ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

ကျော်သူ – လမ်း

February 4, 2015
ကျော်သူ – လမ်း

ကျော်သူ – လမ်း (နာရေးကူညီမှုအသင်း) ဖေဖော်ဝါရီ ၄၊ ၂၀၁၅ အမျိုးသားပညာရေးဥပဒေအား သပိတ်မှောက်လမ်းလျှောက်ဆန္ဒပြနေသည့် ကျောင်းသားသပိတ် စစ်ကြောင်းအဖွဲ့ကို ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် (မြင်းခြံ၊ တောင်သာ၊ ပုပ္ပါး၊ ကျောက်ပန်းတောင်း) ခရီးစဉ်တွေကို ကျွန်တော်လိုက်ပါသွားခဲ့ပါတယ်။ ကျွန်တော် ၂ဝ၁၁ ခုနှစ်က ရေးသားခဲ့တဲ့ “ငယ်စဉ်ကြီး လိုက်” ဆိုတဲ့ ကဗျာစာသားတွေကို အမှတ်ရနေခဲ့တဲ့အတွက် ပြန်လည်တင်ပြလိုက်ပါတယ်။ ယင်းကဗျာစု လေး ပေါ်ပေါက်လာတဲ့ ရည်ရွယ်ချက်က – (၁) လူသားချင်းစာနာထောက်ထားစေလိုသော စိတ်။ (၂) ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ပြုလိုသော စိတ်။ (၃) စည်းလုံးခြင်း အင်အားစုကြီးဖြင့် ငြိမ်းချမ်းသော ကမ္ဘာ့ရွာကြီး တည်ဆောက်စေလိုသော စိတ်။ (၄) လူမျိုးဘာသာ အဆင့်အတန်း ပညာအရည်အချင်း မခွဲခြားစေလိုသော စိတ်ဓါတ်များ ရှင်သန်...

Read more »

ကျော်သူ – Happy New Year! အခမဲ့

January 1, 2015
ကျော်သူ – Happy New Year! အခမဲ့

  ကျော်သူ – Happy New Year! အခမဲ့ (နာရေးကူညီမှုအသင်း၊ ရန်ကုန်) ဇန်န၀ါရီ ၁၊ ၂၀၁၅   နာရေး လာထား … အခမဲ့ ကျန်းမာရေးလား … အခမဲ့ ပညာရေးကော … အခမဲ့ အရေးပေါ်လည်း … အခမဲ့ စိမ်းလန်းရေးကော … အခမဲ့ မုန်တိုင်းဒဏ်လည်း … အခမဲ့ စစ်ဘေးရှောင်လည်း … အခမဲ့ အမှိုက်ကောက်မလား … အခမဲ့ အားလုံး အားလုံး … အခမဲ့   အခမဲ့ဆိုတာ တန်ဖိုးမဲ့မဟုတ်။ အခမဲ့ ပေးဆပ်သူတွေဟာ အလကားလူတွေမဟုတ်။ အလကားလူဆိုတိုင်းလဲ တန်ဖိုးမဲ့မဟုတ်။ အခမဲ့ … အခမဲ့ …...

Read more »

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) – ဟောဒီက … ပဲပြုတ်

September 16, 2014
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) – ဟောဒီက … ပဲပြုတ်

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) – ဟောဒီက … ပဲပြုတ် စက်တင်ဘာ ၁၆၊ ၂၀၁၄   ပရဟိတဟူသည် အသင်းအဖွဲ့များ၊ အုပ်စုများနှင့် စုပေါင်း၍ အများအကျိုးအတွက် ထမ်းရွက်ပေးပါ မှ ပရဟိတ မဆိုအပ်ပေ။ တစ်ဦးချင်း တစ်ယောက်ချင်း ဗြဟ္မစိုရ်တရားအား လက်ကိုင်ပြု၍ လူသားချင်း စာနာကာ ကိုယ်ချင်းစာနာ၍ မွေးဖွားကြသောသူများမှသာ ပရဟိတသမား ဟုခေါ်ဆိုအပ်ပေသည်။ ဥပမာအားဖြင့် ကျောင်းသားလူငယ်ကလေးများသည် မိမိနှင့် ကျောင်းနေဘက် သူငယ်ချင်းများ အား စာနာစိတ်ဖြင့် စာအုပ်၊ ခဲတံ မှအစ ထိုင်ခုံနေရာ အခက်အခဲဖြစ်လာပါက မိမိထိုင်ခုံနေရာအား အနည်း ငယ် နေရာရွှေ့ပေးခြင်း၊ ငှားရမ်းခြင်း၊ ကူညီပေးခြင်းလည်း ပရဟိတ ကျောင်းသားလူငယ်များ ဖြစ်ပေလိမ့် မည်။ ဆောက်လုပ်ရေး...

Read more »

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) – သတ်ရင်လည်းသေ၊ ထားရင်လည်းနေ

September 11, 2014
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) – သတ်ရင်လည်းသေ၊ ထားရင်လည်းနေ

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) – သတ်ရင်လည်းသေ၊ ထားရင်လည်းနေ စက်တင်ဘာ ၁၁၊ ၂၀၁၄ ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်) သည် အများပြည်သူ လူသားများအတွက် နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ စစ်ဘေး၊ အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ် ဝန်ဆောင်မှုလုပ်ငန်း ရပ်နှင့် ပတ်ဝန်းကျင်သန့်ရှင်း စိမ်းလန်းစိုပြေရေးနှင့် သဘာဝဘေးဒဏ်ခံ လူသားတို့အတွက် အများပြည်သူ လှူဒါန်းထားသော အလှူငွေတို့ဖြင့် စိတ်ဓါတ်ခွန်အား ပရဟိတအားမာန်တို့ဖြင့် ပံ့ပိုးကူညီ ဖေးမပေးလျှက် ရှိသည်။ ထိုသို့ ကူညီဖေးမပေးရင်းဖြင့် အလျင်းသင့်သလို လူမှုရေးအသင်းအဖွဲ့ ဖွင့်ပွဲများ၊ ပရဟိတဟော ပြောပွဲများအားလည်း မိမိတို့ လုပ်ဆောင်ပေးဆပ်လျှက်ရှိသည်။ ၆.၉.၂ဝ၁၄ ရက်နေ့တွင် မကွေးတိုင်း ဒေသကြီး၊ ရေစကြိုမြို့နယ်၊ စည်သာစံပြကျေးရွာရှိ “မေတ္တာရှင်” နာရေးကူညီမှုအသင်း ဖွင့်ပွဲအခမ်းအနား...

Read more »

ကျော်သူ – ချမ်းသာအောင် လုပ်ကြသူများ

August 1, 2014
ကျော်သူ – ချမ်းသာအောင် လုပ်ကြသူများ

  ကျော်သူ – ချမ်းသာအောင် လုပ်ကြသူများ သြဂုတ် ၂၊ ၂၀၁၄ “ဆင်းရဲရင် နှိပ်စက်ကြလိမ့်မယ် … ချမ်းသာအောင်လုပ်ကြ” ဟူသော ဆောင်ပုဒ်ကိုလက်ကိုင်ပြုနေ သော ပုဏ္ဍားဘကွန်း ဝတ္ထုကြီးအား ရေးသားခဲ့သူ အဘဆရာကြီး မင်းသိင်္ခ၏ သားတပည့် ဆရာ ဇင်ယော် နီ၊ အဘ၏ တပည့်ပရိသတ်များနှင့် အဘဆရာကြီး မင်းသိင်္ခ၏ တပည့်တစ်ဦးဖြစ်သူ ကျော်သူတို့ ယနေ့ မထင်မှတ်ဘဲ ဆုံဆည်းခဲ့ရပြန်သည်။ ယနေ့ သြဂုတ် (၁) ရက်နေ့သည် အဘဒေါက်တာ မင်းသိင်္ခ ဤမြေကမ္ဘာမှ ပြန်လည်ထွက်ခွာခြင်း (၆) နှစ် တင်းတင်း ပြည့်မြောက်သည့် နေ့ရက်ဖြစ်ပေသည်။ ယင်းနေ့ရက်တွင် ဆရာကြီး၏ တပည့်ဖြစ်သူ ဆရာ ဇင်ယော်နီနှင့် အဘ၏ တပည့်ပရိသတ်များ စုပေါင်း၍...

Read more »

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) – မာယာများတဲ့ အကယ်ဒမီပွဲ

July 25, 2014
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)  – မာယာများတဲ့ အကယ်ဒမီပွဲ

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)  – မာယာများတဲ့ အကယ်ဒမီပွဲ ဇူလိုင် ၂၅၊ ၂၀၁၄     ၁၉၅၂ ခုနှစ်က စတင်၍ အနုပညာလောကနှင့် အနုပညာသမားများကို အသိအမှတ်ပြုခဲ့တဲ့ နိုင်ငံတော်အစိုးရ၊ တနည်းအားဖြင့် ရုပ်ရှင်အနုပညာ ရှင်များ၏ သရုပ်ဆောင်မှု အတတ်ပညာကို အသိအမှတ်ပြုခဲ့တဲ့ ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆု ချီးမြှင့်ပွဲသည် ယခုဆိုလျှင် အနှစ် (၆ဝ) ကျော်လွန်ခဲ့ပြီ ဖြစ်သည်။ ၁၉၅၂ ခုနှစ်မှ စတင်၍ ၂ဝ၁၃ ခုနှစ်အထိ ထူးချွန်ဆုပေါင်း (၃ဝဝ) ကျော် ဆုချီးမြှင့်ပြီးခဲ့သည်ကို ကျွန်တော်သိခဲ့ရ သည်။ ၁၉၄၅ ခုနှစ်တွင် မြန်မာ့ရုပ်ရှင် ငွေရတုသဘင် အထိမ်းအမှတ်ပွဲကြီးကို မြန်မာပြည် ဘုရင်ခံ ဆာဟူး ဘတ်ရန့်(စ်)နှင့် အမျိုးသား...

Read more »

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) – နိုင်ငံကိုချစ်ရင် အမှိုက်ကောက်ပါ

July 6, 2014
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) – နိုင်ငံကိုချစ်ရင် အမှိုက်ကောက်ပါ

နိုင်ငံကိုချစ်ရင် အမှိုက်ကောက်ပါ ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) ဇူလိုင် ၆၊ ၂၀၁၄   ကျွန်တော်တို့လူသားတွေ နေထိုင်ကြတဲ့ မိခင်ကမ္ဘာကြီးသည် ပျက်သုဉ်းနေသည်ကို ဒီအတိုင်းပဲ ကြည့်နေကြတော့မှာလား ??? နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၂ဝ၁၄ ခုနှစ်၊ ဇွန်လ (၈) ရက်နေ့ တနင်္ဂနွေနေ့မှ စတင်၍ ၄၂ ရပ်ကွက်ကြီးအား “အမှိုက်ကင်းစင်ဇုံ စံပြရပ်ကွက်” အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါ သည်။ အပတ်စဉ် တနင်္ဂနွေနေ့ နံနက် (၇းဝဝ) နာရီအချိန်ဆိုရင် အသင်းရုံးချုပ်၌ အသင်းသား/သူများ၊ ပရဟိတလူငယ်မောင်/မယ်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းရေးအတွက် စိတ်အားထက်သန်ကြသူများ ရောက်ရှိလို့နေကြပါပြီ။ ကမ္ဘာမြေကို ထိန်းသိမ်းဖို့အတွက် နာရေးကူညီမှု အသင်း(ရန်ကုန်)သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုအဖြစ် အမှိုက်ကောက်ခြင်း၊ ပေါင်း...

Read more »

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) – နောက်ဆုံးကဗျာဖြင့် နှုတ်ဆက်ခဲ့လေသူ

June 22, 2014
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) – နောက်ဆုံးကဗျာဖြင့် နှုတ်ဆက်ခဲ့လေသူ

နောက်ဆုံးကဗျာဖြင့် နှုတ်ဆက်ခဲ့လေသူ ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) ဇွန် ၂၂၊ ၂၀၁၄   ဆရာမကြီး ဒေါ်မြင့်မြင့်ခင်သည် ပညာဉာဏ်ကြီးမြင့်သလောက် ဝီရိယကြီးပေသည်။ စိတ်သဘော ထားကြီးမြင်သလောက် နှလုံးသားဖြူစင်မွန်မြတ်သည်။ အလွန်အင်မတန် အလုပ်လုပ်သူ၊ အလွန်အင်မ တန် သိစပ်မြင်နှံ့သူ၊ အမှန်တရားကို အလွန်အင်မတန် မြတ်နိုးသူ၊ မတရားမှုကို အလွန်အင်မတန် စက်ဆုပ် သူပီပီ မည်သူ့ကိုမဆို မည်သည့်အခြေအနေကိုမဆို ကာလမရွေး ရင်ဆိုင်ဝံ့သူဖြစ်ပြီး လွတ်လပ်ပွင့်လင်း သလောက် ချစ်စရာကောင်းလှသည့် ပြည်သူ့ဆရာဝန်ကြီး၊ ပြည်သူ့စာရေးဆရာကြီး၊ ပြည်သူ့ဘက်တော် သားကြီးတစ်ဦး အသက် (၉၁) နှစ်အရွယ်၌ ၁၉.၆.၂ဝ၁၄ (ကြာသပတေးနေ့) မွန်းလွဲ (၂း၂ဝ) နာရီအချိန်၌ ရွှေဂုံတိုင်အထူးကုဆေးခန်း (SSC) တွင် ကွယ်လွန်သွားခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဒု-ဥက္ကဋ္ဌ...

Read more »

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) – မန္တလာပရဟိတခြေလှမ်းများ

June 11, 2014
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) – မန္တလာပရဟိတခြေလှမ်းများ

မန္တလာပရဟိတခြေလှမ်းများ ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) ဇွန် ၁၁၊ ၂၀၁၄   အသွင်ကူးပြောင်းသို့ စတင်ကြိုးစားနေတဲ့ ကျွန်တော်တို့နိုင်ငံကို နိုင်ငံတကာမှ စိတ်ဝင်တစားလာ ရောက်လေ့လာမှုများ၊ လည်ပတ်မှုများ၊ နိုင်ငံခြားသားခရီးသွားများ တိုးတက်လာနေပြီဖြစ်သည်။ ထို အချိန် တွင် ကျွန်တော်တို့နိုင်ငံ၏ အထင်ကရသမိုင်းဝင်နေရာများ၊ သမိုင်းဝင်မြို့များ၊ သမိုင်းဝင် အဆောက်အဦး များတွင် ရှေးဟောင်းသမိုင်းဝင် ကျောက်စာ ပေစာများ၊ ဘုရားပုထိုး အဆောက်အဦးများအား ထိန်းသိမ်း စောင့်ရှောက် ရမည်ဖြစ်သလို ထိုအရပ်ဒေသ ပတ်ဝန်းကျင်တို့တွင်လည်း စိမ်းလန်းစိုပြေမှုရှိရန် အမှိုက် သရိုက်များ ကင်းစင်မှုရှိရန် ကျွန်တော်တို့ နိုင်ငံသူ/သားအားလုံး၏ တာဝန်ပင်ဖြစ်သည်။      ကျွန်တော်သည် ပရဟိတလူမှုရေး ဟောပြောပွဲအား မန္တလေးတိုင်း မြစ်သားမြို့နယ်ဘက်သို့ သွား ရောက်ရမည်ဖြစ်၍ မန္တလေးမြို့ရှိ...

Read more »

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) – ထူးခြားလှသည့် ပရဟိတအောင်တော်မူစေတီတော်ကြီး

May 5, 2014
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) – ထူးခြားလှသည့် ပရဟိတအောင်တော်မူစေတီတော်ကြီး

ထူးခြားလှသည့် ပရဟိတအောင်တော်မူစေတီတော်ကြီး ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) မေ ၅၊ ၂၀၁၄   ကျွန်တော်သည် နာရေးကူညီမှုအသင်း(ရန်ကုန်)အား ဦးစီးဦးဆောင်ပြီး အများပြည်သူလူထု လူ သားအားလုံးတို့ မလွဲမသွေ တွေ့ကြုံခံစားကြသော နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး အစရှိ သည့် ဘေးဒုက္ခများကို  မိမိ၏အတ္တကိုဖြုတ်၍ အနစ်နာခံပေးဆပ်ခဲ့သည်မှာ (၁၄) နှစ်တာကာလကို ဖြတ် သန်းခဲ့ပြီးဖြစ်သည်။ ထိုသို့ကာလအသီးသီးအား ဖြတ်သန်းခဲ့ရသည်မှာ လွယ်ကူချောမွေ့လှသည် မဟုတ်။ အတိုက်အခိုက်၊ အနှောင့်အယှက်၊ အဟန့်အတား၊ အတားအဆီး၊ အပိတ်အပင် တို့သည်ကား ဘဝတစ်ခု လုံး စုံးစုံးမြုပ်သွားမတတ် ခံစားဖြတ်သန်းလာခဲ့ရသည်။ စာလုံးရေ (၄) လုံးမျှသာရှိသော “ပရဟိတ” တည်း ဟူသော လူသားများအတွက် ကူညီဖေးမ ပေးဆပ်ရသောလုပ်ငန်းသည်...

Read more »

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) – ဦးမောင်ကောင်း၏ ရင်ဖွင့်သံ

May 2, 2014
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) – ဦးမောင်ကောင်း၏ ရင်ဖွင့်သံ

ဦးမောင်ကောင်း၏ ရင်ဖွင့်သံ ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) မေ ၂၊ ၂၀၁၄ ကျွန်တော်ကတော့ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ တော်ဝိကျေးရွာ “မေတ္တာရှင်”လူမှု ကူညီရေး အသင်းသား ဦးမောင်ကောင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ လူမှုရေးအသင်းအဖွဲ့များက ဆရာတော်များနှင့် ဦးကျော်သူအပါအဝင် ပရဟိတ ညီ အစ်ကိုများကို အဖွဲ့ရဲ့ကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် တောင်းပန်စကားလေး ပြောကြားပါရ စေခင်ဗျား။ တော်ဝိရွာမှာ လူမှုကူညီရေးလုပ်ငန်းများကို စွမ်းစွမ်းတမံလုပ်ကိုင်နေတဲ့ “မေတ္တာရှင်”လူမှုကူညီရေးအသင်းက လူနာတင်ယာဉ် (၁) စီး၊ နိဗ္ဗာန်ယာဉ် (၁) စီးတို့ကို အစိုးရက လိုင်စင်မဲ့ကားများအဖြစ် သိမ်းယူကာ ကော်မတီဝင် (၇) ဦးကိုလည်း ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။ ဒီကိစ္စကြောင့် တစ်နိုင်ငံလုံးမှာရှိတဲ့ လူမှုရေး အသင်းအဖွဲ့တွေနဲ့တကွ တိုင်းသူပြည်သားတွေလည်း အံ့သြတုန်လှုပ် ဝမ်းနည်းခဲ့ရပါတယ်။...

Read more »

Kyaw Thu – ရေဝေးသုဿန်သမိုင်းကို ရိုက်ချိုးခဲ့သော ပြည်သူ့ဈာပနပွဲ

April 24, 2014
Kyaw Thu – ရေဝေးသုဿန်သမိုင်းကို ရိုက်ချိုးခဲ့သော ပြည်သူ့ဈာပနပွဲ

    ရေဝေးသုဿန်သမိုင်းကို ရိုက်ချိုးခဲ့သော ပြည်သူ့ဈာပနပွဲ ကျော်သူ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၊ ဧပြီ ၂၄၊ ၂၀၁၄ ၂၁.၄.၂ဝ၁၄ ရက်နေ့ နံနက် (၆း၃ဝ) နာရီအချိန်တွင်  သံမဏိစိတ်ဓါတ်နှင့်လူသားဟု တင်စား ခေါ်ဝေါ်နေကြသော ဟံသာဝတီ ဘဘ ဦးဝင်းတင် ၏ ဈာပနအခမ်းအနား အစီအစဉ်ပြုလုပ်ရန် ရန်ကုန်ဆေးရုံကြီး အဆောင် ၅/၆ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဘဘဦးတင်ဦးမှဦး ဆောင်၍ အစည်းအဝေးတစ်ရပ် ပြုလုပ်ပြီးနောက် ဘဘဦးဝင်းတင်၏ ရုပ်ခန္ဓာအား ရေဝေးသုသာန်သို့  သယ်ဆောင်ခဲ့ရာတွင် ကျွန်တော်သည် ရွှေတိဂုံစေတီတော်မြက်ကြီးအား ဦးခိုက်ပြီး ရွှေဂုံတိုင်ရှိ အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့တွင် စက္ကန့်ပိုင်းမျှ ရပ်နား၍ ရေဝေးသုသာန် အအေးခန်းသို့ နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ နိဗ္ဗာန်ယာဉ်ကြီးဖြင့် ပို့ဆောင်ပေးခဲ့သည်။ ရေဝေးသုသာန်တွင်...

Read more »

Kyaw Thu – ကမ္ဘာက စောင့်ကြည့်နေကြတဲ့ ဈာပနအခမ်းအနားကြီး

April 22, 2014
Kyaw Thu – ကမ္ဘာက စောင့်ကြည့်နေကြတဲ့ ဈာပနအခမ်းအနားကြီး

ကမ္ဘာက စောင့်ကြည့်နေကြတဲ့ ဈာပနအခမ်းအနားကြီး ကျော်သူ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၊ ဧပြီ ၂၂၊ ၂၀၁၄ ပြောကိုမပြောချင်ဘူး။ လူတွေအယူသည်းတတ်ပုံများဗျာ။ ကျော်သူတို့ လင်မယားရယ် ဆရာမရယ် ကို နာမကျန်းဖြစ်နေတဲ့သူကို နေအိမ်၊ ဆေးရုံများမှာ လူနာသတင်းမေးသွားရင် နှာခေါင်းရှုံ့ကြခြင်း၊ အ တင်းပြောကြခြင်း၊ မေးငေါ့ကြခြင်း စသည့် မလိုလားသော အရိပ်သဏ္ဍာန်များဖြင့် ဆီးကြိုတတ်ကြသည်။ တချို့ဆိုလျှင် “ဟာ…. ဟင်…. ဟယ်…. အို… ရပါတယ်၊ နေကောင်းပါတယ်။ ကျန်းမာလာပါပြီ ဒီတော့ မ လာပါနဲ့။ မလိုပါဘူး။ ကျေးဇူးတင်ပါတယ်” ဟူ၍ ဆီးကြိုကာပိတ်ပင်မှု၊ တားဆီးမှုတို့ဖြင့် ဦးစွာကိုယ်တိုင် ကြုံတွေ့ခဲ့ရပြန်သည်။ ထိုကဲ့သို့ ပြောဆိုကြသော အယူသည်းတတ်သော လူများသည် အကယ်၍များ ထိုမကျန်းမာသော လူနာသည် ဘဝတစ်ပါးသို့ ပြောင်းသွားပြီဆိုပါက “အကို…...

Read more »

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) – သာမညဆရာတော်ဘုရားကြီး၏ ဆန္ဒတော်အား ဖြည့်ဆည်းပေးခြင်း

April 20, 2014
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) – သာမညဆရာတော်ဘုရားကြီး၏ ဆန္ဒတော်အား ဖြည့်ဆည်းပေးခြင်း

သာမညဆရာတော်ဘုရားကြီး၏ ဆန္ဒတော်အား ဖြည့်ဆည်းပေးခြင်း ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) ဧပြီ ၂၀၊ ၂၀၁၄ သမ္မတကြီးဦးသိန်းစိန် မြန်မာနိုင်ငံတွင် သမ္မတအဖြစ် တာဝန်ယူပြီး တစ်နှစ်အကြာတွင် ပြည်သူ လူထုတို့အား ပထမဦးဆုံး မိန့်ခွန်းပြောကြားမှုကို ပြန်လည်မြင်ယောင်မိသည်။ “သေနတ်အစား တိုင်းရင်း သားလူငယ်တွေ လက်(ပ်)တော့ ကိုင်နိုင်ကြပါစေ” ဟူသော စကားပင်ဖြစ်သည်။ နိုင်ငံတော်ထူထောင်မှု တွင် လိုအပ်သော ကဏ္ဍတွင်ပါဝင်သော “ပညာရေးဖွံ့ဖြိုးတိုးတက်မှု” သည် အဓိကကဏ္ဍတစ်ရပ်တွင် ပါ ဝင်သည်။ ထို့ကြောင့် ပြည်တွင်းအရပ် ဒေသအသီးသီးနှင့် နယ်စပ်ဒေသ အရပ်ဒေသအသီးသီးတို့၌ အထူး လိုအပ်နေသော ပညာရေးတည်းဟူသော မျိုးဆက်သစ်ခေါင်းဆောင်များ ပေါ်ထွန်းလာရေးတွင် ပညာသင် ကြားမှုပြုရန်အတွက် ကျောင်းဆရာ/မများ၊ စာသင်ကျောင်းများ၊ ပညာရေးသင်ရိုးညွန်းတမ်းများ၊ စာအုပ်စာ ပေ၊ ခဲတံ...

Read more »

Kyaw Thu – သူများပျော်လို့ မပျော်နိုင်

April 17, 2014
Kyaw Thu – သူများပျော်လို့ မပျော်နိုင်

သူများပျော်လို့ မပျော်နိုင် ကျော်သူ၊ နာရေးကူညီမှုအသင်း (ရန်ကုန်)၊ ဧပြီ ၁၇၊ ၂၀၁၄ “သူများပျော်လို့ မပျော်နိုင်” ဟူသော စကားအတိုင်း ၂ဝ၁၄ ခုနှစ် မြန်မာရိုးရာအတာ သင်္ကြန်ကာ လတွင် အိမ်တွင်းပုန်း မိန်းမပျိုများ အပျိုကြီးများရှိသလို၊ နာမကျန်းဖြစ်ပြီး ဆေးရုံ၊ နေအိမ်များတွင် နေထိုင် ကြသူများလည်းရှိသည်။ ထို့ပြင် ကျွန်တော်တို့ကဲ့သို့သော လူမှုရေးလုပ်ငန်းများအား တစ်နှစ်ပတ်လုံး နား ရပ်မရှိ လုပ်ကိုင်ပေးဆပ်နေရသော လူမှုရေးသမားများ၏ နောက်ကွယ်မှ စီမံ ပံ့ပိုးပေးနေရသော လူမှုရေး သမားများလည်း ပါဝင်ခဲ့သည်။ ယခုနှစ် မဟာသင်္ကြန်ကာလအတွင်း အင်တာနက်စာမျက်နှာမှ ပါရှိလာ သော ရုပ်ပုံလွှာများအား ကြည့်ရှုရင်းဖြင့် လူသားများ ဘဝခြင်းမတူညီမှုများကို မြင်တွေ့ခဲ့ရ၍ ကြေကွဲဝမ်း နည်းမိရပြန်သည်။ သင်္ကြန်ကာလအတွင်း ပျော်ရွှင်မြူးတူးစွာ ရေကစားနေကြသော...

Read more »

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) – အခြစ်ကြီးသူကြီးအတွက် ကဗျာတစ်ပုဒ်

April 6, 2014
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) – အခြစ်ကြီးသူကြီးအတွက် ကဗျာတစ်ပုဒ်

အခြစ်ကြီးသူကြီးအတွက် ကဗျာတစ်ပုဒ် ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) ဧပြီ ၆၊ ၂၀၁၄ ၅.၄.၂ဝ၁၄ ရက်နေ့ နံနက် (၁ဝးဝဝ) နာရီအချိန်တွင် ကျွန်တော်၏သူငယ်ချင်းဖြစ်သူ ပန်းချီ မင်းကျော်ခိုင်၏ “ကျွန်တော်ခြစ်တဲ့ ပြည်သူ့ ဘက်တော်သားများ (My Scratches Of Unconditional Pepole Heroes)” ဟူသော Scratche ကောက်ကြောင်းပန်းချီပြပွဲအား ရန်ကုန်မြို့၊ ကျောက်တံတား မြို့နယ်၊ ပန်းဆိုးတန်းလမ်း(အောက်)ရှိ လောကနတ်ပန်းချီပြခန်း၌ ကျင်းပခဲ့သည်။ ပန်းချီမင်းကျော်ခိုင် သည် ငယ်စဉ်က ပန်းချီဆရာကြီး ဦးသန်းလွင်၊ ဦးမောင်မောင်သိန်း၊ ဦးသိန်းဟန်နှင့် ဦးလွန်းကြွယ်တို့ထံတွင် ပန်းချီပညာရပ်အား ဆည်းပူး လေ့လာ သင်ယူခဲ့သူဖြစ်သည်။ ၈၈ အရေးအခင်းမှအစပြု၍ အာဏာရှင်စစ်အစိုးရ၏ ဖိနှိပ်မှု၊ နှိပ်စက်မှုများကြောင့် ပြည်ပနိုင်ငံသို့ ထွက်ခွာ...

Read more »

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) – အမေ့အတွက် မဟာအင်အား

April 5, 2014
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) – အမေ့အတွက် မဟာအင်အား

အမေ့အတွက် မဟာအင်အား ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) ဧပြီ ၅၊ ၂၀၁၄ အတာကူးသည့် တန်ခူးလသည် မြန်မာလူမျိုးများအတွက် ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ကူး ရေကစားကြသော မဟာသင်္ကြန် အချိန်ကာလ တစ်ခုဖြစ်သည်။ ထို့အပြင် နှစ်ဟောင်းမှအညစ်အကြေးများအား မဟာသင်္ကြန်ရေဖြင့် ဆေးကြောသန့်စင်ကြသည့် လထူး လမြတ်တစ်ခု လည်း ဖြစ်ပေသည်။ထို့ကြောင့် မြန်မာပြည် သူ/သားများအတွက် မှတ်မှတ်ရရ လမြတ်တစ်ခုလည်း ဖြစ်တော့သည်။ ကျွန်တော့်အတွက် နှလုံးသားထဲတွင် အစဉ်သဖြင့် အမှတ်ရစေမည့် လမြတ်တစ်ခုလည်း ဖြစ်ခဲ့သည်။ ၄.၄.၂ဝ၁၄ ခုနှစ် တန်ခူးလဆန်း (၅) ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးစီးဦးဆောင် ဖွဲ့စည်းထား သော ပညာရေးကွန်ယက် (၃) နှစ်ပြည့် ရံပုံငွေရှာဖွေ ရေး...

Read more »

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) – မင်္ဂလာပါ သုခအလင်းမျိုးဆက်သစ်

March 19, 2014
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) – မင်္ဂလာပါ သုခအလင်းမျိုးဆက်သစ်

မတ်လ ၁၉၊ ၂၀၁၄   “မင်္ဂလာပါ ဆရာမ …” “မင်္ဂလာပါ .. ဆရာ” ဟူသည့် ဆရာ/မများအား နှုတ်ဆက်ကြိုဆိုနေသည့် အသံများ ဒီနေ့မနက် (၈းဝဝ) နာရီဝန်းကျင်မှစ၍ နာရေးကူညီမှုအသင်း(ရန်ကုန်) ဝန်းအတွင်း၌ ကြားနေရသည်။ ယခင့်ယခင် နှစ်များတွင် သုခအလင်း ပညာရေးမှ ဖွင့်လှစ်သည့် နွေရာသီအင်္ဂလိပ်စာ သင်တန်းများအား တက်ရောက်ခဲ့ ဖူးသည့် ကျောင်းသား/သူများမှ မိမိတို့ကို သင်ကြားပို့ချပေးခဲ့သော အင်္ဂလိပ်စာ ဆရာမများနှင့် ပန်းချီ ဆရာတို့အား နှုတ်ခွန်းဆက်သနေကြခြင်း ဖြစ်သည်။       ဒီနေ့ ၁၇.၃.၂ဝ၁၄ ရက်နေ့သည် နာရေးကူညီမှုအသင်း(ရန်ကုန်) “သုခအလင်း ပညာဒါနကျောင်း” ဖွင့်ပွဲအခမ်းအနား မင်္ဂလာရှိသည့် နံနက်ခင်း နေ့ရက်လေးပင် ဖြစ်ပေသည်။ စာသင်ကျောင်းသို့ လျှောက်...

Read more »

နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ တတိယခြေလှမ်း

March 15, 2014
နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ တတိယခြေလှမ်း

မတ်လ ၁၅၊ ၂၀၁၄ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခအလင်း ပညာဒါနကျောင်းဆောင် သစ်အား ၁၇.၃.၂ဝ၁၄ (တနင်္လာနေ့)၊ နံနက် (၉းဝဝ) နာရီအချိန်တွင် စတင် ဖွင့်လှစ်၍ နွေရာသီအင်္ဂလိပ်စာ (ရေး၊ ဖတ်၊ ပြော) သင်တန်းများ၊ တက္ကသိုလ်ဝင်တန်း (ဘာသာစုံ) သင်တန်း၊ ပန်းချီသင်တန်း၊ ဟိုတယ် ဝန်ဆောင်မှုသင်တန်း၊ စာရင်းကိုင်သင်တန်း၊ ကွန်ပျူတာသင်တန်း၊ သတင်း နှင့် စာနယ်ဇင်းသင်တန်း၊ ရုပ်သံရိုက်ကူးရေးသင်တန်း၊ ခေါင်းဆောင်မှုဆိုင် ရာသင်တန်း၊ စီမံခန့်ခွဲမှုဆိုင်ရာသင်တန်း၊ ဆရာအတတ်သင် စွမ်းရည်မြှင့် သင်တန်း၊ ရှေးဦးသူနာပြုစုနည်းသင်တန်း၊ အရေးပေါ်ကယ်ဆယ်ရေးသင် တန်း၊ ယဉ်ကျေးလိမ္မာသင်တန်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဓါတုဆေးလျော့ချရေး (သဘာဝဆပ်ပြာဆီ + ခေါင်းလျှော်ရည်) ပြုလုပ် နည်းသင်တန်း၊ လူမှုရေးမျိုးဆက်သစ်သင်တန်းများ အပါအဝင် နယ် ပရဟိ တ...

Read more »

ပရဟိတ ကာ/ချုပ်ကြီး ဦးကျော်သူထံ အိတ်ဖွင့်ပေးစာ

March 14, 2014
ပရဟိတ ကာ/ချုပ်ကြီး ဦးကျော်သူထံ အိတ်ဖွင့်ပေးစာ

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) မတ်လ ၁၄၊ ၂၀၁၄   (နိုင်ငံတော်အစိုးရထုတ် သတင်းစာများတွင် ကြော်ငြာထည့်ခွင့်မရရှိခဲ့သည့် Popular News Journal ၂ဝ၁၄ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့ ထုတ် ဦးကျော်သူ၏ ဆောင်းပါး)  ကျွန်တော်သည် ပရဟိတလုပ်ငန်းဖြင့် အများပြည်သူတို့အား အတ္တဖြုတ်၍ အနစ်နာခံ ပေးဆပ်ခဲ့ရာ ယခုဆိုလျှင် (၁၃) နှစ်ကျော်ခဲ့ပြီဖြစ်သည်။ (၁၃) နှစ်ပြည့်သော အချိန်ကာလဖြစ်သည့် ၂ဝ၁၄ ခုနှစ် ဇန်နဝါ ရီလ (၁) ရက်နေ့တွင် ကျွန်တော်၏ စိတ်အလျင်တို့သည် သာသနာပြု လိုသောစိတ်၊ သာသနာ ပြန့်ပွားလို သောစိတ်နှင့်အတူ ပရဟိတလောကသားများအတွက် ကမ္ဘာတည်သရွေ့ မှတ်ကျောက်တင် နိုင်ရန် ပရဟိ တစေတီတော် တည်ထားကိုးကွယ်ရန်...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်