြဲပြောဆိုလေ့ရှိတာကို ဂရုပြုမိပါတယ်။ ဟုတ်ပါတယ်။ မတ်လ ၁၂ရက်နေ့မှာ ထူးဆန်းတိုက်ဆိုင်စွာ မွေးဖွားလာတဲ့လူသားနှစ်ဦးရဲ့ ဘ၀ဖြတ်သန်းမှုမတူပေမယ့် ဗိုလ်ချုပ်အောင်ဆန်းနဲ့ သမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည်အပေါ်  အလေးအမြတ်ပြုတာ ပြည်သူလူထု အပူမီးငြိမ်းစေချင်တာ၊ စစ်တပ်ကြီးကိုသိက္ခာရှိလွန်းစေချင်တာ တွေက တထပ်တည်းတူညီနေပါတယ်။ ကျနော်တို့ကအဘဦးတင်ဦးနဲ့ အရင်ရင်းနှီးရတာဖြစ်ပြီးတော့ အဘဦးဝင်းတင်ကိုတော့ထောင်ထဲက ထွက်လာပြီးကာမှ လူချင်းရင်းတယ်ပြောရမှာပါ။ အဘဦးတင်ဦးနဲ့ ၉၈မှာဆုံကတည်းက အဘဦးတင်ဦးရဲ့ပျော်ရွှင် ထက်သန်စွာနေထိုင်ခြင်းကို လိုလားနှစ်သက်မိပါတယ်။ နောက်မှတ်ဉာဏ်ပိုင်းဆိုင်ရာ မှာလည်း အဘဦးတင်ဦး ကအံ့သြစရာကောင်းလောက်အောင် လူတစ်ဦးချင်းစီ အဖြစ်ပျက်တစ်ခုချင်းစီကို မှတ်သားမိထားတတ်ပါတယ်။ ဒီအဖိုးအိုနှစ်ယောက်နဲ့ အလုပ်အတူတွဲလုပ်ခဲ့တယ် ဆိုတဲ့ဂုဏ်ဒြပ်တစ်ခုနဲ့တင် ကျနော့်တစ်ဦးချင်းမှာ ကျနော် သေပျော်ပါပြီလို့ပဲ...

Read more »

ကိုရာဇာ – ဦးဝင်းတင်နဲ့နောင်တမရခြင်းတရား ( ဗိုလ်ခင်ညွန့် )

June 14, 2014
ကိုရာဇာ –  ဦးဝင်းတင်နဲ့နောင်တမရခြင်းတရား ( ဗိုလ်ခင်ညွန့် )

  ဦးဝင်းတင်နဲ့နောင်တမရခြင်းတရား ( ဗိုလ်ခင်ညွန့် ) ဦးဝင်းတင်နဲ့နေထိုင်ခြင်း ကိုရာဇာ၊ ဇွန် ၁၄၊ ၂၀၁၄ အဘစွဲမြဲစွာယုံကြည်ထားတာက အာဏာရှင် နဲ့ ဒီမိုကရက်တစ်ဟာ ဘယ်တော့မှလက်တွဲမရဘူးဆိုတာ ပဲဖြစ်ပါတယ်။ တိုင်းပြည်ကြီးမှာတူတာတွဲလုပ် မတူတာခွဲလုပ်ဆိုတာကို အဘအနေနဲ့လက်မခံနိုင်ပါဘူး။ တိုင်း ပြည်ရဲ့ပြသနာဟာ အမှိုက်လိုဖျာအောက်ထိုးထည့်ထားလို့မရဘူး ဆိုတာတသွင်သွင်ပြောပါတယ်။ မတူတာကို လည်းတူအောင်ညှိယူရမယ်လို့ သဘောထားပါတယ်။ ဒါပေမယ့်လို့ခံယူချက်ခြင်း သဘောထားခြင်း အမြင်ခြင်း မတူတာတွေဟာ တိုင်းပြည်ရဲ့ အဓိကပြသနာအဖြစ်ရှုမြင်သုံးသပ်သွားတာပါ။ အခုလက်ရှိအစိုးရဟာ စစ်တပိုင်း အစိုးရဖြစ်ပြီး စစ်အာဏာရှင်အသွင်ပြောင်း စစ်အာဏာရှင်ကိုပဲထပ် ကိုယ်စားပြုနေတာတိုင်းပြည်မှာနေထိုင်သူ တွေအကုန်အသိပါ။ ပြည်သူလူထုဟာ အခုဆိုရင် စစ်တပိုင်းအစိုးရ စစ်တပိုင်းလွှတ်တော်မျက်နှာဖုံး လုံးဝကွာကျ အောင်ခွာချပြတော့မှာဖြစ်ပါတယ်။ တိုင်းပြည်နဲ့အ၀ှမ်းလုပ်ဆောင်နေတဲ့ ဟောပြောပွဲတွေလက်မှတ်ကောက်ခံရေးလှုပ်ရှားမှုတွေ ဟာအဲ့ဒီ မျက်နှာဖုံးခွာချနေတာပဲဖြစ်ပါတယ်။  အယောင်ဆောင်သဘောကောင်းပြတာလည်း ဇာတ်လမ်းပမာ နားဆင်စ ရာလိုအဆုံးသတ်နေပါပြီ။ ဒီနေရာမှာအဘအယူအဆအရတော့...

Read more »

ကိုရာဇာ – ဦးဝင်းတင်နဲ့အာဏာရှင်များ (ဗိုလ်နေ၀င်း ၊ ဗိုလ်သန်းရွှေ )

June 12, 2014
ကိုရာဇာ – ဦးဝင်းတင်နဲ့အာဏာရှင်များ (ဗိုလ်နေ၀င်း ၊ ဗိုလ်သန်းရွှေ )

ဦးဝင်းတင်နဲ့အာဏာရှင်များ (ဗိုလ်နေ၀င်း ၊ ဗိုလ်သန်းရွှေ ) ဦးဝင်းတင်နဲ့နေထိုင်ခြင်း ကိုရာဇာ၊ ဇွန် ၁၂၊ ၂၀၁၄     အဘဟာလူတကာကို ဦး….၊ဒေါ်….၊ကို….၊မ…အစရှိသဖြင့် တလေးတစားခေါ်ဝေါ်သုံးစွဲတာ လူတကာ ကြားဖူးနေကြကိစ္စဖြစ်ပါတယ်။ ဒါပေမယ့်ထူးခြားစွာ ကျနော်သတိထားမိတဲ့ အကြောင်းအရာကတော့ အာဏာရှင်တွေနဲ့ပတ်သက်ပြီး အဲ့သလိုဂါရ၀စကားမပြောသလို ရင့်သီးစွာနာမည်အရင်းတိုင်းခေါ်ပြောတာလည်းမကြား ဖူးပါဘူး။ ကျနော့်စိတ်ထင်တော့ ဂါရ၀ထား လေးစားလောက်စရာမရှိသလို အဂါရ၀နဲ့သူတပါးကိုမနှိမ်ချချင်တဲ့ စိတ်ထားမျိုး ရှိနေဟန်တူပါတယ်။     သူ့ထက်အသက်အများကြီးကြီးတဲ့ ဦးနေ၀င်း…သူ့ထက်အသက်ငယ်တဲ့ သန်းရွှေ ခင်ညွန့်တို့ကိုလည်း ဗိုလ်တပ်ပြီးခေါ်ပါတယ်။ ဥပမာ..ဗိုလ်နေ၀င်း…ဗိုလ်သန်းရွှေ….ဗိုလ်ခင်ညွန့်အစရှိသဖြင့် ညွှန်းဆိုခေါ်ဝေါ်လေ့ရှိ တတ်ပါတယ်။ ဒီလိုလူတွေထဲမှာမှအဘက ဦးနေ၀င်းနဲ့ခေတ်ပြိုင်ဆိုရမှာပါ။ အဘရဲ့ခေတ်ဝန်ကိုထမ်း ခေတ်လမ်း ကိုလျှောက်ဆိုတဲ့ အဘအထ္ထုပ္ပတိကို အသံလွှင့်ဌာနတစ်ခုက အသံမြှင့်နေတဲ့ကာလမှာ အဘပြောတာကို ကျနော်သဘောမတူ သဘောမကျတာဖြစ်ရတာကို အဘကိုကျနော်ဝေဖန်ပါတယ်။     အဲ့ဒါကတော့     “ကျနော်ဗျာ...

Read more »

ကိုရာဇာ – ဦးဝင်းတင်နဲ့ နေထိုင်ခြင်း

May 30, 2014
ကိုရာဇာ – ဦးဝင်းတင်နဲ့ နေထိုင်ခြင်း

ဦးဝင်းတင်နဲ့ နေထိုင်ခြင်း ကိုရာဇာ မေ ၃၀၊ ၂၀၁၄ ဒီနေ့ဗမာပြည်အရေးအရာတကာမှာ ဖိုသတ္တ၀ါတွေပဲ စိုးမိုးနေတယ်။ စစ်အာဏာရှင်တွေ လွှမ်းမိုးခဲ့လို့ ဒီနေ့အထိ စစ်အာဏာချိုးကပ်နေ တယ်။  မိန်းမသားတွေ တိုင်းရေးပြည်ရေးမှာ အရာမ၀င်ကြဘူး။ ထဘီအလံ မထူနိုင်ကြသေးဘူး။ လွန်ရောကျွံရော မှူးကတော် ချုပ်ကတော် တို့ရဲ့ကတော်အလံတွေပဲ ဆွေအုပ်မျိုးအုပ်နဲ့ လေ တိုးလှုပ်နိုင်ရုံလေး ဖြစ်နေကြသေးတယ်။  ● ဦးဝင်းတင်နဲ့ ဂရုဏာတရား (ဒေါ်ဖြူဖြူသင်း) အဘဦးဝင်းတင်ဆီကို ကျနော်အမြဲရောက်ဖြစ်တာက မင်္ဂလာတောင်ညွန့်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ဖြူဖြူသင်းနဲ့ အ တော်လေး ပတ်သက်တယ်။ အဘနဲ့ မဖြူတို့ စိတ်နေစိတ်ထားတူတာရှိတယ်။ အဲ့ဒါကတော့ ဂရုဏာတရားပဲ။ ဒီလိုဗြဟ္မစိုရ်တရား ထွန်း ကားလှတဲ့ လူသားနှစ်ဦးကြားမှာ နေခဲ့တဲ့ရက်တွေဟာ ဘယ်လိုမှအစားမရတဲ့ အနေအထားဖြစ်သွားပါပြီ။ အင်းစိန် ဦးမောင်မောင်ခင်အိမ်မှာ ၊ကျောက်ကုန်း ဦးအုန်းထွန်းအိမ်မှာ...

Read more »

ကိုရာဇာ – ဦးဝင်းတင်နဲ့မစ္ဆရိယတရား (သတင်းစာဆရာတစ်ဦး)

May 28, 2014
ကိုရာဇာ – ဦးဝင်းတင်နဲ့မစ္ဆရိယတရား (သတင်းစာဆရာတစ်ဦး)

ဦးဝင်းတင်နဲ့မစ္ဆရိယတရား (သတင်းစာဆရာတစ်ဦး) (ဦးဝင်းတင်နဲ့နေထိုင်ခြင်း) ကိုရာဇာ၊ မေ ၂၈၊ ၂၀၁၄ (ဟား…ဟား….) (ဟီး….ဟီး…) (ထွီး…ထွီး….ထွမ်း…ထွမ်း) စကားအစရှာမရ တဟားဟား တဟီးဟီး တထွီးထွီး တထွမ်းထွမ်း နဲ့ ဗမပြည်ရာသီအကူးအကြမ်းမှာ မောင်ရာဇာ ရူးရမ်းနေပြီမထင်လိုက်ပါနဲ့ အယ်ဒီတာမင်းခင်ဗျား။ ဒီလိုဗျ တဟားဟားဖြစ်ရတာက ၀မ်းသာလုံး ဆို့နေတာ နေရာကဗိုလ်စိန်မှန်ကွင်း…အခြေခံဥပဒေပြင်ဆင်ရေးဟောပြောပွဲကြီးပေါ့ဗျာ။ ကျနော်တို့လူထု ခေါင်းဆောင်နဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားတွေ ရွှေလက်တွဲလူထုတရားပွဲနွှဲနေလိုက်ကြတာများ အဘ ဦးဝင်းတင်ရှိဘယ့်ကလောက်များ ၀မ်းမြောက်မလည်းစဉ်းစားမိတာပါ။ လူထုပရိတ်သတ်အပေါင်း ရဲ့စိတ်ဇောကို ကြည့်ပြီး အဘရှိဘယ်လောက်ပီတိဖြစ်လေမလည်းပေါ့….နောက်ဒီလိုလုပ်စေ့ချင်တဲ့အဘစေတနာကိုသတိရပြီး အဘကိုယ်စားအဘကိုယ်ပွားဝမ်းသာ အားရဖြစ်နေမိတာပေါ့။ အဲ့ဒါကြောင့်ဟား..ဟား…။ ဒီမြင်ကွင်းဒီသတင်းတွေကို အဘဆီပြေးပြောချင်စိတ်တွေပွားလာတယ်ဗျာ…ဘယ့်နှယ်ပြောတော့မ လည်း သေချာတာတစ်ခုက အဘရေးတဲ့စာ အဘပြောစကား အဘနိုင်ငံရေးတရားမှာဒီလိုဖြစ်စေ့ချင်တယ်ဆို တာငြင်းမရဘူးဗျ။ အဘသတိရစိတ် တလိပ်လိပ်တက်လာတော့ကာ ရင်ထဲနာတယ်ဗျ အဲ့ဒါကြောင့်ချုံးမဲချငိုသွား မိတာ…အဲ့ဒါကြောင့် တဟီးဟီးနဲ့ငိုကြီးချက်မပေါ့…။ ဒီလူထုပရိတ်သတ်နဲ့...

Read more »

ကိုရာဇာ – ကြွေးတင်ရင် ရှင်ဘုရင်ဆပ်ပေလိမ့်

May 21, 2014
ကိုရာဇာ – ကြွေးတင်ရင် ရှင်ဘုရင်ဆပ်ပေလိမ့်

ကြွေးတင်ရင် ရှင်ဘုရင်ဆပ်ပေလိမ့် ကိုရာဇာ။ မေ ၂၁၊ ၂၀၁၄ ‘ရွှေငွေနဲ့ ဂုဏ်ဒြပ်တို့… မရှိလည်းနေနိုင်ပါတယ်။ တစ်သက်လုံး… .. အလိုအပ်ဆုံးက ဘ၀ကို အရိုး သားဆုံးနေဖို့…” ဒီသီချင်းသံက ဒီနေရာလေးမှာတင် လည်နေပါ့လားလို့ စိတ်ထဲမှတ်နေမိတယ်….။ ခနနေရင် ဒီအသံထွက်လာရင်း….. ဆိုတော့စိတ်ထဲသိပ်မသင်္ကာတာနဲ့ ဘေးဘီလျှောက်ကြည့်မိတော့မှ … လား..လား ကျနော့်ဖုန်းကမြည်နေတာကိုး။ ကမန်းကတမ်း ဖုန်းကောက်ကိုင်လိုက်တော့ ဖုန်းက miss ဖြစ်သွားပြန်တယ်။ miss call တွေကြည့်လိုက်မှ ဖုန်းနံပတ်တစ်ခုတည်းက ဆယ်ကြိမ်ထက်မနည်း ခေါ်ထားတာတွေ့ရပြန်တော့ အားနာမှု ထပ်ဆောင်းသွားတာပေါ့ဗျာ။ ပြန်ဆက်မှလို့တွေးပြီး ပြန်ခေါ်ဖို့ လုပ်နေတုန်း……. ‘ရွှေငွေနဲ့ ဂုဏ်ဒြပ်တို့… မရှိလည်းနေနိုင်ပါတယ်။ တစ်သက်လုံး… .. အလိုအပ်ဆုံးက ဘ၀ကို အရိုး သားဆုံးနေဖို့…” ဖုန်းမြည်လာပြန်တယ်။ ကျနော်ပြုံးမိသွားတယ်။ ဒါပေမယ့်...

Read more »

ကိုရာဇာ – ဦးဝင်းတင်နဲ့ နေထိုင်ခြင်း

May 18, 2014
ကိုရာဇာ – ဦးဝင်းတင်နဲ့ နေထိုင်ခြင်း

ဦးဝင်းတင်နဲ့ နေထိုင်ခြင်း  (ဦးဝင်းတင်နဲ့ ပျော်ရွှင်ခြင်းတရား) ကိုရာဇာ မေ ၁၈၊ ၂၀၁၄    ပန်းချီ မမွှေး အဘဦးဝင်းတင်ကို သာမာန်အားဖြင့်ကြည့်ရင် အဘက အနေတည်တယ်။ ဒါပေမယ့် တကယ့်အဘအတွင်းသားက ပျော်ရွှင်ခြင်းတရားကိုလက်ကိုင်ထားတယ်။ အဘက သူနဲ့ အရမ်းရင်းသူတွေအပေါ် ကလိတိတိ ပြောတယ်ဆိုတယ်။ အဘဦးအုန်းထွန်းနဲ့ဆိုလည်း သူငယ်ချင်း အချင်းချင်း မင်း ငါပြောပြီးရင်းတော့ သူတို့လူကြီးတွေ မထိတထိအပြောကနေ ဗဟုသုတရစရာတွေ၊ ငယ်အတိတ်က အကြောင်းအရာတွေ တလှေကြီး သိခွင့်ရတာပေါ့ဗျာ။ နောက်တစ်ယောက်က ဦးသာဘန်း။ အသက်ကြီးကြီးထဲကလူတွေထဲမှာ အဘ မင်းငါပြောတာ အဘဦး အုန်းထွန်းရှိမယ်၊ ဦးသာဘန်းရှိမယ်။ ကျန်တာတွေတော့ လူသိပ်မသိလို့ ထားပါတော့။ ဒီအထဲမှာ စကားနိုင်အလုဆုံးကတော့ ဘကြီးမိုးခေါ် စာရေးဆရာ၊ ပန်းချီဆရာ၊ ဒါရိုက်တာမောင်မိုးသူနဲ့ အဘနဲ့ စကားနိုင်အလုဆုံးပဲဗျ။...

Read more »

ကိုရာဇာ – ဦးဝင်းတင်နဲ့နေထိုင်ခြင်း

May 17, 2014
ကိုရာဇာ – ဦးဝင်းတင်နဲ့နေထိုင်ခြင်း

ဦးဝင်းတင်နဲ့နေထိုင်ခြင်း ကိုရာဇာ မေ ၁၇၊ ၂၀၁၄   ဦးဝင်းတင်နဲ့ ချစ်ခင်ခြင်းတရား (ဦးသာဘန်း) အဘဦးဝင်းတင်ကလူတွေအပေါ် ပိုမိုချစ်ခင်ခြင်း၊ မုန်းတီးရွံရှာခြင်း၊ အမြင်မကြည်လင်ခြင်းစိတ်မထား အားလုံးကို တသားတည်း သဘော ထားသွားတာ အားလုံးအသိပါ။ အဘ ဒေါသ၊ အဘ မာန၊ အဘ ပီတိများကိုတော့ အနီးနေ အနေနီးတဲ့ ကျနော်က ကောင်းကောင်း သိထားတယ်ဆိုပါတော့။ အဘတို့ အသက်အရွယ်ပိုင်းခြားလူကြီးများဟာ သူတော်ကောင်းစိတ်ထား သူတော်ကောင်းတရား ပွားကြတယ် ဆိုရင် လွန်မယ်မထင်ဘူး။ ဘာလို့ပြောလည်းဆိုရင် အဘတို့ဟာ စကားပြောသိပ်ယဉ်ကျေးကြတယ်။ အဘ သခင်သိန်းမောင်၊ အဘ ဦး အုန်းမြင့်တို့၊ အဘဦးဝင်းတင်တို့က စကားပြောရင် ခင်ဗျား ကျနော်ပြောတတ်ကြတယ်လေ။ လူငယ်တွေတောင်စကားပြောရင် နာမည်ခေါ်ရင် ကိုဘယ်သူရေ မဘယ်ဝါရေဆိုပြီးတော့ ပီယ၀ါစာကြ တယ်ဆိုပါတော့ဗျာ။...

Read more »

ကိုရာဇာ – ဦးဝင်းတင်နဲ့ နေထိုင်ခြင်း

May 15, 2014
ကိုရာဇာ – ဦးဝင်းတင်နဲ့ နေထိုင်ခြင်း

ဦးဝင်းတင်နဲ့ နေထိုင်ခြင်း ကိုရာဇာ မေ ၁၅၊ ၂၀၁၄     ဦးဝင်းတင်နဲ့ ဟီရိသြတပ္ပတရား (ဆရာမြသန်းတင့်) အဘကိုလူငယ်တချို့က လက်ရှိပညာရေးချို့တဲ့မှုတွေကို ပြောရင်အဘက အလိုက်သင့်ပြုံးပြီးနား ထောင်နေတတ်ပါတယ်။ လက်ရှိ လူငယ်တွေ ဘွဲ့ရပညာမတတ်ကိစ္စ ကဗျာဆရာကြီး ဦးကိုလေး (အင်းဝဂုဏ်ရည်) နဲ့ ရံဖန်ရံခါတွေ့ကြုံရင် ဆွေးနွေးတတ်ပါတယ်။ ကျနော့် ကိုပြောတာကတော့ … “မင်းတို့ကသာ ထင်လို့ပါ။ ငါတို့ခေတ်ကလည်းပညာရေးညံ့တာပဲကွ။ ကျွန်ပညာရေးတောင် ပြောသေးမဟုတ်လား။ အခုခေတ်ကတော့ စစ်ကျွန်ပညာရေးဆိုတော့ ပိုဆိုးတာပေါ့လေ။ ငါတို့လည်း တတ်ရုံပါ။ တခုရှိတာက အင်္ဂလိပ်လိုကျတော့ ငါတို့ခေတ်က သေချာသင်ရတာပေါ့။ ကျောင်းသားကနည်းတော့ ဆရာတွေကလည်း ဂရုစိုက်ကြတာပေါ့။ တစ်ခုရှိပါတယ်ကွာ ကျောင်းကသင်တာချည်းလုပ်နေလို့တော့ သိပ် ချွန်လာမယ်မထင်ဘူး ငါကတော့” အဲ့သလိုပြောရင်းသားနဲ့ အဘ တက္ကသိုလ်ကျောင်းသားဘ၀ကို လွမ်းမောသွားဟန်တူပါတယ်။...

Read more »

ကိုရာဇာ – (ဦးဝင်းတင်နဲ့ပျော်ရွှင်ခြင်းတရား)

May 14, 2014
ကိုရာဇာ – (ဦးဝင်းတင်နဲ့ပျော်ရွှင်ခြင်းတရား)

ဦးဝင်းတင်နဲ့နေထိုင်ခြင်း (ဦးဝင်းတင်နဲ့ပျော်ရွှင်ခြင်းတရား) ကိုရာဇာ၊ မေ ၁၃၊ ၂၀၁၄ အဘဦးဝင်းတင်ကိုသာမာန်အားဖြင့်ကြည့်ရင် အဘကအနေတည်တယ်။ ဒါပေမယ့် တကယ့် အဘအတွင်းသားက ပျော်ရွှင်ခြင်းတရားကိုလက်ကိုင်ထားတယ်။ အဘက သူနဲ့အရမ်းရင်းသူတွေအပေါ် ကလိတိတိ ပြောတယ်ဆိုတယ်။ အဘဦးအုန်းထွန်းနဲ့ဆိုလည်း သူငယ်ချင်းအချင်းချင်း မင်းငါပြောပြီးရင်းတော့ သူတို့လူကြီး တွေ မထိတထိအပြောကနေ ဗဟုသုတရစရာတွေ။ ငယ်အတိတ်က အကြောင်းအရာတွေ တလှေကြီး သိခွင့်ရတာ ပေါ့ဗျာ။ နောက်တစ်ယောက်က ဦးသာဘန်း။ အသက်ကြီးကြီးထဲကလူတွေထဲမှာ အဘ မင်းငါပြောတာ အဘဦး အုန်းထွန်းရှိမယ်၊ ဦးသာဘန်းရှိမယ်။ ကျန်တာတွေတော့ လူသိပ်မသိလို့ထားပါတော့။ ဒီအထဲမှာ စကားနိုင်အလုဆုံးကတော့ ဘကြီးမိုးခေါ် စာရေးဆရာ၊ ပန်းချီဆရာ၊ ဒါရိုက်တာမောင်မိုးသူ နဲ့အဘနဲ့ စကားနိုင်အလုဆုံးပဲဗျ။ (ဘကြီးမိုးကိုကျနော်က နာယကချုပ်လို့ ခေါ်ပါတယ်) အဘက ဦးမိုးသူကို စည်း ရုံးရေးအားကောင်းသူ၊  လူချစ်လူခင်များသူအဖြစ်မြင်တတ်ပါတယ်။...

Read more »

ကိုရာဇာ – နောက်ကျတဲ့စာ (၄) [ကြောက်ဘီလူး]

May 8, 2014
ကိုရာဇာ – နောက်ကျတဲ့စာ (၄)  [ကြောက်ဘီလူး]

    နောက်ကျတဲ့စာ (၄)  ကိုရာဇာ၊ မေ ၈၊ ၂၀၁၄ ကိုရစ် ကြားထဲမှာခရီးထွက်လိုက်လို့ အဆက်ပြတ်သလိုဖြစ်သွားတယ်။ သွားတာလည်းမိုးကုတ် ဖက်အလှူပါ။ စိတ်ပြေလက်ပျောက်ဆိုတာမျိုးဖြစ်မလားလို့ ပိုဆိုးသွားတယ်ဗျာ။ အဘကလည်းခရီးသွားရတာကိုနှစ်သက် စုံ မက်သူမဟုတ်လား။ ခရီးသွားလာခြင်းနဲ့ပတ်သက်လို့ အဘရဲ့အတွေးတွေ အပြောတွေ တစ်လမ်းလုံးကြား ယောင်နေရတယ်။ သူက လူသူမသိခရီးသွားတာကို သဘောကျတာကိုး။ သူ့နောက်ဆုံးချိန်မရောက်ခင် ခရီး ထွက်ခြင်တယ်။ ဒါပေမယ့်သူ့ကို လူတိုင်းကသိနေတော့ ခရီးသွားလည်းပါတီကိစ္စ နိုင်ငံရေးကိစ္စတွေပြောဆိုနေ ရအုံးမှာပဲ။ ငါကလွတ်လွတ်လပ်လပ်ကလေးသွားချင်တာ။ အဘခရီးထွက်ရင်လည်း အလုပ်ဖြစ်တယ်လေ။ သူခရီးတစ်ခါထွက် စာတစ်အုပ်ဖြစ်တာမျိုးမဟုတ်လား။ ခရီးသွားစာပေဆိုတာတွေကိုလည်း အတော်လေးသဘောကျတယ်။ ၀ါကြွားခရီးသွား ဓာတ်ပုံအဖွေး သားကိုပြောနေတာမဟုတ်ဘူးဗျ။ ဥပမာ…ဆရာမြရဲ့ ဟွန်ဒါယဉ်ကျေးမှု၊ ငွေသောင်ယံဦး လို တကယ့်ကိုပဲ ဒေသ မှာရှိနေတဲ့ပြည်သူလူထုအခြေနေထင်ဟပ် နေတာမျိုးတွေကိုသဘောကျတယ်လေ။ ခရီးသွား...

Read more »

ကိုရာဇာ – နောက်ကျတဲ့စာ (၃)

May 1, 2014
ကိုရာဇာ – နောက်ကျတဲ့စာ (၃)

နောက်ကျတဲ့စာ (၃) ကိုရာဇာ၊ မေ ၁၊ ၂၀၁၄ ကိုရစ် သတင်းတွေနဲ့ပဲ ခင်ဗျား နပမ်းလုံးနေရမယ်ထင်တယ်။ တက်သမျှသတင်း ဖြစ်သမျှသတင်း၊ ခင်ဗျားအနေ နဲ့မပျင်းမရိ အမြဲကြည့်နေမယ်လို့ကျနော်ထင်ပါတယ်။ ကျနော်လည်း အခုကွန်နက်ရှင်ကောင်းရင် ခင်ဗျားမိုးမခကို ၀င်ဖတ်ဖြစ်ပါတယ်။ ခင်ဗျားဦးနှောက်ကြီးကြီးနဲ့ ကျနော့်ဆောင်းပါးခေါင်းစီးပေးထားတာကိုလည်း သဘောကျသလို တဖက်မှာစိတ်မကောင်းလည်းဖြစ်မိတယ်။ “နောက်ကျတယ် … ကျနော်နောက်ကျတယ် … လွဲလည်းလွဲ တယ်” ပြောပါတော့။ ဒါပေမယ့်ကျန်တဲ့နောက်ကျမှု ကျန်တဲ့လွဲချော်မှုတွေ အလိုလိုပြေပျောက်နိုင်ပေမယ့် ဒီတစ် ခါနောက်ကျမှုကတော့ ကျနော့်ကိုတစ်သက်တာနောင်တရစေမယ့်ကိစ္စဖြစ်သွားပြီ။ ကျနော်ခင်ဗျားမသိတဲ့ အဆက်စပ်တစ်ခုပြောမလို့။ ၁၂ မတ်လ ၂၀၁၄နေ့နေ့လည်၂နာရီမှာ ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းထောက်ပံ့ပွဲကို ဗဟန်းက တော်ဝင်နှင်းဆီမှာ လုပ်တယ်။ ကျနော်မတက်ဖြစ်ဘူး။ ကျနော် ခရီးသွားဖို့ရှိနေတယ်။ ညနေခြောက်နာရီ ကုက္ကိုင်းလမ်းဆုံ ဖူဆန်စားသောက်ဆိုင် အဘဧည့်ခံပွဲ ကျနော်တို့သွား...

Read more »

ကိုရာဇာ – နောက်ကျတဲ့ စာ (၂)

April 30, 2014
ကိုရာဇာ – နောက်ကျတဲ့ စာ (၂)

နောက်ကျတဲ့ စာ (၂) ကိုရာဇာ၊ ဧပြီ ၃၀၊ ၂၀၁၄ ကိုရစ် … ဟိုတစ်ရက်သားက လူမှုကွန်ရက်တစ်ခုမှာ စကားနာလား စကားပြာလားမသိတစ်ခုဖတ်လိုက်ရတယ်။ အဘဦးဝင်းတင်ခမျာလူပျိုကြီးပေမို့ပေါ့ဗျာတဲ့၊ များလိုက်တဲ့သားသမီးတွေ…တဲ့။ သူဘာသဘော ပြောနေလည်း ကျနော်နားမလည်ဘူး။ ထားပါတော့ ဒီလိုနှလုံးသားကြီးကြီးထား၊ သမီးသားတွေပွားစီးသွားတာ … ကျနော်တော့ပျော်တယ်။ အဘစကားတွေ အဘတရားတွေ အဘရုပ်ပုံတွေ အဘရုပ်စုံတွေတင်ကြ ရေးကြသားကြတာ လိုအပ်တယ်။ အဘရဲ့မူလဆန္ဒ သဘောတရားရည်မှန်းချက် အညွှန်းကိန်းတွေ မပျောက်ပျက်ဘူးဆိုရင် ကောင်းတယ်။ ကျနော် တော့ဒီလိုသဘောထားပါတယ်။ အဘက အားလုံးသိမ်းဖက်ရေးတရားနဲ့ ထောင်ကထွက်လာတာကိုး။ အားလုံးပေါင်းစည်းရေးသဘော ထားနဲ့ နေထိုင်သွားတာကိုး..။ စစ်မှန်ဖက်ဒရယ်ပြည်ထောင်စု ဆက်လက်စွဲကိုင်နိုင်ရေးမူဝါဒနဲ့ အသက်ထွက် သွားတာကိုး။ ဒါမှတပါး ကျနော်ကအဘဦးဝင်းတင်နဲ့ဘယ့်ကလောက်ရင်းတယ်နှီးတယ် သူများမပြောတာ ကျနော့်ကိုဘယ်လိုပြောတယ် ဆိုတာမျိုးကတော့ ပြောပစေပေါ့ဗျာ။ အားလုံး ကျနော်တို့မှမသိနိုင်ပဲကိုး...

Read more »

ကိုရာဇာ – နောက်ကျတဲ့ စာ …

April 29, 2014
ကိုရာဇာ – နောက်ကျတဲ့ စာ …

နောက်ကျတဲ့ စာ … ကိုရာဇာ၊ ဧပြီ ၂၉၊ ၂၀၁၄ ကိုရစ် … ၂၀.၄.၂၀၁၄ နေ့လည် ၁ နာရီဝန်းကျင် …  ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်။ မိသားစုဝင်များထမင်းစားအထွက်။  ကျနော် အဘအခန်းထဲ ခန၀င်စောင့်ပေး။ နပ်စ်မလေးအကူအညီနဲ့အဘ ဆေးငွေ့ရှူနေ။ ကျနော် အခန်းထဲရောက် … ။ အဘမျက်စိပွင့်လာ ၊ ဆရာမလေးကို ဆေးငွေ့ရှူနှာခေါင်းစွပ် ခနဖြုတ်ခိုင်း ၊ အဘခေါ်တယ် … ပီသကြည်မြလွန်းတဲ့ အသံထွက်လာတယ်ဗျာ “ရာဇာရေ …”  တဲ့ ကျနော်အနားတိုးကပ်သွားတော့ အဘနှစ်နှစ်ခြိုက်ခြိုက်ကြီးပြုံးပြ အသံပြန်တိုးသွား “မဖြူကော …” တဲ့ ကိုရစ် … အဲ့ဒီအချိန် အဲ့ဒီခနကိုခင်ဗျားအငှားခံစားကြည့်ရင်တောင် သိသာနိုင်ပါတယ်ဗျာ။ ကျနော်ဘယ်လိုဖြစ်သွားမလဲ ဆိုတာ။ ကျနော်ဘယ်လိုမှ...

Read more »

ဦးဝင်းတင်နဲ့ သေခြင်းတရား (ကိုရာဇာ)

April 23, 2014
ဦးဝင်းတင်နဲ့ သေခြင်းတရား (ကိုရာဇာ)

ဦးဝင်းတင်နဲ့ သေခြင်းတရား (ကိုရာဇာ)  (ဦးဝင်းတင် (၁၉၃၀-၂၀၁၄) ကဏ္ဍအတွက် ပြန်လည်ဆန်းသစ်ခြင်း) ဦးဝင်းတင်နဲ့ နေထိုင်ခြင်း အခန်းဆက်များ ကိုရာဇာ။ ဇွန် ၂၅၊ ၂၀၁၃   ● ဦးဝင်းတင်နဲ့ သေခြင်းတရား လူတွေမွေးဖွားကတည်းက တခါတည်း အမှတ်အသားပြုပေးလိုက်တာကတော့ သေခြင်းတရားပဲဗျ။ သေမှာပဲ သေတာ အမျိုးအစားခွဲလိုက် သေးရတယ်။ လူ့သတ်မှတ်ချက်တွေပေါ့လေ…။ အသေဆိုး..အဆိုးသေ..အစိမ်းသေ အစရှိသဖြင့် သေခြင်းတရားကို အမျိုးအစားခွဲထား သေးတယ်။ ဒါပေမယ့် ဘယ်လိုသေသေ သေတာကတော့ သေတာပါပဲ။ ကျနော်တို့တွေ အသက်အရွယ်သတ်မှတ်ချက်အလိုက် သေခြင်းကို အသက်ကြီးသူများကို ဦးစားပေးထားတယ်ဗျ။ ငါကတော့ ငယ်သေးလို့၊ ဟိုလူကတော့ သေချိန်တန်နေပြီ အစရှိသဖြင့် ဘုရားဟော ဒေသ နာကို နှလုံးမသွင်းနိုင်ပဲ ကိုယ်သေစေ့ချင်တဲ့လူဆို သေချိန်တန်နေပြီ၊ကိုယ်ချစ်ခင်တဲ့လူဆို အသေစောလို့ နှမြောလှချည့်တွေဖြစ်ကုန်တော့တာပဲ။...

Read more »

Ko Yar Zar – ၁၁နှစ် ခရီးမှာ ၁၁မီး မငြိမ်းကြသူများ

October 17, 2013
Ko Yar Zar – ၁၁နှစ် ခရီးမှာ ၁၁မီး မငြိမ်းကြသူများ

၁၁နှစ် ခရီးမှာ ၁၁မီး မငြိမ်းကြသူများ ကိုရာဇာ၊ အောက်တိုဘာ ၁၇၊ ၂၀၁၃   ပူတယ် လောင်တယ် မြိုက်တယ်။ ဒီရာသီဥတုက ကျွမ်းဖို့ရာရှိတယ်။ အပူခို နေညိုကို လွမ်းဆိုသလို အပူမရှာ အတိတ်ပါ မေ့လို့ပြောရမလား။ ဗမာစကားပုံ ရှိမဟုတ်လား အနူမကူး၊ အပူကူးတယ် ဆိုတာလေ။ အခုဗမာတပြည်လုံး လောင်မီးကျနေမှတော့ သူ့အပူကိုယ့်အပူ ကူးပြီပေါ့။ ကျနော်တို့ပူပြင်းလောင်မြိုက်ခဲ့တာများ နှစ်ဆယ့်ငါးနှစ်သား ရှိပြီဗျ။ ဒီမိုကရေစီရရှိရေး ဒို့အရေး ကြွေးကြော်သံနဲ့ အဖွဲ့ချုပ်ကြီး ပေါ်ခဲ့တယ်မဟုတ်လား။ လူထုခေါင်းဆောင် ဒီမိုကရေစီ မိခင်ကြီးဒေါ်အောင်ဆန်းစုကြည် ပေါ်ခဲ့တယ်မဟုတ်လား။   ဒီအဖွဲ့ချုပ်ကြီး… ဒီမိခင်ကြီးအောက်ဖျားမှာ အဖွဲ့ချုပ်သားပေါက်ကလေးတွေ ဖွားခဲ့တယ်ဗျာ။ ဒီထဲမှာမှ ကျနော်နဲ့အဆက်အစပ်ပြုလို့ ကျနော်တို့ ၀ိုင်းဝန်းခဲ့တာလေးတစ်ခု ပြောချင်တယ်ဗျာ။ ခုခံအား ကျဆင်းမှုရောဂါ ကာကွယ်တားဆီးရေးနဲ့...

Read more »

Ko Yar Zar – ခေါင်းဆောင်မှု ရတနာသုံးပါးနဲ့ ကာလကျပ်ကြီး လေးဖြတ်

October 5, 2013
Ko Yar Zar – ခေါင်းဆောင်မှု ရတနာသုံးပါးနဲ့ ကာလကျပ်ကြီး လေးဖြတ်

ခေါင်းဆောင်မှု ရတနာသုံးပါးနဲ့ ကာလကျပ်ကြီး လေးဖြတ်   ကိုရာဇာ၊ အောက်တိုဘာ ၅၊ ၂၀၁၃     ကျနော်တို့ပြည်သူ့ပါတီNLD နှစ်ဆယ့်ငါးနှစ်သားဖြစ်ပြီဗျာ။ ဒီနှစ်ဆယ့်ငါးနှစ်သား ထွားကြိုင်းလာရဲ့လား၊ တည်ငြိမ်ပြေပြစ်လာသလား ဆ၀ါးရင် ကျနော်မပြောတတ်ဘူး။ ကျနော်ဆိုတဲ့ကောင်က ဝေလေလေသမား၊ နိုင်ငံရေး ဂန်ပါး လေဗျာ။ တကယ့်နိုင်ငံရေးသမားတစ်ယောက်လိုတော့ မသုံးသပ်၊ မဆုံးဖြတ်တတ်ဘူး။ သူများလိုလည်း မလျင် လှပါဘူးဗျာ၊ ချက်ဆို နားခွက်မီးတောက် နိုင်ငံရေးသမားလည်းမဟုတ်တော့ ခေါင်းဆောင်ကြီးတွေ ဘယ်လိုမြန်း နေလဲ၊ ဘယ်လိုဆန်းနေလဲ မသိ။   အချို့များဆို အတော်လျင် အတော်ရှင်တယ်ပြောရမယ်။ မိခင်ကြီးကောင်းကင်ခရီးကို လိုက်နိုင်တယ်ဗျာ။ ကောင်းကင်ခရီးဆိုတာ မိခင်ကြီးသွားနေတဲ့ အမြင့်စား (Higher Politics) ကို ပြောတာမဟုတ်ဘူး။မိခင်ကြီး နိုင်ငံရပ် ခြားသွားသလို သွားကြသဗျာ။ ကက်ပစတီ(Capacity)...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်